𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿
5.59K subscribers
650 photos
40 videos
11 files
370 links
Programming • Networking • Database • Cybersecurity 🛡️

New tutorials and updates posted daily!

Click to learn more.

https://youtube.com/@tech4u-mm?si=ZK9X8GQ0nn7sG2oZ
Download Telegram
Media is too big
VIEW IN TELEGRAM
Programming လောကထဲကို ခြေလှမ်းစလှမ်းချင်သူများအတွက်... 🚀

"Programming ဆိုတာ ခက်ခဲတဲ့အရာမဟုတ်ဘဲ စနစ်တကျလေ့လာရင် ဘယ်သူမဆို တတ်မြောက်နိုင်တဲ့ Superpower တစ်ခုပါ! 💪"

ဒီ Video လေးမှာ Beginner တစ်ယောက်အတွက်...
🐍 ဘာကြောင့် Python နဲ့ စသင့်တာလဲ?
🧠 Logic First ဘယ်လိုလေ့ကျင့်မလဲ?
💻 လက်တွေ့နယ်ပယ်ထဲ ဘယ်လိုဝင်မလဲ?
ဆိုတဲ့ အချက်တွေကို Step-by-Step ရှင်းပြပေးထားပါတယ်။

ပြီးပြည့်စုံနေဖို့ မလိုပါဘူး၊ စတင်ဖို့ပဲ လိုတာပါ။ အခုပဲ Video လေးကို အဆုံးထိကြည့်ပြီး ပထမဆုံး Code တစ်ကြောင်းကို စရေးလိုက်ရအောင်! 🔥

#ProgrammingLife #Tech4UMyanmar #BeginnerGuide #Python #CodingJourney
13🥰2
ကိုယ့် Website ကို လူသိများအောင် ဘယ်လိုလုပ်မလဲ? 🔍

Website တစ်ခုရှိရုံနဲ့ မလုံလောက်ပါဘူး။ Google ရှာဖွေမှုတွေမှာ ထိပ်ဆုံးက ပေါ်လာဖို့ဆိုရင် SEO (Search Engine Optimization) ကို မဖြစ်မနေ သိထားဖို့ လိုပါတယ်။ 🚀

ဒီနေ့ Post မှာတော့ SEO ဆိုတာ ဘာလဲ၊ အလုပ်လုပ်ပုံ အဆင့်ဆင့်နဲ့ On-Page, Off-Page, Technical SEO ဆိုတဲ့ အခြေခံ Core Components တွေကို အလွယ်ကူဆုံး ရှင်းပြပေးထားပါတယ်။

ကိုယ့် Website ကို လူကြည့်များပြီး Rank တက်ချင်တယ်ဆိုရင် ဒါလေးကို အဆုံးထိ ဖတ်ကြည့်လိုက်ပါဦး။ 💡

📌 အပြည့်အစုံဖတ်ရန်
📌 PDF file နဲ့ဖတ်ရန်

#Tech4UMyanmar #SEO #DigitalMarketing #WebDevelopment #TechEducation #MyanmarIT
9❤‍🔥1
IP တစ်ခုတည်းနဲ့ Device အများကြီး အင်တာနက် ဘယ်လိုသုံးလဲ? 🌐💡

အိမ်မှာဖြစ်ဖြစ်၊ ရုံးမှာဖြစ်ဖြစ် Wi-Fi တစ်ခုတည်းကို Device တွေအများကြီး ချိတ်သုံးနေပေမယ့် အပြင်လောက (Internet) နဲ့ ဆက်သွယ်တဲ့အခါ Public IP တစ်ခုတည်းနဲ့တင် ဘယ်လိုအဆင်ပြေနေတာလဲ? 🤔

အဖြေကတော့ NAT (Network Address Translation) ကြောင့်ပါ။ သူက ရုံးခန်းထဲက Receptionist တစ်ယောက်လိုမျိုး အပြင်ကလာတဲ့ Data တွေကို သက်ဆိုင်ရာ Device တွေဆီ လမ်းကြောင်းတည့်ပေးပြီး၊ ကိုယ့်ရဲ့ Private IP ကိုလည်း သူများမမြင်အောင် ဖုံးပေးထားလို့ Security အတွက်ပါ စိတ်ချရပါတယ်။

Networking လေ့လာနေသူတွေအတွက် မသိမဖြစ် NAT အကြောင်းကို ပုံထဲမှာ အလွယ်ဆုံး ရှင်းပြပေးထားပါတယ်!

#Networking #ITKnowledge #NAT #Tech4U #MyanmarTech #CyberSecurity #NetworkingBasics
8
Media is too big
VIEW IN TELEGRAM
Library နဲ့ Framework ဘာကွာလဲ?

