Study with K2
1.59K subscribers
1.08K photos
31 videos
192 files
73 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
မနက်ဖြန် ဖြေရမယ့် ကလေးတွေအားလုံးလည်း ဖြေနိုင်ကြပါစေ ဖိုက်တင်းပါ good luck 🫂

#studywithK2 #AdminKelly
❤28
Forwarded from Academic Mentor
ယုံကြည်အားထားပြီး ထားနိုင်ပါပြီ 😂

#Academic_Mentor@guideforG_12
🍓7❤3😐1🤓1
Forwarded from Academic Mentor
G-12 ကလေးတွေရှိမယ် ထင်လို့ ချယ်တင်ပေးလိုက်ပါတယ်။

Physics
Chapter 7 & 8

မူရင်းတင်သူကို ချယ် လေးစားစွာဖြင့် credit ပေးပါတယ်ရှင်။

#Academic_Mentor@guideforG_12
❤8
"မိုးစက်ကလေးများပျောက်ကွယ်သွားခြင်း။

🌧ဒီစာလေးမင်းတို့ဖတ်မိတဲ့အချိန် မိုးလေးရွာနေဖို့မျှော်လင့်ပါတယ်ရှင်။ဒါမှမဟုတ် မိုးရွာမှဖတ်ပေးပါနော်။🌧

ဒီရက်ပိုင်းမိုးတွေအများကြီးပဲရွာတယ်နော်။

ရွာသွန်းနေတယ့်မိုးစက်လေးတွေကြည့်ရင်း တွေးမိတာမရှိဘူးလား။

အမGrade-12တုန်းကလေ မိုးရွာရင် စာကျက်တာလေးခနရပ်ပီး မိုးရွာတာလေးသွားကြည့်မိတယ်။

စိတ်လေးကြည်လင်လန်းဆန်းသွားတာပါပဲ။ပြီးတော့ တစ်ခုလဲတွေးမိသေးတယ်သိလား။

မိုးတွေရွာပြီးရင် မိုးစက်ကလေးတွေပဲကျန်ခဲ့ပြီး ရွာသွန်းခဲ့တယ့်မိုးတွေကတော့ပျောက်ကွယ်သွားတယ်လေ။

အဲ့လိုပဲ ဂျူနီယာလေးတို့ကျက်ခဲ့တဲ့စာတွေကရော ကျက်တုန်းခဏပဲ ပြီးတော့ ပျောက်ကွယ်သွားပြီလား။

စာအပိုင်းအစလေးတွေက မိုးစက်အဖြစ်ပဲကျန်ခဲ့ပြီလား။

အမကတော့အဲ့လိုအချိန်တိုင်း စိတ်ဓာတ်ကျရမယ့်အစား ရယ်မိတယ်။ ဘာလို့လဲဆိုတော့ အမကျက်ခဲ့တဲ့စာတွေကတကယ်ပဲမိုးစက်လေးတွေလိုပျောက်ကွယ်သွားလို့လေ။

ရယ်ပြီးတော့မှ မိုးစက်လေးတွေလို အမကျက်ထားတဲ့စာလေးတွေပျောက်ကွယ်မသွားအောင် သေချာကျက်ဖို့ စိတ်ထဲတွေးမိတယ်။

ကယ် ဂျူနီယာလေးတို့ရော ဘယ်လိုထင်လဲ။

ကျက်မှတ်ထားတယ့်စာတွေကရေစက်ကလေးတွေလိုပဲ ပျောက်ကွယ်သွားပြီလား။

ရေစက်ကလေးတွေလိုမြန် မြန်ပျောက်ကွယ်မသွားဖို့ စာသေချာကျက်ကြပါစို့နော်။

#admin_Kelly_team
#volunteer_admin_cyrus
#studywithK2
❤9❤‍🔥2😭2
မင်္ဂလာနံနက်ခင်းပါ ကလေးတို့

