ဗန်းမော်တိုက်ပွဲမှာ တော်လှန်ရေးအင်အားစုတွေ အကျအဆုံးများနေတယ်လို့ PDF တယောက်မှ ပြောတယ် ဆိုတဲ့ အယောင်ဆောင်ဖြန့်ဝေချက်
တွေးပြီးမှယုံ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ထိုးစစ်ဆင်နေတဲ့ တော်လှန်ရေးမဟာမိတ်အင်အားတွေ အကျအဆုံးများနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF တပ်ဖွဲ့ဝင်တယောက်ကနေ ဖေ့ဘွတ်ခ်ကနေ တဆင့် ပြောတယ်ဆိုတဲ့ ဖြန့်ဝေချက် တခု ပျံ့နှံ့နေပါတယ်။
ဒီအကြောင်းကို မေ၊ ၃ ရက်နေ့က မောင် သုည နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့် တခုကနေ စတင်ဖြန့်ဝေခဲ့ပြီးတော့ မေ၊ ၅ ရက်မှာတော့ တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ Ko Thet ကနေ ထပ်ဆင့် မျှဝေခဲ့ပြီး လိုက်ခ် - ၄၆၉ ဦး၊ ကြည်ရှု့သူ - ၂၃၆၂၈ ဦးနဲ့ ပြန်လည်မျှဝေသူ ၂၇ ဦးရှိနေပါတယ်။ ဖြန့်ဝေချက်မှာဆိုရင် “KIA ၄၀၀၀ ကျော်၊ PDF ၁၀၀၀ ကျော်ထိ ကျဆုံးနေပြီး KIA က PDF တပ်သားတွေကို စိတ်ကြွဆေးတွေတိုက်ပြီး ရှေ့တန်းမှာ ထိုးကြွေးနေတယ်” ဆိုတာတွေအပြင် “ကချင်တွေက ကျဆုံးသွားတဲ့ သူတို့လူမျိုးတူတွေရဲ့ ရုပ်လောင်းတွေကိုသာ ဆွဲထုတ်နေတယ်၊ မယုံရင် အောက်ကတယ်လီဂရမ် ချန်နယ်လင့်ခ်မှာ ကြည့်” ဟုဆိုထားပြီး တယ်လီဂရမ်ချန်နယ်လင့်ခ်တခုကိုလည်း ဖော်ပြထားပါတယ်။
တွေးပြီးမှယုံ အနေနဲ့ ဖြန့်ဝေချက်ပါ မောင် သုည နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်ကို စစ်ဆေးခဲ့ရာမှာတော့ Friend - ၅ ယောက်သာ ရှိတာကို တွေ့ရပြီး ဧပြီ၊ ၁၄ ရက်နေ့ကမှ စတင်အသုံးပြုထားပါတယ်။ ဖြန့်ဝေချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအင်အားစုဘက်က ကျဆုံး အရေအတွက်တွေနဲ့ လူမျိုးရေးဆန်ဆန် ဇာတ်ကြောင်းတွေဟာလည်း တပ်ဝါဒဖြန့်သူတွေ အသုံးပြုနေကြ အကြောင်းအရာတွေ ဖြစ်နေပါတယ်။
ဒါအပြင် အဲ့ဒီဖေ့ဘွတ်ခ်အကောင့်ကနေ ညွှန်းထားတဲ့ “တိုက်ပွဲသတင်းစုံ” နာမည်နဲ့ တယ်လီဂရမ်ချန်နယ်ဟာလည်း တပ်ဝါဒဖြန့် သတင်းအကြောင်းအရာတွေကိုသာ ဖော်ပြနေတဲ့ ချန်နယ်တခု ဖြစ်ပါတယ်။
တွေးပြီးမှယုံ အနေနဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေတွေကို လွတ်လပ်တဲ့ မီဒီယာတွေကနေ တဆင့် ဖော်ပြချက်တွေကို ရှာဖွေခဲ့ရာမှာတော့ ဗန်းမော်မြို့ပေါ် ရပ်ကွက်အချို့နဲ့ လေယာဉ်ကွင်း၊ ခြေလျင်တပ်ရင်း ခလရ (၂၃၆)၊ အမြောက်တပ် (၃၆၆)၊ သံချပ်ကာတပ် (၅၀၁၄)၊ တင့်ကားတပ် (၇၀၀၆) နဲ့ ကာကင်းစခန်းတွေကို သိမ်းပိုက်ထားတယ်လို့ KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောတယ်လို့ Myanmar Now သတင်းဌာနမှာ မနေ့(ဧပြီ၊ ၅ ရက်)က ဖော်ပြထားတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ Link - https://shorturl.at/A1qQb
ဗန်းမော်မြို့သိမ်းတိုက်ပွဲ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ သိမ်းပိုက်ရရှိထားတဲ့ စခန်းတွေနဲ့ တိုက်ခိုက်သိမ်းယူရန် ကျန်ရှိတဲ့ စခန်းတွေရဲ့ အခြေအနေကိုလည်း Mizzama မီဒီယာရဲ့ ဖော်ပြချက်ကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ Link - https://shorturl.at/MQWLo
အချက်အလက်စစ်ဆေးချက်တွေအရ “မောင် သုည” နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်ဟာ တပ်ဝါဒဖြန်သူတွေ သတင်းတုနဲ့ လုပ်ကြံဖန်တီးရန်အတွက် PDF အယောင်ဆောင် ဖွင့်လှစ်ထားတဲ့ အကောင့်တခု သာဖြစ်နေတာကို တွေ့ရပါတယ်။ ဒါအပြင် တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားနေသည့် အနုပညာရှင်တွေနဲ့ တခြား လူသိများ သူတွေရဲ့ အကောင့်တွေ အယောင်ဆောင်ပြီး တော်လှန်ရေးဟာ ကျရှုံးသွားပြီဖြစ်ကြောင်းနဲ့ PDF များ အလင်းဝင်ကြပါ ဆိုတဲ့ ဖိုတိုရှော့သုံး လုပ်ကြံဖန်တီးထားတဲ့ ဖြန့်ဝေချက်တွေဟာလည်း မကြာခဏ ပျံ့နှံ့လာလေ့ရှိပါတယ်။
#factcheck
#thinkbeforeyoutrust

Myanmar Now
စစ်တပ်က မြို့ပေါ်တွင် ခံစစ်ပြင်ထား၍ ဗန်းမော်မြို့သိမ်းတိုက်ပွဲကြန့်ကြာဟု KIA ဆို - Myanmar Now
Latest news & insightful features on Myanmar
👍1
"တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ" ဆိုတဲ့ ဖြန့်ဝေချက်အဟောင်း
တွေးပြီးမှယုံ
အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ကိုဗစ် - ၁၉ မျိုးစိတ်ကွဲတွေ တကျော့ပြန် ကူးစက်နေပြီး မြန်မာနိုင်ငံမှာလည်း ကူးစက်ခံလူနာတွေ ပြန်လည်တွေ့ရှိနေရပါတယ်။ ဒီလိုအချိန်မှာပဲ "တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြန့်ဝေချက် တခု ပျံ့နှံ့နေပါတယ်။
ဖြန့်ဝေချက်ကို Burma Talk နာမည်နဲ့ ဖေ့ဘွတ်ခ်ပေ့ချ်တခုကနေ မေ၊ ၁၈ ရက်နေ့က ဖြန့်ဝေထားခဲ့ပြီး သတင်းမှာဆိုရင် ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်ချက်ဟုဆိုကာ ဗီဇပြောင်း ကိုဗစ် - ၁၉ ရဲ့ ရောဂါလက္ခဏာဆိုတာတွေကို ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ ဖြန့်ဝေချက်မှာဆိုရင် လိုက်ခ် - ၁၄၄၂၀ ဦးနဲ့ ပြန်လည်မျှဝေသူ - ၁၂၀၃၇ ဦးရေအထိ ရှိထားပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ တွေးပြီးမှယုံအနေနဲ့ ဖြန့်ဝေချက်ပါ အရေးကြီး စကားလုံးတွေကို အသုံးပြုပြီး ရှာဖွေကြည့်ရာမှာတော့ ဒီဖြန့်ဝေချက်ဟာ ယခု ၂၀၂၅ ခုနှစ်မှ ထွက်ပေါ်ခဲ့တာ မဟုတ်ပဲ ၂၀၂၁ ခုနှစ်တည်းက ပျံ့နှံ့ခဲ့တဲ့ ဖြန့်ဝေချက် ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဗီဇာပြောင်း ကိုဗစ် - ၁၉ ရောဂါဟာ တကြော့ပြန် ပြန်လည် ဖြစ်ပွားနေတာ မှန်ပေမယ့်လို့ ချူလာလောင်ကောင်ဆေးရုံက ထုတ်ပြန်တဲ့ "တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ" ဆိုတာဟာ ဖြန့်ဝေချက်အဟောင်းသာဖြစ်နေပါတယ်၊
၂၀၂၅ ခုနှစ်မှာ တကျော့ပြန် ဖြစ်ပွားနေတဲ့ ကိုဗစ် - ၁၉ နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှာဖွေခဲ့ရာမှာတော့ ထိုင်းနိုင်ငံ၊ ချူလာရတ် အပြည်ပြည်ဆိုင်ရာ ဆေးရုံကနေ မေ၊ ၁၆၊ ၂၀၂၅ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ကို တွေ့ခဲ့ရပါတယ်။ ချူလာရတ်ဆေးရုံရဲ့ ထုတ်ပြန်ချက်မှာဆိုရင် ကိုဗစ် - ၁၉ မျိုးကွဲ တခုဖြစ်တဲ့ Omicron XEC မျိုးစိတ်မှာ အဓိက ပျံ့နှံ့နေခြင်းဖြစ်ပြီး ရောဂါ လက္ခဏာတွေအနေနဲ့ -
အဖျားကြီးခြင်း (သို့) ချမ်းတုန်ခြင်း (ရင်ဘတ်/ကျောကို ထိကြည့်ရင် ပူနေခြင်း)
- ၂၄ နာရီအတွင်း ဆက်တိုက်ချောင်းဆိုးခြင်း
- အနံ့/အရသာ ပြောင်းလဲခြင်း (သို့) အရသာပျောက်ခြင်း
- အသက်ရှူကြပ်ခြင်း
- မောပန်းနွမ်းနယ်ခြင်း
- ကြွက်သားနာကျင်ကိုက်ခဲခြင်း
- ခေါင်းကိုက်ခြင်း
- လည်ချောင်းနာခြင်း
-နှာပိတ်ခြင်း၊ နှာရည်ယိုခြင်း
- အစားစားချင်စိတ်မရှိခြင်း
- ဝမ်းလျှောခြင်း
- ပျို့ခြင်း (သို့) အန်ခြင်း စတာတွေ ဖြစ်နိုင်ပြီးတော့
- အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ
- ကိုယ်ဝန်ဆောင်အမျိုးသမီးများ (ကိုယ်ဝန် ၁၂ ပတ်နှင့်အထက်)
- နာတာရှည်ရောဂါ ၇ မျိုးရှိသူများ
- နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းရောဂါ
- နှလုံးနှင့်သွေးကြောရောဂါ
- နာတာရှည်ကျောက်ကပ်ရောဂါ
- လေဖြတ်ဖူးသူများ
- အဝလွန်ခြင်း
- ကင်ဆာရောဂါ
- ဆီးချိုရောဂါ
စတဲ့အုပ်စုဝင်တွေကတော့ ရောဂါကူးစက်ခံရပါက ပြင်းထန်နိုင်တာကြောင့် အထူးသတိထားကာကွယ်ဖို့ လိုအပ်ပါတယ်လို့ ဆိုထားတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ Link - https://www.chularat3inter.com/.../omicron-xec-covid-2568...
ဒါအပြင် လတ်တလော ကူးစက်မှုနှုန်းမြင့်နေတဲ့ Omicron XEC နဲ့ ပတ်သက်လို့ Duwun Lifestyle နဲ့ အထွေထွေသမားတော် ဦးအောင်ကျော်မိုးနဲ့ မေးမြန်းထားတဲ့ ရုပ်သံမှာဆိုရင်လည်း ဆောင်ရန်၊ ရှောင်ရန်နဲ့ သတိထားဖွယ်တွေကို ပြောပြထားတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့လို့ရပါတယ်။ Link - https://shorturl.at/xFExo
လတ်တလော ဖြစ်ပေါ်နေတဲ့ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ်တွေကို အသုံးချပြီးတော့ အခုလိုမျိုး ဖြန့်ဝေချက် အဟောင်းတွေကို ပြန်လည်ကူးယူဖော်ပြမှုတွေဟာ မကြာခဏဆိုသလို ပျံ့နှံ့လေ့ရှိပါတယ်။ ကျန်းမာရေးနဲ့ သဘာဝဘေးအန္တရာယ်လိုမျိုး ဖြစ်စဉ်တွေဟာလည်း လူအများအပြားကို အချိန်တိုအတွင်းမှာ ထိခိုက်စေနိုင်တာမလို့ လူတွေဟာ စိုးရိမ်တကြီးနဲ့ ဖြန့်ဝေတတ်ကြပါတယ်။ ဒါကြောင့် အခုလိုမျိုး ဖြန့်ဝေချက်တွေကို တွေ့ရင် လွတ်လပ်တဲ့ မီဒီယာတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ဖော်ပြချက်တွေကိုစောင့်ကြည့်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။
#FactCheck

Facebook
Log in or sign up to view
See posts, photos and more on Facebook.