Software Development လောကထဲ ခြေစုံပစ်ဝင်တော့မယ်ဆိုရင် Library နဲ့ Framework ဆိုတာ အမြဲကြားနေရမယ့် Term တွေပါ။ ဒါပေမဲ့ ဒီနှစ်ခုရဲ့ Concept ကို သေချာမကွဲပြားရင် Project Structure ချတဲ့နေရာမှာ အခက်အခဲဖြစ်နိုင်ပါတယ်။ 🧠

ဒါကြောင့် ဒီနေ့ Video မှာတော့ Library နဲ့ Framework ရဲ့ အဓိကကွာခြားချက်ကို ရှင်းပြပေးလိုက်ပါတယ်ဗျ။

#Tech4UMyanmar #ProgrammingTips #SoftwareEngineering #TechEducation #CodingMyanmar
11
🚀 Java လား၊ Python လား? ဘာပဲသင်သင် Programming တိုင်းမှာ ဒီ (၅) ချက်က အမြဲတမ်း ရှိနေတာပါပဲ!

Programming Language တွေ အများကြီးရှိပေမဲ့ သူတို့အားလုံးရဲ့ အခြေခံအုတ်မြစ်တွေကတော့ တူညီနေတတ်ပါတယ်။ ဒီနေ့တော့ ဘယ် Programming Language မှာမဆို မပါမဖြစ် ပါဝင်နေတဲ့ အခြေခံ အချက် (၅) ချက်အကြောင်းကို အတိုချုပ်လေး ရေးပေးလိုက်ပါတယ်! 💡

ဒီအချက်လေးတွေကို သေချာမှတ်ထားဖို့ မမေ့နဲ့နော်! 👇
Variables
Data Types
Operators
Loops
Functions

📌 အပြည့်အစုံဖတ်ရန်
📌 PDF file နဲ့ဖတ်ရန်

#ProgrammingBasics #TechEducation #LearnToCode
10
ဒီသင်ခန်းစာမှာတော့ လက်တွေ့ Hospital Database ဥပမာလေးသုံးပြီး Data တွေကို စိတ်ကြိုက် Filterနည်းတွေကို အသေးစိတ် ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ 🏥💻

▶️ YouTube Video Link

ဒီသင်ခန်းစာမှာ -

👉 WHERE
👉 AND
👉 OR
👉 LIKE

စတဲ့ command လေးတွေကို သုံးပြီး ကိုယ်လိုချင်တဲ့ Data တွေကို လိုသလို ရှာဖွေ၊ စစ်ထုတ်ပြီး ထိန်းချုပ်ပုံတွေကို လက်တွေ့လေ့လာရမှာပါ။

JOIN က Data တွေကို ချိတ်ဆက်ပေးတာဆိုရင်၊ Filtering ကတော့ ကိုယ်ရှာချင်တဲ့ အချက်အလက်အတိအကျကို အချိန်တိုအတွင်း ရရှိဖို့အတွက် အဓိက အရေးပါပါတယ်။

📁 Source Code ကို Download ရယူရန် အောက်မှာ Telegram Channel ကို ပေးထားပါတယ် 👇

🔗 Source Code File ရယူရန်

SQL #MySQL #SQLTutorial #Database
7🥰1
🚀 AI တွေကို ပို "ဉာဏ်ရည်ထက်မြက်" သွားစေမယ့် လျှို့ဝှက်ချက် - Vector Database ဆိုတာ ဘာလဲ?
ChatGPT လို AI တွေက ကိုယ်ပိုင် Data တွေကို ဘယ်လို နားလည်အောင် လုပ်ပေးလဲ သိချင်ဖူးလား? အဖြေကတော့ Vector Database ပါပဲ! 🧠

ရိုးရိုး Database တွေနဲ့ မတူတဲ့ သူ့ရဲ့ ထူးခြားချက်တွေနဲ့ ဘာကြောင့် AI ခေတ်မှာ မပါမဖြစ် ဖြစ်နေလဲဆိုတာကို ဒီ Post မှာ လေ့လာကြည့်လိုက်ရအောင်။ 📖

📌 အပြည့်အစုံဖတ်ရန်
📌 PDF file နဲ့ဖတ်ရန်

#VectorDatabase #AI #MachineLearning #LLM #RAG #TechEducation
7😍1
Developer တိုင်း သိထားသင့်တဲ့ NPM အကြောင်း🔥

Web Development ကို လေ့လာတဲ့အခါ Library တွေ၊ Tool တွေကို တစ်ခုချင်းစီ လိုက်ရှာပြီး ဒေါင်းနေရတာ အချိန်ကုန်သလို စိတ်ပျက်စရာလည်း ကောင်းပါတယ်... 😫

ဒီပြဿနာကို NPM (Node Package Manager) က ဘယ်လို အစွမ်းထက်ဆုံး ဖြေရှင်းပေးလိုက်သလဲ?

