𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿
5.59K subscribers
650 photos
40 videos
11 files
370 links
Programming • Networking • Database • Cybersecurity 🛡️

New tutorials and updates posted daily!

✅ Click to learn more.

https://youtube.com/@tech4u-mm?si=ZK9X8GQ0nn7sG2oZ
Download Telegram
🔥 JavaScript ကို အခြေခံကနေ advanced level အထိ free သင်လို့ရမယ့် full Tutorial (Beginner-Friendly) 🚀

🎯 ဒီသင်တန်းက Programming အခြေခံမရှိသူများ၊ Software Developer အဖြစ် ကူးပြောင်းလိုသူများအတွက် JavaScript ကို Module (၄) ခုဖြင့် လက်တွေ့ project တွေလုပ်ရင် လွယ်ကူစွာ လေ့လာနိုင်မယ့် သင်တန်းဖြစ်ပါတယ်။

📚 ပါဝင်မည့်သင်ခန်းစာများ:
1️⃣ JavaScript Basics
- Variables, Arrays, Loops, Functions
- DOM Manipulation, Event Handling
- Mini Projects: Distance Converter, Vacation Destination

2️⃣ Animation with JS & jQuery
- jQuery Effects, Sidebar Menus
- Tabbed Interfaces, Image Sliders
- Timers & Recursion

3️⃣ Interactivity with JS & jQuery
- jQuery Plugins, Smooth Scrolling
- Dice Game, Pig Game Project

4️⃣ Data Manipulation
- Form Validation, Prototypes
- Seat Reservation System
- Asynchronous JS & APIs

---
💡 သင်တန်းထူးခြားချက်များ
✅ လက်တွေ့ Project-Based Learning
✅ jQuery နှင့် Modern JavaScript နှစ်မျိုးလုံး လေ့လာနိုင်
✅ Advanced Topics : Async JS, APIs, OOP
အားလုံးပါဝင်ပါတယ်

---
ℹ️ course info

👨🏻‍🏫 Instructor -> Nerd
🗣 Language -> English

—-
🔗 အောက်မှာပေးထားတဲ့ လင့်ကို နှိပ်ပြီး Telegram ကနေပဲ အလွယ်တကူလေ့လာနိုင်ပါတယ်
[▶️ 👉 https://t.me/tech4uresources/20


#JavaScript
#Programming
#MyanmarDevs
#WebDevelopment
❤2
📌 Programming Basic Concepts -2

ဘယ် programmingကိုပဲ သင်သင် မြန်မြန်နဲ့ လွယ်လွယ်ကူကူ သင်ချင်ရင်တော့ ဒီလို basic concepts‌ တွေကို သိထားရပါမယ်ဗျ။

သင်ခန်စားအပြည့်အစုံ link 👉 https://t.me/tech4uprogramming/13?single
❤3
📚Fundamentals of Software Architecture: An Engineering Approach

🔍ဒီစာအုပ်က Software Architecture ရဲ့ အခြေခံသဘောတရားတွေကို အင်ဂျင်နီယာအနေနဲ့ ချဉ်းကပ်နည်း (Engineering Approach) နဲ့ ရှင်းပြထားပါတယ်။ လက်တွေ့အသုံးချနိုင်တဲ့ နည်းလမ်းတွေ၊ Architectural Styles နဲ့ Soft Skills (ဥပမာ - ညှိနှိုင်းဆောင်ရွက်နည်း၊ ဦးဆောင်မှု) တို့ကို ပေါင်းစပ်ဖော်ပြထားပါတယ်။

🎯 ဘယ်သူတွေဖတ်သင့်လဲ?
✔️ Software Architects (လက်ရှိ/အနာဂတ်)
✔️ Senior Developers နဲ့ Tech Leads
✔️ System Design ကို စနစ်တကျလေ့လာလိုသူများ
✔️ အဖွဲ့အစည်းတွင်းမှာ Architectural Decisions ချမှတ်ရသူများ

