ရခိုင်ပြည်မှာ မျောက်ကျောက်ရောဂါ ပြန့်နေတယ်လို့ တပ်ဝါဒဖြန့်ချန်နယ်တွေ သတင်းတုဖြန့်နေ
တွေးပြီးမှယုံ
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ မျောက်ကျောက်ရောဂါ (Monkeypox) ပြန့်နှံ့နေတယ်ဆိုတဲ့ သတင်းတခုဟာ အရေပြားရောဂါခံစားနေရတဲ့ ကလေးငယ်တွေရဲ့ ပုံတွေနဲ့အတူ ပြန့်နှံ့နေပါတယ်။
ဒီသတင်းကို အာဏာသိမ်းစစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ Sandi Myint Aung နာမည်နဲ့ ချန်နယ်ကနေ ဩဂုတ် ၂၅ ရက်နေ့မှာ စတင်ဖြန့်ဝေထားပါတယ်။ Subscriber ၁၀၅၇၇ ဦးအထိ ရှိထားတဲ့ ဒီချန်နယ်ရဲ့ ဖြန့်ဝေချက်မှာဆိုရင် ကြည့်ရှု့သူ ၂၇၁၄ ဦး၊ လိုက်ခ်ပြုလုပ်သူ ၅၄ ဦးနဲ့ ပြန်လည်မျှဝေသူ ၃ ဦးရှိထားပါတယ်။
တွေးပြီးမှယုံ အနေနဲ့ ပြန့်နှံ့လာတဲ့ သတင်းဓါတ်ပုံတွေမှာ အမှတ်အသား ပါဝင်ထားတဲ့ နေရဥ္ဇရာ သတင်းဌာနရဲ့ ဖော်ပြချက်နဲ့ တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာတော့ သတင်းတု တခုသာဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ဆက်လက်ဖတ်ရှုရန်- https://www.facebook.com/share/p/GdEr2yA62oWjb31D/?mibextid=WC7FNe

👍2
ရေဘေးသင့် ကူညီသူတွေကို PDF တွေက ဂိတ်ကြေးတောင်းလို့ လှည့်ပြန်ရတယ်ဆိုတဲ့ သတင်းတု
တွေးပြီးမှယုံ
ရေးဘေးသင့်ဒုက္ခသည်တွေကို ကူညီဖို့သွားနေတဲ့ အလှူရှင်တွေရဲ့ကားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF တွေက ဂိတ်ကြေးတောင်းလို့လှည့်ပြန်နေရပါတယ်ဆိုပြီး ဖြန့်ဝေချက်တခုကို အာဏာသိမ်း စစ်တပ် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေနေကြပါတယ်။
စက်တင်ဘာ၊ ၁၈ ရက်နေ့က ပြန့်နှံ့ခဲ့တဲ့ ဒီရုပ်သံဖိုင်ကို တပ်ဝါဒဖြန့် နာမည်ကြီး တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ ဟန်ငြိမ်းဦး ရဲ့ Ka Ka Han ကနေ ဖြန့်ဝေလာတာကို တွေ့ရပြီးတော့ တခြားချန်နယ်တွေမှာလည်း ထပ်ဆင့် ဖြန့်ဝေနေကြပါတယ်။ ဖြန့်ဝေချက်မှာဆိုရင် ကြည့်ရှု့သူ ၄၀၉၉ ဦးနဲ့ လိုက်ခ် ၁၁၀ ရှိပါတယ်။ ဆက်လက်ဖတ်ရှု့ရန် - https://shorturl.at/XGaAT

👍1
ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးက စစ်မှုထမ်းဥပဒေကို ထောက်ခံကြောင်း ပြောခဲ့တယ်လို့ သတင်းတုဖြန့်
တွေးပြီးမှယုံ
အကယ်ဒမီ ၅ ကြိမ်တိုင်ရရှိထားတဲ့ သရုပ်ဆောင်ပြေတီဦးက အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကို ထောက်ခံကြောင်း ပြောခဲ့တယ်ဆိုတဲ့ သတင်းရုပ်သံဖိုင်တခုဟာ ပြေတီဦး အင်တာဗျူးဖြေနေတဲ့ဓါတ်ပုံနဲ့အတူ ပြန့်နှံ့နေပါတယ်။
ဒီသတင်းရုပ်သံဖြန့်ဝေချက်ကို Myanmar Channel နာမည်နဲ့ ဖေ့ဘွတ်ခ်ပေ့ချ်တခုကနေ ဖြန့်ဝေလာတာကိုတွေ့ရပြီး “နိုင်ငံတော်က လုပ်သင့်လုပ်ထိုက်တာ လုပ်တာပါပဲ ကောင်းပါတယ် ကျေနပ်မိပါတယ် ဆိုတဲ့ ပြေတီဦး” ဆိုတဲ့ စာအညွှန်းနဲ့အတူ ရုပ်သံဖိုင်ကို ဝင်ရောက်ကြည့်ရှု့ဖို့ လင့်ခ်တခုပါဝင်ပါတယ်။ ဖြန့်ဝေချက်ဟာဆိုရင် လိုက်ခ် ၇၃၈၉ နဲ့ ပြန်လည်မျှဝေသူပေါင်း ၁၉၅ ဦး အထိရှိနေပါတယ်။ ဆက်လက်ဖတ်ရှု့ရန်လင့်ခ် - https://shorturl.at/fpdpI

❤3👍2
ကျိုက်ထီးရိုးတောင်ပေါ်ကို PDF တွေရောက်နေတယ်ဆိုတဲ့ ရုပ်သံဖိုင်
တွေးပြီးမှယုံ
ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်တွေ ကျိုက်ထီးရိုးတောင်ပေါ်မှာ ဘုရားဖူးနေတယ်ဆိုတဲ့ ရုပ်သံဖိုင်တခု ဖေ့ဘွတ်ခ်လူမှုကွန်ယက်မီဒီယာမှာ ပြန်နှံ့နေပါတယ်။ ရုပ်သံဖိုင်ထဲမှာဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ PDF တပ်ဖွဲ့ဝင် ဘက်တံဆိပ်တွေကပ်ထားတဲ့ ယူနီဖောင်းဝတ်လူငယ်တွေ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီနဲ့ ပုံစံတူ ဘုရားတဆူကို ဖူးမျှော်နေတဲ့ ပုံရိပ်တွေပါဝင်ပါတယ်။ Link - https://shorturl.at/VNtRG

