𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿
5.59K subscribers
650 photos
40 videos
11 files
370 links
Programming • Networking • Database • Cybersecurity 🛡️

New tutorials and updates posted daily!

Click to learn more.

https://youtube.com/@tech4u-mm?si=ZK9X8GQ0nn7sG2oZ
Download Telegram
🌐 Coding ကမ္ဘာကို ပြောင်းလဲစေခဲ့သော Open Source Project (၁၂) ခု

🚀 ဒီ Project တွေမရှိခဲ့ရင် ကျွန်တော်တိုသုံးနေတဲ့ Software တွေ၊ Website တွေဟာ ဒီလောက်မြန်ဆန်လှပနိုင်မှာ မဟုတ်ပါဘူး။
---
🌐 Web Development

- Node.js ⚡️
- JavaScript ကို Server-Side မှာ run စေနိုင်တဲ့ Runtime Environment
- Event-driven, non-blocking I/O model ကြောင့် မြန်ဆန်ပြီး Scalable Network Applications တွေ တည်ဆောက်နိုင်
- ဥပမာ: Netflix, LinkedIn, Uber တိုမှာ အကြီးစား အသုံးပြုထားပါတယ်။

- React.js ⚛️
- Facebook ကထုတ်လုပ်တဲ့ User Interface (UI) တည်ဆောက်ရန် JavaScript Library
- Component-based architecture ကြောင့် Reusable Code များရေးနိုင်၊ Single Page Applications (SPA) များအတွက် အကောင်းဆုံး
- ဥပမာ: Facebook, Instagram, Airbnb, Netflix

🔗 ဆက်လက်ဖတ်ရန် 👉 https://www.facebook.com/share/1CjpuUnqg9/
12🍓21👍1🕊1💯1
Wi-Fi security ရဲ့ နောက်ဆုံးပေါ် WPA3 အကြောင်း  📶

𝐖𝐡𝐚𝐭 𝐢𝐬 𝐖𝐏𝐀𝟑? 🤔
WPA3 ဆိုတာ 𝟮𝟬𝟮𝟬 ကစပြီး စံသတ်မှတ်ထားတဲ့ Wi-Fi security protocol အသစ်ပါ! သင့်ရဲ့ Wi-Fi traffic တွေကို လုံခြုံအောင် ကာကွယ်ပေးတဲ့ system ဖြစ်ပါတယ်။

𝐖𝐡𝐲 𝐔𝐩𝐠𝐫𝐚𝐝𝐞 𝐭𝐨 𝐖𝐏𝐀𝟑? 🚀
ခေတ်ဟာ WPA2 ကနေ WPA3 ကို ရောက်နေပါပြီ! ဒီလို အဆင့်မြှင့်တင်လိုက်တဲ့အတွက် -

🔸 Password crack လုပ်ရအရမ်းခက်သွားပြီ! Brute-force attacks တွေကို ခုခံနိုင်စွမ်းမြင့်တက်လာတယ်။
🔸 အရင်သုံးခဲ့တဲ့ data တွေ ပိုလုံခြုံသွားတယ်! Forward secrecy ဆိုတဲ့ feature ကြောင့် ဖြစ်ပါတယ်။
🔸 Smart Home အိမ်သုံးပစ္စည်းတွေ ချိတ်ဆက်ရတာ အရမ်းလွယ်သွားတယ်! Wi-Fi Easy Connect feature ပါလာလို့ပါ။
🔸 Public Wi-Fi (စာကြည့်တိုက်၊ ကော်ဖီဆိုင်) သုံးရင်တောင် စိတ်ချရတယ်! Wi-Fi Enhanced Open ကြောင့် individual encryption ရသွားပါပြီ။
🔸 လုပ်ငန်းသုံးအတွက် Security! WPA3-Enterprise နဲ့ 192-bit security mode တွေ ပါလာတယ်။

ဒါကြောင့် ကိုယ့်ရဲ့ Router အသစ်ဝယ်မယ်ဆိုရင် WPA3 Supported ဖြစ်ဖို့ သေချာကြည့်ပါ!