📂 စာအုပ်ကို ရယူရန် 👉 https://t.me/tech4ubooks/9

💡📲 @tech4umm
❤2
🌐 The Odin Project (TOP) – အခမဲ့ Web Development program

🚀 The Odin Project ဆိုတာ ဘာလဲ?
ဒါက အခမဲ့၊ လက်တွေ့အခြေပြု Web Development program တစ်ခုဖြစ်ပြီး၊ လမ်းကြောင်း (Path) ၂ ခုရွေးလို့ရပါတယ်။
- 🟨 Full Stack JavaScript
- 🟥 Full Stack Ruby on Rails

အစကနေ အဆုံး (လုပ်ငန်းခွင်ဝင်နိုင်တဲ့အထိ သင်ကြားရမှာဖြစ်ပါတယ်။) Self-Learning စနစ်နဲ့ လမ်းညွှန်ပေးတဲ့ Platform ဖြစ်ပါတယ်။

---
📌 ဘာတွေသင်ပေးလဲ?
1. Foundation Path (အခြေခံ)
- HTML/CSS
- JavaScript အခြေခံ
- Git & GitHub
- Command Line အသုံးပြုနည်း

2. Full Stack Path (လုပ်ငန်းသုံးနည်းပညာများ)
- Frontend: React, State Management
- Backend: Node.js (သို့) Ruby on Rails
- Database: PostgreSQL, MongoDB
- Testing: TDD, Unit Testing

3. Job Prep (အလုပ်လျှောက်ဖို့ပြင်ဆင်ခြင်း)
- Portfolio တည်ဆောက်နည်း
- Interview မေးခွန်းများ
- Open Source Project များတွင် ပါဝင်နည်း

စသည်ဖြင့် လိုအပ်မယ် skills တွေကို သင်ကြားရမှာ ဖြစ်ပါတယ်။

---
⭐️ TOP ရဲ့ အဓိကအားသာချက်များ
- 💰 အခမဲ့ဖြစ်ခြင်း – ငွေကြေးမတတ်နိုင်သူများအတွက် ထိပ်တန်းအခွင့်အလမ်းဖြစ်
- 🛠 Project-Based Learning –Tutorial ကူးချခြင်းမဟုတ်ဘဲ၊ လက်တွေ့ App တွေတည်ဆောက်ရင်သင်ကြားခြင်း
- 👥 Community Support – Discord ပေါ်တွင် ကမ္ဘာတစ်ဝှမ်းမှ သင်ယူသူများနှင့် ဆွေးနွေးနိုင်ခြင်း
- 📚 Curated Resources – အကောင်းဆုံး Article/Video များကို စုစည်းပေးထားခြင်း

---
👨💻 ဘယ်သူတွေအတွက် သင့်တော်လဲ?
- Self-Taught Developer ဖြစ်လိုသူများ
- တက္ကသိုလ်ပြင်ပမှ developer ဖြစ်ချင်သူများ
- Bootcamp ဈေးကြီးမတတ်နိုင်သူများ

---
⏳ ဘယ်လောက်ကြာမလဲ?
- ပျမ်းမျှ ၆-၁၂ လ (တစ်ပတ်ကို ၂၀-၃၀ နာရီပေးနိုင်လျှင်)
- လမ်းကြောင်း (၂) ခုလုံးကို လိုက်ဖို့မလို၊ ကိုယ်လိုချင်တဲ့ Part ကိုပဲရွေးလို့ရပါတယ်!

