𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿
5.59K subscribers
650 photos
40 videos
11 files
370 links
Programming • Networking • Database • Cybersecurity 🛡️

New tutorials and updates posted daily!

✅ Click to learn more.

https://youtube.com/@tech4u-mm?si=ZK9X8GQ0nn7sG2oZ
Download Telegram
Python Lesson - 22 | OOP သင်ခန်းစာ - အပိုင်း(၂)

▶️ YouTube Video Link

ဒီ OOP Lesson မှာတော့ Python OOP ရဲ့ အဆင့်မြင့်တဲ့ Concept တွေဖြစ်တဲ့ Encapsulation နဲ့ Inheritance အကြောင်းကို ဆက်လက်လေ့လာရမှာ ဖြစ်ပါတယ်။

Data တွေကို ပြင်ပကနေ တိုက်ရိုက် Access လုပ်လို့မရအောင် Private Variable (__variable) တွေနဲ့ ဘယ်လိုကာကွယ်ရမလဲ (Encapsulation) ဆိုတာနဲ့၊ Parent Class ရဲ့ Functionality တွေကို Child Class ကနေ ဘယ်လိုဆက်ခံယူရမလဲ (Inheritance) ဆိုတာကို လက်တွေ့ နမူနာတွေနဲ့ ရှင်းပြပေးထားပါတယ်။

---
🚀 ဒီ သင်ခန်းစာကနေ ဘာတွေသိလာမလဲ?

* Encapsulation: မိမိရဲ့ Data တွေကို ပိုမိုလုံခြုံအောင် Private လုပ်နည်း
* Inheritance: Code တွေကို ထပ်ခါထပ်ခါ မရေးရအောင် အဆင့်ဆင့် ဆက်ခံအသုံးပြုနည်းများ။

#Python #PythonMyanmar #OOP
❤7
Git Lesson - 1 | Git Overview & Installation

▶️ YouTube Video Link

ဒီဗီဒီယိုမှာတော့ Git ဆိုတာဘာလဲနဲ့ Windows ပေါ်မှာ Git ကို အဆင့်ဆင့် မှန်ကန်စွာ ဘယ်လို Download လုပ်ပြီး Install လုပ်ရမလဲဆိုတာတွေကို လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။

ဒီ Tutorial ကို အခြေခံ လုံးဝမရှိသေးတဲ့ Beginners တွေအတွက် ရည်ရွယ်ပြီး ပြုလုပ်ထားတာဖြစ်လို ကြိုတင်လေ့လာထားတဲ့ အတွေ့အကြုံ (Prior experience) မရှိလည်း အဆင်ပြေပါတယ်ဗျ။

📂 Lecture Note ကို Download ရယူရန် အောက်မှာ telegram channel ကို ပေးထားပါတယ် 👇

🔗 Lecture Note
🔗 Git Foundation Concept
🔗 Git ကို download လုပ်လုပ်ရန် >> https://git-scm.com/

#Git #GitTutorial
❤9🥰1💯1🍓1
📚Rust in Action Systems programming concepts and Techniques

🔍"Rust in Action" စာအုပ်က Rust programming language ကို လက်တွေ့ project များနဲ့ သင်ကြားပေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။ Online resources များအပြင် Rust ကို စတင်လေ့လာပြီးသူများအတွက် "What's next?" ကနေစပြီးတော့ အသေးစိတ် ရှင်းပြပေးထားပါတယ်။

🎯 ဘယ်သူတွေဖတ်သင့်လဲ?
✔️ Rust ကို အခြေခံသိပြီး လက်တွေ့ project များလုပ်ချင်သူများ
✔️ Systems Programming ကိုစိတ်ဝင်စားသူများ
✔️ လက်တွေ့ဥပမာများနဲ့ သင်ယူလိုသူများ
✔️ Windows environment တွင် Rust သုံးလိုသူများ

