Study with K2
1.58K subscribers
1.08K photos
31 videos
193 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
မမတို့ရဲ့စည်းကမ်းချက်နဲ့မကိုက်ညီတဲ့ သူတွေကို လက်ခံစဉ်းစားမည်မဟုတ်ပါဘူးနော်။

#studywithK2
#Maple
#October_online_guide_class
❤27🍓3💘1
Study with K2 pinned «𝗦𝘁𝘂𝗱𝘆 𝗪𝗶𝘁𝗵 𝗞2 𝗖𝗵𝗮𝗻𝗻𝗲𝗹 ထဲမှာရှိကြတဲ့ မောင်လေး၊ညီမလေးတွေ အားလုံးပဲ မင်္ဂလာနေ့လည်ခင်းလေးဖြစ်ပါစေရှင့်။ မမကတော့ 𝗦𝘁𝘂𝗱𝘆 𝗪𝗶𝘁𝗵 𝗞2 𝗖𝗵𝗮𝗻𝗻𝗲𝗹 ထဲက သဘော၊မနောအကောင်းဖြစ်ဆုံးဖြစ်တဲ့ 𝐀𝐝𝐦𝐢𝐧 𝙆𝙚𝙡𝙡𝙮 ပဲဖြစ်ပါတယ်နော်။ စိတ်လည်း ရှည်ပါတယ်နော်။ ဟဲဟဲ ကြော်ငြာဝင်တာပေါ့။☺️ အရင်ရက်တွေမှာ…»
ဆရာ/ ဆရာမ က ဘယ်လောက်သင်သင်
ဘယ်လို Plan ပေးပေး ကျောင်းသား/သူက မလုပ်ရင် ဘာမှအရာမထင်ပါဘူး။
ကျူရှင်ဘယ်နှစ်ခုတက်တက်
Guide ဘယ်နှစ်ယောက်ခေါ်ခေါ်
အရာအားလုံး ပလုံပါဘဲ။

Theory တွေသင်တယ်
Notes တွေ ရေးပေးတယ်
Highlight တွေ လုပ်ပေးတယ်
အထပ်ထပ်ရှင်းတယ်
အကြိမ်ကြိမ်ပြောတယ်
ပါးစပ်က အမြှပ်ထွက်အောင်ပြောတယ်
နားထဲဝင်အောင် ဖန်တရာထေပြောတယ်
ဘယ်လိုပြောပြော ဘယ်လောက်ပြောပြော
ဆရာသင်ပြီးလို့ စာအုပ်ပြန်လှန်မကြည့်ရင်
အဲ့ကျောင်းသားက သူနဲ့တန်သလောက်ပဲရမယ်။

ဒီနေ့သင်လိုက်တယ်
အိမ်ရောက်ရင် လွယ်အိတ်မဖွင့် စာအုပ်မလှန်ဘဲ
နောက်နေ့ပြန်လာခါနီးမှ
မနေ့ကလွယ်အိတ်ကောက်လွယ်ခဲ့ရင်
မနေ့ကဟာ ဘယ်လောက်နားလည်ခဲ့ပါစေ
နှလုံးသားမှာ ကြာရှည်မစွဲမြဲဘူး။

ဦးနှောက်နဲ့ နားလည်တာကို
စိတ်မှာစွဲအောင်မလုပ်ရင်
မင်းမှာ ဗလာနတ္ထိ စမ်းမကြည့်နဲ့
အားလုံး သုည Workdone zero ပဲ ရမယ်။

စွဲမြဲအောင် မလေ့လာ
မှတ်မိအောင် မကျက်မှတ်ရင်
မင်းရဲ့ ဉာဏ် မိုးပျံအောင်ကောင်းနေပါစေ
မင်းက အောင်တဲ့အဆင့်မှာ ရပ်သွားမယ်။
မင်းက ဉာဏ်ရည်အားနည်းရင်
ရှုံးတဲ့အဆင့်ကိုရောက်သွားမယ်။

တတ်သည့်ပညာ မလေ့လာ
မကြာမရှည် မေ့တတ်သည်တဲ့။
ဓားလို ခဏခဏ သွေးနေမှ
တုံးမသွားဘဲ ထက်နေမှာ။

ကိုယ်တိုင်ကလည်း Effort ရှိရမယ်။
ဋ္ဌာန်နဲ့ ကရိုဏ်းရှိပေမယ့်
ပယတ်သာမရှိခဲ့ရင် အသံမထွက်ပါဘူး။
စောင်းနဲ့ စောင်းကြိုးရှိပေမယ့်
လက်နဲ့မတီးခတ်ရင် စောင်းသံမထွက်ဘူး။

