Study with K2
1.58K subscribers
1.08K photos
31 videos
193 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
Channel created
Channel photo updated
Hi everyone👋. Welcome to study with K2. Our motto is Care by sharing 😉 - because we believe learning is better when we share it together. 🤜🤛Let's grow, learn and inspire each other.
❤4
အစ်မတို့က2024-2025ပညာသင်နှစ်မှာ အ.ထ.က.(၁)ဒဂုံ ကျောင်းကနေအောင်မြင်ခဲ့တာပါ။

အစ်မတို့adminတွေကတစ်ယောက်က ဂျိုးဖြူစာသင်ဝိုင်းကနေအောင်မြင်ခဲ့တာပါ။

အဲ့အတွက်ကြောင့်မို့ မောင်ငယ်၊ညီမငယ်တို့ကို အစ်မတို့က မနှစ်က ဂျိုးဖြူရဲ့မေးခွန်းတွေနဲ့အတူလေ့ကျင့်ပေးမှာဖြစ်ပါတယ်။

အစ်မတို့ Channel လေးက 2025-2026 ပညာသင်နှစ်မှာ Grade -12ဖြေမဲ့ မောင်ငယ်၊ညီမငယ်တွေကို အဓိကရည်ရွယ်ပါတယ်။

2026-2027ပညာသင်နှစ်မှာ Grade -12တက်မဲ့ မောင်ငယ်ညီမငယ်တို့ရှိခဲ့ရင်လည်း အစ်မတို့က Grade -12မှာဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုပါ sharing လုပ်ပေးမှာပါ။

လက်ရှိGrade-12တက်နေတဲ့မောင်ငယ်ညီမငယ်တွေအနေနဲ့ စာလုပ်နေရင်း နားမလည်တာတွေ၊အခက်အခဲဖြစ်တာတွေကို အစ်မတို့ လာမေးလို့ရပါတယ်။တိုင်ပင်ဆွေးနွေးလို့ရပါတယ်။

မောင်လေးတို့၊ညီမလေးတို့ရဲ့ ပထမနှစ်ဝက်စာမေးပွဲက နီးလာဖြစ်တဲ့အတွက် အစ်မတို့က စာကိုဘယ်လို focusထားသင့်လဲ၊ဘယ်လို Revision လုပ်သင့်တယ်ဆိုတာကအစ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။


I wish you to pass your exam with flying colors.

#Maple
❤9❤‍🔥1
မောင်လေးတို့၊ညီမလေးတို့ မေးခွန်းလေးတွေဖြေကြည့်ချင်တာပဲဖြစ်ဖြစ် notes လေးတွေသိချင်တာပဲဖြစ်ဖြစ် မသိတာနားမလည်တာ ကိုယ့်အစ်မအရင်းတစ်ယောက်လိုသဘောထားပြီး အချိန်မရွေးမေးလို့ရပါတယ်နော် ။အားနာစရာမလိုပါဘူး။ ကူညီခြင်းကနေအောင်မြင်မှုကိုသွားကြတာပေါ့နော်

#kelly
❤‍🔥3
ဒီ chatလေးမှာလည်း မောင်လေးတို့ညီမလေးတို့ သိချင်တာတွေရှိရင်မေးလို့ရပါတယ်။
Check out ✏️K2 discussion room: https://t.me/+p35dB4-Iu21lNTA1
Study with K2 pinned «Check out ✏️K2 discussion room: https://t.me/+p35dB4-Iu21lNTA1»
ဒီနေ့မှာ အစ်မက မြန်မာစာကို ဂုဏ်ထူးလိုချင်တဲ့သူလေးတွေအတွက် မြန်မာစာကို ဘယ်လိုဂုဏ်ထူးယူရမလဲဆိုတာကို ပြောပြပေးပါ့မယ်။

ပထမဆုံး အစ်မတို့ရဲ့မေးခွန်းကို အပိုင်း၂ပိုင်းအရင်ခွဲလိုက်ကြမယ်။

အပိုင်း၁ကို မေးခွန်းနံပါတ် (၁,၂)လို့သတ်လိုက်ရအောင်။
အပိုင်း၂ကိုတော့ အပုဒ်ရှည်တွေဖြစ်တဲ့ မေးခွန်းနံပါတ်(၃,၄,၅,၆,၇)အဖြစ် သတ်မှတ်လိုက်ရအောင်။