---
🔗 အောက်မှာပေးထားတဲ့ လင့်ကို နှိပ်ပြီး အလွယ်တကူလေ့လာနိုင်ပါတယ်
[▶️ 👉 https://t.me/tech4uresources/21

#TheOdinProject
#WebDevelopment
#MyanmarDevs
#SelfTaught
❤4👍1
📌 Programming Basic Concepts -3

ဘယ် programmingကိုပဲ သင်သင် မြန်မြန်နဲ့ လွယ်လွယ်ကူကူ သင်ချင်ရင်တော့ ဒီလို basic concepts‌ တွေကို သိထားရပါမယ်ဗျ။

သင်ခန်စားအပြည့်အစုံ link 👉 https://t.me/tech4uprogramming/22?single
❤5🔥1
Hello everyone! 👋 ဒီမေးခွန်းလေးရဲ့ အဖြေကို ဘယ်သူတွေများ မှန်အောင်ဖြေနိုင်မလဲခင်ဗျ 😊
Anonymous Poll
42%
A
26%
B
31%
C
2%
D
🌐 Tech News

အမေရိကန်သမ္မတ Donald Trump က Apple ကုမ္ပဏီအနေနဲ့ အမေရိကန်နိုင်ငံမှာ ရောင်းမယ့် iPhone တွေကို အမေရိကန်ပြည်တွင်းမှာ မထုတ်လုပ်ဘဲ India သိုမဟုတ် တခြားမည်သည့်နေရာမှာမဆို ထုတ်လုပ်ပြီး အမေရိကန်မှာ ရောင်းရင် သွင်းကုန်စည်းကြပ်ခွန် 25% ပေးဆောင်ရမယ်လို့ Apple ရဲ့ CEO Tim Cook ကို သူ့ရဲ့ Twitter လူမူကွန်ယက်စာမျက်နှာမှာ သတိပေးပြောကြလိုက်ပါတယ်။

📲 @tech4umm
❤1
📚Artificial Intelligence in Manufacturing

🔍ဒီစာအုပ်က AI နည်းပညာများ၏ အလျင်အမြန် တိုးတက်မှုနှင့်အတူ စက်မှုလုပ်ငန်းများ (Manufacturing) တွင် AI ၏ အခန်းကဏ္ဍ လုံးဝပြောင်းသွားပုံကို ရေးသားထားတာပါ။ ဒီစာအုပ်ထဲမှာ Industry 4.0 မှ Industry 5.0 သို့ကူးပြောင်းစဉ် AI ၏ အသုံးချမှုများ၊ Human-Centric AI၊ Trustworthy AI နှင့် Multi-Agent Systems တို့ကို နက်နက်နဲနဲ ဆန်းစစ်ထားပါတယ်။

🎯 ဘယ်သူတွေဖတ်သင့်လဲ?
✔️ AI/ML Engineers – စက်မှုလုပ်ငန်းတွင် AI မော်ဒယ်များ တည်ဆောက်လိုသူများ
✔️ Manufacturing Technologists – Predictive Maintenance, Quality Control, Digital Twins စသည့် AI Use Cases များကို လေ့လာလိုသူများ
✔️ Researchers – Industry 5.0, Explainable AI (XAI), Human-Robot Collaboration ဆိုင်ရာ နောက်ဆုံးပေါ် သုတေသနများ
✔️ Policy Makers & Business Leaders – AI-Driven Manufacturing အတွက် ဗျူဟာများ ချမှတ်လိုသူများ

📂 စာအုပ်ကို ရယူရန် 👉 https://t.me/tech4ubooks/10

💡📲 @tech4umm
❤3
💡Tech Knowledge

💻 AMD နဲ့ Intel တို့ပဲ CPU ထုတ်နိုင်တာ ဘာကြောင့်လဲ? အခြားကုမ္ပဏီတွေ ကြိုးစားဖူးလား?