တရုတ်နိုင်ငံမှ ဂါဇာဒေသသို့ လေကြောင်းမှ တဆင့် လူသားခြင်း စာနာမှုဆိုင်ရာ အကူအညီတွေ ချပေးခဲ့တယ်ဆိုတဲ့ ရုပ်သံဖိုင်အမှား
တွေးပြီးမှယုံ
အစ္စရေးရဲ့ အလုံးစုံ ပိတ်ဆို့မှုကို ရက်သတ္တပတ်များစွာ ခံနေရတဲ့ ဂါဇာကမ်းမြှောင် ဒေသက ပါလက်စတိုင်းဒုက္ခသည်တွေကို တရုတ်နိုင်ငံကနေ လေကြောင်းမှ တဆင့် ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ ချပေးခဲ့တယ်ဆိုတဲ့ ရုပ်သံဖိုင်တွေ ပျံ့နှံ့နေပါတယ်။
ဒီရုပ်သံဖိုင်ကို Ko Thet နာမည်နဲ့ တယ်လီဂရမ်ချန်နယ်တခုကနေ ဖြန့်ဝေထားတာကို တွေ့ရပြီး သတင်းမှာဆိုရင် ပိရိမစ်တွေပေါ်ကနေ ပျံဝဲသွားတဲ့ လေယာဉ်အုပ်စုတွေရဲ့ ပုံရိပ်တွေ၊ တခြားမတူညီတဲ့ ရုပ်သံဖိုင်တွေက ပုံရိပ်တွေနဲ့အတူ “တရုတ်က ဂါဇာကို လူသားချင်းကူညီမှုအနေနဲ့ ရိက္ခာများချပေး” လို့ ဖော်ပြထားပါတယ်။ ဖြန့်ဝေချက်ဟာဆိုရင် လိုက်ခ် - ၄၄၀ ဦး၊ ကြည့်ရှု့သူ - ၂၀၉၄၂ ဦးနဲ့ ပြန်လည်မျှဝေသူ ၃၄ ဦးအထိရှိနေပါတယ်။ ဒီသတင်းရုပ်သံဖိုင်ဟာ နိုင်ငံတကာမှာလည်း “Thank You China” ဆိုတဲ့ စာတမ်းနဲ့အတူ တစ်ခ်တော့ခ်နဲ့ ဖေ့ဘွတ်ခ်ပလက်ဖောင်းပေါ်မှာ အဓိက ပျံ့နှံ့နေတာဖြစ်ပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဖြန့်ဝေချက်ပါ ရုပ်သံဖိုင်တွေကို အချက်အလက် စစ်ဆေးခဲ့ရာမှာတော့ သတင်းအမှား တခုသာဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ပိရမစ်တွေပေါ်ကနေ လေယာဉ်တွေ အုပ်စုလိုက် ပျံသန်းသွားတဲ့ ရုပ်သံဖိုင်ဟာဆိုရင် မေ၊ ၁၊ ၂၀၂၅ ခုနှစ်က အီဂျစ်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား ပထမဆုံးအကြိမ် လေကြောင်း ပူးတွဲလေ့ကျင့်တဲ့ ရုပ်သံဖိုင်သာ ဖြစ်ပါတယ်။ ဒီရုပ်သံဖိုင်ကို Ahmed Alttar နာမည်နဲ့ အီဂျစ် ဓါတ်ပုံပညာရှင်တယောက်က အင်စတာဂရမ်မှာ တင်ထားခဲ့တာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ Link - https://rb.gy/i8n3o6
ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို ချပေးနေတဲ့ အမေရိကန် နိုင်ငံထုတ် C - 17 ဝန်တင်လေယာဉ် အမျိုးအစားဖြစ်ပြီး ဒီလို လေယာဉ်အမျိုးအစားဟာ အမေရိကန်နိုင်ငံနဲ့ မဟာမိတ်နိုင်ငံတွေမှာသာ ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ C - 17 လေယာဉ်ပိုင်ဆိုင်ခြင်း မရှိပဲ အလားတူ ဝန်တင်လေယာဉ်ဖြစ်တဲ့ Harbin Y - 12 လေယာဉ်အမျိုးအစားကို အသုံးပြုပါတယ်။
ဒါအပြင် တရုတ်နိုင်ငံအနေနဲ့ ဂါဇာဒေသကို အကူအညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ခြင်းရှိ၊ မရှိကို အရေးပါတဲ့ စကားလုံးတွေ အသုံးပြု ရှာဖွေခဲ့ရာမှာလည်း အချက်အလက် မတွေ့ရှိခဲ့ရပေ။ မတ်၊ ၂၊ ၂၀၂၅ ခုနှစ်ကနေစလို့ တနင်္ဂနွေနေ့အထိ (မေ၊ ၁၉၊ ၂၀၂၅) ခုနှစ်အထိ အစ္စရေးကနေ ဂါဇာဒေသကို အလုံးစုံ ပိတ်ဆို့ထားလို့ တရုတ်နိုင်ငံရဲ့ အကူအညီတွေ ရောက်ရှိမလာတဲ့အပြင် နိုင်ငံတကာအကူအညီတွေ ပြတ်တောက်နေပြီး ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်တယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။
အလားတူ တရုတ်နိုင်ငံကနေ ဂါဇာဒေသကို လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီတွေ လေကြောင်းကနေ တဆင့် ကူညီမှုတွေ ပေးခဲ့တယ်ဆိုတဲ့ ရုပ်သံဖိုင်တွေဟာ တခြားဖြစ်စဉ်က ရုပ်သံတွေသာဖြစ်တယ်လို့ ဒူဘိုင်းမှာ အခြေစိုက်တဲ့ အချက်အလက်စစ်ဆေးရေး အဖွဲ့တခုဖြစ်တဲ့ Misbar နဲ့ ပြင်သစ်အခြေစိုက် သတင်းဌာန တခုဖြစ်တဲ့ France 24 တို့မှာ ဖော်ပြထားပါတာကို အောက်ကလင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
France 24 - https://rb.gy/57fboa
Misbar - https://rb.gy/agn1oh
အချက်အလက်စစ်ဆေးချက်တွေအရ ဒီသတင်းရုပ်သံတွေဟာ တခြားဖြစ်စဉ်က ရုပ်သံတွေကို ပေါင်းစပ်ထားပြီး သတင်းတု ဖန်တီးထားတာသာဖြစ်ပါတယ်။

သုံးထပ်သင်္ဘောကြီး အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ခဲ့လို့ ဒလတံတားကြီးကျိုးသွားပြီဆိုပြီး ရုပ်သံဖိုင်အတု
တွေးပြီးမှယုံ
ရန်ကုန် - ဒလကမ်းကူးတံတားကြီးကို သုံးထပ် သင်္ဘောကြီးကနေ အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ခဲ့တာကြောင့် ကျိုးကျသွားခဲ့တယ်ဆိုတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်ပေါ်ကို ပျံ့နှံ့နေပါတယ်။
ဒီရုပ်သံဖိုင်ကို Hein Htet Aung နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့် တခုကနေ “ လဒတံတားကျိုးသွားပြီ ၃ထပ်သင်္ဘောကြီးဖြတ်သွားရင်း အရှိန်မထိန်းနိုင်လို့” ဆိုတဲ့ခေါင်းစဉ်နဲ့ ဖြန့်ဝေထားတာတွေ့ရပြီး လိုခ် ၂၂၅၇ ဦးနဲ့ ပြန်လည်မျှဝေသူ ၁၂၁၇ ဦးရှိနေပြီး ထပ်ဆင့်မျှဝေသူတွေလည်း ရှိနေပါတယ်။
ပြန့်နှံ့လာတဲ့ ရုပ်သံဖိုင်နဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ ရုပ်သံဖိုင်ဟာ ရန်ကုန် - ဒလ မြစ်ကူးတံတားမဟုတ်ခဲ့ပဲ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄ ရက်က ဖိလစ်ပိုင်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရုပ်သံဖိုင် တခုသာဖြစ်နေပါတယ်။ ဖိလစ်ပိုင်နိုင်ငံ၊ ပါ်စစ်မြို့ - မာရီကီနာမြစ်ပေါ်ရှိ အက်ဖ် မာနာလို တံတားကို အားကောင်းတဲ့ မုတ်သုံလေကြောင့် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ရေစီးအရှိန်မထိန်းနိုင်ပဲ သင်္ဘောတွေ ဝင်တိုက်ခဲ့မိတဲ့ ရုပ်သံမှတ်တမ်းတခုသာဖြစ်ပါတယ်။
