𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿
5.59K subscribers
650 photos
40 videos
11 files
370 links
Programming • Networking • Database • Cybersecurity 🛡️

New tutorials and updates posted daily!

Click to learn more.

https://youtube.com/@tech4u-mm?si=ZK9X8GQ0nn7sG2oZ
Download Telegram
🇯🇵Japan နိုင်ငံ Osaka မြို့မှာတော့ drones တွေကို event တစ်ခုမှာ exit ကိုညွှန်ပြဖို့အသုံးပြုနေပါပြီ၊

🌐📲 @Tech4umm
18🤩4
MIT တက္ကသိုလ်က အခမဲ့ Data Science သင်တန်း ၁၅ ခု! 🚀📊

MIT Open Learning ရဲ့ အခမဲ့သင်တန်းတွေနဲ့ Data Science လောကထဲကို စတင်ဝင်ရောက်လိုက်ပါ! ဒီသင်တန်းတွေက ကမ္ဘာ့အလုပ်အကိုင်အခွင့်အလမ်းအများဆုံး နယ်ပယ်တစ်ခုမှာ အခြေခံကျတဲ့ ကျွမ်းကျင်မှုတွေကို တည်ဆောက်ပေးနိုင်မှာဖြစ်ပါတယ်။

⚠️ တချို့ သင်တန်း link တွေက VPN ချိန်ဖို့လိုအပ်နိုင်ပါတယ်။

1️⃣ Linear Algebra
- မတူညီတဲ့ဘာသာရပ်တွေမှာ Linear Algebra နဲ့ Matrix Theory ကိုလေ့လာရပါမယ်။

2️⃣ Single Variable Calculus
- Derivatives, Integrals, Coordinate Systems, Infinite Series တို့ကိုကျွမ်းကျင်အောင်လေ့လာရပါမယ်။

3️⃣ Multivariable Calculus
- Variable တစ်ခုထက်ပိုတဲ့ Functions တွေအတွက် Differential, Integral, Vector Calculus ကိုလေ့လာရပါမယ်။

4️⃣ Introduction to Probability and Statistics
- Probability, Combinatorics, Random Variables, Distributions, Bayesian Inference, Hypothesis Testing, Confidence Intervals, Linear Regression တို့ကိုလေ့လာရပါမယ်။

5️⃣ Probability: The Science of Uncertainty and Data
- Probabilistic Models, Random Processes, Statistical Inference အခြေခံများ (MITx MicroMasters in Statistics and Data Science သင်တန်းတွဲဖြစ်ပါတယ်)

6️⃣ Fundamentals of Statistics
- Statistical Inference, Estimation, Hypothesis Testing, Prediction (MITx MicroMasters တွဲဖြစ်ပါတယ်)

7️⃣ Understanding the World Through Data
- Data Forms, Tools, Machine Learning Algorithms တွေနဲ့ ကမ္ဘာကြီးကိုပိုနားလည်အောင်လုပ်ရပါမယ်။

8️⃣ Introduction to Computer Science and Programming Using Python
- Python 3.5 သုံးပြီး Real-World Problems တွေကိုဖြေရှင်းနည်းများ

9️⃣ Introduction to Computational Thinking and Data Science
- Computation နဲ့ပြဿနာဖြေရှင်းနည်း၊ Practical Goals တွေအတွက် Program ရေးနည်း

🔟 Data Analysis: Statistical Modeling and Computation in Applications
- Real Data တွေကို Statistics & Computation သုံးပြီးဆန်းစစ်နည်း (MITx MicroMasters တွဲဖြစ်ပါတယ်)

1️⃣1️⃣ Introduction to Algorithms
- Computational Problems တွေအတွက် Mathematical Models တည်ဆောက်နည်း၊ Algorithms & Data Structures

1️⃣2️⃣ Introduction to Machine Learning
- ML Principles, Algorithms, Applications

1️⃣3️⃣ Matrix Methods in Data Analysis, Signal Processing, and Machine Learning
- Linear Algebra ကို Probability, Statistics, Optimization တို့နဲ့ပေါင်းစပ်အသုံးချနည်း

