𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿
5.59K subscribers
650 photos
40 videos
11 files
370 links
Programming • Networking • Database • Cybersecurity 🛡️

New tutorials and updates posted daily!

✅ Click to learn more.

https://youtube.com/@tech4u-mm?si=ZK9X8GQ0nn7sG2oZ
Download Telegram
🚀Python ကို ဘာလို့ နယ်ပယ်စုံမှာ သုံးကြတာလဲ?

Python ဆိုတာ ရိုးရှင်းရုံတင်မကဘဲ သူ့မှာရှိတဲ့ အားကောင်းတဲ့ Libraries တွေကြောင့် ကမ္ဘာ့နံပါတ် (၁) ဖြစ်လာတာပါ။ သင်က ဘယ် Tech Field ကိုပဲသွားသွား Python က အသင့်ရှိနေမှာပါ။

ဒီနေ့မှာတော့ Python ကို သုံးပြီး ဘယ်လိုနယ်ပယ်တွေမှာ ဘာတွေလုပ်လို့ရမလဲဆိုတာ လေ့လာကြည့်ရအောင်။

၁။ Machine Learning🤖

Data တွေနဲ့ ကစားချင်သူတွေ၊ AI တည်ဆောက်ချင်သူတွေအတွက် မရှိမဖြစ် Libraries တွေပါ။
🔹Numpy, Pandas: Data တွေကို စနစ်တကျ ကိုင်တွယ်ဖို့
🔹Tensorflow, Keras, PyTorch: Deep Learning နဲ့ Neural Networks တွေအတွက်
🔹Scikit-Learn: ပုံမှန် ML Algorithm တွေအတွက်
🔹Matplotlib, Seaborn: Data တွေကို Graph နဲ့ ပုံဖော်ဖို့

၂။ Web Development 🌐

Backend ပိုင်းကို Python နဲ့ မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်ပါတယ်။
🔹Django: အကြီးစား Website တွေအတွက် Feature အပြည့်အစုံပါတဲ့ Framework
🔹Flask, Bottle: lightweight ဖြစ်ပြီ ရိုးရှင်းတဲ့ Web Apps လေးတွေအတွက်
🔹Dash: Data Dashboard တွေ ပြုလုပ်ဖို့

၃။ Automation Testing (စက်ရုပ်ဖြင့် စမ်းသပ်ခြင်း)🧪

Software တစ်ခုကို လူကိုယ်တိုင် စစ်စရာမလိုဘဲ အလိုအလျောက် စစ်ဆေးဖို့ သုံးပါတယ်။
🔹PyTest, PyUnit: Code တွေ မှန်မမှန် စစ်ဆေးဖို့
🔹Robot, Splinter: Browser တွေနဲ့ Automation လုပ်ဆောင်ဖို့

၄။ Web Scraping (အချက်အလက် စုဆောင်းခြင်း) 🕸

Website တွေပေါ်က Data တွေကို အလိုအလျောက် ဆွဲထုတ်ဖို့ သုံးပါတယ်။
🔹Beautiful Soup, Requests: Website contents တွေကို အလွယ်တကူ ဆွဲယူဖို့
🔹Scrapy, Selenium: အကြီးစား Web Scraping project တွေအတွက်

၅။ Game & Image Processing 🎮📸

🔹Game Dev: PyGame, PyOpenGL တို့နဲ့ ဂိမ်းတည်ဆောက်နိုင်ပါတယ်
🔹Image Processing: OpenCV, Scikit-Image တို့နဲ့ ပုံတွေကို တည်းဖြတ်ခြင်း၊ မျက်နှာမှတ်မိခြင်း (Face Recognition) စတာတွေ လုပ်ဆောင်နိုင်ပါတယ်

နိဂုံးချုပ်ရရင်...
Python ဟာ အိမ်သုံးဓားလိုပဲ နယ်ပယ်စုံမှာ အသုံးတည့်ပါတယ်။

#tech@tech4UMM
#python
#library
❤7🥰1
Media is too big
VIEW IN TELEGRAM
Programming လေ့လာချင်သူတွေအတွက် ကျွန်တော့်တို့ရဲ့ YouTube Channelမှာ ရှိတဲ့ အခမဲ့ သင်ခန်းစာ Playlist တွေကို စုစည်းပြပေးလိုက်ပါတယ်ဗျ။

ကိုယ့်အတွက် လိုအပ်မယ့် Skill တွေကို အခုပဲ ရှာပြီး လေ့လာကြည့်လိုက်ပါ 💻🔥

#Tech4UMyanmar #ProgrammingMyanmar #FreeLearning #CodingRoadmap
❤8🥰4
🖱 Neodrag: Framework အစုံမှာ သုံးလို့ရတဲ့ Drag-and-Drop Library အသစ်!