အလွတ်ကျတ်တာ မကြိုက်ပါတို့
သီအိုရီနားလည်ရင် ရပြီတို့
Own creation နဲ့ နားလည်သလိုရေးမှာတို့မလုပ်နဲ့
Formula အလွတ်ရမှ တွက်လို့ရမယ်
အဲ့တော့ ကျက်ရမယ်။

Theory တွေ Law တွေ မှန်အောင်ရေးရမယ်
Own Sentence ရေးမယ်ဆိုရင်
Pattern မှန်အောင် ရေးနိုင်ရဲ့လား။
ခက်ဆစ်ကို မကျက်ဘဲ ဖတ်ထားတာနဲ့
အလွတ်ချရေးလို့ရမယ်ထင်လား
အမှတ်ရမယ်ထင်လား
ရရင် လုပ်ကြည့်လိုက်လေ။

ပလိုင်းပေါက်နဲ့ ဖားကောက်သလို
ခြင်းကြားနဲ့ ရေသယ်သလိုဖြစ်မယ်
အချိန်ကုန်လူပင်ပန်းတာကလွဲလို့
ကျန်တာ ထွေထွေထူးထူးမရှိဘူး။
ပိုးကြိုးတွေသာ အခွေခွေကုန်မယ်
ဘယ်သောခါမှ စောင်းတီးဖို့တတ်မှာမဟုတ်ဘူး။

အဲ့တော့ မိဘ ဘယ်လောက်ရစေချင်ချင်
ဆရာ / ဆရာမ ဘယ်လောက်နားလည်အောင်သင်သင်
ဆရာ/ ဆရာမ ဘယ်လောက်စေတနာထားထား
ကျောင်းသားမှာ ရချင်စိတ်နဲ့ လုပ်ချင်စိတ်မရှိရင်
မဖြစ်ထွန်းတာသေချာနေပြီမို့လို့
ဘာမှမမျှော်လင့်ပါနဲ့တော့။

ဆရာကြီးဦးနေမင်းခန့်
#Crd to original post
#studywithK2
#Maple
❤17❤‍🔥3⚡1👍1
This media is not supported in your browser
VIEW IN TELEGRAM
Grade -12
English, Poem -4

မူရင်းတင်သူအား လေးစားစွာဖြင့် credit ပေးပါတယ်။

#Crd to own creator
#studywithK2
#Maple
❤14❤‍🔥3
October Online Guide Class

Announcement by Admin Maple 🍁

https://t.me/studywithK2/272

Announcement by Admin Hanna 🍓

https://t.me/studywithK2/273

Announcement by Admin Kelly 🍀

https://t.me/studywithK2/275

#studywithK2
#October_onlie_guide_class
❤‍🔥7
Study with K2 pinned «October Online Guide Class Announcement by Admin Maple 🍁 https://t.me/studywithK2/272 Announcement by Admin Hanna 🍓 https://t.me/studywithK2/273 Announcement by Admin Kelly 🍀 https://t.me/studywithK2/275 #studywithK2 #October_onlie_guide_class»
အစ်မတို့ study with K2 channel ရဲ့ October online guide class အတွက် သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့သူတွေကို ဒီနေ့ကစပြီးလက်ခံပေးနေပါပြီနော်။

ပါဝင်ဖို့စိတ်ဝင်စားရင် discussion room ထဲမှာ သတ်မှတ်ချက်နဲ့ကိုက်ညီအောင်ဖြေဆိုပေးကြပါနော်။

ကိုယ်ကဘယ်ဘာသာရပ်တွဲလဲဆိုတာပါ ပြောပြမယ်ဆိုရင်ပိုပြီး အခွင့်အရေးများနိုင်ပါတယ်နော်။

၁၅ ယောက်ပဲလက်ခံမှာမို့ အချိန်ဆွဲမနေဘဲ အခုပဲသတ်မှတ်ချက်နဲ့ကိုက်ညီအောင် typing စရိုက်ဖို့ ပြင်လိုက်ပါတော့ရှင့်။

#October_onlie_guide_class
#studywithK2
🤝5🤩3❤‍🔥2❤1🥰1
This media is not supported in your browser
VIEW IN TELEGRAM
အဲ့လိုမနွေးရဘူးနော် ကလေးတို့ရေ🥹

