Korea / Thai /Horror Movie- Fox
159K subscribers
175 photos
178 links
💌ကြော်ငြာထည့်ချင်သူများဆက်သွယ်ပါ❣️👇
https://t.me/Kavel_63
https://t.me/Kavel_63
Download Telegram
Channel photo updated
Forwarded from Deleted Account
ငမ် အဖြစ် Jazz Chuanchuen
ထုန် အဖြစ် Kong Huayrai
နက် အဖြစ် Ble Patumrach R-Siam


ဇာတ်လမ်းအကျဥ်း

လာဗူးဆိုတဲ့ရွာလေးမှာတော့ ကောက်ပဲသီးနှံ ရိတ်သိမ်းတဲ့ရာသီမှာ နောက်နှစ်အတွက် စိုက်ပျိုးဖို့ မျိုးစေ့တွေစုဆောင်းထားပါတယ်
အဲ့ဒီလိုကာလမှာ သူတို့ရွာကို ဓားပြဝင်
တိုက်ပြီး သူတို့ရဲ့စုဆောင်းထားတဲ့
မျိုးစေ့တွေ ပါသွားပါတော့တယ်
ဓားပြတွေကို ပြန်ချရအောင်လည်း
သူတို့ရွာမှာက တစ်ရွာလုံးပေါင်းလို့
သေနတ်တစ်လက်သာ ရှိပါတယ်

လာဗူးရွာရဲ့ ရွာဦးကျောင်းထိုင်ဆရာတော်
ခုန်က အရင်က စစ်သည်ရဲမက်
တစ်ယောက်ဖြစ်ခဲ့ပြီးတော့ သူနဲ့အတူတူ စစ်တိုက်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်က အခုဆိုရင်သေနတ်တွေ အမြှောက်တွေ ရောင်းချနေတာကိုသိတဲ့အတွက်
ရွာသားတွေထဲက
သုံးယောက်ကို သေနတ်အဝယ်
လွှတ်လိုက်ပါတော့တယ်

သူတို့ သုံးယောက်ရဲ့ သေနတ်အဝယ်
သွားတဲ့လမ်းမှာ ကြုံရတဲ့ဟာသတွေ စွန့်စားခန်းတွေ အလွဲတွေနဲ့ ပြဿနာ
ဖြေရှင်းပုံတွေကို ဟာသတွေအဖြစ်
ရိုက်ကူးထားတာပဲဖြစ်ပါတယ်

သူတို့ လက်နက်ဝယ်ရမယ့်ရွာကို
ရောက်တော့လည်း သူတို့ရဲ့ဆရာတော်
ခုန်ရဲ့ သူငယ်ချင်းက ဆရာတော်ခုန်နဲ့
ရန်ငြိုးရှိတဲ့အတွက် သေနတ်မရောင်းတဲ့အခါ သူတို့ကြံမိကြံရာ
ကြံကြပုံတွေကိုလည်း
ရယ်မောရင်း ကြည့်ရှုရဦးမှာပဲဖြစ်ပါတယ်

အားလုံးပဲ ဘဝအမောတွေပြေစေဖို့
အသစ်ထွက်ထားတဲ့ ထိုင်းဟာသကားလေးကို ကြည့်ရှု ခံစားလိုက်ကြပါဦးလို့
တိုက်တွန်းလိုက်ရပါတယ်

( ဇာတ်လမ်းအကျဉ်းကို Summer မှ ရေးသားပေးထားပါတယ် )

Subtitle - Zicky , Summer & Chit Myat Noe
Encode By - Lwin Htoo Aung

Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်

#3IdiotHeroes
👍316❤96🥰18😁13👎8👻7👏6🌚3🔥2🥴1💯1
Forwarded from Deleted Account
“ My Precious Movie “(2023)

ဒီဇာတ်ကားလေးကတော့ You Are The Apple Of My Eye ရဲ့ Thai Adaptation လေးတစ်ခုပါ။ ၁၉၉၉ ခုနှစ်ကိုအခြေခံထားပြီး ငယ်ရွယ်မှု ဆယ်ကျော်သက် ကျောင်းသားလေးတွေရဲ့ နေထိုင်မှုဘဝ အိမ်မက်ကိုယ်စီလျှောက်လှမ်းရချိန် တွေ့ကြုံရတဲ့အချစ်ရေးကိုယ်စီနဲ့ ဖြူစင်လှပခဲ့တဲ့ ဆယ်ကျော်သက်အရွယ်အချစ်ဦးအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခုပါ

တွန် ဒွန် မိုင် နဲ့ ပေါင်ဆိုတဲ့ ၁၆ နှစ်အရွယ်ကျောင်းသားလေးတွေက လူငယ်ပီပီ အပျော်ပါးမက် ဆရာ ဆရာမတွေကို ခေါင်းကိုက်စရာတွေပဲ ဖန်တီးပေးကြတဲ့ လူဆိုးလေး ၄ ယောက်ပါ။ တစ်နေ့တော့ ဆရာမ စာသင်နေတုန်း ပြဿနာထရှာလို့ ပြဿနာကို ဦးဆောင်သူ တွန်က အပြစ်ပေးခဲ့ရပါတော့တယ်။ အပြစ်ကတော့ ကြီးကြီးမားမား မဟုတ်ပါဘူး အတန်းထဲ စာလိုက်လုပ်အောင် အတန်းခေါင်းဆောင် စံပြကျောင်းသူလေး လင် ရဲ့ရှေ့မှာ ထိုင်ခိုင်းတာပါ။ လင်ကိုတော့ လူဆိုးကောင် ၄ ယောက်လုံးကသဘောကျနေခဲ့တာပါ။ လင်ကတော့ ဘယ်သူ့ကိုမှ ပြန်မကြိုက်ပေမယ့်လည်း ဆရာရဲ့ စေခိုင်းမှုကြောင့် တွန်ကို စာပြပေးရင်း ခင်မင်မှု သံယောဇဉ်လေးတွေ တွယ်ငြိလာပြီး ဆယ်ကျော်သက်အရွယ် အချစ်ဦး ဇာတ်လမ်းလေးတစ်ပုဒ် စတင်ခဲ့ပါတော့တယ်….

