Forwarded from အရုဏ် - Online Class (Saya R-yone)
Exam Guide
GRAMMAR မှတ်စု အနှစ်ချုပ်
Part 1
Video Lesson ကတော့ Exam Guide မှာ တင်ထားပါတယ်။ Member ဝင်လို့ရပါတယ်။

❤4❤🔥2
Forwarded from Thet Myo Htet - Econ Trekker
သူများတွေကို ဘာလုပ်နေလဲ
လိုက်ကြည့်မနေနဲ့ ၊ လိုက်မမေးနဲ့
အချိန်ကုန်တယ်
ကိုယ်လုပ်စရာရှိတာတွေကိုသာ
ဆက်တိုက်သာလုပ်
ကိုယ့်ကိုကိုယ်သာ များများဆုံးမ
#tmh_econtrekker
လိုက်ကြည့်မနေနဲ့ ၊ လိုက်မမေးနဲ့
အချိန်ကုန်တယ်
ကိုယ်လုပ်စရာရှိတာတွေကိုသာ
ဆက်တိုက်သာလုပ်
ကိုယ့်ကိုကိုယ်သာ များများဆုံးမ
#tmh_econtrekker
❤🔥17❤7😭6😢3⚡2
မမဒီနေ့မြို့ထဲသွားတော့
Sayar U Kyaw Myo Thuရဲ့ Dialogue and exchange စာအုပ်လေးတွေ့ခဲ့တယ်။
အဲ့စာအုပ်ကအတော်စုံတယ်နော်။
မမတော့ လေ့ကျင့်ဖို့ recommended ပေးပါတယ်။
သူ့ထဲမှာက ဖြေပုံဖြေနည်းတွေ့ရယ် tips လေးတွေရယ်ပါတာဖြစ်လို့ ခက်ခက်ခဲခဲ လာတာမျိုးဆိုရင်တောင် ခန့်မှန်းဖြေဆိုနိုင်အောင် ပြောပြထားတာမျိုးတွေ့ရတယ်။
ဈေးနှုန်းက ၉၅၀၀ပဲရှိတာရယ်။လေ့ကျင့်ချင်တဲ့ကလေးတွေက ဝယ်ပြီးလေ့ကျင့်ကြနော်။
Dialogue and exchange က အောင်မှတ်သမားတွေအတွက်လည်းအထောက်အကူဖြစ်သလို၊ဂုဏ်ထူးသမားတွေအတွက်လည်း အရမ်းအရေးပါတယ်။
#maple
#studywithk2

❤🔥18❤10🍓8
Forwarded from Thet Myo Htet - Econ Trekker
ကိုယ့်အရည်အချင်း
အစစ်အမှန်ကို သိရဖို့
စာမေးပွဲတွေကို အကောင်းဆုံးကြိုးစားပြီးဖြေကြည့်ပါ။
ဖိုင်နယ်ကြီးမှ မဟုတ်သေးတာပဲဆိုပြီး ပေါ့ပျက်ပျက်မလုပ်ပါနဲ့။
ခုလို Mini Test လေးတွေကိုတောင်
သေချာမဖြေနိုင်ရင်
Final Test ကို
စိတ်တောင် မကူးပါနဲ့။

🍓16❤11🤝2
Forwarded from Learning Focus Zone
၁၀ တန်း၊ ၁၁ တန်းလောက်ထဲက
စာများများကြည့်တဲ့
အလေ့အကျင့်လေးတွေကိုလုပ်လာမှ
၁၂ တန်းရဲ့ ဒဏ်ကိုခံနိုင်လိမ့်မယ်။
ရေတိုပလန်လေးတွေချပြီး
စာမေးပွဲနီးမှစာလုပ်တဲ့ပုံစံမျိုးတွေနဲ့
၁၂ တန်းဆိုတာကို အကဲမစမ်းသင့်ဘူး။
One Subject - One Night ဆိုတာ
၁၂ တန်းအတွက် မဟုတ်ဘူး။
#Tr.Chaw
#crd@educationLearningFocusPlus
စာများများကြည့်တဲ့
အလေ့အကျင့်လေးတွေကိုလုပ်လာမှ
၁၂ တန်းရဲ့ ဒဏ်ကိုခံနိုင်လိမ့်မယ်။
ရေတိုပလန်လေးတွေချပြီး
စာမေးပွဲနီးမှစာလုပ်တဲ့ပုံစံမျိုးတွေနဲ့
၁၂ တန်းဆိုတာကို အကဲမစမ်းသင့်ဘူး။
One Subject - One Night ဆိုတာ
၁၂ တန်းအတွက် မဟုတ်ဘူး။
#Tr.Chaw
#crd@educationLearningFocusPlus
😭11❤10❤🔥5
Forwarded from အရုဏ် - Online Class (Saya R-yone)
Special Grammar
"As a result" ကို ပုံစံ(၃)မျိုးသုံး ဖြေကြည့်မယ်။

