NLD အမတ်ဖြိုးဇေယျာသော်ရဲ့ ချစ်သူဟုဆိုထားပြီး ပုံအမှားသုံး၍ သတင်းတုရေးသားထား
တွေးပြီးမှယုံ
နိုဝင်ဘာ ၂၃ရက်နေ့က မျိုးချစ်သစ္စာပြည်မြန်မာဆိုတဲ့ အကောင့်ကနေ NLD အမတ်ဖြိုးဇေယျာသော်ရဲ့ ချစ်သူမိန်းကလေးအား ဖမ်းမိကြောင်း ပုံတင်ထားပြီး သတင်းထဲတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဂုဏ်သိက္ခာကျဆင်းစေတဲ့ အရေးအသားများနဲ့ စော်ကားတိုက်ခိုက်ရေးသားထားပါတယ်။
ဓာတ်ပုံထဲက မိန်းကလေးတဦးပုံမှာ လက်ထိပ်ခတ်ခံထားရပြီး ကိုဖြိုးဇေယျာသော်ရဲ့ ချစ်သူ မသဇင်ညွှန့်အောင် ဖမ်းမိခံထားရကြောင်း အသွင်ယူပြီး ရေးသားဖော်ပြထားပါတယ်။ ဒီသတင်းကိုတွေးပြီးမှယုံက စစ်ဆေးကြည့်ရာမှာတော့...
ဆက်လက်ဖတ်ရှုရန်👇🏻👇🏻👇🏻
https://www.facebook.com/598185483714847/posts/1797109817155735/?d=n

KIA + PDF တွေက ဧရာဝတီမြစ် ကြောင်းမှာသွားလာ နေတဲ့ ခရီးသည်တင် ရေယာဥ် တွေကို ပစ်ခတ် နေတယ်လို သတင်းတုဖြန့် နေ
တွေးပြီးမှယုံ
ဧရာဝတီမြစ် ကြောင်းထဲမှာ သွားလာ နေတဲ့ ခရီးသွားပြည်သူ တွေကို KIA + PDF က နေ လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်ခတ်တိုက်ခိုက် နေတယ်ဆိုတဲ့ ရုပ်သံအလွဲ တစ်ခုဟာ ဆိုရှယ်မီဒီယာပေါ်မှာ ယနေ့ ပြန့်နှံနေပါတယ်။
နိုဝင်ဘာလ ၂၈ ရက်နေ့ ရက်စွဲနဲ့ "ဧရာဝတီမြစ်ကြောင်းမှာ ဗန်းမော် ရွှေကူ ကသာခရီးစဉ် ခရီးသည်တင်ယာဉ်ကို အကြမ်းဖက် သမား kia + pdf များမှ လက်နတ်ကြီး၊ လက်နတ်ငယ်များ ဖြင့် ဝိုင်းပြစ်သွားတဲ့ ရုပ်သံ" လိုရေးသားထားတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ လူမှုကွန်ယက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံနေခဲ့ပါတယ်။ အဆိုပါ ရုပ်သံဖိုင်မှာဆိုရင် မြစ်ကြောင်းတစ်ခုမှာ သွားလာနေတဲ့ ရေယာဉ်တစ်စီးကို လက်နက်ကြီးနဲ့ အဝေးကလှမ်းပစ်နေတဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။
အပြည့်အစုံဖတ်ရန် => https://www.facebook.com/ThinkBeforeYouTrust/posts/1798548050345245

လယ် တောထဲမှာ လယ်ရိတ် နေရတဲ့ သံဃာ တွေရဲ့ ပုံ တွေက မြန်မာနိုင်ငံကပုံ တွေ ဟုတ်ရဲ့လား
အာဏာသိမ်းမှု နောက်ဆက်တွဲအ နေ နဲ့ မြန်မာနိုင်ငံမှာဖြစ် နေတဲ့ စစ် ပွဲ တွေ ကြောင့် ပြည်သူ တွေ ပြေးလွှား နေရပြီး သံဃာ တွေက စပါးရိတ်သိမ်း နေရတယ်လို ၂၀၁၉ ခုနှစ်တွင်းက ထိုင်းနိုင်င်ငံမှာဖြစ်ခဲ့တဲ့ ဓါတ်ပုံ တွေကို ပြန်လည် အသုံးပြုထားတဲ့ အ ကြောင်းအရာလွဲ နဲ့ သတင်းဓါတ်ပုံ တွေဟာ လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ ဖေ့ဘွတ်ခ်မှာ ပြန့်နှံနေပါတယ်။
ယနေ့ (နိုဝင်ဘာလ ၂၉ ရက်)နေ့ ရက်စွဲနဲ့ သံဃာတော်အချို စပါးရိတ်သိမ်းနေတဲ့ ပုံတွေကို အသုံးပြုပြီး –
“ဒကာ ဒကာမများက စစ်ဘေးရှောင်နေကြတယ်… စပါးများက တခင်းလုံး မှည့်လို ဝါထိန်နေကြတယ်… ...." လိုရေးသားထားတဲ့ သတင်းတုတစ်ခု ပြန့်နှံနေခဲ့ပါတယ်။
ဒီပြန့်နှံနေတဲ့ သတင်းမှာဆိုရင် နေရာနဲ့ အချိန်တွေကို ဖော်ပြထားခြင်းမျိုး မရှိပါဘဲ “ပီယ ပီယ” ဆိုတဲ့ ဖေ့ဘုတ်အကောင့်က ယ နေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ (၃း၄၁) နာရီမှာ တင်ထားတာကို အစောဆုံးတွေ့ရပါတယ်။
အပြည့်အစုံဖတ်ရန် => https://www.facebook.com/ThinkBeforeYouTrust/posts/1799290380271012