အချစ်ဦးဆိုတာ ဘယ်ချိန်ပြန်တွေးတွေး အမြဲလှပနေတဲ့ အမှတ်တရလေးတစ်ခုပဲမလား။ ဒီဇာတ်လမ်းလေးကို ကြည့်နေချိန်မှာလည်း ဆယ်ကျော်သက်အရွယ်မှာ ပေါက်ဖွားခဲ့တဲ့ လတ်ဆတ်တဲ့ အချစ်လှလှလေးနဲ့ သူငယ်ချင်းတွေကြားက ခင်မင်မှုသံယောဇဉ်လေးတွေ လူငယ်ပီပီ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းအုပ်စုကိုကြည့်ပြီး တစ်ချိန်တစ်ခါက ကျောင်းဘဝကို ပြန်လည် လွမ်းမောမိစေမှာ အသေအချာပါပဲ။ အချစ်ဦးကို တဖန်ပြန်လွမ်းမိစေဖို့ My Precious ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ASH Channel ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။

( ဇာတ်လမ်းအကျဉ်းကို Chit Myat Noe မှ ရေးသားပေးထားပါတယ် )

Subtitle By - Ads Team
Encode By - Lwin Htoo Aung

Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်
👍135❤39🔥6😁6👎3👏3
Forwarded from Deleted Account
“ Doi Boy ” (2023)

ဆုန် အဖြစ် Ud Awat Ratanapintha
ဂျီ အဖြစ် Pae Arak Amornsupasiri
ဝဒ် အဖြစ် Aelm Bhumibhat Thavornsiri


ဇာတ်လမ်းအကျဥ်း

မြန်မာနိုင်ငံကနေ ထွက်ပြေးလာခဲ့တဲ့ ရှမ်းလူမျိုးလေးဆုန်က ထိုင်းနိုင်ငံကို ရောက်ရှိလာခဲ့တဲ့အကြောင်း ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်
ဆုန်ဟာ မြန်မာနိုင်ငံကနေပြီးတော့
"ငါ့ရဲ့အနာဂတ်ကို ငါဖန်တီးမယ်"ဆိုပြီး
ကြွေးကြော်ကာ အဖော်မပါဘဲ
ထိုင်းနိုင်ငံကို ထွက်လာခဲ့သူတစ်ယောက်ပါ
ဆုန်က ထိုင်းနိုင်ငံမှာ အသိမရှိ မိတ်ဆွေမရှိ
ဘယ်မှာနေ ဘယ်မှာစား ဘာတစ်ခုမှ စီစဥ်
ထားတာမရှိဘဲ အောက်လမ်းကနေ
ရောက်သွားခဲ့သူပါ
သူဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို
ကုန်တင်ကားရဲ့ပစ္စည်းတွေရဲ့အောက်မှာ အလင်းရောင်မရဘဲ နာရီပေါင်းများစွာ
စစ်ဆေးရေးဂိတ်တွေကို ကျော်ဖြတ်ပြီး
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်လာခဲ့ပါတယ်

ထိုင်းနိုင်ငံကို ရောက်တဲ့အခါမှာတော့
ပတ်စ်ပို့မရှိတဲ့အခါ အလုပ်အကိုင်ကခက်ခဲ ရဲဖမ်းမှာကြောက်ရနဲ့ ကြံရာမရဘဲ
လိင်လုပ်သား ဖြစ်လာခဲ့ရပါတယ်
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပဲ
ကိုဗစ်တွေကြောင့် သူတို့ရဲ့ အလုပ်ဟာ
ပိတ်သိမ်းလိုက်ရပါတော့တယ်
ဆုန်ရဲ့အိမ်လခပေးရမယ့် ပိုက်ဆံလေးကို ပတ်စ်ပို့ ရှိရင် အလုပ်ရှာရပိုလွယ်တယ်
ဆိုပြီး ပတ်စ်ပို့လုပ်ဖို့အတွက် ဘတ်ငွေ
၂သောင်းကို ဘုရင့်နောင်ဖောင်ဖျက်
ပတ်စ်ပို့လုပ်ဖို့အတွက် ရင်းနှီးမြှုပ်နှံ
လိုက်ပါတော့တယ်

ဒါပေမဲ့ သူ့ရဲ့ပတ်စ်ပို့လုပ်ငွေ
ဘတ်၂သောင်းဟာ ကိုဗစ်ကြောင့် ကြန့်ကြာပြီး ပိုက်ဆံလည်း ပြန်မရ
ပတ်စ်ပို့လည်းမရ ဖြစ်လာတဲ့အခါမှာတော့
သူ့ရဲ့လိင်လုပ်သားဘဝက ဖောက်သည်
တစ်ယောက်ဖြစ်တဲ့ ဂျီခိုင်းတဲ့အလုပ်တွေကိုလုပ်ဖို့ အကြောင်းဖန်လာပါတော့တယ်

မြန်မာနိုင်ငံကနေဒုက္ခမျိုးစုံနဲ့ ထွက်ပြေးလာခဲ့တဲ့ ဆုန်တစ်ယောက် ထိုင်းနိုင်ငံမှာ
လည်း ဒုက္ခမျိုးစုံရင်ဆိုင်ရင်း
သူ့ရဲ့ဘဝပိုကောင်းလာဖို့ အနာဂတ်ကို
ကိုယ်တိုင် ပုံဖော်ဖို့အတွက် သူ့ရဲ့
ရဲရဲဝင့်ဝင့် ရင်ဆိုင်ဖြတ်သန်းပုံတွေကို
ကြည့်ရှုခံစားရမယ့် လူငယ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်

( ဇာတ်လမ်းအကျဉ်းကို May Phyo Paing Oo မှ ရေးသားပေးထားပါတယ် )

Subtitle By - May Phyo Paing Oo & Zicky
Encode By - Lwin Htoo Aung

Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။
👍218❤59👏8😁8🤔5🔥4👎3
Forwarded from Thailand Only for Xiao Huo
School Tales (2017)