❤17
Forwarded from 𝐆𝗋αᑯ𝖾𝟭𝟮𝐄𝖼ⱺ 𝐂ɦα𐓣𐓣𝖾ᥣ🖇️
Feeling tried while you studying ?
Feeling down?
Take a short break.
And read to this letter.⚠️
-All the effort you're putting in.
-Right now is laying the foundation for your future.⏳
-Today's hard work is
shaping tomorrow 's success.⏰
-Every single word you studying,Every question you solve.💡
-It's bringing you one step closer to your goals.
Don't Give Up!
You future needs you.
Keep going.☀️
Don't Give Up Now❕
❤🔥12❤3
Forwarded from 𝐆𝗋αᑯ𝖾𝟭𝟮𝐄𝖼ⱺ 𝐂ɦα𐓣𐓣𝖾ᥣ🖇️
စာကျက်နေရင်း ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရပါသလား?
စိတ်ဓာတ်တွေ ကျနေပြီလား?
ခေတ္တခဏလောက် အနားယူလိုက်ပါ။
ပြီးရင် ဒီစာလေးကို ဖတ်ကြည့်ပေးပါဦး။ ⚠️
အခု မင်းပေးဆပ်နေတဲ့ ကြိုးစားအားထုတ်မှုတိုင်းဟာ...
မင်းရဲ့ အနာဂတ်အတွက် အခြေခံအုတ်မြစ်တွေကို ချပေးနေတာပါ။ ⏳
ဒီနေ့ မင်းရဲ့ ပင်ပန်းဆင်းရဲမှုတွေက မနက်ဖြန်ရဲ့ အောင်မြင်မှုကို ပုံဖော်ပေးနေတာ ဖြစ်ပါတယ်။ ⏰
မင်းလေ့လာနေတဲ့ စာလုံးတိုင်း၊ မင်းဖြေရှင်းနေတဲ့ ပုစ္ဆာတိုင်းဟာ... 💡
မင်းရဲ့ ရည်မှန်းချက်ပန်းတိုင်တွေဆီကို တစ်လှမ်းချင်း ပိုပြီး နီးကပ်သွားစေပါတယ်။
အရှုံးမပေးပါနဲ့!
မင်းရဲ့ အနာဂတ်က မင်းကို လိုအပ်နေပါတယ်။
ဆက်ပြီး ကြိုးစားပါ။ ☀️
အခုအချိန်မှာ အရှုံးမပေးလိုက်ပါနဲ့ဦး။ ❕
ဘာသာပြန်✔️

