Study with K2
1.58K subscribers
1.08K photos
31 videos
193 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
ဖတ်စာအုပ်ပြင်ဆင်ချက်လေးတွေပါ။


#crd to original post
#Maple
#studywithK2
🍓9❤4
This media is not supported in your browser
VIEW IN TELEGRAM
🍓12
ပညာတတ်ကြီးဖြစ်ကြပါစေ။
လူကောင်းလူမွန်လေးတွေဖြစ်ကြပါစေ။

မိဘအပေါ်၊ ဆရာ့အပေါ်မှာ သိတတ်ပြီး မိဘ၊ ဆရာ့ကို စိတ်မဆင်းရဲစေသော သား၊သမီး အလိမ္မာလေးတွေ ဖြစ်ကြပါစေရှင့်။

#studywithK2
#Kelly
❤59🍓11🙏4🕊2
အင်္ဂလိပ်စာမှာ
Learning by heartလုပ်ရမှာတွေ မှန်သမျှတော့ အပိုင်လုပ်ပါ။ poem, ans the que

Essay, letter ကတော့ အမှတ်ပြည့်ရဖို့က engစာ နဂိုရပြီးသား တော်ပြီးသားလူဆိုရင်တော့အဆင်ပြေနိုင်ပါလိမ့်မယ်။ ပုံမှန်သမားဆိုရင်တော့ အဲ့အပိုင်းကို ပုံမှန်လောက်လေ့ကျင့်ရင်ရပါတယိ။ သူကwritingဆိုတော့ အချိန်ခဏလေးတွင်း မတိုးတက်နိုင်ပါဘူး။

Grammar တော်တော့်ကိုအရေးကြီးပါတယ်။ grammar အမျိုးအစားတွေ စုံနေအောင် သင်ထားပါ။ မေးခွန်းဟောင်းတွေကြည့်ပြီးတော့ပဲဖြစ်ဖြစ် ဘာအမျိုးအစားတွေ မေးလေ့ရှိတတ်လဲ လေ့လာကြည့်ပြီး မသင်ရသေးရင် သင်ထားပါ။ သင်ပြီးရုံနဲ့မရပါဘူး လေ့ကျင့်ပါ။ တစ်ရက်မှာ မေးခွန်းတစ်စုံရဲ့ grammar section ပဲဖြစ်ဖြစ် လုပ်ဖြစ်အောင်လုပ်ပါ။ ဖြေကြည့်မှ ရမရသိမှာပါ။

Initial လည်း အရေးကြီးပါတယ်။ သူကတော့ passage များများဖတ်ပါ။ တစ်ရက် တစ်ခန်းဖတ်ပြီး အဲ့အခန်းရဲ့ vocb အပိုင်ကြည့်မလား ရပါတယ် အဲ့လိုလုပ်ပါ။ မသိတဲ့ vocb တွေရှိရင် ကိုယ်တိုင် dictionary မှာရှာမလား၊ Google လား ရှာပြီး မှတ်ပါ။ ကိုယ်မသိတဲ့ vocb အသစ်ကို မှတ်မိဖို့ဆို နေ့စဉ် အဲ့vocbကိုသုံးပေးပါ။ sentence စီကြည့်တာပဲဖြစ်ဖြစ်။

ဖုန်းထဲက dictionary ဆို Merriam Webster နဲ့ iAbidan ကောင်းပါတယ်။ သူက example လေးတွေလည်းပါတယ်၊ synonym တွေလည်းပါတော့ essay/letter တွက်ပါ အဆင်ပြေတယ်။

Read the passage တွေလည်း တစ်ရက်နှစ်ပုဒ်လောက်လေ့ကျင့်ပါ။ seenတစ်ပုဒ်၊ unseen တစ်ပုဒ်။

Dialogue လည်း လေ့ကျင့်ပါ။ တစ်ရက်နှစ်ပုဒ်လောက်။ အပြင် စာအုပ်တစ်အုပ်ဝယ်လိုက်ရင် သူကအစုံပါတယ်။

အစ်မတုန်းကတော့ Saya U Kyaw Htayသုံးပါတယ်။ exercise တွေအများကြီးပါတာနဲ့ မေးခွန်းပံုစံတိုင်း အစဉ်လိုက်ရေးထားတာကို သဘောကျတာပါ။