IMDB: 5.2/10

2017 ခုနှစ်ထွက် ထိုင်းသရဲကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားလေးကတော့ Make Me Shudder တို့လို ကျောင်းသားသရဲကားလေးပါIMDb မှာတော့ 5.1 ရထားပါတယ် စာဖိုင်မထွက်တဲ့ကားလေးကို ကိုယ်တိုင်ဖန်တီးတင်ဆက်ပေးလိုက်ပါတယ်
ညကြည့်ကားလေးလာပါပြီ ဒီကားလေးကြည့်ပြီးရင် ကျောင်းကစာကြည့်တိုက်တို့practical ခန်းတို့ ဂီတခန်းတို့ရောက်ရင် စိတ်မသန့်ဖြစ်ပြီးကျီးကန်းတောင်းမှောက်လျှောက်မကြည့်ကြပါနဲ့ဗျာတော်ကြာပြေးပြေးမြင်မိနေမှာစိုးလို့ပါငိငိ ဖြစ်ပုံကအထက်တန်းကျောင်းတစ်ခုမှာ အဆောက်အဦးအမှတ်၃ က သရဲခြောက်လို့နာမည်ကြီးပေါ့ဗျာတစ်နေ့ကျ သူငယ်ချင်းတစ်စု စာစကားမြောက်လို့ ဆိုပြီးဆရာကအပြစ်ပေးတဲ့အနေနဲ့ ဂီတခန်းကတူရိယာတွေကိုသန့်ရှင်းဖို့အပြစ်ပေးလိုက်ပါတယ် သိတဲ့အတိုင်းပဲလူစုံတော့လည်းရောက်တတ်ရာရာပေါက်ပန်းသေးကနေပြောစရာမရှိရှာကြံပြီးသရဲအကြောင်းရောက်သွားတာပေါ့ဗျာသရဲ fan တွေထင်ပါ့ အဲ့လိုနဲ့သူသိတာကိုယ်နားထောင် ကိုယ်သိတာသူ့ကိုဖလှယ်ကြနဲ့အလုပ်တွေဖြစ်ပြီးဂီတခန်းကသရဲအစစာကြည့်တိုက်သရဲပါမကျန်အကုန်အတင်းပြောခံရတာပေါ့ မလွယ်ဘူးနော်သရဲတောင်အတင်းပြောခံရတယ် ဘယ်လိုဘယ်သင်းဘာညာသာဒကာ ဝေဖန်ုကြတာပေါ့ဗျာ သရဲလည်းလူကနေဖြစ်တာပဲအတင်းပြောတာဘယ်ကြိုက်မလဲဗျာ ပိုဆိုးတာက စူပါသတ္တိခဲအဖွဲ့ကတစ္ဆေဖမ်းထွက်မယ်ဆိုပြီးလူခွဲရှာသတဲ့အဲ့ဒီလိုနဲ့နောက်ဆုံးတစ်ကျောင်းလုံးကသရဲ ၄,၅ ကောင်ထခြောက်စေမယ့်စည်းမျဉ်းတွေအတိုင်းလုပ်တော့တာပေါ့volume လေးတော့လျော့ကြည့်ကြပါဗျာ သရဲကားဆိုပေမယ့်လည်း သရဲတောင်ပြန်ပြီးသနားသွားမိပါတယ်သူ့ခမျာကောင်းကောင်းမသေရလို့သရဲဘဝရောက်နေတာတောင် မလေးမစားလိုက်ဖမ်းခံရသေးနောက်ပိုင်းရောက်လေလေပိုပြီးစိတ်ဝင်စားစရာကောင်းလာပါတယ် သရဲကားဆိုပေမယ့်လည်းဇာတ်အသွားအလာလေးက ဝမ်းနည်းစရာ /စိတ်ဝင်စားစရာကောင်းတဲ့ကားလေးပါအတော်ကြောက်မိတဲ့ဲအဲလေ အတော်ကြိုက်မိတဲ့သရဲကားလေးတစ်ကားပါပဲဗျာငိငိ
👍113❤26🥰6👏4😁3👎1
Forwarded from Thailand Only for Xiao Huo
Suddenly Twenty (2016)

IMDB: 7.3/10

CJ Major Entertainment ရဲ့ First movie Production ဖြစ်ပြီး ၊ ထိုင်း နိုင်ငံ ရဲ့ Thai Major Cineplex Group နဲ့ တောင်ကိုရီးယားက CJE& M တို့ ပေါင်းစပ် ထုတ်လုပ်တဲ့ “Suddenly Twenty” ဇာတ်ကားဟာ ၊ ၂၀၁၄ မှာ အောင်မြင်ခဲ့တဲ့Miss Granny ဆိုတဲ့ Korea ကားရဲ့ နောက်ထပ် မှတ်တိုင်တစ်ခု အဖြစ် သတ်မှတ်ထားကြပါတယ်။IMB rating 7.3/10 ရရှိထားတဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ Drama/Romance အမျိုအစား ဖြစ်ပြီး ၊ Thai မှာတော့ 2016, Nov 24မှာ release လုပ်ခဲ့တဲ့ ဇာတ်ကား တစ်ကားဖြစ်ပြီး ၊ IMB rating 10 မှာ 7.3 ရရှိထားပြီး ၊ Google user တွေရဲ့ Like ပေးနှုန်းကတော့ 94% အထိ ရရှိထားတဲ့ ချစ်စရာကောင်းတဲ့ ထိုင်းကားလေး တစ်ကားပါပဲ။
Pee Mak ကားထဲက မင်းသမီးချောလေး “Davika HOorne” မှ “Parn” အနေနဲ့ ပါဝင်ထားပြီး ၊National film Association Award မှ ပေးတဲ့ 2017 အတွက် Nomination တွေထဲမှာ
Best Actress ( Davika Hoorne)
Best Supporting Actor – Rong Kaomulkadee
Best Supporitng Actress – Niranuch Patamasute
Best Costume Design
စတဲ့ Title တွေ ပါဝင်ခဲ့ တာနဲ့ အညီ Costume Design တွေကတော့ အလွန် လန်းပါတယ် ၊ မင်းသမီးချော Parn ရဲ့ ဆံပင်ကေ ကတော့ ချက်ချင်းတောင် ပြေးညှပ် လိုက်ချင်တဲ့ ကေ လေးပါ။