👍1
အသံတိတ်သပိတ်ကို ရက်ပြောင်းလုပ်ရန် NLD ပါတီ ထုတ်ပြန် ဆိုတဲ့ ကြေငြာချက်အတုဖြန့်နေ၊ အသံတိတ်သပိတ် အားလျော့စေရန် ဖြန့်ဝေခြင်းဖြစ်
တွေးပြီးမှယုံ
ဒီဇင်ဘာ၊ ၁၀ ရက်နေ့မှာ ပြုလုပ်ဖို့ လှုံ့ဆော်နေကြတဲ့ အသံတိတ်သပိတ်၊(silent strike) ကို ရက်ရွှေ့ဆိုင်းဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ကနေ ထုတ်ပြန်တယ်ဆိုတဲ့ ကြေငြာချက်တခုဟာ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပြန့်နှံ့နေပါတယ်။
ကြေငြာချက်မှာဆိုရင် "ဒီဇင်ဘာ၊ ၁၀ ဟာ သောကြာနေ့ဖြစ်တာကြောင့် မွတ်ဆလင်များ ဘုရားဝတ်ပြုရန် ကိစ္စရပ်များရှိသဖြင့် ရက်ရွှေ့ပြောင်းရန်" လို့ ဖော်ပြထားပါတယ်။ ဒီကြေငြာချက်အတုကို တပ်ကြပ်ကြီးဖိုးစီ၊ Kyaw Swar စတဲ့ အာဏာသိမ်းစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေ စတင်ဖြန့်ဝေလာပါတယ်။ ဒီကနေမှတဆင့် ဖေ့ဘွတ်ခ်မှာလည်း ထပ်ဆင့်ဖြန့်ဝေမှုတွေ ရှိနေပါတယ်။
ဒီသတင်းကိုတွေးပြီးမှယုံကနေစစ်ဆေးကြည့်ရာမှာတော့…
ဆက်လက်ဖတ်ရှုရန်👇🏻
https://www.facebook.com/598185483714847/posts/1806620389538011/?d=n
#thinkbeforeyoutrust
#factcheck

ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတော်အေးချမ်းအောင်ပြန်လုပ်ပေးပါက စွဲချက်တင်ထားတဲ့ အမှုအချို့ကို ပြန်ရုတ်သိမ်းမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောခဲ့လား ?
တွေးပြီးမှယုံ
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် ငြိမ်းချမ်းအောင်လုပ်ပေးပါက အမှု ၁၇ ခုမှ ၇ ခုကို ပြန်ရုတ်သိမ်းပေးမယ်လို့ အာဏာသိမ်းစစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောတယ်ဆိုတဲ့ သတင်းတုတခုပြန့်နှံ့နေပါတယ်။
ဒီဇင်ဘာ ၁၅ရက်နေ့က Revolution News ဆိုတဲ့ Page ကနေ “ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်ငြိမ်းချမ်းအောင်ပြန်လုပ်ပေးပါက စွဲချက်တင်ထားသည့်အမှု ၁၇ခုမှ ၇ခုကို ပြန်ရုတ်သိမ်းပေးမည်၊ နိုင်ငံတော် အေးချမ်းအောင် ပြန်လုပ်ပေးခြင်းသည် ကုသိုလ်လည်းရပါသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား” ဆိုပြီး တင်ထားခဲ့တာကိုတွေ့ရှိခဲ့ပါတယ်။ သတင်းတုမှာ ကြိုက်နှစ်သက်သူ ၄၆၀၀ကျော်ရှိနဲ့ ပြန်လည်မျှဝေသူပေါင်း ၂၂၄၆ ယောက်ရှိနေပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး တွေးပြီးမှယုံကနေ စစ်ဆေးကြည့်ရာမှာတော့ ….
ဆက်လက်ဖတ်ရှုရန်👇🏻👇🏻👇🏻
Fb link=> https://www.facebook.com/598185483714847/posts/1811735739026476/?d=n