ရန်ကုန် - ပုသိမ်ကားလမ်း ပိတ်လိုက်ပြီဆိုတဲ့ သတင်းတု
တွေးပြီးမှယုံ
အာရက္ခတပ်တော် (AA) ကနေ အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် တောင်ကုတ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ရှုံးခဲ့တဲ့ စစ်ကောင်စီက ဧရာဝတီတိုင်းမှာ ခံစစ်တွေပြင်နေတယ်လို့ သတင်းထွက်ပေါ်လာပြီးနောက်ပိုင်း ရန်ကုန် - ပုသိမ်ကားလမ်းပိတ်ချတယ်ဆိုတဲ့ သတင်းတခုထွက်ပေါ်လာပါတယ်။
သတင်းကို ဒီဇင်ဘာ၊ ၂၁ ရက်နေ့က Mingalar Taung Nyunt Information နာမည်နဲ့ ဖေ့ဘွတ်ခ်ပေ့ချ်ကနေ ဖြန့်ဝေခဲ့တာကို တွေ့ရပြီးတော့ အခုချိန်မှာတော့ ပြန်လည်ဖယ်ရှားခဲ့တာကိုတွေ့ရပါတယ်။ သို့သော် ဒီဖြန့်ဝေချက်ကိုပဲ ထပ်ဆင့်ကူးယူဖော်ပြသူတွေအများအပြား ရှိခဲ့ပြီး ဆက်လက်ပြန့်နှံ့နေဆဲဖြစ်ပါတယ်။
တွေးပြီးမှယုံအနေနဲ့ ဒီသတင်းနဲ့ ပတ်သက်လို့ အချက်အလက်စစ်ဆေးခဲ့ရာမှာ ရန်ကုန် - ပုသိမ် ကားလမ်းပိတ်ချတယ်ဆိုတာ ကောလဟလ သတင်းတခုသာဖြစ်နေတာကို တွေ့ရပါတယ်။ ဆက်လက်ဖတ်ရှုရန် Fb Link=> https://shorturl.at/e09F6

ရခိုင်ပြည်မှတ်ပုံတင် ကိုင်ဆောင်ခရီးသွားသူတွေကို ဖမ်းမယ်ဆိုပြီး JJ Express က သတိပေးချက်ထုတ်တယ်ဆိုတဲ့ သတင်းတု
တွေးပြီးမှယုံ
အာရက္ခတပ်တော် (AA) က အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် တောင်ကုတ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်မှာတော့ ရခိုင်လူမျိုးစုတွေနဲ့ ပတ်သက်ပြီး လူမျိုးရေးအခြေခံတဲ့ အမုန်းစကားတွေနဲ့ သတင်းတွေမျိုးစုံ ထွက်ပေါ်လာနေပါတယ်။ ဆက်လက်ဖတ်ရှု့ရန် - https://shorturl.at/WEqg3

လော့အိန်ဂျလိစ့် မီးလောင်မှုမှာ ဖန်ဆင်းရှင်ကို ယုံကြည်သူရဲ့ နေအိမ်သာ မီးမလောင်ပဲ ကျန်ခဲ့တဲ့ ဆိုတဲ့ ဓါတ်ပုံအမှား
တွေးပြီးမှယုံ
အမေရိကန်ပြည်ထောင်စု၊ လော့အိန်ဂျလိစ့်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တောမီးလောင်မှုဖြစ်စဉ်ထဲမှာ မီးကွင်းခဲ့တဲ့ နေအိမ် တအိမ်ပါဆိုပြီး ဘာသာရေးဆိုင်ရာအကြောင်းအရာတွေနဲ့အတူ ဖြန့်ဝေချက်ဓါတ်ပုံတခုပြန့်နှံ့နေပါတယ်။
ဒီဖြန့်ဝေချက်ကို ဘဝအတွက် ခွန်အားဖြစ်သော ဗဟုသုတ စာပေများ နာမည်နဲ့ ဖေ့ဘွတ်ခ် ဂရုတခုကနေပြန်နှံ့လာတာကိုတွေ့ရပြီး တခြားနေရာတွေမှာလည်း မတူညီတဲ့တခြား ဘာသာရေးဆိုင်ရာ အကြောင်းအရာတွေနဲ့ တွဲပြီး ဆက်လက်ပြန်နှံ့နေပါတယ်။
ပြန့်နှံ့လာတဲ့ ဓါတ်ပုံနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ Google Reverse Search ကို အသုံးပြုပြီး အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ ဖြန့်ဝေထားသလိုမျိုး ၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလက အမေရိကန်ပြည်ထောင်စု၊ လော့အိန်ဂျလိစ့်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တောမီးလောင်တဲ့ ဖြစ်စဉ်က ဓါတ်ပုံမဟုတ်ခဲ့ပဲ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လက အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီကျွန်း၊ Lahaina မြို့မှာ ဖြစ်ခဲ့တဲ့ တောမီးလောင်မှုက မှတ်တမ်းဓါတ်ပုံသာဖြစ်နေပါတယ်။
ဆက်လက်ဖတ်ရှုရန်- https://www.facebook.com/share/p/19utR9Nor1/?mibextid=wwXIfr

ရက္ခိုင်ပြည်၊ မောင်တောမှာ ARSA က AA အဖွဲ့ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေတယ်ဆိုတဲ့ ဓာတ်ပုံအမှား
တွေးပြီးမှယုံ
ရက္ခိုင်ပြည်၊ မောင်တောမြို့ကို အာရကန်ရိုဟင်ဂျာကယ်ဆယ်ရေးတပ် - ARSA အဖွဲ့ကနေ အာရက္ခတပ်တော် - AA အဖွဲ့ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နေတယ်ဆိုပြီး သတင်းဓါတ်ပုံတပုံ ပြန့်နှံ့နေပါတယ်။
ဒီသတင်းကို Thazin Chay နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်တခုကနေ ဒီနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့က ရေးသားဖြန့်ဝေထားပါတယ်။ ရေးသားချက်ထဲမှာဆိုရင် “မောင်တောမြို့မှာရှိတဲ့ AA သူပုန်တွေနဲ့ AA အားပေးတွေနေထိုင်မှုများတဲ့ ရပ်ကွက်တွေထဲကို ARSA မဆလအဖွဲ့ (မူရင်းအရေးအသား) ကအင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေကျူးကျော်မှု၊ စိုးမှုတွေရှိနေကြောင်း ဓာတ်ပုံနဲ့တကွ ရေးသားဖြန့်ဝေထားပါတယ်။ သတင်းကို လိုက်ခ်၊ ရီရက်ပြုလုပ်သူ ၁၆၉ ယောက်နဲ့ ပြန်လည်မျှဝေသူ ၁၁၁ ယောက်ရှိနေပြီဖြစ်ပါတယ်။
သတင်းမှာပါတဲ့ ပုံကို တွေးပြီးမှယုံကနေ ဓာတ်ပုံစစ်ဆေးတဲ့အခါအသုံးပြုတဲ့ Reverse Image Search နဲ့စစ်ဆေးကြည့်ရာမှာတော့ ပုံမှာ ရခိုင်ပြည်နယ်၊ မောင်တောမှာဖြစ်ပွားနေတဲ့ပုံမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်ကပုံသာဖြစ်နေပါတယ်။
ဆက်လက်ဖတ်ရှုရန်- https://shorturl.at/Ky277