📂 စာအုပ်ကို ရယူရန် 👉 https://t.me/tech4ubooks/36

💡📲 @tech4umm
❤8
Web Development ရဲ့ A–Z နည်းပညာအသုံးအနှုန်းများ

Web Development ကိုလေ့လာနေသူတွေ အတွက် အသုံး၀င်စေမယ့် usage များဖြစ်ပါတယ်။

ဒီမှာ ကြည့်ပါဗျ

💡📲 @tech4umm
❤6🥰1💯1
Python Lesson - 21 | OOP သင်ခန်းစာ - အပိုင်း(၃)

▶️ YouTube Video Link

ဒီ Lesson မှာတော့ Python OOP ရဲ့ နောက်ထပ် အရေးကြီးတဲ့ Concept နှစ်ခုဖြစ်တဲ့ Polymorphism နဲ့ Abstraction အကြောင်းကို အသေးစိတ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Parent Class မှာရှိပြီးသား Method ကို Child Class ကနေ မိမိစိတ်ကြိုက် ပြန်လည်ပြင်ဆင်ရေးသားတဲ့ Method Overriding အကြောင်းနဲ့၊ မဖြစ်မနေ ပါဝင်ရမယ့် အချက်အလက်တွေကို သတ်မှတ်ပေးထားတဲ့ Abstract Base Class (ABC) တွေရဲ့ အသုံးဝင်ပုံကို ရှင်းလင်းပြသပေးထားပါတယ်ဗျ။

---
📁 Source Code ကို Download ရယူရန် အောက်မှာ telegram channel ကို ပေးထားပါတယ် 👇
🔗 Lesson - 21 Source Code File
🔗 Lecture Note

#Python #PythonMyanmar #OOP
❤7🍓2❤‍🔥1
📚 Database System Note - အပိုင်း (၆)

ဒီတစ်ပိုင်းကတော့ Database တစ်ခုကို စနစ်တကျ တည်ဆောက်မယ့်သူတိုင်း မဖြစ်မနေ သိထားရမယ့် Schema, State နဲ့ Meta-data တို့ရဲ့ အခန်းကဏ္ဍအကြောင်းပဲ ဖြစ်ပါတယ်။

DBMS မှာ ဒီ Concepts တွေကို သိထားခြင်းက Database အတွက် ဘာကြောင့် အလွန်အရေးကြီးတာလဲ❓

🏗 Structural Clarity
🔐 Data Accuracy
🚀 System Flexibility
💾 Efficiency
💡 Error Prevention

ဒီအချက်တွေကို သေချာနားလည်မှသာ ခိုင်မာပြီး စွမ်းဆောင်ရည်မြင့်တဲ့ Database System တစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ✨

👉 Note အပြည့်အစုံ (PDF File) ကို ကျွန်တော်တို့ရဲ့ Telegram Channel မှာ အခမဲ့ ရယူပြီး သေချာလေ့လာနိုင်ပါတယ်!

📒 အကြောင်းအရာအပြည့်အစုံရယူရန်
📦 PDF file ရယူရန်

#DatabaseSystems #DBMS
❤4🥰1🍓1
🎓 Database Lesson - 5 | Building the Doctors Table

ဒီသင်ခန်းစာမှာတော့ ကျွန်ုပ်တို့ဟာ Hospital Database တစ်ခုအတွက် Doctors table ကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

▶️ YouTube Video Link

ဒါ့အပြင် လက်တွေ့အလုပ်ခွင်မှာ ကြုံတွေ့ရလေ့ရှိတဲ့ အမှားတစ်ခုဖြစ်တဲ့ — အချက်အလက် (Data) တွေ ဆုံးရှုံးမှုမရှိဘဲ နာမည်မှားပေးထားမိတဲ့ Table တစ်ခုကို နည်းလမ်းတကျ ဘယ်လိုပြန်ပြင်မလဲ ဆိုတာကိုပါ လေ့လာသွားရမှာဖြစ်ပါတယ်ဗျ။

📂 Source Code + Query text ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇

🔗 Source Code
🔗 Query Text File

#SQL #MySQL
❤4⚡1💯1🍓1
🚀 Use Python for Scripting

Automation လုပ်ငန်းတွေမှာ Shell scripts တွေထက် Python 3 ကို သုံးတာက Cross-platform compatibility အတွက် ပိုပြီး အားသာချက်ရှိပါတယ်။

🚀ဘာကြောင့် Python ကို သုံးသင့်သလဲ?