ယနေ့ကျရောက်တဲ့ ဝါဆိုလပြည့်နေ့မှာ ကောင်းတဲ့စကား၊ ကောင်းတဲ့အပြုအမူ၊ ကောင်းတဲ့စိတ်ထား၊ ကောင်းမှုကုသိုလ်လေးတွေပဲ လုပ်ကြပါ။ အလွန်မွန်မြတ်လှတဲ့နေ့လေးဖြစ်တာမို့ မကောင်းတာတွေကိုအထူးရှောင်ကြဉ်ပြီးနေကြပါ။

ပညာရေးကဏ္ဍတော့မပြောတော့ပါဘူး နေ့တိုင်းပြောနေကြဆ်ိုတော့ စာမေးပွဲတိုင်းမှာခက်အခဲမရှိဘဲ ကိုယ်မျှော်မှန်းထားတဲ့အတိုင်းတွေရကြပါစေလို့ တစ်နှစ်လုံးစာဆုတောင်းပေးလိုက်ပါတယ် ကလေးတို့

စာလည်းလုပ်ကြ ဘုရားတရားလည်းမမေ့ကြပါနဲ့ ဘက်စုံလုပ်ထားမှသာ အကောင်းဆုံးဖြစ်မှာပါ

#adminteam
#studywithK2
❤26🕊1
ပိန်းကြာရွက်ပေါ် ရေမတင်သလို စာကျက်ပြီးမေ့သွားခြင်း"

"ကျက်သမျှ စာတွေ ပိန်းကြာရွက်ပေါ် ရေမတင်သလို မေ့နေတယ်" လို့ ခံစားနေရရင်ဒါဟာပုံမှန်ပါပဲ။

တစ်နေကုန် ကျက်လိုက်ရတာ၊ အခု ပြန်စဉ်းစားတော့ ဘာမှ မမှတ်မိတော့ဘူး။

မနက်ကဘာကျက်ခဲ့လဲတောင် မမှတ်မိတော့ဘူး။အစလဲဖော်မရတော့ဘူး။

မင်းလေးတို့သေချာပေါက်ဒါကိုခံစားရမယ်ဆိုတာ အမကနားလည်ပြီးသားပါ။

အမကိုယ်တိုင်လဲအဲ့လိုဖြစ်ခဲ့လို့လေ ဟီးဟီး။

ဂုဏ်ယူပါတယ်။

မင်းလေးတို့ ဦးနှောက်က ပုံမှန်အတိုင်း အကောင်းကြီးရှိပါသေးတယ်။

ဦးနှောက်ပျက်သွားလည်းမဟုတ်ပါဘူး။

Just Brain is not Braining!

ဒါဟာ Grade-12 ကျောင်းသားတိုင်း ဖြစ်နေကျအရာလေးထဲကတစ်ခုပါ။

တကယ်တော့လေ ဦးနှောက်ရဲ့ သဘာဝဟာ ဖတ်လိုက်တဲ့ စာတိုင်းကို အလွတ်ရနေဖို့ထက်
အကြိမ်ကြိမ် လေ့ကျင့်ပေးမှ အနည်ထိုင်မှတ်မိအောင် စီမံထားတာပါ။

ပိန်းကြာရွက်ပေါ် ရေဆတ်လိုက်ရင် ရေစက်တွေ လိမ့်ထွက်သွားပေမဲ့
ကြာရွက်ဟာ ရေရဲ့ အေးမြမှုကို ခံစားလိုက်ရပြီးသားပါ။


အလားတူပါပဲ ဖတ်ဖူးခဲ့တဲ့၊ ကျက်ဖူးခဲ့တဲ့ စာတွေဟာ ဘာမှ မကျန်ခဲ့ဘူးလို့ ထင်ရပေမဲ့
ဦးနှောက်ထဲမှာ "အသိပညာ မှတ်ဉာဏ် (Subconscious Memory)" အဖြစ် ကျန်ရှိနေပြီးသားပါ။

