Study with K2
1.65K subscribers
1.09K photos
31 videos
196 files
76 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
Study with K2
Hello ကလေးတို့ရေ Founder ဆီကနေ ခရမ်းနဲ့ သာကေတ က ကလေးတစ်ယောက် ပညာဒါန စာအုပ်လာထုတ်သွားပြီး ပါဆယ်ပို့ဖို့ ဖုန်းဆက်တာ ဖုန်းနံပါတ်အမှားကြီးပေးခဲ့လို့ အဲပါဆယ်လေးကို ခရမ်းနဲ့ သာကေတ က တစ်ခြားလိုအပ်တဲ့ကလေးတွေ လိုချင်ကြလား…? တကယ်လို လိုချင်တယ်ဆို channel direct message…
ဒါလေးတွေ လာယူလို့ရပါသေးတယ်ရှင့်
Hello

ကလေးတို့ရေ Founder ဆီကနေ ခရမ်းနဲ့ သာကေတ က ကလေးတစ်ယောက် ပညာဒါန စာအုပ်လာထုတ်သွားပြီး ပါဆယ်ပို့ဖို့ ဖုန်းဆက်တာ ဖုန်းနံပါတ်အမှားကြီးပေးခဲ့လို့ အဲပါဆယ်လေးကို ခရမ်းနဲ့ သာကေတ က တစ်ခြားလိုအပ်တဲ့ကလေးတွေ လိုချင်ကြလား…?

တကယ်လို လိုချင်တယ်ဆို channel direct message ဆီ ဆက်သွယ်လို့ရမဲ့ ph noရယ် လိပ်စာလေးရယ်လာပြောပေးနော်။

ပါဆယ်လေးက ခရမ်း၊သာကေတ ကိုရောက်နေပြီရယ်။လိပ်စာလေး ပြန်ပြောင်းပေးပါ့မယ်။

Edit -

#AdminMaple #StudywithK2
ဘဝမှာ အကုန်လုံး တစ်ခါတော့ ကြုံတွေ့ဖူးကြမှာပါ

especially girllss ''I can fix him but he fix me''

အခုချိန်မှာ မင်းပြုပြင်ရင် ပြုပြင်နိုင်သလောက်

မင်းဘဝအတွက်ကောင်းလာစေမယ့် အရာတစ်ခုရှိတယ်

အဲ့တာကမင်းလေးတို့သိပြီးသား

မင်းတို့ရဲ့ ''ပညာရေး''

မင်း fix လုပ်နိုင်သလောက် သူက ကောင်းတဲ့ result ထွက်လာစေလိမ့်မယ်

ပထမနှစ်ဝက်အတွက် အချိန်မှီပါသေးတယ်နော်

အချိန်မှီ fix လုပ်ကြပါ girllss တို့ boyyss တို့

တစ်ချိန်ချိန်မှာ ''I can fix him/her for another woman/man ''

ဖြစ်သွားနိုင်ပေမယ့်

မင်းတို့အခု fix လုပ်ရမယ့် စာကတော့ တစ်ပါးသူမခိုးယူနိုင်ပါဘူးနော်

အမှန်တရားပေမယ့် နည်း''တော့ခါးတာပေါ့
ရင်ဘတ်လဲနည်း''တော့အောင့်မယ် ချစ်တို့ရေ

#studywithK2
#volunteer_admin_cyrus
#admin_Kelly_team
❤18🤗3
G-12~Chemistry Objectives.pdf
5.4 MB
"Hello Hello''