ပုံတလွဲသုံးခံနေရတဲ့ ကယားစစ်ဘေးရှောင်များ အစုလိုက်အပြုံလိုက် အသတ်ခံရမှု
တွေးပြီးမှယုံ
ကရင်နီပြည်(ကယားပြည်နယ်) မှ စစ်ဘေးရှောင်တွေကို အာဏာသိမ်းစစ်တပ် မှ သတ်ဖြတ်ခဲ့တာကြောင့် အမျိုးသမီးတွေနဲ့ ကလေး၊ သူငယ်တွေအပါအဝင် လူ (၃၈) ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ ဒါနဲ့ မရှေးမနှောင်းမှာပဲ ကားတစီးပေါ်မှာ ကလေးငယ်တွေ အပါအဝင် တင်ဆောင်ထားတဲ့ ပုံတပုံနဲ့ ကယားပြည်နယ်က ဖြစ်စဥ်က ပုံတွေကို တွဲလျက်ဖော်ပြလာကြပြီး သတ်ဖြတ်ခံရသူတွေပါလို့ ဖြန့်ဝေလာကြပါတယ်။ ဖြန့်ဝေမှုတွေထဲမှာ သတင်းမီဒီယာတချို့လည်း ပါဝင်ခဲ့ပါတယ်။
အပြည့်အစုံဖတ်ရန်👇
https://www.facebook.com/598185483714847/posts/1818557901677593/

လင်းကတော့ ရဲစခန်းကို အာဏာသိမ်းစစ်တပ်က ပြန်သိမ်းခဲ့ရာမှာ PDF အဖွဲ့ဝင် ရာဂဏန်း သေဆုံးတယ်ဆိုတဲ့ သတင်းတု
တွေးပြီးမှယုံ
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင် (PDF- Myaing) က စီးနင်းသိမ်းပိုက်နိုင်ခဲ့တဲ့ လင်းကတော့ ရဲစခန်း ကို အာဏာသိမ်းစစ်တပ်ကနေ ပြန်လည်သိမ်းစီးနိုင်ခဲ့ရာမှာ PDF တွေ ရာကျော် သေဆုံးခဲ့တယ်လို့ စစ်တပ်ထောက်ခံတဲ့ ဖေ့ဘွတ်ခ်အကောင့်တွေမှာ ဖြန့်ဝေနေကြပါတယ်။
ဒီသတင်းကို Aung Naing Thu နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်ကနေ စတင်ဖြန့်ဝေခဲ့ပြီးတော့ မျိုးချစ်ဇာမဏိ ဆိုသူကို သတင်းရင်းမြစ်အဖြစ် ရည်ညွှန်းထားပါတယ်။
အပြည့်အစုံဖတ်ရန်👇
https://www.facebook.com/598185483714847/posts/1845953082271408/

စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးမြို့မှ ကျောင်းဆရာမတစ်ဦး သေဆုံးခြင်းကို PDF လက်ချက်ဟု သတင်းတုဖြန့်နေ
ချင်းပြည်နယ်၊ ကလေးမြို့က ကျောင်းဆရာမ တယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF အဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ သတင်းတု တခုပြန့်နှံ့နေပါတယ်။
သတင်းတုရဲ့ ရေးသားချက်မှာဆိုရင် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ အလယ်တန်းကျောင်းဆရာမ ဒေါ်ရီရီခိုင် အသက် (၄၂) က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ PDF အကြမ်းဖက်သမားတွေရဲ့ သေနတ်နှင့် လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးသွားတဲ့အကြောင်း ဒေသခံအရင်းအဖြစ်ထံက သိရှိရတယ်လို့ ဖော်ပြထားပါတယ်။ ဒီသတင်းကို Like & react ပြုလုပ်သူ ၇၃၇ ယောက်နဲ့ ပြန်လည်မျှဝေသူပေါင်း ၁၇၉ ယောက်ရှိနေပါပြီ။ ဒီသတင်းကိုပဲ ထပ်ဆင့်ကူးယူဖော်ပြပြီး ဖြန့်ဝေနေတဲ့ သူတွေလည်း အများအပြား ရှိနေပါတယ်။
ဆက်လက်ဖတ်ရှုရန် 👇👇👇
https://www.facebook.com/598185483714847/posts/1846736478859735/

