Study with K2
1.58K subscribers
1.08K photos
31 videos
193 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
G-12 Physics
Chapter -7 (Details Questions)

Chapter -7(Teacher guide Question)

https://t.me/c/3033201717/965


#CrdtoDrVince
#studywithK2
#Maple
❤3
G-12 Physics
Chapter -8(Details Questions)

#CrdtoDrVince
#studywithK2
#Maple
❤3
G-12 Physics
Chapter -8(Teacher guide Question)


chapter -8 (Details Questions)
https://t.me/studywithK2/212

#studywithK2
#Maple
❤4
G-12 Biology
Chapter -1
မေးခွန်းချဉ်းကပ်လေ့လာခြင်း

ဒီမေးခွန်းတွေက Dr.YinWinရဲ့ မေးခွန်းတွေဖြစ်တဲ့အတွက် Trကိုအမြဲလေးစားဂါဝရပြုလျက်ပါ။🙏🏻

#studywithK2
#Maple
🍓16❤‍🔥1
Forwarded from G12 Physics by Dr Vince
2024_B_Quizzes_WA_All.pdf
438.9 KB
2024 Quizzes
2024 မေးခွန်းအစုံစုံတွင် မေးခဲ့သည့် Quiz များ ဖြစ်ပါသည်။
အမှတ်ပြည့်ရအောင် အချက်အလက် မကျန်ရအောင် ဖြေဆိုပြထားသောကြောင့် အဖြေက ရှည်နေနိုင်ပါသည်။
သေချာဖို့ လိုပါသည်။
❤‍🔥1
Forwarded from G12 Physics by Dr Vince
2025_B_Quizzes_WA_All.pdf
573.4 KB
2025Quizzes
2025 မေးခွန်းအစုံစုံတွင် မေးခဲ့သည့် Quiz များ ဖြစ်ပါသည်။
အမှတ်ပြည့်ရအောင် အချက်အလက် မကျန်ရအောင် ဖြေဆိုပြထားသောကြောင့် အဖြေက ရှည်နေနိုင်ပါသည်။
သေချာဖို့ လိုပါသည်။
Physics အတွက် ဉီးစားပေး ကြည့်ရမယ့်အပိုင်းတွေကိုပြောပြသွားပါမယ်

- physics မှာ အပိုင်းကြီးလေးပိုင်းပါဝင်ပါတယ်

(a) Mechanics

(b) Energy

(c) Electricity and magnetism

(d) Modern physics

တို့ဖြစ်ပါတယ်

အဲ့ထဲကမှ အမှတ်ရများပြီး ဉီးစားပေးကြည့်ရမယ့်အပိုင်းတွေကတော့

==> Electricity and magnetism ပိုင်းဖြစ်တဲ့ Chapter 9,10,11

- ဒီသုံးခန်းကိုသာ သေသေချာချာပိုင်ပိုင်နိုင်နိုင် ရထားရင် nearly 40 ကတော့ ပြေးမလွတ်ပါဘူး ကျက်စာတွေ တွက်စာတွေ ပုံတွေနဲ့ ၁မှတ်တန်တွေက အစ ထောင့်စေ့အောင်ကြည့်ထားရပါမယ်

==> နောက်တစ်ပိုင်းကတော့ Modern physics ဖြစ်တဲ့ chapter 12 and 13

- ဒီ ၂ခန်းက ကျက်စာအလွန်များတဲ့အပိုင်းဖြစ်ပါတယ် ကျက်စာကိုသာ နိုင်နိုင်နင်းနင်းကျက်ထားမယ် တွက်စာတွေရမယ် စာပိုဒ်တွေဖတ်မယ် ပုံတွေ လေ့ကျင့်ထားမယ်ဆို အမှတ် ၃၀ ကျော် ရမယ့်အပိုင်းဖြစ်ပါတယ်