This is time to share chemistry old questions+objectives

အမတုန်းကတော့ ဒီမေးခွန်းတွေကို January လောက်မှစလေ့ကျင့်ဖြစ်ခဲ့ပေမယ့်

ဂျူနီယာလေးတို့ကိုကြိုတင်လေ့ကျင့်စေချင်လို့ sharing လုပ်ပေးလိုက်ပါတယ်နော်

တစ်အုပ်လုံးမသင်ရသေးဘူးဆိုတိုင်း ကျော်သွားဖို့မစဥ်းစားပါနဲ့ နိုး နိုး

ဂျူနီယာလေးတို့သင်ပြီးတဲ့အခန်းရဲ့ စာလေးတွေကို လေ့ကျင့်လို့ရပါတယ်နော်

ကယ် ကျော်ချင်ခွချင် ဆိုက်ကားမနင်းဘဲ

Chemistry ဂုဏ်ထူးမှတ်ကျော်အောင် ဒီ fileလေးနဲ့အတူ လေ့ကျင့်ကြပါစို့နော်

#studywithK2
#admin_Kelly_team
#volunteer_admin_cyrus
❤4
The Final Sprint (နောက်ဆုံး အစွမ်းကုန် ပြေးရမယ့်အချိန်)

"Great things never came from comfort zones.''

ပထမနှစ်ဝက်စာမေးပွဲရက်တွေဟာ အဝေးကြီးမှာ မဟုတ်တော့ဘဲ လက်တစ်ကမ်းကို ရောက်လာပါပြီ။

ပင်ပန်းနေတယ်ဆိုတာ သိပေမဲ့ ဒီအတိုင်း လက်မလျှော့လိုက်ပါနဲ့။

အခု ပေးဆပ်လိုက်ရတဲ့ ညမအိပ်ရတဲ့အချိန်တွေ၊
စာရေးခုံပေါ်က ပင်ပန်းမှုတွေဟာ
မကြာခင်မှာ မင်းရဲ့ ဂုဏ်ယူစရာ အောင်မြင်မှုတွေ ဖြစ်လာတော့မှာပါ။

နောက်ဆုံး စက္ကန့်ထိ အစွမ်းကုန် ရုန်းထွက်လိုက်ပါ!

"မင်းရဲ့ အိမ်မက်တွေက ဒီစာမေးပွဲထက် ပိုကြီးမားပါတယ်။ အစွမ်းကုန်ဆက်ပြေးပါ!"

#studywithK2
#admin_Kelly_team
#volunteer_admin_cyrus
❤13🫡3⚡2
If you get tired, learn to rest, not to quit."


စာကြည့်ရတာ ခေါင်းတွေပူပြီး Burnout ဖြစ်လာရင် ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။

၁၅ မိနစ်လောက် လေကောင်းလေသန့် ရှု

ရေအေးအေးသောက်ပြီး စိတ်ကို အနားပေးလိုက်ပါ။

နားလိုက်တာဟာ အရှုံးပေးတာ မဟုတ်ဘူး

ပိုဝေးဝေး ခုန်ကူးနိုင်ဖို့ နောက်ဆုတ်လိုက်တာပါ။

အားပြန်ပြည့်တာနဲ့ စာရေးခုံမှာ ပြန်ထိုင်ပြီး အောင်ပွဲဆီ ဆက်လျှောက်ကြရအောင်။

''ခြေနှစ်လှမ်းတိုးဖို့အတွက် ခြေတစ်လှမ်းနောက်ဆုတ်တယ်လို့ပဲ မှတ်ယူလိုက်ပါ''

#studywithK2
#admin_Kelly_team
#volunteer_admin_cyrus
❤15
"Don't compare your Chapter 1 to someone else's Chapter 20."

သူများတွေ ဘယ်နှစ်ခေါက် ပြီးသွားပြီ၊

ဘယ်လောက် တော်နေပြီဆိုတာတွေကို လိုက်ကြည့်ပြီး စိတ်ဓာတ်မကျပါနဲ့။

စာမေးပွဲဆိုတာ တခြားသူနဲ့ ပြိုင်ရတာမဟုတ်ဘူး၊

မနေ့က ကိုယ့်ထက် ဒီနေ့ ပိုတော်အောင် ပြိုင်ရတာပါ။

ဖုန်းကို ခဏဘေးဖယ်၊

တခြားသူတွေကို မကြည့်ဘဲ မင်းရဲ့ စာအုပ်ပေါ်မှာပဲ 100% Focus ပေးလိုက်စို့။

"မင်းရဲ့ ပြိုင်ဘက်ဟာ မနေ့က မင်းကိုယ်တိုင်ပဲ။
ဖြည်းဖြည်းချင်း ကြိုးစားသွားပါ!"