ဒီအကြောင်းကို ဖိလစ်ပိုင်နိုင်ငံအခြေစိုက်၊ အွန်လိုင်းအခြေပြုမီဒီယာတခုဖြစ်တဲ့ Rappler ကနေ ဖော်ပြထားတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
https://www.rappler.com/philippines/barges-marikina-river-hit-pasig-bridge-july-24-2024/
ဒါ့အပြင် ပျံ့နှံ့နေတဲ့ ဒီရုပ်သံဖိုင်အတုနဲ့ ပတ်သက်လို့ သတင်းတု/ မှားဖြန့်ဝေသူတွေကို စစ်ကောင်စစ်လက်အောက်ခံ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ တရားစွဲဆိုအရေးယူသွားမှာ ဖြစ်တယ်လို့ စစ်တပ်တပ်လက်ဝေခံ မီဒီယာတခုဖြစ်တဲ့ Myanmar Transparency - News မှာ ဖော်ပြလာပါတယ်။
ဒါ့ကြောင့် သတင်းရုပ်သံဖိုင်တွေကို တွေ့တာနဲ့ တထစ်ချမယုံမိဖို့အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ မိုးရာသီစတင်လာတာနဲ့ အမျှ ကချင်ပြည်နယ်အပါအဝင် တချို့ဒေသတွေမှာ မိုးကြီး ရေလျှံတာတွေ ဖြစ်နေပါတယ်။ ဒါကြောင့် အခုလို အချိန်ကိုက်ဖြန့်ဝေတဲ့ သတင်းတွေဟာ လူတွေကို အလွယ်တကူ ယုံကြည်စေနိုင်ပါတယ်။ ဒါကြောင့် ဒီလို သတင်းတွေနဲ့ ပတ်သက်ရင် လွတ်လပ်တဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်တွေကို စောင့်ကြည့်ဖတ်ရှု့ကြဖို့ လိုအပ်သလို တွေးပြီးမှယုံရဲ့ Chat box မှာလည်း လာရောက်မေးမြန်းနိုင်ပါတယ်။

❤3👍1
ဗန်းမော်မှာ KIA စစ်ရှုံးနေတယ်လို့ တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေ သတင်းတုဖြန့်နေ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် - KIA အဖွဲ့ဟာ စစ်ရှုံးနိမ့်နေပြီး အာဏာသိမ်းစစ်တပ်က လိုက်လံချေမှုန်းနေလို့ ထွက်ပြေးနေရတယ်ဆိုတဲ့ ရေးသားချက် တခုတပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့နေပါတယ်။
ဒီရေးသားချက်ကို ရွှေနေကြာနာမည်နဲ့ တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တခုကနေ ဖြန့်ဝေထားတာဖြစ်ပါတယ်။ ရေးသားချက်မှာဆိုရင် ကချင်ဒေသတွင်း မီဒီယာတခုဖြစ်တဲ့ Kachin News Group ကနေ ဖော်ပြထားတဲ့ “ဗန်းမော်တိုက်ပွဲမှာ လက်နက်ချပြီး ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သား စစ်သုံ့ပန်းများ” ဆိုပြီး စစ်ကောင်စီသုံ့ပန်းတွေရဲ့ ရုပ်သံနဲ့ သတင်းကို ဂျင်းသတင်းလို့ တံဆိပ်ကပ်ထားတဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး စစ်ရှုံးနေတဲ့ KIA အကြမ်းဖက်တွေကတော့ ဂျင်းသတင်းတွေ ထပ်ခါတလဲလဲ ထည့်နေပါတယ် ဆိုပြီး ရေးသားထားပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ တွေးပြီးမှယုံ အနေနဲ့ အချက်အလက်စစ်ဆေးဖို့အတွက် ဗန်းမော်တိုက်ပွဲနဲ့ ပတ်သက်လို့ အရေးပါတဲ့ စကားလုံးတွေကို အသုံးပြုပြီး ရှာဖွေခဲ့ရာမှာတော့ ဗန်းမော်မြို့ သိမ်းပိုက်နိုင်ရေး KIA နဲ့ မဟာမိတ်တပ်တွေ ထိုးစစ်ဆင်ခဲ့ရာ ဇန်နဝါရီလ၊ ၁၄ ရက်နေ့မှာ အာဏာသိမ်းစစ်တပ် ထောက်ပံ့ရေးတပ် ထပရ (၉၃၃) တပ်ရင်းအဝင် ခြေကုတ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ဦး ဖမ်းဆီးရမိတယ်လို့ လွတ်လပ်တဲ့ မီဒီယာတွေမှာ ဖော်ပြကြတာကို တွေ့ခဲ့ရပါတယ်။
လွတ်လပ်တဲ့ မီဒီယာတွေဖြစ်တဲ့ Mizzima နဲ့ People’s Spring ရဲ့ သတင်းဖော်ပြချက်မှာဆိုရင် “ဇန်နဝါရီ ၁၄ ရက်နေ့မှာ ဗန်းမော်မှာရှိတဲ့ စစ်တပ်ခြေကုတ်အထိုင်စခန်းတခုနဲ့ ကာကင်းစခန်းတွေကို KIA နဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်ခဲ့ပြီး တပ်သား ၂၀ ဦးလက်နက်ချ” ဟုရေးသားထားပါတယ်။ အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Mizzima - https://shorturl.at/n8hAT
People Spring - https://shorturl.at/N7CDa
အလားတူ BBC သတင်းဌာနရဲ့ ဖော်ပြချက်မှာဆိုရင်လည်း ဗန်းမော်၊ စစ်ကောင်စီထောက်ပို့တပ်ရဲ့ ခြေကုပ်စခန်းတခုကို KIA/ PDF သိမ်ယူနိုင်ခဲ့တယ်လို့ ဖော်ပြထားတာကို အောက်ကလင့်ခ်မှာ ကြည့်ရှု့နိုင်ပါတယ်။
BBC - https://shorturl.at/Jq6yl
အာဏာသိမ်းစစ်တပ် ဝါဒဖြန့်ချန်နယ်တွေဟာ လွတ်လပ်တဲ့ မီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေအပေါ် သတင်းမှားသာဖြစ်ကြောင်း မကြာခဏဆိုသလို တုန့်ပြန်လေ့ရှိပါတယ်။ သတင်းမှားလို့ စွပ်စွဲတုန့်ပြန်ရာမှာလည်း ခိုင်လုံစနစ်ကျတဲ့ အချက်အလက်စစ်ဆေးမှုတွေနဲ့ သက်သေပြချက်တွေ မပါဝင်ပဲ သတင်းမှားလို့သာ လွယ်လင့်တကူ တုန့်ပြန်ဝါဒဖြန့်လေ့ရှိပါတယ်။

လတ်တလော ထွက်ပေါ်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ရဲ့ ပုံရိပ်တွေဟာ ဓါတ်ပုံဟောင်းတွေသာဖြစ်
တွေးပြီးမှယုံ
အာဏာသိမ်းစစ်တပ်ကနေ ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ ပုံရိပ်အချို့တက်လာပါတယ်ဆိုပြီး သတင်းဓါတ်ပုံတခု ဖေ့ဘွတ်ခ်လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ ဒီဓါတ်ပုံဟာဆိုရင် ဇန်နဝါရီလ၊ ၂၄ ရက်နေ့က အာဏာသိမ်းစစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အင်တာဗျူးကို မြဝတီရုပ်သံအပါအဝင် မီဒီယာအချို့ကို ဖြေကြားခဲ့ပြီး နောက်ရက်မှာပဲ အချိန်ကိုက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒီဓါတ်ပုံတွေကို Htoo Thit Vlogs နဲ့ Kyaw Htet Aung ဆိုတဲ့ ဖေ့ဘွတ်ခ်ပေ့ချ်တခုနဲ့ အကောင့်တခုကနေ စတင်ဖြန့်ဝေလာခဲ့တာကို တွေ့ရပြီးတော့ စာအညွှန်းတွေဟာလည်း အတူတူပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ပိုစ့်မှာဆိုရင် မက်စ်တပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ရဲ့ တရားရုံးခွင်က ဓါတ်ပုံနဲ့အတူ “အမေစုနှင့် သမ္မတို့၏ ပုံရိပ်အချို့ တက်လာပါသည်။ ကြည်ရတာတော့ တော်တော်စိတ်မချမ်းသာ စရာပါပဲ။ ဘေးကင်း၊ ကျန်းမာကြပါစေ” ဖော်ပြထားပါတယ်။