အိုမီခရွှန်နဲ့ ပတ်သက်လို့ ဆောင်ရန်၊ ရှောင်ရန် ဆိုပြီး အသက်အန္တရာယ်ပါထိခိုက်နိုင်တဲ့ အချက်အလက်မှားများပြန့်နေ
တွေးပြီးမှယုံ
ကူးစက်မှုနှုန်း သိသိသာသာမြင့်တက်လာတဲ့ အိုမီခရွှန်နဲ့ ပတ်သက်လို့ ဆေးနည်းအမှားတွေဟာ ဖေ့ဘွတ်ခ်မှာ တဟုန်ထိုးပြန့်နှံ့နေပါတယ်။
ဒီသတင်းကို ဒေါက်တာသစ်လွင်ဆိုတဲ့ ရင်းမြစ်တခုကို ကိုးကားဖော်ပြထားတာဖြစ်ပြီး ဖြန့်ဝေသူတွေထဲမှာ Ei Tone နာမည်နဲ့ အကောင့်တခုဆီကနေ ပြန်လည်ဖြန့်ဝေသူ ၃၀၀၀ ကျော်ရှိသည်အထိ အများဆုံးတွေ့ရပါတယ်။ အခုချိန်မှာတော့ ဖြန့်ဝေထားခဲ့တဲ့ Ei Tone နာမည်နဲ့ အကောင့်က ပြန်လည်ဖြုတ်ချသွားခဲ့ပေမဲ့ ထပ်ဆင့်ကူးယူဖော်ပြသူအများအပြားရှိနေပါသေးတယ်။
ပြန့်နှံ့နေတဲ့ သတင်းမှာဆိုရင် ငှက်သိုက်၊ ဖရဲသီး၊ သခွားသီး၊ အုန်းရည်၊ စွပ်ပြုတ် တို့ မစားရ ကနေစလို့ ၄ နာရီတိုင်း ဗိုက်တာမင်ဒီ ၂၀၀၀ သောက်ပါ စသဖြင့် ညွှန်းထားပါတယ်။ ဒါ့အပြင် ဘယ်လိုနေရထိုင်ရမယ်ဆိုတာတွေလည်း ဆက်လက်ဖော်ပြထားပါသေးတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးရာမှာတော့…
ဆက်လတ်ဖတ်ရှုရန်=> https://www.facebook.com/598185483714847/posts/1849075721959144/?d=n

ဇန်နဝါရီလအတွင်း တွေ့ရှိရသည့် သတင်းတု/မှားများ စုစည်းဖော်ပြချက်
ဇန်နဝါရီလအတွင်း တွေးပြီးမှယုံမှ သတင်းတု/မှား ၆ ပုဒ်အား တုန့်ပြန်ဖြေရှင်းခဲ့သည်။ သတင်းတုများမှာ အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တွေ့ဆုံဆွေးနွေးရေးကို လမ်းကြောင်းသည့် သတင်းတု၊ ဖြစ်စဉ်နှင့် ဓါတ်ပုံတလွဲများကို အသုံးပြုပြီး တော်လှန်ရေးအင်အားစုများအား ပုံဖျက်သည့် သတင်းတုများနှင့် အသံတိတ်သပိတ်လို အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုအား အင်အားလျော့နည်းရန်နှင့် ပျက်ပြယ်စေရန် ရည်ရွယ်သည့် သတင်းများကို တွေ့ရှိရသည်။ သတင်းတုအများစုကို အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဖေ့ဘွတ်ခ်အကောင့်၊ ဂရုများနှင့် ပေ့ချ်များမှ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ အသံတိတ်သပိတ်အား အားလျော့စေရန် လှုံ့ဆော်မှုများသည် ယခင် အသံတိတ်သပိတ်ဖြစ်စဉ်မတိုင်ခင်တွင်လည်း အလားတူဖြန့်ဝေခဲ့ခြင်းရှိသည်။
ဆက်လက်ဖတ်ရှု့ရန် - https://thinkbeforeyoutrust.com/2022/02/16/jan_fakenews/(opens in a new tab)

ပျက်ကျသွားတဲ့ စစ်တပ်တိုက်လေယာဥ် ပုံအလွဲပြန့်နေ
တွေးပြီးမှယုံ
စစ်ကိုင်းတိုင်း၊ အုန်းတော်ကျေးရွာ၊ ရေမျက်ကြီးအင်းထဲ စစ်ကောင်စီရဲ့ တိုက်လေယာဉ် ပျက်ကျခဲ့တဲ့ ဓါတ်ပုံအလွဲတွေကို ပြန်သုံးပြီး သတင်းဖြန့်ဝေတာတွေ ရှိနေပါတယ်။
အခုသတင်းမှာဆိုရင် ပျက်ကျထားတဲ့ လေယာဥ်ရဲ့အမြီးပိုင်းနံပါတ် ၁၆၄၈ ဆိုတဲ့ ပုံကိုတင်ထားပြီး စစ်ကိုင်းတိုင်း၊ အုံးတောရွာ၊ ရေမြက်ကြီးအင်းအနီးပျက်ကျခဲ့တဲ့ စကစ တိုက်လေယာဥ်လို့ ဖော်ပြနေပါတယ်။ Like & react ၁ ထောင်ကျော်ရရှိထားပြီး ပြန်လည်မျှဝေသူပေါင်း ၁၅၂ ယောက်ရှိနေပြီဖြစ်ပါတယ်။
ဒီဓါတ်ပုံအလွဲဟာ ၂၀၁၈၊ ဧပြီ၊ ၃ က တောင်ငူလေတပ် စခန်းဌာနချုပ်က လေ့ကျင့်ပျံသန်းနေတဲ့ ဖက်ဖ်-၇ လေယာဉ်တစ်စီး ပျက်ကျတုန်းကပုံကို ယူသုံးထားတာဖြစ်ပါတယ်။ အောက်ကလင်ခ့်မှာသွားရောက် ကြည့်ရှုလို့ရပါတယ်။ ဒါ့ကြောင့် ပုံအလွဲသုံးပြီး သတင်းဖြန့်ထားကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
https://www.rfa.org/burmese/news/f7-crashes-04032018062437.html
ဆက်လက်ဖတ်ရှုရန်=> https://www.facebook.com/598185483714847/posts/1856115577921825/?d=n