Story Lines
=========
Parn ဆိုတဲ့ အသက် ၇၀ အဘွားကြီး ၊ ခေါင်းမာတယ်၊ စိတ်ညစ်စရာ ကောင်းတယ် ၊ သူမ ပတ်ဝန်းကျင်က ရှိသမျှ လူတွေ တိုင်းကို စိတ်အနှောက်အယှက်ပေးနိုင်တဲ့ ခွတီးခွကျ အဘွားကြီး ။ သူမ ဘဝ ရဲ့ နှစ်လိုဖွယ် ခံစားချက်က တော့ သူမ ချစ်တဲ့ သား Professor ကြီးကို လူစည်စည်မှာ ကြွားရတာပါပဲ ၊အဘွားကြီး Parn ချစ်တဲ့ သူမ သား Professor ကြီးနဲ့ မိသားစုတွေရဲ့ သူမ ကို ဘိုးဘွားစောင့်ရှောက်ရေး ဂေဟာ ကို ပို့မယ် အကြောင်း ကို အဘွားကြီး Parn ကြားသွားသောအခါ……“အသက် ကြီးလာခြင်းဟာ ကြောက်စရာ ကောင်းလှတယ်”ဝမ်းနည်း စိတ်ပျက် အားငယ်မှုတွေနဲ့ အဘွားကြီး Parn တစ်ယောက် ရပ်ကွပ်လမ်းတွေပေါ် အဓိပ္ပါယ်မဲ့ လျောက်သွားပြီး bus မှတ်တိုင် တစ်ခုမှာ အမောဖြေနေခဲ့တယ်။ သူမ အိမ်မပြန်ချင်ဘူး။ဟိုးမှာ လမ်းတစ်ဖက်မှာ ဓါတ်ပုံဆိုင်လေး……………………….Parn တစ်ယောက် မှန်ရှေ့မှာ Make-up တွေ လိမ်းတယ် … သူမ ဓါတ်ပုံထဲမှာပဲ ဖြစ်ဖြစ် လှနေချင်သေးတယ်လေ။“ကျမ ကို လှလှ လေး ရိုက်ပေးနော်”
အဘိုးကြီးက သဘောတကျ ပြုံးပြတယ် “စိတ်ချ မင်းကို အနှစ် ၂၀ လောက် ငယ်သွားစေရမယ်”“ချလပ်”Chaya Lumruek ဆိုတဲ့ ဓါတ်ပုံ ဆိုင်ဟာ Parn ကို တောက်ပပြီး လှပတဲ့ အသက်၂၀ အရွယ်ကို လက်ဆောင်ပေးခဲ့တယ်။အဆိုတော် ဖြစ်ချင်ခဲ့တဲ့ Parn ၊ ငယ်ဘဝ ကြမ်းတမ်း နာကျင်ခဲ့ရ ရှာတဲ့ အဘွားကြီး Parn တစ်ယောက် ၊ အသစ် တစ်ဖန် ရရှိ လာတဲ့ သူမ ရဲ့ အသက် ၂၀ အရွယ်မှာ ပျက်စီး ပျောက်ဆုံးခဲ့ ရတဲ့ စိတ်ကူး အိပ်မက် တွေကို အကောင်အထည် ဖော်နိုင်လေမလား ဆိုတာ

ဟုတ်ကဲ့ ….. ဒီကားမှာ ထူးထူးကဲကဲ သဘောကျ တဲ့ အချက်ကတော့ အသုံးပြုထားတဲ့ Music ပါပဲ ၊ ခေတ်ဟောင်းက အဘွားကြီး Parn ဟာ ၊ ယနေ့ ခေတ် Music Trends တွေ ကြားထဲမှာ ဂီတ ဆိုတာ ဘာလဲ ဆိုတဲ့ Theme ကို ပေးသွားနိုင်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်၊ လူငယ် တွေ နဲ့ လူကြီးတွေကြား အမြင် Gap ဖြစ်နေမှု တွေကို ပါးပါးလေး နဲ့ ပုတ် ပြ သွားတဲ့ ဇာတ်ကား လဲ ဖြစ်လို့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဇာတ်ကားတဲ့ နောက်ဆုံးမှာ Parn တစ်ယောက် Band နဲ့ ဖြေ ဖျော်သွားတဲ့ သီချင်းကတော့ တကယ့်ကို Touching ပါပဲ။
👍173❤40🥰4👎3🔥3
Forwarded from Thailand Only for Xiao Huo
Homestay (2018)

IMDB: 7.7/10

Homestay (2018) တဲ့ ထိုင်းကားလေး။ပုံမှန်ထိုင်းကားဆိုကြည့်မရတတ်တဲ့ ကျွန်တော် ဒီကားကိုကြည့်ပြီး တော်တော်ကြွေသွားမိတယ်။

ဒီကားလေးက အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး ၂ နာရီကြာတယ်ဆိုပေမဲ့ ပျင်းစရာမရှိတဲ့ ဇာတ်ကားပါ။Draman, Fantasy , Thriller ဆိုတဲ့ ဇာတ်ကားအမျိုးအစားဆိုတဲ့အတိုင်း Drama လိုရိုပြီး Fantasy လို ထူးခြားတာတွေလည်းတွေ့ရပြီး Thriller ဆိုတဲ့အတိုင်း တစ်ချက်တစ်ချက် ရင်တုန်စရာလေးတွေပါ ထည့်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ အဓိကဇာတ်ဆောင်ဖြစ်သူက လတ်တလော ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ မင်ဆိုတဲ့ အထက်တန်းကျောင်းသားလေးရဲ့ ခန္ဓာကိုယ်ထဲမှာ နိုးထလာပါတယ်။
သူ့ကို ကိုယ်စောင့်နတ် ဆိုတဲ့သူက ဒီခန္ဓာကိုယ်ပိုင်ရှင်ဖြစ်တဲ့ မင် ဘာလို့ကိုယ့်ကိုကိုယ် သတ်သေခဲ့ရလဲဆိုတဲ့ အကြောင်းအရင်းကို ရက်တစ်ရာအတွင်းမှာ ရှာခိုင်းပါတယ်။ရှာလို့တွေ့ခဲ့ရင် ဒီခန္ဓာကိုယ်ကို ပိုင်ဆိုင်ရမှာဖြစ်ပြီး မရှာနိုင်ရင်တော့ ဘယ်လိုမှပြန်ဝင်စားလို့မရတဲ့ဘဝကို ရောက်သွားမှာပါလို့ပြောပါတယ်။မင်ရဲ့ ခန္ဓာကိုယ်ကို ရထားတဲ့သူ မင်ဘာလို့ ကိုယ့်ကိုကိုယ်သတ်သေရလဲဆိုတာကို ရှာနိုင်ပါမလား။သူ့အဖေကြောင့်လား၊ သူ့ညီကြောင့်လား၊ သူကြိုက်နေတဲ့ကောင်မလေးကြောင့်လား ဘာလို့များလဲ။ဘယ်လိုအကြောင်းကများ ကိုယ့်အသက်ကို အဆုံးသတ်လိုက်ရခြင်းက လွတ်မြောက်ခြင်းပဲလို့ တွေးစေခဲ့တာလဲ။13 Reason Why? ဆိုတဲ့ Netflix က Series မှာတော့ အကြောင်းပြချက် ၁၃ ခုရှိပါတယ်တဲ့။ဒီဇာတ်ကားမှာရော အကြောင်းပြချက်က ဘယ်နှစ်ခုဖြစ်မလဲ။
👍141❤16👎5🙏4
Forwarded from Thailand Only for Xiao Huo
Mr. Hurt (2017)

