AA ကိုနိုင်ငံတကာက အရေးယူပေးဖို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်တယ်ဆိုတဲ့ ကြေညာချက်အတု
တွေးပြီးမှယုံ
ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာလူမျိုးစုတွေကို လူအခွင့်အရေးအချိုးဖောက်ပြီး ရာဇဝတ်မှုကျူးလွန်နေတဲ့ အာရက္ခတပ်တော် - ULA/ AA ကို နိုင်ငံတကာအနေနဲ့ အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကနေ ထုတ်ပြန်လိုက်တယ်ဆိုတဲ့ ကြေငြာချက်တခု တယ်လီဂရန်ချန်နယ်တွေကနေ ပြန့်နှံ့လာခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်ကို အာဏာသိမ်းစစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တခုဖြစ်တဲ့ Ko Thet ကနေ စတင်ဖြန့်ဝေခဲ့ပြီး “ဘင်ကိုထိရင် NLD ဖြစ်ဖြစ်၊ NUG ဖြစ်ဖြစ် ဘယ်သူ့မှ သည်းငြီးမခံဘူးဆိုတဲ့ AA သူပုန်သိသင့်တယ်ဆိုပြီး” (မူရင်းအရေးအသား) အတိုင်း စာညွှန်းရေးထားပြီးတော့ ထုတ်ပြန်ချက်မှာဆိုရင် AA အဖွဲ့ဟာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေကြောင်းနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေလို့ဆိုတဲ့ စွပ်စွဲချက်တွေ ပါဝင်ပါတယ်။ Subscribers 117,648 ဦးရှိထားတဲ့ Ko Thet ချန်နယ်ရဲ့ ဒီဖြန့်ဝေမှုမှာဆိုရင် လိုက်ခ် ၃၃၇, ကြည့်ရှု့သူ ၅၈၈၂၄ ဦးနှင့် ပြန်လည်မျှဝေသူ ၅၂ ဦးအထိ ရှိထားပါတယ်။
ဒီသတင်းကို အတည်ပြုဖို့ရာ တွေးပြီးမှယုံ အနေနဲ့ NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာတော့ ထုတ်ပြန်ချက်ဟာ အတုတခုသာဖြစ်တယ်လို့ မေ၊ ၂၃ ရက်နေ့ကပဲ ပြန်လည်ရှင်းလင်းထားတာကို တွေ့ခဲ့ရပါတယ်။ အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
https://shorturl.at/9VePo
အလားတူပဲလူ့အခွင့်ရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးဖြစ်သူ ဦးအောင်မျိုးမင်းရဲ့ ဖေ့ဘွတ်ခ်အကောင့်မှာဆိုရင်လည်း ဒီထွက်ပေါ်လာနေတဲ့ထုတ်ပြန်ချက်ဟာ အတုသာဖြစ်ပါတယ်လို့ပြန်လည်တုန့်ပြန်ထားတာကို အောက်ကလင့်ခ်မှာ သွားရောက်ဖတ်ရှု့နိုင်ပါတယ်။
https://shorturl.at/YQ5KM
Fb link- https://www.facebook.com/share/Eddj97GMx7LUrCbC/?mibextid=WC7FNe

www.shorturl.at
404 Page Not Found
404 Page not found.
👍1
ချင်း PDF တွေမီးရှို့မှုကြောင့်ပျက်စီးခဲ့ရတဲ့ တီးတိန်မြို့ဆိုပြီးသတင်းမှားဖြန့်
တွေးပြီးမှယုံ
ချင်းပြည်နယ် မြောက်ပိုင်း၊ တီးတိန်မြို့မှာ မေလ ၂၆ ရက်နေ့ည ၁၁ နာရီဝန်းကျင်မှစပြီး တီးတိန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကနေ မေလ ၂၇ ရက်နေ့ မြို့မရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (နတလ) ရုံးနဲ့ ဆက်သွယ်ရေးရုံးတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း PDF- Zoland ကသတင်းထုတ်ပြန်ထားပါတယ်။
