Study with K2
1.59K subscribers
1.08K photos
31 videos
192 files
73 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
Register မလုပ်ပဲ လာချင်တဲ့သူတွေအတွက်

Register မလုပ်ပဲလာမယ်ဆို အမှတ်တရ backgroundလေးမရပါဘူးနော်


Empower Together Youth's Personal Meeting Room

Meeting ID - 322 367 7209


Passcode - ETY2025

Room no - university webinar (ETY & Study with K2)

Invite link - https://zoom.us/j/3223677209?pwd=mt6lxeW1E50sNeMrxfj4MzozlI7Mj6.1
❤6
webinar လေးမှာ YTUကစီနီယာက မတက်ရတဲ့ကလေးတွေအတွက် sharing လုပ်ပေးခိုင်းတာပါရှင့်။

#university_webinar_2026 #StudywithK2
Forwarded from YTU Webinar
YTU Webinar portable digital file.pdf
10.6 MB
❤4🍓1🦄1
အခု ဆေးကျောင်းကမမ ပြောနေတာပါကလေးတို့
❤14
မနေ့က CS က စီနီယာမမက လိုင်းမကောင်းတဲ့အတွက် မပြလိုက်ရတာမို့လို့ sharing လုပ်ပေးခိုင်းလို့ပါရှင်။

#university_webinar_2026
18.7.2026 ရက်နေ့တွင်ပြုလုပ်ခဲ့သော

University webinar 2026 တွင် Empower Together Youth (ETY) organisation မှ media partnership အဖြစ် ပါဝင်ကူညီအားဖြည့်ပေးခဲ့သည့်အတွက် Study With K2 Channel founder ဖြစ်သူ ကျွန်မ Maple မှ အထူးပင်ကျေးဇူးတင်ပါတယ်ရှင့်။

ETY organisation အနေဖြင့် နောက်လည်း ဒီထပ်မကသော အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးအပ်ပါတယ်ရှင့်။

ETY မှာ အသစ်အသစ်သော သင်တန်းတွေရှိတာမို့ လက်လွတ်မခံရအောင် အမြဲစောင့်‌နိုင်ဖို့ information လေးတွေပေးလိုက်ပါတယ်နော်။

ETY organisation information 👇🏻

Empower Together Youth
Official Telegram Channel🌱
https://t.me/EmpowerTogetherYouth

Our Facebook page🌱
https://www.facebook.com/share/16RiiTc4eA/

Our TikTok acc🌱
https://www.tiktok.com/@empowertogetheryouth?_t=ZS-8xZOyukzORk&_r=1




Maple
#university_webinar_2026
❤6❤‍🔥1
"စာမေးပွဲကြီးနီးပြီ လူငယ်အပေါင်းတို့''🤯😭

ကယ် စိတ်တွေလှုပ်ရှားနေကြပြီလား။

Grade-12တွက်ပထမဆုံး exam ဆိုတော့ စိတ်တွေပူပန်နေကြပြီလား။

စာတွေအခြေနေကရော ရနေပြီလား။
နောင်တတွေပဲရပါတယ်အမရယ်လို့ စိတ်ထဲကနေဖြေလိုက်ပြီလား။

ဒီအချိန်ကိုဂျူနီယာလေးတို့ရဲ့ စီနီယာတွေကဖြတ်သန်းပြီးခဲ့ပြီမို့ မင်းတို့လေးတွေရဲ့ ခံစားချက်ကိုနားလည်ပါတယ်နော်။

ဒါပေမယ့် ဒါကမင်းတို့တစ်ယောက်ထဲဖြတ်ကျော်နေရတာမဟုတ်ပါဘူး။

တစ်နိုင်ငံလုံးမှာရှိတဲ့ Grade-12ကျောင်းသားတွေအကုန်လုံးဖြတ်ကျော်နေရတာပါနော်။

ဆိုတော့ စိတ်ဓာတ်လေးတွေလည်းအများကြီးမကျပါနဲ့အုံး။

ဒါကအစပဲရှိသေးတာ။

မင်းတို့လေးတွေအတွက် ပိုပိုပြီး သုံးလေးဆ ငါးဆလောက် ရှိတဲ့ pressureလေးတွေကစောင့်မျှော်နေပါသေးတယ်။

