ညောင်လေးပင်မြို့နယ်တွင်းက အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုကို သတင်းတုဟု စစ်တပ်လော်ဘီများ သတင်းတုဖြန့်
တွေးပြီးမှယုံ
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာ အုပ်စုမှာ လူဦးရေ ၃၀ ထက်မနည်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုကို ကရင်အမျိုးသားအစည်းအရုံး - KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ် - PDF တို့က ကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့ တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေနေကြပါတယ်။ ဒါအပြင် လူသိများထင်ရှားတဲ့ တပ်ဝါဒဖြန့်သူတဦးဖြစ်တဲ့ ကျော်စိုးဦးက သတ်ဖြတ်ခံရသူတွေဟာ ဗမာ၊ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြောင်းနဲ့ ကျောင်းထိုင်ဘုန်းကြီးကိုပါ KNU နဲ့ PDF တွေက သတ်ဖြတ်ခဲ့ပါတယ်လို့ ဘာသာရေးနဲ့ လူမျိုးရေးနွှယ်တဲ့ အမုန်းစကားတွေကိုပါ ရုပ်သံနဲ့ တကွ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ တွေးပြီးမှယုံ အနေနဲ့ အချက်အလက် စစ်ဆေးခဲ့ရာမှာတော့ အာဏာသိမ်းစစ်တပ် ကျုးလွန်ခဲ့တဲ့ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ဖုံးကွယ်ဖို့နဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် ထိလွယ်ရှလွယ်ဖြစ်တဲ့ လူမျိုးရေး၊ ဘာသာရေးနဲ့ နွှယ်ပြီး အပြစ်သားအဖြစ် ပုံဖော်ဖို့ သတင်းတု ဖြန့်ဝေနေတာကိုတွေ့ရပါတယ်။ တွေးပြီးမှယုံအနေနဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖြန့်ဝေချက်ပါ အရေးကြီး စကားလုံးတွေကို အသုံးပြုပြီး အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ KNU အဖွဲ့ရဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာမှာ ဆိုရင် အာဏာသိမ်းစစ်တပ်ရဲ့ ခမရ-၂၀၊ ခလရ-၂၆၄၊ ခမရ-၄၃၉ ပူးပေါင်းစစ်ကြောင်းတွေဟာ မတ်လ (၅) ရက်နေ့က ရေတွင်းကုန်းကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး အရပ်သား (၁၆၀) ဦးကို ဖမ်းဆီးခဲ့ပြီး (၃၀) ဦးခန့်ကို သတ်ဖြတ်ခဲ့တယ်လို့ ဓါတ်ပုံတွေနဲ့ အတူ ဖြန့်ဝေထားပါတယ်။ အလားတူ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် - KPSN အဖွဲကလည်း စစ်တပ်ရဲ့ သတ်ဖြတ်တာကို ခံရသူတွေဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်အများအပြား ပါဝင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်တွေကို အောက်ကလင့်ခ်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
KNU - https://shorturl.at/b9wBa
KPSN - https://shorturl.at/cytdI
ဒါတွေအပြင် လွတ်လပ်တဲ့ မီဒီယာတွေဖြစ်တဲ့ BBC နဲ့ Myanmar Now တို့မှာလည်း အာဏာသိမ်းစစ်တပ်ရဲ့အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဒီအကြောင်းအရာတွေကို ဖော်ပြထားခဲ့ပြီး အောက်ကလင့်ခ်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
BBC - https://shorturl.at/bMyjw
Myanmar Now - https://shorturl.at/wvYLw
အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေရဲ့ ဖြန့်ဝေမှုတွေဟာလည်း ၎င်းတို့အချင်းချင်းကြားမှာပဲ ရှေ့နောက်မညီဖြစ်နေတာတွေကိုလည်း တွေ့ရပါတယ်။ ဖြစ်စဉ်ရဲ့ အစောပိုင်းတလျောက်လုံးမှာ သတ်ဖြတ်ခံရသူတွေဟာ KNU + PDF တွေလို့ ပြောဆိုမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် KNU အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ - NUG ရဲ့ သတင်းပြန်ကြားရေးပေ့ချ်ကနေ စစ်တပ်က အရပ်သားတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းမှာတော့ သတင်းတု ဖြစ်ကြောင်း တိုက်ပွဲသတင်းစုံ၊ မှိုင်းဝေ စတဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ စတင်ဖြန့်ချီလာခဲ့ပါတယ်။ ဒါအပြင် ဒီသတ်ဖြတ်မှုတွေကို တော်လှန်ရေးအစုအဖွဲ့တွေက ကျူးလွန်ခဲ့တယ်လို့ ပြောင်းလဲ ဖော်ပြလာခဲ့ကြပါတယ်။ အလားတူ ဖြစ်စဉ်အနေနဲ့ ၂၀၂၃ ခုနှစ်၊ မတ်လတွင်းက ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နန်းနိမ့်ကျေးရွာမှာ သံဃာတော်တွေနဲ့ အရပ်သားပြည်သူ (၃၀) ကျော်သတ်ဖြတ်ခံရချိန်မှာလည်း ဘာသာရေး၊ လူမျိုးရေးနွှယ်တဲ့ သတင်းတု/ မှားတွေကို ရှေ့နောက်မညီတဲ့ အကြောင်းအရာတွေနဲ့ တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေ ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီအကြောင်းကို တွေးပြီးမှယုံက အချက်အလက်စစ်ဆေးထားတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
Link - https://shorturl.at/npfm2
အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေဟာ စစ်တပ်ရဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့နဲ့ တော်လှန်ရေးအစုအဖွဲ့တွေနဲ့ ပြည်သူတွေအကြား အထင်အမြင်လွဲမှားမှုတွေကို ဖန်တီးဖို့ အခုလို လုပ်ကြံသတင်းတုတွေကို မကြာခဏဆိုသလို ဖြန့်ဝေကြလေ့ရှိပါတယ်။ ဒါ့အပြင် လူမျိုးစုတွေ စုံလင်တဲ့ ဒေသတွေမှာဆိုရင် ဘာသာရေးနဲ့ လူမျိုးရေးကို ပစ်မှတ်ထားတဲ့ အမုန်းတရားပါ အကြောင်းအရာတွေကို တွဲလျက်ဖော်ပြကြပါတယ်။ ဒီလိုအကြောင်းအရာတွေဟာ လူတွေရဲ့ စိတ်ကို အလွယ်တကူရိုက်ခတ်စေပြီး သတင်းတုတွေ ပျံ့နှံ့ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။
#factcheck #thinkbeforeyoutrust

KBZ Pay အကောင့်တွေ အပြီးတိုင် ပိတ်သိမ်းကြောင်းနဲ့ အကောင့်ပိုင်ရှင်တွေ လာရောက်ဖြေရှင်းရန် ထုတ်ပြန်ဆိုတဲ့ သတင်းတု
တွေးပြီးမှယုံ
KBZ Pay အကောင့်တွေ အပြီးတိုင်ပိတ်သိမ်းခံရကြောင်းနဲ့ အကောင့်ပိုင်ရှင်တွေ ဘဏ်ကို ကိုယ်တိုင်လာရောက်ဖြေရှင်းကြပါရန် ဆိုပြီး သတင်းရေးသားချက်တခု ပျံ့နှံ့နေပါတယ်။
ဒီသတင်းကို ThanLwin Myanmar Media နာမည်နဲ့ ဖေ့ဘွတ်ခ်ပေ့ချ်တခုကနေ မတ်လ၊ ၁၀ ရက် (မနေ့) က ဖြန့်ဝေခဲ့ပြီး လိုက်ခ် - ၃၂၄ ဦးနဲ့ ပြန်လည်မျှဝေသူ - ၂၁၅ ဦးရှိထားပြီး Ah Nyar Thar Lay နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်တခုကနေလည်း ဒီသတင်းကို ထပ်ဆင့် ကူးယူဖော်ပြခဲ့ရာ လိုက်ခ် - ၂၄၉၆ ဦး နဲ့ ပြန်လည်မျှဝေသူ - ၄၃၃ ဦးအထိရှိနေပါတယ်။ သတင်းမှာဆိုရင် အကောင့်ပိတ်သိမ်းခံရသူတချို့နဲ့ မေးမြန်းထားတယ်ဆိုတဲ့ ရေးသားချက်တွေလည်းပါဝင်သလို မတ်လ၊ ၉ ရက်နေ့က KBZ Pay မှ ပေးသည့်စာဆိုပြီး စာအမှတ်တွေလည်း ပါဝင်နေပါတယ်။
ပျံ့နှံ့လာတဲ့ သတင်းအကြောင်းအရာနဲ့ ပတ်သက်လို့ တွေးပြီးမှယုံ အနေနဲ့ အချက်အလက် အတည်ပြုဖို့ရာအတွက် KBZ Pay နဲ့ KBZ Bank တို့ရဲ့ တရားဝင်ဖေ့ဘွတ်ခ်ပေ့ချ်တွေနဲ့ ဝက်ဆိုက်ဘ်တို့ကို တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာ KBZ Bank အကောင့်တွေ အပြီးတိုင်ပိတ်သိမ်းကြောင်းနဲ့ ဘဏ်ကို လာရောက်ဖြေရှင်းဖို့ဆိုပြီး ကြေငြာချက်ထုတ်ပြန် ထားတာကို မတွေ့ခဲ့ရပါ။ ဒါအပြင် KBZ Pay ရဲ့ Mobile Banking Application မှာဆိုရင်လည်း ဒီလို စာတိုပေးပို့တာမျိုး မရှိပါ။