ပုလဲမြို့နယ်ထဲက ကျေးရွာတွေကို PDF တွေဝင်ပြီး အိမ်တွေမီးရှို့ခဲ့တယ် ဆိုပြီး လုပ်ကြံသတင်းတုဖြန့်
တွေးပြီးမှယုံ
အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးတပ်တွေရဲ့ စခန်း ရှင်းလင်းခံရတဲ့ ဗွီဒီယိုဖိုင်ကို တင်ပြီး ပုလဲမြို့နယ်က ကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ကနေ မီးရှို့ဖျက်ဆီးနေတယ်ဆိုပြီး လုပ်ကြံသတင်းတု တခု ပြန့်နှံ့နေပါတယ်။
ဖေဖော်ဝါရီ၊ ၁၆ မှာ Nayye Linnoo အမည်ရှိတဲ့ အကောင့်တခုက “ ပုလဲမြို့နယ်တွင် အကြမ်းဖက် PDF များမှ ကျေးရွာများအတွင်းသို့ ဝင်ရောက်ကာ အပြစ်မဲ့ ပြည်သူများအားသတ်ဖြတ်ခဲ့ပြီး အိမ်များကို မီူရှို့ခဲ့သည့်ရုပ်သံ” ဆိုပြီး တင်ထားတာတွေ့ရပါတယ်။ ဒီ ဗွီဒီယိုဖိုင်ကို ကြည့်ရှုသူပေါင်း ၁၃၀၀ ကျော်၊ Like & react ပြုလုပ်သူ ၁၇၈ ယောက်နဲ့ ပြန်လည်မျှဝေသူပေါင်း ၁၇၄ ယောက် ရှိနေပြီဖြစ်ပါတယ်။
ဒီသတင်းဗွီဒီယိုဖိုင်ကို တွေးပြီးမှယုံကနေ စစ်ဆေးကြည့်ရာမှာတော့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်စခန်းဝင် ဝင်ရောက်သိမ်းပိုက်ထားတဲ့ ဗွီဒီယိုဖိုင်သာ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။
ဆက်လက်ဖတ်ရှုရန် => https://www.facebook.com/598185483714847/posts/1856304454569604/?d=n

ယူကရိန်းပြည်သူတွေက မြန်မာနိုင်ငံကို ထောက်ခံကြောင်း ဖော်ပြကြတယ်ဆိုပြီး လုပ်ကြံထားတဲ့ ပုံများ
တွေးပြီးမှယုံ
ယူကရိန်းပြည်သူတွေဟာ ကျူးကျော်ဝင်ရောက်လာတဲ့ ရုရှား အစိုးရကို ဆန္ဒပြရင်း မြန်မာနိုင်ငံကိုလည်း ကူညီပေးဖို့ရာ လှုံ့ဆော်ခဲ့ကြတယ်ဆိုတဲ့ ဖန်တီးပြုပြင်ထားတဲ့ ပုံတွေဟာ ပြန့်နှံ့နေပါတယ်။
ဒီပုံတွေကို ဒီနေ့(၂၈.၂.၂၀၂၂)မှာ Mother Su Fan ဆိုတဲ့ ပေ့ချ်ကနေ ဖြန့်ဝေလာတာ တွေ့ရပြီး ပြန်လည်မျှဝေသူပေါင်း ၄၅၆ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။ ဒါအပြင့် ဒီပုံတွေကိုပဲ ထပ်ဆင့်ကူးယူဖော်ပြသူတွေလည်း အများအပြား ရှိနေပါတယ်။ ဖြန့်ဝေလာတဲ့ သတင်းဓါတ်ပုံတွေမှာဆိုရင် "Save Ukraine, Save Myanamr" "We pray again for Myanmar, which has supported Ukraine" စသဖြင့် စာသားတွေ ကိုင်ဆောင် ဆန္ဒပြနေတဲ့ ပုံတွေနဲ့အတူ မြန်မာ၊ ယူကရိန်း၊ အဂ်လိပ်လို ရေးသားထားတဲ့ စာညွှန်းတွေလည်း ပါဝင်ပါတယ်။
ဆက်လက်ဖတ်ရှု့ရန် => https://www.facebook.com/598185483714847/posts/1864690513730998/