အဲ့ဒီ့ pressureလေးတွေကို အများကြီးမခံစားချင်ရင်တော့ အခုထဲက စာသေချာလုပ်ပါနော်။

စာလုပ်တယ်ဆိုတာနဲ့ စာသေချာလုပ်တာနဲ့မတူဘူးနော်ကလေးတို့။

မင်းတို့လေးတွေ စာတစ်ပုဒ်ကျက်ရင်တောင်အဲ့တစ်ပုဒ်ကိုပိုင်ပိုင်နိုင်နိုင်ကျက်မှတ်တယ်ဆိုတာမှစာသေချာလုပ်တာပါနော်။

စာမေးပွဲနီးနေပြီမို့ အရမ်းလည်းမယောင်နေနဲ့တော့နော်။

မင်းတို့လေးတွေရဲ့ exam resultလေးတွေရည်မှန်းထားသလောက်ရအောင်အခုထဲက စာသေချာလုပ်ကြပါစို့နော်။

🍀Good luck youuuu guyyyss🍀

#admin_Kelly_team
#volunteer_admin_cyrus
#studywithK2
❤14
ခရီးရဲ့ 3ပုံ1ပုံ🤔🤔

မှန်ပါတယ် ကလေးတို့အနေနဲ့ နွေရာသီကတည်းက လုပ်ထားခဲ့မယ်ဆိုရင် အခုဟာ ခရီးရဲ့ သုံးချိုးတစ်ချိုးရောက်နေပါပြီး

ခုချိန် စာတွေလည်း ပြီးသင့်သလောက်ပြီးနေမယ်ထင်ပါတယ်။ ပြန်လေ့ကျင့်တဲ့အပိုင်းမှာ အားမလိုအားမရတွေလည်း ရှိကောင်းရှိ‌နိုင်မှာပါ။ ဒါပေမယ့် စိတ်မလျော့ဘဲ အမြဲမပြတ်လုပ်သွားဖို့ ပြောချင်ပါတယ်။

နောက်တစ်ခု အရေးကြီးဆုံးကတော့ ကျန်းမာရေးပါပဲ ညတိုင်းအိပ်ရေးအပျက်ခံလို့ စာပိုရတယ်ဆိုတာ မရှိပါဘူး တကယ်တော့ ကိုယ်နဲ့ကိုက်ညီမယ့် စာလုပ်ချိန်ကိုသာ ရွေးကြပါ။ တစ်နေ့ 7နာရီ အနည်းဆူံးအိပ်ပါ။ အဲ့တာက ခန္ဓာကိုယ်တွက်အကောင်းဆုံးပါပဲ။
ကျန်းမာရေးဂရုစိုက်ကြပါ။

G12ခရီးဟာ တစ်ရက်နှစ်ရက် မဟုတ်ဘူး။ တစ်ပတ် နှစ်ပတ် မဟုတ်ဘူး။ တစ်လနှစ်လ မဟုတ်ဘူး။ တစ်နှစ်တာလုံးကြိုးစားရခြင်းပါ။ အဲ့ဒီအတွက် ရေရှည်လုပ်နိုင်မယ့် စာကျက်ချိန်ကို သေချာလေး ဆွဲပြီး လုပ်ကြပါလို့ အကြံပေးချင်ပါတယ်။


#admin_Kelly_team
#Voluteener_admin_primo
#StudywithK2
❤‍🔥11❤2😭2
Grade12physics

ပထမဦးစားပေး (အောင်မှတ်သမားများအတွက် အဓိက)
တွက်စာ + ကျက်စာ
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
တွက်စာ သီးသန့်
Chapter 4
Chapter 1
Chapter 2
Chapter 3
ဒုတိယဦးစားပေး
တွက်စာ + ကျက်စာ
Chapter 1
Chapter 2
Chapter 3
တတိယဦးစားပေး
တွက်စာ + ကျက်စာ
Chapter 5
Chapter 6
Chapter 7
Chapter 8
အရေးကြီးလမ်းညွှန်ချက်များ
လေ့လာရမည့် အစဉ်လိုက် – ပုံနှိပ်စာအုပ် > မေးခွန်းဟောင်း > ဂျာနယ် အစီအစဉ်အတိုင်း လုပ်သွားပါ။
Objective – အခန်းအားလုံးရဲ့ Objective (အမှန်ခြစ်/ကွက်လပ်ဖြည့်/ရွေးချယ်မှု) တွေကိုတော့ တစ်ခန်းမကျန် ကြည့်ရပါမယ်။

