Study with K2
1.59K subscribers
1.09K photos
31 videos
193 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
ယခုစာသင်နှစ်သို့မဟုတ်နောက်လာမည့်စာသင်နှစ်မှစ ၍..........G5....G9....G11များ နောက်ဆုံးစာမေးပွဲအတွက် အကျစနစ်ရှိသွားပါပြီခင်ဗျာ
#crd
#Maple
#StudywithK2
👏8😢4🍓2🤝2
Forwarded from G-12 Education
📅Grade 12 တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ကျန်ရှိသည့်ရက်များအတွက် အချိန် စီမံခန့်ခွဲနည်း✨

စာသင်သားများအတွက် အောက်တိုဘာလ ၂၀၂၅ မှ ဖေဖော်ဝါရီလ ၂၀၂၆ အထိ စာမေးပွဲ ဖြေဆိုရန် ရက်ပေါင်း ၁၅၀ခန့်သာ ကျန်ရှိပါသည်။

မတ်လ ပထမ/ဒုတိယ အပတ်တွင် စာမေးပွဲ ဖြေဆိုရမည်ဖြစ်သည့်အတွက် အချိန်ကို အကျိုးရှိရှိ စီမံခန့်ခွဲရန် အရေးကြီးပါသည်။

တစ်ဘာသာလျှင် ပျမ်းမျှ ၂၄ ရက်သာ ရရှိနိုင်မည်ဖြစ်ရာ (၆ ဘာသာ × ၂၄ ရက် = ၁၄၄ ရက်၊ ကျန် ၆ ရက်ကို ပြန်လည်သုံးသပ်ရန် ထားရှိ)
တန်ဖိုးရှိသော အချိန်များ ဖြုန်းတီးမှုမရှိအောင် အချိန်စီမံခန့်ခွဲ (time management) လုပ်ရပါမည်။

စာသင်သားတစ်ဦးချင်းစီ၏ ဥာဏ်ရည်၊ ကြိုးစားအားထုတ်မှု၊ မှတ်ဉာဏ်ထိန်းထားနိုင်မှု၊ သင်ခန်းစာအပေါ် စိတ်ဝင်စားမှု၊ စာလိုက်နိုင်အား၊ နားလည်တတ်ကျွမ်းမှု၊ ရေးကျက်လေ့ကျင့်မှု၊ အချိန်ကိုက် ဖြေဆိုလေ့ကျင့်မှု၊ မေးခွန်းသဘောတရားနှင့် လှည့်ကွက်နားလည်မှု၊ သင်ခန်းစာများ ပြီးစီးမှုနှင့် အဆုံးသတ်သေချာမှု စသည့်အချက်များအပေါ် မူတည်ပြီး အချိန်စီမံခန့်ခွဲမှု တစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပါသည်။

ကျန်ရှိသည့် အချိန်ကို မိမိနှင့် ကိုက်ညီစေမည့် အလေအလွင့် အနည်းဆုံးဖြစ်၍ အောင်မြင်အပေါ် စိတ်အားထက်သန်ပြီး မှန်ကန်သော စာသင်/စာကျက်/ရေးကျက်/မေးခွန်းလေ့ကျင့်/၃နာရီမေးခွန်းဖြေဆို/သုံးသပ်ဆင်ခြင်မှုများပါဝင်တဲ့ အချိန်ဇယား Schedule ကို ရေးဆွဲရန်လိုအပ်ပါသည်။

ထို Schedule အတိုင်း ဇွဲ လုံ့လ ဝီရိယရှိရှိ အပင်ပန်းခံ လုပ်ဆောင်နိုင်မှသာ အောင်မြင်မှုပန်းတိုင်ရောက်ရှိနိုင်မည်ဖြစ်သည်။ 💪📘

🎯 ရည်မှန်းချက်မြင့်မားသူများအတွက်

🏆ရည်မှန်းချက်မြင့်မားသူများအနေဖြင့် ဘာသာရပ်အလိုက် ပြီးစီးသွားသော သင်ခန်းစာများကို အသေးစိတ်ကအစ ကျေညက်ပြီး သင်ရိုးပါ ပြဌာန်းချက်များအတိုင်း အမှတ်ပြည့်ရရှိမည့် ရေးသားချက်များကို တိကျ၊ သေချာ၊ ပြည့်စုံအောင် လေ့ကျင့်ထားရပါမည်။