✔️Consistency: Bash scripts တွေဟာ Linux နဲ့ Mac ကြား (GNU vs BSD) ကွဲပြားမှုကြောင့် Error တက်နိုင်ပေမဲ့ Python ရဲ့ Standard library ကတော့ OS တိုင်းမှာ တသမတ်တည်း အလုပ်လုပ်ပါတယ်။

✔️Readability: Syntax ပိုရှင်းပြီး နားလည်ရလွယ်တဲ့ Method names တွေ ပါဝင်ပါတယ်။

✔️Rich Features: JSON, HTTP နဲ့ Data structures တွေအတွက် Library စုံလင်စွာ ပါဝင်သလို device အများစုမှာလည်း Pre-installed ပါဝင်ပြီးသားပါ။

💡Script တစ်ခုဟာ စာကြောင်း ၁၀-၂၀ ထက် ပိုရှည်လာရင် ဒါမှမဟုတ် Maintain လုပ်ရ ခက်ခဲလာရင် Bash ထက် Python ကို ပြောင်းသုံးဖို့ အကြံပြုထားပါတယ်။

🌐📲 @Tech4umm
❤4🥰1
ဒီမေးခွန်းရဲ့ အဖြေက ❓

✨ Python ရဲ့ while loop နဲ့ if-else condition တွေကို အသုံးပြုပြီး ကိန်းဂဏန်းတွေ ဘယ်လိုပြောင်းလဲသွားလဲဆိုတာကို အဓိကထားပြီး မေးထားတဲ့ မေးခွန်း ဖြစ်ပါတယ်ဗျ။ 🧠🔥💡


👉 ရှင်းလင်းချက်ကိုကြည့်ရန်။
❤4⚡2🍓1
Git Lesson – 2 | GitHub Account, PAT & First Commit

▶️ YouTube Video Link

ဒီသင်ခန်းစာမှာတော့ Git ကို install လုပ်ပြီးနောက်ပိုင်း ဆက်လက်လုပ်ဆောင်ရမယ့် အဆင့်တွေကို လေ့လာရမှာဖြစ်ပါတယ်။
GitHub Account တစ်ခု ဘယ်လိုဖွင့်ရမလဲ၊ Personal Access Token (PAT) ကို ဘယ်လို generate လုပ်ရမလဲဆိုတာနဲ့ သင့်ကွန်ပျူတာပေါ်က Git နဲ့ GitHub ကို အဆင့်ဆင့် ချိတ်ဆက်ပုံတွေကို ရှင်းပြပေးထားပါတယ်။

ဒါ့အပြင် ရိုးရှင်းတဲ့ Git commands တွေကို အသုံးပြုပြီး သင့်ရဲ့ ပထမဆုံး commit ပြုလုပ်ပုံနဲ့ ပရောဂျက်ကို GitHub ပေါ်ကို push လုပ်တင်နည်းတွေကိုလည်း လေ့လာနိုင်မှာပါ။

📂 Lecture Note ကို Download ရယူရန် အောက်မှာ telegram channel ကို ပေးထားပါတယ် 👇

🔗 Lecture Note

#Git #GitHub
❤8🥰2
TypeScript ရဲ့ ! (Exclamation Mark) ကို ဘာလို့ မသုံးသင့်တာလဲ? 🛑