ဒီသတင်းထုတ်ပြန်ပြီး မရှေးမနှောင်းမှာတော့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်အကောင့်တွေကနေ ချင်း PDF တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်ပျက်စီးခဲ့ရတဲ့ တီးတိန်မြို့ရဲ့မြင်ကွင်းဆိုပြီး ပုံတွေနဲ့တကွ ရေးသားဖြန့်ဝေနေတာတွေ့ရပါတယ်။ U Aung Kyaw Myat နံမည်နဲ့ အကောင့်ကနေ မေလ ၂၈ ရက်နေ့က ပျက်စီးသွားတဲ့ ထန်တလန် နဲ့ တီးတိန်မြို့ကို ချင်း PDF များမှ ဖျက်ဆီးနေပါတယ်လို့ စွပ်စွဲဖြန့်ဝေထားပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး တွေးပြီးမှယုံက အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ မေ၊ ၂၆ ရက်နေ့ကစလို့ တီးတိန်မြို့ကို ချင်းညီနောင်တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပြီး အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ကနေ မီးတင်ရှို့နေတာသာ ဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေနဲ့ နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြထားတာကို တွေ့ခဲ့ရပါတယ်။ ဒေသတွင်း မီဒီယာတခုဖြစ်တဲ့ Zalen ရဲ့ ဖော်ပြချက်မှာဆိုရင်လည်း အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းဓါတ်ပုံများနဲ့ တကွဖော်ပြထားပြီး ဒေသခံတဦးနဲ့ မေးမြန်းထားချက်ကိုလည်း ဖော်ပြထားပါတယ်။ ဒီသတင်းကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့လို့ရပါတယ်။
Link - https://shorturl.at/VaiYs
တခြားလွတ်လပ်တဲ့ မီဒီယာတခုဖြစ်တဲ့ Mizzima- News in Burmese ရဲ့ ဖော်ပြချက်မှာဆိုရင်လည်း ဒေသခံတဦးနဲ့ မေးမြန်းထားချက်ကို ဖော်ပြထားပြီး အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးသားထားပါတယ်။
Link - https://shorturl.at/46KH0
အာဏာသိမ်းစစ်တပ်ဟာ မီးရှို့ဖျက်ဆီးမှုတွေကို သူတို့ကိုယ်တိုင်ကျူးလွန်ပြီး တော်လှန်ရေးအင်အားစုများက လုပ်သယောင် စွပ်စွဲပြောဆိုတဲ့ ဇာတ်ကြောင်းတွေနဲ့ သတင်းတု/မှားတွေ ဖြန့်ဝေလေ့ရှိကြပါတယ်။ ဒါတွေဟာ တော်လှန်ရေးကို ထောက်ခံအားပေးတဲ့ ပြည်သူလူထုတွေကို အထင်အမြင်မှားအောင် ဝါဒဖြန့်ရေးသားဖြန့်ဝေတာဖြစ်ပါတယ်။ ဒါ့ကြောင့် သတင်းဓာတ်ပုံတွေနဲ့ ရေးသားတဲ့ သတင်းတွေကို အလွယ်တကူမယုံဖို့အရေးကြီးပါတယ်။ သက်ဆိုင်ရာသတင်းဌာနတွေနဲ့ အဖွဲ့အစည်းတွေကနေ ဖော်ပြထားခြင်းရှိမရှိကို တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ သတင်းစစ်ဆေးဖို့အခက်အခဲရှိရင်လည်း တွေးပြီးမှယုံရဲ့ Chat box မှာလာရောက်မေးမြန်းနိုင်ပါတယ်။
Fb link- https://www.facebook.com/share/p/NrDh4YaK3ozheaxU/?mibextid=WC7FNe
#factcheck
#thinkbeforeyoutrust

Facebook
Zalen
စစ်ကောင်စီတပ်က တီးတိန်မြို့ကိုမီးရှို့ဖျက်ဆီးနေ
============
၂၇၊မေ၊၂၀၂၄
Zalen
ချင်းပြည်နယ်၊တီးတိန်မြို့မှာ ယမန်နေ့ကစပြီး ယနေ့ထိတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က
တီးတိန်မြို့ရှိ နေအိမ်များကို...