#admin_Kelly_team
#Voluteener_admin_primo
#StudywithK2
❤12
"ကိုယ့်ကိုယ်ကိုယ် တခြားသူနဲ့ မနှိုင်းယှဉ်ပါနဲ့ ''

ဂျူနီယာလေးတို့ရဲ့ ကြိုးစားမှုဟာ ဂျူနီယာလေးတို့ရဲ့ရဲ့ ကိုယ်ပိုင်အောင်မြင်မှုပါ။

"သူကတော့ စာတွေအကုန်ရနေပြီ။ ဘယ်နှခန်းပိုင်နေပြီ''
ဆိုပြီး တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်ရင်း စိတ်ဓာတ်ကျနေပါသလား?


စကြာဝဠာထဲမှာ တန်းတူညီမျှ ပွင့်တဲ့ ပန်းဆိုတာ မရှိပါဘူး။

နှင်းဆီပန်းက နွေရာသီမှာ ပွင့်ချင်ပွင့်မယ်။

စံပယ်ပန်းက မိုးရာသီမှာမှ သင်းပျံ့ချင် သင်းပျံ့မယ်။

ပန်းတိုင်းမှာ ကိုယ်ပိုင် အချိန်နဲ့ ပွင့်လန်းခွင့် ရှိကြပါတယ်။

တခြားသူရဲ့ Chapter 10 နဲ့ ကိုယ့်ရဲ့ Chapter 1 ကို သွားမနှိုင်းယှဉ်ပါနဲ့။

သင်ဟာ တခြားသူနဲ့ ပြိုင်နေတာ မဟုတ်ပါဘူး။

မနေ့က ကိုယ့်ကိုယ်ကိုယ် ဒီနေ့ ပိုတော်အောင် ပြိုင်နေတာပါ။

မင်းရဲ့ လျှောက်လှမ်းမှုက နှေးရင် နှေးပါစေ။

အဓိကက ရပ်မသွားဖို့ပါပဲ။

ကိုယ်ပိုင် လမ်းကြောင်းပေါ်မှာ ကိုယ်ပိုင် အရှိန်နဲ့ ဆက်လျှောက်ပါ။

သင့်ရဲ့ အချိန်အခါ ရောက်လာတဲ့အခါ သင်လည်း အတောက်ပဆုံး ပွင့်လန်းလာမှာပါ။

မမေ့ပါနဲ့။ပန်းတိုင်းမှာသူ့ပွင့်လန်းချိန်နဲ့သူရှိပါတယ်။


#admin_Kelly_team
#volunteer_admin_cyrus
#studywithK2
❤15❤‍🔥2
တက္ကသိုလ်ဝင်တန်း အောင်မြင်သွားသူများ
congratulation ပါ။
တက္ကသိုလ်ဝင်တန်း ကျရှုံးသူများလည်း
fighting ပါ။

အောင်သွားတဲ့သူတွေကတော့
တစ်မိသားစုလုံး တပြုံးပြုံး။
ကျသွားတဲ့သူတွေကတော့
တစ်မိသားစုလုံး တမဲ့မဲ့။

အောင်ပြီးသားသူတွေအတွက်
ဒီနေ့ဟာ ဘဝမှာ မေ့မရနိုင်တဲ့
အမှတ်တရနေ့လေးတစ်နေ့ ဖြစ်ကျန်ရစ်ခဲ့မှာပါ။
အောင်စာရင်း ကြည့်ဖို့
ညလုံးပေါက် စောင့်ခဲ့ရတဲ့
အမှတ်တရဆိုပြီး တစ်ချိန်ချိန်မှာ
သတိတရ ရှိလိမ့်ဦးမှာပါ။
ဘဝရှေ့ရေးအတွက်
နောက်တစ်ဆင့် တက်လှမ်းဖို့
ခြေလှမ်းသစ်တွေ ကြိုတင်ပြင်ဆင်ထားပါ။