ဆရာ့ မေးခွန်းတွေက အမှန်တိုင်းပြောရရင် ခက်ပါတယ်။ ဒါမဲ့ တစ်ခါ၊ နှစ်ခါ၊ သုံးခါလောက်လုပ်ပြီးရင် ရသွားတတ်တယ်။

Read the passage seenဆို passage တစ်ပိုဒ်ချင်းစီတိုင်းကို မေးခွန်းလုပ်ပေးထားတာမို့ အနညိးဆုံး ၅ပုဒ်လောက်တော့ ပါတယ်။ unseen ကတော့ ပုံသေ၂ပုဒ်ပါတယ်။

အဓိကက practice ပါပဲ။ Practice makes perfect.

#kelly
#studywithK2
🍓13❤10❤‍🔥1
‼️Make & Do

Essay/letter ရေးရင် အမှားမပါဘဲ သတိထားလို့ရအောင်ပါ။

G11ထဲက သင်ပြီးသားဖြစ်ပေမဲ့ မမှတ်မိတော့ရင် ကြည့်လိုရအောင်ပါ။ g11ဖတ်စာအုပ်ကို ပြန်ကြည့်လည်းရပါတယ်။

Examples တွေအများကြီးရှိပါသေးတယ်။ အစ်မက အကြမ်းဖျင်းပဲ ရေးထားတယ်။

အဓိကက သူတို့နှစ်ခုရဲ့ difference ကိုမှတ်ထားရင်ရပြီနော်။

#studywithK2
#Kelly
❤‍🔥14❤10🍓8
အားလုံးပဲ သီတင်းကျွတ်ပိတ်ရက်ကို အကျိုးရှိရှိနဲ့ဖြတ်သန်းခဲ့ကြရဲ့လားရှင်။

ပထမနှစ်ဝက်စာမေးပွဲကြီးကိုလည်း မောင်လေးတို့၊ညီမလေးတို့ အောင်အောင်မြင်မြင်နဲ့ဖြေဆိုနိုင်ခဲ့လိမ့်မယ်လို့ အစ်မတို့မျှော်လင့်ပါတယ်။

ကျောင်းပိတ်ရက်ကြီးလည်း ပြီးသွားပြီဆိုတော့ မောင်လေးတို့၊ညီမလေးတို့ အနေနဲ့ ဒီသီတင်းကျွတ်ပိတ်ရက်မှာ ကိုယ်ဘာတွေလုပ်ခဲ့လဲဆိုတာကို မိမိကိုယ်မိမိအရင်ပြန်ဆန်းစစ်ကြည့်ပါနော်။


ဆန်းစစ်ပြီးပြီဆိုရင် ကိုယ့်ဘာသာကိုယ်ပြန်ပြီးတော့မေးခွန်းထုတ်ကြည့်ပါ။
ဘာမေးခွန်းတွေထုတ်ရမလဲဆိုတော့…

ကိုယ်ဘာတွေဘယ်လောက်လုပ်ခဲ့လဲ။?
ဘာတွေထပ်လုပ်ဖို့လိုအပ်သေးလဲ။?
ဘယ်ဘာသာရပ်တွေက ကိုယ့်အတွက်အားနည်းလဲ။?
ဘယ်ဘာသာရပ်တွေက ကိုယ့်အတွက် အားသာနေလဲ။?
ဘယ်ဘာသာရပ်တွေကို ပိုပြီးထပ်လုပ်ရဦးမလဲ။?
စတဲ့မေးခွန်းလေးတွေကို မိမိကိုယ်မိမိပြန်မေးကြည့်ပါနော်။

လူတိုင်းက ကိုယ့်ကိုယ်ကိုယ်သာအသိဆုံးပါနော်။အဲ့အတွက်ကြောင့်မို့လို့ မိမိဘာသာဆန်းစစ်ပြီးရလာတဲ့အဖြေတွေပေါ်မှာ ကိုယ်ကဘာတွေကိုဘယ်လောက်လုပ်ရမလဲဆိုတာ ထပ်ပြီးအစီအစဉ်ဆွဲပါနော်။

ဒီလောက်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ပြန်ဆန်းစစ်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

အောင်နိုင်ဖို့အတွက်အဓိက ကစိတ်ပါပဲနော်။စိတ်ဓာတ်မကျပါနဲ့။အားမလျော့လိုက်ပါနဲ့။ကလေးတို့ရဲ့ပန်းတိုင်က ရောက်ခါနီးပါပြီနော်။