🔍 အဓိက အကြောင်းရင်း ၂ ချက်ရှိပါတယ်
1️⃣ x86 instruction set ကိုသုံးတဲ့ CPU တွေရဲ့ မူပိုင်ခွင့်ဟာ ဒီ company နှစ်ခုလုံးမှာ ရှိပါတယ်။
- Intel က x86 (32-bit) အတွက် မူပိုင်ရှင် (i386, MMX, SSE တို့ပါ)။
- AMD က x86-64 (64-bit) ကို 2003 မှာ ဖန်တီးပြီး မူပိုင်ယူခဲ့။
- အခြားကုမ္ပဏီများ x86 CPU ထုတ်ဖို့ Intel နဲ့ AMD တို့ဆီက လိုင်စင်ဝယ်ရမယ်(ဥပမာ - VIA Technologies, အာရှက Zhaoxin)။

2️⃣ ဈေးကွက်အင်အား
- Intel/AMD တို့က PC & Server ဈေးကွက် 90%+ ကို ထိန်းချုပ်ထား။
- ပြိုင်ဖက်အသစ်တွေအတွက် Research &Development ကုန်ကျမှု အလွန်မြင့်မားပါတယ်။

---
🚀 x86 မဟုတ်တဲ့ CPU တွေရှိလား?
- ARM (Smartphone, Tablet, M1/M2 Mac) – Apple, Qualcomm, Samsung တို့မှာသုံး။
- PowerPC (IBM Servers, အရင်က Mac) – IBM ကထုတ်။
- RISC-V (အခမဲ့ Architecture) – အနာဂတ်အတွက် ပြိုင်ဖက်။ (Reduced Instruction Set Computer)
- အခြား – China က Loongson (MIPS), Russia က Elbrus, Sunway။

---
⚠️ အခြားကုမ္ပဏီများ ကြိုးစားဖူးသလား?
- VIA Technologies – x86 လိုင်စင်ရပေမယ့် ဈေးကွက်အနည်းငယ်သာရှိပါတယ်။
- Transmeta (1995–2009) – x86 ပြိုင်ဖက်ဖြစ်ဖို့ကြိုးစားခဲ့ပြီး ကျရှုံးခဲ့ပါတယ်။
- Zhaoxin (တရုတ်) – အခုထိ အာရှဈေးကွက်အတွင်းမှာပဲရှိပါသေးတယ်။

---
📌 အနာဂတ်မှာ ပြောင်းလဲနိုင်မလား?**
- Apple Silicon (ARM) – Mac မှာ x86 ကို အစားထိုးလာပြီ။
- RISC-V – Open-Source Architecture ဖြစ်တာကြောင့် Intel/AMD အာဏာစိုးမှုကို စိန်ခေါ်နိုင်ပါတယ်။
- China & Russia – သူတို့ရဲ့ CPU တွေကို အားစိုက်ထုတ်နေ (ဥပမာ - Loongson, Elbrus)။


#Techဗဟုသုတ
#CPU
#Intel
#AMD
#MyanmarTech
❤1
📌 Programming Basic Concepts - 4

ဘယ် programmingကိုပဲ သင်သင် မြန်မြန်နဲ့ လွယ်လွယ်ကူကူ သင်ချင်ရင်တော့ ဒီလို basic concepts‌ တွေကို သိထားရပါမယ်ဗျ။

သင်ခန်စားအပြည့်အစုံ link 👉 https://t.me/tech4uprogramming/31?single
❤3
🌅 မင်္ဂလာနံနက်ခင်းပါ ကျွန်တော်တို့ရဲ့ Tech Fam လေးများ🌞!
ဒီနေ့လည်း ကျွန်တော်တို့ရဲ့ Tech Fam တွေအကောင်းဆုံးနေ့လေးဖြစ်ပါစေ! ✨
☀️ ဒီနေ့ အိပ်ရာ ဘယ်ချိန်ထကြလဲဗျ?
Anonymous Poll
52%
6 AM - Early Bird 🐦
28%
8 AM - Standard ⏰
11%
10 AM+ - Night Coder 🦉
9%
other
❤4
📚Computation, Cryptography, and Network Security