#studywithK2
#admin_Kelly_team
#volunteer_admin_cyrus
❤22❤‍🔥1
ဒီနေ့ မြန်မာစာတွေကျက်နေကြပြီးပေါ့


ကလေးတို့အနေနဲ့ မနက်ဖြန် မြန်မာစာဖြေရမှာဖြစ်တဲ့ အတွက် အကိုမျှဝေချင်တာလေး ရှိပါတယ်

အဲ့တာကတော့ ဒီနေ့ကတည်းက စပြီးသင်ယူပါ

ဘာတွေ သင်ယူရမလဲဆိုရင် အချိန်ကို manage လုပ်တတ်ဖို့ပါပဲ

ဒီနေ့ဆိုရင် အရေးကြီးဆုံးဖြစ်တဲ့ ရှေ့ပိုင်း အမှတ်၅၀ဖိုးကို အရင်အပိုင်ရအောင်ကျက်ရမယ်
ပြီးမှ အပုဒ်ကြီးတွေနွေးရမှာပါ

နောက်တစ်ချက်က မနက်ဖြန် စာမေးပွဲခန်းမှာ အတတ်နိုင်ဆုံးအချိန်လောက်စေဖို့ သေချာလေး အချိန်ကို စီမံပါ

အချိန်မလောက်ခဲ့ရင်လည်း အကြောင်းအရင်းသေချာရှာထားပါ ဒီနှစ်ဝက်ပြီးရင် သေချာ review ပြန်လုပ်ပါ


#Voluteener_admin_primo
#StudywithK2
#admin_Kelly_team
❤19🤝2
မြန်မာစာဖြေပြီးပြန်လာတဲ့ကလေးတွေ ထမင်းစားပြီး ဖုန်းတစ်ချက်ကြည့်မယ့်အစား ခဏလေးအိပ်လိုက်ပါ

ဒါပေမယ့် ဖုန်းကိုင်လို့ ဒီစာကိုမြင်တာဆိုတော့ ဖုန်းကိုင်ရင်း အကျိုးရှိအောင်Guidelineလေး ပေးပါရစေ

အရင်ဆုံး တစ်ရေးအိပ်ပြီးနိုးတာနဲ့
စာပိုဒ်တွေကိုပြန်ဖတ်ပါ Read the passage ,writing အတွက် အကျိုးရှိပါတယ်

ပြီးတာနဲ့ Poem‌တွေကျက်ပြီးချရေးပါ
Answer the Question တွေကိုသေချာပြန်ကျက်ပါ

နေ့လည်တစ်ပိုင်းကုန်ပြီး ညဘက်လောက်ရောက် အချိန်ပိုခဲ့မှ Dialogue
Initial MCQတွေပြန်နွေးသွားပါ

မနက်ဖြန်လည်း ဖြေနိုင်ကြမှာပါ

မြန်မာစာ မရခဲ့တာရှိရင် ဒီအောက်မှာရေးခဲ့ပြီး မေ့လိုက်တော့နော်
Engအတွက် ပြင်ဆင်ကြရအောင်

#Voluteener_admin_primo
#StudywithK2
#admin_Kelly_team
❤19❤‍🔥6🍓2💘2
မြန်မာစာနဲ့ English နှစ်ဘာသာပြီးသွားပြီးဆိုတော့ ဒီကျောင်းပိတ်ရက်နှစ်ရက်မှာ ဘယ်လိုmanageလုပ်ကြမလဲ🤔🤔

"နှစ်ရက်တောင်ပိတ်တာပဲ ဒီနေ့ နားလိုက်မယ်"