NLD နာယက သူရဦးတင်ဦး ကွယ်လွန်ဟု နားရေးကြေငြာဆိုင်းပုဒ် အလွဲနဲ့ ပြန့်နှံ့နေ
တွေးပြီးမှယုံ
ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာ ရက်ရှည်ဆေးကုသနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ - NLD ရဲ့ နာယကဖြစ်သူ သူရဦးတင်ဦးဟာ ဒီနေ့ (မေ၊ ၃၀၊ ၂၀၂၄) မှာပဲ ကွယ်လွန်အနိစ္စရောက်တယ်လို့ နာရေးကြေငြာဆိုင်းပုဒ်တခုနဲ့အတူ ဦးတင်ဦးဆေးရုံတက်ရောက်နေတဲ့ပုံဟာ ပြန့်နှံ့နေပါတယ်။
ဒီသတင်းကို တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ နာရေးဆိုင်းပုဒ်ဟာ NLD ပါတီ နာယက သူရဦးတင်ဦး မဟုတ်ခဲ့ပဲနဲ့ မင်းဘူးမြို့၊ ပြည်တော်သာရပ်မှ အသက် (၉၇) နှစ် အရွယ် ဦးတင်ဦးသာဖြစ်နေပါတယ်။
ဒါပေမဲ့လည်း သူရဦးတင်ဦးဟာ ကျန်းမာရေး စိုးရိမ်နေရတယ်လို့ နိုင်ငံတကာမီဒီယာတခုဖြစ်တဲ့ RFA သတင်းဌာနကနေ ဖော်ပြပါတယ်။ ဒီသတင်းဖော်ပြချက်မှာဆိုရင် သူရဦးတင်ဦးရဲ့ ဆွေးမျိုးနီးစပ်သူတဦးနဲ့ မေးမြန်းထားချက်ကိုလည်း ဖော်ပြထားပါတယ်။ ဒီသတင်းကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
Link - https://shorturl.at/InVsr
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဖြစ်သူ ကိုမြအေးရဲ့ ဖေ့ဘွတ်ခ်အကောင့်မှာဆိုရင်လည်း သူရဦးတင်ဦး ကွယ်လွန်ဆိုတဲ့ သတင်းဟာ သတင်းအမှားတခုသာဖြစ်တယ်လို့ ဒီနေ့ည (မေ၊ ၃၀၊ ၂၀၂၄) ဖော်ပြထားပါတယ်။ ဒီရေးသားထားချက်ကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့လို့ရပါတယ်။ Link - https://shorturl.at/zTUt5
ဒီလို ပုံတူယိုးမှား သတင်းဖော်ပြချက်တွေဟာ လူတွေကို လွယ်လင့်တကူယုံကြည်စေနိုင်သလို အချိန်တိုအတွင်းမှာလည်း ပြန်နှံ့တတ်ပါတယ်။ ဒီလိုသတင်းထူးတွေကို လွယ်လင့်တကူမယုံကြည်ကြပဲ လွတ်လပ်တဲ့ တရားဝင်မီဒီယာတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ဖော်ပြချက်တွေကို စောင့်ကြည့်ဖတ်ရှု့သင့်ပါတယ်။ တစုံတရာအခက်အခဲရှိခဲ့ရင်လည်း တွေးပြီးမှယုံ ရဲ့ chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
Fb link- https://www.facebook.com/100070371245215/posts/pfbid0KUwE63brSmkoQ3SejFsDCR2TAdh9di6EsWDK55U2VyqwFBMHciFKrfR7HRctwEi9l/?mibextid=WC7FNe

RFA Burmese
ဦးတင်ဦး ကျန်းမာရေးအခြေအနေ စိုးရိမ်ရ
~~~
■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကြီး ဦးတင်ဦးဟာ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ စိုးရိမ်လူနာအဖြစ် ဆေးကုသခံယူနေရတယ်လို့ မိသားစုက RFA ကို မေလ ၃ဝ...

👍2
ဝိုင်းမော်မှာရှိတဲ့ KIA, PDF စခန်းဌာနချုပ် ဒရုန်းဗုံးစာမိကြောင်း စစ်လော်ဘီချန်နယ်များကဖြန့်နေ
တွေးပြီးမှယုံ
အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုမှာရှိတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် - KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF တိုရဲ့ စခန်းဌာနချုပ်ပျက်ဆီးတယ်လို အဆောက်အဦးပျက် ပုံတွေနဲ့ တကွ ပြန့်နှံနေပါတယ်။
ဒီသတင်းကို စစ်တပ်လော်ဘီချန်နယ်တခုဖြစ်တဲ့ Kyaw Swar ကနေ “ ဝိုင်းမော်၊ လမြန်ရွာ KIA,PDF စခန်းဌာနချုပ်၊ ဒရုန်းဗုံးစာမိ၊ KIA အများအပြားသေဆုံးထိခိုက်ဒဏ်ရာရဟုကနဦးသိရ” ဆိုပြီး ဇွန် ၁၁ ရက်နေ့က Subscribers 153,416 ဦးရှိတဲ့ ချန်နယ်ကနေ ဖြန့်ဝေခဲ့ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး စစ်ဆေးခဲ့ရာမှာတော့ တပ်လော်ဘီတွေ ဝါဒဖြန့်ထားသလို စစ်ရေးဆိုင်ရာအဆောက်အဦးမဟုတ်ခဲ့ပဲ ခရစ်ဘာဘုရားကျောင်းတခုသာဖြစ်နေတာကို တွေ့ရပါတယ်။ ဆက်လက်ဖတ်ရှု့ရန် ဖေ့ဘွတ်ခ်လင့်ခ် - https://shorturl.at/GkCDA

ကြိုးပေးသတ်ဖြတ်ခံရတဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ကျဆုံးမှု ၂ နှစ်ပြည့်အဖြစ် ရန်ကုန်ဘူတာကြီးအနီးက စာတမ်းချိတ်ဆွဲမှုမှာ ယခင်နှစ်က ပုံအဟောင်းသာဖြစ်
