အပျက်အဆီးတွေကြား ပိတ်မိနေတဲ့ ကလေးငယ်ရဲ့ ဓါတ်ပုံဟာ မြန်မာနိုင်ငံက မဟုတ်ပါ
တွေးပြီးမှယုံ
အဆောက်အဦး အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့ ကလေးငယ်တယောက်ပုံကို အသုံးပြုပြီး မြန်မာနိုင်ငံက ငလျင်ကပ်ဘေးက ဖြစ်စဉ် အယောင်ဆောင်ထားတဲ့ ဖြန့်ဝေချက်တခု ပြန့်နှံ့နေပါတယ်။
ဒီသတင်းဓါတ်ပုံကို San Dar Moe နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်တခုကနေ ဖြန့်ဝေထားတာကို တွေ့ရပြီးတော့ “မြင်ရတာ စိတ်မကောင်းလိုက်တာ၊ ကိုယ့်မှာလည်း ကလေးရှိတော့ ရင်ဘက်တွေပါအောင့်တယ်၊ ကလေးရေ အားတင်းထားပါ” ဆိုတဲ့ စာအညွှန်းနဲ့အတူ ဖြန့်ဝေထားပြီး လိုက်ခ် - ၂၃၄၄၁ ဦး နဲ့ ပြန်လည်မျှဝေသူ - ၁၉၆၅ ဦး အထိရှိထားပါတယ်။ ဒီဓါတ်ပုံနဲ့ စာသားကိုပဲ အသုံးပြုပြီး ထပ်ဆင့် ဖြန့်ဝေသူတွေလည်း အများအပြား ရှိနေပါတယ်။
တွေးပြီးမှယုံအနေနဲ့ ဒီသတင်းဓါတ်ပုံနဲ့ ပတ်သက်လို့ ဓါတ်ပုံတွေကို ထပ်တူပြုစစ်ဆေးတဲ့ Reverse Image Search ကို အသုံးပြုပြီး အချက်အလက် စစ်ဆေးခဲ့ရာမှာတော့ ဒါဟာ မြန်မာနိုင်ငံက မဟုတ်ပဲ ဆီးရီးယားနိုင်ငံက ကလေးငယ်တယောက်ရဲ့ ဓါတ်ပုံတွေ ဆိုတာကို တွေ့ခဲ့ရပါတယ်။ တွေ့ရှိချက်တွေအရ ကလေးငယ်ဟာ ဘေးအန္တရာယ်တခုခုကို ရင်ဆိုင်နေရတာ မဟုတ်ပဲ မိသားစုနဲ့ ကစားနေတာသာဖြစ်ပြီး ဒီဗွီဒီယိုဖိုင်ကို TikTok ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်ကနေ ပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။ ယခုဓါတ်ပုံနဲ့ ဗွီဒီယိုဖိုင်ဟာ နိုင်ငံတကာမှာလည်း ဂါဇာ - အစ္စရေး စစ်ပွဲအတွင်းက ကလေးငယ်ဖြစ်တယ်လို့ သတင်းတုတွေ ပြန့်နှံ့ခဲ့ပါသေးတယ်။ ကလေးငယ်ရဲ့ နောက်ဆက်တွဲ ဗွီဒီယိုဖိုင်တွေကို အောက်ကလင်ခ့်တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
Link - https://www.tiktok.com/@abuhudh.../video/7430358457301110034
အခုလို ကျပ်တည်းနေတဲ့ စီးပွားရေး၊ နိုင်ငံရေးအခြေအနေတွေကြားမှာ ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တာကြောင့် လူတွေဟာ စိုးရိမ်ထိတ်လန့်နေကြရသလို စိုးရိမ်မှုအပေါ် အခြေခံပြီး သတင်းတု/ မှားတွေဟာလည်း အချိန်တိုအတွင်းမှာ ပြန့်နှံ့မှု မြန်ဆန်နေပါတယ်။ ဒါကြောင့် လတ်တလော အခြေအနေတွေအပေါ် မူတည်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ မီဒီယာတွေ၊ ယုံကြည်စိတ်ချရသူတွေရဲ့ ဖော်ပြချက်တွေကို စောင့်ကြည့်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

TikTok
TikTok · أبو حذيفة عبسي
5308 likes, 287 comments. “#الحمد لله البنت مافيها شي وعبتلعب وبطلع من مصرف البيت وهي مو بغزه بسوريا رجائا لابقا أحد ينشر عليها فديوهات أنها تحت الأنقاض مافيها شي الحمد الله”
မလေးရှားနိုင်ငံက ဖြစ်စဉ်ကို အသုံးပြုပြီး ငလျင်လှုပ်ခတ်မှုဖြစ်ပွားရာ မန္တလေးတိုင်းက ရုပ်သံဖိုင်ပါဆိုတဲ့ ဖြန့်ဝေချက်အမှား
တွေးပြီးမှယုံ
မြေအောက်ကနေ ရွံတွေ ပွက်ထနေတဲ့ ရုပ်သံဖိုင်တခုကို အသုံးပြုပြီး “ငလျင် လှုပ်ခတ်မှု စတင်ဖြစ်ပွားတဲ့နေရာ မန္တလေး” ဆိုတဲ့ စာအညွှန်းနဲ့ အတူ ဖြန့်ဝေချက် တခု ပြန့်နှံ့နေပါတယ်။
ဒီသတင်းကို Mar Sar နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်တခုက ဖြန့်ဝေခဲ့ပြီး အခုဆိုရင် ယင်းရုပ်သံဖိုင်ကို လိုက်ခ်ပြုလုပ်သူ ၅၆၃ ဦးနဲ့ ပြန်လည်မျှဝေသူ ၇၂ ဦးရှိနေပြီး အဲ့ရုပ်သံဖိုင်ကိုပဲ ထပ်ဆင့်မျှဝေတဲ့သူ တခြား ဖေ့ဘွတ်ခ် အကောင့်နဲ့ ပေချ့်တွေလည်း အများအပြားရှိနေပါတယ်။
တွေးပြီးမှယုံကနေ ရုပ်သံဖိုင်ကို screen shot ဓါတ်ပုံရိုက်ယူပြီး ရုပ်ပုံတွေကို တိုက်ဆိုင်စစ်ဆေးတဲ့ Reverse Image Search အသုံးပြုပြီး စစ်ဆေးခဲ့ရာမှာတော့ ရုပ်သံဖိုင်ဟာ မန္တလေးတိုင်းက ရုပ်သံဖိုင် မဟုတ်တာကို စိစစ် တွေ့ခဲ့ရပါတယ်။
ဒီရုပ်သံဖိုင်ဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့က အစောဆုံး ပြန့်နှံ့ခဲ့တာကို တွေ့ရပြီး မလေးရှားနိုင်ငံ၊ ဆာဘာပြည်နယ်၊ အရှေ့ဘော်နီယိုကျွန်းမှာတည်ရှိတဲ့ တာဘိန်ဂေဟထိန်းသိမ်းရေးနယ်မြေထဲက ရွံမီးတောင်တလုံးရဲ့ ရုပ်သံဖိုင်တခုသာဖြစ်ပါတယ်။ ဒီသတင်းကို မြေငလျင်၊ သဘာဝဘေးအန္တရာယ်နဲ့ ပထဝီအနေအထားအရဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကို လေ့လာစောင့်ကြည့်ပြီး သတင်းတင်ဆက်ပေးနေတဲ့ The Watchers နာမည်နဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာကို ဒီအောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုလို့ရပါတယ်။
Link - https://watchers.news/2022/09/21/eruption-at-lipad-mud-volcano-malaysia/
ဒါ့အပြင် လွတ်လပ်တဲ့မီဒီယာတခုဖြစ်တဲ့ မဇ္ဈိမကနေလည်း ဒီရုပ်သံဖိုင်နဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးထားတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုလို့ရပါတယ်။
https://www.facebook.com/share/p/1AR5TC7Lr9/
ဒါ့ကြောင့် ပြန့်နှံ့လာတဲ့ ရုပ်သံဖိုင်မှာ မန္တလေးကရုပ်သံဖိုင်မဟုတ်ပဲ မလေးရှားနိုင်ငံက ရုပ်သံဖိုင်အဟောင်းကို အသုံးပြုပြီး လူစိတ်ဝင်စားမှုရအောင် ဖြန့်ဝေထားတာပဲဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ ဗွီဒီယိုဖိုင်တွေ ပြန့်နှံ့လာရင်လည်း ဓာတ်ပုံတွေကို အလွယ်တကူစစ်ဆေးလို့ရတဲ့ Reverse Image Search အသုံးပြုပြီးစစ်ဆေးနိုင်ပါတယ်။ ဒါ့အပြင် ဒီသတင်းနဲ့ပတ်သက်ပြီး ယုံကြည်ရတဲ့ မီဒီယာတွေကနေ ဖော်ပြထားခြင်း ရှိ/မရှိကိုလည်း တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ သတင်းစစ်ဆေးဖို့အခက်အခဲရှိရင်လည်း တွေးပြီးမှယုံရဲ့ Chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
#factcheck
#thinkbeforeyoutrust

The Watchers
Eruption at Lipad mud volcano, Malaysia
The Malaysian Lipad mud volcano erupted at around 10:00 LT on September 18, 2022, creating a spectacular view. Similar eruptions at the volcano took place in 2014 and 2019.