🔍ဒီစာအုပ်က သင်္ချာနည်းပညာ၊ Cryptography နှင့် ကွန်ရက်လုံခြုံရေး (Network Security) တို့ကို ပေါင်းစပ်ဖော်ပြထားသော သုတေသနစာတမ်းများ၏ စုစည်းမှုတစ်ခုဖြစ်တယ်။ နိုင်ငံတကာမှ ထင်ရှားသော သင်္ချာပညာရှင်များ၏ ပါဝင်ရေးသားမှုများဖြင့် ပြုစုထားပြီး အချက်အလက်လုံခြုံရေး၊ ကွန်ပျူတာသိပ္ပံ နှင့် အဆင့်မြင့်လျှို့ဝှက်ချက်ဖြေရှင်းနည်းများကို နက်နက်နဲနဲ ဆွေးနွေးထားပါတယ်။

🎯 ဘယ်သူတွေဖတ်သင့်လဲ?
✔️ Cryptographers & Cybersecurity Experts – ခေတ်သစ် encryption နည်းလမ်းများနှင့် လုံခြုံရေးစနစ်များကိုလေ့လာနေသူများ
✔️ Mathematicians – Polynomial geometry, interpolation, integral inequalities စသည့် အဆင့်မြင့်သင်္ချာဆိုင်ရာ လေ့လာမှုပြုလုပ်နေသူများ
✔️ Computer Scientists များ – Quantum cryptography, chaos-based encryption, network vulnerabilities
✔️ Engineers များ – လျှပ်စစ်စွမ်းအင်စနစ်များအတွက် လုံခြုံရေးဆိုင်ရာ လေ့လာနေသူများ

📂 စာအုပ်ကို ရယူရန် 👉 https://t.me/tech4ubooks/11

💡📲 @tech4umm
❤2
💻 Tech နယ်ပယ်မှာ အလုပ်လုပ်မယ်ဆိုရင် ဒီ ၅ ချက်ကို သိထားပါ!

---
မကြာသေးခင်က ဖတ်ခဲ့တဲ့ article တစ်ခုကို အခြေခံပြီး နည်းပညာနယ်ပယ်မှာ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကောင်းဆုံးရွေးချယ်မှုများပြုလုပ်နိုင်ရန် အကြံပြုချင်ပါတယ်ဗျ၊

1️⃣ "ကိုယ်သင်ယူမယ့် နည်းပညာကို သေချာရွေးပါ"
- ဘာကြောင့်အရေးကြီးလဲ?
အလုပ်အင်တာဗျူးမှာ HRတွေက CV ကို ၅စက္ကန့်ပဲကြည့်ပြီး "Keyword Matching" နဲ့ပဲ Auto-Reject လုပ်လေ့ရှိပါတယ်။ ဆိုလိုတာ ဥပမာ: Java 5နှစ်အတွေ့အကြောင်းလိုတဲ့အလုပ်မှာ JavaServer Faces (JSF) 10နှစ်အတွေ့အကြုံ လို့ ကိုယ်က CV မှာရေးထားရင် ကိုယ့် CV အပယ်ခံရနိုင်တယ်

ဒါဆိုနည်းပညာဘယ်လိုရွေးမလဲ?
- အခုလူသုံးများနေတဲ့နည်းပညာ (React, Python, Flutter) တွေကို သင်တာတို့။
- ခေတ်ကုန်သွားတဲ့နည်းပညာ (PHP, jQuery) တွေကို ရှောင်တို့လုပ်သင့်ပါတယ်။

---
2️⃣ "လစာများတိုင်း ကောင်းတာမဟုတ်ပါဘူး"
- ဘာတွေသတိထားရမလဲ?