ပျံ့နှံ့နေတဲ့ သတင်းဓါတ်ပုံနဲ့ ပတ်သက်လို့ တွေးပြီးမှယုံအနေနဲ့ အချက်အလက် စစ်ဆေးဖို့ရာအတွက် ဓါတ်ပုံတွေကို ထပ်တူပြုစစ်ဆေးတဲ့ Reverse Image Search ကို အသုံးပြု စစ်ဆေးခဲ့ရာမှာတော့ ဒီရုပ်ပုံတွေဟာ ဓါတ်ပုံအဟောင်းတွေသာ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ အချက်အလက်စစ်ဆေးချက်တွေအရ ပျံ့နှံ့လာတဲ့ ဓါတ်ပုံဟာ ၁၈ ရက်၊ ဇွန်လ၊ ၂၀၂၅ ခုနှစ်က ဗြိတိန်နိုင်ငံအခြေစိုက် နိုင်ငံတကာသတင်းဌာနတခုဖြစ်တဲ့ The Guardian ကနေ ဖော်ပြလာတဲ့ ရုပ်သံမှ ဓါတ်ပုံသာ ဖြစ်နေပါတယ်။ ကြာချိန် တစ်မိနစ်နှင့် ဆယ်နှစ်စက္ကန့်သာ ရှိတဲ့ ဒီရုပ်သံဖိုင်ဟာဆိုရင်၂၂ ရက်၊ ဩဂုတ်လ၊ ၂၀၂၂ ခုနှစ်ရက်စွဲနဲ့ ထွက်ပေါ်ခဲ့တာဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ အာဏာသိမ်းစစ်တပ်ရဲ့ တရားခွင်မှာ တရားရင်ဆိုင်နေရတဲ့ ရုပ်သံဖြစ်ပါတယ်။ ဒီအကြောင်းကို The Guardian သတင်းဌာနရဲ့ ယူကျု့ချန်နယ်က ထုတ်လွှင့်ထားတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
Link - https://youtu.be/sp2Crfzo7dY?si=_uWmehHMNT1xrhzQ
အလားတူ လွတ်လပ်တဲ့ မီဒီယာတခုဖြစ်တဲ့ The Ayeyarwaddy Times ကနေလည်း ဒီရုပ်သံဖိုင်နဲ့ ပတ်သက်လို့ နေပြည်တော်ထောင်မှာ တနှစ်ခန့်နေထိုင်ခဲ့ရတဲ့ အယ်ဒီတာကိုသန်းထိုက်အောင်နဲ့ အင်တာဗျူးထားတဲ့ ရုပ်သံဖိုင်ကိုလည်း အောက်ကလင့်ခ့်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
Link - https://youtu.be/8XuM0RNo6jY?si=btwRHW7Hyg4OZbbt
သတင်းဓါတ်ပုံအဟောင်းကို အချိန်ကိုက် ပြန်ဖြန့်ဝေထားတဲ့ ဖေ့ဘွတ်ခ်အကောင့်နဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးရာမှာလည်း လူအများကြား စိတ်ဝင်စားဖွယ်ဖြစ်ပြီး အလွယ်တကူဆွဲဆောင်နိုင်တဲ့ အကြောင်းအရာတွေကို ဆက်တိုက်ဆိုသလို ဖြန့်ဝေနေတာကို တွေ့ရပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏသိမ်းခဲ့ချိန်မှ စပြီး ဖမ်းဆီးခံထားရတဲ့ အသက် ၈၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာဆိုရင် ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခံထားရပြီး ဘယ်နေရာမှာ ချုပ်နှောင်ခံထားရမှန်း မသိရသလို ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ ကောင်းမွန်ကြောင်း စစ်တပ်က ထုတ်ပြန်ပြောဆိုလေ့ရှိပေမယ့် သက်သေအထောက်အထားတွေ ပြလေ့မရှိပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ သတင်းတွေ မကြာခဏ ထွက်ပေါ်လာလေ့ရှိပါတယ်။ ဒီလို သတင်းဓါတ်ပုံတွေကို တွေ့ရင် လွယ်လင့်တကူ မယုံကြည်ပဲ Reverse Image Search သုံးပြီး အလွယ်တကူစစ်ဆေးနိုင်သလို အခက်အခဲ တစုံတရာရှိရင်လည်း တွေးပြီးမှယုံရဲ့ Chat box မှာ လာရောက်ပေးပို့ စစ်ဆေးနိုင်ပါတယ်။
#FactCheck #ThinkBeforeYouTrust

YouTube
Leaked footage shows Aung San Suu Kyi inside Myanmar courtroom
Since the military seized power in February 2021, little has been seen or heard of Aung San Suu Kyi. Videos dated October and December 2022 show Aung San Suu Kyi appearing in a makeshift courtroom with deposed president Win Myint, 73, during military-run…
မြန်မာတွေကို မောင်းထုတ်ဖို့ ထိုင်းနိုင်ငံသားတွေ ဆန္ဒပြတယ်ဆိုတဲ့ သတင်းမှား
တွေးပြီးမှ ယုံ
ရွှေ့ပြောင်းမြန်မာတွေ သန်းနဲ့ချီပြီး မှီခိုနေထိုင်နေတဲ့ ထိုင်းနိုင်ငံမှာ မြန်မာလူမျိုးတွေကို မောင်းထုတ်ဖို့နဲ့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့အတွက် ထိုင်းနိုင်ငံသားတွေ ဆန္ဒပြနေတယ်ဆိုတဲ့ ရေးသားချက်နဲ့ ရုပ်ပုံတချို့ပျံ့နှံ့နေပါတယ်။
ဒီအကြောင်းကို Su Su Hlaing၊ Burmese Now စတဲ့ နာမည်တွေနဲ့ ဖေ့ဘွတ်အကောင့်တခုနဲ့ ပေ့ချ်တခုကနေ ဖြန့်ဝေထားတာကို တွေ့ရပါတယ်။ ဖြန့်ဝေချက်မှာဆိုရင် ထိုင်းလူမျိုးတွေ ဆိုင်းဘုတ်ကိုင် ဆန္ဒပြနေတဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး “မြန်မာတွေကို မောင်းထုတ်ဖို့နဲ့ တင်းတင်းကျပ်ကျပ် အရေးယူဖို့ မြန်မာအများစုရှိရာ စမူပရာကန်ဈေးမှာ ဆန္ဒပြတောင်းဆို” ဆိုတဲ့ စာအညွှန်းတွေ ပါဝင်ပါတယ်။
တွေးပြီးမှ ယုံ အနေနဲ့ ဖြန့်ဝေချက်ပါ ရုပ်ပုံတွေကို အချက်အလက်စစ်ဆေးဖို့ရာအတွက် ရုပ်ပုံတွေ တိုက်ဆိုင်စစ်ဆေးတဲ့ Reverse Image Search ကို အသုံးပြုစစ်ဆေးခဲ့ရာမှာတော့ တခြားဖြစ်စဉ်က ရုပ်သံဖိုင်တခုကို screen shot ရိုက်ယူပြီး လိုသလို စာအညွှန်းတပ် ဖြန့်ဝေထားတာကို တွေ့ရပါတယ်။ အချက်အလက်စစ်ဆေးချက်တွေအရ တွေ့ရှိရတဲ့ ရုပ်သံဖိုင်နဲ့ ပတ်သက်လို့ တွေးပြီးမှယုံ အနေနဲ့ ထိုင်းဘာသာစကားကျွမ်းကျင်သူတဦးနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ဒီရုပ်သံဖိုင်ဟာဆိုရင် ထိုင်းရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ အငြင်းပွားမှုတွေနဲ့ စပ်ဆက်ပြီး ဆန္ဒပြနေတာဖြစ်ပါတယ်။ မူလရုပ်သံဖိုင်ဟာဆိုရင် น้องมด รสริน နာမည်နဲ့ ထိုင်းအမျိုးသမီးတယောက်ကနေ ဖြန့်ဝေထားတာဖြစ်ပြီးတော့ အောက်လင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
Link - https://shorturl.at/ZT7lk