IMDB: 6.0/10

Mr. Hurt (သို့) နာကျင်နေသော ချိဖ

I Fine..Thank You..Love You,Heart Attack ဇာတ်ကားတွေထဲက နာမည်ကြီးမင်းသား Sunny ရဲ့ နောက်ထပ်ဇာတ်ကားတစ်ကားပါ။
ဒီဇာတ်ကားတစ်ခုလုံးကို သူ့ရဲ့ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ သိပ်သည်းအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ဇာတ်လမ်းကတော့ နာကျင်နေသောချိဖ တစ်ယောက်အကြောင်းပါ။အစွဲအလမ်းကြီးသလို ဒေါသလဲကြီးတတ်တဲ့ နာကျင်နေသောချိဖ ဒွန်စီချန်။(သူဟာယောင်္ကျားလေးအများစုရဲ့ သဘာဝကိုကိုယ်စားပြုသွားပါတယ်။)ခေါင်းနည်းနည်းလွတ်နေပေမယ့် ရုပ်ဖြောင့် ပိုက်ဆံရှိလို့ အဆိုတော်ဖြစ်လာပုံရတဲ့ ဂျင်မီ။နှလုံးသားထက် အောင်မြင်ကျော်ကြားမှုကို မက်တွယ်ထားတဲ့ နိုင်ငံကျော်မော်ဒယ် အန်နာ။ (သူကလဲ မိန်းကလေးအများစုရဲ့ သဘာဝကို ကိုယ်စားပြုသွားပါတယ်။)ကြင်နာတတ်တဲ့ မိခင်စိတ်မျိုးနဲ့ ရောဂါသည်မလေး ဒီယူ။ဒီဇာတ်ကောင်လေးယောက်ကို အခြေပြုလို့ ချစ်ခြင်းရဲ့နာကျင်မှုတွေအကြောင်းကို ပြသထားပါတယ်….။အပြင်မှာလိုပါပဲ…ယောင်္ကျားလေးတွေဟာ နှလုံးသားခပ်များများ ဦးနှောက်ခပ်နည်းနည်းနဲ့ ချစ်ခြင်းမှာ နစ်မြုပ်နေတတ်ကြပြီးမိန်းကလေးတွေကတော့ နှလုံးသားခပ်နည်းနည်း ဦးနှောက်ခပ်များများနဲ့ ချစ်ခြင်းကို စီမံတတ်ကြပါတယ်။ဒါပေမယ့်ဘယ်သူပဲဖြစ်ဖြစ်ပါလေ…တကယ်ချစ်ရသူကတော့ အမြဲတမ်း နာကျင်ရတာပါပဲ။ခံစားနာကျင်ပေးကြပါဦး။
👍123❤30🤔4👎3😁3
“ အတ္တလွန်အချစ် “

Depression or Just Selfishness (2024)

ဒါရင်း အဖြစ် Pim Pimprapa Tangprabhaporn
ချနွန် အဖြစ် March Chutavuth Pattarakhumphol
ဒီးယား အဖြစ် Pim Latkamon Pinrojkirati

ဇာတ်လမ်းအကျဉ်း

ချနွန်ကတော့ အိမ်ကနေပဲ
အလုပ်လုပ်နေတာ ၃နှစ်ကျော်ရှိပြီး
ရုံးကိုပထမဆုံးလာတက်တဲ့ ဒီဇိုင်းအဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက်ပါ
ဒါရင်းကတော့ ချနွန်ရဲ့ အလုပ်မှာ
အရင်ကတည်းကရှိနေတဲ့
ဝန်ထမ်းဟောင်းတစ်ယောက်ပဲ
ဖြစ်ပါတယ်
ချနွန် အလုပ်ကိုလာတက်တဲ့
ပထမဆုံးနေ့မှာပဲ ဒါရင်းနဲ့
ဆုံခဲ့ကြပါတယ်
သူတို့နှစ်ယောက်ကတော့
မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းဟောင်းတွေပဲဖြစ်ပါတယ်

အဲ့ဒီလိုနဲ့ ဒါရင်းနဲ့ချနွန် စကားလက်ဆုံကျရင်း ချနွန်ရဲ့အိမ်ကို
အလည်လိုက်သွားခဲ့ပါတယ်
ချနွန်ရဲ့အိမ်ကို ရောက်မှသိလိုက်ရတာက ချနွန်က လွန်ခဲ့တဲ့သုံးနှစ်က
သေဆုံးသွားခဲ့တဲ့ သူ့ချစ်သူ
ဒီးယားဆိုတဲ့ကောင်မလေးကို
အသက်ရှိတယ်ထင်ပြီး
အိမ်မှာ လူတစ်ယောက်လိုမျိုး
ခေါ်ပြောဆက်ဆံ ထမင်းကျွေး အတူတူအိပ်နေတာမျိုးတွေ လုပ်နေတာပါ
ဒါရင်းလည်း အရမ်းလန့်သွားခဲ့ပြီး
ချနွန်ကို သူ့ကောင်မလေးကို
မေ့သွားအောင် ကူညီပေးဖို့
ကြိုးစားပါတော့တယ်

အဲ့ဒီလို ချနွန့်ကို ကူညီပေးဖို့
ကြိုးစားတာက သူငယ်ချင်းကို
သနားတဲ့စိတ်တစ်ခုတည်းကြောင့်
မဟုတ်ဘဲ သူ့ကိုသူ
အပြစ်ရှိတယ်လို့ ခံစားရတာကြောင့်
လည်း ဖြစ်ပါတယ်
သူတို့ရဲ့အတိတ်မှာ
ဘာတွေရှိခဲ့လို့ ဒါရင်းက သူ့ကိုယ်သူ
အပြစ်ရှိတယ် ခံစားနေရတာလဲ
ချနွန်ကရော သူ့ရဲ့ရည်းစားဟောင်းကို
မေ့နိုင်သွားမှာလား အပြင်
သူတို့ရဲ့ ရုံးတွင်းအရှုပ်အထွေးကိုပါ
ကြည့်ရှုခံစားရမယ့် Club Friday ထုံးစံ
လောင်မြိုက်ရဦးမယ့် ဇာတ်ကားလေးကို
တင်ဆက်ပေးလိုက်ရပါတယ်

( ဇာတ်လမ်းအကျဉ်းကို May Phyo Paing Oo မှ ရေးသားပေးထားပါတယ် )

Subtitle By - Zicky,Hades,Chit Myat Noe & May Phyo Paing Oo
Encode By - Myint Thu

Ash Channel (Ash) မှ ဘာသာပြန်တင်ဆက်သည်

#အတ္တလွန်အချစ်
#AshChannel #Ash
#AshThai #AshOngoing
#AshOngoing2024
👍368❤106🥰18😁15👎10👏4👨‍💻3🔥1🤔1
𝐓𝐡𝐞 𝐌𝐞𝐝𝐢𝐮𝐦 (𝟐𝟎𝟐𝟏) 😍
𝐈𝐌𝐃𝐛:(𝟔.𝟓/𝟏𝟎)

ဒီဇာတ်ကားလေးကတော့အားလုံးပဲသိကြမယ်လို့ထင်ပါတယ်အရမ်းညွှန်းရင် 𝐒𝐩𝐨𝐢𝐥 မိသွားမှာဆိုးလို့နော်