တွေးပြီးမှယုံ
အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခံရပြီး ကြိုးပေးသတ်ဖြတ်ခံရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ကျဆုံးမှု (၂) နှစ်ပြည့်အဖြစ် ရန်ကုန်မြို့၊ ဘူတာကြီးအနီးက ပန်းဆိုးတန်းခုံးကျော်တံတားပေါ်မှာ စာတမ်းချိတ်ဆွဲလှုပ်ရှားခဲ့တဲ့ဓါတ်ပုံတွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတချို့ကနေ ဖော်ပြခဲ့ပါတယ်။ ဆက်လက်ဖတ်ရှု့ရန် - https://shorturl.at/7LF6A

စစ်ကောင်စီကို အစိုးရအဖြစ် ကမ္ဘာက အသိအမှတ်ပြုလိုက်လို့ အိုလံပစ်ပြိုင်ပွဲမှာ မြန်မာကစားသမား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတယ် ဆိုတာ မှန်ရဲ့လား
တွေးပြီးမှယုံ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပနေတဲ့ ၂၀၂၄ ခုနှစ်ရဲ့ အိုလံပစ်အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုပြီးတော့ သွားရောက်ယှဉ်ပြိုင်တဲ့ ကစားသမားတွေ ရှိပါတယ်။ ဒီလို ဝင်ရောက်ယှဉ်ပြိုင်နိုင်တာဟာ အာဏာသိမ်းစစ်တပ်ကို နိုင်ငံ့အစိုးရအဖြစ် ကမ္ဘာက လက်ခံလိုက်ကြောင်းပြတာပဲဆိုပြီး တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေနေပါတယ်။
ဒီသတင်းကို တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ Thazin Oo ကနေ ဇူလိုင်၊ ၂၇ ရက်နေ့က စတင်ဖြန့်ဝေခဲ့ပြီး “နစက အစိုးရလက်ထပ်မှာ မြန်မာနိုင်ငံက အိုလံပစ်ပြိုင်ပွဲတောင် ဝင်ပြိုင်တယ်ဆိုတော့ ဟိုဘက်ရပ်ကွက်က သွေးကျဆေးတွေ ပြေးထားရမယ့်ကိန်း… ကမ္ဘာက နစက အစိုးရကို အသိမှတ်ပြုလို့ အခုလို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။” လို့ ဖော်ပြထားပါတယ်။ ဖြန့်ဝေချက်ဟာဆိုရင် ကြည့်ရှု့သူ ၃၁၇၀၁ ဦး၊ လိုက်ခ်ပေးသူ ၁၀၂၁ ဦးနဲ့ ပြန်လည်မျှဝေသူ ၁၅ ဦးအထိ ရှိထားပါတယ်။ ဆက်လက်ဖတ်ရှု့ရန် - https://shorturl.at/TI0hg

ဗိုလ်အယ်ဆေးဝါးရဲ့ စခန်း ဗုံးကြဲခံရလို့ PDF တွေကို စစ်ကြောရေးလုပ်နေတယ်ဆိုတဲ့ လုပ်ကြံဗွီဒီယိုဖိုင်အတု
တွေးပြီးမှယုံ
ကရင်ပြည်နယ်က Lion Battalion Commando စစ်ကြောင်း - ဗျူဟာမှူးဖြစ်တဲ့ ဗိုလ်အယ်ဆေးဝါးရဲ့ စခန်း ဗုံးကြဲခံရတာနဲ့ ပတ်သက်လို့ ရန်ကုန်ကနေ ရောက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF ရဲဘော်တွေကို စစ်ကြောရေးလုပ်နေတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်တခုကို တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာဖြန့်ဝေနေပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာဆိုရင် တပ်သားတွေကို ချောင်းရေထဲမှာ ဆွဲနှစ်နေပြီးတော့ နာနာကျင်ကျင်အော်ဟစ်သံတွေလည်း ပါဝင်ပါတယ်။
ဒီသတင်းရုပ်သံဖိုင်ကို စစ်တပ်လော်ဘီတယောက်ဖြစ်တဲ့ ဦးအောင်မင်းရဲ့ Myanmar Hard Talk တယ်လီဂရမ်ချန်နယ်ကနေ စတင်ဖြန့်ဝေထားပြီး အခြားတပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ Saw Ka Zaw ကနေ ဇူလိုင်၊ ၃၁ ရက်နေ့မှာ ထပ်ဆင့်ဖော်ပြလာတာဖြစ်ပါတယ်။ ဖြန့်ဝေချက်မှာဆိုရင် ကြည့်ရှု့သူ ၈၇၄၄ ဦး၊ လိုက်ခ် ၁၁၄ ဦးနဲ့ ပြန်လည်မျှဝေသူပေါင်း ၄၆ ဦးအထိရှိထားပါတယ်။
ပြန့်နှံ့လာတဲ့ရုပ်သံဖိုင်နဲ့ ပါတ်သက်လို့ တွေးပြီးမှယုံကနေ ပုံတွေကို ထပ်တူပြုစစ်ဆေးတဲ့ Reverse Image Search ကို အသုံးပြုပြီး အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ လုပ်ကြံဖန်တီးထားတဲ့ ရုပ်သံဖိုင်ဖြစ်ကြောင်းကို တွေ့ခဲ့ရပါတယ်။ ဆက်လက်ဖတ်ရှုရန်- https://m.facebook.com/story.php?story_fbid=pfbid0C9pGWLsV9ZM5ULEVEpUj3qE17o8LEr54ViiTkR3j9AXBxUPRd52T9eJcusjPYamdl&id=100070371245215&mibextid=WC7FNe

Log in or sign up to view
See posts, photos and more on Facebook.
