Study with K2
1.59K subscribers
1.08K photos
31 videos
192 files
74 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
“အစိုးရကျောင်းတွေရော အဲဒီလို လုပ်ခွင့်ရှိလား။ ဒါဆိုရင်တော့ ပညာရေးစနစ်က ပျက်ပြီ။ ဒါကို သိသိကြီးနဲ့ ခွင့်ပြုထားတဲ့သူတွေမှာလည်း တာဝန်ရှိတယ်။ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကို မေးချင်တာက ပုဂ္ဂလိကကျောင်းတွေ အခုလို လုပ်နေတာတွေကို သိသိကြီးနဲ့ ဘာကြောင့် အခုအချိန်အထိ ခွင့်ပြုထားတာလဲ၊ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်စေချင်တယ်” လို့ သူက ပြောပါတယ်။

ကိုယ်ပိုင်ကျောင်းတချို့မှာ အခုလို Grade - 10 ကနေ Grade - 11 ကို ဆက်မတက်ရဘဲ Grade - 12 ကို အတန်းကျော် တက်ရောက်ခွင့် ပြုနေတာနဲ့ပတ်သက်လို့ ဒီအကြောင်းအရာကို သိရှိခြင်း ရှိ၊ မရှိ၊ စုံစမ်းအရေးယူခြင်း ရှိ၊ မရှိ VOM သတင်းဌာနက ပြည်ထောင်စုအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှတဆင့် ပညာရေးဝန်ကြီးဌာနထံ မေးမြန်းခဲ့ရာမှာ Grade - 11 ကို တက်ရောက်ခြင်းမရှိဘဲ Grade - 12 သင်ခန်းစာတွေ သင်ကြားလို့မရဘူးလို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

အခြေခံပညာဦးစီးဌာန၊ စီမံကိန်းများ ကြီးကြပ်အကဲဖြတ်ဌာနထံ ကျောင်းသားစာရင်း၊ စာမေးပွဲဖြေဆိုမှု၊ အောင်မြင်မှုတွေကို ပေးပို့ အစီရင်ခံရပြီး စီမံကိန်းများ ကြီးကြပ်အကဲဖြတ်ဌာနအနေနဲ့ ဒီကိစ္စရပ်တွေကို စစ်ဆေး ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဒါအပြင် ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်ဒေသဆိုင်ရာ ကိုယ်ပိုင်ကျောင်း (ဒါမှမဟုတ်) ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့တွေနဲ့ ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ် အကဲဖြတ်ရေး ဦးစီးဌာနတို့မှလည်း ရှောင်တခင်စစ်ဆေးခြင်း (Surprise Check)၊ ကျကောက်စစ်ဆေးခြင်း (Sport Check) တွေကို ဆောင်ရွက်လျက်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ပြန်လည် ဖြေကြားထားပါတယ်။

#Grade12 #အမှတ်စာရင်း
❤‍🔥2❤1
ပြန်လည်စိစစ်နေမှုတွေကြောင့် Grade - 12 အမှတ်စာရင်း ထုတ်ပြန်ရက် နောက်ကျနိုင်

ဇူလိုင် ၈ - ၂၀၂၆
SS (VOM)

ပြန်လည်စိစစ်မှုတွေ လုပ်ဆောင်နေရတာကြောင့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း Grade - 12 အမှတ်စာရင်း ထုတ်ပြန်ရက် နောက်ကျနိုင်တယ်လို့ ပညာရေးအသိုင်းအဝိုင်းက စုံစမ်းသိရှိရပါတယ်။

တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းကို ပြီးခဲ့တဲ့နှစ်တွေက အောင်စာရင်းထွက်ပြီး သုံးရက်ဝန်းကျင်လောက်မှာ ထုတ်ပေးခဲ့တာဖြစ်ပေမယ့် အခုနှစ်မှာတော့ အောင်စာရင်းထွက်ပြီး ၁၀ ရက်တာကာလ ကြာမြင့်လာတဲ့အချိန်အထိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အမှတ်စာရင်း ထုတ်ပေးမယ့်ရက် အတိအကျကို သတ်မှတ်နိုင်ခြင်း မရှိသေးပါဘူး။