အားလုံးပဲ Safe Browsing လုပ်နိုင်ကြပါစေဗျာ! 💻

🌐📲 @Tech4umm
13🍓21💯1
🚀 Model Context Protocol (MCP) Curriculum for Beginners

MCP ကို C#, Java, JavaScript, Python, နှင့် TypeScript တို့ဖြင့် Hands-on Code Examples များနှင့် လေ့လာပါ။
🧠 Model Context Protocol Curriculum ၏ အခြေခံအကျဉ်း

Model Context Protocol (MCP)  ဆိုတာ AI models များနှင့် client applications များကြားဆက်သွယ်မှုကို စံသတ်မှတ်ပေးရန်အတွက် ဒီဇိုင်းထုတ်ထားတဲ့ innovative framework တစ်ခုဖြစ်ပါတယ်။ ဒီ open-source curriculum က C#, Java, JavaScript, TypeScript နှင့် Python အပါအဝင် လူကြိုက်များတဲ့ programming languages တွေကို အသုံးပြုထားတဲ့ လက်တွေ့ coding examples များနဲ့ real-world scenarios များပါရှိတဲ့ curriculum တစ်ခုကို ဖန်တီးပေးထားပါတယ်။

သင်က AI developer တစ်ဦးဖြစ်စေ၊ system architect ဖြစ်စေ၊ software engineer ဖြစ်စေ၊ ဒီလမ်းညွှန်က MCP ရဲ့ fundamental များနှင့် implementation techniques များကို ကျွမ်းကျင်စွာတတ်မြောက်ရန်အတွက် သင့်အတွက် all-in-one resource တစ်ခုပဲဖြစ်ပါတယ်။

🔗  Resources: https://github.com/microsoft/mcp-for-beginners/blob/main/translations/en/README.md
3💯3🍓1
Python Basic Course - 14 | Loops တွေအကြောင်း

ဒီ Video သင်ခန်းစာမှာတော့ Python Loops အကြောင်းကို အပြည့်အစုံ ရှင်းပြပေးထားပါတယ်။

▶️ YouTube Video Link

🔁 For Loops - range() function ကိုအသုံးပြုပီး ဂဏန်းတွေ၊ list တွေ၊ string တွေကို loop ပတ်နည်း
🔄 While Loops - Condition မှန်သရွေ့ အလုပ်လုပ်နည်း
⏹️ Break Statement - Loop ကနေ ရုတ်တရက်ထွက်နည်း
⏭️ Continue Statement - တစ်ချိုအခြေအနေတွေကို skip လုပ်နည်း
🔢 Nested Loops - Loop ထဲမှာ Loop အသုံးပြုပီး Multiplication Table တွေ ဘယ်လိုရေးမလဲ

စတဲ့ Concept‌ တွေကို Code Example တွေနဲ့အတူ လက်တွေ့လုပ်ကြည့်ရင်းသင်ကြားပေးထားပါတယ်။

Programming မှာ Loops ကိုနားလည်ပီဆိုရင်တော့ ကိုယ်လုပ်စေချင်တဲ့အလုပ်တွေကို computer ကို အကြိမ်ပေါင်းများစွာ လုပ်စေနိုင်ပြီနော်!