- လစာ ၂ ဆပေမယ် တစ်ပတ်ကို ၈၀နာရီအလုပ်လုပ်ဆိုရင် နောက်ပိုင်း ကြာလာရင် စိတ်ဖိစီး နဲ့ ကျန်းမာရေးပျက်စီး တွေထိခိုက်လာနိုင်ပါတယ်။ ဒါအပြင်
- COBOL လို ခေတ်နောက်ကျနည်းပညာ မှာ လစာကောင်းကောင်းနဲ့ အလုပ်လုပ်နေပေမယ့် နောက် ၅နှစ်မှာ အလုပ်ရပ်သွားနိုင် ပါတယ်။
- ဒါဆိုဘယ်လိုရွေးကြမလဲ?
- လစာ နဲ့ နည်းပညာအသစ်သင်ခွင့် အပါအဝင် အလုပ်ချိန်မှန်တာ တို့ကိုပါထည့်သွင်းစဉ်းစားပြီး အလုပ်ကိုရွေးချယ်သင့်ပါတယ်။

---
3️⃣ "နည်းပညာတစ်ခုရဲ့ Shelf Life သက်တမ်းက ၃နှစ်ပါပဲ"
နည်းပညာတစ်ခုဟာ ကြာရှည်စွာ တည်ရှိနေနိုင်ပေးမဲ့ ပုံမှန်အားဖြင့်ဆို ၃ နှစ်ကျော်သွားရင် Shelf Life ကျဆင်းသွားတက်ပါတယ်။ ဒါကြောင့် နည်းပညာ တစ်ခုကို သင်ယူတော့မယ်ဆို နောက် ၃ နှစ် ဆိုတာကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။
- ဥပမာ:
- Ruby on Rails (2015-2018): အဆင့် ၅ ကနေ ၁၀ ကျဆင်း
- PHP (2019-2022): အဆင့် ၄ ကနေ ၇ ကျဆင်း
- TypeScript (2017-2020): အဆင့် ၁၀ ကနေ ၄ ထိတက်လာ
- ဘာလုပ်ရမလဲဆိုရင်တော့?
- "အခုရေပန်းစားနေတာ" ထက် "နောင်လာမယ့် ၃နှစ်မှာ ဘာတွေရေပန်းစားမလဲ?" ဆိုတာကိုကြည့်ပါ။

---
4️⃣ "(Bleeding Edge Tech) အသစ်ထွက်ပေါ်လာတဲ့နည်းပညာတွေမှာ မြှုပ်နှံမယ်ဆိုရင်"
- ဥပမာ (2014):
- Cloud Foundry vs Kubernetes ထွက်လာတုန်းက Cloud Foundry ကိုရွေးခဲ့သူတွေက ၃နှစ်အကြာမှာ အလုပ်အကိုင် တွေထိခိုက်ပြီး Kubernetes ကိုရွေးခဲ့သူတွေ က လစာ ၂-၃ဆတိုး လာကြပါတယ်။
- ဘာလုပ်သင့်လဲ?
- အသစ်တွေကို စမ်းကြည့်ပါ၊ ဒါပေမယ့် အဓိက Skill အဖြစ် မလုပ်ပါနဲ့။
- Backup Plan
တွေ(ဥပမာ - Cloud Certificates) ရှိပါစေ။

---
5️⃣ "အချိန်ဆိုတာ ရွှေပဲ... မလုပ်ဘဲမနေပါနဲ့"
- ဥပမာ:
- Cloud နည်းပညာကို 6နှစ်နောက်ကျမှ စသင်ရင် အခြားသူတွေနောက် 9နှစ်နီးပါးပါသွားနိုင်ပါတယ်။
- ဘာလုပ်ရမလဲဆိုရင်?
- "ဒီအလုပ်က နောက် ၃နှစ်မှာ ငါ့ကို အကျိုးပြုမှာလား?" ဆိုတာ အမြဲမေးပါ။

