Study with K2
1.65K subscribers
1.09K photos
31 videos
196 files
76 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
မြန်မာစာ ဂုဏ်ထူးထွက်ဖို့ အရမ်းခက်တာလား🤔🤔

ဘယ်လိုလုပ်ရင် ဂုဏ်ထူးသေချာမလဲ 🤔

အကို့ မြန်မာစာ ဆရာမ လုပ်တဲ့နည်းအတိုင်းလေး shareပေးမယ်နော်

ဆရာမ ရှေ့ပိုင်း အမှတ်၅၀ကို ဦးစားပေးတယ်

အပြော အရေးတွေကို အကုန် နုတ်တိုက်ကျက်ခိုင်းတယ်။ ဘာလို့ဆို ကွက်လပ်က စာကြောင်းအတိုင်း ချပေးတဲ့အတွက် စာချောနေမှ ဖြေနိုင်မယ် ယူဆလို့ပါ

အပြောအရေးရယ် စာမိတ်ဆက်တွေ ရရင် ၃၀ ပြည့်ကို ပြည့်ပါတယ်

ပြီးရင်ခက်ဆစ် ခက်ဆစ်က ရေသည် မဖြစ်မနေကျက်ရပါတယ်။ပြီးရင် ကဗျာ ဖြစ်ဖြစ် စကားပြေဖြစ်ဖြစ် ‌တစ်ခု ကျက်ရင် ရပေမယ့် ဆရာမက အကုန်ကျက်ခိုင်းပါတယ်

ငါးမှတ်တန် တစ်ပုဒ်ကတော့ ရှေ့ပိုင်းကျက်ရင်း အလိုလိုရပါတယ်။ ရှေ့က အကုန်ကျက်ခဲ့တာကိုးး

ရေသည်စကားဆက်ကတော့ အထပ်ထပ် ဖတ်တယ် ဘယ်ဟာ ဘယ်အခန်း ၊ဘယ်အပုဒ်က ထူးခြားလဲ၊ အစရှိသဖြင့် မေးခွန်းဟောင်းနဲ့တွဲကြည့်ရင် ငါးမှတ်ကွက်တိရပါတယ် ကျက်စရာမလိုပါဘူး

အပုဒ်ကြီး စကားပြေ ကဗျာ ရေသည်ကတော့ ဆရာမပေးတာ ကျက်ရတာပါ

ဒါမယ့် ကဗျာစာသားတွေနဲ့ ရေသည် ကောင်းကောင်းဖတ်ထားခဲ့ရင် ကျက်ရ အများကြီးသက်သာပါတယ်


နောက်ဆုံး အဆိုနဲ့ စာစီစာကုံးကတော့ ဖတ်အားက အဓိကပါပဲ form မှန်အောင်ရေးတာနဲ့ အမှတ်က ရှိပါတယ်
ပိုကောင်းရင်တော့ အမှတ်တက်ပါတယ်

အချုပ်ပြောရရင် ဂုဏ်ထူးထွက်ဖို့

ရှေ့ပိုင်း ၅၀ပြည့်ရပါတယ်
ရှေ့မှာ ၅၀ပြည့်ခဲ့ရင် နောက်ပိုင်းအပုဒ်ကြီး ၅ပုဒ်မှာ ၅မှတ်စီတွက်ရင်တောင် ထွက်ပါတယ်


ဒါနဲ့ အဲ့လို စနစ်တကျ လေ့လာဖို့အတွက် Study with K2မှာ အတန်းလေးတစ်တန်း ဖွင့်ပါမယ်
စည်းကမ်းချက်ကတော့ သင်တဲ့အချိန် မှာသေချာလေး နားထောင်ပေးပါ
စာမေးပွဲကို အချိန်မရွေး စစ်ပေးမှာမလို့ စာလေး သေချာလေး လုပ်ပေးဖို့လည်း လိုပါတယ်
Zoom ဖြစ်တဲ့အတွက် face to face စာမေးလိုက် စာဖြေလိုက်လုပ်မှာမလို့ camera လေးဖွင့်စေချင်ပါတယ်
ကျန်တာက အတန်းမှန်မှန်တက်ရင်ရပါပြီဗျ ( ၁မှတ်တန် ဉီးစားပေးလုပ်ပေးမှာမလို့ပါ)