မေးခွန်းမှ မေးထားသည့် အချက်အလက်များကို မှန်ကန်၊ တိကျစွာ ဖြေဆိုတတ်ရန် အလွန်အရေးကြီးပါသည်။

မေးခွန်းလှည့်ကွက်များကို ပြဌာန်းစာအုပ်ပါ အချက်များဖြင့် တိကျမှန်ကန်သော အမှတ်ပေးစနစ်အတိုင်း ရေးသားဖြေဆိုနိုင်မှသာ အမှတ်ပေးစည်းမျဥ်းအရ အမှတ်ပြည့်ရရှိနိုင်မည်ဖြစ်သည်။

သင်ခန်းစာများကို အလွတ်ရ၊ အဖြေမှန်ဖြေဆိုနိုင်ရုံဖြင့် မလုံလောက်ပါ။ ကြိမ်ဖန်များစွာ လေ့ကျင့်မှုနှင့် သုံးသပ်ဆင်ခြင်မှုများပါ လိုအပ်ပါသည်။ 🔍

🏅 အောင်ရင်တော်ပြီဆိုသူများအတွက်

အောင်မှတ်ရရင်တော်ပြီ ရည်ရွယ်ထားသူများအနေဖြင့် ဘာသာရပ်အလိုက် အမှတ်များများရရှိနိုင်မည့်မေးသောအခန်းများ၏ မေးခွန်းများကို သိရှိနားလည်ထားရပါမည်။

ဘာသာရပ်တိုင်းတွင် တစ်မှတ်တန်မေးခွန်းများကို အမှတ်ပြည့်ရရှိရန် ဖြေဆိုတတ်ဖို့ လိုအပ်ပါသည်။

ထိုသို့ဖြေဆိုနိုင်ရန် ပြဌာန်းချက်ပါ Summary Note များကို ကောင်းစွာသိရှိနားလည်ပြီး၊ Pass Questions နှင့် Unseen Questions များကို ကြိမ်ဖန်များစွာ ကြိုတင်လေ့ကျင့် ဖြေဆိုထားရပါမည်။

ဘာသာရပ်အလိုက် အဓိက အကြံပြုချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

မြန်မာစာ 📖: တစ်မှတ်တန်မေးခွန်းများအတွက် ကဗျာ၊ စကားပြေ၊ ရေသည်၊ အပြောသင်ခန်းစာ၊ အရေးသင်ခန်းစာများပါ အကြောင်းအရာများကို ကျေညက်အောင် ဖတ်မှတ်ထားပြီး၊ အဆိုနှင့် စာစီစာကုံးကို အချိန်ကိုက် ရေးဖြေ ကြိုတင်လေ့ကျင့်ထားပါ။

English 🇬🇧: Unit ပါ Meaning နှင့် Word Form / Verb Form / Grammar / Poem / Dialogue များကို ကျေညက်ထားရန် လိုအပ်ပါသည်။ စာပိုဒ်များကို နားလည်ပြီး လေ့ကျင့်မှုများဖြင့် ပြည့်စုံအောင် ပြင်ဆင်ပါ။

Mathematics ➗: Chapter အလိုက် သင်ရိုး၊ Pass Questions၊ Unseen Questions များကို ပြဌာန်းစာအုပ်ပါ ရေးသားချက်နှင့် တွက်ချက်နည်းများအတိုင်း ကြိမ်ဖန်များစွာ လေ့ကျင့်ထားပါ။ တိကျမှုကို ဦးစားပေး၍ လုပ်ဆောင်ပါ။

Chemistry 🧪: ၅ မှတ်တန်မေးခွန်းများအတွက် Chapter (1, 2, 3, 5, 6 & 8) သင်ခန်းစာများကို ကျေညက်ထားရန် လိုအပ်ပါသည်။ ဓာတုဗေဒ နိယာမများကို နားလည်ပြီး လက်တွေ့ လေ့ကျင့်ပါ။