❤🔥43❤23🍓6🏆1
Forwarded from Learning Focus Zone
"မနေ့ကမှ ကျက်ထားတဲ့စာတွေကို ဒီနေ့ပြန်နွှေးကြည့်တော့ မမှတ်မိတော့ဘူး"
ဒါက ကျောင်းသားတိုင်း ကြုံတွေ့နေကျ ပြဿနာတစ်ခုပါ။
စိတ်ဓာတ်ကျစရာ မလိုပါဘူး။
ဒါတွေဘာလို့ဖြစ်လဲ❓
1. အလွတ်ကျက်လို့
Surface learning or Shallow learning လို့လဲ ခေါ်ပါတယ်။
စာကို သေချာ နားမလည်ပဲ ၊ concept မမိပဲ နှုတ်တိုက်ကျက်နေရင် ပင်ပန်းတာပဲ အဖက်တင်ပါလိမ့်မယ်။
အဲ့လို ကျက်နေမဲ့အစား ဝတ္ထုဖတ်သလို နားလည်အောင်ဖတ်နေတာမှ ပိုအကျိုးရှိပါလိမ့်မယ်။
Deep learning လို့ခေါ်တဲ့ အတွင်းကျကျ နားလည်ပြီး ဖတ်မှတ်မှ ခေါင်းထဲစွဲမြဲနေပါလိမ့်မယ်။
2. Cramming
ကျောင်းသားအများစု ပြောလေ့ရှိတဲ့ " one subject - one night" လုပ်တယ်ဆိုတာ cramming လုပ်တာပါပဲ။
စာပမာဏအများကြီးကို တစ်ထိုင်ထဲမှာ၊အချိန်ပမာဏအနည်းငယ်အတွင်းမှာပဲ မှတ်မိအောင် ဦးနှောက်ကို အတင်းဖိအားပေး မှတ်ခိုင်းတဲ့ပုံစံပါပဲ။ဒါမျိုးရေရှည်လုပ်မယ်ဆိုရင် နောက်ပိုင်းမှာ Short-term memory ပိုင်းပဲအားသန်ပြီး ရေရှည်မှတ်မိနေဖို့ ခက်ခဲနေပါလိမ့်မယ်။
3. အချိန်မီ စာပြန်မနွှေးလို့
Psychologist တွေ ပြောဆိုချက်အရ ကျွန်တော်တို့ လေ့လာကျက်မှတ်ထားတာတွေရဲ့ 90% လောက်က တစ်ပတ်အတွင်းမှာပဲ လျင်လျင်မြန်မြန် မေ့ပျောက်သွားတတ်ပါတယ်။
ဒါ့ကြောင့် စာကျက်မှတ်ပြီး တစ်ပတ်အတွင်းမှာပဲ ပြန်နွှေးသင့်ပါတယ်။
4. အိပ်ရေးပျက်လို့
အိပ်ရေးပျက်တာများလာရင် စိတ်ဖိစီးမှုများလာပြီး အာရုံစူးစိုက်မှု ကျဆင်းသွားနိုင်ပါတယ်။ မှတ်ဉာဏ်ပိုင်းမှာလဲ ထိခိုက်မှုရှိတဲ့အတွက်ကြောင့် အိပ်ရေးမပျက်အောင် ဂရုစိုက်သင့်ပါတယ်။
ဒါတွေကတော့ မှတ်ဉာဏ်အားနည်းစေတဲ့ အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။
စာ ဘယ်လိုကျက်ကြမလဲ ❓
Use 4Rs : Review, Recall , Repeat , Relate
1. Review
ဥပမာ- အဂ်လိပ်စာမှာ အလွတ်ကျက်ရတဲ့ Answer the Question အပိုင်းကို ပြန်နွှေးမယ်ဆိုရင်
1day ➡️ 3days ➡️ 1week ➡️ 2 weeks
စကျက်တဲ့နေ့ကစပြီး တစ်ရက် သုံးရက်ကနေ တစ်ပတ် အတွင်း ပြန်နွှေးသင့်ပါတယ်။
2. Recall
စာနွှေးတယ်ဆိုတဲ့နေရာမှာ ထိုင်ပြီး စာအုပ်ကြည့်ဖတ်ခိုင်းတာမဟုတ်ပါဘူး။
Active recall လုပ်ရပါမယ်။
စာအုပ်ကိုပိတ်ထားပြီး ကိုမှတ်မိသမျှကို ပြန်စဉ်းစား ဒါမှမဟုတ် ချရေးပါ။ မေ့သွားတဲ့အပိုင်းတွေကို သေချာ ပြန်ဖတ်ပါ။ ဒီနည်းလမ်နဲ့ ထိထိရောက်ရောက် စာနွှေးနိုင်ပါတယ်။ တခြားနည်းလမ်းတွေကတော့ မေးခွန်းဟောင်းပြန်ဖြေကြည့်တာတွေ ၊ သူငယ်ချင်း အချင်းချင်း စာပြန်မေးတာတွေ လုပ်နိုင်ပါတယ်။
3. Repeat
Practice makes perfect ဆိုတဲ့ အတိုင်း ထပ်တလဲလဲ လေ့ကျင့်ထားရင် မမှတ်မိစရာ အကြောင်းမရှိပါဘူး။
တစ်ခေါက် နှစ်ခေါက် ဖတ်ထားတဲ့ စာနဲ့ ဆယ့်လေးငါး ခေါက်ဖတ်ထားတဲ့စာ မှတ်မိပုံချင်း ဘယ်လိုမှတူမှာ မဟုတ်တဲ့အတွက် အပျင်းမထူပဲ အားစိုက်ထုတ်ပါ။
4. Relate
Relate ဆိုတာကတော့ ကိုလေ့လာထားတဲ့စာတွေကို လက်တွေ့ဘဝနဲ့ ချိတ်ဆက်လေ့လာတာပါ။
ဥပမာ grammar pattern တစ်ခုလေ့လာရင် (not only...but also) ကိုယ်ပိုင် sentence တစ်ခု တည်ဆောက်ပြီး လေ့ကျင့်တာပါ။
I love to eat not only burger but also pizza .
ဘယ်သူမှတော့ စာတော်တဲ့သူ ၊ ဉာဏ်ကောင်းတဲ့သူ အနေနဲ့ မွေးဖွားလာတာ မဟုတ်ပါဘူး။
စာကို စနစ်တကျ လေ့လာကျက်မှတ်နိုင်ပြီး အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပါစေ✨
Follow and study with us
#Tr.Chaw 🍀