👍2
အင်ဒိုနီးရှားက စစ်သားတွေကို PDF တွေလို့ ပုံဖော်ဖြန့်ဝေနေတဲ့ ဗွီဒီယိုအမှား
တွေးပြီးမှယုံ
မိုးရေထဲမှာ ကခုန်နေတဲ့ စစ်ယူနီဖောင်းဝတ်ထားသူတွေကို ပြည်သူ့ကာကွယ်ရေးတပ် - PDF တပ်ဖွဲ့ဝင်တွေပါဆိုပြီး ပုံဖော်ဖြန့်ဝေမှုတခု ဖေ့ဘွတ်ခ်လူမှုကွန်ရက်မှာ ပြန့်နှံ့နေပါတယ်။ ဒီဗွီဒီယိုဖိုင်ကို Ei Shan နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်တခုကနေ ဇွန်၊ ၁ ရက်နေ့မှာ စတင်ဖြန့်ဝေထားပြီးတော့ လိုက်ခ် - ၂၉၈၀၀, ပြန်လည်မျှဝေသူပေါင်း - ၁၂၀၀ နဲ့ ကြည့်ရှု့သူ ၇၆၁၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။
ဒီရုပ်သံဖိုင်နဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ ဓါတ်ပုံတွေကို ထပ်တူပြုစစ်ဆေးတဲ့ Reverse Image Search ကို အသုံးပြုပြီး စစ်ဆေးခဲ့တဲ့ အခါမှာတော့ ရုပ်သံထဲမှာ ကခုန်နေသူတွေဟာ PDF စစ်သားတွေ မဟုတ်တာကို တွေ့ခဲ့ရပါတယ်။ ဆက်လက်ဖတ်ရှု့ရန် - https://shorturl.at/XTZ0P

မျောက်ကျောက်ရောဂါနဲ့ ပတ်သက်လို့ ဘာတွေ သတိထားကြမလဲ
ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကနေကြေငြာခဲ့တဲ့ မျောက်ကျောက် (Monkeypox) ရောဂါဟာ အခု ၂၀၂၄ ခုနှစ်မှာတော့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေလည်းဖြစ်၊ အကူးအသန်းများတဲ့ နိုင်ငံတွေလည်း ဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ စင်္ကာပူနိုင်ငံတို့အထိပါ ပြန့်နှံ့လာနေပြီဖြစ်ပါတယ်။ ဒီရောဂါဟာ အာဖရိကအလယ်ပိုင်းနဲ့ အနောက်အာဖရိက ဒေသတွေမှာ တွေ့ရလေ့ရှိပြီး ကူးစက်မှုတွေဟာ ဥပရောနိုင်ငံတွေနဲ့ အခုချိန်မှာတော့ အာရှနိုင်ငံတွေအထိ ပြန့်နှံ့လာတာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်တွင်းက ဖြစ်ပွားခဲ့တဲ့ COVID - 19 ကပ်ရောဂါမှာတုန်းကလည်း မြန်မာနိုင်ငံကို လှိုင်းအကျော့ကျော့နဲ့ ရိုက်ခတ်ခဲ့သလို လူသေဆုံးပျက်ဆီးတာတွေ များပြားခဲ့ပြီး ဒီရောဂါကို အခြေခံတဲ့ သတင်းတု/ မှားတွေနဲ့ ကုသပုံအမှားတွေလည်း အများအပြား ပြန့်နှံ့ခဲ့ပါတယ်။ ဒါကြောင့်မို့ တွေးပြီးမှယုံအနေနဲ့ မျောက်ကျောက်ရောဂါ နဲ့ ပတ်သက်လို့ သတိထားဆင်ခြင်နိုင်စရာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ဆက်လက်ဖတ်ရှု့ရန် - https://shorturl.at/V7bRj

👍3
ရခိုင်ပြည်မှာ မျောက်ကျောက်ရောဂါ ပြန့်နေတယ်လို့ တပ်ဝါဒဖြန့်ချန်နယ်တွေ သတင်းတုဖြန့်နေ
တွေးပြီးမှယုံ
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ မျောက်ကျောက်ရောဂါ (Monkeypox) ပြန့်နှံ့နေတယ်ဆိုတဲ့ သတင်းတခုဟာ အရေပြားရောဂါခံစားနေရတဲ့ ကလေးငယ်တွေရဲ့ ပုံတွေနဲ့အတူ ပြန့်နှံ့နေပါတယ်။