Physics ⚛️: ၇/၈ မှတ်တန်မေးခွန်းများအတွက် Chapter (9, 10, 11, 12 & 13) သင်ခန်းစာများကို ကျေညက်ထားရန် လိုအပ်ပါသည်။ ရူပဗေဒ တွက်ချက်မှုများကို ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။

Biology 🌿: Chapter အလိုက် မမေ့မလျော့အောင် ကြိမ်ဖန်များစွာ ရေးကျက်လေ့ကျင့်ပြီး၊ Pass Questions နှင့် Unseen Questions များကို အချိန်ကိုက် ဖြေဆိုတတ်စေရန် ကြိုတင်လေ့ကျင့်ထားပါ။ ဇီဝဗေဒ အချက်များကို ပြည့်စုံအောင် မှတ်သားပါ။

ဘောဂဗေဒ 💰: အခန်းလိုက် Definition၊ တွက်စာ၊ ကျက်စာ နားလည်သဘောပေါက်အောင် အသေးစိတ်ကျက်မှတ်၍ ရေးကျက်လေ့ကျင့်ထားပြီး၊ အချိန်ကိုက် ဖြေဆိုတတ်စေရန် ကြိုတင်လေ့ကျင့်ထားပါ။ စီးပွားရေး သဘောတရားများကို ချိတ်ဆက် ကျက်မှတ်ပါ။

စာသင်သားများအနေဖြင့် ဤအချိန်ဇယားနှင့် အကြံဉာဏ်များကို အချိန်မဆိုင်းဘဲ အကောင်အထည်ဖော်ပါ။
ကြိုးစားမှု၏ အသီးအပွင့်များကို ခံစားရရှိစေရန် စာသင်သားတို့၏ ရည်မှန်းချက်များ ပြည့်ဝပြီး စာမေးပွဲတွင် ထူးချွန်အောင်မြင်မှုများ ရရှိကြပါစေလို့ ဆုမွန်ကောင်းတောင်း ပေးလိုက်ပါသည်။ 🌟

#crd
❤33🍓2❤‍🔥1
GRADE 12
CHAPTER 3
#ဂုဏ်ထူးမျှော်လင့်သူများအတွက်လေ့လာပါ။

မလိုအပ်ကမလေ့လာပါနှင့်။

ထောင့်စုံအောင်လေ့လာပါ။ 2025 မေးခွန်းတို့ကို
သုံးသပ်ပါ။လေ့လာပါ။မေးကွက်များ၏သဘော တရားကို သဘောပေါက်လာမည်။
1)What is the difference between a positive catalyst and a negative catalyst?
📝A positive catalyst speeds up a chemical reaction, while a negative catalyst slows it down.

(2)Name the catalyst used in the Haber process.

📝Iron is used as the catalyst in the Haber process for manufacturing ammonia.

Chapter 6 တွင်လည်း Transition Elements
တွင် Catalytic property ၌ ဤမေးကွက်ရှိသည်။

(3)What is the difference between homogeneous and heterogeneous catalysts?

📝Homogeneous catalysts are in the same phase as the reactants, while heterogeneous catalysts are in a different phase.
(2025 journal မေးခွန်းအား Examples တောင်းသည်ကို မထည့်ထားပါ။ )
(4) Give one example of a biocatalyst and its function.

📝The enzyme ptyalin in saliva acts as a biocatalyst that speeds up the breakdown of starch into simpler molecules.

#crd ညီညီနိုင်(Pioneer)ကျိုက်ထို။
❤27❤‍🔥1
G-12 စနစ်သစ်ရဲ့ မေးခွန်းပုံစံ

Mathematics

✨Section(A) (10-marks)

multiple choice လိုမျိုး A B C D ထဲက မှန်တဲ့ တစ်ခုကိုရွေးရမှာပါ, 1 ပုဒ် 1 မှတ်

1. chapter - 1
2. chapter -3 (or) 4
3. chapter -5
4. chapter -6
5. chapter -7 ( section 7.1 to 7.4 )
6. chapter -8 (section 8.1 )
7. chapter -8 (section 8.3 )
8. chapter -9 (or) chapter -7 (section 7.5) (or) chapter -8 (section 8.2,8.4)
9. chapter -10
10. chapter -11

✨Section(B) (20-marks)