==> Mechanics အပိုင်းဖြစ်တဲ့ chapter 1,2,3 ကတော့

- မှတ်ရလွယ်သလို စာလည်း သိပ်မများတဲ့အပိုင်းတွေဖြစ်ပါတယ် ဒီ ၃ခန်းပိုင်ထားမယ်ဆိုရင်တော့ အမှတ် ၂၀ ကျော်ရနိုင်ပါတယ်

==> energy အခန်းတွေဖြစ်တဲ့ chapter 4,5,6,7,8 ကတော့ နောက်ဆုံးမှကြည့်သင့်တဲ့အပိုင်းများဖြစ်ပါတယ်
🍓14❤6❤‍🔥3
ဘာသာစုံဂုဏ်ထူးထွက်ချင်သလား
🌳🌹🌳🌹🌳🌹🌳🌹🌳🌹🌳🌹

G12 ကျောင်းသားတစ်ယောက်ဟာ G12 မှာ သင်တဲ့ဆရာတွေ တော်နေရုံနဲ့ ဂုဏ်ထူးမထွက်နိုင်ပါ။
ကိုယ်သိတဲ့ မြန်မာစာပဲ ပြောပါ့မယ်။ လက်ရေးက
စကြပါစို့။ မြန်မာစာဂုဏ်ထူးထွက်ဖို့ လက်ရေးလှဖို့တော့မလိုပါ။ ဒါပေမဲ့ လက်ရေးပီသဖို့၊ ရှင်းလင်းဖို့၊ ညီညာဖို့တော့ လိုပါလိမ့်မယ်။ လက်ရေးလှတယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပဲပေါ့။

လက်ရေးဆိုတာမျိုးက မူလတန်း၊ အလယ်တန်းတုန်းက လှအောင် ပီအောင် သန့်အောင် သင်ပေးတဲ့ဆရာနဲ့ ကြုံခဲ့မှ လှနိုင်ပီနိုင်သန့်နိုင်တာပါ။ အထက်တန်းရောက်မှ လက်ရေးပြန်ကျင့်ဖို့က ကျောင်းသားက စိတ်မပါရင် မဖြစ်နိုင်တော့ပါဘူး။ လက်ရေးက မြန်ဖို့လဲ လိုပါတယ်။ ဂုဏ်ထူးထွက်အောင် ဖြေဖို့ဆိုရင် အချိန်က
အရေးပါလာပါတယ်။ မြန်မာစာမေးခွန်းမှာ စာစီစာကုံးပုံစံနဲ့ ဖြေရတာက ၅ ပုဒ်တောင် ပါတာဆိုတော့ လက်ရေးမမြန်ရင် ပီပီပြင်ပြင် ဖြေနိုင်ဖို့ ခက်ပါတယ်။ ဒါတွေက ငယ်စဉ်ကတည်းက လေ့ကျင့်ခဲ့ရမှာပါ။

စနစ်ဟောင်းခေတ်က ကိုးတန်းကျောင်းသားတစ်ယောက်က သူဆယ်တန်းမှာ မြန်မာစာ ဂုဏ်ထူးထွက်နိုင်လားလို့ မေးပါတယ်။ မထွက်ဘူးလို့ ကျွန်တော်က
ဖြေလိုက်တယ်။ ဘာ့ကြောင့်လဲတဲ့။ မင်းက စိတ်ကူးကောင်းတယ်၊ စာလဲဖတ်တယ်၊ ဒါပေမဲ့ မင်းလက်ရေးကို ဆရာဖတ်မရဘူး။ ဒါ့ကြောင့်ပါလို့ ပြောတော့
သူမြန်မာစာဂုဏ်ထူးလိုချင်တယ် ဘယ်လိုလုပ်ရမလဲတဲ့။ ဒါဆိုရင် လက်ရေးကျင့်ပါ။ လက်ရေးမလှတာ
မပီတာက ငယ်ငယ်က ဝလုံးကို ဝိုင်းအောင် ပီအောင်
မရေးခဲ့လို့၊ လေးကြောင်းမျဉ်းနဲ့ ဝလုံးကို ညီအောင်ဝိုင်းအောင် ရေးလို့ အကြံပေးလိုက်တယ်။ ကိုးတန်းတစ်နှစ်လုံး အချိန်ရတိုင်း သူဝလုံးရေးပါတယ်။
ဆယ်တန်းကျတော့ သူ့လက်ရေးက မလှပေမဲ့
ပီသလာတယ်၊ ညီညာလာပါတယ်။ မြန်မာစာဂုဏ်ထူးလဲ လိုချင်တယ်၊ စာဖတ်သူလဲဖြစ်တယ်၊ စိတ်ကူးလဲ ကောင်းတဲ့သူဖြစ်တော့ မြန်မာစာဂုဏ်ထူး
ထွက်သွားပါတယ်။