လူတွေရဲ့ စိုးရိမ်စိတ်နဲ့ လတ်တလော အခြေအနေတွေကို အသုံးချပြီး အမြတ်ထုတ်ဖိုကြိုးစားနေတဲ့ သတင်းရုပ်သံဖိုင်အတုများ
တွေးပြီးမှယုံ
TeTeTaTa နာမည်နဲ့ ဖေ့ဘွတ်ခ်ပေ့ချ်တခုဟာဆိုရင် လတ်တလော လူစိတ်ဝင်စားမှု မြင့်တက်နေတဲ့ အကြောင်းအရာတွေအပေါ်အခြေခံပြီး သတင်းရုပ်သံတွေကို ဆက်တိုက်ဆိုသလို ဖြန့်ဝေနေပါတယ်။ ဖြန့်ဝေချက်တွေမှာဆိုရင် လူထုအကြား ရိုက်ခတ်မှုကြီးမားတဲ့ စစ်မှုထမ်းဥပဒေ၊ စစ်ရေးအခြေအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် နဲ့ ဇနီး ဒရုန်းနဲ့ ဗုံးကြဲခံရလို သေ စတဲ့ ဒီလို သတင်းတွေကို ဆက်တိုက်ဆိုသလို ဖြန့်ဝေနေပါတယ်။
ဥပမာအနေနဲ့ဆိုရင် ဇန်နဝါရီ ၂၅ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်းတွေ ယမန်နေ့က ပြန့်နှံလာပါတယ်။ ဒီလိုသတင်းပြန့်နှံလာပြီးနောက်မှာတော့ “ ဒီလိုစစ်တပ်က ပြည်သူ့ဆေးရုံကိုဗုံးကြဲမှု လူ ၅၀၀ ကျော်သေပြီး နိုင်ငံတကာ ချက်ချင်းအရေးယူပြီ” ဆိုတဲ့သတင်းခေါင်းစဉ်နဲ့သတင်းဖြန့်ဝေခဲ့ပေမယ့် ရုပ်သံမှာတော့ ခေါင်းစဉ်မှာရေးထားသလို...
ဆက်လက်ဖတ်ရှုရန်=> https://www.facebook.com/share/p/1JszoSrhbw/?mibextid=wwXIfr

အမျိုးသမီးစစ်မှုထမ်း စာရင်းမကောက်သေးဆိုတဲ့ ထုတ်ပြန်ချက် ဘယ်လောက်ယုံကြည်လို့ရနိုင်မလဲ
တွေးပြီးမှယုံ
ဇန်နဝါရီလ နောက်ဆုံးသီတင်းပတ်ကစလို့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေ အပါအဝင် နယ်မြို့တွေမှာပါမကျန် အမျိုးသမီးစစ်မှုထမ်း အမှတ်စဉ် (၁) အတွက် အကျုံးဝင်စာရင်းတွေကောက်နေတယ်လို့ လွတ်လပ်တဲ့ မီဒီယာတွေမှာ ဖော်ပြပါတယ်။
ဒီသတင်းတွေနဲ့ ပတ်သက်လို့ အမျိုးသမီးစစ်မှုထမ်း စာရင်းတွေကောက်ခံနေတာ မရှိကြောင်းနဲ့ တရားမဝင် ပြည်ဖျက်မီဒီယာ(မူရင်းအရေးအသား) တွေက သတင်းတု/ မှား တွေဖြန့်ဝေတာသာဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနကနေ ကြေငြာချက်ထုတ်ပြန်လာပြီး တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေနဲ့ တပ်ဩဇာခံ မီဒီယာတချို့ကနေလည်း ထပ်ဆင့်ဖြန့်ဝေလာကြပါတယ်။
ဆက်လက်ဖတ်ရှုရန်=> https://shorturl.at/6l7K1

ရုပ်သံဖိုင်အဟောင်းကို အသုံးပြုပြီး ရန်ကုန်မြို့လယ်၊ လှည်းတန်းမှာ နေ့ခင်းကြောင်တောင် ပေါ်တာလိုက်ဆွဲနေတယ်ဆိုတဲ့ သတင်းတု
စစ်မှုထမ်းခေါ်ယူတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေချိန်မှာပဲ ယမန်နေ့က ရန်ကုန်လှည်းတန်းမှာ နေ့ခင်းကြောင်တောင် ပေါ်တာလိုက်ဆွဲတယ်ဆိုတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်ပေါ်သို့ ပြန့်နှံ့လာပါတယ်။ ဒီရုပ်သံဖိုင်ကို ဖြန့်ဝေသူ အများအပြားရှိခဲ့ပြီးတော့ Ko San နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်တခုကနေ ဖြန့်ဝေချက်မှာဆိုရင် လိုက်ခ်၊ ရီရက် ပြုလုပ်သူ ၁၄၆၇၃၊ ပြန်လည်မျှဝေသူ ၈၆၂၅ ဦးနဲ့ ကြည့်ရှုသူ ၁ သန်းကျော်အထိ ရှိနေပြီဖြစ်ပါတယ်။
ပြန့်နှံ့လာတဲ့ ရုပ်သံဖိုင်နဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ စစ်ဆေးခဲ့ရာမှာ လတ်တလောကာလအတွင်း ရိုက်ကူးထားတဲ့ ရုပ်သံဖိုင် မဟုတ်နေတာကို တွေ့ရပါတယ်။
ဆက်လက်ဖတ်ရှုရန်=> https://shorturl.at/XJHw1

NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် နှုတ်ထွက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ကြေငြာချက်အတု စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေ ဖြန့်ဝေနေ
တွေးပြီးမှယုံ
အမျိုးသားညီညွတ်ရေးအစိုးရ - NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင် ရာထူးမှ နှုတ်ထွက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ထောက်ပို့ငွေကိစ္စတွေ ရှင်းပေးရမယ်ဆိုတဲ့ ကြေငြာချက်ဟာ NUG နာမည်ခံပြီး ထွက်ပေါ်လာပါတယ်။ ကြေငြာချက်ထဲမှာဆိုရင် ဦးနိုင်ထူးအောင် နှုတ်ထွက်ခြင်းနဲ့ ပတ်သက်လို့ ခွင့်ပြုသော်လည်း ၎င်းတာဝန်ယူထားခဲ့တဲ့ မမများနဲ့ ပွဲကမယ်၊ Dragonfly စတဲ့ ကမ်ပိန်း၊ ပရောဂျက်တွေနဲ့ ပတ်သက်လို့ အရေးကိစ္စတခုခု ရှိခဲ့ပါက ပြန်လည်ဖြေရှင်းပေးရမယ်လို့ ဖော်ပြထားပါတယ်။ ဆက်လက်ဖတ်ရှု့ရန် - https://shorturl.at/vtMuI

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တယ်ဆိုတဲ့ ကြေငြာချက်အတု
တွေးပြီးမှယုံ
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဖမ်းဆီးခံထားရတဲ့ သမီးဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပါတယ်ဆိုတဲ့ ကြေငြာချက်တခု ပြန့်နှံ့နေပါတယ်။ ဆက်လက်ဖတ်ရှု့ရန် - https://shorturl.at/edygr

AA က ဖမ်းဆီးရမိထားတဲ့ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်ဟာ အယောင်ဆောင်ထားတဲ့ ပန်းရံဆရာတယောက်သာ ဖြစ်တယ်လို့ စစ်လော်ဘီအကောင့်တွေ သတင်းတုဖြန့်နေ
တွေးပြီးမှယုံ
သတင်းမီဒီယာတွေမှာ ဖော်ပြနေတဲ့ အာရက္ခတပ်တော် - AA ကနေ စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိသူ နည်းဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး ကျော်ကျော်သက်ဟာ ပန်းရံဆရာတယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် ဝတ်စုံ ဝတ်ခိုင်းပြီး အယောင်ဆောင်ခိုင်းတာသာဖြစ်တယ်လို့ စစ်တပ်ဝါဒဖြန့် ဖေ့ဘွတ်ခ်အကောင့်တွေကနေ ရေးသားဖြန့်ဝေချက် တခုပြန့်နှံ့နေပါတယ်။
ဒီသတင်းကို မြေလတ်စစ်သည် နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်တခုကနေ “အေအေသောင်းကျန်းသူအဖွဲ့က မကွေးတိုင်း ငဖဲမြို့နယ် အုတ်ကန်ကျေးရွာက အရပ်သားတဦးဖြစ်တဲ့ ပန်းရံဆရာတဦးကို စစ်ဝတ်စုံဝတ်ခိုင်းပြီး သရုပ်ဆောင်ခိုင်းခဲ့ကြောင်း၊ လက်ရှိ ဗိုလ်မှူးကြီး ကျော်ကျော်သက်က နပတမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်အရာရှိတဦးဖြစ်ပြီး ဗမက ကျော်ကျော်သက်မဟုတ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ စီစစ်တွေရှိရသဖြင့် သတင်းအမှန်အား ထုတ်ပြန်ကြေငြာခြင်းဖြစ်သည်” ဆိုပြီး ဖြန့်ဝေထားပါတယ်။ ပြန့်နှံ့လာတဲ့ သတင်းမှာဆိုရင် လိုက်ခ်ပြုလုပ်သူ ၃၁၈ ယောက် နဲ့ ပြန်လည်မျှဝေသူ ၂၆၅ ယောက်ရှိပြီး ထပ်ဆင့်ဖြန့်ဝေနေသူတွေလည်း ရှိနေပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ တွေးပြီးမှယုံအနေနဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဆိုက်ဘ်၊ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာန - MOI နဲ့ မြန်မာ့အလင်း၊ ကြေးမှုံ သတင်းဌာနတွေမှာ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၅ ရက်နေ့အတွင်း ဖော်ပြထားတဲ့ သတင်းထုတ်ပြန်ချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာ သတင်းတုမှာ ပါဝင်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ချက်ဆိုတဲ့ စာကို ထုတ်ပြန်ထားတာ မတွေ့ခဲ့ရပါဘူး။
ဒါ့အပြင် လွတ်လပ်တဲ့ သတင်းမီဒီယာတွေဖြစ်တဲ့ The Irrawaddy, DVB နဲ့ Arakha Times တို့ရဲ့ဖော်ပြချက်တွေမှာဆိုရင်လည်း AA ကနေ ဖမ်းဆီးရမိထားတဲ့ ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်ဟာ အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်မှာ ယာယီ နည်းဗျူဟာမှူး တာဝန်ထမ်းဆောင်နေတဲ့ ဒုဗိုလ်မှူးကြီးဖြစ်တယ်လို့ ဖော်ပြထားတာကို အောက်ကလင့်ခ်တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
The Irrawaddy - https://shorturl.at/Kv4ud
DVB - https://www.dvb.no/post/690013
Arakha Times - https://shorturl.at/QczKd
ဒါ့ကြောင့် မြေလတ်စစ်သည် နာမည်နဲ့ တပ်ဝါဒဖြန့် ဖေ့ဘွတ်ခ်အကောင့်ကနေ ဖြန်ဝေထားတဲ့ AA ကနေ ပန်းရံဆရာတယောက်ကို ဗိုလ်မှူးကြီးအယောင်ဆောင်ခိုင်းထားတယ်ဆိုတဲ့သတင်းမှာ သတင်းမှားသာဖြစ်ပါတယ်။ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေနဲ့ ဖေ့ဘွတ်ခ်အကောင့်တွေဟာ စစ်တပ်ရဲ့ ကျရှုံးတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ဖုံးကွယ်ဖို့ရာ ကြိုးစားတဲ့အနေနဲ့ လွတ်လပ်တဲ့မီဒီယာတွေရဲ့ ဖော်ပြချက်တွေကို သတင်းတုတွေသာဖြစ်တယ်လို့ မကြာခဏဆိုသလိုဖြန့်ဝေလေ့ရှိပါတယ်။ ဒါကြောင့် သတင်းဖတ်သူတွေအနေနဲ့ အဖွဲ့အစည်းနာမည်ခံနဲ့ ထွက်ပေါ်လာတဲ့ ကြေငြာချက်တွေကို လွယ်လင့်တကူ မယုံကြည်ကြပဲ သက်ဆိုင်ရာ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေရဲ့ ထုတ်ပြန်ချက်၊ ဖော်ပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ သတင်းစစ်ဆေးဖို့ အခက်အခဲရှိရင်လည်း တွေးပြီးမှယုံရဲ့ Chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
#factcheck
#thinkbeforeyoutrust