အဲ့လို မလုပ်ကြပါနဲ့ ဒီနေ့ည တစ်ပိုင်းလုံးက အရမ်းတန်ဖိုးရှိပါတယ်

နေ့လည်ပြန်ရောက် ထမင်းစားနားပြီး တစ်ရေးအိပ်လိုက်ပါ နိုးတာနဲ့ ကိုယ်အားနည်းတဲ့ ဘာသာကို စကိုင်သင့်ပါပြီး

ကျောင်းသားအများစုကတော့ Bioတွေကျက်ကြမယ်ထင်ပါတယ်

Bioတွေပြန်နွေးကြပါ(ကိုယ်အားနည်းတဲ့ ဘာသာကို လုပ်လို့ရပါတယ်)

နွေးတဲ့အခါမှာ ခေါင်းထဲထည့်ရမှာက 

"ငါဒီနေ့ လုပ်မယ့် ဘာသာကို မနက်ဖြန်ဖြေရရင် ငါမှီပါ့မလား" အဲ့စိတ်ထည့်ပြီးလုပ်ပါနော်

ဘာကြောင့်လဲဆိုတော့ ‌စာမေးပွဲကြီးမှာ ခုလို ပိတ်ရက်ပေးမယ်ဆိုပြီး အာမခံချက်မရှိလို့ပါ


မြန်မာနဲ့English မှာ လိုအပ်ချက်တွေရှိသွားရင် ဒီမှာ ဝင်မန့်ပြီး မေ့လိုက်တော့နော် ကျန်တဲ့ဘာသာတွေအတွက်ပြင်ဆင်ကြရအောင်


#admin_Kelly_team
#StudywithK2
#Voluteener_admin_Primo
❤14❤‍🔥4💘2
‎စာမေးပွဲကာလချိန်တောင် ဖုန်းတအားသုံးနေမိတဲ့သူတွေ ရှိတယ်မလား။

‎ဒီလိုမျိုး သုံးမိမှန်း သတိထားမိတဲ့ချိန်ကျ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပဲ ခုပဲ ငါ စာလုပ်တော့မယ် ဆိုပြီး စိတ်ပြောင်းကြည့်ပါ။

‎ဒီလို ချိန်မှာ 321 method ကို ကလေးတို့ စမ်းကြည့်ကြနော်။

‎ကလေးတို့ ဖုန်းကြည့်တာကို ခဏလောက် ရပ်လိုက်ပြီး စိတ်ထဲကနေဖြစ်ဖြစ် 3  2  1ကို ဖြေးဖြေး ရွတ်ပြီး 1လို့ ဆုံးတာနဲ့ ဖုန်း ပိတ်လိုက်ပါ။ ပြီးတာနဲ့ ချက်ချင်း စာစလုပ်ပါ။

‎ဒီနည်းလမ်းက ဦးနှောက်ကို လှည့်စားတဲ့သဘောပါ။

အာရုံတစ်ခုက တစ်ခုပြောင်းတဲ့အခါ ဒီနည်းလမ်းက ကလေးတို့အတွက် အရမ်း အသုံးဝင်လာပါလိမ့်မယ်။


#studywithK2
#admin_Kelly_team
#volunteer_admin_jane
❤22🍓3❤‍🔥2☃2
သင်္ချာဖြေနိုင်ခဲ့ကြလား

ဖြေနိုင်တာပဲဖြစ်ဖြစ် မဖြေနိုင်တာပဲဖြစ်ဖြစ် ခဏလောက်မေ့ထားလိုက်တော့နော်

ဒီနေ့က Chemistryတွက် အားစိုက်ထုတ်ရမယ့် အချိန်ပါ

ကဲ ကလေးတွေ လုပ်ရလွယ်အောင် study planလေး ပေးပါမယ်

အရင်ဆုံးအိမ်ပြန်ရောက်ပြီး ထမင်းစား တစ်ရေးတစ်မောအိပ်ပြီး နေ့လည်နှစ်နာရီ သုံးနာရီလောက်ကျရင် စာ စလုပ်ပါ