တွေးပြီးမှယုံ အနေနဲ့ KBZ Pay ရဲ့ တရားဝင် ဖေ့ဘွတ်ခ်ပေ့ချ်ကို ပျံ့နှံ့နေတဲ့ သတင်းနဲ့ ပတ်သက်လို့ ဆက်သွယ်အတည်ပြု မေးမြန်းခဲ့ရာမှာတော့ “KBZ Pay အနေနဲ့ ဥပဒေနဲ့ မညီသော လုပ်ဆောင်ချက်များ၊ ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့များ၏ ညွှန်ကြားချက်များမှ လွဲ၍ မည်သည့်အကြောင်းနှင့်မျှ အကောင့်ပိတ်ခြင်းများကို လုပ်ဆောင်မှာ မဟုတ်ကြောင်းကိုလည်း သိရှိနားလည်စေလိုပါသည်” လို့ ပြန်လည် ဖြေဆိုပါတယ်။ ဒါအပြင် KBZ Pay နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဘဏ်ရဲ့ တရားဝင်ဝက်ဆိုက်ဘ်တွေနဲ့ KBZ Bank, KBZ Pay ရဲ့ တရားဝင် Channel တွေမှာသာ ကြေငြာ အသိပေးခြင်းတွေ ပြုလုပ်ကြောင်းနဲ့ Social Media ပေါ်မှ ကမ္ဘောဇဘဏ် အယောင်ဆောင် ပေးပို့လာတဲ့ Link တွေမှာ ကိုယ်ရေးအချက်အလက်တွေ မထည့်သွင်းကြဖို့ ဆက်ပြောပါတယ်။
KBZ Pay သုံးစွဲသူတွေနဲ့ တွေးပြီးမှယုံ ကနေ မေးမြန်းခဲ့ရာမှာလည်း KBZ Pay အနေနဲ့ အခုလို စာတိုတွေ ပေးပို့တာမျိုး မတ်လ၊ ၁၁ ရက်နေ့ (ယနေ့) အထိ လက်ခံရတာမရှိသေးကြောင်း တုန့်ပြန်ပါတယ်။ ဒါအပြင် တခြားလွတ်လပ်တဲ့ မီဒီယာတွေမှာလည်း ဒီသတင်းအကြောင်းအရာနဲ့ ပတ်သက်လို့ ဖော်ပြလာတာ မတွေ့ရသေးပါ။ သတင်းတုကို ထပ်ဆင့်မျှဝေထားခဲ့တဲ့ Ah Nyar Thar Lay နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်ဟာဆိုရင်လည်း လူအများကြား စိတ်ဝင်စားစေမယ့် သတင်းအကြောင်းအရာတွေကို ဆက်တိုက် ဖြန့်ဝေနေတာကို တွေ့ရပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းမှာ တော်လှန်ရေးနဲ့ စပ်ဆက်တဲ့ KBZ Pay သုံးစွဲသူတွေ မကြာခဏ အကောင့်ပိတ်သိမ်းခံရတာတွေနဲ့ ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။ အခုလို KBZ Pay သုံးစွဲသူတွေ တချို့ အမှန်တကယ် ဖမ်းဆီးခံရတဲ့ အခြေအနေရှိနေချိန်မှာ သုံးစွဲသူတွေ အကုန်လုံးရဲ့ အကောင့်တွေကို ပိတ်ပင်ဖို့ ပြင်ဆင်နေသယောင် သတင်းဖြန့်ဝေချက်တွေဟာ ဆိုရှယ်မီဒီယာသုံးစွဲသူတွေကို နားလည်မှု ရောထွေးစေပြီး စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်စေပါတယ်။ ဒါအပြင် ဆိုရှယ်မီဒီယာတွေအပြင် ဖုန်းအော်ပရေခေါ်ဆိုမှုတွေ အသွင်ယူပြီး KBZ Pay အကောင့်သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက် တောင်းခံတာတွေနဲ့ ဖောက်ထွင်းရယူဖို့ ကြိုးစားတာတွေကိုလည်း ပိုမိုအားပေးရာရောက်ပါတယ်။ ဒါကြောင့် ဒီလို သတင်းတွေတွေ့ရရင် လွယ်လင့်တကူ မယုံကြည်ကြပဲ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ဖေ့ဘွတ်စာမျက်နှာတွေနဲ့ ဝက်ဆိုက်ဘ်တွေမှာ တိုက်ဆိုင်စစ်ဆေးဖို့ လိုအပ်သလို လွတ်လပ်တဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်တွေကိုလည်း စောင့်ကြည့်ဖတ်ရှု့ကြဖို့ လိုအပ်ပါတယ်။ ပျံ့နှံ့လာတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စစ်ဆေးအတည်ပြုဖို့ အခက်အခဲရှိခဲ့ရင်လည်း တွေးပြီးမှယုံရဲ့ Chat Box မှာ ပေးပို့ အတည်ပြု စစ်ဆေးနိုင်ပါတယ်။
Facebook Link - https://www.facebook.com/share/p/1awwUp5qY1/

ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းတွေဟာ ဗုံးကြဲခံရတာ မဟုတ်ပဲ AA အဖွဲ့က မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ စစ်တပ်လော်ဘီတွေ သတင်းတုဖြန့်ဝေ
တွေးပြီးမှယုံ
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ အာရက္ခတပ်တော် - AA ထိန်းချုပ်ထားတဲ့ စစ်သုံ့ပန်းအကျဉ်းစခန်းကို အာဏာသိမ်းစစ်တပ်ကနေ လေကြောင်းကတဆင့် ဗုံးကြဲခဲ့လို့ စစ်သုံ့ပန်း ၁၀၀ ကျော်သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပေါ် AA အဖွဲ့မှ မီးရှို့သတ်ဖြတ်ခဲ့ခြင်းသာ ဖြစ်တယ်ဆိုတဲ့ ဖြန့်ဝေချက်တွေကို စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေနေကြပါတယ်။