စစ်ကိုင်းကို ကယ်ဆယ်ရေးလာတဲ့ ယာဉ်တန်းကို PDF ကနေ မိုင်းဆွဲတိုက်ခိုက်တယ်ဆိုပြီး စစ်အုပ်စုလော်ဘီတွေ ကျယ်ကျယ်ပြန့်ပြန့် သတင်းအမှားဖြန့်ဝေနေ
တွေးပြီးမှယုံ
ငလျင်ဒဏ် အပြင်းအထန် ခံစားခဲ့ရတဲ့ စစ်ကိုင်းကို ကယ်ဆယ်ရေးလာတဲ့ ယာဉ်တန်းတွေကို ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ - PDF ကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေနဲ့ ဖေ့ဘွတ်ခ်အကောင့်တွေမှာ တဟုန်ထိုး ဖြန့်နေကြပါတယ်။
ဒီသတင်းတွေကို မှိုင်းဝေ၊ Ko Thet စတဲ့ တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေအပြင် ကိုကိုဆာတုတ်၊ ထက်အောင်လင်း နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင်တွေနဲ့ Commando Myanmar Tactical Gear နဲ့ ဖေ့ဘွတ်ခ်ပေ့ချ်တွေမှာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။ သတင်းမှာဆိုရင် ရွှေဘိုမှ စစ်ကိုင်းသို့ ကယ်ဆယ်ရေးလာတဲ့ ယာဉ်တန်း၊ မုံရွာမှာ စစ်ကိုင်း သို့ ကယ်ဆယ်ရေးလာတဲ့ ယာဉ်တန်း စတဲ့ မတူညီတဲ့ နေရာတွေကို ဖော်ပြထားပြီး ဒဏ်ရာရ ထိခိုက်တာတွေနဲ့ တိုက်ခိုက်မှု ပုံရိပ်တွေကို ဖော်ပြထားပါတယ်။ တယ်လီဂရမ်ချန်နယ်တွေနဲ့ ဖေ့ဘွတ်ခ်ပလက်ဖောင်းကို အသုံးပြုပြီး အချိန်ကိုက် ဖြန့်ဝေမှုတွေဟာ တဟုန်ထိုးပြန့်နှံ့နေပါတယ်။
ဒီဖြန့်ဝေချက်တွေနဲ့ ပတ်သက်လို့ တွေးပြီးမှယုံ အနေနဲ့ ဖြန့်ဝေချက်ပါ ဓါတ်ပုံတွေကို ရုပ်ပုံတွေ ထပ်တူပြု စစ်ဆေးတဲ့ Reverse Image Search ကို အသုံးပြု အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ ငလျင် လှုပ်ခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မတ်၊ ၂၈ ရက်နေ့ နောက်ပိုင်း ဓါတ်ပုံတွေ မဟုတ်ပဲ အရင်ရှေ့ခုနှစ်တွေနဲ့ ရှေ့လတွေက ဖြစ်ခဲ့တဲ့ တခြား ဖြစ်စဉ်က ဓါတ်ပုံတွေကို အသုံးပြုထားတာကို တွေ့ခဲ့ရပါတယ်။
မှိုင်းဝေ တယ်လီဂရမ်ချန်နယ်နဲ့ ကိုကိုဆာတုတ် ဖေ့ဘွတ်ခ်အကောင့်ကနေ ဖြန့်ဝေထားတဲ့ မုံရွာမှ စစ်ကိုင်းသို့ ကယ်ဆယ်ရေးယာဉ်တန်းကို တိုက်ခိုက်တယ်ဆိုတဲ့ ခုခံတော်လှန်ရေး တပ်ဖွဲ့ဝင်တယောက် လက်နက်ကိုင်ထားတဲ့ ဓါတ်ပုံဟာ မတ်၊ ၁၉ ရက်နေ့က ရန်ကုန် - မန္တလေး အမြန်လမ်းပိုင်း မိုင်တိုင် ၃၁၉ စစ်ကောင်စီတပ်သားတွေကို နထိုးကြီး PDF က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဓါတ်ပုံသာဖြစ်ပါတယ်။ ဒီအကြောင်းကို Khit Thit မီဒီယာမှာ ဖော်ပြထားတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
Link - https://shorturl.at/aQcjk
ကားနောက်ဖုံးထဲမှာ ကတ်ထူပုံးတွေ ထွက်ကျနေတဲ့ပုံဟာလည်း ဖေဖော်ဝါရီ၊ ၁၆ ရက်နေ့က ကျိုက်မရောမြို့နယ် အခြေစိုက် ခမရ (၂၀၈)တပ်ရင်း ဒရုန်းတပ်ဖွဲ့မှ ကော့ဒွန်းကော့ပနော့ လမ်းဆုံရှိ DKBA ဂိတ်ကို တိုက်ခိုက်ခဲ့ရာ အရပ်သားကား (၃) စီး ထိမှန်ပျက်စီးခဲ့တဲ့ ဓါတ်ပုံသာဖြစ်ပါတယ်။ ဒီအကြောင်းကို Radio NUG ကနေဖော်ပြထားတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
Link - https://shorturl.at/zO2jA
ကိုကိုဆာတုတ် ရဲ့ ဖြန့်ဝေချက်ထဲမှာ ထပ်ပြီး ပါဝင်တဲ့ သံဃာတော် တပါးကနေ ထိခိုက်ဒဏ်ရာရနေသူတယောက်ကို ကူညီနေတဲ့ ဓါတ်ပုံဟာလည်း ၂၀၂၃ ခုနှစ်၊ မတ်၊ ၂၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာနဲ့ဇီးတောကျေးရွာအကြား မန္တလေး-ရွှေဘိုကားလမ်းမပေါ် မှာ ကား ၃ စီးနဲ့ဆိုင်ကယ် ၁ စီးမိုင်းထိခဲ့တဲ့ ဖြစ်စဉ်က ဓါတ်ပုံဖြစ်ပါတယ်။ ဒီအကြောင်းကို မြေလတ်အသံ သတင်းဌာနကနေ ဖော်ပြထားပြီး အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
Link - https://shorturl.at/6Lt2n
၎င်းရဲ့ ဖြန့်ဝေချက်ထဲမှာပဲ ထပ်ပြီးပါဝင်တဲ့ FAW ကားတစင်းတိုက်ခိုက်ခံထားရတဲ့ ဓါတ်ပုံဟာလည်း မတ်၊ ၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီနဲ့ ပျူစောထီးအုပ်စုတွေလိုက်ပါလာတဲ့ ကား ၂ စီးကို မလယ်-ဇီးကုန်းလမ်းပိုင်းမှာ ကန့်ဘလူခရိုင် တပ်ရင်း - ၄ ကနေ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ဓါတ်ပုံဖြစ်ပါတယ်။ ဒီအကြောင်းကို မောင်း သတင်းဌာနက ဖော်ပြထားပြီး အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ - Link - https://shorturl.at/gHQwA
ဒီသတင်းဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့ရဲ့ တယ်လီဂရမ်ချန်နယ်ကလည်း ဒါတွေဟာ သတင်းအမှားတွေသာ ဖြစ်တယ်လို့ ထုတ်ပြန်ထားတာကို အောက်ကလင့်ခ်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ Link - https://t.me/MyinmuNews/428
ဒါတွေအပြင် မုံရွာမြို့က ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ စစ်ကိုင်းမြို့ကို ရောက်ရှိသွားပြီး စစ်ကိုင်းမီးသတ်အဖွဲ့ဝင်တွေနဲ့ အတူ စစ်ကိုင်းမြို့မှာ ကူညီကယ်ဆယ်ရေးလုပ်နေပါတယ်လို့ ကယ်ဆယ်ရေးသွားတဲ့ အဖွဲ့မှာ ပါဝင်သူ တဦးကလည်း မတ်၊ ၂၉ ရက်နေ့က ဖော်ပြထားတာကို အောက်ကလင်ခ့်မှာ ဝင်ရောက်ကြည့်ရှု့လို့ရပါတယ်။
Link - https://rb.gy/ztgfi0

Facebook
Khit Thit Media
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ တွင် ရဲကား ၊ အိမ်စီးကား တို့ဖြင့် ကင်းပတ်ရန်ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို နွားထိုးကြီး PDF က ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး
ရန်ကုန်၊ မတ်...