-အခုplanကို အစဉ်အတိုင်းလုပ်နော် ကိုယ်မကြည့်တဲ့အခန်းဆိုရင် ကျော်ပါ


-ပထမဆုံး အခန်း၁
Basic Understanding to Chemical bond (spin ဆွဲတာတွေပါမယ် Principal 2ခု Ruleတစ်ခု အဲ့တာတွေကျက်ရမယ်)
ပြီးရင် Ionic Bond, Covalent bond, Metallic Bond,နောက်ဆုံး Intermolecular forces
အကုန်လုံးကို တစ်ပိုင်းချင်းလုပ်ပါ

-ဒုတိယတစ်ခုက Ch2
အရင်ဆုံး energy transformation တွေသေချာကြည့်ပါ
Enthalpy ပုစ္ဆာ(solution and neutralization)
Hess's cycle ပုံစံသုံးမျိုးး

-Ch-3
Rateတွေရေးတတ်ရမယ် ပုစ္ဆာတွက်တတ်ရမယ် ပြီးတာနဲ့ ကျက်စာအပိုင်းကို ကျက်ရမယ်

-Ch-4 Le Chatelier's principal
သူနဲ့သက်ဆိုင်သော ကျက်စာ စာသားတွေ temperature concentration pressure

Ch-5 key termတွေ ပုစ္ဆာတွေ rev ex ကျက်စာတွေ👀


ဒီအစဉ်အတိုင်းသေချာလေး တစ်ပိုင်းချင်းကြည့်သွားပါ

တစ်ခုခု မရခဲ့တာပဲဖြစ်ဖြစ် မေးချင်တာပဲဖြစ်ဖြစ် အကို့ရဲ့ အကောင့်ကို တိုက်ရိုက်လာမေးနိုင်ပါတယ်
@Primo165

#StudywithK2
#adminteam
#Voluteener_admin_primo
❤‍🔥13❤6🍓2🐳1
Chemistry ဖြေနိုင်ခဲ့ကြလား

ဖြေပြီးရင် မေ့ထားလိုက်တော့နော်

ဒီနေ့က Physics ပြင်ရမယ်။ ဘာသာတွေထဲ အခန်းအများဆုံး

ကလေးတွေကိုအနေနဲ့ Ch1 to7ထိ ပါမယ်ထင်ပါတယ်

-အရင်ဆုံး ထမင်းစားပြီး ခဏနား ပြီးစာလုပ်နော် တစ်ရေးအိပ်ချင်ရင် ခဏပဲအိပ်။

-ပထမဆုံး mechanic အပိုင်း(1 2 3)ကို အပိုင်လုပ်ပါ

-ပြီးမှ energy ပိုင်းကို ဖြည်းဖြည်းချင်းလုပ်ပါ။

Figureတွေ Review တွေ Exပုစ္ဆာတွေ သေချာလုပ်ပါ။ အကောင်းဆုံးပြင်ဆင်ပါ။

#Voluteener_admin_primo
#admin_Kelly_team
#StudywithK2
❤17❤‍🔥4
စာမေးပွဲမှာ အမှတ်အဆင့် ( A ) ရဖို့ဆိုတာ ကလေးတို့အတွက် ကမ္ဘာကြီးပျက်သလို အရေးမကြီးပေမဲ့ ပျော်ရွှင်မှုတော့ပေးပါတယ်။❣

‎အမှတ်ထွက်လာလို့ ကိုယ့်ကို ( All A ) ရပါတယ် ဆိုပြီး  report card မှာ တွေ့ရတဲ့အချိန် ကလေးတို့တွေ ကိုယ်တိုင် confidence ဆိုတာဘာလဲ၊ life-satisfaction ဆိုတာဘာလဲကို သိလာမှာပါ။🤩🤩

‎ဒါကြောင့် ဖြစ်လာမဲ့ ကိုယ့်ရဲ့ အနာဂတ်လေးကို စိတ်ကူးလေးယဉ်ပြီး ကြိုးစားကြပါနော်။🥸🥸