📂 Source Code ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇
🔗 Source Code File
🔗 Note

#Python #PythonMyanmar #Programming #Coding #Loops #ForLoop #WhileLoop #BreakContinue #NestedLoops #CodingTutorial #LearnPython #TechEducation #MyanmarTech #Developer #PythonProgramming #CodeWithMe
🍓7💯21🥰1🏆1
📖 Anthropic မှ အခမဲ့ AI courses များ

Anthropic က AI fluency အကြောင်းကို ရိုးရှင်းပြီး စနစ်ကျတဲ့နည်းလမ်းတွေနဲ့ ရှင်းပြတဲ့ အခမဲ့ courses တစ်စုံကို ထုတ်ပြန်လိုက်ပါတယ်။ သင်ကြားနေသူဖြစ်စေ၊ သင်ယူနေသူဖြစ်စေ၊ အခြေခံတွေကို နားလည်ဖို့ ကြိုးစားနေသူဖြစ်စေ လေ့လာသင့်တဲ့ courses တွေပဲဖြစ်ပါတယ်။

🔸 AI Fluency: Framework & Foundations
🔸 AI Fluency for Educators
🔸 AI Fluency for Students
🔸 Teaching AI Fluency

Courses အားလုံး (https://anthropic.skilljar.com/) ကနေ အခမဲ့ဝင်ရောက်လေ့လာနိုင်မှာပဲဖြစ်ပါတယ်။
14🥰2💯1
🔰 Java vs Python

☕️ Java
- ဥပမာ: စနစ်ကျတဲ့ စာသင်ခန်းပုံစံ – မြန်ဆန်ထိရောက်ပြီး စည်းမျဉ်းစည်းကမ်းလိုက်နာမှုကောင်း
- အားသာချက်များ:
မြန်ဆန်မှု (JVM ပေါ်တွင် အလုပ်လုပ်သောကြောင့်)
စနစ်ကြီးများအတွက်ကောင်း (Banking Systems, Enterprise Applications)
Multi-threading ကို ထိရောက်စွာအသုံးပြုနိုင်
Strictly typed – Error များကို Compile Time မှာတွေ့နိုင်

🐍 Python
- ဥပမာ: အွန်လိုင်းသင်တန်းပုံစံ – လွယ်ကူပျော်ရွှင်စရာ၊ လွတ်လပ်ပြီး လျင်မြန်စွာလေ့လာနိုင်
- အားသာချက်များ:
Syntax ရိုးရှင်း – Beginner-friendly
Rapid Development – Prototype လုပ်/Data Analysis အတွက်ကောင်း
Libraries ကြွယ်ဝ (AI, Web Dev, Automation)
Dynamic typing – Code ရေးရတာပိုမြန်

💡 ဘယ်တစ်ခုရွေးမလဲ?
- Java သုံးပါ:
- Scalable Enterprise Systems တည်ဆောက်ဖို့
- Android App Development အတွက်
- High Performance လိုအပ်တဲ့အခါ

- Python သုံးပါ:
- AI/ML, Data Science လုပ်ဖို့
- Web Development (Django/Flask)
- Automation Scripts ရေးဖို့

#Java #Python
12🥰2💯1🍓1
🔒 Software Design Pattern | Part-1 : Singleton Pattern

App သို့မဟုတ် Program တစ်ခုမှာ Class တစ်ခုက Instance တစ်ခုတည်းသာ ရှိပြီး နေရာတကာကနေ အဲဒီတစ်ခုတည်းကိုပဲ ခေါ်သုံးချင်တဲ့အခါ ရှိပါသလား?
အဲဒီလိုမျိုးအတွက် အကောင်းဆုံး Solution ကတော့ Singleton Pattern ပါပဲ။ 🚀

---
⚡️ Singleton Pattern ဆိုတာ

👉 OOP Design Pattern တစ်မျိုးဖြစ်ပြီး Class တစ်ခုမှာ Instance (ဥပမာ - object) တစ်ခုတည်းသာ ရှိမယ်ဆိုတာကို အာမခံပေးတဲ့အပြင်၊ အဆိုပါ Instance ကို Global Point တစ်ခုကနေ လွယ်လင့်တကူ ရယူသုံးစွဲလို့ရအောင် ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။

https://www.facebook.com/share/p/17325SZYJE/
5🍓3🥰1
JSON evolution in Go: from v1 to v2