ဇာတ်လမ်းအကျဉ်းကတော့
နတ်ကိုးကွယ်မှုတွေ ဆက်လက်တည်တံ့နေသေးတဲ့ ထိုင်းနိုင်ငံ ရွာလေးတစ်ရွာမှာ နေထိုင်တဲ့ နတ်ဝင်သည်မျိုးရိုး မိသားစုတစ်စုရဲ့ သမီးကြီးက ဓလေ့ထုံးထမ်းအရ နတ်ဝင်သည်အဖြစ် ဆက်ခံရမှာကို မဆက်ခံဘဲ ငြင်းဆန်လိုက်တဲ့အခါ ဘယ်လိုထိတ်လန့်မှုတွေ အဖြစ်ဆိုးတွေနဲ့ကြုံတွေ့ရမလဲ

နတ်ဝင်သည်တွေရဲ့ ဘဝအစိတ်အပိုင်းတွေကို ထဲထဲဝင်ဝင် ရိုက်ကူးပြသထားတဲ့ ဇာတ်ကားမို့ ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/movie_mmsub6/15

🎬 Main channel
🔗

http://t.me/addlist/-EzJ-VtvfuRhOWJl
Please open Telegram to view this post
VIEW IN TELEGRAM
❤86👏3
‌လူကောင်းနဲ့လူ‌ဆိုးတို့ရဲ့အားပြိုင်မှု ယုံကြည်မှုရဲ့စွမ်းအားတို့ကို ဖော်ကျူးထားတဲ့ဇာတ်ကား😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဘုရားသခင်ကိုသက်ဝင်ယုံကြည်တဲ့သားအဖ၂ယောက် အဖေလုပ်သူက သေခါနီးအချိန်မှာတကယ့်ကိုအားကိုးရာရှာတဲ့အနေနဲ့ဘုရားသခင်ထံဆုတောင်းပြီးသူ့အဖေက ပြန်မကောင်းလာပဲ တကယ်သေသွားတဲ့အခါဘုရားသခင်ကိုလဲ အယုံအကြည်မရှိတော့တဲ့ကလေးလေးတစ်ယောက် သူကြီးလာတဲ့အခါယုံကြည်မှုမရှိပဲကြီးပြင်းလာခဲ့ပေမယ့် ဘုရားသခင်ကိုနက်နက်ရှိုင်းရှိုင်းယုံကြည်မှရနိုင်တဲ့အရာတွေ သူ့ဆီကိုရောက်ရှိလာတဲ့အခါဘာတွေဖြစ်မလဲကတော့ မ spoil တော့ပါဘူးကြည့်ပါ အားရပါးရသာကြည့်လိုက်ကြပါပေးရတဲ့အချိန်နဲ့တော့တန်မှာပါ


ဇာတ်​ကားကြည့်ရန်🔽🔽⬇️⬇️
https://t.me/Thai_Series_MMB/1979

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

http://t.me/addlist/-EzJ-VtvfuRhOWJl
Please open Telegram to view this post
VIEW IN TELEGRAM
❤35
T_h-e V_i-l_l-a_g-e_r-s(2018)

IMDb 6/10

အညွှန်း*
🔽🔽🔽

လက်ဝှေ့ချံပီယံဟောင်း တစ်ဦးဖြစ်သူ ဂီချွဲသည်အနားယူပြီးနောက် ကျောင်းတစ်ခုမှာ အားကစားနည်းပြဝင်လုပ်ခဲ့သည် သို့သော် ကလေးတွေဗန်းပြပြီး ရံပုံငွေသဲ့ယူကလေးတွေကို မငှဲ့ညှာပေးတဲ့ လူကြီးတွေ နဲ့ ရန်ဖြစ်ပြီးနောက်ဂီချွဲရဲ့ မဟုတ်မခံစိတ်ကြောင့် အလုပ်ထွက်ခဲ့ရပြန်ပါတယ်…ဒီလိုနဲ့ နယ်မြို့လေး တစ်မြို့ က မိန်းကလေးသီးသန့်အထက်တန်းကျောင်းတစ်ခုမှာ ထပ်ပြီး အလုပ်ရခဲ့တယ် အားကစားနည်းပြဆရာ အဖြစ်နဲ့ပါ…မြို့ကို ရောက်ရောက်ခြင်းပဲ ဂီချွဲတစ်ယောက် တွေ့လိုက်ရတာကတော့လူပျောက်ကြေငြာစာ တစ်ခုပဲ ဖြစ်ပါတယ်…


ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/korea_drama10/977
https://t.me/korea_drama10/977
Please open Telegram to view this post
VIEW IN TELEGRAM
❤23
အရိုးပြာကိုရုပ်ထုထဲထည့်တဲ့ဓလေ့ရှိတဲ့ကျွန်း📱

အညွှန်းဖတ်ရန်
🔽🔽

ကျွန်းတစ်ကျွန်းမှာ ဘိုးဘိုးကြီဆက်ထမ်းရုပ်ထုကို အရမ်းယုံကြည်ကိုးကွယ်ကြပါတယ်၊တစ်နေ့မှာ ထမ်ဟာ အစ်ကိုဖြစ်တဲ့ ဘုန်းကြီးထီကို သူတို့မိဘဆုံးသွားကြောင်း သတင်းပြောဖို့ ထိုကျွန်းကိုရောက်လာခဲ့ပါတယ်၊သူရောက်လာတော့ အစ်ကိုဖြစ်တဲ့ ထီဟာကျောင်းထိုင်ဆရာတော်ကို သတ်တယ်လို့စွပ်စွဲခံရပြီး ပျောက်ဆုံးနေပါတယ်။ ထမ်ဟာ အစ်ကိုအကြောင်းစုံစမ်းဖို့ အဲ့ဒီဘုန်းကြီးကျောင်းမှာတည်းဖို့ ခွင့်တောင်းလိုက်ပါတယ်။

ဒီကျွန်းမှာ ထူးခြားတာက အရိုးပြာကို ရုပ်တုထဲထည့်တဲ့ဓလေ့ပါ၊ပထမညမှာတင် ထူးဆန်းတာတွေဖြစ်ခဲ့တယ်။ကျွန်းမှာ ဂဝံရုပ်အစီအရင်လုပ်နေတဲ့သူရှိပါတယ်။ ဂဝံရုပ်လုပ်နည်း မျိုးစုံရှိတဲ့ထဲမှာ လူသေအလောင်းနဲ့ သရဲတွေလုပ်ပြီး လူတွေကိုလိုက်ခြောက်တာပါ။အဲ့ဒီဂဝံရုပ်သရဲလုပ်တဲ့သူကဘယ်သူလဲ၊သူ့အစ်ကိုကိုရော ရှာတွေ့မလား ဇာတ်ကားထဲကြည့်လိုက်ရအောင်နော်။



