Study with K2
1.59K subscribers
1.09K photos
31 videos
193 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
စာမလုပ်ချင်တဲ့စိတ်ကို အနိုင်ယူပြီး

စာအုပ်ဖွင့်ပြီးစာလုပ်တဲ့အခါတိုင်းဟာ

အောင်မြင်မှုဆီကို လှမ်းနေတဲ့ခြေလှမ်း

တစ်လှမ်းဖြစ်တယ်။

#crd
#mgjet
#studywithK2
❤‍🔥49❤26🍓8🏆4
ကလေးတို့အားလုံးပဲမင်္ဂလာပါရှင့်။👋🏻
အစ်မတို့လည်း ကျောင်းအပ်‌ရတဲ့ကိစ္စတွေနဲ့ အလုပ်တွေရှုပ်နေတာနဲ့ ဒီဘက်ကိုမလှည့်မဖြစ်ဘူး။ ကလေးတို့သိလား တက္ကသိုလ်အပ်ရတာ လွယ်ကူရိုးရှင်းမနေပါဘူး။ Uab payဆိုတာကြီး ရှိမှကျောင်းအပ်လို့ရပါတယ်။ ကျောင်းမှာသွားပြီး online ကအပ်ရတယ်ဆို ယုံမလားဟင်။ ထားပါ အဲ့တာပြောဖို့ဆို နှစ်ညအိပ်ခရီးထွက်မှပဲ အဆင်ပြေလိမ့်မယ်။

အခုက အစ်မတို့ အက်မင်တွေ ဘယ်တက္ကသိုလ်တွေရကြပြီး အနာဂတ်မှာ ဘာတွေဖြစ်ကြမယ်ဆိုတာ ကလေးတို့လည်း motivation ဖြစ်အောင်ပြောပြပါမယ်။

ပထမဆုံး study with K2 channel ရဲ့ Founder Admin Maple က My dream university is TU(မအူပင်)ပေါ့ ဒါပေမဲ့ The university I got ကတော့စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)ပါရှင့်။ သင်္ချာကြိုက်တဲ့ Admin Mapleအတွက် စီးပွားရေးတက္ကသိုလ် တက်ခွင့်ရတာ တကယ့်ကို မဟာကံထူးတာပါပဲနော်။🍁

Admin Maple ရဲ့ ချစ်ကလေးလည်းဖြစ် Channel ရဲ့ co-founder လည်းဖြစ်တဲ့ Admin Kelly ကတော့ My dream university is YTU ဖြစ်ပြီး The university I chose ကတော့ ရန်ကုန်တက္ကသိုလ် lawမေဂျာပါရှင့်။ သူမကလည်း အေးအေးလေးထင်ရပေမယ့် ရစ်တဲ့နေရာမှာ ရှယ်ပလန်နဲ့ ကျွမ်းတာပါနော်။ 🍀

နောက် admin Hanna ကတော့ နည်းပညာတက္ကသိုလ်(မြိတ်)ဖြစ်ပါတယ်။ သူမလည်း သူမ ရချင်တဲ့ တက္ကသိုလ်ကို တက်ရောက်ခွင့်ရရှိတဲ့ lucky girl လေးပါပဲရှင့်။🍄

အားလုံးရဲ့ အချစ်တော် Admin jet ကတော့ UIT မှာလည်းဝင်ခွင့်ရခဲ့သလို ရေကြောင်းတက္ကသိုလ် (ရန်ကုန်) MMUမှာလည်း ဝင်ခွင့်ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိ မင်းတို့ရဲ့ Admin jet ရွေးချယ်လိုက်တဲ့ လမ်းကတော့ MMU မှာ MEမေဂျာပဲဖြစ်ပါတယ်။ သူလည်း သူလျှောက်ချင်တဲ့လမ်းကို တည့်တည့်မတ်မတ်လျှောက်လှမ်းတော့မယ်သူ ဖြစ်ပါတယ်။🍓