လက်ရေးပြင်နိုင်ရုံနဲ့ ဂုဏ်ထူးထွက်တာမျိုးတော့
မဟုတ်ပါဘူး။ သူ့ရဲ့စာဖတ်ဝါသနာကလဲ ဂုဏ်ထူးထွက်စေတဲ့ အကြောင်းတစ်ရပ်အဖြစ်ပါပါတယ်။ သူ့ကို
စာဖတ်ဝါသနာပါအောင်က G12 ဆရာက လုပ်မပေးနိုင်တော့ပါ။ ငယ်စဉ်က သင်ခဲ့တဲ့ ဆရာတွေ၊ ဒါမှမဟုတ် မိဘတွေ၊ အစ်ကို အစ်မ စသူတွေက လေ့ကျင့်ပျိုးထောင်ပေးခဲ့လို့ပါ။

နောက် သူတို့ရဲ့ စာကျက်နိုင်စွမ်းပါ။ မူလတန်း၊ အလယ်တန်းကတဲက သင်ရတဲ့စာတွေကို ကြိုးစားလေ့ကျင့်ကျက်မှတ်ခဲ့တာမျိုး မရှိဘူးဆိုရင် G12 ကိုရောက်တဲ့အခါ အဲဒီကျောင်းသား စာမကျက်နိုင်တော့ပါ။ စာမေးပွဲဆိုတာမျိုးက ရထားတဲ့စာရှိမှ ဖြေနိုင်တာမို့ အငယ်တန်းတွေတုန်းက ကြပ်ကြပ်မတ်မတ် အသင်မခံရတဲ့ကျောင်းသားဟာ G12 မှာ ထူးချွန်ဖို့
အလှမ်းဝေးပါတယ်။

စဉ်းစားတတ်တဲ့အလေ့ကလဲ ဂုဏ်ထူးအတွက်‌
အရေးပါပါတယ်။ ဒါတွေက ငယ်စဉ်ကတဲက
လေ့ကျင့်ပေးခဲ့ရမှာဖြစ်ပါတယ်။

စာစီစာကုံးကို ကိုယ်တိုင်ရေးတတ်အောင်ကလဲ
မူလတန်း၊ အလယ်တန်းမှာကမှ အစမပျိုးခဲ့ရင်
မလွယ်လှပါဘူး။

ကျောင်းသားတစ်ယောက် G 12 မှာ ဂုဏ်ထူးထွက်နိုင်
မထွက်နိုင်ဆိုတာ ဝါရင့်တဲ့ ဘာသာရပ်သင်ဆရာတိုင်းက ကျောင်းသားကို တစ်လလောက်သင်လိုက်တာနဲ့
သိတယ်။ တချို့ဆို စသင်တာနဲ့ကို သိတယ်။ အဲဒီလို
သိတယ်ဆိုကတည်းက G12 မှာ ကျောင်းသားတစ်ယောက် ဂုဏ်ထူးထွက်တယ်ဆိုတာ ဘယ်အတန်းကဆရာတွေရဲ့ အစွမ်းလဲဆိုတာ ရှင်းနေတာပဲလေ။

