Study with K2
1.58K subscribers
1.08K photos
31 videos
193 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
စာစီစာကုံးရေးတဲ့အခါမှာ အကြံဉာဏ်ထွက်အောင်ဘယ်လိုလုပ်ရမလဲ???


ဒီမေးခွန်းလေးအတွက် မင်မင်အကြံပေးချင်တာကတော့ စာစီစာကုံးစာအုပ်လေးတွေ များများဖတ်ပေးပါ။ စာစီစာကုံးမှာ သရုပ်ဖော်၊ ဖြစ်စဉ်ပြ ၊ ဖွင့်ဆိုရှင်းပြ၊ ကျိုးကြောင်းပြဆိုပြီးတော့ လေးမျိုးရှိပါတယ် အဲ့တစ်မျိုးချင်းစီရဲ့ အဓိပ္ပာယ်ကို နားလည်အောင်မှတ်သားပြီး ကိုယ်က ခေါင်းစဉ်ကြည့်လိုက်တာနဲ့ ဒါဘာစာစီစာကုံးအမျိုးအစားလဲဆိုတာ တန်းသိရပါမယ်။ စာအုပ်များများဖတ်မှ စာစီစာကုံးအရေးအသားတွေကိုမျက်မှန်းတန်းမိမှာဖြစ်သလို ဖြစ်စဉ်ပြ တို့ ဖွင့်ဆိုရှင်းပြ စာစီစာကုံးတို့ကို ဖြေဆိုဖို့အတွက်ကျ အချက်အလက်တွေကို သိမှ ရေးသားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ စာစီစာကုံးစာအုပ်တွေကို များများဖတ်ပီး ကိုယ့်ဘာသာကိုယ် စမ်းရေးကြည့်ဖို့ အကြံပေးချင်ပါတယ်ရှင်။

သတိပြုစရာတစ်ချက်က စာစီစာကုံးမှာ ပြောဟန်အရေးအသားလုံးဝပါလို့မရပါ။



မင်မင်သိသလောက်ကိုမျှဝေပေးတာဖြစ်တဲ့အတွက်ကြောင့် အမှားပါခဲ့သည်ရှိသော် နားလည်ပေးကြပါရှင့်

-လာဗီ
🍓129
📝October သုံးနာရီ စာမေးပွဲ၊ နှစ်ဝက်စာမေးပွဲကြီး ဖြေပြီးကြပြီနော် ကလေးတို့။ ဖြေနိုင်ကြရဲ့လား၊ ကိုယ့်ကိုယ်ရော ကျေနပ်မှုရှိကြရဲ့လား။

ဘာလိုပဲဖြစ်ဖြစ်ပါ ဖြေပြီးသွားပြီပဲ ပြန်သွားပြင်ချင်လို့မရတော့ဘူး။

➡️အခုဖြေခဲ့တာ ဘယ်လိုပဲကျေနပ်နပ်၊ မနပ်နပ် ရှေ့ကိုပဲ ဆက်သွားကြနော်။

‼️ဒါပေမဲ့ Don't make the same mistakes again and again. ထပ်တူညီတဲ့ အမှားတော့ ထပ်လုပ်လို့မဖြစ်ဘူးနော်။‼️ အခု ကိုယ်ဖြေခဲ့တဲ့ အားရမှုမရှိဘူးဆိုတာကိုပဲ ပြန်ပြင်ဆင်ကြနော်။

နှစ်ဝက်စာမေးပွဲဆိုတာ စာသင်နှစ်တစ်ဝက်စာပဲ ဆိုတော့ ကိုယ်ဘယ်လောက်ဖြေနိုင်ခဲ့တယ်၊ မဖြေနိုင် ခဲ့ဘူးဆိုတာ ကိုယ်တိုင်အသိဆုံးပါ။ ‌မဖြေနိုင်ခဲ့တာတွေရှိရင် ကိုယ့်ဟာကို notebook📒 လေးမှာဖြစ်ဖြစ် မှတ်ထားပြီး အခုဒီသီတင်းကျွတ်ပိတ်ရက်တွေ ရတုန်းမှာ ပြန်လုပ်ကြပါ။

🔺သီတင်းကျွတ် ပိတ်ရက်ပြီး ပြန်စသင်ရင် စာအသစ်ပဲဖြစ်တော့မှာ။ ဆိုတော့ အသစ်လည်း အသစ်အလျောက် လုပ်ရမှာဆိုတော့ အဟောင်းကို အခုကတည်းက သေချာ ပိုင်အောင်ပြန်လုပ်ထားပါလို့ အဓိကမှာချင်ပါတယ်။

မှီပါ့မလား၊ ရပါ့မလား ဆိုတဲ့ negative thought တွေမဝင်ကြပါနဲ့။ အချိန်ကုန်ပါတယ် ဒါတွေထိုင်တွေးနေတာက။ ဘယ်လိုဆက်လုပ်မယ်ဆိုတာပဲ ခေါင်းထဲထည့်ပါ။