👍10😱1
AA ကိုနိုင်ငံတကာက အရေးယူပေးဖို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်တယ်ဆိုတဲ့ ကြေညာချက်အတု
တွေးပြီးမှယုံ
ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာလူမျိုးစုတွေကို လူအခွင့်အရေးအချိုးဖောက်ပြီး ရာဇဝတ်မှုကျူးလွန်နေတဲ့ အာရက္ခတပ်တော် - ULA/ AA ကို နိုင်ငံတကာအနေနဲ့ အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကနေ ထုတ်ပြန်လိုက်တယ်ဆိုတဲ့ ကြေငြာချက်တခု တယ်လီဂရန်ချန်နယ်တွေကနေ ပြန့်နှံ့လာခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်ကို အာဏာသိမ်းစစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တခုဖြစ်တဲ့ Ko Thet ကနေ စတင်ဖြန့်ဝေခဲ့ပြီး “ဘင်ကိုထိရင် NLD ဖြစ်ဖြစ်၊ NUG ဖြစ်ဖြစ် ဘယ်သူ့မှ သည်းငြီးမခံဘူးဆိုတဲ့ AA သူပုန်သိသင့်တယ်ဆိုပြီး” (မူရင်းအရေးအသား) အတိုင်း စာညွှန်းရေးထားပြီးတော့ ထုတ်ပြန်ချက်မှာဆိုရင် AA အဖွဲ့ဟာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေကြောင်းနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေလို့ဆိုတဲ့ စွပ်စွဲချက်တွေ ပါဝင်ပါတယ်။ Subscribers 117,648 ဦးရှိထားတဲ့ Ko Thet ချန်နယ်ရဲ့ ဒီဖြန့်ဝေမှုမှာဆိုရင် လိုက်ခ် ၃၃၇, ကြည့်ရှု့သူ ၅၈၈၂၄ ဦးနှင့် ပြန်လည်မျှဝေသူ ၅၂ ဦးအထိ ရှိထားပါတယ်။
ဒီသတင်းကို အတည်ပြုဖို့ရာ တွေးပြီးမှယုံ အနေနဲ့ NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာတော့ ထုတ်ပြန်ချက်ဟာ အတုတခုသာဖြစ်တယ်လို့ မေ၊ ၂၃ ရက်နေ့ကပဲ ပြန်လည်ရှင်းလင်းထားတာကို တွေ့ခဲ့ရပါတယ်။ အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
https://shorturl.at/9VePo
အလားတူပဲလူ့အခွင့်ရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးဖြစ်သူ ဦးအောင်မျိုးမင်းရဲ့ ဖေ့ဘွတ်ခ်အကောင့်မှာဆိုရင်လည်း ဒီထွက်ပေါ်လာနေတဲ့ထုတ်ပြန်ချက်ဟာ အတုသာဖြစ်ပါတယ်လို့ပြန်လည်တုန့်ပြန်ထားတာကို အောက်ကလင့်ခ်မှာ သွားရောက်ဖတ်ရှု့နိုင်ပါတယ်။
https://shorturl.at/YQ5KM
Fb link- https://www.facebook.com/share/Eddj97GMx7LUrCbC/?mibextid=WC7FNe

