တွေးပြီးမှယုံ - Think Before You Trust
349 subscribers
115 photos
113 links
သတင်းမှားများ မပြန့်နှံ့ဖို့ စစ်ဆေးပြီးမှ မျှဝေစို့။
Download Telegram
ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတော်အေးချမ်းအောင်ပြန်လုပ်ပေးပါက စွဲချက်တင်ထားတဲ့ အမှုအချို့ကို ပြန်ရုတ်သိမ်းမယ်လို့ ဗိုလ်ချုပ်​ဇော်မင်းထွန်း ​ပြောခဲ့လား ?

တွေးပြီးမှယုံ

ဒေါ်​အောင်ဆန်းစုကြည်က နိုင်ငံ​တော် ငြိမ်းချမ်း​အောင်လုပ်​ပေးပါက အမှု ၁၇ ခုမှ ၇ ခုကို ပြန်ရုတ်သိမ်း​ပေးမယ်လို့ အာဏာသိမ်းစစ်တပ်​ပြောခွင့်ရ ဗိုလ်ချုပ်​ဇော်မင်းထွန်း က ​​ပြောတယ်ဆိုတဲ့ သတင်းတုတခုပြန့်နှံ့​နေပါတယ်။

ဒီဇင်ဘာ ၁၅ရက်နေ့က Revolution News ဆိုတဲ့ Page ကနေ “ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်ငြိမ်းချမ်းအောင်ပြန်လုပ်ပေးပါက စွဲချက်တင်ထားသည့်အမှု ၁၇ခုမှ ၇ခုကို ပြန်ရုတ်သိမ်းပေးမည်၊ နိုင်ငံတော် အေးချမ်းအောင် ပြန်လုပ်ပေးခြင်းသည် ကုသိုလ်လည်းရပါသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား” ဆိုပြီး တင်ထားခဲ့တာကိုတွေ့ရှိခဲ့ပါတယ်။ သတင်းတုမှာ ကြိုက်နှစ်သက်သူ ၄၆၀၀ကျော်ရှိနဲ့ ပြန်လည်မျှဝေသူပေါင်း ၂၂၄၆ ယောက်ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး တွေးပြီးမှယုံကနေ စစ်ဆေးကြည့်ရာမှာ​တော့ ​….

ဆက်လက်ဖတ်ရှုရန်👇🏻👇🏻👇🏻

Fb link=> https://www.facebook.com/598185483714847/posts/1811735739026476/?d=n

#thinkbeforeyoutrust
#factcheck
👍1
ပုံတလွဲသုံးခံ​နေရတဲ့ ကယားစစ်​ဘေး​ရှောင်များ အစုလိုက်အပြုံလိုက် အသတ်ခံရမှု

​တွေးပြီးမှယုံ

ကရင်နီပြည်(ကယားပြည်နယ်) မှ စစ်​ဘေး​ရှောင်​တွေကို အာဏာသိမ်းစစ်တပ် မှ သတ်ဖြတ်ခဲ့တာ​ကြောင့် အမျိုးသမီး​တွေနဲ့ က​လေး၊ သူငယ်​တွေအပါအဝင် လူ (၃၈) ​ဦးထက်မနည်း ​သေဆုံးခဲ့ရပါတယ်။ ဒါနဲ့ မ​​ရှေးမ​​နှောင်းမှာပဲ ကားတစီး​ပေါ်မှာ က​လေးငယ်​တွေ အပါအဝင် တင်​ဆောင်ထားတဲ့ ပုံတပုံနဲ့ ကယားပြည်နယ်က ဖြစ်စဥ်က ပုံ​တွေကို တွဲလျက်​ဖော်ပြလာကြပြီး သတ်ဖြတ်ခံရသူ​တွေပါလို့ ဖြန့်​ဝေလာကြပါတယ်။ ဖြန့်​ဝေမှု​တွေထဲမှာ သတင်းမီဒီယာတချို့လည်း ပါဝင်ခဲ့ပါတယ်။
အပြည့်အစုံဖတ်ရန်👇
https://www.facebook.com/598185483714847/posts/1818557901677593/
လင်းက​တော့ ရဲစခန်းကို အာဏာသိမ်းစစ်တပ်က ပြန်သိမ်းခဲ့ရာမှာ PDF အဖွဲ့ဝင် ရာဂဏန်း ​သေဆုံးတယ်ဆိုတဲ့ ​သတင်းတု

​တွေးပြီးမှယုံ

ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ - မြိုင် (PDF- Myaing) က စီးနင်းသိမ်းပိုက်နိုင်ခဲ့တဲ့ လင်းက​တော့ ရဲစခန်း ကို အာဏာသိမ်းစစ်တပ်က​နေ ပြန်လည်သိမ်းစီးနိုင်ခဲ့ရာမှာ PDF ​တွေ ရာ​ကျော် ​သေဆုံးခဲ့တယ်လို့ စစ်တပ်​ထောက်ခံတဲ့ ​ဖေ့ဘွတ်ခ်​​အ​ကောင့်​တွေမှာ ဖြန့်​ဝေ​နေကြပါတယ်။