ဒီဖြန့်ဝေချက်တွေကို တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေဖြစ်တဲ့ Min Chit Oo, ရွှေနေကြာ, Snow Queen နဲ့ ဘညွှန့် စတဲ့ ချန်နယ်တွေကနေ တပြိုင်တည်း ဖြန့်ဝေလာကြတာကို တွေ့ရပါတယ်။ သတင်းမှာဆိုရင် “လေယာဉ်ဗုံးကြဲခံရလို့ အချုပ်ခန်းမီးလောင်တာလား၊ အချုပ်ထဲကသူတွေကို အေအေ အကြမ်းဖက်အဖွဲ့က လူမျိုးရေးမုန်းတီးမှုနဲ့ အစုလိုက်အပြုံလိုက် မီးရှို့သတ်ခဲ့ကြတာလား” “လေယာဉ်ဗုံးကျတယ်ဆိုပေမယ့် လေယာဉ်ဗုံးကြလို ပေါက်ကွဲထားတဲ့ပုံစံမျိုးမတွေ့ရကြောင်း ရေးသားထားပြီး ဗုံးကျဲမှုကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျက်စီးထိခိုက်ထားမှု မရှိဘူး။ ဗုံးကွဲမှုကြောင့် ပတ်ဝန်းကျင်အနေအထားမှာ ဗုံးကျင်းနဲ့ ဖွာလန်ကျဲနေတဲ့ မြေအနေအထား မရှိဘူး။ မီးလောင်ကျွမ်းမှုမရှိထားတဲ့ ရုပ်အလောင်းများမှာလည်း ဗုံးစထိမှန်သေဆုံးတဲ့ ဒဏ်ရာအနေအထား တစ်ခုမျှ မရှိကြောင်းနဲ့ အနီးပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း ဗုံးစထိမှန်ထားတဲ့ အနေအထားများ မရှိကြောင်း” စတဲ့ လူမျိုးရေးနဲ့ နွှယ်တဲ့ ရေးသားချက်တွေကို အသုံးပြုပြီး ဖော်ပြထားတာကို တွေ့ရပါတယ်။
ပျံ့နှံ့လာတဲ့ သတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံ အနေနဲ့ ဖြန့်ဝေချက်ပါ ဓါတ်ပုံတွေကို Google Reverse Image Search အသုံးပြုပြီး အချက်အလက် စစ်ဆေးခဲ့ရာမှာတော့ ရခိုင်ဒေသတွင်း မီဒီယာတခုဖြစ်တဲ့ Western News ကနေ ဖော်ပြထားတဲ့ သတင်းဓါတ်ပုံတွေကို ပြန်လည် အသုံးပြုထားတာကို တွေ့ခဲ့ရပါတယ်။ Western News ရဲ့ သတင်းဖော်ပြချက်မှာဆိုရင် “AA ထိန်းချုပ်ထားတဲ့ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့” တယ်လို့ ရေးသားထားတာကို အောက်လင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ Link - https://shorturl.at/Fv8Qn
ဒါအပြင် AA အဖွဲ့ရဲ့ တရားဝင် သတင်းထုတ်ပြန်ရေး ဝက်ဆိုက်ဘ်နဲ့ တယ်လီဂရမ်မှာဆိုရင်လည်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၁၁၆ ယောက်သေဆုံးပြီး ၃၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားတာကို အောက်ကလင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
Arakan Army Website - https://shorturl.at/9ZWPc
AA Info Desk - https://t.me/aainfodesk/1660
ဖြန့်ဝေချက်ပါ အရေးပါတဲ့ စကားလုံးတွေကို အသုံးပြုပြီး ထပ်မံရှာဖွေခဲ့ရာမှာတော့ လွတ်လပ်တဲ့ မီဒီယာတွေဖြစ်တဲ့ BBC နဲ့ Myanmar Now တို့မှာလည်း အာဏာသိမ်းစစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ဖော်ပြထားတာကို အောက်က လင့်ခ်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
BBC - https://shorturl.at/8poKN
Myanmar Now - https://shorturl.at/O8bRn
အာဏာသိမ်းစစ်တပ်ဝါဒဖြန့် ဖေ့ဘွတ်ခ်အကောင့်တွေနဲ့ တယ်လီဂရမ်ချန်နယ်တွေဟာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ လေကြောင်းသုံးအကြမ်းဖက်ဗုံးကျဲမှုတွေ၊ ကျေးရွာတွေကိုအကြမ်းဖက်မီးရှိမှုတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို တော်လှန်ရေးအဖွဲတွေက ကျူးလွန်သယောင် ရေးသားဖြန့်ဝေလေ့ရှိပါတယ်။ စာဖတ်သူများအနေနဲ့လည်း ယခုလိုသတင်းမျိုးကို တွေ့ရှိပါက လွယ်လွယ်မယုံဘဲ လွတ်လပ်တဲ့ မီဒီယာတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ ထုတ်ပြန်ထားခြင်းရှိ ၊မရှိကို သွားရောက်စစ်ဆေးသင့်ပါတယ်။ သတင်းစစ်ဆေးဖိုအခက်အခဲရှိလျှင်လည်း တွေးပြီးမှယုံရဲ့ Chat Box မှာလာရောက်မေးမြန်းနိုင်ပါတယ်။
#factcheck
#thinkbeforeyoutrust

Facebook
Western News
BREAKING NEWS
■ အမ်းတွင် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံး
Western News| မတ် ၁၁
(ဓါတ်ပုံများကို နှလုံးရောဂါ ရှိသူများနှင့် သွေးလန့်သူများ မကြည့်ရ)
Western News...

