𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿
5.59K subscribers
650 photos
40 videos
11 files
370 links
Programming • Networking • Database • Cybersecurity 🛡️

New tutorials and updates posted daily!

Click to learn more.

https://youtube.com/@tech4u-mm?si=ZK9X8GQ0nn7sG2oZ
Download Telegram
📌 2025 မှာ IT နယ်ပယ်မှာ အလုပ်အကိုင်အခွင့်အလမ်းများစေမယ့် In-Demand IT Skill (8) မျိုး

📌(ဒီ post ရဲ့အောက်ဆုံးမှာ တက်လို့ရမယ့် free course ‌ေတွပေးထားပါတယ်ဗျ)

IT နယ်ပယ်မှာ အလုပ်လုပ်တယ်ဆိုတာ ကုမ္ပဏီဝန်ထမ်းတစ်ယောက်ရဲ့ WiFi ပြဿနာဖြေရှင်းပေးတာကနေ Cloud Infrastructure ကို ရွှေ့ပြောင်းရတဲ့အထိ အမျိုးမျိုးဖြစ်ရှိနိုင်ပါတယ်။ ဒါကြောင့် IT မှာအလုပ်လုပ်ဖို့ လိုအပ်တဲ့ Skill တွေကလည်း ကိုယ့်လုပ်မယ့် Job Role အပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ အခုတော့ 2025 မှာ IT နယ်ပယ်မှာ In-Demand IT Skill (8) မျိုးကို ဖော်ပြသွားမှာပဲဖြစ်ပါတယ်။

---
🔒 1. Cybersecurity (ဆိုက်ဘာလုံခြုံရေး)
IT နယ်ပယ်မှာ အခြေခံအကျဆုံး Skill ဖြစ်ပြီး Information Security Analyst လိုမျိုး data တွေကိုကာကွယ်ဖို့ Cybersecurity Skill တွေက အရမ်းအရေးကြီးပါတယ်။
- Firewall & Router တပ်ဆင်ခြင်း
- Data Encryption (ဒေတာလုံခြုံရေး)
- Hacking & Penetration Testing
- PCI-DSS, HIPAA, CCPA လိုမျိုး စည်းမျဉ်းတွေကို နားလည်ခြင်း
တို့ကလက်တွေ့အသုံးချနည်းများတွေပဲဖြစ်ပါတယ်။

💡 အလုပ်အကိုင်အခွင့်အလမ်း: Information Security Analyst, Cybersecurity Specialist
---

💻 2. Programming
Software, Web App, Website တွေဖန်တီးဖို့နဲ့ IT အလုပ်တွေမှာ အလိုအလျောက်လုပ်ဆောင်ချက်တွေအတွက် အရေးကြီးပါတယ်။
- Python (စတင်ရန်အလွယ်ဆုံး)
- JavaScript (Web Development အတွက်)
- C++ / Ruby / PowerShell
တို့ဟာ အသုံးများသော Programming Languages တွေဖြစ်ပါတယ်။

💡 အလုပ်အကိုင်အခွင့်အလမ်း: Software Developer, Web Developer
---

🌐 3. Systems & Networks
Computer System နဲ့ Network တွေကြား ချောမွေ့စွာအလုပ်လုပ်ဖို့ ကူညီပေးနိုင်မယ့် Skill တွေဖြစ်ပါတယ်။
- Windows, Linux, Mac OS တို့ကို စီမံနိုင်ခြင်း
- Cloud (AWS, Google Cloud, Azure) စီမံခန့်ခွဲခြင်း
- LAN, WAN, VPN နဲ့ပတ်သက်တဲ့ အခြေခံဗဟုသုတ
တို့ကတော့ Cloud မှာအသုံးဝင်မယ့် Skill တွေဖြစ်ပါတယ်။
---

📊 4. Data Analysis
Database Admin နဲ့ Data Engineer တို့အတွက် အရေးကြီးတဲ့ Skill ဖြစ်ပါတယ်။
- SQL (Database Query ရေးတတ်ဖို့)
- Python (Pandas, NumPy)
- ဒေတာများကို အဓိပ္ပာယ်ဖော်နိုင်ခြင်း
တို့ပဲဖြစ်ပါတယ်။