Go 1.25 က json/v2 package ကို v1 ကနေ သိသိသာသာ ပြောင်းလဲလိုက်ပါတယ်။ အဓိက မြှင့်တင်လိုက်တဲ့ အချက်တွေကတော့ direct I/O operations တွေအတွက် new MarshalWrite/UnmarshalRead functions တွေ၊ jsontext package ကနေတစ်ဆင့် streaming encode/decode လုပ်နိုင်တာ၊ formatting နဲ့ behavior တွေအတွက် configurable options တွေ၊ enhanced field tags (inline, format, unknown) တွေ၊ MarshalFunc/UnmarshalFunc တွေနဲ့ လုပ်ဆောင်နိုင်တဲ့ flexible custom marshalers တွေ နဲ့ default behaviors တွေ ပြောင်းလဲသွားတာ (nil slices/maps တွေကို []/{} အဖြစ် marshal လုပ်တာ) တို့ ပါဝင်ပါတယ်။ Performance မှာတော့ marshaling speed က close ဖြစ်ပေမယ့် unmarshaling ကတော့ ၂.၇ ဆကနေ ၁၀.၂ ဆ အထိ ပိုမြန်လာပါတယ်။ ဒီ package က experimental အဆင့်မှာပဲ ရှိသေးတာမို့လို့ အသုံးပြုချင်ရင် GOEXPERIMENT=jsonv2 flag ကို set လုပ်ပေးဖို့ လိုအပ်ပါတယ်။

🌐📲 @Tech4umm
3🍓2🥰1💯1
JavaScript Lesson - 13 | Loops တွေအကြောင်း

ဒီ Video သင်ခန်းစာမှာတော့ JavaScript Loops အကြောင်းကို အပြည့်အစုံ ရှင်းပြပေးထားပါတယ်။

▶️ YouTube Video Link

🔄 While Loop - Condition မှန်သရွေ့ လုပ်ဆောင်နည်း
Countdown Example - Blast off ထိလုပ်ဆောင်နည်း
🔄 Do-While Loop - အနည်းဆုံးတစ်ခါတော့ run ပေးမယ့် loop

⚡️ For Loop - စနစ်တကျ ထိန်းချုပ်လိုရတဲ့ loop
🔍 For-In Loop - Object တွေထဲက data တွေကို loop ပတ်နည်း

⏹️ Break Statement - Loop ကနေ ချက်ချင်းထွက်နည်း
⏭️ Continue Statement -特定 step ကို skip လုပ်နည်း

စတဲ့ Concept‌ တွေကို Code Example တွေနဲ့အတူ လက်တွေ့လုပ်ကြည့်ရင်းသင်ကြားပေးထားပါတယ်။

Programming မှာ Loops ကိုနားလည်ပီဆိုရင်တော့ ကိုယ်လုပ်စေချင်တဲ့အလုပ်တွေကို computer ကို အကြိမ်ပေါင်းများစွာ လုပ်စေနိုင်ပြီနော်!

📂 Source Code ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇
🔗 Source Code File
🔗 Note

#JavaScript #JS #Programming
5🍓31🥰1
Apple Event today!

📱 iPhone 17 lineup (ပါဝင်မှု - ultra-thin 17 Air, Pro & Pro Max)
🖥 iOS26 update (watchOS, macOS, iPadOS, visionOS အပါအဝင်)
⌚️ Apple Watch Series 11, Ultra 3, SE 3
🎧 AirPods Pro 3
🌍 eSIM-only iPhones

🌐📲 @Tech4umm
6🥰1💯1🍓1
Dockerized Flask application တစ်ခုမှာ pip ကနေ uv ကို ပြောင်းသုံးခြင်း