ကျောင်းသားဦးရေက ၁၅ယောက်လောက်ပဲလက်ခံမှာမို့ ပညာဒါနအတန်းလေးjoinပြီး စာအမြန်လေ့လာလိုက်ကြပါနော်🤗🤗

#admin_Kelly_team
#StudywithK2
#Voluteener_Admin_Primo
#Teacher_Aura
❤17
မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT)

ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း
စာလုပ်ဖို့ မိုတီတွေ အမျိုးမျိုးပေးနေပေမယ့် အနီးဆုံးမှာရှိပြီး မေ့နေတတ်ကြတဲ့ မိုတီလေးတစ်ခုရှိတယ်

အဲ့ဒါ ကိုယ့်မိဘ

စာလုပ်ဖို့ပျင်းလာတိုင်း ကိုယ်မိဘကိုသာ လှမ်းကြည့်လိုက် သူတို့သာ အလုပ်လုပ်ဖို့ ပျင်းနေရင် ငါတို့အခုလို အဆင်ပြေပြေစာသင်ရပါ့မလား

ဘယ်သူမှတော့ ကိုယ့်မိဘ ပင်ပန်းနေတာကို ကျေကျေနပ်နပ်ကြီးကြည့်နေမှာတော့မဟုတ်လောက်ဘူး ဟုတ်တယ်မလား မိဘပင်ပန်းတာမြင်တိုင်း စာပိုလုပ်ဖြစ်အောင် ကြိုးစားပါ

ဒါမှ ကိုယ့်တစ်လှည့် မိဘကို ချမ်းချမ်းသာသာကျန်းကျန်းမာမာ ပြန်ထားနိုင်မှာ

မိဘကို ဦးတည်ပြီးလုပ်တဲ့အလုပ်တိုင်း အောင်မြင်တယ်ဆိုတာ မမေ့ကြပါနဲ့


#StudywithK2
#AdminKelly
#Post_Department_Team
❤20⚡2💘2🍓1🫡1
G12ကလေးတွေ ဒီနှစ်ဝက်ကို အားထည့်ပြီးဖြေကြနော်

ဒီစာမေးပွဲလေးကို skipမယ် နောက်မှ ကြိုးစားမယ်မလုပ်ပါနဲ့


ဒီစာမေးပွဲရလဒ်ကို ကြည့်ပြီး ကိုယ်က ပြန်သုံးသပ်ရမာမို့ သေချာလေးဖြေကြပါနော်


#Voluteener_admin_primo #StudywithK2 #admin_Kelly_team
❤19🍓6
လာမဲ့ October လအတွင်းမှာ Study With K2 Channel ရဲ့ Founder က G-12နဲ့သက်ဆိုင်တတဲ့စာအုပ်လေးတွေကို ပညာဒါနပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

ဘယ်လိုစာအုပ်တွေပါဝင်မလဲ…?

အဓိက က Founder Admin Maple ရဲ့ Note တွေအဓိကပါဝင်မှာဖြစ်ပြီး exercise တွေလည်းအများကြီးလုပ်လို့ရမဲ့ past papers တွေလည်းပါဝင်မှာဖြစ်ပါတယ်။

ဘယ်လိုမျိုး ပါဝင်ရမလဲ…?

စာအုပ်အတွက်အဖိုးအခက Admin Maple က ပညာဒါနလှုတာဖြစ်လို့ ယူမဲ့ကလေးတွေဘက်က Deli ခလေးရှင်းပေးနိုင်ရင်ကို ပါဝင်နိုင်ပါပြီ။

ဘယ်ဘာသာရပ်တွေကအဓိကလဲ…?