Frontend Developer တွေအတွက် Project တိုင်းမှာ Framework မတူပေမဲ့ Drag-and-drop feature ထည့်ချင်ရင် Library တစ်ခုတည်းနဲ့ အကုန်ဖြေရှင်းလို့ရမယ့် Neodrag အကြောင်း ဖြစ်ပါတယ်ဗျ။

💡 ဘာတွေ ထူးခြားလဲ?

🔹Multi-Framework: React, Svelte, Vue, SolidJS နဲ့ Vanilla JS အထိ အကုန်လုံးမှာ Support လုပ်ပါတယ်။
🔹Ultra Lightweight: Bundle size က 3.46KB ပဲရှိလို့ Website ကို လေးမသွားစေပါဘူး။
🔹Consistent Logic: Framework တွေသာ ကွဲသွားမယ်၊ အလုပ်လုပ်ပုံ (Core logic) က အတူတူပဲမို့ သင်ယူရတာ လွယ်ကူပါတယ်။
🔹Developer Friendly: TypeScript support အပြည့်ပါတယ်၊ SSR (Server-Side Rendering) နဲ့လည်း အဆင်ပြေပြေ အလုပ်လုပ်ပါတယ်။

Framework တစ်ခုချင်းစီအတွက် Library အသစ်တွေ လိုက်ရှာစရာမလိုတော့ဘဲ ဒီတစ်ခုတည်းနဲ့တင် အလုပ်ပြီးသွားမှာပါဗျာ။

အသေးစိတ်ကို ဒီမှာ လေ့လာနိုင်ပါတယ်-
🔗 https://api.daily.dev/r/ub4hasyqC

#Tech4u #Neodrag #JavaScript #FrontendDev #WebDevelopment #ReactJS #VueJS #Svelte #OpenSource #MyanmarDevs
❤1🥰1
🚀 Layout ဆွဲရတာ ခေါင်းမစားချင်တော့ဘူးလား? CSS Flexbox ရဲ့ လျှို့ဝှက်ချက် (၅) ခုကို လေ့လာလိုက်ရအောင်ဗျာ!" 🎨💻

Web Design ဆွဲတဲ့အခါ element တွေကို ကိုယ်ဖြစ်ချင်တဲ့နေရာမှာ အတိအကျရှိနေဖို့ဆိုတာ Flexbox မပါဘဲ မဖြစ်နိုင်ပါဘူး။ ဒီနေ့မှာတော့ Flexbox ရဲ့ အသုံးအများဆုံး Property တွေကို ပုံလေးတွေနဲ့ တကွ ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ 👇

၁။ Flex Direction — ပစ္စည်းတွေကို ဘယ်ဘက်ကို စီမလဲ?

🔹Row: ပစ္စည်းတွေကို ဘယ်ကနေ ညာသို့ အတန်းလိုက်စီပေးပါတယ်။ (Default)
🔹Column: အပေါ်ကနေ အောက်ကို ဒေါင်လိုက်စီပေးပါတယ်။
🔹Reverse: Row သို့မဟုတ် Column ကို အစီအစဉ် ပြောင်းပြန်လှန်ပစ်လိုက်တာပါ။

၂။ Justify Content — အလျားလိုက် (Main Axis) ဘယ်လို နေရာချမလဲ?

🔹Center: ပစ္စည်းအားလုံးကို အလယ်မှာ စုပေးပါတယ်။
🔹Space-between: ဘေးနှစ်ဖက်မှာ ကပ်ထားပြီး ကြားထဲမှာ နေရာလွတ် အညီအမျှ ချပေးပါတယ်။
🔹Space-evenly: ပစ္စည်းတွေရဲ့ ဘေးပတ်ပတ်လည်မှာ နေရာလွတ်တွေကို အညီအမျှ ခွဲဝေပေးပါတယ်။

၃။ Align Items — ဒေါင်လိုက် (Cross Axis) ဘယ်လို နေရာချမလဲ?