ဧရာဝတီ
ယာယီ နည်းဗျူဟာမှူး ကျော်ကျော်သက် အဖမ်းခံရခြင်း နောက်ကွယ်
တိုက်ပွဲစုံတွင် စစ်ရှုံးပြီး စစ်ပန်းနေကြသည့် စစ်သားများအတွက် “အောင်” စိတ် ပျောက်ဆုံးနေသည်မှာ ဆန်းကြယ်သောကိစ္စ မဟုတ်ပေ။
👍2
အမေရိကန်အစိုးရက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒေါ်လာ ၅ သန်းနဲ့ ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းတု
တွေးပြီးမှယုံ
မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကို အမေရိကန်ပြည်ထောင်စုကနေ ဒေါ်လာ ၅ သန်းနဲ့ ဖမ်းဝရမ်းထုတ်လိုက်တယ်ဆိုတဲ့ ဖြန်ဝေချက်တခုဟာ စစ်ခေါင်းဆောင်ကို အလိုရှိကြောင်း အင်္ဂလိပ်လိုရေးထားတဲ့ ရုပ်ပုံတခုနဲ့အတူ ပြန့်နှံ့နေပါတယ်။
ဒီအကြောင်းကို Spring Red PDF Support Group နာမည်နဲ့ ဖေ့ဘွတ်ခ်ပေ့ချ်တခုကနေ ဖြန့်ဝေထားခဲ့တာကို တွေ့ရပြီးတော့ ထပ်ဆင့်ကူးယူဖော်ပြသူတွေအများအပြား ရှိနေပါတယ်။ သတင်းထဲမှာဆိုရင် စစ်ခေါင်းဆောင်ကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒေါ်လာ ၅ သန်းနဲ့ ဖမ်းဝရမ်းထုတ်ထားကြောင်း ခေါင်းစီးတပ်ထားပြီး "အမေရိကန်နိုင်ငံအနေနဲ့ လူသားများအပေါ် စစ်ရာဇဝတ်မှုများကျုးလွန်ခြင်း၊ လူမျိုးတစ်မျိုးလုံးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း (သို့မဟုတ်) စစ်ရာဇဝတ်မှုကျုးလွန်တဲ့ တရားခံတွေကို ဖမ်းဆီးနိုင်ရန်ဖြစ်စေ၊ ဖမ်းဆီးပေးသူများကိုဖြစ်စေ (သို့မဟုတ်) စီရင်ချက် ချမှတ်နိုင်ရန်ဖြစ်စေ သတင်းအချက်အလက်ပေးပို့သူ၊ ဖမ်းဆီးပေးသူ မည်သည့်လူပုဂ္ဂိုလ်ကို မဆို ဆုတော်ငွေ အမြှင့်ဆုံး ၅သန်း(အမေရိကန်ဒေါ်လာဖြင့်) အထိချီးမြှင့်မှာဖြစ်ပြီး ၎င်းစစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး တိုင်ကြားခြင်းအတွက် ဆုတော်ငွေချီးမြှင့်တဲ့ အစီအစဉ်ကို (WCRP) မှကမ်းလှမ်းထားကြောင်း၊ စစ်ရာဇဝတ်မှုတွေ တိုင်ကြားဖို့အတွက် ဆုတော်ငွေချီးမြှင့်မယ့်အစီအစဉ် ပိုမိုသိလိုပါ၎င်းတို့ရဲ့ ဝက်ဆိုဒ်တွေ၊ အီမေးလ်လိပ်စာတွေနဲ့ Whatsapp နံပါတ် လျှို့ဝှက်စွာ ပေးပို့ဆက်သွယ်နိုင်ကြောင်း" ဆက်လက်ဖော်ပြထားပါတယ်။
ဒီဖြန့်ဝေချက်နဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ သတင်းမှာ အရေးပါတဲ့ စကားလုံးတွေကို အဓိကထား အသုံးပြုပြီး အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အမေရိကန်ပြည်ထောင်စုက ဖမ်းဝရမ်းထုတ်ပါတယ်ဆိုတဲ့ ဖော်ပြချက်ကို နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ ပြည်တွင်း သတင်းမီဒီယာတွေ ဘယ်နေရာမှာမှ ဖော်ပြထားတာကို မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် သတင်းဖြန့်ဝေချက်ထဲမှာ ပါတဲ့ လူသားများအပေါ် စစ်ရာဇဝတ်မှုများကျုးလွန်ခြင်း၊ လူမျိုးတစ်မျိုးလုံးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း (သို့မဟုတ်) စစ်ရာဇဝတ်မှုကျုးလွန်တဲ့ တရားခံတွေကို တိုင်ကြားလို့ ရတယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ယန္တရားနဲ့ ပတ်သက်တဲ့ ဝက်ဆိုဘ်လင့်ခ်တွေနဲ့ ဖုန်းနံပါတ်တွေကတော့ အမှန်ဖြစ်ပါတယ်။
ဒါအပြင် ဖြန့်ဝေချက်မှာ ပါဝင်တဲ့ ဓါတ်ပုံဟာလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ၊ ၈ ရက်က Burma Campaign UK ကနေ ဖြန့်ဝေထားတဲ့ ဓါတ်ပုံသာဖြစ်နေတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
Link - https://burmacampaign.org.uk/min-aung-hlaing-wanted-poster/
ဒီ ဖမ်းဝရမ်းနဲ့ ပတ်သက်တဲ့ ဖြန်ဝေချက်ဟာ ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ဆက်စပ်ပြီး မြန်မာစစ်ခေါင်းဆောင်အပါအဝင် ၂၅ ဦးကို အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်နေ့ကဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် မရှေးမနှောင်းမှာပဲ အခုလို သတင်းတုဟာ အချိန်ကိုက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် သတင်းတုတွေနဲ့ အခုလိုမျိုး အကြောင်းအရာမှန်နဲ့ လိုရာဆွဲရေးထားတဲ့ သတင်းခေါင်းစဉ်အမှားတွေဟာ မကြာခဏဆိုသလိုထွက်ပေါ်လေ့ရှိပါတယ်။ ဒီလိုသတင်းတွေနဲ့ ပတ်သက်လို့ လွယ်လင့်တကူ မယုံကြည်ကြပဲ သတင်းရဲ့ ရင်းမြစ်နဲ့ ဖြန့်ဝေသူကို စစ်ဆေးသင့်သလို လွတ်လပ်တဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်တွေကိုလည်း စောင့်ကြည့်ဖတ်ရှု့သင့်ပါတယ်။