❤🔥40❤21
Forwarded from Learning Focus Zone
Timetable (1)
မနက်ပိုင်းကျောင်းတက်ပြီး ကျူရှင်မယူဘဲ online learning နဲ့ self study လုပ်နေသူတွေ တနေ့ကို တဘာသာကို ၁နာရီခွဲနှုန်းနဲ့ စာကို ထိထိရောက်ရောက်လုပ်နိုင်မယ့် Time table ✅💗
✨ ည ၁၂နာရီကနေ မနက် ၆နာရီလောက်ထိ အိပ်ရေးဝဝ အိပ်မယ် ✨
✨ ကျောင်းပြန်ရောက်ပြီး ၁၂နာရီကနေ ၂နာရီလောက်ထိ နားချိန်လဲထည့်ပေးထားတယ် ✨
🎀 စာလုပ်ချိန် တဘာသာကို ၁နာရီခွဲအတွင်းမှာ pomodoro technique အတိုင်း ၂၅ မိနစ်လုပ် ၅မိနစ်နား ပုံစံနဲ့ break time လေးတွေ ခွဲလုပ်နော် 🎀
📌 Studying time နဲ့ Learning time ခွဲပေးထားတယ် ဒီတော့ ပထမ ၃ချိန်မှာ စာကျက်/ဖတ်/တွက်/မှတ်/ချရေးရမယ့် စာလုပ်ချိန်ပေါ့ ဒုတိယ ၃ချိန်မှာတော့ ကိုယ်လေ့လာတဲ့ online learning (Waso Learn/ Telegram video class/ YouTube Channel) တခုခုကနေ လေ့လာရမယ့် စာသင်ယူချိန်ပေါ့ 📌
စာကြွင်း : Study ၃ဘာသာနဲ့ Learn ၃ဘာသာကို မတူအောင်လုပ်ပေးထားတာက ၆ဘာသာလုံး အကုန်ထိတွေ့ဖြစ်အောင်လို့ပါ

❤11
Forwarded from Learning Focus Zone
Timetable (2)
နေ့လည်ကျောင်းတက်ပြီး ကျူရှင်မယူဘဲ online learning နဲ့ self study လုပ်နေသူတွေ တနေ့ကို တဘာသာကို ၁နာရီခွဲနှုန်းနဲ့ စာကို ထိထိရောက်ရောက်လုပ်နိုင်မယ့် Time table ✅💗
✨ ည ၁၁နာရီကနေ မနက် ၅နာရီလောက်ထိ အိပ်ရေးဝဝ အိပ်မယ် ✨
✨ ကျောင်းပြန်ရောက်ချိန် ၅နာရီကနေ ၆နာရီခွဲလောက်ထိ နားချိန်လဲထည့်ပေးထားတယ် ✨

❤3