Dockerized Python applications တွေမှာ pip အစား uv ကို အစားထိုးအသုံးပြုနည်း အဆင့်ဆင့်ကို ရှင်းပြထားသော လက်တွေ့လမ်းညွှန်ဖြစ်ပါတယ်။ package installation speeds ကို ၁၀ ဆမြန်အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ဖော်ပြထားပါတယ်။ requirements.txt ကနေ pyproject.toml ကို ပြောင်းလဲခြင်း၊ Docker environment variables တွေကို configure လုပ်ခြင်း၊ နှင့် dependency management အတွက် uv commands တွေကို အသုံးပြုခြင်းတို့ ပါဝင်ပါတယ်။ Flask နဲ့ Django projects တွေအတွက် သီးသန့် ဥပမာတွေ၊ အသေးစိတ် Dockerfile ပြင်ဆင်မှုတွေ နဲ့ dependencies တွေကို စီမံခန့်ခွဲဖို့ shell scripts တွေ ပါဝင်ပါတယ်။

🌐📲 @Tech4umm
3🥰2🍓21
ဒီ Video လေးမှာ JavaScript While Loop အကြောင်းကို ဥပမာတွေနဲ့တကွ လက်တွေ့ဘယ်လိုသုံးရမလဲဆိုတာ အပြည့်အစုံရှင်းပြထားပါတယ်ဗျ!

Video ကြည့်ရန် —> https://t.me/tech4uprogramming/193

🤔 While Loop ဆိုတာ ဘာလဲ?
👉 "တစ်ခုခုမှန်နေသရွေ့ ဆက်လုပ်ပါ!" 🤯
👉 while(condition) { // run this code }
👉 Condition စစ် → True ဖြစ်ရင် Code Run → ပြန်စစ် → (ထပ်ကျော့) → Condition False ဖြစ်တဲ့အထိ

---
🔔 ဒီ JavaScript Loop သင်ခန်းစာအပြည့်အစုံ Tech4U YouTube Channel မှာ အပြည့်အစုံသွားကြည့်နိုင်ပါတယ်ဗျ။
📲 YouTube:
📩 Telegram:

#JavaScript #WhileLoop #Coding #Programming
12😍1🍓1
JSON Lesson - 1 | Introduction to JSON

ဒီ Video သင်ခန်းစာမှာတော့ JSON ရဲ့ အခြေခံအကြောင်းကို အပြည့်အစုံ ရှင်းပြပေးထားပါတယ်။

▶️ YouTube Video Link

📌 JSON ဆိုတာဘာလဲ? - JavaScript Object Notation ရဲ့ အခြေခံ
⚡️ ဘာကြောင့်သုံးကြတာလဲ? - Lightweight & Human-readable data format
🔍 XML နဲ့ ဘာကွာလဲ? - Comparison with other data formats
🚀 Real-world Applications - API, Config Files, Data Storage

စတဲ့ Concept‌ တွေကို Code Example တွေနဲ့အတူ လက်တွေ့လုပ်ကြည့်ရင်းသင်ကြားပေးထားပါတယ်။
JSON ကိုနားလည်ပီဆိုရင်တော့ Web APIs, Mobile Apps, Server Communications တွေအတွက် Data Exchange လုပ်ရတာ အရမ်းလွယ်ကူသွားမှာနော်! 💪

📂 Source Code ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇
🔗 Source Code File
🔗 Note

#JSON #JavaScript #WebDevelopment #API #DataExchange
🥰32🍓2
SuperFile is a Command-Line File Manager You’ll Enjoy Using

SuperFile သည် Go ဘာသာစကားဖြင့်ရေးသားထားတဲ့ modern terminal file manager တစ်ခုဖြစ်ပြီး Midnight Commander ကဲ့သို့သော traditional tools တွေကို အစားထိုးအသုံးပြုနိုင်တဲ့ coloful icon ကြွယ်ဝတဲ့ interface တစ်ခုကို ပေးစွမ်းပါတယ်။ ၎င်းတွင် panel အများအပြား၊ keyboard -driven navigation၊ vim နှင့်လိုက်ဖက်ညီသော keybindings များ ပါဝင်ပြီး command-line file operations များအတွက် ရိုးရှင်းမှုနှင့် အသုံးပြုရလွယ်ကူမှုကို ထိန်းသိမ်းရင်း external editors များနှင့် ပေါင်းစပ်အလုပ်လုပ်နိုင်ပါတယ်။