အဓိကအနေနဲ့ မြန်မာ၊biology၊English read the passage, initial စတဲ့ ဘာသာရပ်တွေပါဝင်မှာဖြစ်ပါတယ်။

ဒီတော့ ကိုယ့်အတွက် တကယ်လိုအပ်မယ်ထင်တဲ့ဘာသာရပ်လေးကို channel ရဲ့ direct message မှာပြောပြလာထုတ်လို့ရပါပြီ။

#AdminMaple #StudywithK2 #Graphic_designer_by_Thuz
❤15
ကလေးတို့ရေ

ပညာဒါန စာအုပ်အလှုလေးအတွက် Founder မမဆီမှာ စာအုပ်တွေအများကြီးမရှိတာဖြစ်လို့ လူ (၁၀)ယောက် လောက်ပဲအလှုလုပ်ပေးလို့ရပါမယ်ရှင်။

အဲထပ်များလာရင် တစ်ယောက်ချင်းစီရမဲ့ စာရွက်လေးတွေက နည်းနည်းလေးဖြစ်ပြီး ကလေးတို့ရှင်းရမဲ့ Deli ခနဲ့ မကာမိမှာစိုးလို့ပါ။

အခုထိ founder ကိုလာပြောထားတာ (၈)ယောက်ရှိပါပြီ။

ဒီအလှုလေးကို Study With K2 Channel ရဲ့၁နှစ်နဲ့၁လပြည့်အထိမ်းအမှတ်အနေနဲ့ Founder မမ လုပ်ပေးတာပါရှင်။

#AdminMaple #StudywithK2 #Graphic_designer_by_Thuz #Graphic_designer_deperment
❤16
သူ့နှလုံးသားလေးထဲမှာ နေရာလေး limited ပြည့်သွားသလိုပါပဲ

အောက်က Champaign လေးတွေကလည်း out of stock လေးဖြစ်သွားပါပြီ။

https://t.me/studywithK2/2114

https://t.me/studywithK2/2115


စာရွက်လေးတွေရလိုက်တဲ့ကလေးတွေအားလုံး ရထားတဲ့စာရွက်လေးတွေကို သေချာအသုံးချပြီး ဖြေဆိုနိုင်ပါစေ။

မရလိုက်တဲ့ကလေးတွေကလည်း စိတ်မကောင်းမဖြစ်ဘဲ Founder မမ ထပ်ရှာလို့တွေ့ရင် ထပ်လာပေးပါဦးမယ်နော်။

အားလုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အကောင်းဆုံးဖြေဆိုနိုင်ပါစေ။

#AdminMaple #StudywithK2
❤12
စာရလား စာမရသေးဘူးလားဆိုတာကို ဘယ်လို ဆန်းစစ်ကြမလဲ🤔🤔

-ကျောင်းသား အများစုက စာကိုအလွတ်ဆိုနိုင်ရုံနဲ့ စာရပြီး ထင်ကြပါတယ်။ ဒါပေမယ့် အဲ့တာက 50%နှုန်းပဲ ရသေးတာပါ။

ဒါဆိုရင် ဘယ်လိုဖြစ်မှ 100% စာရတာလဲ

အဖြေကဝောာ့ စာကို အခန်း တစ်ခန်းချင်းဆီအလိုက် article တွေအလိုက် အလွှတ်သုံးသပ်တတ်ပြီးဆိုရင် စာတကယ်ရပါပြီးး။

ဥပမာ- Chemistry ဆိုရင် အခန်း၁ခေါင်းစဉ်က ဘာလဲ။ ပထမဆုံး ဘာအကြောင်းရှင်းထားတာလဲ Artical 1.1 1.2တွေက ဘာတွေပြောထားတာလဲ အဓိက မှတ်ရမှာက ဘာတွေလဲ အစရှိသဖြင့်ပေါ့

အဲ့ဒီလို သင်ခန်းစာ chapter တစ်ခုကို အပေါ်စည်းကနေ ရှုမြင်နိုင်ပြီးဆိုရင် စာကို ပိုင်ပိုင်နိုင်နိုင်ရနေပါပြီး🥳🥳

အဲ့တာဆိုရင် ကလေးတို့အနေနဲ့ စာတွေကျက်လို့ရနေပြီးဆိုတာနဲ့ ကိုယ့်ဟာကိုယ် review လုပ်ကြပါလို့ မှာချင်ပါတယ်

#StudywithK2
#admin_Kelly_team
#Voluteener_admin_primo
❤15❤‍🔥7
Grade 12 အမှတ်ပေးစည်းမျဥ်းပုံစံ

#Crd
❤5🍓2🤗2
အချစ်ရေးမှာ bare minimum ပဲရလို့ စိတ်ညစ်နေပြီလား??

အမြဲတမ်း princess treatment ပေးနိုင်မှ ဘဝထဲကိုဝင်ခဲ့ပါဆိုတဲ့သူတွေရော 👀

မင်းလေးတို့ရဲ့ ပညာရေးကိုရော princess treatment ပေးမိကြရဲ့လား??