ဒီသတင်းကို Aung Naing Thu နာမည်နဲ့ ​ဖေ့ဘွတ်ခ်အ​ကောင့်က​နေ စတင်ဖြန့်​ဝေခဲ့ပြီး​တော့ မျိုးချစ်ဇာမဏိ ဆိုသူကို သတင်းရင်းမြစ်အဖြစ် ရည်ညွှန်းထားပါတယ်။
အပြည့်အစုံဖတ်ရန်👇
https://www.facebook.com/598185483714847/posts/1845953082271408/
စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှု​ကြောင့် ကလေးမြို့မှ ကျောင်းဆရာမတစ်ဦး ​သေဆုံးခြင်းကို PDF လက်ချက်ဟု သတင်းတုဖြန့်နေ

ချင်းပြည်နယ်၊ က​လေးမြို့က ​ကျောင်းဆရာမ တ​ယောက်ကို ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် - PDF အဖွဲ့ဝင်​တွေက ပစ်သတ်ခဲ့တာ​ကြောင့် ​သေဆုံးခဲ့တယ်လို့ သတင်းတု တခုပြန့်နှံ့နေပါတယ်။

သတင်းတုရဲ့ ရေးသားချက်မှာဆိုရင် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ အလယ်တန်းကျောင်းဆရာမ ဒေါ်ရီရီခိုင် အသက် (၄၂) က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ PDF အကြမ်းဖက်သမားတွေရဲ့ သေနတ်နှင့် လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးသွားတဲ့အကြောင်း ဒေသခံအရင်းအဖြစ်ထံက သိရှိရတယ်လို့ ဖော်ပြထားပါတယ်။ ဒီသတင်းကို Like & react ပြုလုပ်သူ ၇၃၇ ယောက်နဲ့ ပြန်လည်မျှဝေသူပေါင်း ၁၇၉ ယောက်ရှိနေပါပြီ။ ဒီသတင်းကိုပဲ ထပ်ဆင့်ကူးယူဖော်ပြပြီး ဖြန့်​ဝေ​နေတဲ့ သူတွေလည်း အများအပြား ရှိနေပါတယ်။

ဆက်လက်ဖတ်ရှုရန် 👇👇👇
https://www.facebook.com/598185483714847/posts/1846736478859735/
အိုမီခရွှန်နဲ့ ပတ်သက်လို့ ​ဆောင်ရန်၊ ​ရှောင်ရန် ဆိုပြီး အသက်အန္တရာယ်ပါထိခိုက်နိုင်တဲ့ အချက်အလက်မှားများပြန့်​နေ

တွေးပြီးမှယုံ

ကူးစက်မှုနှုန်း သိသိသာသာမြင့်တက်လာတဲ့ အိုမီခရွှန်နဲ့ ပတ်သက်လို့ ​​ဆေးနည်းအမှား​တွေဟာ ​ဖေ့ဘွတ်ခ်မှာ တဟုန်ထိုးပြန့်နှံ့​နေပါတယ်။

ဒီသတင်းကို ​ဒေါက်တာသစ်လွင်ဆိုတဲ့ ရင်းမြစ်တခုကို ကိုးကား​ဖော်ပြထားတာဖြစ်ပြီး ​ဖြန့်​ဝေသူ​တွေထဲမှာ Ei Tone နာမည်နဲ့ အ​ကောင့်တခုဆီက​နေ ပြန်လည်ဖြန့်​ဝေသူ ၃၀၀၀ ​ကျော်ရှိသည်အထိ အများဆုံး​တွေ့ရပါတယ်။ အခုချိန်မှာတော့ ဖြန့်ဝေထားခဲ့တဲ့ Ei Tone နာမည်နဲ့ အ​ကောင့်က ပြန်လည်ဖြုတ်ချသွားခဲ့ပေမဲ့ ထပ်ဆင့်ကူးယူဖော်ပြသူအများအပြားရှိနေပါသေးတယ်။

ပြန့်နှံ့​နေတဲ့ သတင်းမှာဆိုရင် ငှက်သိုက်၊ ဖရဲသီး၊ သခွားသီး၊ အုန်းရည်၊ စွပ်ပြုတ် တို့ မစားရ က​နေစလို့ ၄ နာရီတိုင်း ဗိုက်တာမင်ဒီ ၂၀၀၀ ​သောက်ပါ စသဖြင့်​ ညွှန်းထားပါတယ်။ ဒါ့အပြင် ဘယ်​လို​နေရထိုင်ရမယ်ဆိုတာ​တွေလည်း ဆက်လက်​ဖော်ပြထားပါ​သေးတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ​တွေးပြီးမှယုံက​နေ အချက်အလက်စစ်​ဆေးရာမှာတော့…