🔹Center: ဒေါင်လိုက် အနေအထားအရ အလယ်မှာ တည့်တည့်ထားပေးပါတယ်။
🔹Stretch: Container ရဲ့ အမြင့်အတိုင်း ပစ္စည်းတွေကို ဆွဲဆန့်ပေးလိုက်တာပါ။
🔹Baseline: စာသားတွေရဲ့ အောက်ခြေမျဉ်း (Baseline) ကို မူတည်ပြီး ချိန်ညှိပေးပါတယ်။

၄။ Flex Wrap — နေရာမဆန့်ရင် အောက်ဆင်းမလား?

🔹No-wrap: နေရာမဆန့်လည်း တစ်တန်းတည်းမှာပဲ အတင်းညှပ်ထည့်ထားပါတယ်။
🔹Wrap: နေရာမဆန့်တော့ရင် အလိုအလျောက် နောက်တစ်ကြောင်းကို ဆင်းသွားပေးပါတယ်။

၅။ Flex Grow & Shrink — နေရာလွတ်ကို ဘယ်သူက ပိုယူမလဲ?

🔹Flex Grow: ပိုနေတဲ့ နေရာလွတ်တွေကို ဘယ် Item က ပိုပြီး ကြီးထွားယူမလဲဆိုတာ သတ်မှတ်ပေးပါတယ်။ (ဥပမာ- flex-grow: 2 က တခြားဟာတွေထက် ၂ ဆ ပိုကြီးလာမှာပါ)

🔹Flex Shrink: နေရာကျဉ်းသွားတဲ့အခါ ဘယ်သူက အရင်ဆုံး ကျုံ့သွားမလဲဆိုတာကို ထိန်းချုပ်ပေးပါတယ်။

နိဂုံးချုပ်ရရင်...
Flexbox ကို ကျွမ်းကျင်သွားရင် Responsive Design တွေ ဆွဲရတာ အရမ်းကို လွယ်ကူမြန်ဆန်သွားမှာပါ။ 💡

🔗 ဒီမှာအသေးစိတ်ဖတ်ပါဗျ
🔗 PDF file ရယူရန်

#Tech4UMyanmar #CSSFlexbox #WebDesign #FrontendDev
❤7🥰2
Media is too big
VIEW IN TELEGRAM
Programming ကို လက်လျှော့ချင်နေပြီလား? Python နဲ့ အစကနေ ပြန်စကြည့်ရအောင်! 🚀🐍

Programming ကို စလေ့လာတိုင်း ဘာလို့ လမ်းပျောက်နေရတာလဲ? 🧐
ဒါဟာ သင့်ကြောင့်မဟုတ်ဘဲ မှန်ကန်တဲ့ Roadmap မရှိလို့ပါ။ ဒီဗီဒီယိုမှာ Beginner တိုင်းအတွက် အလွယ်ကူဆုံးဖြစ်တဲ့ Python ကနေတစ်ဆင့် Programming Logic တွေကို အခြေခံကနေ OOP အထိ စနစ်တကျ ဘယ်လိုသွားမလဲဆိုတာ ပြောပြပေးထားပါတယ်။

အသေးစိတ်ကို Message ပို့ပြီးအခုပဲ စုံစမ်းလိုက်ပါဗျ! 📩

#Tech4UMyanmar
🍓8❤6
🎗Python Quiz ရဲ့ အဖြေမှန်ကို ရွေးပေးကြပါအုံးဗျ။ ✨
❤5
The Correct Answer for above Python Quiz is :
Anonymous Quiz
26%
A
22%
B
25%
C
26%
D
🍓4
Developer တိုင်း သိထားသင့်တဲ့ Database (၆) မျိုး! 🚀

သင်က Backend သမားလား? ဒါမှမဟုတ် Full-stack ကို လေ့လာနေတာလား? ဒါဆိုရင်တော့ ဒီ Database (၆) မျိုးအကြောင်းကို မသိလို့ မဖြစ်ဘူးနော်။ 💡

Project တစ်ခုရဲ့ Performance ကောင်းဖို့ဆိုတာ မှန်ကန်တဲ့ Database ရွေးချယ်မှုအပေါ်မှာ အများကြီး မူတည်နေပါတယ်။ SQL ကနေ NoSQL အထိ၊ Cloud ကနေ Graph Database အထိ ဘာတွေကွာခြားလဲဆိုတာကို ပုံလေးတွေထဲမှာ လေ့လာကြည့်လိုက်ပါဗျ။