အားလုံးပဲ fighting 💪🏻🫰🏻

#Maple
#StudywithK2
❤20🍓7
Mathematics ရဲ့ concept တွေကိုဘယ်လိုနားလည်အောင်လုပ်ရမလဲ။❓

အဲ့လိုမေးခွန်းမျိုးကို အစ်မအတော်များများတွေ့နေရတဲ့အတွက် ဒီနေ့မှာ အစ်မက Study with K2 channel ထဲကလေးတွေအတွက်ဖြေပေးလိုက်ပါတယ်။

✅ပထမဆုံးအနေနဲ့ ဆရာ၊ဆရာမတွေစာရှင်းနေတဲ့အချိန် သေသေချာချာဂရုစိုက်နားထောင်ပေးပါ။

သင်နေရင်းနဲ့မရတာရှိရင် ချက်ချင်းမေးပါ။

အဲ့မှာကိုယ်က မေ့လွယ်တဲ့လူဆိုရင် စာအုပ်ထဲမှာ ခဲတံလေးနဲ့ချမှတ်လိုက်ပါ။

✅ဒုတိယတစ်ခုအနေနဲ့ ဒီနေ့သင်ပြီးရင် ဒီနေ့ပဲ သင်ပြီးသမျှကို အိမ်မှာပြန်လုပ်ပါ။

အဲ့လိုလုပ်ရင် ကိုယ်နားမလည်တာတွေ တွေ့လာနိုင်ပါတယ်။အဲ့လိုဆို ဆရာ၊ဆရာမကိုချက်ချင်းမေးလို့ရရင် ဖုန်းဆက်ပြီးပဲဖြစ်ဖြစ်‌၊စာပို့ပြီးပဲဖြစ်ဖြစ်မေးလိုက်ပါ၊မေးလို့မရရင် နောက်နေ့ဖြစ်တဲ့ (မနက်ဖြန်)မှာဆက်ဆက်မေးဖြစ်အောင်မေးပါ။

✅တတိယတစ်ချက်အနေနဲ့ တစ်ပတ်စာတစ်ပတ်ပြန်လုပ်ပေးပါ။

ကိုယ်က သင်္ချာတော်ချင်တာပဲဖြစ်ဖြစ်၊သင်္ချာနားလည်ချင်တဲ့သူဖြစ်တယ်ဆိုရင်တော့ ဒီအချက်ကို မဖြစ်မနေ ပြုလုပ်ပေးဖို့လိုပါတယ်နော်။

ဘာလို့လဲဆို တစ်ပတ်စာတစ်ပတ်မတွက်ရင် ကိုယ်အရှေ့ကတွက်ခဲ့သမျှကမေ့သွားမှာပါ။အဲ့အတွက် တစ်ပတ်စာတစ်ပတ် ပြန်ပြန်လုပ်ပေးပါနော်။

အဲ့လိုမျိုးပုံမှန်အကျင့်လေးရသွားမယ်ဆိုရင် သင်္ချာရဲ့ concept ကသူ့အလိုလို နားလည်လာပါလိမ့်မယ်နော်။

ဒီအချက်လေး၃ချက်က G-12တက်နေတဲ့ ကလေးတွေမှမဟုတ်ပါဘူးနော်။G-10 & 11တက်နေတဲ့ကလေးတွေလည်း လိုက်လုပ်ကြည့်ပါနော်။

#maple
#StudywithK2
❤‍🔥16❤1
Ecoကိုဂုဏ်ထူးထွက်အောင်ဘယ်လိုကျက်ရမလဲ👈
Ecoတွေအတွက် ဖြေပေးမယ်နော်