အဖြေပဲရေးရုံဖြစ်ပြီး လုံးဝ တွက်ပြစရာမလိုပါ (အကြမ်းထဲမှာပါတွက်ရမှာပါ) ၁ ပုဒ် ၂ မှတ်

11. chapter - 1
12. chapter -3 (or) 4
13. chapter -5
14. chapter -6
15. chapter -7 ( section 7.1 to 7.4 )
16. chapter -8 (section 8.1 ,8.3)
17. chapter -9 (or) chapter -7 (section 7.5) (or) chapter -8 (section 8.2,8.4)
18. chapter -10
19. chapter -10
20. chapter -11

✨Section(C) (30-marks)

တစ်ပုဒ် ၃မှတ်တန် အတိုမေးခွန်းများဖြစ်ပါတယ်

21. chapter -1
22. chapter -2
23. chapter -3 or chapter -4
24. chapter -3 or chapter -4
25. chapter -5
26. chapter -6
27. chapter -8 (section8.1)
28. chapter -9 (or) chapter -7(section 7.5) or chapter -8(section 8.2,8.4)
29. chapter -10
30. chapter -11

✨Section(D) (40-marks)

၁ ပုဒ် ၅မှတ်တန် အရှည်မေးခွန်းများဖြစ်ပါတယ်

31. chapter -1
32. chapter -2
33. chapter -3 (or) chapter -4
34. chapter -5
35. chapter -6
36. chapter -7 (section 7.1 to 7.4)
37. chapter -9 (or) chapter -7(section 7.5) or chapter -8(section 8.2,8.4)
38. chapter -11


❗မှတ်ချက် ။ there is no choice in maths question !

#crd
#Maple
#StudywithK2
❤22🍓6😭2
တစ်နှစ်ထပ်တစ်နှစ်ပိုပိုမြင့်လာတဲ့ အမှတ်တွေကြောင့် ဂျုနီယာလေးတို့ပိုကြိုးစားကြပါ။

#crd
#Maple
#StudywithK2
❤26😭5❤‍🔥4
Hello Everyone 🤗

အစ်မတို့ ဟိုရက်က Google form မှာ အစ်မတို့ရဲ့ experience လေးပြောပြပေးပါလို့တောင်းဆိုထားတာလေးတွေ့လို့ အစ်မက အစ်မရဲ့ကိုယ်ပိုင်အတွေ့အကြုံလေးကို ဖော်ပြလိုက်ပါတယ်ရှင်။

အစ်မကအစိုးရကျောင်းတက်တာပါ။ ဒါပေမဲ့ အစ်မတို့ရဲ့ကျောင်းက လပတ်စာမေးပွဲအောင်နေရင် ကိုယ့်ဘာသာ self study လုပ်ခွင့်ရှိပါတယ်။

အဲ့လိုမှမဟုတ်ရင် ကျောင်းအမြဲတက်ရပါမယ်။အဲ့ဒါကလည်း အစ်မတို့ကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီးက နားလည်မှုနဲ့ခွင့်ပြုပေးထားတာပါ။

အစ်မတို့လို အမြဲစာမေးပွဲအောင်တဲ့သူတွေက ကျောင်းတက်လည်းရပါတယ်။မတက်လည်းရပါတယ်။အဲ့ဒါကတော့ As you like ပေါ့။အစ်မအနေနဲ့က မနက်အစောကြီး ကျောင်းကို YBSနဲ့ ၂ဆင့်စီးပြီးသွား၊ကျောင်းကနေ YBSနဲ့ပြန်စီးလာဆိုတော့ ကျန်းမာရေးသိပ်မကောင်းတဲ့အစ်မအတွက် ကျောင်းအမြဲတက်ဖို့အခက်အခဲလေးရှိခဲ့ပါတယ်။

အဲ့တော့ အစ်မက ကျောင်းအစား အပြင်ကျုရှင်ကို ပိုပြီးအားကိုးခဲ့ရပါတယ်။

အစ်မ G-10&G-11ကို အစ်မ အရမ်းကို အသင်အပြကောင်းတဲ့တီချယ်တွေဆီမှာ စာသင်ခဲ့ရပါတယ်။အဲ့နှစ်တွေတုန်းက အစ်မ ကျောင်းကိုလည်းအမြဲလိုလိုတက်နေတာဆိုတော့ အစ်မအတွက် စာလုပ်ရတာ အခက်အခဲမရှိခဲ့ပါဘူး။