ဆက်လတ်ဖတ်ရှုရန်=> https://www.facebook.com/598185483714847/posts/1849075721959144/?d=n
👍1
ဇန်နဝါရီလအတွင်း‌ တွေ့ရှိရသည့် သတင်းတု/မှားများ စုစည်းဖော်ပြချက်

ဇန်နဝါရီလအတွင်း တွေးပြီးမှယုံမှ သတင်းတု/မှား ၆ ပုဒ်အား တုန့်ပြန်ဖြေရှင်းခဲ့သည်။ သတင်းတုများမှာ အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တွေ့ဆုံဆွေးနွေးရေးကို လမ်းကြောင်းသည့် သတင်းတု၊ ဖြစ်စဉ်နှင့် ဓါတ်ပုံတလွဲများကို အသုံးပြုပြီး တော်လှန်ရေးအင်အားစုများအား ပုံဖျက်သည့် သတင်းတုများနှင့် အသံတိတ်သပိတ်လို အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုအား အင်အားလျော့နည်းရန်နှင့် ပျက်ပြယ်စေရန် ရည်ရွယ်သည့် သတင်းများကို တွေ့ရှိရသည်။ သတင်းတုအများစုကို အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဖေ့ဘွတ်ခ်အကောင့်၊ ဂရုများနှင့် ပေ့ချ်များမှ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ အသံတိတ်သပိတ်အား အားလျော့စေရန် လှုံ့ဆော်မှုများသည် ယခင် အသံတိတ်သပိတ်ဖြစ်စဉ်မတိုင်ခင်တွင်လည်း အလားတူဖြန့်ဝေခဲ့ခြင်းရှိသည်။

ဆက်လက်ဖတ်ရှု့ရန် - https://thinkbeforeyoutrust.com/2022/02/16/jan_fakenews/(opens in a new tab)
👍1
ပျက်ကျသွားတဲ့ စစ်တပ်တိုက်​လေယာဥ် ပုံအလွဲပြန့်​နေ

တွေးပြီးမှယုံ

စစ်ကိုင်းတိုင်း၊ အုန်း​တော်​ကျေးရွာ၊ ရေမျက်ကြီးအင်းထဲ စစ်ကောင်စီရဲ့ တိုက်လေယာဉ် ပျက်ကျခဲ့တဲ့ ဓါတ်ပုံအလွဲ​တွေကို ပြန်သုံးပြီး သတင်းဖြန့်​ဝေတာ​တွေ ရှိ​နေပါတယ်။

အခုသတင်းမှာဆိုရင် ပျက်ကျထားတဲ့ ​လေယာဥ်ရဲ့အမြီးပိုင်းနံပါတ် ၁၆၄၈ ဆိုတဲ့ ပုံကိုတင်ထားပြီး စစ်ကိုင်းတိုင်း၊ အုံး​တောရွာ၊ ​ရေမြက်ကြီးအင်းအနီးပျက်ကျခဲ့တဲ့ စကစ တိုက်​လေယာဥ်လို့ ​ဖော်ပြ​နေပါတယ်။ Like & react ၁ ထောင်ကျော်ရရှိထားပြီး ပြန်လည်မျှဝေသူပေါင်း ၁၅၂ ယောက်ရှိနေပြီဖြစ်ပါတယ်။

ဒီဓါတ်ပုံအလွဲဟာ ၂၀၁၈၊ ဧပြီ၊ ၃ က တောင်ငူလေတပ် စခန်းဌာနချုပ်က လေ့ကျင့်ပျံသန်းနေတဲ့ ဖက်ဖ်-၇ လေယာဉ်တစ်စီး ပျက်ကျတုန်းကပုံကို ယူသုံးထားတာဖြစ်ပါတယ်။ ​အောက်ကလင်ခ့်မှာသွားရောက် ကြည့်ရှုလို့ရပါတယ်။ ဒါ့ကြောင့် ပုံအလွဲသုံးပြီး သတင်းဖြန့်ထားကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

https://www.rfa.org/burmese/news/f7-crashes-04032018062437.html
ဆက်လက်ဖတ်ရှုရန်=> https://www.facebook.com/598185483714847/posts/1856115577921825/?d=n
ပုလဲမြို့နယ်ထဲက ကျေးရွာတွေကို PDF တွေဝင်ပြီး အိမ်တွေမီးရှို့ခဲ့တယ် ဆိုပြီး လုပ်ကြံသတင်းတုဖြန့်

တွေးပြီးမှယုံ

အာဏာသိမ်းစစ်တပ်နဲ့ ပျူ​စောထီးတပ်​တွေရဲ့ စခန်း ရှင်းလင်းခံရတဲ့ ဗွီဒီယိုဖိုင်ကို တင်ပြီး ပုလဲမြို့နယ်က ​ကျေးရွာ​တွေကို ပြည်သူ့ကာကွယ်​ရေးတပ်(PDF) က​နေ မီးရှို့ဖျက်ဆီး​နေတယ်ဆိုပြီး လုပ်ကြံသတင်းတု တခု ပြန့်နှံ့​နေပါတယ်။