! ကို သုံးတာဟာ Compiler ကို အတင်းအကျပ် "အမှားမစစ်နဲ့" လို့ ပြောလိုက်တာဖြစ်ပြီး၊ Runtime မှာ တန်ဖိုးက null ဖြစ်နေရင် App ကို Crash ဖြစ်စေပါတယ်။ ဒါကြောင့် ! အစား Optional Chaining (?.) နဲ့ Nullish Coalescing (??) လိုမျိုး နည်းလမ်းတွေကို သုံးပြီး Error ကင်းတဲ့ Code တွေကို ရေးသားသင့်ပါတယ်။ Type Safety ကို မဖျက်ဆီးဘဲ if စစ်တာ ဒါမှမဟုတ် Default Value သတ်မှတ်တာကသာ ပိုမိုခိုင်မာတဲ့ Program ကို ရရှိစေမှာဖြစ်ပါတယ်။

#TypeScript #CleanCode #ProgrammingTips
❤4🥰1
Website တစ်ခုမှာ Button လေးတွေက သာမန်ပဲလား? 🤔

Button တစ်ခုကို Modern ဖြစ်ပြီး Realistic ဖြစ်အောင် ဘယ်လိုဖန်တီးမလဲဆိုတာ ဒီနေ့မှာ ပြေပြပေးသွားမှာပဲဖြစ်ပါတယ်ဗျ။ HTML, CSS နဲ့ JavaScript ကို သုံးပြီး Premium ဆန်တဲ့ Glowy Glassmorphism Effect ကို အဆင့်ဆင့် လိုက်လုပ်ကြည့်လို့ရပါတယ်ဗျ။ ✨

Coding စလေ့လာနေတဲ့သူတွေအတွက်ရော၊ UI/UX ကို စိတ်ဝင်စားတဲ့သူတွေအတွက်ပါ အသုံးဝင်မယ့် Trick တွေ ပါဝင်လို့ အဆုံးထိ ကြည့်ဖို့ မမေ့ပါနဲ့ဗျ။ 🚀

Video ကြည့်ရန် 👉 https://youtu.be/gAwQpy-3tIs

Source Code ရယူရန် 👉 https://t.me/tech4uresources/536

#Tech4u
❤10🥰2⚡1💯1
DynaUI

DynaUI ဆိုတာ Tailwind CSS နှင့် Framer Motion တို့ကို အသုံးပြု၍ တည်ဆောက်ထားတဲ့ Animated Components (လှုပ်ရှားမှုပါဝင်သည့် အစိတ်အပိုင်း) ၃၀ ကျော် ပါဝင်တဲ့ React Component Library တစ်ခု ဖြစ်ပါတယ်။

ဒါက ကြိုတင်တည်ဆောက်ထားပြီး စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ UI Components များကို Landing Pages များနှင့် Web Applications များအတွက် ထောက်ပံ့ပေးထားတဲ့အတွက် အချိန်အလွန်ကြားတဲ့ Development time ကို နာရီပိုင်းအထိ လျှော့ချပေးနိုင်မယ်လို ထင်ပါတယ်။

ဒီ Library က အချိန်ကုန်သက်သာစေခြင်းနှင့် Animation များရဲ့ အရည်အသွေးကောင်းမွန်ခြင်းတို့ကြောင့် Developer တွေရဲ့ ကောင်းမွန်တဲ့ feedback တွေကို ရရှိထားပါတယ်။

🌐📲 @Tech4umm
❤6🥰1
Pandas နဲ့ Data Cleaning ကို ကျွမ်းကျင်အောင် ဘယ်လိုလုပ်မလဲ? 📊✨

Data Science လောကမှာ အချိန်အပေးရဆုံးနဲ့ အရေးကြီးဆုံးအဆင့်ကတော့ Data Cleaning ပါပဲ။ Raw Data တွေကို Analysis လုပ်ဖို့ အသင့်ဖြစ်အောင် ပြင်ဆင်ရတာ တစ်ခါတလေ ခေါင်းခဲစရာ ဖြစ်နိုင်ပါတယ်။ 🤯