ဆီတန်းစီရာမှာ သေဆုံးမှုတွေ ထပ်မံမဖြစ်ပွါးဖို့အတွက် ကျန်းမာရေးထောက်ခံချက်ပါမှ ဆီတန်းစီဖြည့်ခွင့်ပြုမယ်ဆိုတဲ့ သတင်းတု
တွေးပြီးမှယုံ
စက်သုံးဆီ တန်းစီရာမှာ သေဆုံးမှုတွေ ထပ်မံမဖြစ်ပွားစေဖို့ ကျန်းမာရေးထောက်ခံချက်ပါမှ ဆီတန်းစီဖြည့်ခွင့်ပြုမယ်လို့ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်လိုက်တယ်ဆိုတဲ့ သတင်းတပုဒ် ပျံ့နှံ့နေပါတယ်။
ဒီသတင်းကို Nay Min Thar နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်တခုကနေ စတင်ဖြန့်ဝေထားတာကိုတွေ့ရပြီး လိုက်ခ် - ၂၀၅၁၄ ယောက်နဲ့ ပြန်လည်မျှဝေသူ - ၂၀၂၆ ယောက်ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် တခြား ဖေ့ဘွတ်ခ်အကောင့်တွေနဲ့ ပေ့ချ်တွေကလည်း ဒီသတင်းကိုပဲ ထပ်ဆင့် ကူးယူဖော်ပြထားတာတွေလည်း ရှိနေပါတယ်။ သတင်းထဲမှာဆိုရင် “ မြန်မာနိုင်ငံတစ်ဝန်း စက်သုံးဆီ တန်းစီဝယ်ယူရာတွင် အပူရှပ်ခြင်းနှင့် မောပန်းနွမ်းနယ်ပြီး ရုတ်တရက် သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေခြင်းကို ဖြေရှင်းဖိုအတွက် ယနေ့မှစပြီး ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးထောက်ခံချက် (Medical Certificate) ပြသနိုင်သူများကိုသာ ဆီဖြည့်ခွင့်ပြုတော့မယ်လိုတပ်မတော်က ယနေ့ သတင်းထုတ်ပြန်လိုက်ကြောင်း ဗိုလ်မှုးချုပ်ရဲရင့်အောင်က ပြောကြားခဲ့ကြောင်း” ရေးသားထားပါတယ်။
ပျံ့နှံ့လာတဲ့ ဒီသတင်းရေးသားချက်နဲ့ ပတ်သက်လို့ တွေးပြီးမှယုံ အနေနဲ့ အချက်အလက်စစ်ဆေးဖို့ရာအတွက် အာဏာသိမ်းစစ်တပ်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနဝက်ဆိုက်ဘ် - MOI နဲ့ တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းနဲ့ မြဝတီသတင်းစာတို့မှာ တိုက်ဆိုင်စစ်ဆေးခဲ့ရာ ဒီလို ထုတ်ပြန်ချက်မျိုးကို မတွေ့ခဲ့ရပါ။ ဒါအပြင် တခြား လွတ်လပ်တဲ့ တရားဝင်မီဒီယာတွေမှာဆိုရင်လည်း ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ သတင်းဖော်ပြလာတာမျိုး မတွေ့ရပါ။
တွေးပြီးမှယုံရဲ့ လေ့လာဆန်းစစ်ချက်တွေအရ ဒီလိုသတင်းရေးသားချက်တွေဟာဆိုရင် အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ လှောင်ပြောင်သရော်ဖို့ ဖြန့်ဝေထားတာသာ ဖြစ်နိုင်ပါတယ်။ မရှေးမနှောင်းကလည်း လူနေအိမ်တွေမှာ လူဦးရေအရေအတွက်နဲ့ ဖိနပ်အရေအတွက် မတူညီပါက အရေးယူမယ်ဆိုတဲ့ သရော်ရေးသားချက်တခု ပျံ့နှံ့ခဲ့ပါသေးတယ်။ ဒီလို ဖြန့်ဝေချက်တွေဟာ စစ်တပ်ကို လှောင်ပြောင်သရော်ဖို့ သတင်းတုဖြန့်ဝေတာဖြစ်ပေမယ့် လက်တွေ့မှာတော့ ပြည်သူတွေအကြား မလိုလားအပ်ပဲ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်စေပါတယ်။ ဒါအပြင် ဒီလိုမျိုး ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ လှောင်ပြောင်သရော်တဲ့ သတင်းတုတွေ မကြာခဏ ထုတ်ပြန်နေတာကြောင့် လူထုအကြားမှာ အမှန်တကယ်ထုတ်ပြန်ချက်တွေကို တွေ့ရတဲ့အခါ သတိမမူ၊ အလေးမထားတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီလို ရေးသားချက် သတင်းတွေကို တွေ့ရရင် လွယ်လင့်တကူ မယုံကြည်ကြပဲ လွတ်လပ်တဲ့ မီဒီယာတွေရဲ့ ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ဖတ်ရှု့ကြဖို့ လိုအပ်သလို အခက်အခဲတစုံတရာရှိရင်လည်း တွေးပြီးမှယုံရဲ့ Chat Box မှာ လာရောက်သတင်းစစ်ဆေး မေးမြန်းလို့ ရပါတယ်။

တော်လှန်အနုပညာရှင် မြနှင်းရည်လွင်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ အသနားခံစာ တင်တယ်ဆိုတဲ့ သတင်းမှား
တွေးပြီးမှယုံ
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး လွတ်မြောက်နယ်မြေကနေ စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားနေတဲ့ အနုပညာရှင် မြနှင်းရည်လွင်ဟာ အလင်းဝင်ရန်အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ အသနားခံစာ တင်ထားကြောင်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတယ်ဆိုတဲ့ ဖြန့်ဝေချက်တခု ပျံ့နှံ့နေပါတယ်။