ဒီနေ့မှာတော့ Developer တစ်ယောက် သိထားသင့်တဲ့ NPM ရဲ့ အလုပ်လုပ်ပုံ Flow တစ်ခုလုံးကို နားလည်လွယ်ဆုံး ပုံစံနဲ့ စုစည်းဖော်ပြပေးလိုက်ပါတယ်။

📌 အပြည့်အစုံဖတ်ရန်
📌 PDF file နဲ့ဖတ်ရန်

#Tech4UMyanmar #NPM #WebDevelopment #NodeJS #Programming #JavaScript
4
ကဲ.... NPM အကြောင်းသိပြီးပြီဆိုရင်တော့ မေးခွန်းလေး ဖြေပေးခဲ့ပါအုံးနော်...........😍
4
အပေါ်က ပုံထဲက အဖြေမှန်ကတော့......
Anonymous Quiz
18%
A
18%
B
45%
C
19%
D
6
Media is too big
VIEW IN TELEGRAM
JavaScript လေ့လာနေသူတွေအတွက် Tools (၄) မျိုး

Coding ရေးတဲ့အခါ အချိန်ကုန်သက်သာစေဖို့နဲ့ Professional တစ်ယောက်လို သေသပ်တဲ့ Code တွေ ထွက်လာဖို့ဆို ဒီ Tool တွေကို သုံးကြည့်ပါဗျ။ 💻🚀

#Tech4U #JavaScript #JS #CodingTools #WebDevelopment
13🔥2
🚀 ဘယ် Programming Language ကို အရင်စလေ့လာရမလဲ?

Programming လောကထဲကို ခြေလှမ်းစတင်တော့မယ့်သူတွေအတွက် Web, Software နဲ့ AI ဆိုပြီး လမ်းကြောင်းအလိုက် လိုအပ်တဲ့ Languages တွေကို ခွဲခြားပြပေးထားပါတယ်ဗျ။

အရေးကြီးဆုံးက အကုန်လုံးကို လိုက်သင်နေဖို့ မဟုတ်ဘဲ လမ်းကြောင်းတစ်ခုကို သေချာရွေးပြီး Project တွေ လက်တွေ့လုပ်ကြည့်ဖို့ပါပဲ။

📌 အပြည့်အစုံဖတ်ရန်
📌 PDF file နဲ့ဖတ်ရန်

#Programming #WebDevelopment #SoftwareDevelopment #Tech4UMyanmar #CareerGrowth
5🔥1
Please open Telegram to view this post
VIEW IN TELEGRAM
9👍1
Programming Basic Course (အခြေခံသမားများအတွက်)

Programming ကို အခြေခံ ခိုင်မာချင်သူများအတွက်... 🧱

Programming ဆိုတာ Syntax တွေ ကျက်နေရုံနဲ့ မရပါဘူး။ အဓိက Logic စဉ်းစားပုံ (Logical Thinking) စနစ်တကျ ရှိဖို့က ပိုအရေးကြီးပါတယ်။

Tech4U ရဲ့ Programming Basic Course မှာတော့:

Logic စဉ်းစားပုံကို အခြေခံကစပြီး လေ့ကျင့်ပေးမယ်။
Reading, Concept Video နဲ့ လက်တွေ့ Demo တွေနဲ့ စနစ်တကျ သင်ပေးမှာပါ။
OOP သဘောတရားတွေအထိ ပါဝင်လို့ နောက်ပိုင်း Advanced Course တွေတက်ရင် အရမ်းသိသာသွားပါလိမ့်မယ်။

💡 "Programming အခြေခံကို ကျောက်စာတိုင်လို ခိုင်မာသွားစေရမယ်" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးထားတဲ့ သင်တန်းဖြစ်လို့ အခုပဲ စတင်လိုက်ပါ။

📩 အသေးစိတ်စုံစမ်းရန်: http://t.me/tech4UMM?direct
3
Python Intensive Course (Project အခြေပြု လေ့လာချင်သူများအတွက်)

Python ကို သိရုံတင်မဟုတ်ဘဲ တကယ့် Project တွေမှာ ယုံကြည်မှုရှိရှိ အသုံးချနိုင်ဖို့... 🐍💻

"Python အခြေခံတွေတော့ သိပြီ၊ ဒါပေမဲ့ Project တစ်ခုခုဆို ဘယ်ကစရမှန်း မသိတော့ဘူး" ဆိုတဲ့ ပြဿနာကို ဒီသင်တန်းက ဖြေရှင်းပေးမှာပါ။

ဒီသင်တန်းမှာ Theory ထက် လက်တွေ့ Project (၅) ခုကို ဦးစားပေး သင်ကြားမှာဖြစ်ပါတယ်:
🔹 Budget Tracker (CSV File Handling)
🔹 Interactive Quiz Game
🔹 To-Do Manager (Data Persistence)
🔹 Weather Analyzer (API & Data)
🔹 Contact Book Manager