ကဲ ဒီလောက်ဆို Adminတို့ရဲ့ ဝင်ခွင့်ရတဲ့တက္ကသိုလ်တွေလည်း သိရပြီဆိုတော့ ငါ့အလှည့်ကျရင်ရော ဘယ်လိုကြိုးစားမယ် ဘယ်တက္ကသိုလ် ရအောင်တက်မယ်ဆိုတဲ့ စိတ်တွေ တဖွားဖွားပေါ်လာနေပြီထင်ပါတယ်။

Study with K2 channel ထဲက ‌လာမယ့် 2026မှာ ဖြေဆိုရမယ့် G12မောင်လေး၊ ညီမလေးတို့အားလုံး ကိုယ်မှန်းထားတဲ့အတိုင်းတွေရရှိကြပါစေ ရအောင်လည်းကြိုးစားနိုင်သော လူတော်လူကောင်းလေးတွေဖြစ်ကြပါစေလို့ Admin teamမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။

#AdminTeam
#studywithK2
❤22🍓13❤‍🔥1
❤‍🔥13❤5
၂၀၂၅ခုနှစ် ရန်ကုန်ပညာရေးတက္ကသိုလ်
ဝင်ခွင့်ရသူများ အနိမ့်ဆုံးအမှတ်စာရင်း။
သိပ္ပံတွဲ ကျား..360 မှတ် / မ ..392 မှတ်
ဝိဇ္ဇာတွဲ ကျား...340 မှတ် / မ ..370 မှတ်
ဝိပ္ပံတွဲ ကျား ...360 မှတ် / မ ...402 မှတ်

#crd
#Maple
#StudyWithK2
❤‍🔥15🍓7❤3👍1
‼ Reminder for Grade-12 students ‼

ဂျုနီယာလေးတို့

စာမေးပွဲဖြေရမဲ့ရက်လေးကို အစ်မတို့နဲ့အတူ countdown လုပ်ကြည့်ရအောင်။

December နဲ့ January ၂လပေါင်းဆို 62ရက်

February မှာက 28ရက်

စုစုပေါင်း ရက်90။

အခုနိုဝင်ဘာလမှာ 9ရက်ပဲကျန်ပါတော့တယ်။ အဲ့အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဖို့ ရက်ပေါင်း(၉၉)ရက်ပဲလိုပါတော့တယ်နော်။

#Maple
#StudyWithK2
❤53😭9❤‍🔥3
.
မြန်မာစာဖြေဖို့ ရက် ၁၀၀ အလို

ကဗျာ၊ စကားပြေ၊ ရေသည်ပြဇာတ်၊ စာစီစာကုံး၊ အဆိုဆွေးနွေး အပုဒ်ရှည်များထဲက_

တစ်နေ့ တစ်ပုဒ် ရေးပါ။
တစ်နေ့ နှစ်ပုဒ် ဖတ်ပါ။


ဦးသန်းလှိုင်မြန်မာစာ

#Maple
#StudyWithK2
❤77🍓7
English initial အတွက် vocabulary လေးတွေ alphabet အလိုက် အခန်းအကုန်ပါနော်။

#Kelly
#studywithK2
❤57❤‍🔥6🍓6🐳3☃1
"You are stronger than you think. Keep going _ your future is waiting for you."

💬စာလုပ်နေရင်း ကိုယ့်ကိုကိုယ် လုပ်နိုင်ပါ့မလား ဒီတောင်ကို ကျော်နိုင်ပါ့မလား တွေးမိတဲ့ အချိန်တွေ လူတိုင်းမှာ ရှိကြလိမ့်မယ် ထင်ပါတယ်။

လုပ်နိုင်တာထပ်ပိုပါတယ် ကလေးတို့ရေ။ မင်းတို့နွေရာသီ ၃လပိုင်းထဲက ‌ကြိုးစားလာခဲ့တာ အခုဒီအချိန်ထိပဲ အခုမှ အတွေးမှားတွေ စိုးရိမ်တာတွေမဖြစ်ကြနဲ့နော်။

