Study with K2
1.59K subscribers
1.08K photos
31 videos
192 files
74 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
University sharing webinar အတွက် ပထမဆုံး special guest လေးကဘယ်သူဖြစ်မလဲ…?

လက်ရှိမှာ Channel တစ်ခုရဲ့ ဖောင်ဒါလည်းဖြစ်တယ်။ လက်ရှိမှာလည်း ပညာဒါန တွေသင်နေတာလဲရှိတယ်။

နောက်ပြီး biology, chemistry လို့ပြောလိုက်တာနဲ့ တန်းသိတယ်။

G-12တိုင်း အဲchannelက source မပါပဲ မဖြတ်သန်းရဘူး။

အားလုံးမစိမ်းတဲ့သူလေးဖြစ်တာမို့လို့ အကုန်လုံး ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ပေးပါဦးနော်။

အဲဒါဆို ဘယ်သူဖြစ်နိုင်မလဲ?👀

အဖြေလေးကို Comment လေးမှာဝင်ရေးသွားဦးနော်

မှန်တဲ့သူတွေအတွက် suprise လေးရှိပါတယ်။

#university_webinar_2026 #Graphic_designer_by_Thuz_and_Poe #Graphic_designer_deperment #StudywithK2 #AdminMaple
7🥴3🗿2👎1🤔1
University sharing webinar 2026 အတွက် ဒုတိယမြောက် special guest လေးကဘယ်သူဖြစ်မလဲ။

ရန်ကုန်တက္ကသိုလ်ထဲမှာ မေဂျာတွေအများကြီးရှိတဲ့အထဲကမှ ဘယ်မေဂျာလေးဖြစ်မလဲဆိုတာ ခန့်မှန်းပေးသွားပါဦးနော်။

မှန်တဲ့ကလေးတွေအတွက် suprise လေးရှိပါမယ်။

#university_webinar_2026 #Graphic_designer_deperment #Graphic_designer_by_Thuz_and_Poe #AdminMaple #StudywithK2
6
စိတ်ပညာဘာသာရပ်ကို စိတ်ဝင်စားတဲ့ ကလေးတွေရှိကြလား။

စိတ်ပညာဆိုတာ အရမ်းနက်နဲတဲ့ဘာသာရပ်ဖြစ်ကြောင်းကို ရှင်းလင်းပြောပြပေးသွားမယ့်

ဒဂုံတက္ကသိုလ်က စီနီယာမမ ချောချောလေးကို ဖိတ်ခေါ်ထားပါသေးတယ်ရှင်။

#Graphic_designer_by_Thuz_and_Poe #StudywithK2 #Graphic_designer_deperment #university_webinar_2026 #AdminMaple
10🍓1
ကွန်ပျုတာတက္ကသိုလ်တက်ချင်တဲ့ကလေးတွေရှိကြလား။

အဲအတွက် သထုံ CSက မမချောချောလေးကိုယ်တိုင် လာပြောပြပေးမှာနော်။

ကွန်ပျုတာ တက္ကသိုလ်တက်ပြီးရင်ဘာတွေကိုသင်ရမလဲဆိုတာကို အသေးစိတ်သိချင်ရင် webinar လာခဲ့🫵🏻

#StudywithK2 #AdminMaple #Graphic_designer_by_Thuz_and_Poe #Graphic_designer_deperment #university_webinar_2026
2
Webinar မှာပါပေမယ့် webinar အတွက် channel မှာ poster လုံးဝမကြေညာမယ့် university တစ်ခုရှိပါမယ်။

အဲ့ university ကိုမှန်အောင် ခန့်မှန်းနိုင်မယ်ဆိုရင်


ကိုယ်က webinar ပြီးလို့ study with K2 channel မှာ volunteer ပိုင်းလာလျှောက်မယ်ဆို interview ပထမအဆင့်ကို ကင်းလွတ်ခွင့်ပေးမယ့် award ကိုရရှိမှာပါ။👀

ဒီတော့ ပထမဆုံး အဖြေမှန်မယ့်သူကို စောင့်မျှော်နေပါမယ်။

#university_webinar_2026 #StudywithK2 #AdminMaple
5
နည်းပညာတက္ကသိုလ်မှ နည်းပညာဖြစ်နေတဲ့ ကလေးတို့အတွက် နည်းပညာကျောင်းက စီနီယာလေးကို ဖိတ်ခေါ်ထားပါတယ်နော်။

webinar လေးမှာတော့

မြန်မာနိုင်ငံ နည်းပညာတက္ကသိုလ်တွေထဲက COE ကျောင်းတစ်ခုဖြစ်တဲ့ ရန်ကုန်နည်းပညာ တက္ကသိုလ်

မြို့ပြအင်ဂျင်နီယာ မေဂျာက စီနီယာတစ်ယောက်ကို တွေ့ရဖို့ ရင်ခုန်နေကြပြီလား။

#Graphic_designer_by_Thuz_and_Poe #AdminMaple #Graphic_designer_deperment #StudywithK2 #university_webinar_2026
12
ကိုယ်က အနာဂတ် ဥယျာဉ်မှုးလောင်းဖြစ်ဖို့ စိတ်ကူးထားတဲ့ အနာဂတ် ဆရာ၊ဆရာမလေးတွေရှိကြလားဗျို့📢