ဒါ့ကြောင့်ကျောင်းသား မိဘများအနေနဲ့
ကိုယ့်သားသမီကို G12 မှာ ခြောက်ဘာသာ ဂုဏ်ထူး ထွက်စေချင်ရင် G12 ကျမှ ဆရာကောင်းမရှာပါနဲ့ ။ မူလတန်း၊ အလယ်တန်းကတဲက ဆရာကောင်းတွေထံ အပ်နှံခဲ့ကြပါ။ တကယ်တော့ G12 ဆရာတွေဆိုတာ
ရှေ့ရောက်လာတဲ့ ဘောလုံးကို ဂိုးတိုင်ထဲ ကန်သွင်းတဲ့ လောလုံးတိုက်စစ်သမားတွေနဲ့ တူပါတယ်။ ‌တစ်သင်းလုံးကစားပေမဲ့ နာမည်ကျတော့ သူတို့ချည်းယူသွားတာ။ ဂိုးသွင်းလိုက်တဲ့ ဘောလုံးသမားကို ကောက်စားလို့ ပြောသလို G12 ဆရာတွေကိုလဲ
ကောက်စားဆရာတွေလို့ ပြောရမလားပဲ။

မြန်မာစာတစ်ခုတဲအတွက် ပြောရရင်
G 12 မှာ ဂုဏ်ထူးထွက်ဖို့
➡️ လက်ရေး ပီသရမယ်
➡️ လက်ရေး မြန်ရမယ်
➡️ စာကျက်နိုင်ရမယ်
➡️ စဉ်းစားတတ်ရမယ်
➡️ စာဖတ်တဲ့အလေ့အကျင့်ရှိရမယ်
➡️ စာစီစာကုံး အဆိုအချေ ရေးတတ်ရမယ်
ဒါတွေက အနည်းဆုံးတော့ G10,G11 က စရမှာ
ဒီထက်စောလေ သေချာလေပါပဲ။
အဲ အရေးကြီးဆုံးက ကျောင်းသားကိုယ်တိုင်က ဂုဏ်ထူးလိုချင်စိတ် ရှိရမယ်ဆိုတာပါပဲ။
ဘာသာရပ်တိုင်းမှာလဲ အဲဒီလို လိုအပ်ချက်တွေ
အတန်းငယ်ကတည်းက ဖြည့်ဆည်းခဲ့ကြရမှာပါပဲ။

ဒါ့ကြောင့်မို့ အတန်းအငယ်မှာ ဆရာကောင်းရှာ
သင်ထားကြပါ။

#Crdto ဦးမြင့်ဇော် (ရွှေတံခါး)
#studywithK2
#Maple
❤24❤‍🔥4🏆2🍓2
📢📢📢

ဒီနေ့မှာ အစ်မပြောပြပေးမယ့် အကြောင်းအရာလေးက မောင်လေးတို့၊ ညီမလေးတို့ အခုရက်ပိုင်း မေးနေကြတဲ့🤔
၁။ တစ်ရက်မှာ တစ်ဘာကို အချိန် ဘယ်လောက်ထားပြီးလုပ်သင့်လဲ။ ၂နာရီ လောက်ဆိုရပြီလား။