www.shorturl.at
404 Page Not Found
404 Page not found.
👍1
ချင်း PDF တွေမီးရှို့မှုကြောင့်ပျက်စီးခဲ့ရတဲ့ တီးတိန်မြို့ဆိုပြီးသတင်းမှားဖြန့်
တွေးပြီးမှယုံ
ချင်းပြည်နယ် မြောက်ပိုင်း၊ တီးတိန်မြို့မှာ မေလ ၂၆ ရက်နေ့ည ၁၁ နာရီဝန်းကျင်မှစပြီး တီးတိန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကနေ မေလ ၂၇ ရက်နေ့ မြို့မရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (နတလ) ရုံးနဲ့ ဆက်သွယ်ရေးရုံးတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း PDF- Zoland ကသတင်းထုတ်ပြန်ထားပါတယ်။
ဒီသတင်းထုတ်ပြန်ပြီး မရှေးမနှောင်းမှာတော့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်အကောင့်တွေကနေ ချင်း PDF တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်ပျက်စီးခဲ့ရတဲ့ တီးတိန်မြို့ရဲ့မြင်ကွင်းဆိုပြီး ပုံတွေနဲ့တကွ ရေးသားဖြန့်ဝေနေတာတွေ့ရပါတယ်။ U Aung Kyaw Myat နံမည်နဲ့ အကောင့်ကနေ မေလ ၂၈ ရက်နေ့က ပျက်စီးသွားတဲ့ ထန်တလန် နဲ့ တီးတိန်မြို့ကို ချင်း PDF များမှ ဖျက်ဆီးနေပါတယ်လို့ စွပ်စွဲဖြန့်ဝေထားပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး တွေးပြီးမှယုံက အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ မေ၊ ၂၆ ရက်နေ့ကစလို့ တီးတိန်မြို့ကို ချင်းညီနောင်တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပြီး အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ကနေ မီးတင်ရှို့နေတာသာ ဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေနဲ့ နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြထားတာကို တွေ့ခဲ့ရပါတယ်။ ဒေသတွင်း မီဒီယာတခုဖြစ်တဲ့ Zalen ရဲ့ ဖော်ပြချက်မှာဆိုရင်လည်း အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းဓါတ်ပုံများနဲ့ တကွဖော်ပြထားပြီး ဒေသခံတဦးနဲ့ မေးမြန်းထားချက်ကိုလည်း ဖော်ပြထားပါတယ်။ ဒီသတင်းကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့လို့ရပါတယ်။
Link - https://shorturl.at/VaiYs
တခြားလွတ်လပ်တဲ့ မီဒီယာတခုဖြစ်တဲ့ Mizzima- News in Burmese ရဲ့ ဖော်ပြချက်မှာဆိုရင်လည်း ဒေသခံတဦးနဲ့ မေးမြန်းထားချက်ကို ဖော်ပြထားပြီး အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးသားထားပါတယ်။
Link - https://shorturl.at/46KH0
အာဏာသိမ်းစစ်တပ်ဟာ မီးရှို့ဖျက်ဆီးမှုတွေကို သူတို့ကိုယ်တိုင်ကျူးလွန်ပြီး တော်လှန်ရေးအင်အားစုများက လုပ်သယောင် စွပ်စွဲပြောဆိုတဲ့ ဇာတ်ကြောင်းတွေနဲ့ သတင်းတု/မှားတွေ ဖြန့်ဝေလေ့ရှိကြပါတယ်။ ဒါတွေဟာ တော်လှန်ရေးကို ထောက်ခံအားပေးတဲ့ ပြည်သူလူထုတွေကို အထင်အမြင်မှားအောင် ဝါဒဖြန့်ရေးသားဖြန့်ဝေတာဖြစ်ပါတယ်။ ဒါ့ကြောင့် သတင်းဓာတ်ပုံတွေနဲ့ ရေးသားတဲ့ သတင်းတွေကို အလွယ်တကူမယုံဖို့အရေးကြီးပါတယ်။ သက်ဆိုင်ရာသတင်းဌာနတွေနဲ့ အဖွဲ့အစည်းတွေကနေ ဖော်ပြထားခြင်းရှိမရှိကို တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ သတင်းစစ်ဆေးဖို့အခက်အခဲရှိရင်လည်း တွေးပြီးမှယုံရဲ့ Chat box မှာလာရောက်မေးမြန်းနိုင်ပါတယ်။
Fb link- https://www.facebook.com/share/p/NrDh4YaK3ozheaxU/?mibextid=WC7FNe

Facebook
Zalen
စစ်ကောင်စီတပ်က တီးတိန်မြို့ကိုမီးရှို့ဖျက်ဆီးနေ
============
၂၇၊မေ၊၂၀၂၄
Zalen
ချင်းပြည်နယ်၊တီးတိန်မြို့မှာ ယမန်နေ့ကစပြီး ယနေ့ထိတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က
တီးတိန်မြို့ရှိ နေအိမ်များကို...

NLD နာယက သူရဦးတင်ဦး ကွယ်လွန်ဟု နားရေးကြေငြာဆိုင်းပုဒ် အလွဲနဲ့ ပြန့်နှံ့နေ
တွေးပြီးမှယုံ
ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာ ရက်ရှည်ဆေးကုသနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ - NLD ရဲ့ နာယကဖြစ်သူ သူရဦးတင်ဦးဟာ ဒီနေ့ (မေ၊ ၃၀၊ ၂၀၂၄) မှာပဲ ကွယ်လွန်အနိစ္စရောက်တယ်လို့ နာရေးကြေငြာဆိုင်းပုဒ်တခုနဲ့အတူ ဦးတင်ဦးဆေးရုံတက်ရောက်နေတဲ့ပုံဟာ ပြန့်နှံ့နေပါတယ်။
ဒီသတင်းကို တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ နာရေးဆိုင်းပုဒ်ဟာ NLD ပါတီ နာယက သူရဦးတင်ဦး မဟုတ်ခဲ့ပဲနဲ့ မင်းဘူးမြို့၊ ပြည်တော်သာရပ်မှ အသက် (၉၇) နှစ် အရွယ် ဦးတင်ဦးသာဖြစ်နေပါတယ်။
ဒါပေမဲ့လည်း သူရဦးတင်ဦးဟာ ကျန်းမာရေး စိုးရိမ်နေရတယ်လို့ နိုင်ငံတကာမီဒီယာတခုဖြစ်တဲ့ RFA သတင်းဌာနကနေ ဖော်ပြပါတယ်။ ဒီသတင်းဖော်ပြချက်မှာဆိုရင် သူရဦးတင်ဦးရဲ့ ဆွေးမျိုးနီးစပ်သူတဦးနဲ့ မေးမြန်းထားချက်ကိုလည်း ဖော်ပြထားပါတယ်။ ဒီသတင်းကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
Link - https://shorturl.at/InVsr
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဖြစ်သူ ကိုမြအေးရဲ့ ဖေ့ဘွတ်ခ်အကောင့်မှာဆိုရင်လည်း သူရဦးတင်ဦး ကွယ်လွန်ဆိုတဲ့ သတင်းဟာ သတင်းအမှားတခုသာဖြစ်တယ်လို့ ဒီနေ့ည (မေ၊ ၃၀၊ ၂၀၂၄) ဖော်ပြထားပါတယ်။ ဒီရေးသားထားချက်ကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့လို့ရပါတယ်။ Link - https://shorturl.at/zTUt5
ဒီလို ပုံတူယိုးမှား သတင်းဖော်ပြချက်တွေဟာ လူတွေကို လွယ်လင့်တကူယုံကြည်စေနိုင်သလို အချိန်တိုအတွင်းမှာလည်း ပြန်နှံ့တတ်ပါတယ်။ ဒီလိုသတင်းထူးတွေကို လွယ်လင့်တကူမယုံကြည်ကြပဲ လွတ်လပ်တဲ့ တရားဝင်မီဒီယာတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ဖော်ပြချက်တွေကို စောင့်ကြည့်ဖတ်ရှု့သင့်ပါတယ်။ တစုံတရာအခက်အခဲရှိခဲ့ရင်လည်း တွေးပြီးမှယုံ ရဲ့ chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
Fb link- https://www.facebook.com/100070371245215/posts/pfbid0KUwE63brSmkoQ3SejFsDCR2TAdh9di6EsWDK55U2VyqwFBMHciFKrfR7HRctwEi9l/?mibextid=WC7FNe