စာလေးကိုဂရုတစိုက်နဲ့ ကျက်မှတ်ကြရဲ့လား?

ပညာရေးကို bare minimum လောက်ပဲပေးပြီး

result ကျ princess treatment လောက်မလိုချင်ကြရဘူးနော်

စာသေချာမလုပ်ဘဲ result ကောင်း''ရချင်နေတဲ့သူတွေ သိဖို့😏

#studywithK2
#volunteer_admin_cyrus
#admin_Kelly_team
😭15❤5❤‍🔥2
အိပ်ရေးပျက်ခံပြီး စာလုပ်တာက အဖြေမဟုတ်ဘူး👀👀

ကျောင်းသားအများစုက တစ်နေ့စာ တစ်နေ့မပြီးရင် စိတ်တွေပူပြီး ညဉ့်နက်အထိ စာလုပ်တတ်ကြပါတယ်။ နောက်နေ့ကျရင် အိပ်ငိုက်နေပြီး ပင်ပန်းနေကြပါပြီး။
သေချာပါတယ် ဒီပုံစံအတိုင်းလုပ်သွားရင် တစ်ပတ် နှစ်ပတ်ဆိုရင် ဆေးချိတ်ရပါပြီး။

ထိထိရောက်ရောက်စာလုပ်ချင်ရင် ကလေးတို့အနေနဲ့ အိပ်ရေးဝဖို့လိုပါတယ်။ အနည်းဆုံး တစ်ရက်ကို ၇နာရီအိပ်ဖို့ လိုတယ်။ ဒါပေမယ့် ကိုယ်က ၆နာရီလောက်နဲ့ အိပ်ရေးဝရင်လည်း ကိုယ့်အပေါ်ပဲ မူတည်ပါတယ်။

"အိပ်ရေးဝဝအိပ်လိုက်ရင် စာလုပ်တဲ့အချိန်တွေလျော့သွားမှာပေါ့" 🤔🤔

မလျော့ရအောင် ထိရောက်တဲ့ Time management လုပ်ဖို့လိုအပ်ပါတယ်။

တစ်နေ့တာမှာ Milliseconds လေးတွေကို အသုံးချပါ။ တစ်ခါတစ်လေ ကိုယ်စာကို အာရုံမစိုက်ဘဲ စကားတွေပြောနေမိတာ အိပ်ငိုက်နေမိတာ ဖုန်းသုံးမိတာတွေမှာ စာဘက်ကို အချိန်ပေးလိုက်ရင် အိပ်ရေးဝဝအိပ်တာက စာကို ထိခိုက်စေမှာ မဟုတ်တော့ပါဘူး

အချုပ်ပြောရရင် ကလေးတို့က တစ်ရက် နှစ်ရက် တစ်ပတ် နှစ်ပတ် မဟုတ်ဘဲ တစ်နှစ်ပတ်လုံးလုပ်ရမှာ ဖြစ်တဲ့အတွက် ရေရှည်သွားနိုင်မယ့် လမ်းကိုရွေးပါ။

စာလုပ်ချိန်များတာက ကောင်းပါတယ် ဒါပေမယ့် အိပ်ရေးလည်းဝမယ် စာလုပ်ချိန်လည်းများမယ်ဆိုရင် ပိုကောင်းပါတယ်

#StudywithK2
#Voluteener_admin_primo
#admin_Kelly_team
❤19
စာမေးပွဲနီးလာတဲ့အချိန်မှာ