ဒါ့အပြင် ရုပ်သံဖိုင်ကို ဖြန့်ဝေထားတဲ့ Su Su Hlaing၊ Burmese Now နာမည်ရှိ ပေ့ချ်နဲ့ အကောင့်ဟာဆိုရင်လည်း သူတို့ရဲ့ ပိုစ့်တွေကို လူများများဆီ ရောက်ရှိစေဖို့အတွက် လတ်တလော လူအများစိတ်ဝင်စားတဲ့ အကြောင်းအရာနဲ့ ဖြစ်စဉ်တွေကို အဆက်မပြတ်ဖြန့်ဝေနေတာကို တွေ့ရပါတယ်။
ဒါကြောင့် သတင်းတုမှာ ဖြန့်ဝေထားသလို မြန်မာနိုင်ငံသားတွေကို မောင်းထုတ်ဖို့နဲ့ တင်းတင်းကျပ်ကျပ် အရေးယူပေးဖို့ ဆန္ဒပြနေတာ မဟုတ်ပါ။ ဒါပေမယ့် သတင်းတုရဲ့ သက်ရောက်မှုအနေနဲ့ ထိုင်းနိုင်ငံအရေး ဆန္ဒပြနေတဲ့ အမျိုးသမီးရဲ့ ရုပ်သံဖိုင်အောက်မှာ မြန်မာနိုင်ငံသားတွေဟာ နားလည်မှုလွဲမှားပြီး လူမျိုးရေးနဲ့ ပတ်သက်တဲ့ မှတ်ချက် (comment) တွေ ရေးနေတာတွေကိုလည်း တွေ့ရပါတယ်။ လတ်တလောမှာဆိုရင် ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲကာလ ဖြစ်သလို ထိုင်းအမျိုးသားရေးသမားတွေကလည်း မြန်မာဆန့်ကျင်ရေးတွေ တဟုန်ထိုး ပြုလုပ်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့် စစ်ဆေးဖမ်းဆီးမှုတွေလည်း မြင့်တက်နေသလို အခုလိုမျိုး လုပ်ကြံဖန်တီးထားတဲ့ သတင်းတုတွေဟာလည်း မူလရှိနေတဲ့ လူမျိုးရေးပဋိပက္ခတွေကို ပိုပြီးတင်းမာစေနိုင်ပါတယ်။ ဒါကြောင့် ဒီလို သတင်းတုတွေတွေ့ရင် Reverse Image Search မှာ လွယ်လင့်တကူ စစ်ဆေးလို့ရနိုင်သလို လူမျိုးရေးဆန်ဆန် မှတ်ချက်တွေနဲ့ ရေးသားချက်တွေကိုလည်း အထူးသတိထားကြဖို့လိုအပ်ပါတယ်။

ဖေဖော်ဝါရီ (၂၅) ကနေ စလို့ မုန်တိုင်းမိုးတွေ ကြမ်းတော့မယ်ဆိုတဲ့ ဖြန့်ဝေချက်အတု
တွေးပြီးမှယုံ
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းအရှိန်ကြောင့် လာမယ့် ဖေဖော်ဝါရီ (၂၅) ရက်နေ့ကနေစလို့ မတ်လ (၄) ရက်နေ့အထိ မြန်မာနိုင်ငံတဝန်းမှာ အချိန်မခါမဟုတ် မိုးကြီးခြင်း နဲ့ လေပြင်းတိုက်ခတ်ခြင်းတွေ ကြုံရနိုင်တယ်ဆိုတဲ့ ဖြန့်ဝေချက် တခု ဖေ့ဘွတ်ခ်ပလက်ဖောင်းပေါ်မှ ပျံ့နှံ့နေပါတယ်။
ဒီဖြန့်ဝေချက်ကို Cele News Channel နာမည်နဲ့ ဖေ့ဘွတ်ခ်ပေ့ချ်ကနေ စတင်ဖြန့်ဝေထားခဲ့တာကို တွေ့ရပြီး “မုန်တိုင်းမိုးတွေ ကြမ်းတော့မယ်” ဆိုတဲ့ ခြိမ်းခြောက်မှုတွေပါဝင်တဲ့ သတင်းခေါင်းစဉ်နဲ့အတူ မြန်မာနိုင်ငံအရပ်ဒေသ အများအပြားမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်သလို၊ လေပြင်းတိုက်ခိုက်တာနဲ့ မိုးကြိုးပစ်တာတွေလည်း ပါဝင်နိုင်တယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။ မနေ့ (ဖေဖော်ဝါရီ ၂၀) ရက်နေ့က ပျံ့နှံ့လာတဲ့ ဒီဖြန့်ဝေချက်ဟာဆိုရင် လိုက်ခ် - ၁၁၆၄၆ ဦးနဲ့ ပြန်လည်မျှဝေသူ - ၄၅၉၃ ဦးအထိရှိနေပါတယ်။
တွေးပြီးမှယုံ အနေနဲ့ ပျံ့နှံ့လာတဲ့ ဖြန့်ဝေချက်နဲ့ ပတ်သက်လို့ အချက်အလက်စစ်ဆေးဖို့ရာအတွက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ တရားဝင် ဖေ့ဘွတ်ခ်ပေ့ချ်ရဲ့ ဖော်ပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာတော့ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားလျော့သွားခဲ့ပါတယ်လို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ ဒီသတင်းထုတ်ပြန်ချက်ကို အောက်က လင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
Link - https://shorturl.at/raqn6
ယနေ့ (ဖေဖော်ဝါရီ ၂၁) ရက်နေ့ မနက် (၈) နာရီ သတင်းဖော်ပြချက်မှာဆိုရင်လည်း မြန်မာနိုင်ငံ ဒေသတော်တော်များများမှာ မိုးထစ်ချုန်းရွာနိုင်တယ်ဆိုတဲ့ ဖော်ပြချက်တွေသာ ပါဝင်နေတာကိုလည်း အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ Link - https://shorturl.at/roNkW
ဒါအပြင် ဖြန့်ဝေချက်မှာပါတဲ့ “မုန်တိုင်းမိုးတွေ ကြမ်းတော့မယ်” ဆိုတဲ့ ရေးသားချက်ကို အသုံးပြုပြီး Google မှာ ရှာဖွေစစ်ဆေးခဲ့ရာမှာလည်း ပုံစံတူ အကြောင်းအရာတွေ ပါဝင်တဲ့ ဖြန့်ဝေချက်တွေကိုသာ တွေ့ရပြီး လွတ်လပ်တဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်တွေကို မတွေ့ခဲ့ရပါ။
အလားတူ Cele News Channel နာမည်နဲ့ ဖေ့ဘွတ်ခ်ပေ့ချ်ရဲ့ ရေးသားချက်မှာဆိုရင်လည်း မည်သည့် ရင်းမြစ်ကို ကိုးကားထားပါတယ်ဆိုတဲ့ ကိုးကားထားချက် မပါဝင်သလို ဒီပေ့ချ်ဟာဆိုရင် လတ်တလော လူစိတ်ဝင်စားမှု ဖြစ်စေမယ့် သတင်းအကြောင်းအရာတွေကိုသာ စဉ်ဆက်မပြတ် ဖော်ပြနေတာကို တွေ့ရပါတယ်။ ဒီလို ဖေ့ဘွတ်ခ်ပေ့ချ်တွေဟာဆိုရင် ဖေ့ဘွတ်ခ်က ဝင်ငွေရရှိအောင် ကြိုးပမ်းတာ ဒါမှမဟုတ် လူတွေများများဆီ ပျံ့နှံ့မှုဖြစ်စေဖို့အတွက် လူတွေရဲ့ ကြောက်ရွံ့မှုကို အမြတ်ထုတ်ပြီး သတင်းတု/ မှားတွေ ဖြန့်ဝေလေ့ရှိကြပါတယ်။
ဒါကြောင့် ဒီလို သတင်းဖော်ပြချက်တွေ တွေ့ရင် လွယ်လင့်တကူ မယုံကြည်ကြပဲ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ သတင်းဖော်ပြချက်တွေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်တွေကိုသာ စောင့်ကြည့်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။ အခုလိုမျိုး ဖြန့်ဝေချက်တွေနဲ့ ပတ်သက်လို့ တွေးပြီးမှယုံရဲ့ Chat Box မှာလည်း လာရောက်စစ်ဆေးမေးမြန်းအတည်ပြုနိုင်ပါတယ်။
#ThinkBeforeYouTrust #FactCheck

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
လေဖိအားနည်းရပ်ဝန်းအခြေအနေ
---------------------------------
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်
=========================================...