Burma Campaign UK
Min Aung Hlaing 'Wanted' Poster
Download and print this 'Wanted' poster of Min Aung Hlaing.
Download a pdf of the poster here
Download a pdf of the poster here
👍1
လူသေဆုံးမှု ပိုမိုမြင့်မားပြီး ကူးစက်မှုနှုန်း ၅ ဆမြင့်တယ်ဆိုတဲ့ ကိုရိုနာဗိုင်းရပ်စ် အသစ်နဲ့ ပတ်သက်တဲ့ အချက်အလက်မှားတွေ ပြန့်နှံ့နေ
တွေးပြီးမှယုံ
ဆေးရုံ ကျန်းမာရေးဌာနက အသိမိတ်ဆွေကနေ စာပို့ပြီး အသိပေးလာတဲ့ ကိုရိုနာဗိုင်းရပ်စ် အသစ်အ ကြောင်း အရေးပေါ်သတိပေးချက်ဆိုတဲ့ ဖြန့်ဝေချက်တခုဟာ ဒီရက်ပိုင်းမှာ ပြန်နှံ့နေပါတယ်။
ဒီဖြန့်ဝေချက်ကို Naitaya Utayzaniya Utaza နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်တခုကနေ ပြန်နှံ့မှုအများဆုံးအနေနဲ့ ဖြန့်ဝေထားတာကို တွေ့ရပြီးတော့ စာထဲမှာဆိုရင် Covid - Omicron XBB နာမည်နဲ့ ဗိုင်းရပ်စ်အသစ်ဟာ ယခင် ပြန့်နှံ့ခဲ့တဲ့ ဗိုင်းရပ်စ်နဲ့ မတူပါ။ လူ့အသက်သေဆုံးမှု မြင့်မားတာကြောင့် လူတိုင်း mask တပ်ဖို့ လိုပါတယ်။ ဒါတွေအပြင် Covid - Omicron XBB ဗိုင်းရပ်စ်အသစ်ရဲ့ လက္ခဏာတွေပါဆိုတဲ့ အချက်တွေနဲ့အတူ သက်ရောက်မှုတွေ၊ ကူးစက်ပုံတွေကိုလည်း ဆက်လက်ဖော်ပြထားပါတယ်။ ဖြန့်ဝေချက်ဟာဆိုရင် လိုက်ခ် ၈၀၆ ဦးနဲ့ ပြန်လည်မျှဝေသူပေါင်း ၇၆၉၆ ဦးအထိရှိထားပြီးတော့ ထပ်ဆင့်ကူးယူဖော်ပြသူတွေလည်း အများအပြား ရှိနေပါတယ်။
ပြန့်နှံ့လာတဲ့ ဖြန့်ဝေချက်နဲ့ ပတ်သက်လို့ တွေးပြီးမှယုံအနေနဲ့ သတင်းမှာပါတဲ့ အဓိက ကျတဲ့ စကားလုံးတွေနဲ့ အချက်အလက်တွေကို အခြေခံပြီး အချက်အလက် စစ်ဆေးခဲ့တဲ့ အခါမှာတော့ သတင်းထဲမှာရေးထားသလို COVID - Omicron XBB ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ အခုမှ ထွက်ပေါ်လာခဲ့တာ မဟုတ်ပဲ ၂၀၂၃ ခုနှစ်ကတည်းက ထွက်ပေါ်ခဲ့တယ်ဆိုတာကို အမေရိကန်နိုင်ငံက အထင်ကရ တက္ကသိုလ်တခုဖြစ်တဲ့ John Hopkins တက္ကသိုလ်ကနေ ဖော်ပြထားတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
Link - https://publichealth.jhu.edu/2023/what-you-need-to-know-about-xbb15-the-latest-omicron-variant
ဒါ့အပြင် ဖြန့်ဝေချက်မှာ ပါဝင်တဲ့ XBB မျိုးကွဲတွေရဲ့လက္ခဏာတွေဆိုတဲ့ အချက်တွေဟာလည်း မှားယွင်းနေတာကို တွေ့ခဲ့ရပါတယ်။ တွေးပြီးမှယုံရဲ့ တွေ့ရှိချက်မှာဆိုရင် ရောဂါလက္ခဏာတွေဟာ တခြား ကိုဗစ်ဗိုင်းရပ်စ်တွေ နည်းတူ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စတဲ့အအေးမိသလို လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒါပေမယ့် တချို့တလေ လူနာတွေမှာ အဖျားမရှိတာ ဒါမှမဟုတ်ရင် ချောင်းမဆိုးတာတွေ ရှိတတ်ပြီးတော့ ဒါဟာ သီးသန့်ထူးခြားမှုအနေနဲ့ တဦးချင်းပေါ် မူတည်ပါတယ်။ "နမိုးနီးယား" (အဆုတ်ရောင်ခြင်း) က Omicron မျိုးကွဲတွေမှာ အဖြစ်နည်းပြီး များသောအားဖြင့် အသက်ကြီးသူ ဒါမှမဟုတ် ကိုယ်ခံအားနည်းသူတွေမှာသာ ပြင်းထန်မှု ဖြစ်ပေါ်တတ်တာဖြစ်ပါတယ်။
ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ အခြားသုတေသနတွေအရ XBB မျိုးကွဲတွေက အခြား Omicron မျိုးကွဲတွေထက် ပိုမိုကူးစက်တတ်တာ မှန်ပေမယ့် Delta ထက် ငါးဆ ပိုပြင်းထန်တာ ဒါမှမဟုတ် သေဆုံးနှုန်းပိုမြင့်တယ်လို့ သက်သေပြထားတဲ့အချက်အလက် မရှိပါ။ ဆန့်ကျင်ဘက်အနေနဲ့ Omicron မျိုးကွဲတွေက Delta ထက် ယေဘုယျအားဖြင့် ပိုမိုပျော့ပျောင်းပြီး ဆေးရုံတက်ရောက်မှု နှင့် သေဆုံးမှု နည်းပါးတယ်လို့လေ့လာတွေ့ရှိထားပါတယ်။
နှာခေါင်းပွတ်တံနဲ့ စစ်ဆေးတဲ့အခါ အနုတ်လက္ခဏာပြတယ်ဆိုတဲ့ ဖော်ပြချက်ကလည်း မမှန်ကြောင်းတွေ့ရှိရပါတယ်။ နှာခေါင်းပွတ်တံနဲ့ စစ်ဆေးတဲ့ အကြိမ်တိုင်းဟာ အဖြေမှန်ကို မပေးနိုင်ပဲ ရံဖန်ရံခါမှာလည်း မှားယွင်းပြီး အနုတ်လက္ခဏာ (false negatives) ပြတယ်ဆိုတာဟာ ကိုဗစ် - ၁၉ စစ်ဆေးမှုမှာ ချို့ယွင်းချက်အနေနဲ့ ဖြစ်နိုင်ပါတယ်။၊ ဒါကြောင့် XBB မျိုးကွဲသစ်မှာ နှာခေါင်းပွတ်တံနဲ့ စစ်ဆေးလို့ အနုတ်လက္ခဏာပြတယ်ဆိုတာဟာ အချက်အလက်မှားသာ ဖြစ်နေပါတယ်။။ နောက်ဆုံးအနေနဲ့ ပထမဆုံး COVID-19 ကပ်ရောဂါထက် ပိုသေစေတယ်" ဆိုတဲ့အချက်က အထောက်အထားမရှိဘဲ အလွန်အမင်း ချဲ့ကားရေးသားထားတာသာ ဖြစ်ကြောင်းတွေ့ရှိရပါတယ်။ ဒါ့ကြောင့် ပြန့်နှံ့လာတဲ့ သတင်းမှာ သတင်းမှားသာဖြစ်ပြီး အမှန်တဝက်အမှားတဝက်တွေနဲ့ ရောနောထားတာပဲဖြစ်ပါတယ်။ Covid နဲ့ပတ်သက်ပြီး နောက်ဆုံးထွက်ရှိထားတဲ့သတင်းတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာလည်း သွားရောက်ဖတ်ရှူ့နိုင်ပါတယ်။
https://www.who.int/
ဒါ့ကြောင့် အခုလိုမျိုး သတင်းတွေ ပြန့်နှံ့လာတိုင်း လွယ်လင့်တကူ မယုံကြည်ကြပဲ သတင်းမှာ အသုံးပြုထားတဲ့ သတင်းရင်းမြစ်တွေကို စိစစ်ကြဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေက ထုတ်ပြန်ချက်တွေသာမက လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေကိုလည်း တိုက်ဆိုင်ဖတ်ရှု့သင့်သလို အခက်အခဲ တစုံတရာရှိခဲ့ရင်လည်း တွေးပြီးမှယုံရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