မြန်မာနိုင်ငံမှာ ပညာရေးတက္ကသိုလ်က ၂ကျောင်းပဲရှိတာဖြစ်ပြီး အဲ့ထဲကမှ ရန်ကုန်ပညာရေးတက္ကသိုလ်က တီချယ်ချောချောလေးကို ဖိတ်ထားမို့လို့ လာဖြစ်အောင် လာခဲ့ကြနော်။

#StudywithK2 #AdminMaple #Graphic_designer_by_Thuz_and_Poe #Graphic_designer_deperment #university_webinar_2026
5
Seaman ဖြစ်ချင်တဲ့ကလေးတွေရှိကြလား။

Seaman ဖြစ်ဖို့ဘာတွေလိုအပ်လဲဆိုတာရော မသိချင်ဘူးလား။

ဒါဆိုရင်တော့ ၁၈ရက်နေ့မှာကျင်းပမယ့် Study With K2 Channel ရဲ့ university sharing webinar 2026လေးကို အရောက်လှမ်းလာခဲ့တော့နော်။

Webinar လေးအတွက် MMUကနေ ပါဝင်အားဖြည့်ပေးမယ့် စီနီယာက ဘယ်သူဖြစ်မလဲ။

Hint- Channel မှာ MMU လို့ပြောလိုက်တာနဲ့ အရင်ဆုံးပြေးမြင်မိတာ ဘယ်သူလဲ?

#Graphic_designer_by_Thuz_and_Poe #Graphic_designer_deperment #university_webinar_2026 #StudywithK2 #AdminMaple
2
YUFL ကို အထာကျကျနဲ့ ကျောင်းတက်ချင်ပါသလား…?

YUFLမှာ ဘယ်လို activity တွေကျင်းပလဲဆိုတာရော သိကြပါသလား…?

အထာကျကျနဲ့ YUFL Life ကိုဖြတ်သန်းဖို့ YUFLရဲ့ EPCမေဂျာက စီနီယာ ချောချောလှလှလေးကို ဖိတ်ခေါ်ထားတာမို့ ဘယ်သူလဲဆိုတာ သိချင်ရင် webinar လာခဲ့🫵🏻

#StudywithK2 #AdminMaple #Graphic_designer_by_Thuz_and_Poe #Graphic_designer_deperment #university_webinar_2026
6
အားလုံးနီးပါး တက်ရောက်ချင်ကြပြီး ကလေးတိုင်းရဲ့ အိပ်မက်ဖြစ်တဲ့ ဆေးတက္ကသိုလ် yr2က စီနီယာမမကိုယ်တိုင်လာမှာမို့လို့

စကားတွေရှည်ရှည်ဝေးဝေးပြောမလိုတော့ဘူးလို့ ထင်ပါတယ်နော်။

အဲစီနီယာမမက The whole popular title ပါရထားတာဆိုတဲ့သူဆိုတော့ တွေ့ချင်ရင် လာခဲ့ကြနော်🤭

အားလုံးပဲ webinar မှာပြန်တွေ့ပါမယ်။

#StudywithK2 #AdminMaple #Graphic_designer_by_Thuz_and_Poe #Graphic_designer_deperment #university_webinar_2026
9
ဘယ်တက္ကသိုလ်တွေက စီနီယာတွေလာမလဲဆိုတာ သိကြပြီဆို

Webinar ကိုလာဖို့ ဖင်တကြွကြွ ပြင်ဆင်နေကြပြီလား🤔

ဒါဆို webinar ကိုဘာတွေလိုအပ်လဲ…?

၁)2026 တက္ကသိုလ်ဝင်တန်းအောင်မြင်ထားကြောင်း အထောက်အထားပြနိုင်ရပါမယ်။

•အောင်မြင်ကြောင်းအထောက်အထားပဲသိချင်တာမို့လို့ ဂန်ထူးပါတာတွေမပါတာတွေ သိချင်ဘူးနော်
ဂန်ထူးပါတာတွေလာပြရင် volunteer list ထဲ ထည့်လိုက်မှာ🤞🏻

၂) ၁၈ရက်နေ့ရောက်ရင်လာယုံပါပဲ🤭

၃) webinar တက်မယ့်ကလေးတွေက webinar background လေးထားချင်တဲ့ကလေးတွေက background လေးကို channelရဲ့ direct message မှာလာတောင်းလို့ရပါတယ်။

၅) အရေးကြီးဆုံးပါပဲ ‼️

စီနီယာတွေအကုန်လုံးက ချောပြီး သဘောအလွန်ကောင်းတာပါ။


Webinar information

📆Date - 18.7.2026( Saturday )
Time - 7:00p.m - 11:00p.m


➡️ Register on -
@Primo165

သူ့ဆီအထောက်အထားလေးသွားပြလိုက်ပါနော်။

တက်ရမယ့်နေ့မှာ zoom link လေးပြန်ပို့ပေးပါလိမ့်မယ်

#AdminMaple #StudywithK2 #university_webinar_2026 #Graphic_designer_by_Thuz #Graphic_designer_deperment
3
🤝3
Media partnership Announcement📣