ကျရှုံးတဲ့သူတွေအတွက်တော့
ဒီနေ့ဟာ ထူးခြားတဲ့ ညတစ်ည ဖြစ်မှာပါ။
တခြားသူတွေ ပြုံးပန်းဝေဆာနေချိန်
ကိုယ်တွေမှာတော့ ငိုရမလို မဲ့ရမလို
ဝမ်းနည်းအားငယ်ရတဲ့ အချိန်တွေဆိုပြီး
မုန်းချင် မုန်းနေမိမှာပါ။
ဒါပေမယ့် ကျရှုံးခြင်းဆိုတာဟာလည်း
ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။
ဘဝတစ်ထောင့်တစ်နေရာမှာ ကျရှုံးတဲ့သူဟာ
ဘဝတစ်ထောင့်တစ်နေရာမှာ အောင်မြင်ရဦးမှာပါ။
ငိုချင်ရင် ငိုချလိုက်ပါ။
စိတ်ဓာတ်ကို ကြံ့ခိုင်အောင် ထားပါ။
နောက်နှစ် ပြန်ဖြေပါ။
ဘဝအတွက် ဒူးမထောက်ပါနဲ့။
ပြန်ကြည့်ရမယ့် စာတွေက
တစ်နှစ်လောက် ကြည့်ပြီးသား စာတွေပါ။
ပြန်နွှေးကျက်ရုံ ပြန်ရွေးတွက်ရုံပါပဲ။

အောင်သူတို့လည်း ရှေ့ဆက်ရမယ့်
ဘဝခရီးမှာ သာယာဖြောင့်ဖြူးကြပါစေ။
ရှုံးသူတို့လည်း စိတ်ဓာတ် ကြံ့ခိုင်ပြီး
အောင်ပန်းဆွတ်ဖို့ ထပ်ကြိုးစားနိုင်ကြပါစေ။

#crd
❤11
"ခဲဖျက် or correction pen''

စာရေးလို့မှားရင်တောင်ပြန်ဖျက်ဖို့ ခဲဖျက်နဲ့ correction pen ရှိတယ်ဆိုတာမမေ့နဲ့။


အခုချိန်မှာ အမှားတွေ လုပ်ခဲ့မိရင်တောင် ပြန်ပြင်လို့ရသေးတယ်ဆိုတာမမေ့နဲ့ ။


ခဲတံရဲ့ အဖျားမှာ "ခဲဖျက်" တပ်ပေးထားတာဟာ ကလေးတိုင်းက အမှားလုပ်တတ်ကြလို့ပါ။

ဘောပင်အသုံးပြုတယ့်သူတွေအတွက် correction pen ရှိတယ်ဆိုတာ
လူကြီးတွေလည်း အမှားလုပ်တတ်တယ်ဆိုတာကိုပြောပြနေတာပါ။

အခုချိန်ထိ အချိန်တွေ ဖြုန်းတီးခဲ့မိလို့၊ စာမကြိုးစားခဲ့ရလို့၊
ဒါမှမဟုတ် မှားယွင်းတဲ့ ရွေးချယ်မှုတွေ လုပ်ခဲ့မိလို့ ကိုယ့်ကိုယ်ကို အပြစ်တင် စိတ်ဓာတ်ကျနေပါသလား?

အမှားဆိုတာ သင့်ဘဝရဲ့ အဆုံးသတ် စာကြောင်းမဟုတ်ပါဘူး။

ခဲတံနဲ့ ရေးထားတဲ့ အမှားကို ခဲဖျက်နဲ့ ဖျက်ပြီး ပြန်ပြင်ရေးလို့ ရသလိုပဲ၊

အခုချိန်မှာ ဂျူနီယာလေးတို့ အသစ်ပြန်စလို့ ရပါသေးတယ်။

မနေ့က အချိန်ဖြုန်းခဲ့ရင် ဒီနေ့ ပြန်ပြင်ပါ။

လွန်ခဲ့တဲ့ လတွေက မကြိုးစားခဲ့ရရင် ဒီနေ့ကစပြီး အားသွန်ခွန်စိုက် ကြိုးစားပါ။

လဲကျဖူးတာဟာ ကျရှုံးတာမဟုတ်ပါဘူး။

ပြန်မထဘဲ ဆက်လဲနေတာကမှ အမှန်တကယ် ကျရှုံးတာပါ။

ဘဝမှာ အရေးကြီးတာ မင်းဘယ်လောက် မှားခဲ့ဖူးလဲဆိုတာ မဟုတ်ပါဘူး။

မင်းတို့လေးတွေရဲ့ အမှားကိုပြန်ပြင်တာက အရေးကြီးဆုံးပါ။

အမှားတွေကို သင်ခန်းစာယူကာ အသစ်ပြန်စလိုက်ပါ။

Fighting Allll Guyyyyssss!!!