ဒီသတင်းကို အာဏာသိမ်းစစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ Sandi Myint Aung နာမည်နဲ့ ချန်နယ်ကနေ ဩဂုတ် ၂၅ ရက်နေ့မှာ စတင်ဖြန့်ဝေထားပါတယ်။ Subscriber ၁၀၅၇၇ ဦးအထိ ရှိထားတဲ့ ဒီချန်နယ်ရဲ့ ဖြန့်ဝေချက်မှာဆိုရင် ကြည့်ရှု့သူ ၂၇၁၄ ဦး၊ လိုက်ခ်ပြုလုပ်သူ ၅၄ ဦးနဲ့ ပြန်လည်မျှဝေသူ ၃ ဦးရှိထားပါတယ်။
တွေးပြီးမှယုံ အနေနဲ့ ပြန့်နှံ့လာတဲ့ သတင်းဓါတ်ပုံတွေမှာ အမှတ်အသား ပါဝင်ထားတဲ့ နေရဥ္ဇရာ သတင်းဌာနရဲ့ ဖော်ပြချက်နဲ့ တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာတော့ သတင်းတု တခုသာဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ဆက်လက်ဖတ်ရှုရန်- https://www.facebook.com/share/p/GdEr2yA62oWjb31D/?mibextid=WC7FNe

ရေဘေးသင့် ကူညီသူတွေကို PDF တွေက ဂိတ်ကြေးတောင်းလို့ လှည့်ပြန်ရတယ်ဆိုတဲ့ သတင်းတု
တွေးပြီးမှယုံ
ရေးဘေးသင့်ဒုက္ခသည်တွေကို ကူညီဖို့သွားနေတဲ့ အလှူရှင်တွေရဲ့ကားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF တွေက ဂိတ်ကြေးတောင်းလို့လှည့်ပြန်နေရပါတယ်ဆိုပြီး ဖြန့်ဝေချက်တခုကို အာဏာသိမ်း စစ်တပ် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေနေကြပါတယ်။
စက်တင်ဘာ၊ ၁၈ ရက်နေ့က ပြန့်နှံ့ခဲ့တဲ့ ဒီရုပ်သံဖိုင်ကို တပ်ဝါဒဖြန့် နာမည်ကြီး တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ ဟန်ငြိမ်းဦး ရဲ့ Ka Ka Han ကနေ ဖြန့်ဝေလာတာကို တွေ့ရပြီးတော့ တခြားချန်နယ်တွေမှာလည်း ထပ်ဆင့် ဖြန့်ဝေနေကြပါတယ်။ ဖြန့်ဝေချက်မှာဆိုရင် ကြည့်ရှု့သူ ၄၀၉၉ ဦးနဲ့ လိုက်ခ် ၁၁၀ ရှိပါတယ်။ ဆက်လက်ဖတ်ရှု့ရန် - https://shorturl.at/XGaAT

ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးက စစ်မှုထမ်းဥပဒေကို ထောက်ခံကြောင်း ပြောခဲ့တယ်လို့ သတင်းတုဖြန့်
တွေးပြီးမှယုံ
အကယ်ဒမီ ၅ ကြိမ်တိုင်ရရှိထားတဲ့ သရုပ်ဆောင်ပြေတီဦးက အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကို ထောက်ခံကြောင်း ပြောခဲ့တယ်ဆိုတဲ့ သတင်းရုပ်သံဖိုင်တခုဟာ ပြေတီဦး အင်တာဗျူးဖြေနေတဲ့ဓါတ်ပုံနဲ့အတူ ပြန့်နှံ့နေပါတယ်။
ဒီသတင်းရုပ်သံဖြန့်ဝေချက်ကို Myanmar Channel နာမည်နဲ့ ဖေ့ဘွတ်ခ်ပေ့ချ်တခုကနေ ဖြန့်ဝေလာတာကိုတွေ့ရပြီး “နိုင်ငံတော်က လုပ်သင့်လုပ်ထိုက်တာ လုပ်တာပါပဲ ကောင်းပါတယ် ကျေနပ်မိပါတယ် ဆိုတဲ့ ပြေတီဦး” ဆိုတဲ့ စာအညွှန်းနဲ့အတူ ရုပ်သံဖိုင်ကို ဝင်ရောက်ကြည့်ရှု့ဖို့ လင့်ခ်တခုပါဝင်ပါတယ်။ ဖြန့်ဝေချက်ဟာဆိုရင် လိုက်ခ် ၇၃၈၉ နဲ့ ပြန်လည်မျှဝေသူပေါင်း ၁၉၅ ဦး အထိရှိနေပါတယ်။ ဆက်လက်ဖတ်ရှု့ရန်လင့်ခ် - https://shorturl.at/fpdpI