❤1
ညောင်လေးပင်မြို့နယ်တွင်းက အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုကို သတင်းတုဟု စစ်တပ်လော်ဘီများ သတင်းတုဖြန့်
တွေးပြီးမှယုံ
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာ အုပ်စုမှာ လူဦးရေ ၃၀ ထက်မနည်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုကို ကရင်အမျိုးသားအစည်းအရုံး - KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ် - PDF တို့က ကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့ တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေနေကြပါတယ်။ ဒါအပြင် လူသိများထင်ရှားတဲ့ တပ်ဝါဒဖြန့်သူတဦးဖြစ်တဲ့ ကျော်စိုးဦးက သတ်ဖြတ်ခံရသူတွေဟာ ဗမာ၊ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြောင်းနဲ့ ကျောင်းထိုင်ဘုန်းကြီးကိုပါ KNU နဲ့ PDF တွေက သတ်ဖြတ်ခဲ့ပါတယ်လို့ ဘာသာရေးနဲ့ လူမျိုးရေးနွှယ်တဲ့ အမုန်းစကားတွေကိုပါ ရုပ်သံနဲ့ တကွ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ တွေးပြီးမှယုံ အနေနဲ့ အချက်အလက် စစ်ဆေးခဲ့ရာမှာတော့ အာဏာသိမ်းစစ်တပ် ကျုးလွန်ခဲ့တဲ့ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ဖုံးကွယ်ဖို့နဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် ထိလွယ်ရှလွယ်ဖြစ်တဲ့ လူမျိုးရေး၊ ဘာသာရေးနဲ့ နွှယ်ပြီး အပြစ်သားအဖြစ် ပုံဖော်ဖို့ သတင်းတု ဖြန့်ဝေနေတာကိုတွေ့ရပါတယ်။ တွေးပြီးမှယုံအနေနဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖြန့်ဝေချက်ပါ အရေးကြီး စကားလုံးတွေကို အသုံးပြုပြီး အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ KNU အဖွဲ့ရဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာမှာ ဆိုရင် အာဏာသိမ်းစစ်တပ်ရဲ့ ခမရ-၂၀၊ ခလရ-၂၆၄၊ ခမရ-၄၃၉ ပူးပေါင်းစစ်ကြောင်းတွေဟာ မတ်လ (၅) ရက်နေ့က ရေတွင်းကုန်းကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး အရပ်သား (၁၆၀) ဦးကို ဖမ်းဆီးခဲ့ပြီး (၃၀) ဦးခန့်ကို သတ်ဖြတ်ခဲ့တယ်လို့ ဓါတ်ပုံတွေနဲ့ အတူ ဖြန့်ဝေထားပါတယ်။ အလားတူ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် - KPSN အဖွဲကလည်း စစ်တပ်ရဲ့ သတ်ဖြတ်တာကို ခံရသူတွေဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်အများအပြား ပါဝင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်တွေကို အောက်ကလင့်ခ်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
KNU - https://shorturl.at/b9wBa
KPSN - https://shorturl.at/cytdI
ဒါတွေအပြင် လွတ်လပ်တဲ့ မီဒီယာတွေဖြစ်တဲ့ BBC နဲ့ Myanmar Now တို့မှာလည်း အာဏာသိမ်းစစ်တပ်ရဲ့အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဒီအကြောင်းအရာတွေကို ဖော်ပြထားခဲ့ပြီး အောက်ကလင့်ခ်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
BBC - https://shorturl.at/bMyjw
Myanmar Now - https://shorturl.at/wvYLw
အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေရဲ့ ဖြန့်ဝေမှုတွေဟာလည်း ၎င်းတို့အချင်းချင်းကြားမှာပဲ ရှေ့နောက်မညီဖြစ်နေတာတွေကိုလည်း တွေ့ရပါတယ်။ ဖြစ်စဉ်ရဲ့ အစောပိုင်းတလျောက်လုံးမှာ သတ်ဖြတ်ခံရသူတွေဟာ KNU + PDF တွေလို့ ပြောဆိုမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် KNU အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ - NUG ရဲ့ သတင်းပြန်ကြားရေးပေ့ချ်ကနေ စစ်တပ်က အရပ်သားတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းမှာတော့ သတင်းတု ဖြစ်ကြောင်း တိုက်ပွဲသတင်းစုံ၊ မှိုင်းဝေ စတဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ စတင်ဖြန့်ချီလာခဲ့ပါတယ်။ ဒါအပြင် ဒီသတ်ဖြတ်မှုတွေကို တော်လှန်ရေးအစုအဖွဲ့တွေက ကျူးလွန်ခဲ့တယ်လို့ ပြောင်းလဲ ဖော်ပြလာခဲ့ကြပါတယ်။ အလားတူ ဖြစ်စဉ်အနေနဲ့ ၂၀၂၃ ခုနှစ်၊ မတ်လတွင်းက ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နန်းနိမ့်ကျေးရွာမှာ သံဃာတော်တွေနဲ့ အရပ်သားပြည်သူ (၃၀) ကျော်သတ်ဖြတ်ခံရချိန်မှာလည်း ဘာသာရေး၊ လူမျိုးရေးနွှယ်တဲ့ သတင်းတု/ မှားတွေကို ရှေ့နောက်မညီတဲ့ အကြောင်းအရာတွေနဲ့ တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေ ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီအကြောင်းကို တွေးပြီးမှယုံက အချက်အလက်စစ်ဆေးထားတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
Link - https://shorturl.at/npfm2
အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေဟာ စစ်တပ်ရဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့နဲ့ တော်လှန်ရေးအစုအဖွဲ့တွေနဲ့ ပြည်သူတွေအကြား အထင်အမြင်လွဲမှားမှုတွေကို ဖန်တီးဖို့ အခုလို လုပ်ကြံသတင်းတုတွေကို မကြာခဏဆိုသလို ဖြန့်ဝေကြလေ့ရှိပါတယ်။ ဒါ့အပြင် လူမျိုးစုတွေ စုံလင်တဲ့ ဒေသတွေမှာဆိုရင် ဘာသာရေးနဲ့ လူမျိုးရေးကို ပစ်မှတ်ထားတဲ့ အမုန်းတရားပါ အကြောင်းအရာတွေကို တွဲလျက်ဖော်ပြကြပါတယ်။ ဒီလိုအကြောင်းအရာတွေဟာ လူတွေရဲ့ စိတ်ကို အလွယ်တကူရိုက်ခတ်စေပြီး သတင်းတုတွေ ပျံ့နှံ့ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။