#admin_Kelly_team
#volunteer_admin_cyrus
#studywithK2
❤11❤‍🔥4🗿2
ဟိတ် 1.8 k or 2 k ပြည့်ရင် ပညာဒါနအတန်းလေးတွေ အမြဲဖွင့်ပေးရမလား။

#StudywithK2 #AdminMaple
❤25❤‍🔥2
"ကျရှုံးမှုကို မကြောက်ပါနဲ့ ''


ကြောက်ရွံ့မှုကို ကျော်လွှားခြင်းက အောင်မြင်ခြင်းရဲ့ ပထမခြေလှမ်းပါ။

"စာမေးပွဲ ကျသွားရင် ဘာဖြစ်မလဲ?"
ဆိုတဲ့ ကြောက်ရွံ့မှုတွေဟာ Grade 12 ကျောင်းသားတိုင်းရဲ့ စိတ်ကို စိုမိုးထားတတ်ပါတယ်။

ဒါပေမဲ့ အမှန်တကယ် ကြောက်ရတာဟာ "ကျရှုံးမှု" မဟုတ်ပါဘူး။

ကြောက်လွန်းလို့ "မကြိုးစားကြည့်မိလိုက်တာ" ကမှ တကယ်တမ်း ကြောက်စရာပါ။

ကြိုးစားဖို့မေ့လျော့နေတာ ကြောက်စရာပါ။

၁၂ တန်း ဆိုတာ ဘဝရဲ့ စာမေးပွဲ တစ်ခုထဲမဟုတ်ပါဘူး။

ဒါဟာ ဂျူနီယာလေးတို့ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို စမ်းသပ်တဲ့ ပလပ်ဖောင်းတစ်ခုပါ။

ဘဝအချိုးအကွေ့တစ်ခုပါ။

လဲကျရင် ပြန်ထပါ။

လဲကျလို့ပြန်ထတာရှက်စရာမဟုတ်ပါ။

ပြန်မထတာက ရှက်စရာပါနော်။

အမှတ်နည်းရင် မိမိဘယ်အရာမှာအားနည်းနေလဲ ရှာပါ။

ပြီးရင်ပြန်ပြင်ပါ။အချိန်တွေအများကြီးရှိပါသေးတယ်။

စိန်ဆိုတာ ဖိအားအများကြီးအောက်မှာမှ ဖြစ်တည်လာတာပါ။

အခု မင်းလေးတို့ ကြုံတွေ့နေရတဲ့ ဖိအားတွေနဲ့ ကြောက်ရွံ့မှုတွေဟာ
မင်းတို့ကို ပိုမို တောက်ပြောင်တဲ့ စိန်တစ်ပွင့်ဖြစ်အောင် သွေးပေးနေတာပါ။

ကြောက်ရွံ့မှုကို ဘေးဖယ်ပြီး ရဲရဲဝံ့ဝံ့ ရှေ့ဆက်လိုက်ပါ!

Don't be afraid to be a diamond!💎


#admin_Kelly_team
#volunteer_admin_cyrus
#studywithK2
❤15
မနက်ဖြန် ဖြေရမယ့် ကလေးတွေအားလုံးလည်း ဖြေနိုင်ကြပါစေ ဖိုက်တင်းပါ good luck 🫂

#studywithK2 #AdminKelly
❤28
Forwarded from Academic Mentor
ယုံကြည်အားထားပြီး ထားနိုင်ပါပြီ 😂

#Academic_Mentor@guideforG_12
🍓7❤3😐1🤓1
Forwarded from Academic Mentor
G-12 ကလေးတွေရှိမယ် ထင်လို့ ချယ်တင်ပေးလိုက်ပါတယ်။

Physics
Chapter 7 & 8

မူရင်းတင်သူကို ချယ် လေးစားစွာဖြင့် credit ပေးပါတယ်ရှင်။

#Academic_Mentor@guideforG_12
❤8