ဝင်လာတတ်တဲ့အတွေးတစ်ခုရှိတယ်🤔

အဲ့တာက

ဒီကမ္ဘာမှာ စာကလွဲရင်အကုန်လုံးက စိတ်ဝင်စားဖို့ကောင်းနေတာပါပဲ🤧

ဘေးနားမှာရှိတဲ့ ရေခွက်ဒီဇိုင်းကစလို့

တီဗွီက အပိုင်းတစ်ရာကျော်နေတဲ့ အိန္ဒိယဇာတ်လမ်းတွဲ

မြန်မာဇာတ်လမ်းတွဲ အခုဆို AI ဇာတ်လမ်းတွေပါ အစစ်ပါလာပြီ

အာရုံဆိုတာ စာမေးပွဲနီးလေ လွင့်လို့ကောင်းလေပဲ

အခုလဲ ဖုန်းသုံးရင်း ဒီစာကိုဝင်ဖတ်နေတာမှတ်လား🧐

react ပေးပြီးဖုန်းဆက်သုံးဖို့စဥ်းစားမနေနဲ့ 😡

စာသွားလုပ်ပါတော့နော် ဂျူနီယာလေးတို့😏

#studywithK2
#volunteer_admin_cyrus
#admin_Kelly_team
😭23❤1☃1👌1🗿1
Chem အတန်းလေးတက်ပြီး စာမေးပွဲလေးမဖြေလိုက်ရတဲ့ကလေးတို့အတွက်

ဆရာရဲ့မေးခွန်းလေးလာပါပြီ။

#AdminMaple #AdminMaple
❤‍🔥5
Hello

ကလေးတို့ရေ Founder ဆီကနေ ခရမ်းနဲ့ သာကေတ က ကလေးတစ်ယောက် ပညာဒါန စာအုပ်လာထုတ်သွားပြီး ပါဆယ်ပို့ဖို့ ဖုန်းဆက်တာ ဖုန်းနံပါတ်အမှားကြီးပေးခဲ့လို့ အဲပါဆယ်လေးကို ခရမ်းနဲ့ သာကေတ က တစ်ခြားလိုအပ်တဲ့ကလေးတွေ လိုချင်ကြလား…?

တကယ်လို လိုချင်တယ်ဆို channel direct message ဆီ ဆက်သွယ်လို့ရမဲ့ ph noရယ် လိပ်စာလေးရယ်လာပြောပေးနော်။

ပါဆယ်လေးက ခရမ်း၊သာကေတ ကိုရောက်နေပြီရယ်။လိပ်စာလေး ပြန်ပြောင်းပေးပါ့မယ်။

Edit -

#AdminMaple #StudywithK2
❤15
Energy မှာ limit ရှိတယ်

ကလေးတို့ကို အိပ်ရေးဝဝအိပ်ဖို့ပြောထားပြီးပြီးဆိုတော့ အခုက energy အကြောင်းပြောပါမယ်

နေ့တစ်နေ့ကို နိုးထပြီး စွမ်းအင်ဖြည့်ရတယ်။ အဲ့ဒီ energy ကို နေရာ အမျိုးမျိုးမှာ အသုံးချရပါတယ်။ ကလေးတို့က စာလုပ်တဲ့နေရာမှာ ပိုသုံးရတယ်။

အဲ့တာကြောင့် ကိုယ့် energy ကို ကိုယ့်ပန်းတိုင်အတွက်အပြည့်အဝ အသုံးချကြပါ။ energy တွေ focus တွေကို စာသင်ခန်းမှာ အပြည့်အဝ အသုံးချပါ။ Timeကို management လုပ်သလို energy ကိုလည်း management လုပ်ပါ

Energy တွေမှာ limit ရှိပါတယ်

#StudywithK2
#Voluteener_admin_Primo
#admin_Kelly_team
❤18🍓1
Volunteer needed!!

အထက်ပါဖော်ပြတဲ့ရာထူးနဲ့ စိတ်ပါဝင်စားတဲ့သူများ channel ရဲ့ Direct message မှာ လျှောက်ထားနိုင်ပါပြီနော်

#GraphicDesigner_by_Thu
#AdminTeam
#studywithK2
❤3
Study with K2
Hello ကလေးတို့ရေ Founder ဆီကနေ ခရမ်းနဲ့ သာကေတ က ကလေးတစ်ယောက် ပညာဒါန စာအုပ်လာထုတ်သွားပြီး ပါဆယ်ပို့ဖို့ ဖုန်းဆက်တာ ဖုန်းနံပါတ်အမှားကြီးပေးခဲ့လို့ အဲပါဆယ်လေးကို ခရမ်းနဲ့ သာကေတ က တစ်ခြားလိုအပ်တဲ့ကလေးတွေ လိုချင်ကြလား…? တကယ်လို လိုချင်တယ်ဆို channel direct message…
ဒါလေးတွေ လာယူလို့ရပါသေးတယ်ရှင့်