ဒါကြောင့်မို့လို့ Pandas Library ကိုသုံးပြီး စနစ်တကျနဲ့ အမှားနည်းနည်းနဲ့ လုပ်ဆောင်နိုင်မယ့် 5-Step Framework ကို Tech4U ကနေ မျှဝေပေးလိုက်ပါတယ်။

🔹 Step 1: Initial Assessment – ဒေတာရဲ့ တည်ဆောက်ပုံကို အရင်လေ့လာမယ်။
🔹 Step 2: Structural Integrity – Missing values နဲ့ Duplicate တွေကို ရှာဖွေမယ်။
🔹 Step 3: Sanitization & Formatting – ဒေတာတွေကို သန့်စင်ပြီး Format မှန်အောင် ပြင်မယ်။
🔹 Step 4: Content Validation – Outliers တွေနဲ့ Logical အမှားတွေကို စစ်ဆေးမယ်။
🔹 Step 5: Finalization & Export – နောက်ဆုံးအဆင့် အတည်ပြုပြီး File အသစ်နဲ့ သိမ်းမယ်။

ဒီ Workflow ကို အသုံးပြုခြင်းဖြင့် သင့်ရဲ့ Data Preparation process က ပိုမိုမြန်ဆန်ပြီး ယုံကြည်စိတ်ချရလာမှာပါဗျ။ 🚀

💡အပြည့်အစုံဖတ်ရန်

📚 PDF file အပြည့်အစုံကို ရယူရန်
❤9🥰2💯1
Web Development Lesson-14 | HTML5 Video Element

ဒီသင်ခန်းစာမှာတော့ JavaScript ဒါမှမဟုတ် တခြား Plugin တွေသုံးစရာမလိုဘဲ Website ထဲမှာ Video တွေကို ထည့်သွင်းပြသနိုင်မယ့် HTML5 <video> element အသုံးပြုပုံကို လေ့လာရမှာဖြစ်ပါတယ်။

---
▶️ YouTube Video Link

📂 Source Code ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ်ဗျ 👇
🔗 Source Code File
🔗 Lecture Note

💡 ဒီသင်ခန်းစာအဆုံးမှာတော့ HTML5 Video Player တစ်ခုကို တည်ဖန်တီးပြထားပါတယ်ဗျ 💪

#VideoElement
#WebDevelopment
#HTMLTutorial
2❤8🥰1
🚀 Bun v1.3.5 ထွက်ရှိလာပြီ - ပိုမိုမြန်ဆန်ပြီး ပိုမိုကောင်းမွန်တဲ့ Update များ!

JavaScript Runtime လောကရဲ့ လူကြိုက်များလှတဲ့ Bun ဟာ v1.3.5 ကို release လုပ်လိုက်ပါပြီ။ ဒီ Update မှာ အဓိကပါဝင်လာတဲ့ Features တွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကတော့ -

🔹Bun.Terminal API သစ်: Interactive terminal applications တွေအတွက် pseudo-terminal (PTY) support ပါဝင်လာပါတယ်။

🔹Performance ပိုကောင်းလာစေမယ့် Bundler: Compile-time feature flags တွေကြောင့် မလိုအပ်တဲ့ code (dead-code) တွေကို bundler က ပိုမိုထိရောက်စွာ ဖယ်ရှားပေးနိုင်ပါပြီ။

🔹S3 Support တိုးတက်လာမှု: S3 uploads တွေအတွက် Content-Disposition support ရရှိလာပါတယ်။

🔹Bug Fixes ပေါင်းများစွာ: Networking ပြဿနာများ (macOS kqueue CPU usage)၊ Windows-specific crashes များနှင့် Security issues ပေါင်း ၃၂ ခုထက်မနည်းကို ဖြေရှင်း‌ပေးထားပါတယ်။

🔹Node.js Compatibility: Node.js နဲ့ ပိုမိုတွဲဖက်ညီစေဖို့ compatibility အပိုင်းမှာလည်း အဆင့်မြှင့်တင်ထားပါတယ်။