ဒါပေမဲ့ အစ်မတို့ G-12နှစ်မှာ တီချယ်တွေက နေရာအခက်အခဲကြောင့် ရွေ့ပြောင်းသွားတဲ့အခါမှာ အစ်မအနေနဲ့ ကူရာမဲ့ခဲ့ပါတယ်။အဲ့တော့ နီးစပ်ရာမှာပဲ အစ်မ အဆင်ပြေသလိုတက်လိုက်ရပါတယ်။

အစ်မတက်လိုက်တဲ့ ကျုရှင်က သူ့ရပ်ကွက်ထဲမှာတော့အတော်ကိုနာမည်ကြီးတယ်ပြောပါတယ်။ဒါပေမဲ့ အစ်မနဲ့ကလုံးဝကိုအဆင်မပြေတာပါ။

ကျုရှင်ရဲ့Founderကအစ ပေါင်းသင်းရတဲ့ သူငယ်ချင်းတွေအဆုံးထိ ဘာတစ်ခုမှကို အဆင်မပြေတာပါ။

ကျုရှင်ရဲ့ Timetable ကလည်းလုံးဝကို ပြွတ်သိပ်နေအောင်ထားပေးထားတာပါ။ မနက်(၇)ကနေည(၇)နာရီအထိကို လုံးဝနားချိန်မပေးပဲ တောက်လျှောက်ကို အချိန်ပြည့်ဆွဲပေးထားတာပါ။ထမင်းတောင် ဖြစ်သလိုစားရတဲ့အခြေအနေပေါ့။

အစ်မက အိမ်ကိုပြန်ငဲ့လိုက်တာကြောင့် အဆင်မပြေလည်း ဘာမှမပြောပဲနေလိုက်တာ အောက်တိုဘာလလောက်လည်းကျရော ဘယ်လိုမှကို အစ်မဆက်ပြီးသည်းမခံနိုင်တော့လို့ အိမ်ကိုပြောပြလိုက်ပါတယ်။

ဒါပေမဲ့ အစ်မ အဲ့ကျုရှင်ကနေ ဒီဇင်ဘာကျော်တဲ့အထိ မပြောင်းလိုက်ရပါဘူး။အဲ့လိုပဲပေတေနေလိုက်ရပါတယ်။

အစ်မအိမ်ကဘယ်လိုမှအဆင်မပြေမှန်းသိတော့ ဒီဇင်ဘာလောက်မှာ အစ်မအရင်ကသင်ခဲ့တဲ့ တီချယ်တွေ စာပြန်သင်လိုက်ရပါတယ်။

အချိန်လွန်မှသိရတော့ အစ်မရဲ့ တီချယ်တွေဆို အစ်မကို အတော်လည်းနှမြောသွားကြပါတယ်။

ဒါပေမဲ့ အစ်မရဲ့ ကျန်းမာရေးနဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် အစ်မ အတော်ကို ရုန်းလိုက်ရပါတယ်။

ဖြေခါနီးအထိတောင် အဆင်အတော်မပြေသွားတာပါ။

အဲ့လိုနဲ့ပဲ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အစ်မ အကောင်းဆုံးဖြစ်အောင်ပဲကြိုးစားလိုက်ရပါတယ်။

ဒါလေးကတော့ အစ်မရဲ့ G-12တစ်နှစ်တာ ဖြတ်သန်းခဲ့ရတာလေးပါ။

အဲ့တော့အစ်မက နောင်နှစ်မှာG-12တက်မဲ့ကလေးတွေကိုပြောချင်တာက ကျုရှင်တွော၊ကျောင်းတွေက သူများနဲ့ကောင်းပေမဲ့ ကိုယ်နဲ့ကောင်းချင်မှကောင်းမှာပါ။