အပိုင်း(၁)မှာ မောင်ငယ်၊ညီမငယ်တို့အတွက် အမှတ်၅၀ အပြည့်ယူလို့ရနိုင်ပါတယ်။

မေးခွန်းနံပါတ်၁မှာ ၁(က)မှား၊မှန်(၁၀)ပုဒ်မေးထားပါတယ်။တစ်ပုဒ်ကို တစ်မှတ်နဲ့ ၁၀ပုဒ်ဆိုတော့ ၁၀မှတ်ပေါ့နော်။
၁(ခ)ကွက်လပ်ဖြည့်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။
၁(ဂ)အဖြေမှန်ရွေးမှာလည်း အဲ့အတိုင်းပါပဲ။အဲ့တော့ မမတို့အနေနဲ့ အမှတ်ပြည့်ယူလို့ရပါတယ်။

အဲ့အပိုင်းမှာ အမှတ်၃၀ရမယ်ပေါ့နော်။

မေးခွန်းနံပါတ်၂ဖြစ်တဲ့ ခက်ဆစ်၊အလင်္ကာ၊အပြော၊စကားစပ် စတဲ့မေးခွန်းတွေကနေ အမှတ်၂၀အပြည့်ယူလို့ရပါတယ်။

အဲ့မှာတင်အမှတ်က ၅၀ဖြစ်သွားပြီပေါ့နော်။

အပိုင်း(၂)ဖြစ်တဲ့ မေးခွန်းနံပါတ်(၃,၄,၅,၆,၇)‌ကို အသေးစိတ်ခွဲကြည့်မယ်ဆိုရင်

မေးခွန်းနံပါတ်၃ဖြစ်တဲ့ စကားပြေ မေးခွန်းရှည်မှာ ကျောင်းသားတော်တော်များများ အမှတ်အများဆုံးကို ၆မှတ်လောက်ရကြပါတယ်။အနည်းဆုံး အောင်မှတ်အထက်ဆို ၅မှတ်ပေးပါတယ်။အောင်မှတ်သမားတွေကိုတော့ ၄မှတ်ပေးကြပါတယ်။အရမ်းကို ထူးချွန်ပြီး လက်ရေးလက်သားသေသပ်မယ်၊စာလုံးပေါင်းအမှားအယွင်းမရှိဘူး၊ သပ်ရပ်မယ်ဆိုရင် ၇မှတ်အထိယူလို့ရပါတယ်။

မေးခွန်းနံပါတ်၄ဖြစ်တဲ့ ကဗျာမေးခွန်းရှည်မှာ ကျောင်းသားတော်တော်များများက စကားပြေထပ်ကို အမှတ်ပိုရကြပါတယ်။အနည်းဆုံး၅မှတ်၆မှတ်လောက်ကစရပါတယ်။စကားပြေလိုပဲ ၇မှတ်၊၈မှတ်အထိယူလို့ရပါတယ်။

မေးခွန်းနံပါတ်၅ဖြစ်တဲ့ ရေသည်မေးခွန်းရှည်မှာ အနည်းဆုံး၅မှတ်၆မှတ်လောက်ကစပြီးရကြပါတယ်။ရေသည်မေးခွန်းက ကိုယ်အားသာသလိုရေးလို့ရကြမိုလို့ ၇မှတ်လောက်ထိလည်းရကြတာများပါတယ်။၈မှတ်ကတော့ တကယ့်ကို ဂုဏ်ထူးသမားတွေရတာများပါတယ်။သူတို့ရဲ့စာတွေကိုကြည့်လိုက်မယ်ဆိုရင် လက်ရေးလက်သား၊စာလုံးပေါင်း၊သေသပ်မှုက လုံးဝကိုပြောစရာမရှိပါဘူး။

စာစီစာကုံး၊အဆိုအချေမှာ ကိုယ့်ရဲ့ စာဖတ်နှုန်းပေါ်မူတည်ပြီး အမှတ်အနည်းအများကွာသွားမှာပါနော်။အောင်မှတ်က၄မှတ်ကစပြီးပေးပါတယ်။အများဆုံး၈မှတ်ပါ။