💡 အလုပ်အကိုင်အခွင့်အလမ်း: Data Analyst, Business Intelligence Specialist
---

🚀 5. DevOps (Development + Operations)
Software Development နဲ့ IT Team တွေကြားမှာ ချိတ်ဆက်ပေးတဲ့ အရေးပါတဲ့နယ်ပယ်ဖြစ်ပါတယ်။
- Docker / Kubernetes(Container Technology)
- Python, Ruby Scripting
- Cloud Operations
တို့ဟာ DevOps အတွက်အရေးကြီးတဲ့ skill တွေဖြစ်ပါတယ်။

💡 အလုပ်အကိုင်အခွင့်အလမ်း: DevOps Engineer
---

☁️ 6. Cloud Computing
Cloud Developer, Cloud Admin နဲ့ Cloud Architect တို့အတွက် အရေးကြီးပါတယ်။
- AWS (Amazon Web Services)
- Google Cloud / Microsoft Azure
တို့ဟာ အဓိက Cloud Platform တွေဖြစ်ပါတယ်။

💡 အလုပ်အကိုင်အခွင့်အလမ်း: Cloud Engineer, Cloud Architect
---

🤖 7. AI (Artificial Intelligence)
ChatGPT လိုမျိုး AI Tool တွေကို အလုပ်မှာအသုံးချနည်း သိထားဖို့လိုပါတယ်။
- Prompt Engineering (AI ကိုထိရောက်စွာမေးမြန်းနည်း)
- AI နဲ့ဆက်စပ်တဲ့ အန္တရာယ်တွေကို ကာကွယ်ခြင်း
တို့ဟာ အခြေခံ AI Skill တွေဖြစ်ပါတယ်။
---

🧠 8. Machine Learning
Data Scientist နဲ့ Programmer တွေအတွက် အရေးကြီးတဲ့ Skill ဖြစ်ပါတယ်။
- Deep Learning
- Clustering Algorithms
- Machine Learning Model တည်ဆောက်ခြင်း
တို့ဟာ အခြေခံ AI Skill တွေဖြစ်ပါတယ်။
---

🎯 IT Skill တွေကိုဘယ်လိုလေ့လာမလဲ?
- အွန်လိုင်းသင်တန်း (Coursera, Udemy)
- Certificate ရယူခြင်း (CompTIA, Microsoft, AWS)
- Bootcamp တက်ခြင်း (Coding, Cybersecurity)
- ဘွဲ့ရယူခြင်း (Computer Science)
---

🏆 အခုဖော်ပြခဲ့တဲ့ skills တွေကို ဘယ်ကစတင်ရမလဲ မသိရင်ဒီမှာပြောပြထားပါတယ်ဗျ 👉 https://t.me/tech4uresources/24


#IT
#TechSkills
#CareerGrowth
#DigitalMyanmar 🚀
3👍2
Git ကို စတင်အသုံးပြုတော့မယ်ဆို Setup အရင်လုပ်ရပါတယ်၊
ဘယ်လို setup လုပ်မလဲ 👉 https://t.me/tech4uresources/25?single

git နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းရေးထားတဲ့ post link 👉 https://t.me/tech4UMM/197
3👍1
☀️ မင်္ဂလာနံနက်ခင်းပါ ကျွန်တော်တို့ရဲ့ Tech Fam လေးတို့ ခင်ဗျ ! 🌅 ဒီနေ့လည်း Tech Fam လေးတို့ "သောကကင်းစင် စိတ်ကြည်လင်၍ လိုအင်ဟူသမျှ တတိုင်းရတဲ့" နေ့လေးဖြစ်ပါစေဗျ !🙏

💡 ဒီနေ့အတွက် Quick Tech Tip! 💻

💻 Ctrl + Shift + Esc = Task Manager တန်းဖွင့်နည်း!

• ကွန်ပျူတာနှေးနေရင် ဒီ Shortcut နဲ့ တိုက်ရိုက်ဖွင့်ပြီး Background App တွေပိတ်ပါ
• Windows မှာ Alt+Ctrl+Del ထက် 2x မြန်ပါတယ်!