၂။တစ်ရက်မှာ စာဘယ်နှစ်နာရီလုပ်သင့်လဲ။

၃။ည ဘယ်အချိန်အိပ်၊ မနက်ဘယ်အချိန်ထ ရမလဲ။

တစ်ချို့ကလည်း Timetable လေး လုပ်ပေးပါလား တောင်းဆိုကြတယ်။

ကဲဟုတ်ပါပြီ အစ်မပြောပြ ပေးမယ်နော်။

၁။ တစ်ရက်မှာ တစ်ဘာသာကို အချိန် ဘယ်လောက်ပေးပြီးလုပ်သင့်လဲ ဆိုရင် အစ်မ အနေနဲ့အခုလို တစ်ဘာသာကို အချိန်ဘယ်လောက် သတ်မှတ်ထားပြီး တကယ်ပြီးအောင် လုပ်ဖို့ကလည်း ခဲယဉ်းပါတယ်။ တစ်ခါမှလည်းမအောင်မြင်ဖူးပါဘူး။ ဆိုတော့ အစ်မက တစ်ဘာကို အချိန်ဘယ်လောက် သတ်မှတ်ပြီး စာလုပ်တာကို အားမပေးပါဘူး👌။ ဒါပေမဲ့ အရေးကြီးဆုံးက တစ်ရက်မှာ ၆ဘာသာလုံးကို ထိတွေ့ဖြစ်အောင်တွေ့ပါ။ တစ်ဘာကိုအချိန်ဘယ်လောက်ဆိုပြီး သတ်မှတ်စရာမလိုပါဘူး။ ၆ဘာသာလုံး လုပ်ဖြစ်တယ်ဆို ရပါပြီ။ အဲ့လိုပြောလို့ တစ်ဘာသာကို ၅မိနစ်၊ နောက်တစ်ဘာသာကို ၅နာရီလောက် အဲ့လိုဆိုလိုတာမဟုတ်ပါဘူး❌။ ဆိုလိုတာက ကျက်စာဆို အနည်းဆုံး ၅မျက်နှာ ကျက်မယ်၊ တွက်စာဆို ၁ခန်းပြီးအောင်တွက်မယ် စသဖြင့်ပြောတာပါ✔️။ ဒါက ဥပမာအနေနဲ့ ပြောပြတာပါ။ မောင်လေးတို့ညီမ‌ေလးတို့ ကိုယ့်ကိုကိုယ် အသိဆုံးပါ ငါကစာကျက် ကြာတဲ့သူလား စသဖြင့် ဒါဆို ကိုယ့်ဘာသာချိန်ပြီး တစ်ရက်မှာ ၆ဘာသာလုံး လုပ်ဖြစ်အောင် ဘယ်ဘာသာတော့ဘယ်လောက်ထိပဲရမယ် ဘယ်ဟာကတော့ ဒီလောက်တွက်လို့ရတယ် စသဖြင့် ကိုယ်တိုင် တွက်ဆကြည့်လို့ရပါတယ်။

၂။ တစ်ရက်မှာ စာဘယ်နှစ်နာရီ လုပ်သင့်လဲ မေးခွန်းကို အစ်မဖြေဖူးပါတယ်။ စားတဲ့အချိန်ရယ်၊ အိပ်တဲ့အချိန်ရယ်ကလွဲပြီး လုပ်သင့်ပါတယ်လို့။ တစ်ချို့ကလည်း ဒီလောက်ထိ လုပ်ရမှာလားမေးကြတယ်😱။ ဟုတ်ပါတယ် ဒီလောက်ထိ လုပ်ရပါမယ်။ နောက်တစ်ခုပြောချင်တာက တစ်ရက်မှာ အနည်းဆုံး၅နာရီ အိပ်မယ်ဆိုရင် ၂၄နာရီမှာ ၁၉နာရီကျန်သေးတယ် ကျောင်းသွားတာက ၅နာရီပဲထား ၁၄နာရီကျန်မယ် ကျူရှင်လည်း အနည်းဆုံး၅နာရီ အကြာဆုံး၆ နာရီပေါ့ ဒါဆို ၈နာရီကျန်မယ် စားတာက တစ်နေကုန်စာ ၁နာရီကြာတယ်ပဲ ထားပါတော့ မင်းတို့မှာ ၇နာရီပဲကျန်မယ် အဲ့ဒါကိုမှ များတယ်ထင်နေကြရင်လည်း အစ်မမှာထပ်ပြောစရာမရှိတော့ဘူး😫။ နောက်ပြီး ကျောင်းတို့ ကျူရှင်တို့ဆိုတာလဲ ၁ပတ်လုံး ရှိနေတာမဟုတ်ပါဘူး။ မရှိတဲ့ရက်ဆို မင်းတို့ရဲ့ စာလုပ်ချိန်က ၁၀ နာရီအထက် ရပါတယ်နော်။