ဒီရေးသားချက်ကို Sandarkhaing Myal နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့် တခုကနေ ဖြန့်ဝေထားတာကို တွေ့ရပြီး ထပ်ဆင့် ကူးယူဖော်ပြသူတွေလည်း အများအပြား ရှိနေပါတယ်။ ဖြန့်ဝေချက်မှာဆိုရင် “PDF တပ်ထဲမှာ ၅ နှစ်ကြာ နေထိုင်ခဲ့ပြီး ခွဲခြားဆက်ဆံမှုရမှုတွေကြောင့် အလင်းဝင်ရန် မှတ်ကန်စွာ ဆုံးဖြတ်ခဲ့ရကြောင်းနဲ့ အဆိုတော်ဂျီဖက်တို့ လမ်းကြောင်းအတိုင်း ချင်းမိုင်၊ မယ်ဆိုင်၊ တာချီလိတ် လမ်းကြောင်းကနေ လက်ခံမည်” လို့ ဆက်လက် ဖော်ပြထားပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံ အနေနဲ့ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာအမှားတခုသာ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ပျံ့နှံ့လာတဲ့ ဖြန့်ဝေချက်နဲ့ ပတ်သက်လို့ သရုပ်ဆောင်မြနှင်းရည်လွင်ရဲ့ ဖေ့ဘွတ်ခ်အကောင့်နဲ့ တိုက်ဆိုင် စစ်ဆေးခဲ့ရမှာ ဒီလို ရေးသားချက် ဖော်ပြထားတာကို မတွေ့ခဲ့ရပါ။ ဧပြီလ၊ ၁၁ ရက်နေ့အထိ တော်လှန်ရေးကို ထောက်ခံကြောင်း ဖော်ပြတဲ့ ရေးသားချက်ပါ ပိုစ့်တခုကို သူမရဲ့ ဖေ့ဘွတ်ခ်အကောင့်ကနေ ဖြန့်ဝေထားတာကို တွေ့မြင်နိုင်ပါတယ်။ သရုပ်ဆောင်မြနှင်းရည်လွင် ကိုယ်တိုင် အသုံးပြုနေတဲ့ ဖေ့ဘွတ်ခ်အကောင့်ကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
Link - https://www.facebook.com/myahnin.lwin
ဒါအပြင် ဒီသတင်းတုကို ဖြန့်ဝေထားတဲ့ Sandarkhaing Myal နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်ဟာဆိုရင်လည်း လတ်တလော လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့ သတင်းအကြောင်းအရာတွေနဲ့ အာဏာသိမ်းစစ်တပ် အာဘော်ဝါဒဖြန့် အကြောင်းအရာတွေကို အဆက်မပြတ်ဖြန့်ဝေနေတာကို တွေ့ခဲ့ရပါတယ်။
ဒီလို သတင်းတုတွေနဲ့ ပတ်သက်ရင် လွယ်လင့်တကူ မယုံကြည်ကြပဲ သက်ဆိုင်သူတွေရဲ့ ဖေ့ဘွတ်ခ်အကောင့်၊ ပေ့ချ်နဲ့ ဝက်ဆိုဘ်တွေက ဖော်ပြချက်တွေကို စောင့်ကြည့်ဖတ်ရှု့ကြဖို့ လိုအပ်သလို သတင်းဖြန့်ဝေထားသူရဲ့ ဖေ့ဘွတ်ခ်အကောင့်ကိုလည်း လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဖတ်ရှု့မိတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အချက်အလက်စစ်ဆေးဖို့ရာ အခက်အခဲ တစုံတရာရှိခဲ့ရင်လည်း တွေးပြီးမှယုံရဲ့ Chat Box မှာ လာရောက်စစ်ဆေးမေးမြန်းနိုင်ပါတယ်။
#FactCheck #thinkbeforeyout

ရှင်ပြုအလှူပွဲမှာ PDF တွေ ဆပ်ကြေးလာကောက်တယ်ဆိုတဲ့ သတင်းမှား
တွေးပြီးမှယုံ
ပြည်သူ့ကာကွယ်ရေးတပ် - PDF တပ်ဖွဲ့ဝင်တွေက ရှင်ပြုအလှူပွဲမှာ ဆပ်ကြေးလာကောက်ပါတယ်ဆိုတဲ့ ရေးသားချက်နဲ့ သတင်းဓါတ်ပုံတပုံ ပျံ့နှံ့နေပါတယ်။
ဒီရေးသားချက်နဲ့ ဓါတ်ပုံကို Nay Shine Aung နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်တခုကနေ စတင်ဖြန့်ဝေထားတာကိုတွေ့ရပြီး လိုက်ခ် - ၈၄၂ ဦးနဲ့ ပြန်လည်မျှဝေသူ - ၁၂၃ ဦးအထိ ရှိထားပါတယ်။ ရေးသားချက်မှာဆိုရင် “လေယာဉ်နဲ့ အဆော်မခံရသေးတဲ့ အချိန်ပေါ့၊ လေယာဉ်နဲ့ အဆော်ခံလိုက်ရရင် အကုန်လုံး အပြစ်မဲ့ အရပ်သား ပြည်သူတွေ ဖြစ်ကုန်ရော၊ အလှူပွဲမှာ ဆက်ကြေးလာကောက်တဲ့
PDF လေးတွေ တွေ့လား” (မူရင်းရေးသားချက်) အတိုင်းဖော်ပြထားပါတယ်။
ပျံ့နှံ့လာတဲ့ သတင်းဓါတ်ပုံနဲ့ ပတ်သက်လို့ တွေးပြီးမှယုံ အနေနဲ့ ဓါတ်ပုံတွေ ထပ်တူပြုစစ်ဆေးတဲ့ Reverse Image Search ကို အသုံးပြုပြီး တိုက်ဆိုင်စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးချက်အရ ဒီဓါတ်ပုံဟာဆိုရင် စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ PDF ရဲဘော် ၁၂ ဦး အတွက်ရည်စူးပြီးလုပ်ခဲ့တဲ့ ရှင်ပြုအလှူက ဓါတ်ပုံသာ ဖြစ်နေပါတယ်။ ဒီအကြောင်းကို တမူးခရိုင်၊ အမှတ် (၂) တပ်ရင်းရဲ့ ဖေ့ဘွတ်ခ်ပေ့ချ်ကနေ ၂၀၂၆ ခုနှစ်၊ ဧပြီလ၊ ၂၇ ရက်နေ့ ရက်စွဲနဲ့ သတင်းဖော်ပြထားတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ Link - https://shorturl.at/zvFCw
ဒီရှင်ပြုအလှူအကြောင်းကို လွတ်လပ်တဲ့ မီဒီယာတခုဖြစ်တဲ့ People Spring မှာလည်း ဖော်ပြထားတာကို အောက်က လင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ Link - https://shorturl.at/sjRWq
သတင်းတု ဖြန့်ဝေသူရဲ့ ရေးသားချက်ဟာဆိုရင်လည်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အရပ်သားပြည်သူတွေ သေဆုံး၊ ထိခိုက်ရတဲ့ ဖြစ်စဉ်တွေအပေါ် မှန်ကန်တဲ့ လုပ်ရပ်ဖြစ်သယောင် သုံးနှုန်းဖော်ပြထားမှုတွေလည်း ပါဝင်နေပါတယ်။ ဒီလို သတင်းဓါတ်ပုံတွေနဲ့ ပတ်သက်ရင် လွယ်လင့်တကူ မယုံကြည်ကြပဲ Reverse Image Search အသုံးပြုပြီး အလွယ်တကူ စစ်ဆေးအတည်ပြုနိုင်ပါသလို တွေးပြီးမှယုံရဲ့ Chat Box မှာလည်း စစ်ဆေးအတည်ပြုနိုင်ပါတယ်။
#ThinkBeforeYouTrust #FactCheck

တမူးခရိုင် ၊ အမှတ် -၂ တပ်ရင်း
သာသနာတော်နှစ် - ၂၅၆၉ ခုနှစ်
မြန်မာသက္ကရာဇ် - ၁၃၈၈ ခုနှစ်(ကဆုန်လဆန်း)
၇၊၈၊၉ ရက်နေ့
တမူးခရိုင်၊အမှတ်(၂)တပ်ရင်းတွင် တာဝန်ထမ်းဆောင်ရင်း
မြင့်မြတ်စွာ...