#Crd to owner
#studywithK2
#Kelly
🤣42😭9
Study with K2 channel ရဲ့ October online guide class မှာဆိုရင် လူစုစုပေါင်း(၈)ယောက်အထိရွေးချယ်ပြီးသွားပါပြီနော်။

အဲ့ထဲကမှ ၇ယောက်က သင်ကြားမဲ့ Group ထဲရောက်ရှိနေပါပြီနော်။

ထပ်မံရွေးချယ်ဖို့ ၇ယောက်သာကျန်ရှိတော့တာမို့ အချိန်မဆွဲ လက်မနှေးရအောင် အခုပဲ typing ရိုက်ပြီး စာရင်းပေးလိုက်ပါစို့။

#October_online_guide_class
#studywithK2
❤11🤗3
‼️အားလုံးပဲ attention please‼️

အစ်မတို့ October online guide class အတွက် အားလုံး မျှမျှတတဖြစ်အောင် လူ 15 ယောက်ပဲ လက်ခံမယ့်ထဲမှာမှ Bioတွဲ 8 ယောက် ecoတွဲ 7ယောက် လက်ခံမယ်ဆိုပြီး ဆုံးဖြတ်ထားပါတယ်။

အခု bioတွဲ 7ယောက်နဲ့ ecoတွဲ 1‌ေယာက်ကို မမတို့ဘက်က လက်ခံပေးပြီးသွားပြီမို့

ecoတွဲ 6ယောက်နဲ့ bioတွဲ၁ယောက်သာ လက်ခံဖို့ကျန်ပါတယ်။

Ecoတွဲ မောင်လေး၊ ညီမလေးတို့ကို မမတို့ဘက်က စောင့်မျှော်နေပါတယ်ရှင့်။

သတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် ‌discussion room ထဲမှာ ရေးပေးဖို့ ထပ်ပြောပါရစေရှင့်။

#studywithK2
#October_online_guide_class
❤16
ကလေးတို့လည်းသေချာစမ်းစစ်ကြည့်ဦးနော်။

#studywithK2
#Maple
#crd to original post
🤓18🥴9🤣6😁2🗿1🙊1
ဒီနေ့ရော အင်္ဂလိပ်စာဖြေနိုင်ကြရဲ့လား။
Anonymous Poll
60%
ဖြေနိုင်တယ်
40%
မဖြေနိုင်ဘူး
❤3
ပိတ်တဲ့၂ရက်မှာ ကိုယ့်အတွက်လိုအပ်မဲ့ဘာသာတွေအတွက် အချိန်ကိုအကျိုးရှိရှိအသုံးချပါနော်။

#Maple
#studywithK2
❤‍🔥25🍓14❤5
Bio ကိုဘယ်လိုပြန်နွှေးရမလဲဆိုတာ မသိတဲ့မောင်ငယ်၊ညီမငယ်တွေအတွက် အစ်မပေးချင်တဲ့အကြံလေးက…❔



မနက်မိုးလင်းလို့ မျက်လုံး၂လုံးပွင့်တာနဲ့ bioစာအုပ်ကိုအရင်ကိုင်ပါ။

ပြီးရင်ကျက်ပြီးသမျှနွှေးပါ။

အဲ့မှာနွှေးလို့ပြောတဲ့အခါ အလွတ်ဆိုနိုင်ရမယ်လို့မပြောပါဘူးနော်။

အလွတ်ဆိုနိုင်တဲ့အပုဒ်ကိုအလွတ်ဆိုပါ။အကယ်၍အလွတ်မရသေးရင် ကြည့်ပြီးဖတ်နေပါ။

ဖတ်တာတို့ကျက်တာတို့နေရာမှာ ကျက်ပုံကျက်နည်း၂မျိုးရှိပါတယ်။

တစ်ချို့က silent ကျက်တာရှိတယ်။တစ်ချို့က အော်ကျက်တာမျိုးရှိတယ်။

အစ်မကတော့ အော်ပြီးကျက်တာကို အားပေးပါတယ်။

ပထမဆုံး ကိုယ်က အော်ပြီးကျက်တဲ့အတွက် ဦးနှောက်ကိုပထမအကြိမ်အဖြစ် အသိပေးပါတယ်။

ကိုယ်ရဲ့အော်သံကို ပြန်ကြားရတဲ့အတွက် အကြားအာရုံနဲ့ဦးနှောက်ကို နောက်တစ်ကြိမ်ပြန်ပြီး မှတ်ခိုင်းစေပါတယ်။