၃။ ညဘယ်အချိန်အိပ်ရမလဲဆို ၁၂မကျော်တာ အကောင်းဆုံးပါ။ ဒါပေမဲ့ တစ်ခါတစ်လေ အစ်မတို့လည်း မနက် ၁နာရီ၊ ၂နာရီထိဖြစ်ဖူးပါတယ်။ အစ်မကတော့ မနက်၃နာရီတို့ ၄နာရီထိ တို့တော့ မနေဖူးပါဘူး။ အလွန်ဆုံး မနက်၁နာရီထိပါပဲ ပြီးမှသာ မနက် ၆နာရီလောက်ပြန်ထဖြစ်တယ်။
မနက်ဘယ်အချိန်ထရမလဲဆိုရင် ၅နာရီကတော့အကောင်းဆုံးပါ။ ၆နာရီလည်း ရပါတယ်။ အဲ့ထက် မကျော်နဲ့တော့ပေါ့နော်။ ည၁၂ အိပ်၊ မနက်၅ ထ ကတော့ တော်တော်ကောင်းတဲ့ plan ပါပဲနော်💯။

တစ်ချို့က Timetable တောင်းတယ်၊ Timetable ဆိုတာမျိုးက ကိုယ့်အချိန် ကိုယ်သိပြီး ဆွဲတာအကောင်းဆုံးပါ။ အစ်မဆွဲပေးလဲ ကိုယ်က ကျူရှင်ရှိလို့ မလုပ်နိုင်ဘူး စသဖြင့်ဆို အဆင်မပြေဘူးလေ။ ဆိုတော့ ကိုယ်တိုင်လုပ်တာ အကောင်းဆုံးပါ👍။

ဟုတ်ပါပြီ။ အခုအစ်မပြောပြသွားတာတွေက အစ်မ experience နဲ့ယှဉ်ပြီးပြောပြသွားတာဖြစ်လို့ မှန်ချင်လည်း မှန်မယ်၊ မှားချင်လည်းမှားမယ်၊ ကိုယ်နဲ့ အဆင်ပြေဆုံးတစ်ခုကို ယူပါလို့ပဲပြောချင်ပါတယ်။

အခုလို စာအရှည်ကြီးကို အချိန်ပေးပြီးဖတ်ပေးလို့ အစ်မကတော့ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🥰။

အခုနီးကပ်လာသော နှစ်ဝက်စာမေးပွဲမှာလည်း ကိုယ်မှန်းထားတဲ့အမှတ်တွေရကြပါစေ။ စာမေးပွဲကြီးမှာလည်း ဂုဏ်ထူးတွေအများကြီးရကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။🏆🏆🏆

အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပြီး စာတွေလုပ်‌နိုင်ကြပါစေရှင့်။

#studywithK2
#Kelly
❤44❤‍🔥14🍓5
ကလေးတို့ရေ ဒီဆုလေးတွေက Study with K2 က Admin မမချောချောလေးတွေရခဲ့တဲ့ဆုလေးတွေပါ။


ဆုအရှည်ကြီးက ဂျိုးဖြူက Admin Kelly ရဲ့ဆုလေးပါ။

ကန်စွန်းအင်းကိုယ်ပိုင်ကျောင်းကဆုလေးက Admin Hanna မနေ့ကမှရခဲ့တဲ့ ပူပူနွေးနွေးဆုတံဆိပ်လေးပါ။

ကျန်တဲ့ဆုလေးက Admin Maple ရခဲ့တဲ့ အ.ထ.က(၁)ဒဂုံက ပေးတဲ့ဆုလေးပါ။

နောက် ကျောင်းတံဆိပ်ပုံလေးကတော့ Admin Kelly and Maple တို့တက်ခဲ့တဲ့ အထက(၁)ဒဂုံ ကျောင်းတံဆိပ်လေးပါ။

မမတို့တုန်းကထက် ကလေးတို့ကို ပိုပြီးဆုတွေအများကြီးဆွတ်ခူးစေချင်ပါတယ်။
ဒီဆုလေးတွေက ကလေးတို့ Motivation လေးရအောင်ပါနော်။ကြိုးစားကြပါကလေးတို့။