မမတို့ အမှတ်တွေကို အများဆုံးယူပြီးတွက်လိုက်မယ်ဆိုရင်
အပိုင်း၁မှာ အမှတ်၅၀က အပြည့်အဝကိုယူလို့ရပါတယ်။အပိုင်း၂မှာ ကဗျာကို ၆မှတ်၊စကားပြေကို၅မှတ်၊ရေသည်ကို၇မှတ်လောက်ထားလိုက်ပြီး အဆိုအချေ၊စာစီစာကုံးကို နှစ်ခုပေါင်း ၁၂မှတ်ထားလိုက်မယ်ဆိုရင် အမှတ်၈၀ရပါလိမ့်မယ်။

ဒါကတော့ မမအကြမ်းမျဉ်းတွက်ပေးထားတာပါ။တကယ့်မြန်မာစာ ဂုဏ်ထူးမှတ်က ၇၅မှတ်ပါနော်။မမကပိုပိုလိုလိုဆိုပြီး အမှတ်၈၀တွက်လိုက်တာပါ။

ဒီနှစ်ဖြေမဲ့မောင်ငယ်၊ညီမငယ်လေးတွေ မြန်မာစာဂုဏ်ထူးရှင်များဖြစ်ကြပါစေလို့ မမဆုတောင်းပေးလိုက်ပါတယ်နော်။

#Maple
❤25❤‍🔥1
G12 Chemistry chapter-3 ကကျက်ထားသင့်တဲ့ short questions တွေပါ

အစ်မတို့ ဂျိုးဖြူကဆရာ Mr.Winကိုဂါရဝပြုလျက်ပါ🙏

တောင်းဆိုထားတဲ့ကလေးတွေအတွက်

https://t.me/studywithK2
#kelly
❤21
Essay လေ့ကျင့်ချင်သူများ အတွက်ပါ။

#studywithK2
#kelly
❤9❤‍🔥1
မနှစ်က မြန်မာစာကို ဒေါက်တာစိုးလွင်ရဲ့စာအုပ်ကိုင်ခဲ့ပါတယ်ရှင့်

#studywithK2
#kelly
❤8❤‍🔥1
မနေ့က အစ်မက မြန်မာစာဂုဏ်ထူးယူနည်းလေးပြောပြပြီးပြီဆိုတော့ ဒီနေ့တော့ အစ်မက အင်္ဂလိပ်စာ ဂုဏ်ထူးယူနည်းလေးကိုပြောပြပါမယ်နော်။

အင်္ဂလိပ်စာမှာ မေးခွန်းအရေအတွက်ကစုစုပေါင်း (၉)ခုရှိတယ်ပေါ့နော်။

အကယ်၍ မောင်ငယ်၊ညီမငယ်တို့က အင်္ဂလိပ်စာကို ဂုဏ်ထူးမှန်းထားမယ်ဆိုရင် အကြမ်းဖျင်းအားဖြင့် အစ်မအခုပြောပြမဲ့အမှတ်အရေအတွက်ပဲ မှားလို့ရမယ်ပေါ့နော်။

အင်္ဂလိပ်စာရဲ့ ပထမဆုံး‌ မေးခွန်းက အားလုံးသိတဲ့အတိုင်းပဲ Initial နဲ့ပါတယ်။English ရဲ့ initial က ၁ခုကို၁မှတ်နှုန်းနဲ့ ၁၀ခုကို ၁၀မှတ်ပေါ့နော်။အဲ့မှာဂုဏ်ထူးယူမဲ့ညီမငယ်၊မောင်ငယ်တွေက အများဆုံး ၂မှတ်ပဲ မှားခွင့်ရှိပါတယ်။ပြောရမယ်ဆိုရင် ၂ခုပေါ့နော်။

ဒုတိယမေးခွန်းက MCQလို့ခေါ်တဲ့ multiple choices questions ပါ။အဲ့ဒါကလည်း initial လိုပဲ ၁ခုကို၁မှတ်နှုန်းနဲ့ပေးထားတာပါ။အဲ့မှာကျရင် ၁ခုပဲ မှခွင့်ရှိပါတယ်။