အခု မေ့နေတယ်ဆိုတာ သဘာဝပါ။

ဒါကြောင့် "ထပ်ခါထပ်ခါ ပြန်ကြည့်ခြင်း (Revision)" ဆိုတာ ရှိတာပါ။

စာမေးပွဲခန်းထဲမှာ မေးခွန်းကို မြင်လိုက်တဲ့အခါ ကျက်ခဲ့ဖူးတာတွေဟာ အလိုလို ပြန်ပေါ်လာပါလိမ့်မယ်။

"မေ့တယ်" ဆိုတာ စာမရတာ မဟုတ်ပါဘူး၊ ဦးနှောက်က ခဏ သိမ်းထားတာပါ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုမပျောက်ပါနဲ့၊ ထပ်ခါထပ်ခါ ရေလောင်းပေးသလို ဖတ်ပေးရုံပါပဲ။

#admin_Kelly_team
#volunteer_admin_cyrus
#studywithK2
❤14🗿3🍓2💘1
2024 to 2026 အထိ တက္ကသိုလ်ဝင်တန်းအောင်ထားတဲ့ စီနီယာများဆီသို့ သတင်းကောင်းတစ်ခု ယူဆောင်လာခဲ့ပါပြီဗျာ။📣

ကျွန်တော်တို့ရဲ့ Study With K2 Channel ကနေ စီနီယာကြီများ ကျွမ်းကျင်စွာ သင်ယူတတ်မြောက်ခဲ့တဲ့ ပညာရပ်များကို အနာဂတ်မှာ တောက်ပမယ့် ကြယ်ပွင့်ကလေးများဆီ လက်ဆင့်ကမ်းပေးနိုင်မယ့် ပညာဒါနအတန်းလေးတွေဖွင့်လစ်ဖို့ ရှိပါတယ်ဗျာ။

ကျွန်တော်တို့ဆီ ပါဝင်သင်ကြားပေးဖို့ ဆရာ၊ဆရာမ အခက်အခဲရှိနေပါသဖြင့် စီနီယာကြီးများဆီအကူအညီတောင်းအပ်ပါတယ်ဗျာ။

စာသင်ကြားရတာကို ဝါသနာအရင်းခံ စိတ်ပါဝင်စားကြသော စီနီယာကြီးများအနေဖြင့် ကျွန်တော်တို့၏ Study With K2 channel ရဲ့ direct massage မှာ တိုက်ရိုက် လာရောက်လျှောက်ထားနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ဗျာ။

အသေးစိတ်ကိုလည်းညှိနှိုင်းနိုင်ပါတယ်ဗျာ။

ဒီမှာလည်း လာလျှောက်နိုင်ပါတယ် - @studywithK2bot

#StudywithK2 #adminteam #Volunteer_Calling #Graphic_designer_deperment #Graphic_designer_by_Poe
❤11
"တစ်ချိန်ချိန်မှာပြီးသွားမှာပါ"

​စိတ်ရူပ်ထွေးနေတဲ့အခါ ခဏလောက် အနည်ထိုင်ခွင့် ပေးလိုက်ပါ။

ဂျူနီယာလေးတို့ ကော်ဖီခွက်လေးတစ်ခွက်ကိုဖျော်ကြည့်ပါ။

​ကော်ဖီကို စဖျော်လိုက်တဲ့အခါ ကော်ဖီအနည်တွေဟာ ဖန်ခွက်တစ်ခုလုံးမှာ အဝှေ့ခံရပြီး နောက်ကျိနေတတ်ပါတယ်။

အဲဒီအချိန်မှာမရပ်ဘဲ ဇွန်းနဲ့ ထပ်မွှေနေရင် ပိုပြီးတော့ပဲ နောက်သွားတော့မှာပါ။

ဒါပေမဲ့ ခဏလောက် ငြိမ်ငြိမ်လေး ဒီအတိုင်း ထားလိုက်ရင်တော့
အနည်တွေဟာ သူ့အလိုလို အောက်မှာ ငြိမ်ကျသွားပြီး
ကြည်လင်တဲ့ ကော်ဖီရည်ကို ရရှိလာတာကို တွေ့ရပါလိမ့်မယ်။