ရန်ကုန်၊ မတ်...
အရွယ်အစားကြီးတဲ့ မုန်တိုင်းလာနေလို့ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွကလူတွေ အမြန်ပြောင်းရွှေ့ကြပါဆိုတဲ့ ပြည်သူတွေထိတ်လန့်အောင် သတင်းတုဖြန့်ဝေမှု
တွေးပြီးမှယုံ
အင်အားပြင်း ငလျင်ကပ်ဘေးကြောင့် ပြည်သူတွေ ထိခိုက်စိုးရိမ်နေရချိန်မှာပဲ အရွယ်အစားကြီးတဲ့ မုန်တိုင်းလာတော့မှာကြောင့် ပြည်သူတွေ အမြန်ပြောင်းရွှေ့ကြပါဆိုတဲ့ ဖြန့်ဝေချက်တခုဟာ မုန်တိုင်းသတင်းကို လူတွေစိုးရိမ်နေချိန်မှာပဲ အချိန်ကိုက်ပျံ့နှံ့လာပါတယ်။
ဒီသတင်းကို ကူးယူဖော်ပြသူ အများအပြား ရှိနေပြီး တွေးပြီးမှယုံရဲ့ တွေ့ရှိချက်မှာတော့ အများဆုံးဖြန့်ဝေချက်အနေနဲ့ Spring Revolution Myanmar News - မြန်မာ့နွေဦးတော်လှန်ရေးသတင်းစုံ နာမည်နဲ့ ဖေ့ဘွတ်ခ်ကနေ ပျံ့နှံ့နေတာဖြစ်ပါတယ်။ ဖြန့်ဝေချက်မှာဆိုရင် “မုန်တိုင်း အားအပြင်းဆုံးဝင်ရောက်မယ့် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွ ကလူတွေ အမြန်ပြောင်းရွေ့ကြပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်း နဲ့ ကမ်းရိုးတန်းတစ်လျောက် အလွန် အန္တရာယ်ရှိပါတယ်။ လက်ရှိ မေလ (14) ရက် ညမှာ မုန်တိုင်း ဗဟို ဝင်ရောက်ဖို့ ခန့်မှန်းထားပါတယ်။ အချိန်မရှိပါ။ အမြန်ပြောင်းရွေ့ကြပါ။ ရခိုင်ကမ်းရိုးတန်းနေ မိတ်ဆွေ၊ သူငယ်ချင်းတွေရှိရင် အမြန် ဆက်သွယ်ပြီး အသိပေး နှိုးဆော်ပေးဖို့” ဖော်ပြထားပြီး မိုးလေဝသခန့်မှန်းသူတွေရဲ့ သတင်းဖော်ပြချက်တွေ၊ အင်တာဗျူးလင့်ခ်တွေကိုလည်း ပါရှိပါတယ်။ ဒီဖြန့်ဝေချက်ဟာဆိုရင် အချိန်တိုအတွင်းမှာ လိုက်ခ် - ၁၀၇၈ ဦးနဲ့ ပြန်လည်မျှဝေသူ - ၁၅၃၀ ဦးအထိရှိထားပြီး ထပ်ဆင့်မျှဝေသူတွေလည်း အများအပြားရှိနေပါတယ်။
ဒီဖြန့်ဝေချက်နဲ့ ပတ်သက်လို့ တွေးပြီးမှယုံအနေနဲ့ သတင်းမှာပါဝင်တဲ့ ဓါတ်ပုံတွေနဲ့ အဓိကကျတဲ့ အကြောင်းအရာတွေကို အသုံးပြုပြီး စစ်ဆေးခဲ့ရာမှာတော့ ယခင်နှစ်တွေက သတင်းအကြောင်းအရာတွေကို ပြန်လည်ဖြန့်ဝေထားတာကို တွေ့ရပါတယ်။
သတင်းထဲမှာ အသုံးပြုထားတဲ့ ဓါတ်ပုံတခုဖြစ်တဲ့ မုန်တိုင်းလာရာ လမ်းကြောင်းဆိုတဲ့ အနီရောင်ပုံဟာဆိုရင် ၂၀၂၃ ခုနှစ် မေလက ရခိုင်ပြည်ကို မိုခါမိုင်းတိုင်းဝင်ရောက်ခဲ့တဲ့ အချိန်က ဓါတ်ပုံဖြစ်ပါတယ်။ ဒီအကြောင်းကို DVB မီဒီယာ ရဲ့ အင်္ဂလိပ်ပိုင်းမှာ ဖော်ပြထားတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ Link - https://english.dvb.no/cyclone-mocha-intensifying-ahead-of-expected-landfall/
တခြားပုံတခုဖြစ်တဲ့ မုန်တိုင်းလမ်းကြောင်းပုံဟာလည်း အပေါ်မှာ ဖော်ပြထားတဲ့ မိုခါမုန်းတိုင်းဖြစ်စဉ်က ဓါတ်ပုံသာဖြစ်ပါတယ်။ ဒီအကြောင်းကို Eleven Media Group ရဲ့ အင်္ဂလိပ်ပိုင်းမှာ ဖော်ပြထားတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ Link - https://elevenmyanmar.com/news/cyclone-mocha-may-affect-17-m-people-in-myanmar-wfp
ဒါ့အပြင် သတင်းမှာ ပါဝင်တဲ့ အရေးကြီး စကားလုံးတွေကို အသုံးပြုပြီး စစ်ဆေးခဲ့ရာမှာလည်း ၂၀၂၃ ခုနှစ်တွင်းက ရခိုင်ပြည်ကို ဗဟိုပြုပြီး ဖြစ်ခဲ့တဲ့ မိုခါမုန်တိုင်းက သတင်းအကြောင်းအရာတွေပဲ ဖြစ်ခဲ့သလို သတင်းတုမှာ အသုံးပြုထားတဲ့ မိုးလေဝါသအရေးကျွမ်းကျင်သူတွေရဲ့ သတင်းဖော်ပြချက်နဲ့ အင်တာဗျူးလင့်ခ်တွေဟာလည်း ၂၀၂၃ ခုနှစ်က ဖော်ပြထားတာတွေသာဖြစ်နေပါတယ်။
မုန်တိုင်းသတင်းတွေနဲ့ ပတ်သက်လို့ အဆက်မပြတ်ဖော်ပြပေးနေတဲ့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ ဖေ့ဘွတ်ခ်အကောင့်မှာဆိုရင်လည်း ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ ၄၀ ရာခိုင်နှုန်းအထိ လျော့ကျလာပါတယ်လို့ ဒီနေ့မနက် အစောပိုင်း ဧပြီ ၂ ရက်နေ့မှာ ဖော်ပြထားတာကို အောက်လင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
Link - https://shorturl.at/AZeJ3
မုန်းတိုင်းအခြေအနေနဲ့ ပတ်သက်လို့ ဦးဝင်းနိုင်ရဲ့ အကောင့်ကနေ နောက်ဆုံးအနေနဲ့ ဒီနေ့ မွန်းလွဲပိုင်း ၁ နာရီ အချိန်မှာဖော်ပြခဲ့ သတင်းအရဆိုရင်လည်း “မုန်တိုင်းဖြစ်နိုင်ချေ ၄၀ ရာခိုင်နှုန်းရှိနေနိုင်သေးပြီး နောက်လာမဲ့ ၄ ရက်အတွင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေမှာ မိုးအနည်းငယ်ရွာနိုင်ပါမယ်။ ပင်လယ်ပြင်မှာ ထူးခြားတဲ့ မိုးလေဝသအခြေအနေ မရှိ” ဟု ဖော်ပြထားပါတယ်။ Link - https://shorturl.at/eKVS8
ဆိုးရွားပြင်းထန်းတဲ့ အင်အားပျင်းငလျင်ဒါဏ်ကို ခံစားရထားရတဲ့ ပြည်သူတွေဟာ နောက်ဆက်တွဲ မုန်တိုင်းအန္တရာယ်ကို စိုးရိမ်ထိတ်လန့်နေကြရပါတယ်။ ဒီလိုအချိန်မှာပဲ အခုလိုမျိုး သတင်းတွေဟာ လူတွေကို စိုးရိမ်ထိတ်လန့်စေပြီး အချိန်တိုအတွင်း သတင်းတွေကို အလျင်အမြန်ပြန့်နှံ့စေပါတယ်။ ဒါကြောင့် ဒီလိုသတင်းတွေကို လွယ်လင့်တကူမယုံကြည်ကြပဲ လွတ်လပ်တဲ့ မီဒီယာတွေနဲ့ ကျွမ်းကျင်သူတွေရဲ့ ဖော်ပြချက်တွေကို စောင့်ကြည့်ဖတ်ရှု့ကြဖို့ လိုအပ်ပါတယ်။
#FactCheck

DVB
Cyclone Mocha intensifying ahead of expected landfall