1️⃣4️⃣ Mathematics of Big Data and Machine Learning
- Big Data ပြဿနာတွေအတွက် Graph Theory, Linear Algebra, Databases ပေါင်းစပ်နည်း

1️⃣5️⃣ Machine Learning with Python: from Linear Models to Deep Learning
- Linear Models, Deep Learning, Reinforcement Learning ကို Python Projects တွေနဲ့လက်တွေ့လုပ်ဆောင်နည်း

🎓 ဘယ်လိုသင်ယူမလဲ?
ဒီသင်တန်းတွေကို MIT OpenCourseWare, MITx, MITx MicroMasters Programs တို့ကနေ အခမဲ့ဝင်ရောက်လေ့လာနိုင်ပါတယ်။

- MIT OpenCourseWare: MIT ရဲ့ ဘွဲ့ကြိုနဲ့ဘွဲ့လွန်သင်ရိုးတွေကို အခမဲ့ဖွင့်လှစ်ထားတဲ့ Platform
- MITx: အွန်လိုင်းမှတစ်ဆင့် MIT စာသင်ခန်းတွေကိုလေ့လာနိုင်တဲ့ MOOC Courses
- MicroMasters Programs: MIT ရဲ့ Graduate-Level ဒီဂျစ်တယ်အသိအမှတ်ပြုလက်မှတ်များ

📌 စတင်လေ့လာရန်: MIT Open Learning

#DataScience
#MIT
#FreeCourses
#MachineLearning
#Statistics
#Python
#BigData
#AI
#LearnOnline
#MyanmarTech
#CareerGrowth
8🍓1
This media is not supported in your browser
VIEW IN TELEGRAM
🇨🇳 တရုတ်နိုင်ငံက coding နဲ့ agents အတွက် ကမ္ဘာ့အကောင်းဆုံး Open AI Model ကို ထုတ်ပြန်လိုက်ပါပြီ!

DeepSeek က Kimi K2 ဆိုတဲ့ trillion-parameter AI Model အသစ်ကို ထုတ်လိုက်ပါပြီ။ ဒီ Model က Claude, Gemini, GPT-4.1 တို့ကိုတောင် စွမ်းဆောင်ရည်သာလွန်နေပြီး... လုံးဝ Open-Source ဖြစ်ပါတယ်!

🔥 Kimi K2 ရဲ့ အထူးချွန်ဆုံးစွမ်းရည်များ
Claude 4 နဲ့ အဆင့်တူ Reasoning၊ DeepSeek v3, Qwen, GPT-4.1 တို့ထက် သာလွန်ခြင်း
Claude Sonnet / Gemini 2.5 Pro ထက် Token ကုန်ကျစရိတ် ၅ ဆ သက်သာ ခြင်း
သုတေသနအတွက် 100K-token စာသားများကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း
Minecraft Clone အပါအဝင် Web Game တစ်ခုလုံးကို တစ်ချက်တည်းနဲ့ ရေးနိုင်ခြင်း
Browser ထဲကနေ Search, Booking အပါအဝင် Tool 17 မျိုးသုံးပြီး ခရီးစဉ်များစီမံနိုင် ခြင်း

🎉 အကောင်းဆုံးအချက်က ဒါက အခမဲ့ဖြစ်ပြီး လူတိုင်းသုံးလို့ရပါတယ်!
👉 စမ်းသုံးရန်: kimi.ai

📌 အသေးစိတ်ဖတ်ရန်: Crypto Insider

#AI #DeepSeek #KimiK2 #OpenAI #ChinaTech #Coding #AIAgents #TechUpdate #MyanmarTech
7
ဒီ Video လေးမှာ JavaScript Operators တွေရဲ့ အခြေခံကနေ အသုံးပြုနည်းအထိ Live Coding + Concept ရှင်းလင်းချက်တွေ နဲ့ လွယ်ကူရှင်းလင်းစွာ ပြောပြပေးထားပါတယ်! 💻🔥

▶️ YouTube Video Link

🔥 ဘာတွေသင်ရမလဲ?
✔️ Arithmetic Operators (+, -, *, /, %, **) ✖️
✔️ Comparison Operators (==, ===, !=, !==, >, <, >=, <=) 🔍
✔️ Logical Operators (&&, ||, !) 🧠