🌐📲 @Tech4umm
❤5
ဖုန်းနဲ့ Website ကြည့်တဲ့အခါ အောက်က Navigation Bar တွေ၊ အပေါ်က Address Bar တွေကြောင့် စာသားတွေ ကွယ်သွားတာ၊ Layout ပျက်သွားတာမျိုး ကြုံဖူးကြသလား? 😫 ဒါဟာ standard vh (viewport height) unit ရဲ့ အားနည်းချက်ပါပဲ။

ဒါကို အလွယ်ကူဆုံး ဖြေရှင်းပေးမယ့် CSS ရဲ့ New Viewport Units တွေအကြောင်း သိထားဖို့ လိုပါပြီ! ✨

💡ဒီတော့ အသေးစိတ်သိအောင် ဘယ်လို သုံးမလဲ သိရအောင် ပုံလေးတွေထဲမှာ ဖတ်ကြည့်ပေးပါဗျ။

🔗 အပြည့်အစုံဖတ်ရန်
📚 PDF File Note ကို ရယူရန်

ဒီ New Units တွေကို အခုမှ သိတာလား? ဒါမှမဟုတ် အရင်ကတည်းက သုံးနေပြီလား? ဘယ် unit က ပိုအသုံးဝင်မယ်လို့ ထင်လဲ comment မှာ ပြောခဲ့ဦးနော်! 👇💬

#CSS #WebDevelopment #ProgrammingTips #FrontendDeveloper #Tech4U
❤8
IT နယ်ပယ်ထဲမှာ လမ်းပျောက်နေပြီးလား? 🚀

နည်းပညာနယ်ပယ်က အရမ်းကျယ်ပြန့်တော့ ဘာကစလို့ ဘာသင်ယူရမှန်း မသိဖြစ်နေတဲ့သူတွေအတွက် Pathways (၃) ခု ရဲ့ အဓိက လိုအပ်ချက်တွေကို အနှစ်ချုပ်ပေးလိုက်ပါတယ်။

🌐 Networking & Infrastructure လမ်းကြောင်း

✔️ အခြေခံ Computer Basics ကနေ စပါ။
✔️ Network+ သို့မဟုတ် CCNA ကို လေ့လာပါ။
✔️ Server (Windows/Linux) ပိုင်းကို ကျွမ်းကျင်အောင်လုပ်ပါ။
✔️ Cybersecurity ပိုင်းကို ဆက်တက်ပါ။

💻 Programming & Software Development လမ်းကြောင်း

✔️ Logic နဲ့ အခြေခံ Programming တစ်ခု (Python သို့ JS) ကနေ စပါ။
✔️ Frontend သို့မဟုတ် Backend တစ်ခုခုကို အရင်ရွေးပါ။
✔️ Database (MySQL, MongoDB) ပိုင်းကို လေ့လာပါ။
✔️ Version Control (Git) ကို မဖြစ်မနေ သုံးတတ်ပါစေ။

🤖 AI & Modern Tech လမ်းကြောင်း

✔️ Data Analysis အခြေခံကို လေ့လာပါ။
✔️ AI Tools တွေရဲ့ Prompt Engineering ကို ကျွမ်းကျင်အောင်လုပ်ပါ။
✔️ Automation Scripting (Python) ကို လေ့လာပါ။

🔥 = Networking ❤️ = Programming ⚡️ = AI & Others

#Tech4UMM
❤18⚡4🔥1
✨ မင်္ဂလာပါ Tech4U Members တို့ရေ... လက်ရှိမှာ နည်းပညာတွေက တစ်နေ့တခြား ပြောင်းလဲနေတော့ Member တို့ လက်ရှိ ဘယ်အပိုင်းကို အာရုံစိုက် လေ့လာနေကြလဲဆိုတာ သိပါရစေ။ 👇
Anonymous Poll
65%
Programming & Web Dev (Python, JS, React) 🖥
16%
Networking & System Admin (Cisco, Servers) 🌐
22%
Cybersecurity & Ethical Hacking 🛡
17%
AI Tools & Future Tech (ChatGPT, Automation) 🤖
8%
Computer Basics & Troubleshooting Tips 💻
13%
UI/UX Design & Digital Marketing 🎨
❤15👍3
လူတွေက Rust ကို ဘာကြောင့် နှစ်သက်ကြတာလဲ။