မင်းလေးတို့အကြိုက် အိပ်ချင်ပြေစေမယ့် အရသာရှိရှိကော်ဖီလေးပေါ့။

အဲ့ဒီ့သဘောတရားလိုပဲ

​စာတွေကျက်လိုက်မေ့လိုက်ဖြစ်လာချိန်မှာ စိတ်ဖိအားတွေ၊ စိုးရိမ်စိတ်တွေ၊
"ငါအသုံးမကျလိုက်တာ" ဆိုတဲ့
အတွေးတွေနဲ့ မင်းလေးတို့ခေါင်းထဲမှာ ခါးသက်တဲ့ ကော်ဖီခွက်လို ဖြစ်နေတတ်ပါတယ်။

​အရာရာကို ချက်ချင်း အဖြေရှာဖို့ မဖြစ်နိုင်တဲ့အခါ
စိတ်ကို ခဏလောက် အနည်ထိုင်ခွင့် ပေးလိုက်ပါ။

​စာကျက်ရတာ မဝင်တော့ဘူးဆိုရင် စာအုပ်ကို ခဏပိတ်ထားလိုက်ပါ။

ခေါင်းအေးအေးထားပြီး လေကောင်းလေသန့် ရှူလိုက်ပါ။

စိတ်အနည်ထိုင်သွားတဲ့အခါမှ စာပြန်ကြည့်ရင် ပိုပြီး ကြည်ကြည်လင်လင်နဲ့ အာရုံစိုက်နိုင်ပါလိမ့်မယ်။

စိတ်ထဲ နောက်ကျိနေတာဟာ မင်းလေးရဲ့ ကျရှုံးမှုမဟုတ်ပါဘူး၊ ခဏလောက် နားဖို့ လိုအပ်နေတာပါပဲ။

Don't Forget To Take Care Your Mental Health Guyyyss

#admin_Kelly_team
#volunteer_admin_cyrus
#studywithK2
❤16🍓1
"The First Page"

ဒီနေ့ဟာ မင်းလေးတို့ စာအုပ်အသစ်ရဲ့ ပထမဆုံး စာမျက်နှာပါ။

မနေ့ကစာမျက်နှာကိုမေ့လိုက်တော့။

ဒီနေ့က မင်းလက်ထဲမှာရှိနေတဲ့ စာအုပ်အသစ် စာမျက်နှာအသစ်တွေနဲ့။

Grade 12 ကျောင်းသားအများစုဟာ "မနေ့က စာမရလိုက်ဘူး"
"လွန်ခဲ့တဲ့လတွေက အချိန်ဖြုန်းခဲ့မိတယ်" ဆိုတဲ့
နောင်တတွေနဲ့ အတိတ်မှာ ပိတ်မိနေတတ်ကြပါတယ်။

ဒါပေမဲ့ စာအုပ်တစ်အုပ်မှာ အရင်စာမျက်နှာတွေမှာ မင်စွန်းခဲ့ရင်တောင်
နောက်ထပ် စာမျက်နှာအသစ်ကို လှပစွာလှန်လို့ရသေးတယ် ဆိုတာ မမေ့ပါနဲ့။

မနေ့က အမှားတွေကို ဒီနေ့ ရင်ဘတ်ထဲ ထိန်းထားဖို့ မလိုပါဘူး။

မနက်ဖြန်အတွက် ကြောက်ရွံ့မှုကိုလည်း ဒီနေ့ ခေါင်းထဲ ထည့်မထားပါနဲ့။

မင်းလေးပိုင်ဆိုင်ထားတာဟာ "ဒီနေ့" ဆိုတဲ့ ခါးသီး/ချိုမြိန်ခွင့်ရှိတဲ့ ၂၄ နာရီပါပဲ။

ဒီနေ့ကစပြီး အသစ်ပြန်စပါ။

လွန်ခဲ့တဲ့ရက်တွေက အရေးမကြီးတော့ပါဘူး၊
ဒီနေ့ စာတစ်ပုဒ် ပိုရရင်၊
ဒီနေ့ စာတစ်ကြောင်း ပိုဖတ်နိုင်ရင် သင်ဟာ မနေ့ကထက် ရှေ့ကို တစ်လှမ်း ပိုရောက်သွားပါပြီ။