📂 Source Code + Notes ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇
🔗 Source Code
🔗 Notes

#JavaScript #Programming #MyanmarCoding #WebDevelopment #JSOperators #CodingForBeginners #TechInMyanmar #LearnJavaScript
6
Apple က MacBook မှာ Face ID scanner ထည့်သွင်းဖို့နဲ့ ( gestures) အမူအရာများကို အသိမှတ်ပြုနိုင်အောင် သင်ပေးဖို့ စီစဉ်နေပါတယ်။

🌐📲 @Tech4umm
7👍3
This media is not supported in your browser
VIEW IN TELEGRAM
🎨 ChatGPT မှာပုံတွေဖန်တီးတဲ့အခါ ကိုယ်ကြိုက်တဲ့ Style နဲ့ရွေးပြီ ဖန်တီလို့ရတဲ့ new feature ရှိနေပါပြီ!

🛠 ဘယ်လိုအလုပ်လုပ်လဲ?
✔️ အရင်ကထက် ပိုမိုလွယ်ကူစွာ ပုံဖန်တီးနိုင်ဖို့ အမျိုးအစား (Style) တွေကို List ကနေ ရွေးချယ်လို့ရ ပါတယ်။
✔️ Free သုံးတဲ့ Users တွေရော Paid သုံးတဲ့Users တွေရောနှစ်မျိုးလုံးအတွက် အသုံးပြုနိုင်ပါတယ်။
✔️ ကိုယ်ပိုင်ပုံတွေကို Upload လုပ်ပြီး ရွေးထားတဲ့ Style အတိုင်း AI က အလိုအလျောက်ပြောင်းပေးမယ် (မူရင်းပုံရဲ့ အသွင်အပြင်ကို မပျက်စေဘဲ!)

#ChatGPT #AIImage #AIArt #TechUpdate #DigitalCreativity #MyanmarTech
8
ဒီ Video မှာ Array ရဲ့ အခြေခံကနေ Memory ထဲမှာ အလုပ်လုပ်ပုံအထိ ကို အသေးစိတ်ရှင်းပြပေးထားပါတယ်။ Java Programming Language နဲ့ ဥပမာတွေ၊ Code တွေနဲ့တကွ လက်တွေ့အသုံးချနည်းကိုပါ ရှင်းပြပေးထားလို့ Beginner တွေအတွက် အထူးသင့်တော်ပါတယ်!

▶️ YouTube Video Link

ဒီ Video ကနေ ဘာတွေသိရမလဲ?
Array ဆိုတာ ဘာလဲ?
Array တွေကို Memory ထဲမှာ ဘယ်လိုသိမ်းထားလဲ?
Java မှာ Array ကို ဘယ်လိုသုံးမလဲ? (Syntax + Examples)

📂 Source Code + Notes ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇
🔗 Source Code
🔗 Notes

Array က Programming ရဲ့ အခြေခံအုတ်မြစ် တစ်ခုဖြစ်လို့ ကောင်းကောင်းနားလည်ထားဖို့လိုပါတယ်! Video ကိုအဆုံးထက်ကြည့်ပြီး Comment မှာ မေးစရာရှိရင် မေးထားခဲ့နိုင်ပါတယ် 😊

#Java #Programming #Array #ProgrammingInBurmese #Coding #Developer #MyanmarTech #LearnToCode
8
🤖 AI နဲ့ရေးထားတဲ့စာသားကို လူသားတစ်ယောက်ရေးထားသလိုချောမွေ့စွာ ပြန်ရေးပေးမယ့် Tool - UnAIMyText

📍 UnAIMyText က AI ရေးထားတဲ့စာတွေကို လူသားတစ်ယောက်ရေးသလိုပြောင်းပေး မယ့် Humanize AI Tool တစ်ခုဖြစ်ပါတယ်။

🔹 ဘာတွေလုပ်ပေးလဲ?
✔️ ChatGPT, Jasper (သို့) အခြား AI Writer တွေနဲ့ရေးထားတဲ့စာကို လူရေးသလို ချောမွေ့စွာ ပြန်ရေးပေးခြင်း
✔️ Turnitin, GPTZero လို AI Detection Tool တွေနဲ့ ဖမ်းမမိအောင် လုပ်ဆောင်ပေးခြင်း
✔️ စာဖတ်သူစိတ်ဝင်စားမယ့် လူသားဆန်တဲ့ အရေးအသားပုံစံပြောင်းပေးခြင်း