🌐📲 @Tech4umm
5🥰1🍓1
🏭 Software Design Pattern | Part-2  : Factory Method Pattern

Factory Method Pattern ဆိုတာက creational design pattern တစ်မျိုးဖြစ်ပြီး superclass မှာ object တွေကို ဖန်တီးဖို့ interface တစ်ခုကို ပံ့ပိုးပေးတယ်။ ဒါပေမယ့် ဘယ် object အမျိုးအစားတွေကို ဖန်တီးမယ်ဆိုတာကို subclass တွေကို ပြောင်းလဲခွင့်ပေးထားတယ်။

new keyword ကို တိုက်ရိုက်သုံးပြီး object တွေကို instantiate လုပ်တာထက်၊ အဲဒီတာဝန်ကို subclass တွေဆီကို လွှဲပေးဖို့ ကူညီပေးတယ်။

🔗 ဆက်လက်ဖတ်ရန် 👉 https://www.facebook.com/share/p/1CBekBDeP8/
2🍓2🥰1
Web Development Lesson-11 | CSS Flexbox

ဒီ Video သင်ခန်းစာမှာတော့ CSS Flexbox အကြောင်းကို အပြည့်အစုံ ရှင်းပြပေးထားပါတယ်။

▶️ YouTube Video Link

📱 Flex Container & Items - ဘယ်လိုစတင်အသုံးပြုရမလဲ
🧭 Flex Direction - Item တွေကို Row/Column အလိုက်စီတဲ့နည်း
🎯 Justify Content - Main Axis အတိုင်းချိန်ညှိခြင်း
⭐️ Align Items - Cross Axis အတိုင်းချိန်ညှိခြင်း
🔄 Flex Wrap - Item တွေကို wrap လုပ်နည်း
📏 Flex Properties - Grow, Shrink, Basis တွေရဲ့ အဓိပ္ပါယ်

စတဲ့ Concept‌ တွေကို Code Example တွေနဲ့အတူ လက်တွေ့လုပ်ကြည့်ရင်းသင်ကြားပေးထားပါတယ်။
Flexbox ကိုနားလည်ပီဆိုရင် Website Layout တွေကို မြန်မြန်ဆန်ဆန် လှလှပပ design ဆွဲနိုင်မှာနော်! 💪

📂 Source Code ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇
🔗 Source Code File
🔗 Note

#CSS #Flexbox #WebDesign
5🥰21
📚 Database System Note - 1

ကျွန်တော်တို့ နေ့စဉ်ဘဝမှာ Database တွေက ဘယ်လိုနေရာတိုင်းမှာ ပါနေလဲဆိုတာ စဉ်းစားကြည့်ဖူးလား? 🤔

🏦 ဘဏ်မှာ ငွေစာရင်းလုပ်တာ
✈️ လေယာဉ်လက်မှတ် ဘွတ်ကင်လုပ်တာ
🛒 အွန်လိုင်းကနေ ဈေးဝယ်တာ
📚 စာကြည့်တိုက်က စာအုပ်ရှာတာ

ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ Database တွေ အလုပ်လုပ်နေပါတယ်!

🔍 ဒီ Note - 1 မှာ ဘာတွေဖတ်ရမလဲ?
✔️ Database ဆိုတာဘာလဲ?
✔️ Traditional Database နဲ့ Modern NoSQL Database တို့ရဲ့ ကွာခြားချက်များ
✔️ Multimedia, GIS, Real-time စတဲ့ Database အမျိုးအစားများစွာ
✔️ လက်တွေ့ဘဝကဥပမာများနဲ့ ရှင်းလင်းချက်

👉 Note အပြည့်အစုံ (PDF File) ကို ကျွန်တော်တို့ရဲ့ Telegram Channel မှာ အခမဲ့ ရယူပြီး သေချာလေ့လာနိုင်ပါတယ်!