-အခန်း(1)မှ (8)ထိ 20တန်အကုန်
ကျက်ပါ
-10မှတ်တန်ကတော့ ရွေးကျက်လို့ရ
တယ်
- Definitionတွေကိုတော့များများ
ကျက်ပါ
-1မှတ်တန်က မေးခွန်းဟောင်းနဲ့
အချို့စာအုပ်တွေဝယ်ဖတ်ပါ
-တွက်စာကကိုယ်မကြိုက်တဲ့အပိုင်းတစ်ပိုင်းပယ်နိုင်ပါတယ်(မင်မင်ဂျက်ကတော့ အခန်း(၃)မကြိုက်ပါဘူး
-တစ်နေ့စာတစ်နေ့ပြီးအောင်လုပ်မယ်ဆိုဂုဏ်ထူးမှတ်ကအသာလေးပါ
အားလုံးပယ်ကျက်မဲ့အပုဒ်တွေတင်ပေးမယ်နော်
မသိတာရှိရင် cmမှာမန့်ခဲ့ပါ
အောင်မှတ်သမားတွေဘာကျက်သင့်သလဲဆိုတာနောက်နေ့ထပ်တင်ပေးပါမယ်
အားလုံးပဲ eco ကို ဂုဏ်ထူးတွေနဲ့အောင်မြင်ပါစေ🍓
#mgjet
#studywithK2
❤‍🔥14❤7🕊2☃1
💨Admin Kelly ရဲ့ ပေါက်ကွဲသံ

ဟုတ်ပါတယ်။ discussion room ထဲမှာ တစ်နေ့တစ်နေ့ မြင်နေရတာ ဒေါသအလိပ်လိုက်အလိပ်လိုက် ထွက်ထွက်လာလို့ အခုလို စာရေးရပါပြီ။😾

ဘာအကြောင်းအရာလဲဆိုရင် နေ့စဉ်နဲ့အမျှ၊ အချိန်နဲ့အမျှ discussion room ထဲမှာ ၄လလောက်နဲ့မှီနိုင်သေးလား၊ အခုလုပ်ရင် ဂုဏ်ထူးပါနိုင်သေးလား၊ ဟိုဘာသာတော့dပါချင်လို့ အခုလုပ်ရင်ရနိုင်မလား ဆိုတာတွေ တစ်ယောက်လည်းမဟုတ်၊ နှစ်ယောက်လည်းမဟုတ် လာလာမေးနေကြလို့ ပြောပါရစေ။

💀ဟုတ်ကဲ့ မမှီနိုင်ပါဘူးရှင် လို့ပြောရင်လည်း ကျွန်မကို ဝိုင်းဆဲကြအုံးမယ်။ ဟုတ်ကဲ့မှီနိုင်ပါတယ် ဘယ်လိုလေးတွေလုပ်ပါလို့ ပြောပြလိုက်ရင်လည်း နောက်လေး၊ ငါး၊ ဆယ်ရက်ကြာရင် အခုလိုပဲ မှီနိုင်သေးလား ပြန်လာမေးပြန်ရော။

ကလေးတို့အားလုံး သိကြမှာပါ။ မင်းတို့လာမေးတိုင်း မမှီတော့ပါဘူးလို့ admin တို့မပြောဖူးပါ။ မှီနိုင်တယ် အစွမ်းကုန်တော့လုပ်ရမယ်၊ အခြေခံရှိထားရမယ်၊ ဘယ်လိုလေးတွေလုပ်ပါလို့ပဲ အမြဲပြောခဲ့ပါတယ်။

🙋ဒါဆို ဒီမှာ တစ်ခုလောက်မေးကြည့်ပါအုံးမယ်။ admin တို့ပေးတဲ့ ဘယ်လိုလုပ်ပါ အကြံလေးတွေကိုရော တကယ် လိုက်လုပ်ရဲ့လား။ မလုပ်ဘဲနဲ့ လက်အားတိုင်း မှီနိုင်သေးလားပဲ ဝင်ဝင်မန့်နေတာလား။

🫵မင်းတို့က ဘာနဲ့တူလဲဆိုရင် မှီန်ိုင်လားမေးတယ် မှီနိုင်တယ်ဖြေတော့ စိတ်အေးသွားတယ် နောက်ရက်ကြာရင် မှီနိုင်ပါ့မလားပြန်စိတ်ပူပြီး ပြန်မေးတယ် တကယ်ကြ မကြိုးစားကြဘူး။

❎ပါးစပ်ကသာမေးမေးပြီး လက်တွေ့ကြ မလုပ်ကြဘူး။ မဖြစ်သင့်တာကြီးနော်။

အစ်မက အခု မှီနိုင်လားပဲ လာလာမေးနေလို့ စိတ်ဆိုးနေတာမဟုတ်ဘူး။ မေးမေးပြီး တကယ်မလုပ်ကြဘူးလို့ မြင်လို့ လာပြောတာ။