📂 PDF file ဖြင့် အပြည့်အစုံဖတ်ရန်

#Database #SoftwareEngineering #CodingLife
❤5👍1🍓1
SQL လား? MongoDB လား? ဘယ်သူတွေ ဘာသုံးကြလဲ? 🤔🔥

Developer တိုင်း သိထားသင့်တဲ့ SQL နဲ့ NoSQL (MongoDB) ရဲ့ အဓိကကွာခြားချက် ၆ ချက်ကို တစ်ပုံချင်းစီမှာ အသေးစိတ် ရှင်းပြပေးထားပါတယ်ဗျ။

ကိုယ့်ရဲ့ Project က ဘယ်လိုမျိုးလဲ? ဒေတာတွေကို ပုံသေသတ်မှတ်ထားချင်တာလား ဒါမှမဟုတ် Flexible ဖြစ်ဖြစ် သိမ်းချင်တာလား? ACID လား BASE လား? ဒီ Post လေးကို အဆုံးထိဖတ်ကြည့်ပြီး ကိုယ့်အတွက် ဘယ်ဟာက ပိုသင့်တော်မလဲဆိုတာ ရွေးချယ်ကြည့်လိုက်ရအောင်။ 🚀

📂 PDF file ရယူရန်

#SQL #MongoDB #Database
❤6
Media is too big
VIEW IN TELEGRAM
Python မှာ ဒီ @ လေးတွေကို တွေ့ရင် ဘာမှန်းမသိလို့ ကျော်သွားနေတုန်းပဲလား? ဒါကို Decorator လို့ ခေါ်ပါတယ်။ ဒါကို သိရင် သင့် Code တွေက Professional Architect တစ်ယောက်လို ဖြစ်သွားမှာပါ။

Python Level တက်ချင်သူတွေအတွက် မသိမဖြစ် Decorator Masterclass! 🐍✨

⚠️ Level: Intermediate (Python Basic သိထားရပါမယ်)

🚀 Python Decorator သင်တန်းအသေးစိတ်ကို စုံစမ်းချင်တယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ Telegram၊ TikTok Chat Box နဲ့ Facebook Page Messenger တွေကနေ အခုပဲ DM ပေးပို့ပြီး မေးမြန်းနိုင်ပါတယ်ဗျ။

#PythonMyanmar #Tech4U #CodingTips #PythonDecorators #DeveloperLife #MyanmarDev
❤7🥰1
SQL JOIN ကို Real Hospital Database Example နဲ့ အတူတူ စနစ်တကျ လေ့လာကြမယ် 🏥💻

▶️ YouTube Video Link

ဒီသင်ခန်းစာမှာတော့ SQL ရဲ့ အရေးကြီးဆုံး Concept တစ်ခုဖြစ်တဲ့ JOIN ကို အသုံးပြုပြီး Patients, Doctors နဲ့ Appointments စတဲ့ Table အများကြီးကို ဘယ်လို ချိတ်ဆက်ရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိရှိသွားမှာ ဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ -

🔹JOIN ဆိုတာ ဘာလဲ?
🔹ON keyword က ဘယ်လို အလုပ်လုပ်တာလဲ?
🔹Table တွေကို တစ်ခုနဲ့တစ်ခု ဘယ်လို ချိတ်ဆက်ကြတာလဲ?

ဆိုတာတွေနဲ့ ပတ်သက်ပြီး ဝေခွဲမရ ဖြစ်နေတယ်ဆိုရင် ဒီ Video က သင့်အတွက် အားလုံးကို အရိုးရှင်းဆုံးနဲ့ လက်တွေ့အကျဆုံး ဖြစ်အောင် ရှင်းပြပေးသွားမှာပါ။

📁 Source Code + Query text ကို Download ရယူရန် အောက်မှာ Telegram Channel ကို ပေးထားပါတယ် 👇

🔗 Source Code File ရယူရန်

#SQL #MySQL
❤4
🐍 Python Decorators Masterclass (Python Learning Series #1)

Python ရဲ့ အစွမ်းထက်ဆုံး Feature တစ်ခုဖြစ်တဲ့ Decorators အကြောင်းကို အခြေခံကနေ လက်တွေ့အသုံးချနိုင်တဲ့အထိ စနစ်တကျ သင်ကြားပေးသွားမယ့် သင်တန်းဖြစ်ပါတယ်။

🎯 ဘာတွေသင်ကြားရမှာလဲ?