🔹 ဘာကြောင့်သုံးသင့်လဲ?
စာကြောင်းတွေရဲ့ Flow ကို ပြန်ပြင်ပေးခြင်း
Robotic ဖြစ်နေတဲ့ Pattern တွေကို ဖယ်ရှားပေးခြင်း
လူသားတွေရဲ့ ရေးဟန်လေးတွေ ထည့်ပေးခြင်း

👉 စမ်းသုံးကြည့်ရန်: UnAIMyText

💡 AI နဲ့ရေးထားတဲ့စာတွေကို လူသားတစ်ယောက်ရေးထားသလိုဖြစ်အောင် လွယ်လွယ်ကူကူပြောင်းလိုရင် UnAIMyText ကိုသုံးကြည့်ပါ!

#AIHumanizer #UnAIMyText #AITools #ContentWriting #SEO #MyanmarTech
15
Tecno က ကမ္ဘာ့အပါးဆုံး Tri-fold phone ကိုထုတ်လုပ်လိုက်ပါပြီ။

ဒါဟာ ကုမ္ပဏီရဲ့ ဒုတိယမြောက် Triple-folding concept phone ဖြစ်ပြီး G-style folding mechanism ပါရှိပါတယ်။ ခေါက်ထားတဲ့အခါမှာ cover screen ကိုမြင်ရမှာဖြစ်ပါတယ်။

အထူ
• ဖြန့်ထားစဉ် - 3.49 mm
• ခေါက်ထားစဉ် - 11.49 mm

9.94" display ပါရှိပါတယ်။

🌐📲 @Tech4umm
6🔥1
ဒီ သင်ခန်းစာ video မှာ python programming မှာ အခြေခံအကျဆုံးဖြစ်တဲ့ Math Operators တွေ၊ Built-in Functions တွေနဲ့ math Module အကြောင်းကို လက်တွေ့ဥပမာများနဲ့ အသေးစိတ်ရှင်းပြထားပါတယ်! နောက်ဆုံးမှာတော့ BMI Calculator တစ်ခုကို Python နဲ့ဘယ်လိုရေးမလဲဆိုတာကို လေ့လာရမှာဖြစ်ပါတယ်!

▶️ YouTube Video Link

📚 Video ထဲမှာပါဝင်မယ့်အကြောင်းအရာများ
✔️ Arithmetic Operators
✔️ Built-in Functions (abs(), round(), pow())
✔️ math Module (sqrt(), pi, sin(), cos())
✔️ PEMDAS Rule
✔️ BMI Calculator Project

📂 Source Code + Notes ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇
🔗 Source Code
🔗 Notes


#Python #PythonMyanmar #Programming #MathInPython #LearnPython #BMIcalculator #PythonTutorial #MyanmarTech
8🥰2
This media is not supported in your browser
VIEW IN TELEGRAM
🎬 HeyGen မှာ အခု Product Placement အတွက် AI Video Feature အသစ်ရှိလာပါပြီ!

"Product Placement" Feature က ဘာလဲ?
သင့်ထုတ်ကုန်ပုံကို Upload လုပ်
AI Avatar တစ်ခုရွေးချယ်
ကိုယ်ပြောစေချင်တဲ့ Script ထည့်ပါ
👉 ဒါပါပဲ! AI က Hyper-Realistic လှုပ်ရှားမှုတွေ၊ နှုတ်ခမ်းလှုပ်သံတွေနဲ့ သင့်ထုတ်ကုန်ကို သဘာဝကျကျ Promote လုပ်ပေးမဲ့ video တစ်ခုဖန်တီးပေးမှာပါ။

💡 ဘယ်လိုသုံးရမလဲ?
1. HeyGen website သို့သွားပါ
2. "Product Placement" Feature ကိုရွေးပါ
3. သင့်ထုတ်ကုန်ပုံ + Script တင်ပြီး AI Avatar နဲ့ Video ဖန်တီးပါ

💰 စျေးနှုန်း:
- အခြေခံ Feature က အခမဲ့ ဖြစ်ပါတယ်။ (Logo/Watermark ပါနိုင်တယ်)
- White Label (Branding-Free) လိုချင်ရင် $30/month ပေးရမှာဖြစ်ပါတယ်။

👉 စမ်းကြည့်ရန်: HeyGen Website

🚀 သင့်ထုတ်ကုန်တွေကို AI နဲ့ Professional ကျကျ Promote လုပ်ချင်ရင် ဒီ Feature ကိုသုံးကြည့်ဖို့အကြံပေးပါတယ်ဗျ!