---
🎯📌နောက်ဆုံးအနှစ်ချုပ်အနေနဲ့ ဒီအချက်တွေကို မမေ့ပါနဲ့!
1️⃣ နည်းပညာရွေးရင်
→ "၃နှစ်နေရင် ဒီSkill ရှိနေဦးမလား?" မေးပါ။
2️⃣ လစာကောင်း + နည်းပညာအဟောင်း → နောက်ပိုင်းဒုက္ခ။
3️⃣ အရမ်းအသစ်တဲ့နည်းပညာ → ၅၀% အန္တရာယ်ရှိတယ်။
4️⃣ အချိန်ဆိုတာ Crypto လိုပဲ → မှန်တဲ့အချိန်မှာ Invest မလုပ်ရင် နောက်ကျသွားမယ်**။
5️⃣ CV မှာ Keywords
ပါအောင်ရေးပါ → HRတွေ ၅စက္ကန့်ပဲကြည့်တယ်။

#TechMyanmar
#DeveloperTips
#TechBurmese
#ITCareer
#DigitalMyanmar
❤15👍2
📌 Programming Basic Concepts - 5

ဘယ် programmingကိုပဲ သင်သင် မြန်မြန်နဲ့ လွယ်လွယ်ကူကူ သင်ချင်ရင်တော့ ဒီလို basic concepts‌ တွေကို သိထားရပါမယ်ဗျ။

သင်ခန်စားအပြည့်အစုံ link 👉 https://t.me/tech4uprogramming/43?single
❤4
☀️ မင်္ဂလာနံနက်ခင်းပါ ကျွန်တော်တို့ရဲ့ Tech Fam လေးတို့ ခင်ဗျ ! 🌅 ဒီနေ့လည်း သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့လေးဖြစ်ပါစေဗျ 🌼

💡 ဒီနေ့အတွက် Quick Tech Tip!

"Win + Shift + S" နဲ့ computer screen ရဲ့ လိုချင်တဲ့အပိုင်းကို ချက်ချင်း Screenshot ဖမ်းနည်း!

📸 ဘယ်လိုလုပ်မလဲ?
1. Keyboard မှာ Win + Shift + S နှိပ်ပါ
2. ဖမ်းချင်တဲ့နေရာကို Drag လုပ်ပါ
3. Ctrl+C , Ctrl+V နဲ့ Paste လုပ်ပါ

@tech4umm
❤4👏1
🔎 Google Pixel 10 leaks online!

August လလောက်မှာထွက်ဖို့ရှိတဲ့ Google Pixel 10 ဖုန်းဟာ မထင်မှတ်တဲ့ကြော်ငြာရိုက်ကူးမှု (ad shoot) တစ်ခုအတွင်းက လျှို့ဝှက်စွာပေါ်ထွက်လာပါတယ်။

📲 @tech4umm
❤3👍1🔥1
📚 Programming Rust

🔍ဒီစာအုပ်က Rust programmingကို လေ့လာဖို့ အကောင်းဆုံးလမ်းညွှန် စာအုပ်ဖြစ်ပါတယ်။ Rust ဟာ Systems Software တွေရေးဖို့ အထူးဒီဇိုင်းလုပ်ထားတဲ့ language ဖြစ်ပြီး အမြန်နှုန်း၊ လုံခြုံမှု၊ နှင့် တစ်ချိန်တည်းအလုပ်လုပ်နိုင်မှု (Concurrency) တို့ကို အဓိကထားပါတယ်။

🎯 ဘယ်သူတွေဖတ်သင့်လဲ?
✔️ Systems Programmer များ – C/C++ မှာ ကြုံရတဲ့ မှတ်ဉာဏ်အမှားတွေ (Memory Errors) ကို ရှောင်ချင်သူများ
✔️ အတွေ့အကြုံရှိ Developer များ – Java, Python စတဲ့ ဘာသာစကားတွေကနေ Systems Software ကို စတင်လေ့လာလိုသူများ
✔️ Embedded Systems / Game Engine ဖွံ့ဖြိုးရေးသမားများ – Hardware နဲ့ နီးနီးကပ်ကပ်အလုပ်လုပ်ရမယ့်သူများ

📂 စာအုပ်ကို ရယူရန် 👉 https://t.me/tech4ubooks/12

💡📲 @tech4umm
❤4