Rust အသုံးပြုသူတွေဟာ ၎င်းရဲ့ ယုံကြည်စိတ်ချရမှု (Reliability)၊ စွမ်းဆောင်ရည်ကောင်းမွန်မှု (Efficiency)၊ စနစ်တစ်ခုလုံးကို အနီးကပ်ထိန်းချုပ်နိုင်မှု (Low-level control)၊ ကောင်းမွန်တဲ့ အထောက်အကူပြု Tool များရှိခြင်း နဲ့ လိုအပ်သလို တိုးချဲ့အသုံးပြုနိုင်မှု (Extensibility) စတဲ့ အချက်တွေကို အဓိကအားသာချက်တွေအဖြစ် အမြဲတစေ ထောက်ပြလေ့ရှိကြပါတယ်။

သို့သော် ရှုပ်ထွေးတဲ့ Type System များ၊ Async Rust ရဲ့ ခက်ခဲတဲ့ သင်ယူမှုအဆင့်နှင့် များပြားလှသော Library (Crates) ရွေးချယ်စရာများက အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် Rust အဖွဲ့အနေနဲ့ design ပိုင်းဆိုင်ရာ ရည်မှန်းချက်တွေကို ရှင်းလင်းစွာ သတ်မှတ်ရန်၊ စနစ်တိုးချဲ့နိုင်မှုကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန်နှင့် အသုံးပြုသူများအတွက် အဆင်ပြေချောမွေ့သော ပတ်ဝန်းကျင် (Ecosystem) တစ်ခု ဖန်တီးပေးရန် အကြံပြုထားပါတယ်။

🌐📲 @Tech4umm
❤5🥰1
JavaScript မှာ == နဲ့ === ဘယ်အချိန်မှာ ဘယ်ဟာသုံးမလဲ? 🧐

JS ရေးတဲ့အခါ အဖြစ်များဆုံး Bug တွေက ဒီ Comparison တွေကနေ စတတ်ပါတယ်။

🔹 Double Equals (==): သူက "Loose Equality" ပါ။ Value တူရင် ရပြီဆိုပြီး လက်ခံတယ်။ ဥပမာ - 5 == "5" ဆိုရင် true လို့ ထွက်ပါတယ်။ သူက Data Type မတူရင်တောင် အတင်းတူအောင် ညှိပြီး စစ်ပေးတာ (Type Coercion) ကြောင့်ပါ။

🔹 Triple Equals (===): သူက "Strict Equality" ပါ။ ပိုပြီး စည်းကမ်းကြီးပါတယ်။ Value ရော Data Type ပါ တူမှ true ပေးတာပါ။ ဥပမာ - 5 === "5" ဆိုရင် false လို့ပဲ ထွက်ပါလိမ့်မယ်။ (Number နဲ့ String မို့လို့ပါ)

✅ Recommendation: Coding Standard အရ Bug ကင်းပြီး ပိုမိုတိကျစေဖို့ === ကိုပဲ အမြဲတမ်း သုံးဖို့ အကြံပေးချင်ပါတယ်!

အသေးစိတ်ကို YouTube မှာ video တင်ပေးထားပါတယ်ဗျ။ 👉 https://youtu.be/fperb5XeUbk

မိတ်ဆွေတို့ကရော ဘယ်တစ်ခုကို ပိုသုံးဖြစ်လဲ? မသိသေးတဲ့ သူငယ်ချင်းတွေရှိရင်လည်း Forward လုပ်ပေးလိုက်ပါဦးနော်! ✨

#Tech4U #JavaScript #WebDevelopment #ProgrammingTips #MyanmarDev
❤12🥰1