#HeyGen #ProductPlacement #VideoAI #AIMarketing #DigitalAdvertising #MyanmarTech
6
Microsoft Server Hack ကြောင့် သုံးစွဲသူ 400 ကျော် ထိခိုက်ဟု researchers တွေကဆို

Microsoft ၏ server စနစ်ကို ချိုးဖောက်မှုကြောင့် ယခုအခါ သုံးစွဲသူ ၄၀၀ ကျော် ထိခိုက်မှု ရှိလာပြီဖြစ်ကြောင်း လေ့လာသူများက ထုတ်ဖော်ပြောဆိုလိုက်ပါသည်။

Source : Reuters News

🌐📲 @Tech4umm
9
ဒီ Video လေးမှာ JavaScript မှာ String တွေကို ဘယ်လိုအသုံးပြုမလဲ? String တွေရဲ့ ထူးခြားချက်တွေ၊ Escape Characters တွေ နဲ့ အသုံးဝင်တဲ့ String Methods တွေကို ရှင်းပြထားပါတယ်။

▶️ YouTube Video Link

ဒီ Video ကနေ ဘာတွေသိရမလဲ?
String ဆိုတာ ဘာလဲ? (ဥပမာ - "Hello", 'မြန်မာ')
String Characteristics - Immutability, Quotes (Single/Double/Template Literals)
Escape Characters (\n, \t, \\ အစရှိသဖြင့်)
အသုံးအများဆုံး String Methods
length, toUpperCase(), toLowerCase()
slice(), replace(), includes()
trim(), split(), concat()
Real-world Examples နဲ့ လက်တွေ့အသုံးချနည်းများ

📂 Source Code + Notes ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇
🔗 Source Code
🔗 Notes

String က JavaScript ရဲ့ အခြေခံအရေးအကြီးဆုံး Data Type တစ်ခုဖြစ်လို့ ကောင်းကောင်းနားလည်ထားဖို့လိုပါတယ်!

#JavaScript #WebDevelopment #Programming #Strings #MyanmarCoding #Frontend #JS #CodingForBeginners #EscapeCharacters #StringMethods
6
OpenAI CEO Sam Altman က သူတို့အဖွဲ့ဟာ ဒီနှစ်ကုန်မှာ GPU ၁ သန်း ပိုင်ဆိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူဟာ သူ့အဖွဲ့ကို အရမ်းဂုဏ်ယူပေမယ့်၊ ဒီအရေအတွက်ကို ၁၀၀ ဆ (သန်း ၁၀၀ အထိ) တိုးဖို့ နည်းလမ်းတွေ စဉ်းစားဖို့လိုတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒီကြေညာချက်က AI နည်းပညာတိုးတက်ရေးအတွက် computing power အရမ်းအရေးကြီးတယ် ဆိုတာကို ထင်ဟပ်နေပါတယ်။ GPU တွေဟာ AI model training နဲ့ inference တွေမှာ အဓိကအရေးပါတဲ့အတွက်၊ OpenAI ဟာ နောက်ထပ် စူပါပါဝါ AI စနစ်တွေ တည်ဆောက်ဖို့ အဆင့်မြှင့်တင်နေတာဖြစ်ပါတယ်။

🌐📲 @Tech4umm
4
AI Engineering Stack

AI engineering ဟာ အခုမှပေါ်ထွန်းလာတဲ့ နည်းပညာနယ်ပယ်တစ်ခုဖြစ်ပြီး အခြေခံ layer သုံးခုပေါ်နဲ့ တည်ဆောက်ထားပါတယ် - application development, model development နဲ့ infrastructure။