ကြည့်ရန်🔽⬇️🔽
https://t.me/Lu_that/751

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

http://t.me/addlist/-EzJ-VtvfuRhOWJl
Please open Telegram to view this post
VIEW IN TELEGRAM
❤23
ဇတ်ကားသစ်လူကောင်သေးသေးလေး နဲ့ မိုက်တဲ့ ဖိုက်တာအစ်မကြီးရဲ့ ဘူဒိုဇာ မောင်းတဲ့ကား လေး တင်ဆက်ပေးပါဦး မယ်ကိုယ် မဟုတ်ရင် နည်းနည်းမှ အထိမခံတဲ့ ဂူဟယ်ယောင်းဟာ အကြမ်းဖက်မှုနဲ့ ကျောင်းထွက်လိုက်ရပါတယ်အဲဒီနောက်မှာတော့ အ ဖေဖြစ်သူ ရဲ့ ရုတ်တရက်ဖြစ်သွားတဲ့ ယာဥ်တိုက်မှု နောက်ကွယ်ကအကြောင်းအရင်းကို လိုက်စုံစမ်းရင်းနဲ့ အမှန်တရားကိုသိသွားပါ တော့တယ်အသက် ၁၉ နှစ်ပဲ ရှိသေးလို မယောင်မလည်နဲ့ စုံစမ်းတဲ့ နေရာမှာတောင်ဒေါသကို ရှေ့တန်းတင်တဲ့ ကောင်မလေးဆို ပေမယ့်မောင်ဖြစ်သူကို တော့ အစ်မကြီးပီပီ ဂရုတစိုက်နဲ့ ချစ်တတ်ပါ သေးတယ်Sky Castle ထဲက မင်းသမီး Kim Hye Yoon အပြင်စုံထောက်အဖြစ် Super Junior's Ye Sung လည်းပါဝင်ထားပါ တယ်Kim Hye Yoon ရဲ့ ကာရိုက်တာနဲ့တစ်သားတည်းကျအောင် တင်ဆက်သွားမလဲဘယ်လိုတွေ ကြမ်းသွားမလဲဆိုတာကို ကြည့်ရှု ပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/korea_drama10/980

🎬 Main channel 🔗

http://t.me/addlist/-EzJ-VtvfuRhOWJl
Please open Telegram to view this post
VIEW IN TELEGRAM
❤28
ပိန္နဲသီး သရဲကား📱🧛🧛🔤🔤

အညွှန်းဖတ်ရန်
⬇️🔽

ပိန္နဲသီး သရဲကားဆိုပြီး နာမည်ကြီးတဲ့ ထိုင်းသရဲကားဖြစ်ပါတယ်။ပုံမှန်သရဲကားတွေနဲ့ မတူတဲ့အချက်တွေ အများကြီးပါဝင်ပါတယ်။တွေ့နေကြ သရဲကားတွေထက် ပိုပြီး အဓိပ္ပါယ်ရှိတဲ့ ဇာတ်ကားပါ။

ဟာသတွေ ပါတယ်….ကြောက်လန့်စရာတွေ ပါတယ်….ကြည်နူးဖွယ်ရာတွေပါတယ်။အကောင်းဆုံးအချက်ကတော့ တရားသဘောနဲ့ ပတ်သတ်တဲ့ အယူအဆလေးတွေ ပါဝင်ထားပါတယ်။ရသစုံတဲဇာတ်ကား
ပါ။

ထူးခြားတဲ့ ဆက်တင်, Effect, ဇာတ်ဆောင် တွေမပါဝင်ဘဲ ဇာတ်လမ်းတစ်ခုလုံးကို အကောင်းဆုံးတင်ဆက်သွားနိုင်တာကိုတော့ မြန်မာဇာတ်ကားဖန်တီးသူတွေ အတုယူသင့်ပါတယ်။

ကြည့်ရန်🔽🔽
https://t.me/neck_movie/337

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

http://t.me/addlist/-EzJ-VtvfuRhOWJl
Please open Telegram to view this post
VIEW IN TELEGRAM
❤9
အညွှန်း* 🔽🔽🔽

မန်ပေါ နဲ့ ကီမူရာတို့ဟာ လုပ်ဖော်ကိုင်ဖက်စုံထောက်၂ဦးပါ..တစ်နေ့မှာ ကီမူရာဟာ တာဝန်တစ်ခုထမ်းဆောင်ရင်းနဲ့ 6သဆုံးခါနီးမှာ မန်ပေါ ကို သူ့တူမလေးကိုအပ်ခဲ့ပါတယ်
သူ့တူမလေးနဲ့ မန်ပေါ တို့ ရဲ့ နောက်ပိုင်းဇာတ်လမ်းတွေကိုတော့ ဟာသနှောပြီးရိုက်ကူးထားပါတယ်...

ဇာတ်ကားကြည့်ရန်
⬇️⬇️📺

https://t.me/neck_movie/338

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

http://t.me/addlist/-EzJ-VtvfuRhOWJl
Please open Telegram to view this post
VIEW IN TELEGRAM
❤13🔥1
အညွှန်း* 🔽🔽🔽

2018 ခုနှစ်က ထွက်ရှိခဲ့တဲ့ Accident Man ရဲ့ ဒုတိယမြောက်ကားထွက်လာပါပြီ။ပထမကားကို မမှတ်မိဘူး ဒါမှမဟုတ် မကြည့်ရသေးသူတွေဆိုရင်လဲ ဒီဒုတိယကားကိုကြည့်လို့ဖြစ်ပါတယ်။အက်ဆီးဒန့်မန်းကတော့ သူကကြေးစားလူသ!တ်သမားကိုမှသူသ!တ်ရင်မတော်တဆသေသွားသလိုဒီဇိုင်းနဲ့ သ!တ်လို့ အဲဒီနာမည်ကိုရထားတာပါ။ပထမကားမှာအက်ဆီးဒန့်မန်းက လန်ဒန်မှာတော်တော်မွှေခဲ့ပြီးဒီကားမှာတော့ လန်ဒန်နဲ့ဝေးရာကိုသူအားလပ်ရက်ခရီးထွက်လာခဲ့ပါပြီ။သူက အာရှ ဥရောပ မြောက်အမေရိကတို့အားလုံးနဲ့နီးတဲ့မောလ်တာကျွန်းမှာအေးအေးဆေးဆေးအနားယူခြေရာဖျောက်ရင်း ကြေးစားအလုပ်အနည်းငယ်ကိုလဲလုပ်တယ်ပေါ့။
ďťż
ဇာတ်ကားကြည့်ရန်
⬇️⬇️📺

https://t.me/flexx2345/265

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

http://t.me/addlist/-EzJ-VtvfuRhOWJl
Please open Telegram to view this post
VIEW IN TELEGRAM
❤8
အမေရိကန်သဘာဝလွန်သည်းထိတ်ရင်ဖိုရုပ်ရှင်ကား📱