အကယ်၍တက်နေရင်းနဲ့မှ သိလိုက်ရရင်

အစ်မလိုသူများကောင်းတယ်ဆိုတိုင်း ကိုယ်နဲ့
အဆင်မပြေရင် အိမ်ကိုချက်ချင်းအသိပေးဖို့ရယ်၊
နောက်ပြီး ကိုယ်နဲ့ G-11&G-10မှာသင်ခဲ့တဲ့ဆရာ၊ဆရာမတွေနဲ့ပဲဆက်သင်ဖို့ရယ်ပါ။

ဘာလို့အောက်ဆုံးအချက်ကိုပြောရလဲဆို ကိုယ်နဲ့အဲ့ဆရာ၊ဆရာမတွေက ၂နှစ်ဆက်တိုက်သင်လာခဲ့တာပါ။သူတို့ရဲ့အခြေခံတွေ၊အာဘော်တွေက ကိုယ်နဲ့ကိုက်ညီမှုရှိဖို့ပိုများပါတယ်။

အကယ်၍ အဲ့၂နှစ်ကအဆင်မပြေလို့ G-12နှစ်မှာပြောင်းလိုက်တာက အဆင်ပြေရင် အကောင်းဆုံးပဲပေါ့နော်။

ဒီနှစ်ဖြေမဲ့ကလေးတွေလည်း အကောင်းဆုံးဖြေနိုင်ပါစေ၊၊
နောင်နှစ်ကလေးတွေလည်း အကောင်းဆုံးရွေးချယ်နိုင်ပါစေရှင်။

#Maple
#StudyWithK2
❤34❤‍🔥7💘1
စာမလုပ်ချင်တဲ့စိတ်ကို အနိုင်ယူပြီး

စာအုပ်ဖွင့်ပြီးစာလုပ်တဲ့အခါတိုင်းဟာ

အောင်မြင်မှုဆီကို လှမ်းနေတဲ့ခြေလှမ်း

တစ်လှမ်းဖြစ်တယ်။

#crd
#mgjet
#studywithK2
❤‍🔥49❤26🍓8🏆4
ကလေးတို့အားလုံးပဲမင်္ဂလာပါရှင့်။👋🏻
အစ်မတို့လည်း ကျောင်းအပ်‌ရတဲ့ကိစ္စတွေနဲ့ အလုပ်တွေရှုပ်နေတာနဲ့ ဒီဘက်ကိုမလှည့်မဖြစ်ဘူး။ ကလေးတို့သိလား တက္ကသိုလ်အပ်ရတာ လွယ်ကူရိုးရှင်းမနေပါဘူး။ Uab payဆိုတာကြီး ရှိမှကျောင်းအပ်လို့ရပါတယ်။ ကျောင်းမှာသွားပြီး online ကအပ်ရတယ်ဆို ယုံမလားဟင်။ ထားပါ အဲ့တာပြောဖို့ဆို နှစ်ညအိပ်ခရီးထွက်မှပဲ အဆင်ပြေလိမ့်မယ်။

အခုက အစ်မတို့ အက်မင်တွေ ဘယ်တက္ကသိုလ်တွေရကြပြီး အနာဂတ်မှာ ဘာတွေဖြစ်ကြမယ်ဆိုတာ ကလေးတို့လည်း motivation ဖြစ်အောင်ပြောပြပါမယ်။

ပထမဆုံး study with K2 channel ရဲ့ Founder Admin Maple က My dream university is TU(မအူပင်)ပေါ့ ဒါပေမဲ့ The university I got ကတော့စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)ပါရှင့်။ သင်္ချာကြိုက်တဲ့ Admin Mapleအတွက် စီးပွားရေးတက္ကသိုလ် တက်ခွင့်ရတာ တကယ့်ကို မဟာကံထူးတာပါပဲနော်။🍁

Admin Maple ရဲ့ ချစ်ကလေးလည်းဖြစ် Channel ရဲ့ co-founder လည်းဖြစ်တဲ့ Admin Kelly ကတော့ My dream university is YTU ဖြစ်ပြီး The university I chose ကတော့ ရန်ကုန်တက္ကသိုလ် lawမေဂျာပါရှင့်။ သူမကလည်း အေးအေးလေးထင်ရပေမယ့် ရစ်တဲ့နေရာမှာ ရှယ်ပလန်နဲ့ ကျွမ်းတာပါနော်။ 🍀