FROM THE DVB NEWSROOM The Department of Meteorology and Hydrology announced that the speed of Cyclone Mocha may reach highs of up to 110 mph in Rakhine State, while rising tides in the rivers may reach up to 14 feet on Sunday. It forecasted that the maximum…
❤1👍1
ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ စစ်ခေါင်းဆောင်ကို ထိုင်းလူထုက ဆန္ဒပြဆိုတဲ့ ရုပ်သံဖိုင်အတု
တွေးပြီးမှယုံ
ဧပြီ၊ ၄ ရက်နေ့မှာပြုလုပ်မယ့် BIMSTEC အစည်းအဝေးတက်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းပြည်သူတွေ ဆန္ဒပြတယ်ဆိုတဲ့ ရုပ်သံဖိုင် တခု ပျံ့နှံ့နေပါတယ်။
ဒီရုပ်သံဖိုင်ကို အရိုးကိုက် ဘောမနှိမ်နှင်းရေး နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်တခုကနေ ဖြန့်ဝေထားတာကို တွေ့ရပြီး “မအလ ထိုင်းကို လာမှာမလို့ ထိုင်းပြည်သူတွေ ဆန္ဒပြ” ဆိုတဲ့ စာအညွှန်းနဲ့အတူ ဖြန့်ဝေထားတာဖြစ်ပြီး လိုက်ခ် - ၇၇၈ ဦးနဲ့ ပြန်လည်မျှဝေသူ ၁၀၇၈ ဦးအထိ ရှိထားပါတယ်။
တွေးပြီးမှယုံအနေနဲ့ ရုပ်သံဖိုင်မှာ ပါဝင်တဲ့ ပုံရိပ်တွေနဲ့ စာအညွှန်းတွေကို အဓိကထားပြီး စစ်ဆေးခဲ့ရာမှာတော့ တခြား ဖြစ်စဉ်က ရုပ်သံဖိုင်ကို အသုံးပြုပြီး သတင်းတု ဖြန့်ဝေထားတာကို တွေ့ခဲ့ရပါတယ်။ တွေ့ရှိချက်တွေအရ ဧပြီ၊ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဒီဆန္ဒပြပွဲဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန္ဒပြတာမဟုတ်ပဲ ထိုင်းလယ်သမားတွေက ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ကို ဆန္ဒပြနေတာသာ ဖြစ်ပါတယ်။ ဒီရုပ်သံဖိုင်ကို ขวัญชวนไพร ขวัญไพรเย็น နာမည်နဲ့ TikTok အကောင့်တခုကနေ စတင်ဖြန့်ဝေထားခဲ့တာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
Link - https://www.tiktok.com/@give1111/video/7488302434373225735
ဘန်ကောက်မှာ ပြုလုပ်မယ့် BIMSTEC အစည်းအဝေးတက်ရောက်ဖို့ စစ်ခေါင်းဆောင်ထံ ဖိတ်ကြားချက်နဲ့ ပတ်သက်လို့ ပြန်လည်ရုပ်သိမ်းသင့်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ - NUG, အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အာဆီယံပါလီမန် အမတ်များအဖွဲ့ကနေ ထိုင်းအစိုးရကို တောင်းဆိုခဲ့ပေမယ့် စစ်ခေါင်းဆောင်ဟာ ဒီနေ့၊ ဧပြီ ၃ ရက်နေ့မှာ ဘန်ကောက်ကို စစ်လေယာဉ်နဲ့ ရောက်ရှိသွားပြီလို့ လွတ်လပ်တဲ့ မီဒီယာတွေမှာ ဖော်ပြကြပါတယ်။ ဒီလို သတင်းတုတွေဟာဆိုရင် လတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အသုံးချပြီး အချိန်ကိုက် ဖြန့်ဝေတာတာ ဖြစ်ပါတယ်။

Visit TikTok to discover videos!
Watch, follow, and discover more trending content.
❤2
ဗန်းမော်တိုက်ပွဲမှာ တော်လှန်ရေးအင်အားစုတွေ အကျအဆုံးများနေတယ်လို့ PDF တယောက်မှ ပြောတယ် ဆိုတဲ့ အယောင်ဆောင်ဖြန့်ဝေချက်
တွေးပြီးမှယုံ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ထိုးစစ်ဆင်နေတဲ့ တော်လှန်ရေးမဟာမိတ်အင်အားတွေ အကျအဆုံးများနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF တပ်ဖွဲ့ဝင်တယောက်ကနေ ဖေ့ဘွတ်ခ်ကနေ တဆင့် ပြောတယ်ဆိုတဲ့ ဖြန့်ဝေချက် တခု ပျံ့နှံ့နေပါတယ်။
ဒီအကြောင်းကို မေ၊ ၃ ရက်နေ့က မောင် သုည နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့် တခုကနေ စတင်ဖြန့်ဝေခဲ့ပြီးတော့ မေ၊ ၅ ရက်မှာတော့ တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ Ko Thet ကနေ ထပ်ဆင့် မျှဝေခဲ့ပြီး လိုက်ခ် - ၄၆၉ ဦး၊ ကြည်ရှု့သူ - ၂၃၆၂၈ ဦးနဲ့ ပြန်လည်မျှဝေသူ ၂၇ ဦးရှိနေပါတယ်။ ဖြန့်ဝေချက်မှာဆိုရင် “KIA ၄၀၀၀ ကျော်၊ PDF ၁၀၀၀ ကျော်ထိ ကျဆုံးနေပြီး KIA က PDF တပ်သားတွေကို စိတ်ကြွဆေးတွေတိုက်ပြီး ရှေ့တန်းမှာ ထိုးကြွေးနေတယ်” ဆိုတာတွေအပြင် “ကချင်တွေက ကျဆုံးသွားတဲ့ သူတို့လူမျိုးတူတွေရဲ့ ရုပ်လောင်းတွေကိုသာ ဆွဲထုတ်နေတယ်၊ မယုံရင် အောက်ကတယ်လီဂရမ် ချန်နယ်လင့်ခ်မှာ ကြည့်” ဟုဆိုထားပြီး တယ်လီဂရမ်ချန်နယ်လင့်ခ်တခုကိုလည်း ဖော်ပြထားပါတယ်။
တွေးပြီးမှယုံ အနေနဲ့ ဖြန့်ဝေချက်ပါ မောင် သုည နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်ကို စစ်ဆေးခဲ့ရာမှာတော့ Friend - ၅ ယောက်သာ ရှိတာကို တွေ့ရပြီး ဧပြီ၊ ၁၄ ရက်နေ့ကမှ စတင်အသုံးပြုထားပါတယ်။ ဖြန့်ဝေချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအင်အားစုဘက်က ကျဆုံး အရေအတွက်တွေနဲ့ လူမျိုးရေးဆန်ဆန် ဇာတ်ကြောင်းတွေဟာလည်း တပ်ဝါဒဖြန့်သူတွေ အသုံးပြုနေကြ အကြောင်းအရာတွေ ဖြစ်နေပါတယ်။
ဒါအပြင် အဲ့ဒီဖေ့ဘွတ်ခ်အကောင့်ကနေ ညွှန်းထားတဲ့ “တိုက်ပွဲသတင်းစုံ” နာမည်နဲ့ တယ်လီဂရမ်ချန်နယ်ဟာလည်း တပ်ဝါဒဖြန့် သတင်းအကြောင်းအရာတွေကိုသာ ဖော်ပြနေတဲ့ ချန်နယ်တခု ဖြစ်ပါတယ်။