🔷နောက်ဆုံးအနေနဲ့ အစ်မပြောချင်တာက အခုဖြေခဲ့ပြီးသားစာမေးပွဲကို 100% ဘယ်သူမှကျေနပ်ကြမယ်လို့ မထင်ပါဘူး။ အဲ့ဒီ့ ကိုယ်ကို့ 100% မကျေနပ်စေတဲ့ အချက်ကဘာလဲ သိအောင်လုပ်ပြီး စာအသစ်တွေမသင်ခင် သီတင်းကျွတ်ပိတ်ရက်အတွင်းမှာ အချိန်ကို အကျိုးရှိရှိအသုံးချပြီး 100% စိတ်ကျေနပ်မှုရအောင် လုပ်ပါလို့ အကြံပေးချင်ပါတယ်နော်။

ဒီသီတင်းကျွတ် ပိတ်ရက်လေးပဲ နားချင်တာပေါ့ လို့မတွေးကြပါနဲ့။ တစ်နှစ်ပါပဲ။ အဲ့တစ်နှစ်ကလည်း ပြီးခါနီးနေပြီ လမ်းတစ်ဝက်ရောက်နေပြီ အခု‌လိုမျိုးလေး ဆက်သည်းခံသွားကြပါလို့။

ကဲ ဒါဆို အစ်မဒီနေ့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါမယ်။

အားလုံးပဲ ကိုယ့်အမှား၊ လိုအပ်ချက်၊ အားနည်းချက်တွေကို အမြန်ဆုံး ရှာဖွေနိုင်ကြပြီး အမြန်ဆုံးပြင်ဆင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

I hope you will find a better way to reach your goal ❤️‍🔥.

#Kelly
#studywithK2
43🍓14❤‍🔥61
လာမည့်၂၀၂၆ခုနှစ် (၃)လပိုင်း ကျင်းပမည့် G-12 ဗဟိုအစိုးရစစ် စာမေးပွဲကြီး ဖြေဆိုရန် (၅)လ သာလိုပါတော့သည်။

2025-26 ပညာသင်နှစ် G(12)ကို နှစ်ချင်းပေါက် အောင်ဖို့ ဒီအချက်တွေ အခုမှစပြီး လုပ်သွားကြပါ။

၁။ ဖုန်း အလွန်အကျွံ မသုံးရန်၊ စာကို အာရုံစိုက်ရန်

၂။ စာကို မိမိ၏ အချိန်ဇယားအတိုင်း ပုံမှန်လုပ်ရန်

၃။ တစ်နေ့စာတစ်နေ့ နိုင်အောင် ကြည့်ရန်

၄။ စိတ်ကောင်းထားရန်၊မိမိကိုယ်ကို ယှင်ပြိုင်ရန်၊ကျန်းမာရေး အထူးဂရုစိုက်ရန်၊မိဘ/ဆရာသမားများကို Respectလုပ်ထားရန်

၅။ ရည်းစား၊သူငယ်ချင်းတွေနဲ့ အပျော်အပါး နောက်လိုက်နေတာတွေ ရပ်ပါ။ လက်ရှိအချိန်တွေ အရေးမပါတဲ့ သူတွေနဲ့ မကုန်ဆုံးပါနဲ့ အချိန်ကို တန်ဖိုးထားပါ။

၆။ သူငယ်ချင်းတွေနဲ့ထိုင်ပြီး ဂိမ်ဆော့တာမျိုး၊ ရည်းစားကို အချိန်ပေးတာမျိုး ယာယီ (၅)လ အတွက် ရပ်လိုက်ပါ၊ စာမေးပွဲကြီး ဖြေဆိုပြီးနောက် လုပ်စရာတွေ ဆက်လုပ်ကြပါ လူငယ်ဆိုတာ မိမိ၏ ကြိုက်တာ လုပ်ပိုင်ခွင့်ရှိတယ်။

၇။ လောကမှာ ခဗျာထက်စာတော်တဲ့သူဆိုတာ မရှိပါ၊ ခဗျာထက် စာကြိုးစားနေတဲ့ လူတွေပဲရှိတယ်။

၈။ကလေးတို့ တိတ်ဆိတ်စွာ ကြိုးစားလိုက်ပါ အောင်မြင်သောခါ ဆူညံသွားလိမ့်မည်။

၉။ ကလေးတို့ လုံးဝ စိတ်ဓာတ်မကျနဲ့ ဆက်ကြိုးစားပါ မိမိ၏ ကြိုးစားခြင်း ရလဒ်နဲ့အတူ တစ်နေနေ့ကျရင် တိုက်တန်တဲ့ အောင်မြင်မှုတွေ ရောက်လာမှာပါ။

မှတ်ချက် ။ ။ ဘယ်လို စစ်ပွဲ၊တိုက်ပွဲကြီးဖြစ်ဖြစ် လာမည့်နှစ် ၂၀၂၆ G-12 စာမေးပွဲကြီးကို တစ်ချိန်တည်း၊ တစ်ပြိုင်နက် ပိတ်ရက်မရှိ စစ်ဆေးပြုလုပ်သွားပါမည်။

Crd : M_Nawkey
51🍓15❤‍🔥6💔3🏆2
ယနေ့ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့မှာ

သင်ဆရာ၊မြင်ဆရာ၊ကြားဆရာအားလုံးကို ဂါရဝပြုပါတယ်။

#studywithK2
🙏2915❤‍🔥7🍓3
🙏🙏🙏

#crd
#studywithK2
❤‍🔥26