✅ Decorators in the Real World: Flask ကဲ့သို့ Web Framework များတွင် အသုံးပြုပုံ။
✅ Core Concepts: Function တွေကို Wrap လုပ်ပြီး Feature အသစ်များ ထပ်ပေါင်းထည့်နည်း။
✅ Project Based: လက်တွေ့အသုံးချ Code နမူနာများနှင့် လေ့ကျင့်ခန်းများ။

✨ ဘာကြောင့် ဒီ Class ကို တက်ရောက်သင့်တာလဲ?

အခြေခံ (Basic) ကနေ Intermediate အဆင့်ကို ကူးပြောင်းမည့်သူများအတွက် သီးသန့်ရည်ရွယ်ထားပြီး ရိုးရိုး function ရေးရုံတင်မဟုတ်ဘဲ Code တွေကို ပိုပြီး Flexible ဖြစ်အောင် Decorators နဲ့ ဘယ်လို Upgrade လုပ်မလဲဆိုတာ သင်ကြားရမှာပါ။

🎓 သင်တန်းအသေးစိတ်

🔹 Level: Intermediate (Python Basic သိထားရပါမည်)
🔹 Learning Mode: Online Private Group (Video Lessons + Code Files)
🔹 Course Fee: 15,000 Kyats Only 💰

🔥 အခုပဲ Join လိုက်ပါဗျ!

သင့်ရဲ့ Python Skill ကို နောက်တစ်ဆင့်မြှင့်တင်ဖို့ အခွင့်အရေးကို လက်လွတ်မခံပါနဲ့။

📥 စုံစမ်းမေးမြန်းရန်:

📱Telegram DM | Messenger | TikTok DM: (Message Box မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်)

#PythonMyanmar #Tech4U #DecoratorsMasterclass #CodingCareer #MyanmarDevelopers #PythonProgramming
❤7
💡 Code ရေးရတာ ပိုမြန်ပြီး သပ်ရပ်သွားစေမယ့် Loops အကြောင်း သိပြီးပြီလား?

Programming လေ့လာခါစမှာ အလုပ်တစ်ခုကို ထပ်ခါတလဲလဲ ကိုယ်တိုင်ရေးနေရလို့ စိတ်ညစ်နေပြီလား? 😫 အဲ့ဒီပြဿနာကို ဖြေရှင်းပေးမှာကတော့ Loops တွေပဲဖြစ်ပါတယ်။

ဒီနေ့ Post မှာတော့ Python ရဲ့ Loop အမျိုးအစားတွေဖြစ်တဲ့ for loop နဲ့ while loop အကြောင်း၊ ပြီးတော့ Loop တွေကို ဘယ်လိုထိန်းချုပ်မလဲဆိုတာကို ပုံလေးတွေနဲ့ အလွယ်ကူဆုံး ရှင်းပြပေးထားပါတယ်။ Programming logic ကို ပိုင်ပိုင်နိုင်နိုင်သိချင်သူတွေအတွက် မရှိမဖြစ် သိထားရမယ့် အခြေခံသဘောတရားတွေမို့ Save ထားဖို့ မမေ့နဲ့ဦးနော်!

📌 အပြည့်အစုံဖတ်ရန်
📌 PDF file နဲ့ဖတ်ရန်

#Tech4U #PythonProgramming #LearnToCode #PythonLoops
❤7🥰1
Media is too big
VIEW IN TELEGRAM
🚀 VS Code မှာ Code ရိုက်တိုင်း Auto Save ဖြစ်အောင် လုပ်နည်း

Developer တိုင်း သိထားသင့်တဲ့ VS Code Trick လေးတစ်ခုပါ။ Code ရိုက်ပြီးတိုင်း Manual Save နေရတာ အချိန်ကုန်သလို၊ မေ့သွားရင်လည်း အလုပ်ရှုပ်ပါတယ်။ ဒီ Video ထဲမှာ VS Code ရဲ့ Auto Save feature ကို အဆင့်ဆင့် ဘယ်လိုဖွင့်ရမလဲဆိုတာ ရှင်းပြပေးထားပါတယ်။

#VSCode #CodingTips #AutoSave #Programming #WebDevelopment #Tech4U
❤10
This media is not supported in your browser
VIEW IN TELEGRAM
မင်္ဂလာရှိသော မြန်မာ့ရိုးရာ အတာသင်္ကြန် အခါသမယမှာ... 💦