ဘူးသီးတောင်မြို့မှာ မွတ်ဆလင်တွေရဲ့ နေအိမ်တွေကို AA က မီးရှို့ဖျက်ဆီးဆိုတဲ့ သတင်းတု
တွေးပြီးမှယုံ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ ကျန်ရှိနေသေးတဲ့ မွတ်ဆလင်တွေရဲ့ နေအိမ်ကို အာရက္ခတပ်တော် - AA ကနေ မီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့ သတင်းရုပ်ပုံတချို့ ပျံ့နှံ့နေပါတယ်။
ဒီသတင်းရုပ်ပုံတွေကို Thazin Oo နာမည်နဲ့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ကနေ ဖြန့်ဝေခဲ့ပြီး မီးလောင်နေတဲ့ အဆောက်အဦးတွေရဲ့ ရုပ်ပုံတွေနဲ့ အတူ “ဘူးသီးတောင်မြိုနယ်ရှိ ကျန်ရှိနေသေးသော မွတ်စလင်နေအိမ်များကို အကြမ်းဖက် AA က ဆက်လက်မီးရှိဖျက်ဆီးနေကြောင်း သိရသည်” လို့ (မူရင်းအရေးအသားအတိုင်း) ဖော်ပြထားပါတယ်။ ၂၀၂၆ ခုနှစ်၊ ဧပြီ၊ ၂၇ ရက်နေ့က ဖြန့်ဝေထားတဲ့ သတင်းရုပ်ပုံတွေဟာဆိုရင် ကြည့်ရှု့သူ - ၁၁၂၆၁ ဦးနဲ့ လိုက်ခ် - ၂၉၅ ဦးအထိရှိခဲ့ပါတယ်။
တွေးပြီးမှယုံ အနေနဲ့ ပျံ့နှံ့လာတဲ့ သတင်းရုပ်ပုံနဲ့ ပတ်သက်လို့ ဓါတ်ပုံတွေကို ထပ်တူပြု စစ်ဆေးတဲ့ Reverse Image Search ကို အသုံးပြုပြီး အချက်အလက်စစ်ဆေးခဲ့ရာမှာ သတင်းတုသာ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ အချက်အလက်စစ်ဆေးချက်တွေအရ ဒီသတင်းရုပ်ပုံတွေဟာ ၂၀၂၆ ခုနှစ်၊ ဧပြီ၊ ၂၆ ရက်နေ့က ဘူးသီးတောင်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ခွဆုံလမ်းဆုံအနီး လူနေအိမ်တွေ မီးလောင်ခဲ့တဲ့ဖြစ်စဉ်က ဓါတ်ပုံတွေသာဖြစ်ပြီး ဒီအကြောင်းကို လွတ်လပ်တဲ့ ရခိုင်ဒေသတွင်း မီဒီယာတခုဖြစ်တဲ့ Border News Agency ကနေ သတင်းဖော်ပြထားတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
Link - https://shorturl.at/AGktq
ဒီမီးလောင်မှု ဖြစ်စဉ်နဲ့ပတ်သက်လို့ “ဘူးသီးတောင်မြို့ မီးလောင်” ဆိုတဲ့ စာအညွှန်းကို အသုံးပြီး ထပ်မံစစ်ဆေးခဲ့ရာ တခြား လွတ်လပ်တဲ့ ရခိုင်ဒေသတွင်း မီဒီယာတွေဖြစ်တဲ့ Narinjara နဲ့ Arakan Princess Media တို့မှာလည်း ဖော်ပြထားပြီး အောက်ကလင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
Narinjara - https://shorturl.at/ISkLd
Arakan Princess Media - https://shorturl.at/UR9bN
လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေအရ ဒီမီးလောင်မှုကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ ပြည်သူတွေ ပူးပေါင်း မီးငြိမ်းသတ်ခဲ့ရကြောင်း ဖော်ပြထားပါတယ်။ ဒါအပြင် သတင်းတု ဖြန့်ဝေထားတဲ့ Thazin Oo နာမည်နဲ့ တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ဟာဆိုရင် ရခိုင်ဒေသတွင်း နေထိုင်ကြတဲ့ ရခိုင်နဲ့ ရိုဟင်ဂျာလူမျိုးစုတွေအကြားမှာ အထင်လွဲမှားမှုတွေနဲ့ ပဋိပက္ခဖြစ်စေဖို့ လှုံ့ဆော်တဲ့ ရေးသားချက်တွေကို မကြာခဏ ဆိုသလို ဖြန့်ဝေလေ့ရှိပါတယ်။ ဒီလို သတင်းဓါတ်ပုံတွေနဲ့ ပတ်သက်ရင် လွယ်လင့်တကူ မယုံကြည်ကြပဲ Reverse Image Search အသုံးပြုပြီး အလွယ်တကူ စစ်ဆေးအတည်ပြုနိုင်ပါသလို တွေးပြီးမှယုံရဲ့ Chat Box မှာလည်း စစ်ဆေးအတည်ပြုနိုင်ပါတယ်။