ဆိုတော့ ဒီနေ့ရဲ့စာမျက်နှာက မင်းလက်ထဲမှာပဲရှိတယ်။ မင်းဘယ်လိုပုံဖော်မှာလဲအပေါ်ဘဲမူတည်တယ်။

ကိုယ့်ရဲ့စာမျက်နှာတွေပြန်လှန်တယ့်အခါ နောင်တရမယ့်စာမျက်နှာလား။

ဒါမှမဟုတ်

ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူစွာနဲ့အပြုံးတွေဖြစ်ပေါ်စေမယ့် စာမျက်နှာလား။

အရာအားလုံးဟာ မင်းလေးလက်ထဲမှာဆိုတာမမေ့ပါနဲ့။

#admin_Kelly_team
#volunteer_admin_cyrus
#studywithK2
❤14🏆3
2025 ခုနှစ် ကွန်ပျူတာတက္ကသိုလ် များ၏ အနိမ့် ဆုံး ဝင်ခွင့်အမှတ်များ
❤5
"Do Whatever Makes You Happy"

People interpret the phrase
"Do whatever makes you happy"
in different ways.

When you are in Grade 12,
playing games or
scrolling on your phone instead of studying
might feel good right now.

But don't let today's short-term fun
ruin your future dreams and happiness tomorrow.

Real happiness and peace of mind
do not come from running away from pressure.

True happiness comes from the satisfaction of
finishing a lesson or solving a math problem today.

It comes from the pride of feeling yourself grow and improve.

"Do whatever makes you happy" does not mean choosing short-term pleasure.

It means doing things today that your future self will look back on with satisfaction.

So, when you make choices today,
please think about your future happiness.

#admin_Kelly_team
#volunteer_admin_cyrus
#studywithK2
❤11
Hello

July လပတ်စာမေးပွဲမှာ ကိုယ်က ချီမီစထွိုင်းကို အားနည်းတယ်လို့ ခံစားခဲ့ရတဲ့ကလေးတွေရှိရင် တန်းစီ🏃🏻

ဘာလို့လဲဆို 🤭

Chemistry အတန်းလေးကို Study With K2 Channel ကနေဖွင့်ပေးတာမို့လို့ပါပဲ။

သင်မဲ့ဆရာကလည်း chemistry ကိုဂုဏ်ထူးထွက်ထားခဲ့တဲ့အပြင် သင်လိုက်တဲ့ တပည့်တိုင်းကလည်း ဂန်ထူးတွေထွက်တာဆိုတော့ အမြန်ပြေးအပ်တော့နော်🫵🏻

လူအနည်းဆုံး ၅ ယောက်ပြည့်တာနဲ့ အတန်းစဖွင့်မှာဖြစ်သလို လူ၅ယောက်အတိဖြစ်တာနဲ့ အတန်းကိုလည်း ပိတ်ချသွားမှာဖြစ်ပါတယ်။

Subject:Chemistry(chapter5)🧪

Time:Mon to fri (7:30
to 9:00 pm)


Teacher: Sayar Swan Htet Aung

Available seat is only 10

Platform: Google Meet
ďťż


အတန်းလေးက ပညာဒါန ဖြစ်တာမို့လို့


📌Ruleလေးအနေနဲ့ အိမ်စာမလုပ်ရင် channel ဘက်ကနေ ဖိုင်းကြေး ကောက်ခံသွားမှာဖြစ်ပါတယ်။


ဆိုတော့ အတန်းအပ်ဖို့ ပြေးလာတော့နော်။

ဘယ်မှာ အပ်ရမလဲမသိတဲ့ကလေးတွေအတွက် bot ထဲလာအပ်တော့နော်။

@studywithK2bot

#AdminMaple #Graphic_designer_deperment #Graphic_designer_by_Thuz #StudywithK2
❤12