#studywithK2
❤‍🔥24🍓9❤4
Chemistry အတွက် ဉီးစားပေးကြည့်ရမယ့် အပိုင်းတွေကတော့

- Chapter 1

» ဒီအပိုင်းက အရေးကြီးဆုံးအပိုင်းဖြစ်သလို အမှတ်များများရနိုင်တဲ့အပိုင်းဖြစ်ပါတယ်
» chapter 1 မှာက အပိုင်းခွဲတွေတော်တော်များများပါသလို မှတ်ရတာများမယ့်အပိုင်းလည်းဖြစ်ပါတယ်
သေချာလေး စနစ်တကျ လေ့လာမယ်ဆိုရင်တော့ အပိုင်ရနိုင်တဲ့အခန်းဖြစ်ပါတယ်

- Chapter 6

» chapter 6 က chapter ၁နဲ့ spin ဆွဲတာချင်း တူခြင်း
» transition element 10 လုံးလေးအကြောင်းကိုပဲ မှတ်ရတာဖြစ်ခြင်း တို့ကြောင့် အမှတ်ရလွယ်တဲ့အပိုင်းဖြစ်ပါတယ်

- Chapter 8

» heavy အပိုင်းတွေဖြစ်တဲ့ chapter 1 တို့ chapter 6 တို့လို chapter 8 ကလည်း မှတ်ရတာများပါတယ်
» chapter 8 က organic ခန်းဖြစ်တဲ့အတွက် G11 က organic အခြေခံလေးသာ ရမယ်ဆိုရင် easy-going သွားလို့ရပါတယ်
» chapter 8 မှာ organic compound နဲ့ macromolecules ဆိုပြီး ၂ပိုင်းပါဝင်ပါတယ် တစ်ပိုင်းချင်းစီကို စနစ်တကျ လေ့လာသွားမယ်ဆိုရင် အမှတ်သယ်မဲ့ အခန်းပဲဖြစ်ပါတယ်

- Chapter 2,3,4

» ဒီအခန်းလေးတွေက ပေါ့ပေါ့ပါးပါးအခန်းလေးတွေပါ chp 1,6,8 တို့သင်ပြီးရင် ဒီအခန်းတွေက စာလည်းနည်းပြီး လွယ်ပါတယ်

- Chapter 5

» တွက်စာအခန်းဖြစ်ပါတယ် ဒီအခန်းကနေ တွက်စာတွေပိုင်ပိုင်နိုင်နိုင်တွက်ထားသင့်ပါတယ်

- Chapter 7

» သူကတော့ အမှတ်ရနည်းပြီး စာများများကြည့်ရတဲ့အပိုင်းဖြစ်လို့ အခြားအခန်းအားလုံးပိုင်ပြီးမှ ကြည့်ရပါမယ် Bio လို ကျက်စာတွေပဲမို့ နောက်ဆုံးမှ ကြည့်သင့်ပါတယ် မကြည့်နိုင်ရင် လွှတ်လို့ရတဲ့အခန်းဖြစ်ပါတယ်
❤20❤‍🔥3
စာစီစာကုံးကို ဘယ်လိုရေးရမလဲ။ ဘယ်လိုတွေးခေါ်ရမလဲ။ဆိုတာကိုမသိတဲ့ကလေးတွေအတွက်ပါ။

#Crdpic
#studywithK2
#Maple
❤3❤‍🔥1🥰1
G-12 Biology
Chapter -1(မေးခွန်းချဉ်းကပ်လေ့လာခြင်း အပိုင်း-၂)

အပိုင်း-၁
https://t.me/studywithK2/214

ဒီမေးခွန်းတွေဟာ Dr.YinWinရဲ့မေးခွန်းတွေဖြစ်တဲ့အတွက် တီချယ့်ကို အမြဲလေးစားဂါဝရပြုလျက်ပါ။🙏🏻

#studywithK2
#Maple
❤3❤‍🔥1🥰1