ကျွန်တော်တို့ Tech4U Myanmar မှ ချစ်ခင်ရပါသော Tech ချစ်သူများ အားလုံးကို အတာရေနဲ့အတူ အေးမြပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ✨

သင်္ကြန်ပိတ်ရက်မှာ Coding တွေ၊ Screen တွေ ခဏနားပြီး မိသားစုနဲ့အတူ ပျော်ရွှင်စရာအချိန်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ..............။ 🌿

#Tech4UMyanmar #HappyThingyan #MyanmarNewYear #CodingCommunity #Thingyan2026
❤20🥰3🍓1
💡 IT သမားတိုင်း သိထားသင့်တဲ့ PING ရဲ့ အလုပ်လုပ်ပုံ

💦 နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီ နည်းပညာတိုးတက်မှုသစ်တွေနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း Tech4U မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ဗျ။ 💦


Network ချိတ်ဆက်မှုပြဿနာ (Connectivity issues) တစ်ခုခုဖြစ်လာရင် ကျွန်တော်တို့ အရင်ဆုံးလုပ်လေ့ရှိတာက Ping ကြည့်တာပါပဲ။ ဒါပေမဲ့ ဒီ Signal လေးတွေက သင့်ကွန်ပျူတာ (Source) ကနေ Destination ဆီရောက်ဖို့ ဘယ်လိုတွေ ဖြတ်သန်းသွားရသလဲဆိုတာ စဉ်းစားဖူးပါသလား? 🤔

ဒီနေ့ Post မှာတော့ ICMP Protocol ကနေစလို့ ARP Resolution, Routing Decision နဲ့ TTL တန်ဖိုးတွေအထိ Ping တစ်ခုရဲ့ ခရီးစဉ် (Journey) ကို ပုံလေးတွေနဲ့တကွ မြန်မာလို အသေးစိတ် ရှင်းပြပေးထားပါတယ်။

📌 အပြည့်အစုံဖတ်ရန်
📌 PDF file နဲ့ဖတ်ရန်

#Tech4U #Networking #Ping #ICMP
❤7🍓1
ကဲ... အဖြေမှန်လေးကို အောက်မှာရွေးပေးခဲ့ကြပါအုံးဗျ။😁
🍓3
အပေါ်က ပုံထဲက အဖြေမှန်ကတော့......
Anonymous Quiz
14%
A
14%
B
68%
C
4%
D
🍓3❤2
🚀 မဖြစ်မနေသိထားသင့်တဲ့ Cloud Computing ရဲ့ အခြေခံအချက်များ 💡

ဒီနေ့တော့ IT နယ်ပယ်မှာ မသိမဖြစ် သိထားသင့်တဲ့ Cloud Computing အကြောင်းကို အခြေခံကနေ စပြီး မျှဝေပေးလိုက်ပါတယ်။

Cloud Computing ဆိုတာ ရိုးရိုးရှင်းရှင်း ပြောရရင် IT resources တွေကို ဝယ်ယူရမယ့်အစား ငှားရမ်းအသုံးပြုတဲ့ စနစ်တစ်ခုပါ။ ဘာကြောင့် အရေးပါသလဲ၊ ဘာတွေက Feature တွေလဲဆိုတာကို ပုံလေးတွေမှာ အသေးစိတ် ကြည့်ရှုလေ့လာနိုင်ပါတယ်။

ဘာတွေပါဝင်လဲ?
✅ Cloud Computing ဆိုတာဘာလဲ။
✅ Cloud ရဲ့ အဓိက Feature များ။
✅ အသုံးပြုတဲ့ Cloud Service Models (IaaS, PaaS, SaaS)။
✅ ဘာကြောင့် လုပ်ငန်းတိုင်းအတွက် အရေးပါတာလဲ။

ဒီအကြောင်းအရာတွေကို သိထားခြင်းက Cloud နည်းပညာနယ်ပယ်မှာ စတင်လှမ်းပြင်ဖို့အတွက် အခြေခံကောင်းတစ်ခု ဖြစ်စေမှာပါ။

📌 အပြည့်အစုံဖတ်ရန်
📌 PDF file နဲ့ဖတ်ရန်

#Tech4UMyanmar #CloudComputing #ITEducation
❤6