တွေးပြီးမှယုံ အနေနဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေတွေကို လွတ်လပ်တဲ့ မီဒီယာတွေကနေ တဆင့် ဖော်ပြချက်တွေကို ရှာဖွေခဲ့ရာမှာတော့ ဗန်းမော်မြို့ပေါ် ရပ်ကွက်အချို့နဲ့ လေယာဉ်ကွင်း၊ ခြေလျင်တပ်ရင်း ခလရ (၂၃၆)၊ အမြောက်တပ် (၃၆၆)၊ သံချပ်ကာတပ် (၅၀၁၄)၊ တင့်ကားတပ် (၇၀၀၆) နဲ့ ကာကင်းစခန်းတွေကို သိမ်းပိုက်ထားတယ်လို့ KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောတယ်လို့ Myanmar Now သတင်းဌာနမှာ မနေ့(ဧပြီ၊ ၅ ရက်)က ဖော်ပြထားတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ Link - https://shorturl.at/A1qQb
ဗန်းမော်မြို့သိမ်းတိုက်ပွဲ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ သိမ်းပိုက်ရရှိထားတဲ့ စခန်းတွေနဲ့ တိုက်ခိုက်သိမ်းယူရန် ကျန်ရှိတဲ့ စခန်းတွေရဲ့ အခြေအနေကိုလည်း Mizzama မီဒီယာရဲ့ ဖော်ပြချက်ကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ Link - https://shorturl.at/MQWLo
အချက်အလက်စစ်ဆေးချက်တွေအရ “မောင် သုည” နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်ဟာ တပ်ဝါဒဖြန်သူတွေ သတင်းတုနဲ့ လုပ်ကြံဖန်တီးရန်အတွက် PDF အယောင်ဆောင် ဖွင့်လှစ်ထားတဲ့ အကောင့်တခု သာဖြစ်နေတာကို တွေ့ရပါတယ်။ ဒါအပြင် တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားနေသည့် အနုပညာရှင်တွေနဲ့ တခြား လူသိများ သူတွေရဲ့ အကောင့်တွေ အယောင်ဆောင်ပြီး တော်လှန်ရေးဟာ ကျရှုံးသွားပြီဖြစ်ကြောင်းနဲ့ PDF များ အလင်းဝင်ကြပါ ဆိုတဲ့ ဖိုတိုရှော့သုံး လုပ်ကြံဖန်တီးထားတဲ့ ဖြန့်ဝေချက်တွေဟာလည်း မကြာခဏ ပျံ့နှံ့လာလေ့ရှိပါတယ်။

Myanmar Now
စစ်တပ်က မြို့ပေါ်တွင် ခံစစ်ပြင်ထား၍ ဗန်းမော်မြို့သိမ်းတိုက်ပွဲကြန့်ကြာဟု KIA ဆို - Myanmar Now
Latest news & insightful features on Myanmar
👍1
"တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ" ဆိုတဲ့ ဖြန့်ဝေချက်အဟောင်း
တွေးပြီးမှယုံ
အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ကိုဗစ် - ၁၉ မျိုးစိတ်ကွဲတွေ တကျော့ပြန် ကူးစက်နေပြီး မြန်မာနိုင်ငံမှာလည်း ကူးစက်ခံလူနာတွေ ပြန်လည်တွေ့ရှိနေရပါတယ်။ ဒီလိုအချိန်မှာပဲ "တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြန့်ဝေချက် တခု ပျံ့နှံ့နေပါတယ်။
ဖြန့်ဝေချက်ကို Burma Talk နာမည်နဲ့ ဖေ့ဘွတ်ခ်ပေ့ချ်တခုကနေ မေ၊ ၁၈ ရက်နေ့က ဖြန့်ဝေထားခဲ့ပြီး သတင်းမှာဆိုရင် ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်ချက်ဟုဆိုကာ ဗီဇပြောင်း ကိုဗစ် - ၁၉ ရဲ့ ရောဂါလက္ခဏာဆိုတာတွေကို ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ ဖြန့်ဝေချက်မှာဆိုရင် လိုက်ခ် - ၁၄၄၂၀ ဦးနဲ့ ပြန်လည်မျှဝေသူ - ၁၂၀၃၇ ဦးရေအထိ ရှိထားပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ တွေးပြီးမှယုံအနေနဲ့ ဖြန့်ဝေချက်ပါ အရေးကြီး စကားလုံးတွေကို အသုံးပြုပြီး ရှာဖွေကြည့်ရာမှာတော့ ဒီဖြန့်ဝေချက်ဟာ ယခု ၂၀၂၅ ခုနှစ်မှ ထွက်ပေါ်ခဲ့တာ မဟုတ်ပဲ ၂၀၂၁ ခုနှစ်တည်းက ပျံ့နှံ့ခဲ့တဲ့ ဖြန့်ဝေချက် ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဗီဇာပြောင်း ကိုဗစ် - ၁၉ ရောဂါဟာ တကြော့ပြန် ပြန်လည် ဖြစ်ပွားနေတာ မှန်ပေမယ့်လို့ ချူလာလောင်ကောင်ဆေးရုံက ထုတ်ပြန်တဲ့ "တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ" ဆိုတာဟာ ဖြန့်ဝေချက်အဟောင်းသာဖြစ်နေပါတယ်၊
၂၀၂၅ ခုနှစ်မှာ တကျော့ပြန် ဖြစ်ပွားနေတဲ့ ကိုဗစ် - ၁၉ နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှာဖွေခဲ့ရာမှာတော့ ထိုင်းနိုင်ငံ၊ ချူလာရတ် အပြည်ပြည်ဆိုင်ရာ ဆေးရုံကနေ မေ၊ ၁၆၊ ၂၀၂၅ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ကို တွေ့ခဲ့ရပါတယ်။ ချူလာရတ်ဆေးရုံရဲ့ ထုတ်ပြန်ချက်မှာဆိုရင် ကိုဗစ် - ၁၉ မျိုးကွဲ တခုဖြစ်တဲ့ Omicron XEC မျိုးစိတ်မှာ အဓိက ပျံ့နှံ့နေခြင်းဖြစ်ပြီး ရောဂါ လက္ခဏာတွေအနေနဲ့ -
အဖျားကြီးခြင်း (သို့) ချမ်းတုန်ခြင်း (ရင်ဘတ်/ကျောကို ထိကြည့်ရင် ပူနေခြင်း)
- ၂၄ နာရီအတွင်း ဆက်တိုက်ချောင်းဆိုးခြင်း
- အနံ့/အရသာ ပြောင်းလဲခြင်း (သို့) အရသာပျောက်ခြင်း
- အသက်ရှူကြပ်ခြင်း
- မောပန်းနွမ်းနယ်ခြင်း
- ကြွက်သားနာကျင်ကိုက်ခဲခြင်း
- ခေါင်းကိုက်ခြင်း
- လည်ချောင်းနာခြင်း
-နှာပိတ်ခြင်း၊ နှာရည်ယိုခြင်း
- အစားစားချင်စိတ်မရှိခြင်း
- ဝမ်းလျှောခြင်း
- ပျို့ခြင်း (သို့) အန်ခြင်း စတာတွေ ဖြစ်နိုင်ပြီးတော့
- အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ
- ကိုယ်ဝန်ဆောင်အမျိုးသမီးများ (ကိုယ်ဝန် ၁၂ ပတ်နှင့်အထက်)
- နာတာရှည်ရောဂါ ၇ မျိုးရှိသူများ
- နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းရောဂါ
- နှလုံးနှင့်သွေးကြောရောဂါ
- နာတာရှည်ကျောက်ကပ်ရောဂါ
- လေဖြတ်ဖူးသူများ
- အဝလွန်ခြင်း
- ကင်ဆာရောဂါ
- ဆီးချိုရောဂါ
စတဲ့အုပ်စုဝင်တွေကတော့ ရောဂါကူးစက်ခံရပါက ပြင်းထန်နိုင်တာကြောင့် အထူးသတိထားကာကွယ်ဖို့ လိုအပ်ပါတယ်လို့ ဆိုထားတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ Link - https://www.chularat3inter.com/.../omicron-xec-covid-2568...