ကိုယ်အားသာရာနဲ့ကျက်မှတ်ပါ။

ဒီနည်းလမ်းလေးကို G-12တက်နေတဲ့ကလေးတွေမှမဟုတ်ပါဘူးနော် G-10,11တက်နေတဲ့ကလေးတွေလည်းစမ်းလုပ်ကြည့်သင့်ပါတယ်။

ဒါကအစ်မရဲ့ အကြံပြုချက်လေးပါ။

#studywithK2
#Maple
❤‍🔥46❤33🍓6👍2🕊2
သင်္ချာဖြေတဲ့အခါစိတ်အေးအေးထားပြီးဖြေပါမလောပါနဲ့၊မသျှမ်းပါနဲ့။

ကိုယ်မရတဲ့ပုစ္ဆာ‌များပါလာရင် အဲ့တစ်ခုကိုပဲအသည်းအသန်မတွက်ပါနဲ့။

ကျော်လာခဲ့ပါ။‌ အဲ့ပုစ္ဆာအတွက် နေရာချန်ခဲ့ပါ။အကုန်ဖြေလို့ပြီးမှစိတ်အေးလက်အေးတွက်ပါနော်။

ဒါတွေကအစ်မရဲ့ အချစ်ဆုံးဆရာမပြောပြခဲ့ နည်းလမ်းတွေရဲ့ အကျဉ်းချုပ်လေးပါပဲနော်။

အားလုံးဖြေဆိုနိုင်ပါစေ။🙏🏻

#Maple
#studywithK2
🍓38❤15🤗6❤‍🔥3🫡2
This media is not supported in your browser
VIEW IN TELEGRAM
လက်ရှိ admin များအခြေအနေ😮‍💨🫩

မောင်လေးတို့ညီမလေးတို့ အားလုံးနဲ့တူတူ စာလုပ်နေရတာပါလို့

အားမငယ်ပါနဲ့ admin တို့ရှိပါတယ်🦾

မှတ်ချက်for emoji။ ။ လက်ကကျိုးသွားလို့ robot လက်ဌားထားတာပါ🥴

Trend အမှီပါ ဘာညာပေါ့

#Kelly
#studywithK2
🤣21❤‍🔥11🥴2
October Online Guide Class ဝင်မဲ့ကလေးတွေက group link ထဲကjoinပေးထားပါဦးနော်။
🕊14😭1
စာစီစာကုံးရေးတဲ့အခါမှာ အကြံဉာဏ်ထွက်အောင်ဘယ်လိုလုပ်ရမလဲ???


ဒီမေးခွန်းလေးအတွက် မင်မင်အကြံပေးချင်တာကတော့ စာစီစာကုံးစာအုပ်လေးတွေ များများဖတ်ပေးပါ။ စာစီစာကုံးမှာ သရုပ်ဖော်၊ ဖြစ်စဉ်ပြ ၊ ဖွင့်ဆိုရှင်းပြ၊ ကျိုးကြောင်းပြဆိုပြီးတော့ လေးမျိုးရှိပါတယ် အဲ့တစ်မျိုးချင်းစီရဲ့ အဓိပ္ပာယ်ကို နားလည်အောင်မှတ်သားပြီး ကိုယ်က ခေါင်းစဉ်ကြည့်လိုက်တာနဲ့ ဒါဘာစာစီစာကုံးအမျိုးအစားလဲဆိုတာ တန်းသိရပါမယ်။ စာအုပ်များများဖတ်မှ စာစီစာကုံးအရေးအသားတွေကိုမျက်မှန်းတန်းမိမှာဖြစ်သလို ဖြစ်စဉ်ပြ တို့ ဖွင့်ဆိုရှင်းပြ စာစီစာကုံးတို့ကို ဖြေဆိုဖို့အတွက်ကျ အချက်အလက်တွေကို သိမှ ရေးသားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ စာစီစာကုံးစာအုပ်တွေကို များများဖတ်ပီး ကိုယ့်ဘာသာကိုယ် စမ်းရေးကြည့်ဖို့ အကြံပေးချင်ပါတယ်ရှင်။

သတိပြုစရာတစ်ချက်က စာစီစာကုံးမှာ ပြောဟန်အရေးအသားလုံးဝပါလို့မရပါ။



မင်မင်သိသလောက်ကိုမျှဝေပေးတာဖြစ်တဲ့အတွက်ကြောင့် အမှားပါခဲ့သည်ရှိသော် နားလည်ပေးကြပါရှင့်