📲 Note အပြည့်အစုံ : https://t.me/tech4uresources/285

ဒီ Note လေးကို သင်ခန်းစာယူချင်တဲ့သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေဆီကိုလည်း Share လုပ်ပေးဖို့ မမေ့ပါနဲ့နော်! 🤝

#Database #DatabaseForBeginners #TechNotes
🍓3🤝32🔥2🥰21💯1
Tesla က Multipass လို့ခေါ်တဲ့ charging feature အသစ်တစ်ခုကို စတင်မိတ်ဆက်လိုက်ပါတယ်။ ဒီ feature ဟာ သုံးစွဲသူတွေကို third-party charging sites တွေမှာ သူတို့ရဲ့ Tesla account နဲ့တိုက်ရိုက်ငွေချေပြီး အားသွင်းခွင့်ပေးပါတယ်။ ဒီ feature ကို ပထမဆုံး The Netherlands မှာ စတင်အသုံးပြုနိုင်ခဲ့ပါတယ်။

🌐📲 @Tech4umm
3🥰31
Python Lesson-15 မှာတော့ Python Programming ရဲ့ စွမ်းအားအရှိဆုံး Data Structure တစ်ခုဖြစ်တဲ့ Lists အကြောင်းကို အပြည့်အစုံ ရှင်းပြပေးထားပါတယ်!

▶️ YouTube Video Link

ဘာတွေသင်ရမလဲဆိုတော့...

📦 Lists ဆိုတာဘာလဲ? - Multiple items ကိုသိမ်းဆည်းနည်း
🔢 Creating Lists - Numbers, Strings, Mixed Data Types
🔍 Accessing Items - Indexing, Slicing, Negative Index
Adding Items - Append(), Insert() methods
Removing Items - Remove(), Pop(), Clear() methods
📊 Sorting & Reversing - Sort(), Reverse() methods
🔄 Looping Through Lists - For loops, Enumerate() function

Real-world Project အနေနဲ့:
• Shopping List Program တစ်ခုလုံးကို လက်တွေ့ရေးပြထားပါတယ်!

Lists ကိုနားလည်ပီဆိုရင် Data တွေကို စနစ်တကျ manage လုပ်တာ၊ process လုပ်တာတွေ အရမ်းလွယ်ကူသွားမှာနော်! 💪

📂 Source Code ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇
🔗 Source Code File
🔗 Note

#Python #PythonMyanmar #Programming
🍓52💯21🥰1
kepler.gl

Kepler.gl ဆိုတာ WebGL စွမ်းအားဖြင့် အလုပ်လုပ်သော geospatial data visualization tool တစ်ခုဖြစ်ပြီး web browsers တွေထဲက များပြားလှတဲ့ datasets များကို ခွဲခြမ်းစိတ်ဖြာရန် နှင့် မြင်သာထင်ရှားအောင် ပြုလုပ်ရန် ရည်ရွယ်ဖန်တီးထားခြင်း ဖြစ်ပါတယ်။ high-performance rendering capabilities များဖြင့် တည်ဆောက်ထားတဲ့အတွက် ဒါက geographic data များကို အပြန်အလှန် လေ့လာဆန်းစစ်နိုင်ရန် ခွင့်ပြုပေးပါတယ်။ Foursquare Studio က ပုံမှန် feature updates များပါရှိတဲ့ အခမဲ့ analytics platform တစ်ခုအနေဖြင့် kepler.gl ရဲ့ framework ကို ချဲ့ထွင်အသုံးပြုခွင့်ပေးထားပါတယ်။

🌐📲 @Tech4umm
3🍓21💯1