မင်းတို့က မင်းတို့ထင်ထားတာထက် အများကြီးလုပ်နိုင်ပါတယ်။ ဒါကြောင့် ရှေ့ဆက်ကြိုးစားပါ။ မင်းရဲ့လှပတဲ့ အနာဂတ်လေးက မင်းကိုစောင့်မျှော် နေပါတယ်။💪

Fighting my lovely juniors💞

#Kelly
#studywithK2
❤52🍓28❤‍🔥7
New project from our channel

Coming soon on…

#StudyWithK2
🍓24❤3
စာလုပ်ပျင်းနေသေးတဲ့ ကျောင်းသားတွေအတွက် remind လုပ်ပါရစေ။

တစ်ဘာသာလျှင် စာကြည့်ချိန် ၁၈ ရက်သာ ကျန်ပါတယ်။

မြန်မာစာမှာ အပြော အဖတ်အရွတ် အရေး
သုံးပိုင်း ရှိပါတယ်။
အမှတ် ၈၀ ဖိုး ပါပါမယ်။
အမှတ် ၂၀ အတွက်
စာစီစာကုံးနဲ့ အဆိုဆွေးနွေးကိုလည်း
လေ့ကျင့်ရဦးမယ်။
အပြော အရေး ၂ ရက်
စကားပြေ ၅ ရက်
ကဗျာ ၅ ရက်
ပြဇာတ် ၂ ရက်
စာစီစာကုံး ၂ ရက်
အဆိုဆွေးနွေး ၂ ရက်
လေ့ကျင့်ချိန် ဒီလောက်ပဲ ရပါမယ်။

အင်္ဂလိပ်က Unit ၁၂ ခု ရှိပါတယ်။
Essay ၁၅ မှတ်နဲ့
Letter ၁၀ မှတ်
ပေါင်း ၂၅ မှတ်အတွက် လေ့ကျင့်ရပါဦးမယ်။
Grammar အတွက် Grade 10 နဲ့ Grade 11 က
Lecture တွေလည်း ပြန်လိုက်ရဦးမယ်။
Textbook ၁၂ ရက်
Grammar ၃ ရက်
Writing ၃ ရက်
လေ့ကျင့်ချိန် ဒီလောက်ပဲ ရပါမယ်။

သင်္ချာမှာ Chapter ၁၁ ခု ရှိပါတယ်။
တချို့တွေလည်း သင်ရိုး ပြီးနေကြပြီ။
မပြီးသေးတဲ့သူတွေလည်း သင်နေကြတုန်း။
ကိုယ်တိုင်ကလည်း အတွက်အချက် ပိုင်မပိုင်
သိနေလောက်ပြီ။
Trigo တွေ မှတ်နိုင်လား၊ စဥ်းစားတတ်လား၊
ကိုယ့်ဘာသာ ဖြည့်တွက်တတ်လား
ချင့်ချိန်နိုင်လောက်ပြီ။
Conic section ထိပဲ ရသလား။
၆ ခန်းလောက်ပဲ ပိုင်နိုင်ကြေညက်အောင် လေ့ကျင့်ရမလား။
Graph တွေ ဆွဲကျင့်ဦးမလား။
Log တွေ Exponent တွေ Differentiate တွေ
Integrate တွေ ဆက်ကြည့်သင့်လား။
ကိုယ့်ဘာသာ စိတ်ပိုင်းဖြတ်သင့်ပါပြီ။
အတွက်အချက် မပိုင်ရင်
ကိုယ်ပိုင်နိုင်သလောက် အခန်းတွေကို
နိုင်နိုင်နင်းနင်း ဖြေနိုင်အောင် ဖိလုပ်သင့်နေပြီ။
၁၁ ခန်းစလုံး လုပ်မယ့်သူတွေအတွက်
၁ ခန်းကို တစ်ရက်ကျော်ကျော်လောက်ပဲ
ကြည့်ချိန် ရပါတော့မယ်။
သင်ရိုးကို ပိုင်နိုင်သွားပြီဆိုရင်
မေးခွန်းဟောင်းတွေ လေ့ကျင်စရာမေးခွန်းလေးတွေ
ရှာတွက်ကြည့်သင့်နေပြီ။