ရှေးရိုး ML engineering က custom model တွေကို training လုပ်ရာမှာ အဓိကအာရုံစိုက်တယ်ဆိုရင်၊ AI engineering မှာတော့ foundation models တွေကို prompt engineering နဲ့ fine-tuning လုပ်ပြီး အသုံးချတာကို အလေးထားပါတယ်။

ဒီနယ်ပယ်မှာ deep ML အသေးစိတ်အချက်အလက် သိဖို့ နည်းပြီး၊ model evaluation, inference optimization နဲ့ user interface တည်ဆောက်မှုကို ပိုအာရုံစိုက်ရပါတယ်။

AI engineers တွေဟာ ပိုကြီးမားပြီး computing power အများကြီးလိုအပ်တဲ့ model တွေနဲ့ အလုပ်လုပ်ရပြီး၊ ရလဒ်တွေဟာ ပွင့်လင်းမြင်သာမှု နည်းတာကြောင့် အကဲဖြတ်ရတာ ပိုခက်ခဲပါတယ်။

AI engineer role ဟာ software engineering နဲ့ ML ကြားက ဆက်သွယ်မှုတစ်ခုဖြစ်ပြီး၊ လုပ်ကိုင်နေသူအများစုဟာ traditional ML research ထက် full-stack development နယ်ပယ်ကနေ လာကြသူတွေ များပါတယ်။

Chip Huyen ရေးသားတဲ့ AI Engineering စာအုပ်ကို ဖတ်ရန်။ 👉 စာအုပ် link

#AI
#freebook
8👍1
🔒 သင့် Wi-Fi ဘယ်လောက်စိတ်ချရလဲ? 

အိမ်/ရုံးသုံး Wi-Fi တပ်ဆင်ရာမှာ သိထားသင့်တဲ့ လုံခြုံရေးအခြေခံများ 👇 

---
📌 Wi-Fi Security အဆင့်များ 
1️⃣ WEP (အဟောင်း – လုံခြုံမှုမရှိ၊ အသုံးမပြုသင့်) 
2️⃣ WPA (WEP ထက်တိုးတက်၊ ယခုအခါ outdated) 
3️⃣ WPA2 (လက်ရှိအသုံးအများဆုံး) 
4️⃣ WPA3 (အားကောင်းဆုံးနှင့် အသစ်ဆုံး) 

---
🔐 WPA2 အမျိုးအစား ၂ မျိုး 
➊ WPA2-Personal 
- အိမ်/ရုံးငယ်များအတွက် 
- Password တစ်ခုတည်းနဲ့ချိတ်ဆက် 

➋ WPA2-Enterprise 
- ကုမ္ပဏီကြီးများတွင် အသုံးများ 
- User ID + Password လိုအပ် 
- EAP-TTLS/PAP နှင့် PEAP-MSCHAPv2 စနစ်များသုံး 

---
🚀 WPA3 (နည်းပညာအသစ်) 
➊ WPA3-Personal 
- SAE (Secure Authentication Encryption) စနစ်သုံး 
- သာမာန်အသုံးပြုသူများအတွက် 

➋ WPA3-Enterprise 
- EAP-TLS Authentication သုံး 
- Digital Certificate ဖြင့်သာ Login လုပ်ရ (စကားဝှက်မလို) 
- အစိုးရ/ဘဏ်များကဲ့သို့ အဆင့်မြင့်လုံခြုံရေးလိုအပ်သည့်နေရာများတွင် အသုံးပြု 

---
Wi-Fi လုံခြုံရေးအတွက် အရေးကြီးဆုံးအချက် 
✔️ WPA3/WPA2-Enterprise ကိုဦးစားပေးသုံးပါ 
✔️ ရိုးရိုး Password အစား Certificate-Based Authentication (CBA) သုံးပါ 
✔️ Router ကို မကြာခဏ Update လုပ်ပါ 

💡 သင့် Wi-Fi ကို Hacker တွေမဖောက်ဖျက်နိုင်အောင် အခုပဲ Security Setting ပြန်စစ်လိုက်ပါ! 🔐

#WiFiSecurity #WPA3 #CyberSafety #TechTips #MyanmarTech
5