❤3👍2
ကျိုက်ထီးရိုးတောင်ပေါ်ကို PDF တွေရောက်နေတယ်ဆိုတဲ့ ရုပ်သံဖိုင်
တွေးပြီးမှယုံ
ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်တွေ ကျိုက်ထီးရိုးတောင်ပေါ်မှာ ဘုရားဖူးနေတယ်ဆိုတဲ့ ရုပ်သံဖိုင်တခု ဖေ့ဘွတ်ခ်လူမှုကွန်ယက်မီဒီယာမှာ ပြန်နှံ့နေပါတယ်။ ရုပ်သံဖိုင်ထဲမှာဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ PDF တပ်ဖွဲ့ဝင် ဘက်တံဆိပ်တွေကပ်ထားတဲ့ ယူနီဖောင်းဝတ်လူငယ်တွေ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီနဲ့ ပုံစံတူ ဘုရားတဆူကို ဖူးမျှော်နေတဲ့ ပုံရိပ်တွေပါဝင်ပါတယ်။ Link - https://shorturl.at/VNtRG

ရန်ကုန် - ပုသိမ်ကားလမ်း ပိတ်လိုက်ပြီဆိုတဲ့ သတင်းတု
တွေးပြီးမှယုံ
အာရက္ခတပ်တော် (AA) ကနေ အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် တောင်ကုတ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ရှုံးခဲ့တဲ့ စစ်ကောင်စီက ဧရာဝတီတိုင်းမှာ ခံစစ်တွေပြင်နေတယ်လို့ သတင်းထွက်ပေါ်လာပြီးနောက်ပိုင်း ရန်ကုန် - ပုသိမ်ကားလမ်းပိတ်ချတယ်ဆိုတဲ့ သတင်းတခုထွက်ပေါ်လာပါတယ်။
သတင်းကို ဒီဇင်ဘာ၊ ၂၁ ရက်နေ့က Mingalar Taung Nyunt Information နာမည်နဲ့ ဖေ့ဘွတ်ခ်ပေ့ချ်ကနေ ဖြန့်ဝေခဲ့တာကို တွေ့ရပြီးတော့ အခုချိန်မှာတော့ ပြန်လည်ဖယ်ရှားခဲ့တာကိုတွေ့ရပါတယ်။ သို့သော် ဒီဖြန့်ဝေချက်ကိုပဲ ထပ်ဆင့်ကူးယူဖော်ပြသူတွေအများအပြား ရှိခဲ့ပြီး ဆက်လက်ပြန့်နှံ့နေဆဲဖြစ်ပါတယ်။
တွေးပြီးမှယုံအနေနဲ့ ဒီသတင်းနဲ့ ပတ်သက်လို့ အချက်အလက်စစ်ဆေးခဲ့ရာမှာ ရန်ကုန် - ပုသိမ် ကားလမ်းပိတ်ချတယ်ဆိုတာ ကောလဟလ သတင်းတခုသာဖြစ်နေတာကို တွေ့ရပါတယ်။ ဆက်လက်ဖတ်ရှုရန် Fb Link=> https://shorturl.at/e09F6

ရခိုင်ပြည်မှတ်ပုံတင် ကိုင်ဆောင်ခရီးသွားသူတွေကို ဖမ်းမယ်ဆိုပြီး JJ Express က သတိပေးချက်ထုတ်တယ်ဆိုတဲ့ သတင်းတု
တွေးပြီးမှယုံ
အာရက္ခတပ်တော် (AA) က အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် တောင်ကုတ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်မှာတော့ ရခိုင်လူမျိုးစုတွေနဲ့ ပတ်သက်ပြီး လူမျိုးရေးအခြေခံတဲ့ အမုန်းစကားတွေနဲ့ သတင်းတွေမျိုးစုံ ထွက်ပေါ်လာနေပါတယ်။ ဆက်လက်ဖတ်ရှု့ရန် - https://shorturl.at/WEqg3

လော့အိန်ဂျလိစ့် မီးလောင်မှုမှာ ဖန်ဆင်းရှင်ကို ယုံကြည်သူရဲ့ နေအိမ်သာ မီးမလောင်ပဲ ကျန်ခဲ့တဲ့ ဆိုတဲ့ ဓါတ်ပုံအမှား
တွေးပြီးမှယုံ
အမေရိကန်ပြည်ထောင်စု၊ လော့အိန်ဂျလိစ့်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တောမီးလောင်မှုဖြစ်စဉ်ထဲမှာ မီးကွင်းခဲ့တဲ့ နေအိမ် တအိမ်ပါဆိုပြီး ဘာသာရေးဆိုင်ရာအကြောင်းအရာတွေနဲ့အတူ ဖြန့်ဝေချက်ဓါတ်ပုံတခုပြန့်နှံ့နေပါတယ်။