#factcheck #thinkbeforeyoutrust

KBZ Pay အကောင့်တွေ အပြီးတိုင် ပိတ်သိမ်းကြောင်းနဲ့ အကောင့်ပိုင်ရှင်တွေ လာရောက်ဖြေရှင်းရန် ထုတ်ပြန်ဆိုတဲ့ သတင်းတု
တွေးပြီးမှယုံ
KBZ Pay အကောင့်တွေ အပြီးတိုင်ပိတ်သိမ်းခံရကြောင်းနဲ့ အကောင့်ပိုင်ရှင်တွေ ဘဏ်ကို ကိုယ်တိုင်လာရောက်ဖြေရှင်းကြပါရန် ဆိုပြီး သတင်းရေးသားချက်တခု ပျံ့နှံ့နေပါတယ်။
ဒီသတင်းကို ThanLwin Myanmar Media နာမည်နဲ့ ဖေ့ဘွတ်ခ်ပေ့ချ်တခုကနေ မတ်လ၊ ၁၀ ရက် (မနေ့) က ဖြန့်ဝေခဲ့ပြီး လိုက်ခ် - ၃၂၄ ဦးနဲ့ ပြန်လည်မျှဝေသူ - ၂၁၅ ဦးရှိထားပြီး Ah Nyar Thar Lay နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်တခုကနေလည်း ဒီသတင်းကို ထပ်ဆင့် ကူးယူဖော်ပြခဲ့ရာ လိုက်ခ် - ၂၄၉၆ ဦး နဲ့ ပြန်လည်မျှဝေသူ - ၄၃၃ ဦးအထိရှိနေပါတယ်။ သတင်းမှာဆိုရင် အကောင့်ပိတ်သိမ်းခံရသူတချို့နဲ့ မေးမြန်းထားတယ်ဆိုတဲ့ ရေးသားချက်တွေလည်းပါဝင်သလို မတ်လ၊ ၉ ရက်နေ့က KBZ Pay မှ ပေးသည့်စာဆိုပြီး စာအမှတ်တွေလည်း ပါဝင်နေပါတယ်။
ပျံ့နှံ့လာတဲ့ သတင်းအကြောင်းအရာနဲ့ ပတ်သက်လို့ တွေးပြီးမှယုံ အနေနဲ့ အချက်အလက် အတည်ပြုဖို့ရာအတွက် KBZ Pay နဲ့ KBZ Bank တို့ရဲ့ တရားဝင်ဖေ့ဘွတ်ခ်ပေ့ချ်တွေနဲ့ ဝက်ဆိုက်ဘ်တို့ကို တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာ KBZ Bank အကောင့်တွေ အပြီးတိုင်ပိတ်သိမ်းကြောင်းနဲ့ ဘဏ်ကို လာရောက်ဖြေရှင်းဖို့ဆိုပြီး ကြေငြာချက်ထုတ်ပြန် ထားတာကို မတွေ့ခဲ့ရပါ။ ဒါအပြင် KBZ Pay ရဲ့ Mobile Banking Application မှာဆိုရင်လည်း ဒီလို စာတိုပေးပို့တာမျိုး မရှိပါ။
တွေးပြီးမှယုံ အနေနဲ့ KBZ Pay ရဲ့ တရားဝင် ဖေ့ဘွတ်ခ်ပေ့ချ်ကို ပျံ့နှံ့နေတဲ့ သတင်းနဲ့ ပတ်သက်လို့ ဆက်သွယ်အတည်ပြု မေးမြန်းခဲ့ရာမှာတော့ “KBZ Pay အနေနဲ့ ဥပဒေနဲ့ မညီသော လုပ်ဆောင်ချက်များ၊ ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့များ၏ ညွှန်ကြားချက်များမှ လွဲ၍ မည်သည့်အကြောင်းနှင့်မျှ အကောင့်ပိတ်ခြင်းများကို လုပ်ဆောင်မှာ မဟုတ်ကြောင်းကိုလည်း သိရှိနားလည်စေလိုပါသည်” လို့ ပြန်လည် ဖြေဆိုပါတယ်။ ဒါအပြင် KBZ Pay နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဘဏ်ရဲ့ တရားဝင်ဝက်ဆိုက်ဘ်တွေနဲ့ KBZ Bank, KBZ Pay ရဲ့ တရားဝင် Channel တွေမှာသာ ကြေငြာ အသိပေးခြင်းတွေ ပြုလုပ်ကြောင်းနဲ့ Social Media ပေါ်မှ ကမ္ဘောဇဘဏ် အယောင်ဆောင် ပေးပို့လာတဲ့ Link တွေမှာ ကိုယ်ရေးအချက်အလက်တွေ မထည့်သွင်းကြဖို့ ဆက်ပြောပါတယ်။
KBZ Pay သုံးစွဲသူတွေနဲ့ တွေးပြီးမှယုံ ကနေ မေးမြန်းခဲ့ရာမှာလည်း KBZ Pay အနေနဲ့ အခုလို စာတိုတွေ ပေးပို့တာမျိုး မတ်လ၊ ၁၁ ရက်နေ့ (ယနေ့) အထိ လက်ခံရတာမရှိသေးကြောင်း တုန့်ပြန်ပါတယ်။ ဒါအပြင် တခြားလွတ်လပ်တဲ့ မီဒီယာတွေမှာလည်း ဒီသတင်းအကြောင်းအရာနဲ့ ပတ်သက်လို့ ဖော်ပြလာတာ မတွေ့ရသေးပါ။ သတင်းတုကို ထပ်ဆင့်မျှဝေထားခဲ့တဲ့ Ah Nyar Thar Lay နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်ဟာဆိုရင်လည်း လူအများကြား စိတ်ဝင်စားစေမယ့် သတင်းအကြောင်းအရာတွေကို ဆက်တိုက် ဖြန့်ဝေနေတာကို တွေ့ရပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းမှာ တော်လှန်ရေးနဲ့ စပ်ဆက်တဲ့ KBZ Pay သုံးစွဲသူတွေ မကြာခဏ အကောင့်ပိတ်သိမ်းခံရတာတွေနဲ့ ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။ အခုလို KBZ Pay သုံးစွဲသူတွေ တချို့ အမှန်တကယ် ဖမ်းဆီးခံရတဲ့ အခြေအနေရှိနေချိန်မှာ သုံးစွဲသူတွေ အကုန်လုံးရဲ့ အကောင့်တွေကို ပိတ်ပင်ဖို့ ပြင်ဆင်နေသယောင် သတင်းဖြန့်ဝေချက်တွေဟာ ဆိုရှယ်မီဒီယာသုံးစွဲသူတွေကို နားလည်မှု ရောထွေးစေပြီး စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်စေပါတယ်။ ဒါအပြင် ဆိုရှယ်မီဒီယာတွေအပြင် ဖုန်းအော်ပရေခေါ်ဆိုမှုတွေ အသွင်ယူပြီး KBZ Pay အကောင့်သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက် တောင်းခံတာတွေနဲ့ ဖောက်ထွင်းရယူဖို့ ကြိုးစားတာတွေကိုလည်း ပိုမိုအားပေးရာရောက်ပါတယ်။ ဒါကြောင့် ဒီလို သတင်းတွေတွေ့ရရင် လွယ်လင့်တကူ မယုံကြည်ကြပဲ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ဖေ့ဘွတ်စာမျက်နှာတွေနဲ့ ဝက်ဆိုက်ဘ်တွေမှာ တိုက်ဆိုင်စစ်ဆေးဖို့ လိုအပ်သလို လွတ်လပ်တဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်တွေကိုလည်း စောင့်ကြည့်ဖတ်ရှု့ကြဖို့ လိုအပ်ပါတယ်။ ပျံ့နှံ့လာတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စစ်ဆေးအတည်ပြုဖို့ အခက်အခဲရှိခဲ့ရင်လည်း တွေးပြီးမှယုံရဲ့ Chat Box မှာ ပေးပို့ အတည်ပြု စစ်ဆေးနိုင်ပါတယ်။
Facebook Link - https://www.facebook.com/share/p/1awwUp5qY1/