Johns Hopkins Bloomberg School of Public Health
What You Need to Know About XBB.1.5, the Latest Omicron Variant | Johns Hopkins Bloomberg School of Public Health
XBB.1.5 is the most transmissible variant of COVID-19 yet. As 2023 begins, it’s causing the majority of cases in the U.S., but we aren’t seeing a surge like omicron caused last winter.
ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပြီး ဆံပင်လေမှုတ်စက်ကို အသုံးပြုမိတာကြောင့် ဦးနှောက်ရေငွေ့သီးပြီး လူသေတယ်ဆိုတဲ့ ဖြန့်ဝေချက်အမှား
တွေးပြီးမှယုံ
ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပြီးတော့ ဆံပင်လေမှုတ်အခြောက်ခံစက်(Hair Dryer) ကို သုံးမိတာကြောင့် အမျိုးသမီးနှစ်ဦး ဦးနှောက်အတွင်း ရေငွေ့သီးပြီး သေဆုံးခဲ့ရတယ်ဆိုတဲ့ ဖြန့်ဝေချက်တခု ပြန့်နှံ့နေပါတယ်။
ဒီဖြန့်ဝေချက်ကို Win နာမည်နဲ့ ဖေ့ဘွတ်ခ် အကောင့်တခုကနေ ဖြန့်ဝေထားတာကို တွေ့ရပြီးတော့ “ရန်ကုန်မြို့မှာ နေထိုင်တဲ့ အမျိုးသမီးနှစ်ဦးဟာ ရှန်ပူနဲ့ ခေါင်းလျှော်ပြီး ဟဲဟားဒိုင်နဲ့ အပူငွေ့မှုတ်ရာ၊ နောက်ပိုင်းတွင် ခေါင်း ခဏခဏ ကိုက်ပြီး အဆက်မပြတ်ကိုက်တာဖြစ်လာခဲ့တယ်။ သမားတော်ဆိုသူနဲ့ ပြရာ TV ဓါတ်မှန်ရိုက်ပြီး ခေါင်းထဲမှာ ရေငွေ့သီးနေကြောင်းနှင့် ပေးသည့် သောက်ဆေးများ သောက်သော်လည်း မသက်သာကြောင်း၊ ထို့ကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ဦးခေါင်းခွဲစိတ်ခဲ့ရာ အမျိုးသမီးနှစ်ဦးစလုံး သေဆုံးခဲ့သည်။ သေဆုံးရသည့် အကြောင်းအရင်းမှာ ရေချိုး ခေါင်းလျှော်ပြီး ကိုယ်တွင်းခေါင်းအတွင်း အပူငွေ့များထွက်နေစဉ် ပြင်ပ အပူငွေ့နဲ့ တန်ပြန်ဖိမှုတ်သောကြောင့် ခေါင်းထဲမှ အပူငွေ့ အပြင်ထွက်ခွင့်မရပဲ ထမင်းအိုးအဖုံးမှာ သီးနေသော ရေငွေ့တွေလို ရေငွေ့သီးပြီး သေဆုံးခဲ့ရပါတယ်” လို့ ဆိုထားပြီး ဒါအချက်တွေကို ဆရာဝန်က ပြောခြင်းမဟုတ်ပဲ ကာယကံရှင်ကိုယ်တိုင်က ပြောခဲ့တာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါတွေအပြင် “ဓါတုပစ္စည်းတွေပါဝင်တဲ့ ရှန်ပူသုံးပြီး ခေါင်းမလျှော်သင့်ပဲ ကာဘော်လစ်ဆပ်ပြာကိုသာ အသုံးပြုသင့်ကြောင်းနဲ့ အမျိုးသမီးတွေအနေနဲ့လည်း ဆံပင်တို ဂုတ်ဝဲနဲ့သာ နေသင့်တယ် စတဲ့ အကြံပြုချက်တွေ ပါဝင်တဲ့ ဖြန့်ဝေချက်ဟာ ပြန်လည်မျှဝေသူပေါင်း ၁၅၀၉၃ ဦးအထိ ရှိနေပါတယ်။