ဓာတုက ၈ ခန်း ရှိတယ်။
အခုထိ ၄ ခန်းနဲ့တင် ယောင်လည်လည်
လုပ်နေတဲ့ ကျောင်းသားတွေလည်း အများသား။
အမှတ် ၂၀ ကျော်ထိ ပါတဲ့ Organic Chemistry လေးတော့ ကြည့်စေချင်တယ်။
တစ်ခန်းကို စာကြည့်ချိန် ၂ ရက်ကျော်ကျော်ပဲ
ကျန်တော့မယ်။

ရူပက ၁၃ ခန်း ရှိတယ်။
အခုထိ သင်ရိုးတွေ ပယ်လား မပယ်လား ငြင်းနေကြတုန်း။
ဘယ်ဌာနကမှ ဘာစာမှ တရားဝင် မထုတ်ပြန်ထားဘူး။
တရားဝင်ထုတ်ပြန်တော့မှ စိတ်ချရမယ်။
ကိုယ်ကြည့်စရာရှိတာ ပိုင်နိုင်အောင် ကြည့်ထား။
Reviewed Exercise, Exercise, Unseen Past Question တွေထဲက conceptual questions လေးတွေ ရသင့်နေပြီ။
Chapter စုံ formula တွေ စုမှတ်သင့်နေပြီ။
မေးလေ့မေးထရှိတဲ့ Diagram လေးတွေ လက်တန်း ဆွဲတတ်သင့်နေပြီ။
တစ်မှတ်တန် အမှတ် ၄၀ ဖိုးအတွက် Textbook ကို အပြန်ပြန်အလှန်လှန် ဖတ်မှတ်ပြီး ဖြစ်သင့်နေပြီ။
Textbook ထဲက problem လေးတွေ အကုန်နီးပါး တွက်တတ်သင့်နေပြီ။
Mechanics ၃ ခန်းအတွက် ၃ ရက်
Energy ၅ ခန်းအတွက် ၅ ရက်
Electricity&Magnetism ၃ ခန်းအတွက် ၆ ရက်
Modern ၂ ခန်းအတွက် ၄ ရက်
လေ့ကျင့်ချိန် ဒီလောက်ပဲ ကျန်ပါတော့မယ်။

ဇီဝမှာ ၆ ခန်း ရှိပါတယ်။
Choice ရှိလို့ ၅ ခန်း ကြေညက်ရင် ဂုဏ်ထူး ထွက်ပါတယ်။
အမှတ်ပြည့် လိုချင်ရင်တော့ ၆ ခန်းလုံး ကြည့်ရပါမယ်။
၆ ခန်းအတွက် တစ်ခန်း ၃ ရက်ပဲ စာကြည့်ချိန် ကျန်ပါမယ်။
ဇီဝမှာ တွက်စာ တစ်ပုဒ်မှ မပါပါဘူး။
ပုံဆွဲရတာ ပါတာလောက်ကလွဲရင်
ကျက်စာသီးသန့် ဖြစ်ပါတယ်။
ကျက်စာဆိုတာ မကျက်တာကြာရင် မေ့ပါတယ်။
စာရပြီးလို့
တော်တော်လေး ကြာတော့မှ ပြန်ကျက်ရင်
စာအသစ် ပြန်ဖြစ်သွားတတ်ပါတယ်။
ဒါကြောင့် စာတွေ စိမ်းမနေအောင်
ကျက်ပြီးသားတွေကိုလည်း
အချိန်တစ်ခုပေးပြီး ပြန်ပြန်နွှေးရပါမယ်။
တစ်ခန်း ၃ ရက်
ခြောက်ခန်း ၁၈ ရက် ကျက်ချိန် ရပါမယ်။
ဒီစာကျက်ချိန်မှာ ပုံတွေလည်း
ဆွဲကျင့်ပြီးသား ဖြစ်ရပါမယ်။