ဖေဖော်ဝါရီ၊ ၁၆ မှာ Nayye Linnoo အမည်ရှိတဲ့ အကောင့်တခုက “ ပုလဲမြို့နယ်တွင် အကြမ်းဖက် PDF များမှ ကျေးရွာများအတွင်းသို့ ဝင်ရောက်ကာ အပြစ်မဲ့ ပြည်သူများအားသတ်ဖြတ်ခဲ့ပြီး အိမ်များကို မီူရှို့ခဲ့သည့်ရုပ်သံ” ဆိုပြီး တင်ထားတာတွေ့ရပါတယ်။ ဒီ ဗွီဒီယိုဖိုင်ကို ကြည့်ရှုသူပေါင်း ၁၃၀၀ ကျော်၊ Like & react ပြုလုပ်သူ ၁၇၈ ယောက်နဲ့ ပြန်လည်မျှဝေသူပေါင်း ၁၇၄ ယောက် ရှိနေပြီဖြစ်ပါတယ်။

ဒီသတင်းဗွီဒီယိုဖိုင်ကို တွေးပြီးမှယုံက​နေ စစ်ဆေးကြည့်ရာမှာတော့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်စခန်းဝင် ဝင်ရောက်သိမ်းပိုက်ထားတဲ့ ဗွီဒီယိုဖိုင်သာ ဖြစ်​နေတာကို ​တွေ့ခဲ့ရပါတယ်။

ဆက်လက်ဖတ်ရှုရန် => https://www.facebook.com/598185483714847/posts/1856304454569604/?d=n
ယူကရိန်းပြည်သူ​တွေက မြန်မာနိုင်ငံကို ​ထောက်ခံ​ကြောင်း ​ဖော်ပြကြတယ်ဆိုပြီး လုပ်ကြံထားတဲ့ ပုံများ

​တွေးပြီးမှယုံ

ယူကရိန်းပြည်သူ​တွေဟာ ကျူး​ကျော်ဝင်​ရောက်လာတဲ့ ရုရှား အစိုးရကို ဆန္ဒပြရင်း မြန်မာနိုင်ငံကိုလည်း ကူညီ​ပေးဖို့ရာ လှုံ့​ဆော်ခဲ့ကြတယ်ဆိုတဲ့ ဖန်တီးပြုပြင်ထားတဲ့ ပုံ​တွေဟာ ပြန့်​နှံ့​နေပါတယ်။

ဒီပုံ​တွေကို ဒီ​နေ့(၂၈.၂.၂၀၂၂)မှာ Mother Su Fan ဆိုတဲ့ ​​ပေ့ချ်က​နေ ဖြန့်​ဝေလာတာ ​တွေ့ရပြီး ပြန်လည်မျှ​ဝေသူ​ပေါင်း ၄၅၆ ဦးအထိ ရှိ​နေပြီဖြစ်ပါတယ်။ ဒါအပြင့် ဒီပုံ​တွေကိုပဲ ထပ်ဆင့်ကူးယူ​ဖော်ပြသူ​တွေလည်း အများအပြား ရှိ​နေပါတယ်။ ဖြန့်​ဝေလာတဲ့ သတင်းဓါတ်ပုံ​တွေမှာဆိုရင် "Save Ukraine, Save Myanamr" "We pray again for Myanmar, which has supported Ukraine" စသဖြင့် စာသား​တွေ ကိုင်​ဆောင် ဆန္ဒပြ​နေတဲ့ ပုံ​တွေ​နဲ့အတူ မြန်မာ၊ ယူကရိန်း၊ အဂ်လိပ်လို ​ရေးသားထားတဲ့ စာညွှန်း​တွေလည်း ပါဝင်ပါတယ်။

ဆက်လက်ဖတ်ရှု့ရန် => https://www.facebook.com/598185483714847/posts/1864690513730998/
👍10😱1
AA ကိုနိုင်ငံတကာက အရေးယူပေးဖို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်တယ်ဆိုတဲ့ ကြေညာချက်အတု