အညွှန်းဖတ်ရန်
🔽⬇️

ဒီဇာတ်ကားက ဂျပန်နဲ့ တောင်ကိုရီးယားကနေ စတင်ပေါ်ပေါက်လာတဲ့ အင်တာနက်ပေါ်က ထူးဆန်းတဲ့ “Elevator Game”ဆိုတဲ့ဒဏ္ဍာရီပုံပြင်ကိုအခြေခံထားပြီး လူငယ်တစ်စုရဲ့သရဲဖြစ်ရပ်တွေကိုစုံစမ်းတဲ့ YouTube အစီအစဉ်တစ်ခုနဲ့ ဆက်စပ်ပုံဖော်ထားပါတယ်။

လူငယ်တစ်စုရဲ့ “Nightmare on Dare Street” ဆိုတဲ့ YouTube အစီအစဉ်ကိုဟာ သရဲဖြစ်ရပ်တွေနဲ့ ဒဏ္ဍာရီပုံပြင်တွေကိုစုံစမ်းရင်း ဗီဒီယိုရိုက်ကူးနေကြပါတယ်။ ရိုင်ယန်ဆိုတဲ့ လူငယ်တစ်ယောက်ဟာ သူ့အစ်မဘတ်ကီ ပျောက်ဆုံးသွားတဲ့ အကြောင်းအမှန်ကိုရှာဖွေဖို့ ဒီအဖွဲ့ထဲ အလုပ်သင်အဖြစ်ဝင်ရောက်လာပါတယ်။ ဘတ်ကီဟာ “Elevator Game” ဆိုတဲ့ အင်တာနက်က ထူးဆန်းတဲ့ဂိမ်းတစ်ခုကစားပြီး ပျောက်ဆုံးသွားခဲ့တာပါ။

ဒီဂိမ်းရဲ့စည်းမျဉ်းတွေကတော့ လှေကားထဲမှာ သတ်မှတ်ထားတဲ့ အဆောက်အဦးအထပ်တွေကို အစီအစဉ်တကျသွားရမှာဖြစ်ပြီး အထူးသဖြင့် ပဉ္စမထပ်မှာ မထင်မှတ်ဘဲဝင်လာတဲ့ “Fifth Floor Woman” ဆိုတဲ့သရဲမကို မကြည့်မိဖို့ မျက်လုံးပိတ်ထားရမှာပါ။ဒီစည်းမျဉ်းတွေကို ဖောက်ဖျက်မိရင် သရဲမရဲ့ဒေါသထွက်မှုကိုရင်ဆိုင်ရမှာဖြစ်ပြီး သူ့ရဲ့ “Red World” ဆိုတဲ့အခြားဘုံတစ်ခုဆီ ဆွဲခေါ်ခံရမှာပါ။

ရိုင်ယန်နဲ့သူ့အဖွဲ့ဟာ ဒီဂိမ်းကိုပြန်လည်ကစားရင်း ဘတ်ကီကိုကယ်တင်ဖို့ ကြိုးစားပေမဲ့ မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ ကြောက်မက်ဖွယ်ဖြစ်ရပ်တွေကို ရင်ဆိုင်ရတဲ့အခါ...

ကြည့်ရန်🔽⬇️
https://t.me/Commando_32k19/26

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

http://t.me/addlist/-EzJ-VtvfuRhOWJl
Please open Telegram to view this post
VIEW IN TELEGRAM
❤11
ဂျပန်သရဲကို အပသွားနှင်ပေမယ့် ‘’အာရီဂတို” တစ်လုံးပဲ ပြောတတ်သောအခါ 🤣🤣

ထိုင်းနိုင်ငံက အဆိုတော်အဖွဲ့တွေကဆိုရင်တော့ ဂျပန်ပြည်ကိုသွားပြီး MV ရိုက်ကူးဖို့ စီစဉ်နေကြပါတယ် ဒါပေမယ့်ဘတ်ဂျတ်မတတ်နိုင်တာကြောင့် သူတို့အတွက် စျေးတန်မယ့်အိမ်တလုံးကိုတွေ့ပြီး ငှားချင်ပေမယ့်လည်း ဒီအိမ်ကအရမ်းသရဲခြောက်ဆိုတာကိုသိလိုက်ရတယ် ဒါပေမယ့် စျေးသက်သာတာလိုချင်တာကြောင့်ပဲ သရဲကိုမကြောက်မရွံ့ဖြစ်ပြီး ဒီအိမ်မှာပဲတည်းဖို့ သူငယ်ချင်းအုပ်စုလိုက်ဆုံးဖြတ်လိုက်ကြတယ် ရိုစ့် ကတော့ ထိုင်းမှာ အချစ်ဦး အဆုံးချစ်ဆုံး ရည်းစားက ဖောက်ပြန်သွားလို့ စိတ်ညစ်နေတဲ့အချိန် ဂျပန်ကိုလာပြီး အစ်ကိုနေ နဲ့တူတူ စကီစီးဖို့ရောက်နေခဲ့ပါတယ် ဒီလိုနဲ့ အဆိုတော်ဖြစ်တဲ့ ခွန်နက်နဲ့ တွေ့ပြီး သူတွေချစ်စိတ်ဖြစ်သွားကြပါတယ် သူတို့နေတဲ့အိမ်မှာလည်း ဂျပန်သရဲသားအမိတွေရှိပြီး ဒီအခက်အခဲကိုဘယ်လိုကျော်ဖြတ်မလဲ ဒီထက်နက်နဲတဲ့အရာတွေကိုလည်း သွေးအေးအေးနဲ့ခြောက်လန့်နေတဲ့ ဂျပန်သရဲကားကိုဒီဇာတ်လမ်းထဲမှာမြင်တွေ့နိုင်မှာပါ။
ďťż
➡️ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လို့ရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)

https://t.me/+b_gQ6B4ohDtjN2Y1

➡️ဇာတ်ကားကြည့်ရန်လင့်-https://t.me/c/2684356005/121

🥃 အပေါ်က ချန်နယ်ကို𝐉𝐨𝐢𝐧မထားပဲ ဇာတ်ကားကြည့်ရန်ကိုပဲနိပ်ရင်ဇာတ်ကားမပေါ်ပါဘူးခင်ဗျာ၊ ⚠️

🔠🔠🔤🔠🔠🔠🟢🔠❗️
Please open Telegram to view this post
VIEW IN TELEGRAM
❤27👍10