တစ်ဘာသာ ၁၈ ရက်
ခြောက်ဘာသာ ၁၀၈ ရက်။
ရုံးပိတ်ရက် ကျောင်းပိတ်ရက်
ဘာပွဲ ညာပွဲ အခါကြီးရက်ကြီးတွေ
ထည့်မတွက်ထားပါ။
ကျောင်းသားက ဒီအချိန်ရောက်ပြီဆိုရင်
စာမှစာ ပိုလုပ်သင့်နေပါပြီ။
အခုကနေ ရက် ၁၀၈ ရက်ဝန်းကျင်လောက်ကြာရင်
တက္ကသိုလ်ဝင်တန်း မြန်မာစာ စာမေးပွဲကြီး
စဖြေရပါပြီ။
အချိန်အများကြီး လိုပါသေးတယ်ဆိုပြီး
ပေါ့ဆမနေသင့်တော့ပါဘူး။
ကျန်ရှိနေသေးတဲ့ ကြိုတင်ပြင်ဆင်ချိန်တွေကို
အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ။

MyanmarExam
#crd
#StudyWithK2
❤46🍓2❤‍🔥1
Hey 👋🏻

Study with K2 channel ထဲက ကလေးတွေ စာမေးပွဲကြီးဖြေဖို့ နီးသထပ်နီးလာပြီနော်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကလေးတွေလည်း ရင်ခုန်ရသလို

၂၀၂၆-၂၀၂၇ပညာသင်နှစ်မှာ ဒွါဒဿမတန်းတက်မဲ့ကလေးတွေလည်း စိတ်လှုပ်ရှားနေရောပေါ့။

အခု Grade -11တက်မဲ့ကလေးတွေက G-12စာလည်းကြိုသင်ချင်တယ်။ပေါ့ပေါ့ပါးပါးလည်းဖြစ်ချင်တယ်ဆိုရင်တော့

Study with K2 channel ထဲက Admin တွေကိုသာသတိရလိုက်ပါတော့နော်။

စာကိုလည်းကြိုပြီးလေ့လာချင်တယ်။ ဈေးနှုန်းလည်းအများကြီးမပေးချင်ဘူး။အခန်းအလိုက်ပဲ လေ့လာချင်တယ်ဆိုတဲ့ကလေးတွေအတွက် admin teamက သတင်းကောင်းလေးယူဆောင်လာပါတယ်။

အဲ့ဒါလေးက Study with K2 channel ရဲ့ online guide class လေးပါ။

ဘာသာရပ်အလိုက်ကိုမှာ သူ့ဈေးနဲ့သူဆိုတော့ ကိုယ်လေ့လာချင်တဲ့အခန်းကိုပဲရွေးပြီးလေ့လာလို့ရတာမို့လို့ အတော့်ကိုအဆင်ပြေစေပါတယ်။

အခုလက်ရှိမှာ Grade -12တက်နေတဲ့ကလေးတွေအနေနဲ့လည်း ထပ်ပြီး Revision ပြန်ချင်ရင်လည်း အဆင်ပြေတော့ အခုပဲ Admin teamဆီဆက်သွယ်လိုက်တော့နော်။

‼မှတ်ချက်- အမှန်တကယ်သင်ကြားမည့်သူများသာ။

Contact us-
https://t.me/+4wEzeiTaUB9jODM1

For 2026-2027 academic
https://t.me/guidebyswk2/6/192


#AdminTeam
#StudyWithK2
❤20
Study with K2 pinned «Hey 👋🏻 Study with K2 channel ထဲက ကလေးတွေ စာမေးပွဲကြီးဖြေဖို့ နီးသထပ်နီးလာပြီနော်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကလေးတွေလည်း ရင်ခုန်ရသလို ၂၀၂၆-၂၀၂၇ပညာသင်နှစ်မှာ ဒွါဒဿမတန်းတက်မဲ့ကလေးတွေလည်း စိတ်လှုပ်ရှားနေရောပေါ့။ အခု Grade -11တက်မဲ့ကလေးတွေက G-12စာလည်းကြိုသင်ချင…»
Happy sweet December ❄☃🎄

#Maple
#StudyWithK2
☃20❤‍🔥4❤3