တွေးပြီးမှယုံ

ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာလူမျိုးစုတွေကို လူအခွင့်အရေးအချိုးဖောက်ပြီး ရာဇဝတ်မှုကျူးလွန်နေတဲ့ အာရက္ခတပ်တော် - ULA/ AA ကို နိုင်ငံတကာအနေနဲ့ အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကနေ ထုတ်ပြန်လိုက်တယ်ဆိုတဲ့ ကြေငြာချက်တခု တယ်လီဂရန်ချန်နယ်တွေကနေ ပြန့်နှံ့လာခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်ကို အာဏာသိမ်းစစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တခုဖြစ်တဲ့ Ko Thet ကနေ စတင်ဖြန့်ဝေခဲ့ပြီး “ဘင်ကိုထိရင် NLD ဖြစ်ဖြစ်၊ NUG ဖြစ်ဖြစ် ဘယ်သူ့မှ သည်းငြီးမခံဘူးဆိုတဲ့ AA သူပုန်သိသင့်တယ်ဆိုပြီး” (မူရင်းအရေးအသား) အတိုင်း စာညွှန်းရေးထားပြီးတော့ ထုတ်ပြန်ချက်မှာဆိုရင် AA အဖွဲ့ဟာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေကြောင်းနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေလို့ဆိုတဲ့ စွပ်စွဲချက်တွေ ပါဝင်ပါတယ်။ Subscribers 117,648 ဦးရှိထားတဲ့ Ko Thet ချန်နယ်ရဲ့ ဒီဖြန့်ဝေမှုမှာဆိုရင် လိုက်ခ် ၃၃၇, ကြည့်ရှု့သူ ၅၈၈၂၄ ဦးနှင့် ပြန်လည်မျှဝေသူ ၅၂ ဦးအထိ ရှိထားပါတယ်။

ဒီသတင်းကို အတည်ပြုဖို့ရာ တွေးပြီးမှယုံ အနေနဲ့ NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာတော့ ထုတ်ပြန်ချက်ဟာ အတုတခုသာဖြစ်တယ်လို့ မေ၊ ၂၃ ရက်နေ့ကပဲ ပြန်လည်ရှင်းလင်းထားတာကို တွေ့ခဲ့ရပါတယ်။ အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
https://shorturl.at/9VePo

အလားတူပဲလူ့အခွင့်ရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးဖြစ်သူ ဦးအောင်မျိုးမင်းရဲ့ ဖေ့ဘွတ်ခ်အကောင့်မှာဆိုရင်လည်း ဒီထွက်ပေါ်လာနေတဲ့ထုတ်ပြန်ချက်ဟာ အတုသာဖြစ်ပါတယ်လို့ပြန်လည်တုန့်ပြန်ထားတာကို အောက်ကလင့်ခ်မှာ သွားရောက်ဖတ်ရှု့နိုင်ပါတယ်။
https://shorturl.at/YQ5KM

Fb link- https://www.facebook.com/share/Eddj97GMx7LUrCbC/?mibextid=WC7FNe
👍1
ချင်း PDF တွေမီးရှို့မှုကြောင့်ပျက်စီးခဲ့ရတဲ့ တီးတိန်မြို့ဆိုပြီးသတင်းမှားဖြန့်

တွေးပြီးမှယုံ

ချင်းပြည်နယ် မြောက်ပိုင်း၊ တီးတိန်မြို့မှာ မေလ ၂၆ ရက်နေ့ည ၁၁ နာရီဝန်းကျင်မှစပြီး တီးတိန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကနေ မေလ ၂၇ ရက်နေ့ မြို့မရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (နတလ) ရုံးနဲ့ ဆက်သွယ်ရေးရုံးတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း PDF- Zoland ကသတင်းထုတ်ပြန်ထားပါတယ်။

ဒီသတင်းထုတ်ပြန်ပြီး မရှေးမနှောင်းမှာတော့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်အကောင့်တွေကနေ ချင်း PDF တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်ပျက်စီးခဲ့ရတဲ့ တီးတိန်မြို့ရဲ့မြင်ကွင်းဆိုပြီး ပုံတွေနဲ့တကွ ရေးသားဖြန့်ဝေနေတာတွေ့ရပါတယ်။ U Aung Kyaw Myat နံမည်နဲ့ အကောင့်ကနေ မေလ ၂၈ ရက်နေ့က ပျက်စီးသွားတဲ့ ထန်တလန် နဲ့ တီးတိန်မြို့ကို ချင်း PDF များမှ ဖျက်ဆီးနေပါတယ်လို့ စွပ်စွဲဖြန့်ဝေထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး တွေးပြီးမှယုံက အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ မေ၊ ၂၆ ရက်နေ့ကစလို့ တီးတိန်မြို့ကို ချင်းညီနောင်တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပြီး အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ကနေ မီးတင်ရှို့နေတာသာ ဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေနဲ့ နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြထားတာကို တွေ့ခဲ့ရပါတယ်။ ဒေသတွင်း မီဒီယာတခုဖြစ်တဲ့ Zalen ရဲ့ ဖော်ပြချက်မှာဆိုရင်လည်း အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းဓါတ်ပုံများနဲ့ တကွဖော်ပြထားပြီး ဒေသခံတဦးနဲ့ မေးမြန်းထားချက်ကိုလည်း ဖော်ပြထားပါတယ်။ ဒီသတင်းကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့လို့ရပါတယ်။
Link - https://shorturl.at/VaiYs

တခြားလွတ်လပ်တဲ့ မီဒီယာတခုဖြစ်တဲ့ Mizzima- News in Burmese ရဲ့ ဖော်ပြချက်မှာဆိုရင်လည်း ဒေသခံတဦးနဲ့ မေးမြန်းထားချက်ကို ဖော်ပြထားပြီး အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးသားထားပါတယ်။
Link - https://shorturl.at/46KH0