#studywithK2
#admin_Kelly_team
#volunteer_admin_jane
🍓16❤6🤗3
စာမေးပွဲပြီးရန် ( 3 )ရက် သာ ကျန်ပါတော့တယ်။🥳🥳

‎ဒီလိုချိန်တွေဆို ပင်ပန်းပြီး စာတွေ မလုပ်တော့ဘူးဆိုပြီး မနေနဲ့နော်။

‎ကလေးတို့က ကိုယ့်အဖြေစာရွက်ကို ဆရာမဆီပြန်မရ‌သေးခင်အထိ ကြိုးစားခွင့်ရှိသေးပါတယ်။

‎So, Make Hay While The Sun Shines 🌞.

#studywithK2
#admin_Kelly_team
#volunteer_admin_jane
❤‍🔥11❤7😭6
စာမေးပွဲနီးချိန်တွေမှာ စာကျက်ထားရဲ့သားနဲ့ စိတ်ပူနေတဲ့သူတွေရှိလား။

‎ဒါဆို ခေါင်းအေးအေးထားဖို့ စာကျက်တာတွေ ခဏရပ်လိုက်ပါ။

‎စာမေးပွဲမနက်တွေမှာ အဲ့လို ခံစားရရင် မနက်စာ အရင် စားလိုက်ပါ၊ မနက်စာက ကလေးတို့အတွက် မှတ်ဉာဏ်ပိုကောင်းစေပါတယ်။

‎နောက်ထပ်တစ်နည်းက ဘုရားရှိခိုးပါ၊ ‌ဗုဒ္ဓဘာသာမှ ဘုရားရှိခိုးရတာ မဟုတ်ပါဘူးနော်။

‎တခြားဘာသာမှာဆိုရင်လည်း ကိုယ်ကိုးကွယ်တဲ့ ဘာသာကို အာရုံပြုဖို့ ကြိုးစားကြည့်ကြပါနော်။
‎ဒါဆို ကိုယ့်အတွက် ယုံကြည်မှုတိုးစေပြီးစိတ်ငြိမ်စေပါတယ်။

#studywithK2
#admin_Kelly_team
#volunteer_admin_jane
❤11🤗3
စာမေးပွဲဖြေတဲ့အခါ အရှေ့ဘာသာတွေ လျှန်းခဲ့ကြ၊ မှားခဲ့ကြတဲ့ မောင်ရှမ်း၊မယ်ရှမ်းလေးတွေ ရှိကြလား။🤯🤯

‎ဒီလို လျှန်းခဲ့ကြတယ်ဆို ပြီးသွားတဲ့ဘာသာတွေအတွက်စိတ်အားမငယ်နေပါနဲ့နော်။😇😇

‎ကလေးတို့ဘဝမှာ ဒီလို အဖြစ်အပျက်တွေ အများကြီး ကြုံရဦးမှာပါ။😫😫

‎ဒီလိုတွေဖြစ်တဲ့ချိန်တိုင်း ကိုယ့်ကိုယ်ကိုယ် အားပေးစကားပြောပြီး နောက်တစ်ခေါက် ငါ မမှားဝောာ့ပါဘူးလို့ နှစ်သိမ့်လိုက်ပါ။🤗🤗

‎စာမေးပွဲတွေမှာဆိုရင်လည်း ကိုယ့်ကိုယ်မှားခဲ့တာကို ခွင့်လွှတ်ပြီး နောက်ဘာသာကျ ပိုအမှတ်ကောင်းအောင် ကြိုးစားပြမယ်လို့ ကိုယ့်ကိုယ် ကတိပေးလိုက်ပါ။🤗🤗

‎ဒီနည်းလမ်းလေးက self-forgiveness ဖြစ်ပြီးတော့ ကလေးတို့အတွက် အသုံးဝင်လာပါလိမ့်မယ်။😎🤓

#studywithK2
#admin_Kelly_team
#volunteer_admin_jane
❤20🤗1