ဒါအပြင် လတ်တလော ကူးစက်မှုနှုန်းမြင့်နေတဲ့ Omicron XEC နဲ့ ပတ်သက်လို့ Duwun Lifestyle နဲ့ အထွေထွေသမားတော် ဦးအောင်ကျော်မိုးနဲ့ မေးမြန်းထားတဲ့ ရုပ်သံမှာဆိုရင်လည်း ဆောင်ရန်၊ ရှောင်ရန်နဲ့ သတိထားဖွယ်တွေကို ပြောပြထားတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့လို့ရပါတယ်။ Link - https://shorturl.at/xFExo
လတ်တလော ဖြစ်ပေါ်နေတဲ့ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ်တွေကို အသုံးချပြီးတော့ အခုလိုမျိုး ဖြန့်ဝေချက် အဟောင်းတွေကို ပြန်လည်ကူးယူဖော်ပြမှုတွေဟာ မကြာခဏဆိုသလို ပျံ့နှံ့လေ့ရှိပါတယ်။ ကျန်းမာရေးနဲ့ သဘာဝဘေးအန္တရာယ်လိုမျိုး ဖြစ်စဉ်တွေဟာလည်း လူအများအပြားကို အချိန်တိုအတွင်းမှာ ထိခိုက်စေနိုင်တာမလို့ လူတွေဟာ စိုးရိမ်တကြီးနဲ့ ဖြန့်ဝေတတ်ကြပါတယ်။ ဒါကြောင့် အခုလိုမျိုး ဖြန့်ဝေချက်တွေကို တွေ့ရင် လွတ်လပ်တဲ့ မီဒီယာတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ဖော်ပြချက်တွေကိုစောင့်ကြည့်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

Log in or sign up to view
See posts, photos and more on Facebook.
တရုတ်နိုင်ငံမှ ဂါဇာဒေသသို့ လေကြောင်းမှ တဆင့် လူသားခြင်း စာနာမှုဆိုင်ရာ အကူအညီတွေ ချပေးခဲ့တယ်ဆိုတဲ့ ရုပ်သံဖိုင်အမှား
တွေးပြီးမှယုံ
အစ္စရေးရဲ့ အလုံးစုံ ပိတ်ဆို့မှုကို ရက်သတ္တပတ်များစွာ ခံနေရတဲ့ ဂါဇာကမ်းမြှောင် ဒေသက ပါလက်စတိုင်းဒုက္ခသည်တွေကို တရုတ်နိုင်ငံကနေ လေကြောင်းမှ တဆင့် ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ ချပေးခဲ့တယ်ဆိုတဲ့ ရုပ်သံဖိုင်တွေ ပျံ့နှံ့နေပါတယ်။
ဒီရုပ်သံဖိုင်ကို Ko Thet နာမည်နဲ့ တယ်လီဂရမ်ချန်နယ်တခုကနေ ဖြန့်ဝေထားတာကို တွေ့ရပြီး သတင်းမှာဆိုရင် ပိရိမစ်တွေပေါ်ကနေ ပျံဝဲသွားတဲ့ လေယာဉ်အုပ်စုတွေရဲ့ ပုံရိပ်တွေ၊ တခြားမတူညီတဲ့ ရုပ်သံဖိုင်တွေက ပုံရိပ်တွေနဲ့အတူ “တရုတ်က ဂါဇာကို လူသားချင်းကူညီမှုအနေနဲ့ ရိက္ခာများချပေး” လို့ ဖော်ပြထားပါတယ်။ ဖြန့်ဝေချက်ဟာဆိုရင် လိုက်ခ် - ၄၄၀ ဦး၊ ကြည့်ရှု့သူ - ၂၀၉၄၂ ဦးနဲ့ ပြန်လည်မျှဝေသူ ၃၄ ဦးအထိရှိနေပါတယ်။ ဒီသတင်းရုပ်သံဖိုင်ဟာ နိုင်ငံတကာမှာလည်း “Thank You China” ဆိုတဲ့ စာတမ်းနဲ့အတူ တစ်ခ်တော့ခ်နဲ့ ဖေ့ဘွတ်ခ်ပလက်ဖောင်းပေါ်မှာ အဓိက ပျံ့နှံ့နေတာဖြစ်ပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဖြန့်ဝေချက်ပါ ရုပ်သံဖိုင်တွေကို အချက်အလက် စစ်ဆေးခဲ့ရာမှာတော့ သတင်းအမှား တခုသာဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ပိရမစ်တွေပေါ်ကနေ လေယာဉ်တွေ အုပ်စုလိုက် ပျံသန်းသွားတဲ့ ရုပ်သံဖိုင်ဟာဆိုရင် မေ၊ ၁၊ ၂၀၂၅ ခုနှစ်က အီဂျစ်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား ပထမဆုံးအကြိမ် လေကြောင်း ပူးတွဲလေ့ကျင့်တဲ့ ရုပ်သံဖိုင်သာ ဖြစ်ပါတယ်။ ဒီရုပ်သံဖိုင်ကို Ahmed Alttar နာမည်နဲ့ အီဂျစ် ဓါတ်ပုံပညာရှင်တယောက်က အင်စတာဂရမ်မှာ တင်ထားခဲ့တာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ Link - https://rb.gy/i8n3o6
ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို ချပေးနေတဲ့ အမေရိကန် နိုင်ငံထုတ် C - 17 ဝန်တင်လေယာဉ် အမျိုးအစားဖြစ်ပြီး ဒီလို လေယာဉ်အမျိုးအစားဟာ အမေရိကန်နိုင်ငံနဲ့ မဟာမိတ်နိုင်ငံတွေမှာသာ ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ C - 17 လေယာဉ်ပိုင်ဆိုင်ခြင်း မရှိပဲ အလားတူ ဝန်တင်လေယာဉ်ဖြစ်တဲ့ Harbin Y - 12 လေယာဉ်အမျိုးအစားကို အသုံးပြုပါတယ်။
ဒါအပြင် တရုတ်နိုင်ငံအနေနဲ့ ဂါဇာဒေသကို အကူအညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ခြင်းရှိ၊ မရှိကို အရေးပါတဲ့ စကားလုံးတွေ အသုံးပြု ရှာဖွေခဲ့ရာမှာလည်း အချက်အလက် မတွေ့ရှိခဲ့ရပေ။ မတ်၊ ၂၊ ၂၀၂၅ ခုနှစ်ကနေစလို့ တနင်္ဂနွေနေ့အထိ (မေ၊ ၁၉၊ ၂၀၂၅) ခုနှစ်အထိ အစ္စရေးကနေ ဂါဇာဒေသကို အလုံးစုံ ပိတ်ဆို့ထားလို့ တရုတ်နိုင်ငံရဲ့ အကူအညီတွေ ရောက်ရှိမလာတဲ့အပြင် နိုင်ငံတကာအကူအညီတွေ ပြတ်တောက်နေပြီး ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်တယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။
အလားတူ တရုတ်နိုင်ငံကနေ ဂါဇာဒေသကို လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီတွေ လေကြောင်းကနေ တဆင့် ကူညီမှုတွေ ပေးခဲ့တယ်ဆိုတဲ့ ရုပ်သံဖိုင်တွေဟာ တခြားဖြစ်စဉ်က ရုပ်သံတွေသာဖြစ်တယ်လို့ ဒူဘိုင်းမှာ အခြေစိုက်တဲ့ အချက်အလက်စစ်ဆေးရေး အဖွဲ့တခုဖြစ်တဲ့ Misbar နဲ့ ပြင်သစ်အခြေစိုက် သတင်းဌာန တခုဖြစ်တဲ့ France 24 တို့မှာ ဖော်ပြထားပါတာကို အောက်ကလင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
France 24 - https://rb.gy/57fboa
Misbar - https://rb.gy/agn1oh
အချက်အလက်စစ်ဆေးချက်တွေအရ ဒီသတင်းရုပ်သံတွေဟာ တခြားဖြစ်စဉ်က ရုပ်သံတွေကို ပေါင်းစပ်ထားပြီး သတင်းတု ဖန်တီးထားတာသာဖြစ်ပါတယ်။

သုံးထပ်သင်္ဘောကြီး အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ခဲ့လို့ ဒလတံတားကြီးကျိုးသွားပြီဆိုပြီး ရုပ်သံဖိုင်အတု