အာဏာသိမ်းစစ်တပ်ဟာ မီးရှို့ဖျက်ဆီးမှုတွေကို သူတို့ကိုယ်တိုင်ကျူးလွန်ပြီး တော်လှန်ရေးအင်အားစုများက လုပ်သယောင် စွပ်စွဲပြောဆိုတဲ့ ဇာတ်ကြောင်းတွေနဲ့ သတင်းတု/မှားတွေ ဖြန့်ဝေလေ့ရှိကြပါတယ်။ ဒါတွေဟာ တော်လှန်ရေးကို ထောက်ခံအားပေးတဲ့ ပြည်သူလူထုတွေကို အထင်အမြင်မှားအောင် ဝါဒဖြန့်ရေးသားဖြန့်ဝေတာဖြစ်ပါတယ်။ ဒါ့ကြောင့် သတင်းဓာတ်ပုံတွေနဲ့ ရေးသားတဲ့ သတင်းတွေကို အလွယ်တကူမယုံဖို့အရေးကြီးပါတယ်။ သက်ဆိုင်ရာသတင်းဌာနတွေနဲ့ အဖွဲ့အစည်းတွေကနေ ဖော်ပြထားခြင်းရှိမရှိကို တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ သတင်းစစ်ဆေးဖို့အခက်အခဲရှိရင်လည်း တွေးပြီးမှယုံရဲ့ Chat box မှာလာရောက်မေးမြန်းနိုင်ပါတယ်။

Fb link- https://www.facebook.com/share/p/NrDh4YaK3ozheaxU/?mibextid=WC7FNe
#factcheck
#thinkbeforeyoutrust
NLD နာယက သူရဦးတင်ဦး ကွယ်လွန်ဟု နားရေးကြေငြာဆိုင်းပုဒ် အလွဲနဲ့ ပြန့်နှံ့နေ

တွေးပြီးမှယုံ

ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာ ရက်ရှည်ဆေးကုသနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ - NLD ရဲ့ နာယကဖြစ်သူ သူရဦးတင်ဦးဟာ ဒီနေ့ (မေ၊ ၃၀၊ ၂၀၂၄) မှာပဲ ကွယ်လွန်အနိစ္စရောက်တယ်လို့ နာရေးကြေငြာဆိုင်းပုဒ်တခုနဲ့အတူ ဦးတင်ဦးဆေးရုံတက်ရောက်နေတဲ့ပုံဟာ ပြန့်နှံ့နေပါတယ်။

ဒီသတင်းကို တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ နာရေးဆိုင်းပုဒ်ဟာ NLD ပါတီ နာယက သူရဦးတင်ဦး မဟုတ်ခဲ့ပဲနဲ့ မင်းဘူးမြို့၊ ပြည်တော်သာရပ်မှ အသက် (၉၇) နှစ် အရွယ် ဦးတင်ဦးသာဖြစ်နေပါတယ်။

ဒါပေမဲ့လည်း သူရဦးတင်ဦးဟာ ကျန်းမာရေး စိုးရိမ်နေရတယ်လို့ နိုင်ငံတကာမီဒီယာတခုဖြစ်တဲ့ RFA သတင်းဌာနကနေ ဖော်ပြပါတယ်။ ဒီသတင်းဖော်ပြချက်မှာဆိုရင် သူရဦးတင်ဦးရဲ့ ဆွေးမျိုးနီးစပ်သူတဦးနဲ့ မေးမြန်းထားချက်ကိုလည်း ဖော်ပြထားပါတယ်။ ဒီသတင်းကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
Link - https://shorturl.at/InVsr

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဖြစ်သူ ကိုမြအေးရဲ့ ဖေ့ဘွတ်ခ်အကောင့်မှာဆိုရင်လည်း သူရဦးတင်ဦး ကွယ်လွန်ဆိုတဲ့ သတင်းဟာ သတင်းအမှားတခုသာဖြစ်တယ်လို့ ဒီနေ့ည (မေ၊ ၃၀၊ ၂၀၂၄) ဖော်ပြထားပါတယ်။ ဒီရေးသားထားချက်ကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့လို့ရပါတယ်။ Link - https://shorturl.at/zTUt5