တတိယမေးခွန်းက Grammar ပါ။Grammarကလည်း အပေါ်ကမေးခွန်းတွေလိုပဲ ၁ခုကို၁မှတ်နှုန်းပါ။ဆိုတော့က grammar မှာ ဂုဏ်ထူးယူမဲ့ ကလေးတွေက အများဆုံးက၂ခုပဲမှားလို့ရပါတယ်။

နောက်နံပါတ်၄နေရာမှာရှိမဲ့မေးခွန်းက Recall questions လို့ခေါ်တဲ့ poem and recall answer the question ပါ။ဂုဏ်ထူးယူမဲ့ကလေးတွေက
Poemမှာ ၅မှတ်အပြည့်ယူနိုင်ရပါမယ်နော်။နောက်ပြီး recall questions မှာ အများဆုံး၃မှတ်တော့ရအောင်ယူနိုင်ရပါမယ်နော်။

နံပါတ်၅မေးခွန်းက seen r.t.pလို့ခေါ်တဲ့ seen Read the passage ပါ။အဲ့မှာလည်း ကလေး‌တို့က အများဆုံး၈မှတ်ထိယူနိုင်ရပါမယ်နော်။

နံပါတ်၆မေးခွန်းက unseen r.t.pပါ။အဲ့မှာကအနည်းဆုံး ၁၂မှတ်လောက်အထိယူနိုင်ရပါမယ်။

နံပါတ်၇ မေးခွန်းက dialogue and exchange ပါ။အဲ့မှာတော့ ကလေးတို့က ၉မှတ်အထိယူနိုင်ရပါမယ်။

နံပါတ်၈နဲ့၉ကတော့ essay and letters ပါ။

အပေါ်ကအမှတ်တွေကို ပေါင်းကြည့်ရင် ၆၂မှတ်ရပါပြီနော်။ကျန်တဲ့အမှတ်တွေကို ကလေးတို့က essay and letters မှာအမှတ်ယူရပါမယ်နော်။မေးခွန်းနံပါတ်၇အထိကို ၇၅မှတ်အပြည့်ယူနိုင်တဲ့သူလည်းရှိပါတယ်။

Essay and letter လေ့ကျင့်ဖို့ကို admin kelly ပေးထားပါတယ်နော်။
နောက်ပြီး Essay and letters ကသူ့ရဲ့tensesမှန်ကန်အောင်ရေးသားနိုင်ရပါမယ်နော်။မဟုတ်ရင်ဘယ်လောက်ပဲကောင်းနေပါစေ အမှတ်မပေးပါဘူးနော်။

English စာဂုဏ်ထူးထွက်ဖို့အဓိကက textကိုကျေရပါမယ်နော်။

2025-2026ပညာသင်နှစ်မှာ English စာဂုဏ်ထူးရှင်လောင်းလျာလေးတွေဖြစ်ကြပါစေလို့ မမက ဆုတောင်းပေးလိုက်ပါတယ်ရှင်။

#Maple
❤19❤‍🔥1
MCQ quizလေးတွေမျိုးဖြေကြည့်ချင်ကြလား ဒါဆိုဘယ်ဘာသာတွေဖြေချင်ကြလဲ

ဒီညကျရင်တင်ပေးမယ်နော် အခုမဲပေးထားကြပါနော် မဲအများဆုံးဘာသာကိုတင်ပေးမယ်နော် ပြီးရင်ကိုယ်ဖြေချင်တဲ့ဘာသာက ဘယ်chapterအထိသင်ထားပြီးကြပြီလဲဆိုတာ discussion room ထဲမှာ မန့်ပေးသွားကြပါရှင့်
Final Results
8%
မြန်မာစာ
38%
အင်္ဂလိပ်စာ
15%
သင်္ချာ
19%
ဓာတုဗေဒ
4%
ရူပဗေဒ
15%
ဇီဝဗေဒ
0%
ဘောဂဗေဒ
ညောင်ရမ်းကြီးသမီးကျောက်စာ စကားပြေကို ______ ခေတ်တွင်ရေးသားခဲ့သည်။
Anonymous Quiz
72%
ပုဂံ
5%
အင်းဝ
20%
ညောင်ရမ်း
1%
တောင်ငူ
2%
ကုန်းဘောင်