-လာဗီ
🍓12❤9
📝October သုံးနာရီ စာမေးပွဲ၊ နှစ်ဝက်စာမေးပွဲကြီး ဖြေပြီးကြပြီနော် ကလေးတို့။ ဖြေနိုင်ကြရဲ့လား၊ ကိုယ့်ကိုယ်ရော ကျေနပ်မှုရှိကြရဲ့လား။

ဘာလိုပဲဖြစ်ဖြစ်ပါ ဖြေပြီးသွားပြီပဲ ပြန်သွားပြင်ချင်လို့မရတော့ဘူး။

➡️အခုဖြေခဲ့တာ ဘယ်လိုပဲကျေနပ်နပ်၊ မနပ်နပ် ရှေ့ကိုပဲ ဆက်သွားကြနော်။

‼️ဒါပေမဲ့ Don't make the same mistakes again and again. ထပ်တူညီတဲ့ အမှားတော့ ထပ်လုပ်လို့မဖြစ်ဘူးနော်။‼️ အခု ကိုယ်ဖြေခဲ့တဲ့ အားရမှုမရှိဘူးဆိုတာကိုပဲ ပြန်ပြင်ဆင်ကြနော်။

နှစ်ဝက်စာမေးပွဲဆိုတာ စာသင်နှစ်တစ်ဝက်စာပဲ ဆိုတော့ ကိုယ်ဘယ်လောက်ဖြေနိုင်ခဲ့တယ်၊ မဖြေနိုင် ခဲ့ဘူးဆိုတာ ကိုယ်တိုင်အသိဆုံးပါ။ ‌မဖြေနိုင်ခဲ့တာတွေရှိရင် ကိုယ့်ဟာကို notebook📒 လေးမှာဖြစ်ဖြစ် မှတ်ထားပြီး အခုဒီသီတင်းကျွတ်ပိတ်ရက်တွေ ရတုန်းမှာ ပြန်လုပ်ကြပါ။

🔺သီတင်းကျွတ် ပိတ်ရက်ပြီး ပြန်စသင်ရင် စာအသစ်ပဲဖြစ်တော့မှာ။ ဆိုတော့ အသစ်လည်း အသစ်အလျောက် လုပ်ရမှာဆိုတော့ အဟောင်းကို အခုကတည်းက သေချာ ပိုင်အောင်ပြန်လုပ်ထားပါလို့ အဓိကမှာချင်ပါတယ်။

မှီပါ့မလား၊ ရပါ့မလား ဆိုတဲ့ negative thought❌ တွေမဝင်ကြပါနဲ့။ အချိန်ကုန်ပါတယ် ဒါတွေထိုင်တွေးနေတာက။ ဘယ်လိုဆက်လုပ်မယ်ဆိုတာပဲ ခေါင်းထဲထည့်ပါ။

🔷နောက်ဆုံးအနေနဲ့ အစ်မပြောချင်တာက အခုဖြေခဲ့ပြီးသားစာမေးပွဲကို 100% ဘယ်သူမှကျေနပ်ကြမယ်လို့ မထင်ပါဘူး။ အဲ့ဒီ့ ကိုယ်ကို့ 100% မကျေနပ်စေတဲ့ အချက်ကဘာလဲ သိအောင်လုပ်ပြီး စာအသစ်တွေမသင်ခင် သီတင်းကျွတ်ပိတ်ရက်အတွင်းမှာ အချိန်ကို အကျိုးရှိရှိအသုံးချပြီး 100% စိတ်ကျေနပ်မှုရအောင် လုပ်ပါလို့ အကြံပေးချင်ပါတယ်နော်။

ဒီသီတင်းကျွတ် ပိတ်ရက်လေးပဲ နားချင်တာပေါ့ လို့မတွေးကြပါနဲ့။ တစ်နှစ်ပါပဲ။ အဲ့တစ်နှစ်ကလည်း ပြီးခါနီးနေပြီ လမ်းတစ်ဝက်ရောက်နေပြီ အခု‌လိုမျိုးလေး ဆက်သည်းခံသွားကြပါလို့။

ကဲ ဒါဆို အစ်မဒီနေ့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါမယ်။

အားလုံးပဲ ကိုယ့်အမှား၊ လိုအပ်ချက်၊ အားနည်းချက်တွေကို အမြန်ဆုံး ရှာဖွေနိုင်ကြပြီး အမြန်ဆုံးပြင်ဆင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

I hope you will find a better way to reach your goal ❤️‍🔥.

#Kelly
#studywithK2
❤43🍓14❤‍🔥6⚡1