ဒီလို ပုံတူယိုးမှား သတင်းဖော်ပြချက်တွေဟာ လူတွေကို လွယ်လင့်တကူယုံကြည်စေနိုင်သလို အချိန်တိုအတွင်းမှာလည်း ပြန်နှံ့တတ်ပါတယ်။ ဒီလိုသတင်းထူးတွေကို လွယ်လင့်တကူမယုံကြည်ကြပဲ လွတ်လပ်တဲ့ တရားဝင်မီဒီယာတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ဖော်ပြချက်တွေကို စောင့်ကြည့်ဖတ်ရှု့သင့်ပါတယ်။ တစုံတရာအခက်အခဲရှိခဲ့ရင်လည်း တွေးပြီးမှယုံ ရဲ့ chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
Fb link- https://www.facebook.com/100070371245215/posts/pfbid0KUwE63brSmkoQ3SejFsDCR2TAdh9di6EsWDK55U2VyqwFBMHciFKrfR7HRctwEi9l/?mibextid=WC7FNe
👍2
ဝိုင်းမော်မှာရှိတဲ့ KIA, PDF စခန်းဌာနချုပ် ဒရုန်းဗုံးစာမိကြောင်း စစ်လော်ဘီချန်နယ်များကဖြန့်နေ
တွေးပြီးမှယုံ
အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုမှာရှိတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် - KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF တိုရဲ့ စခန်းဌာနချုပ်ပျက်ဆီးတယ်လို အဆောက်အဦးပျက် ပုံတွေနဲ့ တကွ ပြန့်နှံနေပါတယ်။
ဒီသတင်းကို စစ်တပ်လော်ဘီချန်နယ်တခုဖြစ်တဲ့ Kyaw Swar ကနေ “ ဝိုင်းမော်၊ လမြန်ရွာ KIA,PDF စခန်းဌာနချုပ်၊ ဒရုန်းဗုံးစာမိ၊ KIA အများအပြားသေဆုံးထိခိုက်ဒဏ်ရာရဟုကနဦးသိရ” ဆိုပြီး ဇွန် ၁၁ ရက်နေ့က Subscribers 153,416 ဦးရှိတဲ့ ချန်နယ်ကနေ ဖြန့်ဝေခဲ့ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး စစ်ဆေးခဲ့ရာမှာတော့ တပ်လော်ဘီတွေ ဝါဒဖြန့်ထားသလို စစ်ရေးဆိုင်ရာအဆောက်အဦးမဟုတ်ခဲ့ပဲ ခရစ်ဘာဘုရားကျောင်းတခုသာဖြစ်နေတာကို တွေ့ရပါတယ်။ ဆက်လက်ဖတ်ရှု့ရန် ဖေ့ဘွတ်ခ်လင့်ခ် - https://shorturl.at/GkCDA
ကြိုးပေးသတ်ဖြတ်ခံရတဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ကျဆုံးမှု ၂ နှစ်ပြည့်အဖြစ် ရန်ကုန်ဘူတာကြီးအနီးက စာတမ်းချိတ်ဆွဲမှုမှာ ယခင်နှစ်က ပုံအဟောင်းသာဖြစ်

တွေးပြီးမှယုံ

အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခံရပြီး ကြိုးပေးသတ်ဖြတ်ခံရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ကျဆုံးမှု (၂) နှစ်ပြည့်အဖြစ် ရန်ကုန်မြို့၊ ဘူတာကြီးအနီးက ပန်းဆိုးတန်းခုံးကျော်တံတားပေါ်မှာ စာတမ်းချိတ်ဆွဲလှုပ်ရှားခဲ့တဲ့ဓါတ်ပုံတွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတချို့ကနေ ဖော်ပြခဲ့ပါတယ်။ ဆက်လက်ဖတ်ရှု့ရန် - https://shorturl.at/7LF6A
စစ်ကောင်စီကို အစိုးရအဖြစ် ကမ္ဘာက အသိအမှတ်ပြုလိုက်လို့ အိုလံပစ်ပြိုင်ပွဲမှာ မြန်မာကစားသမား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတယ် ဆိုတာ မှန်ရဲ့လား
တွေးပြီးမှယုံ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပနေတဲ့ ၂၀၂၄ ခုနှစ်ရဲ့ အိုလံပစ်အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုပြီးတော့ သွားရောက်ယှဉ်ပြိုင်တဲ့ ကစားသမားတွေ ရှိပါတယ်။ ဒီလို ဝင်ရောက်ယှဉ်ပြိုင်နိုင်တာဟာ အာဏာသိမ်းစစ်တပ်ကို နိုင်ငံ့အစိုးရအဖြစ် ကမ္ဘာက လက်ခံလိုက်ကြောင်းပြတာပဲဆိုပြီး တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေနေပါတယ်။
ဒီသတင်းကို တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ Thazin Oo ကနေ ဇူလိုင်၊ ၂၇ ရက်နေ့က စတင်ဖြန့်ဝေခဲ့ပြီး “နစက အစိုးရလက်ထပ်မှာ မြန်မာနိုင်ငံက အိုလံပစ်ပြိုင်ပွဲတောင် ဝင်ပြိုင်တယ်ဆိုတော့ ဟိုဘက်ရပ်ကွက်က သွေးကျဆေးတွေ ပြေးထားရမယ့်ကိန်း… ကမ္ဘာက နစက အစိုးရကို အသိမှတ်ပြုလို့ အခုလို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။” လို့ ဖော်ပြထားပါတယ်။ ဖြန့်ဝေချက်ဟာဆိုရင် ကြည့်ရှု့သူ ၃၁၇၀၁ ဦး၊ လိုက်ခ်ပေးသူ ၁၀၂၁ ဦးနဲ့ ပြန်လည်မျှဝေသူ ၁၅ ဦးအထိ ရှိထားပါတယ်။ ဆက်လက်ဖတ်ရှု့ရန် - https://shorturl.at/TI0hg
👍2
ဗိုလ်အယ်ဆေးဝါးရဲ့ စခန်း ဗုံးကြဲခံရလို့ PDF တွေကို စစ်ကြောရေးလုပ်နေတယ်ဆိုတဲ့ လုပ်ကြံဗွီဒီယိုဖိုင်အတု