RFA Burmese
ဦးတင်ဦး ကျန်းမာရေးအခြေအနေ စိုးရိမ်ရ
~~~
■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကြီး ဦးတင်ဦးဟာ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ စိုးရိမ်လူနာအဖြစ် ဆေးကုသခံယူနေရတယ်လို့ မိသားစုက RFA ကို မေလ ၃ဝ...

👍2
ဝိုင်းမော်မှာရှိတဲ့ KIA, PDF စခန်းဌာနချုပ် ဒရုန်းဗုံးစာမိကြောင်း စစ်လော်ဘီချန်နယ်များကဖြန့်နေ
တွေးပြီးမှယုံ
အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုမှာရှိတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် - KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF တိုရဲ့ စခန်းဌာနချုပ်ပျက်ဆီးတယ်လို အဆောက်အဦးပျက် ပုံတွေနဲ့ တကွ ပြန့်နှံနေပါတယ်။
ဒီသတင်းကို စစ်တပ်လော်ဘီချန်နယ်တခုဖြစ်တဲ့ Kyaw Swar ကနေ “ ဝိုင်းမော်၊ လမြန်ရွာ KIA,PDF စခန်းဌာနချုပ်၊ ဒရုန်းဗုံးစာမိ၊ KIA အများအပြားသေဆုံးထိခိုက်ဒဏ်ရာရဟုကနဦးသိရ” ဆိုပြီး ဇွန် ၁၁ ရက်နေ့က Subscribers 153,416 ဦးရှိတဲ့ ချန်နယ်ကနေ ဖြန့်ဝေခဲ့ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး စစ်ဆေးခဲ့ရာမှာတော့ တပ်လော်ဘီတွေ ဝါဒဖြန့်ထားသလို စစ်ရေးဆိုင်ရာအဆောက်အဦးမဟုတ်ခဲ့ပဲ ခရစ်ဘာဘုရားကျောင်းတခုသာဖြစ်နေတာကို တွေ့ရပါတယ်။ ဆက်လက်ဖတ်ရှု့ရန် ဖေ့ဘွတ်ခ်လင့်ခ် - https://shorturl.at/GkCDA

ကြိုးပေးသတ်ဖြတ်ခံရတဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ကျဆုံးမှု ၂ နှစ်ပြည့်အဖြစ် ရန်ကုန်ဘူတာကြီးအနီးက စာတမ်းချိတ်ဆွဲမှုမှာ ယခင်နှစ်က ပုံအဟောင်းသာဖြစ်
တွေးပြီးမှယုံ
အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခံရပြီး ကြိုးပေးသတ်ဖြတ်ခံရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ကျဆုံးမှု (၂) နှစ်ပြည့်အဖြစ် ရန်ကုန်မြို့၊ ဘူတာကြီးအနီးက ပန်းဆိုးတန်းခုံးကျော်တံတားပေါ်မှာ စာတမ်းချိတ်ဆွဲလှုပ်ရှားခဲ့တဲ့ဓါတ်ပုံတွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတချို့ကနေ ဖော်ပြခဲ့ပါတယ်။ ဆက်လက်ဖတ်ရှု့ရန် - https://shorturl.at/7LF6A