သမိုင်းမှတ်တမ်းပုံကို လိုသလို ပြန်သုံးပြီး ဒေါ်ခင်ကြည်ရဲ့ ဖခင်အဖြစ် ပုံဖော်နေတဲ့ ဖြန့်ဝေချက်အမှား
တွေးပြီးမှယုံ
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ရဲ့ ဖခင်ဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ဘင်ကုလား (မူရင်းအရေးအသား) သာဖြစ်တယ်ဆိုတဲ့ ရေးသားချက်တခုဟာ သမိုင်းဓါတ်ပုံတခုနဲ့ အတူ ပျံ့နှံ့နေပါတယ်။
ဒီဖြန့်ဝေချက်ကို အာဏာသိမ်းစစ်တပ် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ နေပြည်တော် နာမည်နဲ့ တယ်လီဂရမ်ချန်နယ်တခုကနေ ဖြန့်ဝေထားတာဖြစ်ပါတယ်။ ဖြန့်ဝေချက်မှာဆိုရင် ဒေါ်ခင်ကြည်ရဲ့ ဖခင်ဟာ မြောင်းမြမှ ကိုဖိုးညှင်းဆိုသူ ဖြစ်ကြောင်းနဲ့ ဂျပန်တွေဝင်လာတော့ ယင်းဒေသကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ စစ်ရှောင်ခဲ့ကြတယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။
တွေးပြီးမှယုံ အနေနဲ့ အချက်အလက်စစ်ဆေးဖို့ရာအတွက် ဓါတ်ပုံတွေထပ်တူပြု စစ်ဆေးတဲ့ Reverse Image Search ကို အသုံးပြုပြီး စစ်ဆေးခဲ့ရာမှာတော့ သမိုင်းမှတ်တမ်းဓါတ်ပုံတခုကို လိုသလို ဖြတ်တောက်ပြီး သတင်းတုဖန်တီးထားတာကို တွေ့ခဲ့ရပါတယ်။ တွေးပြီးမှယုံကနေ တွေ့ရှိထားတဲ့ မူရင်းဓါတ်ပုံဟာဆိုရင် ၁၅ ရက်နေ့၊ ဇူလိုင်လ၊ ၁၉၇၀ ခုနှစ်ထုတ် အိုးဝေဂျာနယ်မှာ ထည့်သွင်းဖော်ပြခဲ့တဲ့ မှတ်တမ်းဓါတ်ပုံဖြစ်ပြီး “ဗိုလ်ချုပ်အား အမြဲသတိရနေသည့် အိုရီဂလာဝါ ခေါ် ဘာဘူကြီးတဦးက နို့စားနွားမနှင့် ခလေးများပေါင်း ၅ ကောင်အား၊ ဒေါ်ခင်ကြည်သို့ လှူဒါန်းပေးအပ်နေပုံ” ဆိုတဲ့ ပုံအညွှန်း ပါရှိနေပါတယ်။ ဒီဓါတ်ပုံကို M - Media ရဲ့ ဝက်ဘ်ဆိုက်မှာ ၁၉ ရက်နေ့၊ ဇူလိုင်၊ ၂၀၁၄ ခုနှစ်က ဖော်ပြထားတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ Link - https://m-mediagroup.com/news/30088
အာဏာသိမ်းစစ်တပ် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေဟာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်သိက္ခာပျက်စီးစေရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်ရင်သွေးမဟုတ်မှန်ကြောင်း၊ ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်းမဟုတ်ပဲ တခြားတဦးနဲ့ ဖောက်ပြန်ခဲ့ကြောင်း စတဲ့ ဇာတ်ကြောင်းတွေကို ပုံစံမျိုးစုံ ဖြန့်ဝေလေ့ရှိကြပါတယ်။ အခု ပျံ့နှံ့လာတဲ့ ဖြန့်ဝေချက်ဟာဆိုရင်လည်း သမိုင်းမှတ်တမ်းဓါတ်ပုံတခုကို လိုသလို ဖြတ်တောက်ပြီး သတင်းတုဖြန့်ဝေထားတာ ဖြစ်ပါတယ်။
#ThinkBeforeYouTrust #FactCheck
S

News @ M-Media
ဗိုလ်ချုပ်အောင်ဆန်းအား အမြဲသတိရနေသည့် ဘာဘူကြီး တစ်ဦး (ဓါတ်ပုံ)
ဇူလိုင် ၁၉ ၊၂၀၁၄ M-Media Photo viaBaydar Lam "ဗိုလ်ချုပ်အောင်ဆန်းအား အမြဲသတိရနေသည့် ဘာဘူကြီးတစ်ဥင်္ိးမှ နို့စားနွားမ အပါအဝင် နွားငါးကောင်ကို ဒေါ်ခင်ကြည်သို့ လှုဒါန်းနေပုံ" ၁၅.၇.၁၉၇၀ နေ့ထုတ် အိုးဝေ ဂျာန...