တွေးပြီးမှယုံ
ရန်ကုန် - ဒလကမ်းကူးတံတားကြီးကို သုံးထပ် သင်္ဘောကြီးကနေ အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ခဲ့တာကြောင့် ကျိုးကျသွားခဲ့တယ်ဆိုတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်ပေါ်ကို ပျံ့နှံ့နေပါတယ်။
ဒီရုပ်သံဖိုင်ကို Hein Htet Aung နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့် တခုကနေ “ လဒတံတားကျိုးသွားပြီ ၃ထပ်သင်္ဘောကြီးဖြတ်သွားရင်း အရှိန်မထိန်းနိုင်လို့” ဆိုတဲ့ခေါင်းစဉ်နဲ့ ဖြန့်ဝေထားတာတွေ့ရပြီး လိုခ် ၂၂၅၇ ဦးနဲ့ ပြန်လည်မျှဝေသူ ၁၂၁၇ ဦးရှိနေပြီး ထပ်ဆင့်မျှဝေသူတွေလည်း ရှိနေပါတယ်။
ပြန့်နှံ့လာတဲ့ ရုပ်သံဖိုင်နဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ ရုပ်သံဖိုင်ဟာ ရန်ကုန် - ဒလ မြစ်ကူးတံတားမဟုတ်ခဲ့ပဲ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄ ရက်က ဖိလစ်ပိုင်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရုပ်သံဖိုင် တခုသာဖြစ်နေပါတယ်။ ဖိလစ်ပိုင်နိုင်ငံ၊ ပါ်စစ်မြို့ - မာရီကီနာမြစ်ပေါ်ရှိ အက်ဖ် မာနာလို တံတားကို အားကောင်းတဲ့ မုတ်သုံလေကြောင့် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ရေစီးအရှိန်မထိန်းနိုင်ပဲ သင်္ဘောတွေ ဝင်တိုက်ခဲ့မိတဲ့ ရုပ်သံမှတ်တမ်းတခုသာဖြစ်ပါတယ်။
ဒီအကြောင်းကို ဖိလစ်ပိုင်နိုင်ငံအခြေစိုက်၊ အွန်လိုင်းအခြေပြုမီဒီယာတခုဖြစ်တဲ့ Rappler ကနေ ဖော်ပြထားတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
https://www.rappler.com/philippines/barges-marikina-river-hit-pasig-bridge-july-24-2024/
ဒါ့အပြင် ပျံ့နှံ့နေတဲ့ ဒီရုပ်သံဖိုင်အတုနဲ့ ပတ်သက်လို့ သတင်းတု/ မှားဖြန့်ဝေသူတွေကို စစ်ကောင်စစ်လက်အောက်ခံ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ တရားစွဲဆိုအရေးယူသွားမှာ ဖြစ်တယ်လို့ စစ်တပ်တပ်လက်ဝေခံ မီဒီယာတခုဖြစ်တဲ့ Myanmar Transparency - News မှာ ဖော်ပြလာပါတယ်။
ဒါ့ကြောင့် သတင်းရုပ်သံဖိုင်တွေကို တွေ့တာနဲ့ တထစ်ချမယုံမိဖို့အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ မိုးရာသီစတင်လာတာနဲ့ အမျှ ကချင်ပြည်နယ်အပါအဝင် တချို့ဒေသတွေမှာ မိုးကြီး ရေလျှံတာတွေ ဖြစ်နေပါတယ်။ ဒါကြောင့် အခုလို အချိန်ကိုက်ဖြန့်ဝေတဲ့ သတင်းတွေဟာ လူတွေကို အလွယ်တကူ ယုံကြည်စေနိုင်ပါတယ်။ ဒါကြောင့် ဒီလို သတင်းတွေနဲ့ ပတ်သက်ရင် လွတ်လပ်တဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်တွေကို စောင့်ကြည့်ဖတ်ရှု့ကြဖို့ လိုအပ်သလို တွေးပြီးမှယုံရဲ့ Chat box မှာလည်း လာရောက်မေးမြန်းနိုင်ပါတယ်။

❤3👍1
ဗန်းမော်မှာ KIA စစ်ရှုံးနေတယ်လို့ တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေ သတင်းတုဖြန့်နေ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် - KIA အဖွဲ့ဟာ စစ်ရှုံးနိမ့်နေပြီး အာဏာသိမ်းစစ်တပ်က လိုက်လံချေမှုန်းနေလို့ ထွက်ပြေးနေရတယ်ဆိုတဲ့ ရေးသားချက် တခုတပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့နေပါတယ်။
ဒီရေးသားချက်ကို ရွှေနေကြာနာမည်နဲ့ တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တခုကနေ ဖြန့်ဝေထားတာဖြစ်ပါတယ်။ ရေးသားချက်မှာဆိုရင် ကချင်ဒေသတွင်း မီဒီယာတခုဖြစ်တဲ့ Kachin News Group ကနေ ဖော်ပြထားတဲ့ “ဗန်းမော်တိုက်ပွဲမှာ လက်နက်ချပြီး ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သား စစ်သုံ့ပန်းများ” ဆိုပြီး စစ်ကောင်စီသုံ့ပန်းတွေရဲ့ ရုပ်သံနဲ့ သတင်းကို ဂျင်းသတင်းလို့ တံဆိပ်ကပ်ထားတဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး စစ်ရှုံးနေတဲ့ KIA အကြမ်းဖက်တွေကတော့ ဂျင်းသတင်းတွေ ထပ်ခါတလဲလဲ ထည့်နေပါတယ် ဆိုပြီး ရေးသားထားပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ တွေးပြီးမှယုံ အနေနဲ့ အချက်အလက်စစ်ဆေးဖို့အတွက် ဗန်းမော်တိုက်ပွဲနဲ့ ပတ်သက်လို့ အရေးပါတဲ့ စကားလုံးတွေကို အသုံးပြုပြီး ရှာဖွေခဲ့ရာမှာတော့ ဗန်းမော်မြို့ သိမ်းပိုက်နိုင်ရေး KIA နဲ့ မဟာမိတ်တပ်တွေ ထိုးစစ်ဆင်ခဲ့ရာ ဇန်နဝါရီလ၊ ၁၄ ရက်နေ့မှာ အာဏာသိမ်းစစ်တပ် ထောက်ပံ့ရေးတပ် ထပရ (၉၃၃) တပ်ရင်းအဝင် ခြေကုတ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ဦး ဖမ်းဆီးရမိတယ်လို့ လွတ်လပ်တဲ့ မီဒီယာတွေမှာ ဖော်ပြကြတာကို တွေ့ခဲ့ရပါတယ်။
လွတ်လပ်တဲ့ မီဒီယာတွေဖြစ်တဲ့ Mizzima နဲ့ People’s Spring ရဲ့ သတင်းဖော်ပြချက်မှာဆိုရင် “ဇန်နဝါရီ ၁၄ ရက်နေ့မှာ ဗန်းမော်မှာရှိတဲ့ စစ်တပ်ခြေကုတ်အထိုင်စခန်းတခုနဲ့ ကာကင်းစခန်းတွေကို KIA နဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်ခဲ့ပြီး တပ်သား ၂၀ ဦးလက်နက်ချ” ဟုရေးသားထားပါတယ်။ အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Mizzima - https://shorturl.at/n8hAT
People Spring - https://shorturl.at/N7CDa