နောက် admin Hanna ကတော့ နည်းပညာတက္ကသိုလ်(မြိတ်)ဖြစ်ပါတယ်။ သူမလည်း သူမ ရချင်တဲ့ တက္ကသိုလ်ကို တက်ရောက်ခွင့်ရရှိတဲ့ lucky girl လေးပါပဲရှင့်။🍄

အားလုံးရဲ့ အချစ်တော် Admin jet ကတော့ UIT မှာလည်းဝင်ခွင့်ရခဲ့သလို ရေကြောင်းတက္ကသိုလ် (ရန်ကုန်) MMUမှာလည်း ဝင်ခွင့်ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိ မင်းတို့ရဲ့ Admin jet ရွေးချယ်လိုက်တဲ့ လမ်းကတော့ MMU မှာ MEမေဂျာပဲဖြစ်ပါတယ်။ သူလည်း သူလျှောက်ချင်တဲ့လမ်းကို တည့်တည့်မတ်မတ်လျှောက်လှမ်းတော့မယ်သူ ဖြစ်ပါတယ်။🍓

ကဲ ဒီလောက်ဆို Adminတို့ရဲ့ ဝင်ခွင့်ရတဲ့တက္ကသိုလ်တွေလည်း သိရပြီဆိုတော့ ငါ့အလှည့်ကျရင်ရော ဘယ်လိုကြိုးစားမယ် ဘယ်တက္ကသိုလ် ရအောင်တက်မယ်ဆိုတဲ့ စိတ်တွေ တဖွားဖွားပေါ်လာနေပြီထင်ပါတယ်။

Study with K2 channel ထဲက ‌လာမယ့် 2026မှာ ဖြေဆိုရမယ့် G12မောင်လေး၊ ညီမလေးတို့အားလုံး ကိုယ်မှန်းထားတဲ့အတိုင်းတွေရရှိကြပါစေ ရအောင်လည်းကြိုးစားနိုင်သော လူတော်လူကောင်းလေးတွေဖြစ်ကြပါစေလို့ Admin teamမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။

#AdminTeam
#studywithK2
❤22🍓13❤‍🔥1
❤‍🔥13❤5
၂၀၂၅ခုနှစ် ရန်ကုန်ပညာရေးတက္ကသိုလ်
ဝင်ခွင့်ရသူများ အနိမ့်ဆုံးအမှတ်စာရင်း။
သိပ္ပံတွဲ ကျား..360 မှတ် / မ ..392 မှတ်
ဝိဇ္ဇာတွဲ ကျား...340 မှတ် / မ ..370 မှတ်
ဝိပ္ပံတွဲ ကျား ...360 မှတ် / မ ...402 မှတ်

#crd
#Maple
#StudyWithK2
❤‍🔥15🍓7❤3👍1
‼ Reminder for Grade-12 students ‼

ဂျုနီယာလေးတို့

စာမေးပွဲဖြေရမဲ့ရက်လေးကို အစ်မတို့နဲ့အတူ countdown လုပ်ကြည့်ရအောင်။

December နဲ့ January ၂လပေါင်းဆို 62ရက်

February မှာက 28ရက်

စုစုပေါင်း ရက်90။

အခုနိုဝင်ဘာလမှာ 9ရက်ပဲကျန်ပါတော့တယ်။ အဲ့အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဖို့ ရက်ပေါင်း(၉၉)ရက်ပဲလိုပါတော့တယ်နော်။

#Maple
#StudyWithK2
❤53😭9❤‍🔥3
.
မြန်မာစာဖြေဖို့ ရက် ၁၀၀ အလို

ကဗျာ၊ စကားပြေ၊ ရေသည်ပြဇာတ်၊ စာစီစာကုံး၊ အဆိုဆွေးနွေး အပုဒ်ရှည်များထဲက_

တစ်နေ့ တစ်ပုဒ် ရေးပါ။
တစ်နေ့ နှစ်ပုဒ် ဖတ်ပါ။


ဦးသန်းလှိုင်မြန်မာစာ

#Maple
#StudyWithK2
❤77🍓7
English initial အတွက် vocabulary လေးတွေ alphabet အလိုက် အခန်းအကုန်ပါနော်။

#Kelly
#studywithK2
❤57❤‍🔥6🍓6🐳3☃1