ဒီ Project တွေကို ကိုယ်တိုင် Flowchart ဆွဲ၊ ကိုယ်တိုင် Logic စဉ်းစားပြီး ရေးတတ်အောင် လေ့ကျင့်ပေးမှာဖြစ်လို့ Python Concept တွေကို လက်တွေ့နယ်ပယ်မှာ ယုံကြည်မှုရှိရှိ အသုံးချနိုင်စေရမယ်လို့ အာမခံပါတယ်။

🔥 Project-based လေ့လာမှုကသာ သင့်ကို Professional တစ်ယောက်ဖြစ်အောင် လုပ်ဆောင်ပေးနိုင်မှာပါ။

📩 အသေးစိတ်စုံစမ်းရန်: http://t.me/tech4UMM?direct
5
Python Decorators Short Course (Python Basic ပြီးထားသူများအတွက်)

သင့်ရဲ့ Python Code တွေကို Professional တစ်ယောက်လို Clean ဖြစ်ပြီး သေသပ်သွားအောင်...

Developer တစ်ယောက်ရဲ့ အရည်အချင်းဟာ Code တွေ ဘယ်လောက် Clean ဖြစ်သလဲဆိုတာပေါ်မှာ အများကြီး မူတည်ပါတယ်။ Python Decorators ဆိုတာ အဆင့်မြင့် Developer တိုင်း သိထားရမယ့် Concept တစ်ခုပါ။

ဒီ Short Course မှာ:
First-class functions တွေကနေစပြီး Decorators ရဲ့ အလုပ်လုပ်ပုံကို အသေးစိတ် သင်ပေးမယ်။
*args, kwargs တွေနဲ့ Decorators တွေကို စနစ်တကျ ပေါင်းစပ်တတ်စေရမယ်။
Real-world မှာ သုံးတဲ့ Flask Framework တွေအထိ ပါဝင်ပါတယ်။

အပျော်တမ်း ရေးတတ်တဲ့ အဆင့်ကနေ Professional Developer တစ်ဦးလို Code တွေ သေသပ်သွားဖို့ ဒီသင်တန်းကို တက်ရောက်သင့်ပါတယ်။ 🚀

📩 အသေးစိတ်စုံစမ်းရန်: http://t.me/tech4UMM?direct
4
ဒီသင်ခန်းစာမှာတော့ လက်တွေ့ Hospital Database ဥပမာလေးသုံးပြီး Data တွေကို ဘယ်လို Sorting လုပ်ရမလဲဆိုတာကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။ 🏥💻

▶️ YouTube Video Link

ဒီသင်ခန်းစာမှာ -

👉 ORDER BY
👉 ASC & DESC
👉 Sorting patients by age
👉 Showing latest appointments first
👉 ORDER BY with JOIN queries

စတဲ့ command လေးတွေကို သုံးပြီး ကိုယ်လိုချင်တဲ့ Data တွေကို အစဉ်လိုက် စနစ်တကျ Sorting စီစဥ်ပုံကို လက်တွေ့လေ့လာရမှာပါ။


📁 Source Code နဲ့ Notes တွေကို Download ရယူရန် အောက်မှာ Telegram Channel ကို ပေးထားပါတယ် 👇

🔗 Source Code File ရယူရန်

#SQL #MySQL #Database #Programming #SQLTutorial #HospitalDatabase #ComputerScience
7🥰2
📌 Developer တစ်ယောက်ရဲ့ အကောင်းဆုံး သူငယ်ချင်း "IDE" များအကြောင်း

Code စရေးတော့မယ်ဆိုရင် ဘာ Tool ကို သုံးရမလဲဆိုတာ ဝေခွဲမရဖြစ်နေပြီလား? VS Code က ပိုကောင်းသလား? IntelliJ က ပိုလန်းသလား?

ဒီနေ့မှာတော့ IDE နဲ့ Text Editor တွေရဲ့ ကွာခြားချက်၊ ကိုယ်သွားမယ့် လမ်းကြောင်းပေါ်မူတည်ပြီး ဘာကိုရွေးသင့်လဲဆိုတာနဲ့ Productivity တက်စေမယ့် Tips တွေကိုပါ စုစည်းပေးထားပါတယ်။

💡 Highlight:

🔹Language အလိုက် အကောင်းဆုံး IDE များ
🔹PC Specs အကြံပြုချက်
🔹မရှိမဖြစ် Shortcuts များ

📚 PDF file ရယူရန် 👉 https://t.me/tech4uresources/713

#IDE #VSCode #IntelliJ #PyCharm #ProgrammingTools #Tech4UMyanmar #CodingTips #DevelopersLife #ProgrammingMyanmar #WebDev #SoftwareDev
3