ဒီဖြန့်ဝေချက်ကို ဘဝအတွက် ခွန်အားဖြစ်သော ဗဟုသုတ စာပေများ နာမည်နဲ့ ဖေ့ဘွတ်ခ် ဂရုတခုကနေပြန်နှံ့လာတာကိုတွေ့ရပြီး တခြားနေရာတွေမှာလည်း မတူညီတဲ့တခြား ဘာသာရေးဆိုင်ရာ အကြောင်းအရာတွေနဲ့ တွဲပြီး ဆက်လက်ပြန်နှံ့နေပါတယ်။
ပြန့်နှံ့လာတဲ့ ဓါတ်ပုံနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ Google Reverse Search ကို အသုံးပြုပြီး အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ ဖြန့်ဝေထားသလိုမျိုး ၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလက အမေရိကန်ပြည်ထောင်စု၊ လော့အိန်ဂျလိစ့်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တောမီးလောင်တဲ့ ဖြစ်စဉ်က ဓါတ်ပုံမဟုတ်ခဲ့ပဲ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လက အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီကျွန်း၊ Lahaina မြို့မှာ ဖြစ်ခဲ့တဲ့ တောမီးလောင်မှုက မှတ်တမ်းဓါတ်ပုံသာဖြစ်နေပါတယ်။
ဆက်လက်ဖတ်ရှုရန်- https://www.facebook.com/share/p/19utR9Nor1/?mibextid=wwXIfr

ရက္ခိုင်ပြည်၊ မောင်တောမှာ ARSA က AA အဖွဲ့ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေတယ်ဆိုတဲ့ ဓာတ်ပုံအမှား
တွေးပြီးမှယုံ
ရက္ခိုင်ပြည်၊ မောင်တောမြို့ကို အာရကန်ရိုဟင်ဂျာကယ်ဆယ်ရေးတပ် - ARSA အဖွဲ့ကနေ အာရက္ခတပ်တော် - AA အဖွဲ့ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နေတယ်ဆိုပြီး သတင်းဓါတ်ပုံတပုံ ပြန့်နှံ့နေပါတယ်။
ဒီသတင်းကို Thazin Chay နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်တခုကနေ ဒီနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့က ရေးသားဖြန့်ဝေထားပါတယ်။ ရေးသားချက်ထဲမှာဆိုရင် “မောင်တောမြို့မှာရှိတဲ့ AA သူပုန်တွေနဲ့ AA အားပေးတွေနေထိုင်မှုများတဲ့ ရပ်ကွက်တွေထဲကို ARSA မဆလအဖွဲ့ (မူရင်းအရေးအသား) ကအင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေကျူးကျော်မှု၊ စိုးမှုတွေရှိနေကြောင်း ဓာတ်ပုံနဲ့တကွ ရေးသားဖြန့်ဝေထားပါတယ်။ သတင်းကို လိုက်ခ်၊ ရီရက်ပြုလုပ်သူ ၁၆၉ ယောက်နဲ့ ပြန်လည်မျှဝေသူ ၁၁၁ ယောက်ရှိနေပြီဖြစ်ပါတယ်။
သတင်းမှာပါတဲ့ ပုံကို တွေးပြီးမှယုံကနေ ဓာတ်ပုံစစ်ဆေးတဲ့အခါအသုံးပြုတဲ့ Reverse Image Search နဲ့စစ်ဆေးကြည့်ရာမှာတော့ ပုံမှာ ရခိုင်ပြည်နယ်၊ မောင်တောမှာဖြစ်ပွားနေတဲ့ပုံမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်ကပုံသာဖြစ်နေပါတယ်။
ဆက်လက်ဖတ်ရှုရန်- https://shorturl.at/Ky277