👉 ဒီနေ့ ဘာ App တွေက RAM အများဆုံးသုံးနေလဲ ဆိုတာပါ သိနိုငါပါတယ်။

@tech4umm
3🥰32🔥1🕊1
📚Atomic Habits

🔍"Atomic Habits" စာအုပ်က အလေ့အကျင့်ကောင်းများ တည်ဆောက်နည်းနှင့် အကျင့်ဆိုးများကို ဖျက်သိမ်းနည်းကို သိပ္ပံနည်းကျရှင်းပြထားသော စာအုပ်ဖြစ်ပါတယ်။ စာရေးသူ James Clear က သူ့ရဲ့ကိုယ်ပိုင်အတွေ့အကြုံများ၊ သုတေသနများနှင့် လက်တွေ့အသုံးချနိုင်သော နည်းလမ်းများကို မျှဝေထားပါတယ်။

🎯 ဘယ်သူတွေဖတ်သင့်လဲ?
✔️ Personal Self-development လုပ်နေသူများ
✔️ အလေ့အကျင့်ကောင်းများ တည်ဆောက်လိုသူများ
✔️ အောင်မြင်မှုအတွက် နည်းလမ်းရှာဖွေနေသော လူငယ်များ
✔️ ဘဝတိုးတက်ရန် ကြိုးစားနေသူတိုင်း

📂 စာအုပ်ကို ရယူရန် 👉 https://t.me/tech4ubooks/13

💡📲 @tech4umm
3
📌 Programming Basic Concepts - 6

ဘယ် programmingကိုပဲ သင်သင် မြန်မြန်နဲ့ လွယ်လွယ်ကူကူ သင်ချင်ရင်တော့ ဒီလို basic concepts‌ တွေကို သိထားရပါမယ်ဗျ။

သင်ခန်စားအပြည့်အစုံ link 👉 https://t.me/tech4uprogramming/54?single
2
OnePlus Ace 5 Extreme Edition ကို တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်လိုက်ပါပြီ!🇨🇳

⚙️ သူ့ရဲ့ specifications တွေက‌တော့ 👇

• 6.83-inch 1.5K 144Hz OLED flat display
• Dimensity 9400+
• 50MP main (IMX906, OIS) + 8MP UW
• Front 16MP
• 6700mAh battery + 100W charging
• Wi-Fi chip G1
• Optical fingerprint
• IP65
• Plus key

💰Price: ¥2499 (~₹29,600/$347)

📲 @tech4umm
1
🎨💻 IT နယ်ပယ်တွင် နည်းပညာအခေါ်အဝေါ်များကို နားလည်ထားပါက နည်းပညာပြဿနာများကို ကိုယ်တိုင်ဖြေရှင်းနိုင်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများတွင်လည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။

PDF ဖိုင်ရယူရန် 👉 https://t.me/tech4uresources/29

📲 @tech4umm
2
☀️ မင်္ဂလာနံနက်ခင်းပါ ကျွန်တော်တို့ရဲ့ Tech Fam လေးတို့ ခင်ဗျ ! 🌅 ဒီနေ့လည်း"အေးချမ်းသာယာတဲ့" နေ့လေးတစ်နေ့ ဖြစ်ပါစေဗျ !🙏

💡 ဒီနေ့အတွက် Quick Tech Tip! 💻

💻 Windows မှာ ဖိုင်အမြန်ဖျက်နည်း
ဖိုင်တွေကို Shift + Delete နှိပ်ပါ (Recycle Bin မှာမသွားဘဲ အပြီးဖျက်မယ်!)