ကိုယ်တိုင်ကြိုးစားမှရတာပါ။ အစ်မက မှီတယ်ပြောတိုင်း မှီတာမဟုတ်ဘူး။ အစ်မတို့အဲ့လိုပြောတယ်ဆိုတာ မင်းတို့စိတ်ကို moti ပေးတဲ့အနေနဲ့ပြောတာ။ တကယ်က ကိုယ်လုပ်ရင် ရမှာပါ။ ဘယ်သူ့မှလိုက်ပြီး အာမခံခိုင်းနေစရာမလိုဘူး။

ဒီပွဲက ကိုယ်အချိန်ပေးနိုင်ရင် ပေးနိုင်သလောက် ပြန်ရမယ့်ပွဲ။ လိုအပ်တာတွေ၊ မသိတာတွေကို လာမေးနိုင်တယ်။ ကြိုးစားဖို့ကတော့ ကိုယ့်အပိုင်းပါ။

စာရှည်သွားရင် အားနာပါတယ်။ မပြောလို့မဖြစ်တော့ဘူးထင်လို့ ပြောလိုက်တာပါ။

🙏အားလုံးပဲ ကိုယ့်လိုအပ်ချက်ကိုသိပြီး အမြန်ဆုံးဖြည့်စွက်နိုင်ပြီး အောင်မြင်မှုတွေရကြပါစေ။

#Kelly
#studywithK2
🍓36❤‍🔥14❤14🤝1
Hey 👋🏻
Biology ကကိုယ့်အတွက် ကျက်လွယ်မေ့ဖြစ်နေပြီလား။❓❓

ဒါဆိုရင် ဒီစာလေးကို အဆုံးထိဖတ်ကြည့်ပေးနော်။😉

အစ်မအရင်က ဘိုင်အိုကို ဘယ်လိုအချိန်မှာနွှေးရမလဲဆိုတာကို ပြောပြပြီးပြီဆိုတော့ အခုတစ်ခေါက်မှာ Bioကို ဘယ်လိုကျက်ရမလဲဆိုတာကိုပြောပြပေးပါမယ်။

💭Biology ဆိုတာမျိုးကို ကျက်လွယ်မေ့လွယ်‌ဖြစ်နေပြီဆိုရင် သင်က biology ကို အဓိပ္ပာယ်မသိဘဲ ကျက်နေရတာမျိုးဖြစ်နိုင်ပါတယ်။

✅အဲ့အတွက် Biology တစ်ပုဒ်ကိုမကျက်မှီမှာ အရင်ဆုံး ကိုယ်ကျက်မဲ့ စာတွေရဲ့အဓိပ္ပါယ်ကိုနားလည်အောင်လုပ်ရပါမယ်နော်။

စကားလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပါယ်တွေကိုပါ သင်နားလည်နေပြီဆိုရင် အရင်ကထပ် သင်က စာတွေကိုပိုကျက်ရလွယ်လာပြီး ပိုပြီးလည်းမှတ်မိနိုင်ပါတယ်။

💭ကျက်ပြီးတိုင်းမေ့မေ့နေလား။❓

✅ဒါဆိုရင်တော့ သင်ဟာ စာကို ချပြီးရေးမကျက်သေးလို့ပါ။

ကိုယ်ကျက်သလောက်မမှတ်မိနေဘူးဆိုရင် သင် ချပြီးရေးမကျက်ကြည့်သေးလို့ပါ။

ကျက်နေစဉ်အတွင်းမှာ တစ်ကြောင်းကျက် တစ်ခါချရေး၊နောက်တစ်ကြောင်းကျက်နောက်တစ်ခါချရေး ပြီးရင် အပေါ်အကြောင်းနဲ့အောက်အကြောင်း ပေါင်းပြီးပြန်ချရေး အဲ့လိုနဲ့ကျက်သွားတာ တစ်ပုဒ်လုံးကုန်ပြီဆို အစအဆုံးပြန်ချရေးပါ။

အဲ့လိုကျက်ရတာ အချိန်ကြာတယ်လို့ ကိုယ်ကယူဆရင်တစ်ပုဒ်လုံးပြီးမှ တစ်ခါတည်းချရေးပါနော်။

အဲ့လိုချရေးပေးခြင်းအားဖြင့် စာမေးပွဲမှာ ကိုယ်ကမေ့နေရင်တောင် လက်ကသူ့အလိုလို ရေးပြီးသားဖြစ်ပါတယ်။