တွေးပြီးမှယုံ အနေနဲ့ ပြန့်နှံ့လာတဲ့ ဒီဖြန့်ဝေချက်ကို အချက်အလက်စစ်ဆေးဖို့ရာ ဆရာဝန်တဦးနဲ့ ဆက်သွယ် မေးမြန်းခဲ့ရာမှာတော့ ဖြန့်ဝေချက်ပါ အချက်အလက်တွေဟာ ဆေးပညာကို အခြေခံထားတဲ့ အချက်အလက်တွေမဟုတ်ပဲ လိုရာဆွဲပြီး စိတ်မှန်းနဲ့ ရေးထားချက်တွေသာ ဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။ ဆက်လက်ပြီး “ဦးနှောက်က အခုသူပြောထားသလိုမျိုး ရေသီးဖို့ နေရာအလွတ်ဆိုတာမျိုး မရှိဘူး။ အကြိတ်တည်ခြင်းသာ ဖြစ်နိုင်တယ်။ အကြိတ်တည်ခြင်းရဲ့ အခြေအနေကလည်း အမျိုးမျိုးရှိနိုင်ပြီးတော့ ဦးခေါင်းကို ခွဲစိတ်ဖို့ဆိုတာလည်း ခွဲလို့ရတဲ့ နေရာရှိတယ်၊ မရတဲ့ နေရာရှိတယ်။ ဦးနှောက်ထဲမှာ အကြိတ်တည်တာရဲ့ နောက်ဆက်တွဲ သက်ရောက်မှု တွေကလည်း အကြိတ်က ဦးနှောက်ရဲ့ ဘယ်အစိတ်အပိုင်းမှာ ရှိနေလဲဆိုတာပေါ်မူတည်ပြီးတော့ ဥပမာ အာရုံကြောတွေနဲ့ နီးကပ်တယ်ဆိုရင် အကြိတ်ကြီးလာတာနဲ့ အမျှ မျက်စိမမြင်တာ၊ နားမကြားတာကနေ ကိုမာဝင်ပြီးတော့ ရှင်လျက်နဲ့ မလှုပ်မရှားနိုင်ပဲ သေသလိုလည်း ဖြစ်သွားနိုင်တယ်။ ဆိုတော့ ဆရာဝန်တွေက ခွဲပေးလိုက်တယ်ဆိုတာလည်း ခွဲလို့ရတဲ့ နေရာဖြစ်တာကော လူနာရှင်ဖြစ်စေ၊ လူနာရှင်ရဲ့ ဆွေမျိုးသားချင်းက ဖြစ်စေ သဘောတူညီချက်ပုံစံ (cosent form) ကို ဖြည့်ရပြီးတော့ လက်ခံလို့သာ ခွဲပေးရတာပဲ။ ပြီးတော့ ခွဲစိတ်မှုမလုပ်ခင်မှာလည်း ဆရာဝန်တိုင်းက လူနာနဲ့ လူနာရှင်ကို ခွဲခြင်း၊ မခွဲခြင်းရဲ့ အကျိုးအပြစ်တွေနဲ့ အခြေအနေတွေကိုလည်း ကြိုပြီး ရှင်းပြကြပါတယ်။ ဒီတော့ ဦးနှောက်ထဲမှာ ရေသီးတယ်ဆိုတာကလည်း ဆေးပညာအရ ယုတ္တိမရှိသလို အပြင်ကနေ Hair Dryer မှုတ်တာကလည်း ဦးနှောက်ထဲနဲ့ ဘယ်လိုမှ အဆက်အစပ်မရှိဘူး” လို့ ပြောပါတယ်။
ဒါအပြင် Win နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်ပိုင်ရှင်ဟာ ဒီလိုအချက်အလက်မှားတွေ ပါဝင်နေတဲ့ ဖြန်ဝေချက်အပြင် COVID - Omicron XBB နဲ့ ပတ်သက်တဲ့ အချက်အလက်မှားတွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်။ ဒီအကြောင်းကို တွေးပြီးမှယုံကနေ ဖော်ပြထားတဲ့ အချက်အလက်စစ်စိချက်ကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ Link - https://shorturl.at/8cmlM
မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ဖြစ်ရင် တမာရွက်စားပေးရတယ်ဆိုတဲ့ အချက်ကစလို့ မြွေပွေးကိုက်ရင် မလွှပင်အခေါက် သွေးလိမ်းရတယ်ဆိုတဲ့ အထိ ဆေးပညာအရကော၊ သိပ္ပံနည်းအရကော အခြေခံမထားတဲ့ ကုသနည်း၊ ကာကွယ်နည်း အမှားတွေကြောင့် အသက်ဆုံးရှုံးရတဲ့ ဖြစ်စဉ်တွေ အများကြီးရှိနေပါတယ်။ ဒီလို ကုသနည်း၊ ကာကွယ်နည်း အမှားတွေ ပါဝင်တဲ့ ဖြန့်ဝေချက်ဝေချက်တွေဟာ အသက်အန္တရာယ်ကို ထိခိုက်တဲ့အထိ သက်ရောက်မှုရှိတာမလို့ လွယ်လင့်တကူ ယုံကြည်၊ စမ်းသပ်တာမျိုး မလုပ်ကြပဲ သက်ဆိုင်ရာ ဆေးဝါးကျွမ်းကျင်သူတွေနဲ့ ကုသကြဖို့ တိုက်တွန်းပါတယ်။
#factcheck
#thinkbeforeyoutrust
#misinformation

Facebook
တွေးပြီးမှယုံ-Think Before You Trust
လူသေဆုံးမှု ပိုမိုမြင့်မားပြီး ကူးစက်မှုနှုန်း ၅ ဆမြင့်တယ်ဆိုတဲ့ ကိုရိုနာဗိုင်းရပ်စ် အသစ်နဲ့ ပတ်သက်တဲ့ အချက်အလက်မှားတွေ ပြန့်နှံ့နေ
တွေးပြီးမှယုံ
ဆေးရုံ ကျန်းမာရေးဌာနက အသိမိတ်ဆွေကနေ စာပို့ပြီး...