⚠️ သတိထားရန်:
• ဒီနည်းနဲ့ဖျက်တာကို Ctrl + Z နဲ့ ပြန်မရဘူး!
• အရေးကြီးဖိုင်ဆိုရင် Backup လုပ်ထားပါ

@tech4umm
#WindowsTip
#MyanmarTech
5🥰1
Tech Fam တို့ ဖိုင်ဖျက်တဲ့အခါ ဘယ်နည်းကိုအများဆုံး သုံးလေ့ရှိလဲဗျ ?" 📂
Anonymous Poll
28%
(A) Normal Delete
41%
(B) Shift+Delete
13%
(C) ဖိုင်ဖျက်တာနည်းတယ်
18%
(D) A ရော B ရော အသုံးများတယ်
📚Observability Engineering

🔍"Observability Engineering" စာအုပ်က ခေတ်မီ software systems တွေရဲ့ အပြုအမူတွေကို နားလည်ပြီး ပြဿနာရှာဖွေဖြေရှင်းနည်း (debugging) နဲ့ စနစ်တည်ငြိမ်မှု (system reliability) တိုးမြှင့်နည်းတွေကို နက်နက်နဲနဲရှင်းပြထားပါတယ်။

🎯 ဘယ်သူတွေဖတ်သင့်လဲ?
✔️ DevOps/SRE Engineers – System reliability တိုးတက်စေဖို့
✔️ Software Developers – Modern applications တွေအတွက် debugging နည်းလမ်းများ
✔️ Tech Leads & Architects – Observability ကို စနစ်တကျအကောင်အထည်ဖော်လိုသူများ
✔️ IT Managers – Monitoring vs Observability ကွာခြားချက်ကိုနားလည်လိုသူများ

📂 စာအုပ်ကို ရယူရန် 👉 https://t.me/tech4ubooks/14

💡📲 @tech4umm
2
JavaScript ကို 30 ရက်အတွင်း ကျွမ်းကျင်အောင် လေ့လာလိုက်ပါ! 🎉

📚 JavaScript 30 course

Wes Bos မှ ပြုလုပ်ထားသော လက်တွေ့အသုံးချ JavaScript သင်တန်းဖြစ်ပြီး တစ်ရက်ကို project တစ်ခုလုပ်ပြီး ရက် (၃၀) အတွင်း project (၃၀) ပြုလုပ်ရင် javaScript ကို လေ့လာရမယ် သင်တန်းဖြစ်ပါတယ်။

---
📌 ဒီသင်တန်းက ဘာအတွက်လဲ?
JavaScript (jQuery/React/Vue မပါ) ကို လက်တွေ့အသုံးချနည်းများ
DOM Manipulation, Browser APIs (Audio, Video, Geolocation, LocalStorage, နဲ့ Project များ
အခြေခံ JavaScript ကို နားလည်ပြီး လက်တွေ့ Project တွေမှာ အသုံးချနည်းများ
ဖြင့် 30 ရက်အတွင်း Project 30 ခု တည်ဆောက်ရမှာဖြစ်ပါတယ်။

---
📂 လက်တွေ့ပြုလုပ်ရမယ့် Project များ

🎵 Day 1 - JavaScript Drum Kit (ကီးဘုတ်နဲ့ တီးမှုတ်နိုင်တဲ့ Drum App)
Day 2 - CSS + JS Clock (JavaScript နဲ့ Analog နာရီ)
🎨 Day 3 - CSS Variables with JS (JavaScript နဲ့ CSS ကို Real-time ပြောင်းနည်း)
💪 Day 4 - Array Cardio Day 1 (Array Methods အခြေခံ)
🖼 Day 5 - Flex Panel Gallery (Flexbox နဲ့ Image Gallery)
🔍 Day 6 - AJAX Type Ahead (Search Bar with Instant Results)
💪 Day 7 - Array Cardio Day 2 (Array Methods အဆင့်မြင့်)
🎨 Day 8 - HTML5 Canvas (Mouse နဲ့ ပုံဆွဲခြင်း)
🛠 Day 9 - Dev Tools Tricks (Chrome Dev Tools အဆင့်မြင့်)
☑️ Day 10 - Shift Checkboxes (Shift Key နဲ့ Multiple Select)
📺 Day 11 - Custom Video Player (HTML5 Video Player Customize)
🎮 Day 12 - Konami Code (ကီးဘုတ် Cheat Code)
📜 Day 13 - Slide In on Scroll (Scroll Animation)
📋 Day 14 - Reference vs Copy (JavaScript References)
💾 Day 15 - LocalStorage (Browser Data Storage)
Day 16 - Mouse Move Shadow (Mouse Tracking Effect)
🎸 Day 17 - Sort Band Names (Array Sorting)
⏱️ Day 18 - Tally Times (Video Time Calculation)
📸 Day 19 - Webcam Fun (Webcam Effects)
🎤 Day 20 - Speech Recognition (Voice to Text)
🧭 Day 21 - Geolocation (Speedometer & Compass)
🔗 Day 22 - Follow Along Links (Animated Navigation)
🔊 Day 23 - Speech Synthesis (Text to Speech)
🧷 Day 24 - Sticky Nav (Fixed Navigation Bar)
⚡️ Day 25 - Event Propagation (Event Bubbling/Capture)
🖱 Day 26 - Stripe Dropdown (Animated Dropdown Menu)
📜 Day 27 - Click & Drag Scroll (Horizontal Scrolling)
⏯️ Day 28 - Video Speed Control (Custom Video Speed)
Day 29 - Countdown Timer (Timer App)
🎮 Day 30 - Whack A Mole Game (JavaScript နဲ့ ဂိမ်းတစ်ခုတည်ဆောက်နည်း)