𝗦𝘁𝘂𝗱𝘆 𝗪𝗶𝘁𝗵 𝗞2 𝗖𝗵𝗮𝗻𝗻𝗲𝗹 𝐱 𝗘𝗺𝗽𝗼𝘄𝗲𝗿 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗬𝗼𝘂𝘁𝗵

Study with K2 channel မှ မကြာခင် တက္ကသိုလ်ဆီ တက်ရောက်ကြတော့မယ့် ကျောင်းသား၊သူ များအတွက် စီစဉ်ကျင်းပပေး တက္ကသိုလ်ရွေးချယ်ရေးနှင့် တက္ကသိုလ်များဆိုင်ရာ ဆွေးနွေးပွဲအစီအစဉ်အား Empower Together Youth organisation မှာ media partnership အဖြစ် ကူညီအားဖြည့်ပေးထားပါတယ်။

𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐖𝐞𝐛𝐢𝐧𝐚𝐫 (2026) မှာ
မြန်မာနိုင်ငံ၏ ထိပ်တန်း တက္ကသိုလ်များဖြစ်ကြသော -

•ဆေးတက္ကသိုလ်(၁)
•ရန်ကုန်နည်းပညာတက္ကသိုလ်
•ရန်ကုန်တက္ကသိုလ်
•ရန်ကုန်စီးပွားရေးတက္ကသိုလ်
•ရန်ကုန်ပညာရေးတက္ကသိုလ်
•နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်)
•ကွန်ပျုတာတက္ကသိုလ်(သထုံ)
•ဒဂုံတက္ကသိုလ်
•မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်

စတဲ့တက္ကသိုလ်များမှ လက်ရှိပညာသင်တက်ရောက်သေော စီနီယာများမှ ဦးဆောင်၍ တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးနှင့် တက္ကသိုလ်များအကြောင်း ဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။

ထို Webinar မှာ ကျောင်းတစ်ခုချင်းစီမှ စီနီယာများအား မိမိသိချင်လိုသော အကြောင်းအရာများကို သက်ဆိုင်ရာ ကျောင်းစီနီယာများအား မေးနိုင်မည်ဖြစ်ပါသည်။

𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐖𝐞𝐛𝐢𝐧𝐚𝐫 𝐃𝐞𝐭𝐚𝐢𝐥𝐬 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

𝐃𝐚𝐭𝐞 - 18.7.2026( Saturday )
𝐓𝐢𝐦𝐞 - 7:00 p.m to 11:30 p.m
𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 - ETY zoom meeting

𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 𝐨𝐧 -@Primo165

#StudywithK2 #AdminMaple #university_webinar_2026 #Graphic_designer_by_Thuz #Graphic_designer_deperment
8
ဟိတ် 😉

ဘယ်သူတွေလာမှာလဲဆိုတာလည်း သိပြီးပြီဆိုတော့

ဘယ်စီနီယာတွေက ဘယ်အချိန်မှာလာမှာလဲဆိုတာ သိရဖို့ အချိန်ဇယားလေးပါတင်ပေးလိုက်တယ်နော်🫵🏻

Schedule ကြည့်ပြီး မလာရင် university life တစ်လျှောက်လုံး သူများအတွဲ ro တာပဲ ထိုင်ကြည့်ရပါစေနော်👀🤭

#Graphic_designer_deperment #university_webinar_2026 #Graphic_designer_by_Thuz #StudywithK2 #AdminMaple
14🍓3
အစ်မရဲ့ webinar တက်မယ်ပြောသွားပြီ အခုထိ register လာမလုပ်တဲ့ကလေးတွေ စီးပွားရေးကျောင်းရောက်လာရင် အစ်မနဲ့တွေ့မှာနော်😏

#AdminMaple #university_webinar_2026
7🙊2
Webinar လေးစပါပြီနော်

#university_webinar_2026
Register မလုပ်ပဲ လာချင်တဲ့သူတွေအတွက်

Register မလုပ်ပဲလာမယ်ဆို အမှတ်တရ backgroundလေးမရပါဘူးနော်


Empower Together Youth's Personal Meeting Room

Meeting ID - 322 367 7209


Passcode - ETY2025

Room no - university webinar (ETY & Study with K2)

Invite link - https://zoom.us/j/3223677209?pwd=mt6lxeW1E50sNeMrxfj4MzozlI7Mj6.1
6
webinar လေးမှာ YTUကစီနီယာက မတက်ရတဲ့ကလေးတွေအတွက် sharing လုပ်ပေးခိုင်းတာပါရှင့်။

#university_webinar_2026 #StudywithK2
Forwarded from YTU Webinar
YTU Webinar portable digital file.pdf
10.6 MB
4🍓1🦄1
အခု ဆေးကျောင်းကမမ ပြောနေတာပါကလေးတို့
14