အလားတူ BBC သတင်းဌာနရဲ့ ဖော်ပြချက်မှာဆိုရင်လည်း ဗန်းမော်၊ စစ်ကောင်စီထောက်ပို့တပ်ရဲ့ ခြေကုပ်စခန်းတခုကို KIA/ PDF သိမ်ယူနိုင်ခဲ့တယ်လို့ ဖော်ပြထားတာကို အောက်ကလင့်ခ်မှာ ကြည့်ရှု့နိုင်ပါတယ်။
BBC - https://shorturl.at/Jq6yl
အာဏာသိမ်းစစ်တပ် ဝါဒဖြန့်ချန်နယ်တွေဟာ လွတ်လပ်တဲ့ မီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေအပေါ် သတင်းမှားသာဖြစ်ကြောင်း မကြာခဏဆိုသလို တုန့်ပြန်လေ့ရှိပါတယ်။ သတင်းမှားလို့ စွပ်စွဲတုန့်ပြန်ရာမှာလည်း ခိုင်လုံစနစ်ကျတဲ့ အချက်အလက်စစ်ဆေးမှုတွေနဲ့ သက်သေပြချက်တွေ မပါဝင်ပဲ သတင်းမှားလို့သာ လွယ်လင့်တကူ တုန့်ပြန်ဝါဒဖြန့်လေ့ရှိပါတယ်။

လတ်တလော ထွက်ပေါ်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ရဲ့ ပုံရိပ်တွေဟာ ဓါတ်ပုံဟောင်းတွေသာဖြစ်
တွေးပြီးမှယုံ
အာဏာသိမ်းစစ်တပ်ကနေ ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ ပုံရိပ်အချို့တက်လာပါတယ်ဆိုပြီး သတင်းဓါတ်ပုံတခု ဖေ့ဘွတ်ခ်လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ ဒီဓါတ်ပုံဟာဆိုရင် ဇန်နဝါရီလ၊ ၂၄ ရက်နေ့က အာဏာသိမ်းစစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အင်တာဗျူးကို မြဝတီရုပ်သံအပါအဝင် မီဒီယာအချို့ကို ဖြေကြားခဲ့ပြီး နောက်ရက်မှာပဲ အချိန်ကိုက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒီဓါတ်ပုံတွေကို Htoo Thit Vlogs နဲ့ Kyaw Htet Aung ဆိုတဲ့ ဖေ့ဘွတ်ခ်ပေ့ချ်တခုနဲ့ အကောင့်တခုကနေ စတင်ဖြန့်ဝေလာခဲ့တာကို တွေ့ရပြီးတော့ စာအညွှန်းတွေဟာလည်း အတူတူပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ပိုစ့်မှာဆိုရင် မက်စ်တပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ရဲ့ တရားရုံးခွင်က ဓါတ်ပုံနဲ့အတူ “အမေစုနှင့် သမ္မတို့၏ ပုံရိပ်အချို့ တက်လာပါသည်။ ကြည်ရတာတော့ တော်တော်စိတ်မချမ်းသာ စရာပါပဲ။ ဘေးကင်း၊ ကျန်းမာကြပါစေ” ဖော်ပြထားပါတယ်။
ပျံ့နှံ့နေတဲ့ သတင်းဓါတ်ပုံနဲ့ ပတ်သက်လို့ တွေးပြီးမှယုံအနေနဲ့ အချက်အလက် စစ်ဆေးဖို့ရာအတွက် ဓါတ်ပုံတွေကို ထပ်တူပြုစစ်ဆေးတဲ့ Reverse Image Search ကို အသုံးပြု စစ်ဆေးခဲ့ရာမှာတော့ ဒီရုပ်ပုံတွေဟာ ဓါတ်ပုံအဟောင်းတွေသာ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ အချက်အလက်စစ်ဆေးချက်တွေအရ ပျံ့နှံ့လာတဲ့ ဓါတ်ပုံဟာ ၁၈ ရက်၊ ဇွန်လ၊ ၂၀၂၅ ခုနှစ်က ဗြိတိန်နိုင်ငံအခြေစိုက် နိုင်ငံတကာသတင်းဌာနတခုဖြစ်တဲ့ The Guardian ကနေ ဖော်ပြလာတဲ့ ရုပ်သံမှ ဓါတ်ပုံသာ ဖြစ်နေပါတယ်။ ကြာချိန် တစ်မိနစ်နှင့် ဆယ်နှစ်စက္ကန့်သာ ရှိတဲ့ ဒီရုပ်သံဖိုင်ဟာဆိုရင်၂၂ ရက်၊ ဩဂုတ်လ၊ ၂၀၂၂ ခုနှစ်ရက်စွဲနဲ့ ထွက်ပေါ်ခဲ့တာဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ အာဏာသိမ်းစစ်တပ်ရဲ့ တရားခွင်မှာ တရားရင်ဆိုင်နေရတဲ့ ရုပ်သံဖြစ်ပါတယ်။ ဒီအကြောင်းကို The Guardian သတင်းဌာနရဲ့ ယူကျု့ချန်နယ်က ထုတ်လွှင့်ထားတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
Link - https://youtu.be/sp2Crfzo7dY?si=_uWmehHMNT1xrhzQ
အလားတူ လွတ်လပ်တဲ့ မီဒီယာတခုဖြစ်တဲ့ The Ayeyarwaddy Times ကနေလည်း ဒီရုပ်သံဖိုင်နဲ့ ပတ်သက်လို့ နေပြည်တော်ထောင်မှာ တနှစ်ခန့်နေထိုင်ခဲ့ရတဲ့ အယ်ဒီတာကိုသန်းထိုက်အောင်နဲ့ အင်တာဗျူးထားတဲ့ ရုပ်သံဖိုင်ကိုလည်း အောက်ကလင့်ခ့်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
Link - https://youtu.be/8XuM0RNo6jY?si=btwRHW7Hyg4OZbbt
သတင်းဓါတ်ပုံအဟောင်းကို အချိန်ကိုက် ပြန်ဖြန့်ဝေထားတဲ့ ဖေ့ဘွတ်ခ်အကောင့်နဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးရာမှာလည်း လူအများကြား စိတ်ဝင်စားဖွယ်ဖြစ်ပြီး အလွယ်တကူဆွဲဆောင်နိုင်တဲ့ အကြောင်းအရာတွေကို ဆက်တိုက်ဆိုသလို ဖြန့်ဝေနေတာကို တွေ့ရပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏသိမ်းခဲ့ချိန်မှ စပြီး ဖမ်းဆီးခံထားရတဲ့ အသက် ၈၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာဆိုရင် ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခံထားရပြီး ဘယ်နေရာမှာ ချုပ်နှောင်ခံထားရမှန်း မသိရသလို ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ ကောင်းမွန်ကြောင်း စစ်တပ်က ထုတ်ပြန်ပြောဆိုလေ့ရှိပေမယ့် သက်သေအထောက်အထားတွေ ပြလေ့မရှိပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ သတင်းတွေ မကြာခဏ ထွက်ပေါ်လာလေ့ရှိပါတယ်။ ဒီလို သတင်းဓါတ်ပုံတွေကို တွေ့ရင် လွယ်လင့်တကူ မယုံကြည်ပဲ Reverse Image Search သုံးပြီး အလွယ်တကူစစ်ဆေးနိုင်သလို အခက်အခဲ တစုံတရာရှိရင်လည်း တွေးပြီးမှယုံရဲ့ Chat box မှာ လာရောက်ပေးပို့ စစ်ဆေးနိုင်ပါတယ်။
#FactCheck #ThinkBeforeYouTrust

YouTube
Leaked footage shows Aung San Suu Kyi inside Myanmar courtroom
Since the military seized power in February 2021, little has been seen or heard of Aung San Suu Kyi. Videos dated October and December 2022 show Aung San Suu Kyi appearing in a makeshift courtroom with deposed president Win Myint, 73, during military-run…