---
ဘာကြောင့် JavaScript30 ကို လေ့လာသင့်လဲ?
✔️ Framework/Library မပါဘဲ Pure JS ကို သင်ပေးခြင်း
✔️ Browser APIs များကို လက်တွေ့အသုံးချနည်းများ
✔️ Project-Based Learning (အလုပ်အတွက် Portfolio ထည့်နိုင်ခြင်း)

---
🔗 ဒီမှာဘယ်လိုလေ့လာရမလဲ ပြောပြထားပါတယ် 👉 https://t.me/tech4uresources/30


#JavaScript
#WebDevelopment
#MyanmarDevs
#NoFrameworks
#LearnToCode
7
TikTok ကိုတည်ထောင်သူ Zhang Yiming က တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးလူဖြစ်လာ !

• သူ့ရဲ့ပိုင်ဆိုင်မူကတော့ အမေရိကန်ဒေါ်လာ $49.3 billion ဖြစ်ပါတယ်။ (မြန်မာငွေနဲ့ဆိုရင် ကျပ် သန်းပေါင်း ၁၀၀,၀၀၀ ကျော်)

📲 @tech4umm
3
💬 WhatsApp ကို iPad တွေမှာစတင်အသုံးပြုလို့ရပါပြီ!

🌐📲 @tech4umm
2
☀️ မင်္ဂလာနံနက်ခင်းပါ ကျွန်တော်တို့ရဲ့ Tech Fam လေးတို့ ခင်ဗျ ! 🌅 အားလုံး "နှလုံးစိတ်ဝမ်းအေးချမ်းသော" နေ့လေးတစ်နေ့ ဖြစ်ပါစေ !🙏

💡 ဒီနေ့အတွက် Quick Tech Tip! 💻

🌐 Wi-Fi/Win 10/11 မှာ Wi-Fi/LAN ချိတ်ပြီး Internet မရခြင်း "Connected, No Internet" ဆိုတဲ့ Error မြင်နေရရင်

1. Command Prompt ဖွင့်ပါ (Win+R → `cmd` ရိုက် → Enter)
2. ဒီ ၃ Command တွေကို တစ်ခုချင်းရိုက်ထည့်ပါ:
- `ipconfig /release`
- `ipconfig /flushdns`
- `ipconfig /renew`
3. Router ကို ၃၀စက္ကန့်ပိတ် → ပြန်ဖွင့်

⚠️ သတိပေးချက်: ipconfig /release လုပ်ရင် Internet ခဏပြတ်မယ်

@tech4umm
#WindowsTip
#MyanmarTech
🥰5🔥21
ဘယ် AI ကပိုကောင်းလဲဗျ?

🇺🇸 ChatGPT လား DeepSeek လား🇨🇳
Anonymous Poll
57%
ChatGPT
16%
DeepSeek
25%
နှစ်ခုလုံးကောင်းတယ် ❤️
3%
နှစ်ခုလုံးမကောင်းဘူး 😭