တွေးပြီးမှယုံ

ကရင်ပြည်နယ်က Lion Battalion Commando စစ်ကြောင်း - ဗျူဟာမှူးဖြစ်တဲ့ ဗိုလ်အယ်ဆေးဝါးရဲ့ စခန်း ဗုံးကြဲခံရတာနဲ့ ပတ်သက်လို့ ရန်ကုန်ကနေ ရောက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF ရဲဘော်တွေကို စစ်ကြောရေးလုပ်နေတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်တခုကို တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာဖြန့်ဝေနေပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာဆိုရင် တပ်သားတွေကို ချောင်းရေထဲမှာ ဆွဲနှစ်နေပြီးတော့ နာနာကျင်ကျင်အော်ဟစ်သံတွေလည်း ပါဝင်ပါတယ်။

ဒီသတင်းရုပ်သံဖိုင်ကို စစ်တပ်လော်ဘီတယောက်ဖြစ်တဲ့ ဦးအောင်မင်းရဲ့ Myanmar Hard Talk တယ်လီဂရမ်ချန်နယ်ကနေ စတင်ဖြန့်ဝေထားပြီး အခြားတပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ Saw Ka Zaw ကနေ ဇူလိုင်၊ ၃၁ ရက်နေ့မှာ ထပ်ဆင့်ဖော်ပြလာတာဖြစ်ပါတယ်။ ဖြန့်ဝေချက်မှာဆိုရင် ကြည့်ရှု့သူ ၈၇၄၄ ဦး၊ လိုက်ခ် ၁၁၄ ဦးနဲ့ ပြန်လည်မျှဝေသူပေါင်း ၄၆ ဦးအထိရှိထားပါတယ်။

ပြန့်နှံ့လာတဲ့ရုပ်သံဖိုင်နဲ့ ပါတ်သက်လို့ တွေးပြီးမှယုံကနေ ပုံတွေကို ထပ်တူပြုစစ်ဆေးတဲ့ Reverse Image Search ကို အသုံးပြုပြီး အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ လုပ်ကြံဖန်တီးထားတဲ့ ရုပ်သံဖိုင်ဖြစ်ကြောင်းကို တွေ့ခဲ့ရပါတယ်။ ဆက်လက်ဖတ်ရှုရန်- https://m.facebook.com/story.php?story_fbid=pfbid0C9pGWLsV9ZM5ULEVEpUj3qE17o8LEr54ViiTkR3j9AXBxUPRd52T9eJcusjPYamdl&id=100070371245215&mibextid=WC7FNe
👍2
အင်ဒိုနီးရှားက စစ်သားတွေကို PDF တွေလို့ ပုံဖော်ဖြန့်ဝေနေတဲ့ ဗွီဒီယိုအမှား
တွေးပြီးမှယုံ
မိုးရေထဲမှာ ကခုန်နေတဲ့ စစ်ယူနီဖောင်းဝတ်ထားသူတွေကို ပြည်သူ့ကာကွယ်ရေးတပ် - PDF တပ်ဖွဲ့ဝင်တွေပါဆိုပြီး ပုံဖော်ဖြန့်ဝေမှုတခု ဖေ့ဘွတ်ခ်လူမှုကွန်ရက်မှာ ပြန့်နှံ့နေပါတယ်။ ဒီဗွီဒီယိုဖိုင်ကို Ei Shan နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်တခုကနေ ဇွန်၊ ၁ ရက်နေ့မှာ စတင်ဖြန့်ဝေထားပြီးတော့ လိုက်ခ် - ၂၉၈၀၀, ပြန်လည်မျှဝေသူပေါင်း - ၁၂၀၀ နဲ့ ကြည့်ရှု့သူ ၇၆၁၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။
ဒီရုပ်သံဖိုင်နဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ ဓါတ်ပုံတွေကို ထပ်တူပြုစစ်ဆေးတဲ့ Reverse Image Search ကို အသုံးပြုပြီး စစ်ဆေးခဲ့တဲ့ အခါမှာတော့ ရုပ်သံထဲမှာ ကခုန်နေသူတွေဟာ PDF စစ်သားတွေ မဟုတ်တာကို တွေ့ခဲ့ရပါတယ်။ ဆက်လက်ဖတ်ရှု့ရန် - https://shorturl.at/XTZ0P
👍2