💭ကျက်ပြီးတိုင်း သင်ပြန်နွှေးဖြစ်ရဲ့လား။❓

အကယ်၍သင်က စာတွေကို ကျက်ပြီးတိုင်း ပြန်မနွှေးရင် သင့်အတွက်စာတွေမေ့ကုန်တာ မဆန်းပါဘူးနော်။

အဲ့တော့ ဘယ်စာမဆို ကျက်ပြီးတိုင်းပြန်နွှေးပေးပါ။ဘယ်လိုအချိန်မှာပြန်နွှေးရမလဲဆိုတာကို အောက်က link 🖇️ထဲမှာဝင်ကြည့်ကြည့်ပါနော်။
👇🏻👇🏻
https://t.me/studywithK2/291

🍁🍁🍁🍁🍁🍁

ကယ်…ဒီလောက်ဆို ကျက်မေ့ဖြစ်နေတဲ့ Biology ကို ကိုယ် crushရဲ့မျက်နှာလိုပဲ ကျက်တိုင်းမှတ်မိစေနိုင်မဲ့ နည်းလမ်းလေးကို အစ်မတို့‌ပြောပြလိုက်ပါတယ်။

ဒီနည်းလမ်းတွေက Biology မှ မဟုတ်ပါဘူး။ဘယ်ဘာသာရပ်က စာမဆို အဲ့အတိုင်းလုပ်ကြည့်လို့ရပါတယ်နော်။ကိုယ်က အီကိုမို့လို့ အဲ့နည်းတွေအတိုင်းလိုက်လုပ်လို့ မရဘူးလို့မဆိုလိုပါဘူးနော်။

စာကျက်နည်း method ကဒီအတိုင်းတွေပါပဲ။ကိုယ်ကဘယ်ဘာသာရပ်အပေါ် ဘယ်လိုအသုံးချမလဲဆိုတာပဲကွာသွားမှာပါနော်။

အစ်မတို့ Study With K2 ကဖော်ပြခဲ့တဲ့ အထက်ကနည်းလမ်းတွေက G-12က ကလေးတွေမှမဟုတ်ပါဘူးနော်။G-10 & 11ကကလေးတွေလည်း လိုက်ပြီးလုပ်လို့ရပါတယ်နော်။

ဒါဆို အားလုံးပဲ ကျက်တိုင်းမေ့တဲ့ဘဝက လွတ်မြောက်ပြီး ကိုယ့်crushရဲ့မျက်နှာလေးလိုပဲ တစ်ခါကျက်ယုံနဲ့ မမေ့တဲ့အခြေအနေရောက်ပါစေလို့ မမတို့ Study with K2 channel ရဲ့ admin team ကဆုတောင်းပေးလိုက်ပါတယ်ရှင်။

#Maple
#StudywithK2
❤26
ဆရာဒေါက်တာစိုးလွင်(စိုးမြန်မာ) ရေးသားသော တက္ကသိုလ်ဝင်တန်း မြန်မာစာ ဖြေဆိုရာတွင် သိထားရမည့်အချက်များ ကို study with K2 channel ထဲက မောင်လေးတို့၊ ညီမလေးတို့ လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်ရှင့်။

#Kelly
#studywithK2
❤36❤‍🔥1
ဆရာဒေါက်တာစိုးလွင် ရေးထားတာပါပဲ။

ခက်ဆစ်၊ အလင်္ကာ ကို ကိုယ်စာရပြီးတဲ့အခါ ဒီစာရွက်ကို ကြည့်ပြီး နှုတ်က စာဆိုကြည့်လို့ရတယ်နော်။

ဒီနေ့က စကားပြေ အပိုင်းပါ။

#Kelly
#studywithK2
❤19❤‍🔥8
This media is not supported in your browser
VIEW IN TELEGRAM
🍓9❤‍🔥4❤2
ကဲ ဒါက ကဗျာပါ။

ဒါတွေက စာရေးသူရဲ့ အတ္ထုပ္ပတ္တိကို ကိုယ်ကရနေပြီလို့ယူဆရင် ဒါကိုကြည့်ဖြေဖို့ပါ။

ခက်ဆစ်၊ အလင်္ကာရောပဲပေါ့။

#Kelly
#studywithK2
❤13🍓2❤‍🔥1💋1