“အမှတ်စာရင်း ထုတ်မပေးနိုင်သေးတာက ပြန်စိစစ်နေရတာတွေကြောင့်ပါ။ ဘာတွေကို စိစစ်နေရလဲဆိုတော့ ကိုယ်ပိုင်ကျောင်းတွေမှာ အတန်းကျော် ရှိနေတာတွေ၊ repeat & repeat ပေါ့၊ အထပ်ထပ် သင်ကြားမှု ရှိနေတာတွေကို စိစစ်နေရတာတွေကြောင့်ပါ” လို့ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

လက်ရှိရရှိထားတဲ့ သတင်း အချက်အလက်တွေအရ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းအတွက် အမှတ်စာရင်း ထုတ်ပြန်ရေးဟာ မျှော်မှန်းထားတာထက် ရက်အနည်းငယ် နောက်ကျနိုင်ဖွယ်ရှိနေပြီး ခန့်မှန်းချက်အရ သက်ဆိုင်ရာဌာနအနေနဲ့ အခု ဇူလိုင်လ ဒုတိယပတ် (ဒါမှမဟုတ်) စတုတ္ထပတ်လောက်မှသာ အမှတ်စာရင်း ထုတ်ပေးမယ့်ရက်ကို ကြေညာနိုင်ခြေရှိနေတယ်လို့ ပညာရေးလောကကြား ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဒါအပြင် အောင်လက်မှတ်ကိုလည်း သြဂုတ်လ တတိယပတ် (ဒါမှမဟုတ်) စတုတ္ထပတ်လောက်မှသာ စတင် ထုတ်ပေးနိုင်ခြေရှိနေပြီး ဒါဟာ တရားဝင်ကြေညာချက် မဟုတ်ဘဲ ခန့်မှန်းချက်သာဖြစ်တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ၊ မိဘတွေအနေနဲ့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်တွေကိုသာ စောင့်ဆိုင်းကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။

“Grade - 12 အမှတ်စာရင်းက ခါတိုင်း ဒီအချိန်ရပြီ။ အရင်နှစ်တွေကဆို အောင်စာရင်းထွက်ပြီး နှစ်ရက်၊ သုံးရက်ပဲကြာတာ။ မြန်မာနိုင်ငံစာစစ်က တိုင်းနဲ့ပြည်နယ်တွေမှာ အဖွဲ့လေးတွေခွဲပြီးတော့ စစ်လိုက်တော့ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းကို အရင်နှစ်တွေက တခါတည်း တန်းထုတ်ပေးတာ။ printer လေးနဲ့။ အခု နှောင့်နှေးနေတာက သူတို့ တော်တော်လေးကို စိစစ်နေရလို့ပါ” လို့ ပညာရေးဝန်ထမ်း တယောက်က ပြောပါတယ်။

၂၀၂၅ - ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်ချိန် နောက်ကျရတာကလည်း အဲဒီလို မသမာမှုတွေရှိနေတဲ့အတွက် စိစစ်နေရတာတွေကြောင့်လို့ ပညာရေးအသိုင်းအဝိုင်းထဲ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာဖြစ်ပြီး Grade - 11 မနေဖူးတဲ့ ကျောင်းသား၊ ကျောင်းသူတွေက Grade - 12 စာမေးပွဲကို အောင်မြင်နေတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့ရှိ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း တချို့ဟာ Grade - 10 အောင်မြင်ပြီးတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို Grade - 11 စာ အနည်းငယ်လောက်သာ သင်ပေးပြီး Grade - 12 ကို အလွယ်တကူ တက်ရောက်ခွင့်ပေးနေတဲ့ မသမာမှု ပြုလုပ်နေတာမျိုးတွေ ရှိနေတယ်လို့ ကျောင်းသားမိဘတွေကြား ပြောဆိုမှုတွေ ရှိနေတာပါ။

အခုလို မသမာမှုတွေဟာ ကိုယ်ပိုင်ကျောင်း အားလုံးလိုလိုမှာ ရှိနေတာလို့သိရပြီး နောက်ဆက်တွဲ ရလဒ်အနေနဲ့ကတော့ အစိုးရကျောင်းတွေက ကျောင်းသား၊ ကျောင်းသူ အတော်များများဟာ Grade - 10 အောင်မြင်ပြီဆိုတာနဲ့ ကျောင်းထွက်လာကြတာတွေ ဖြစ်လာကာ တနှစ်ထက်တနှစ် ကျောင်းထွက်နှုန်း ပိုများလာတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းမှာဆိုရင်လည်း အထက်တန်းနဲ့ အလယ်တန်းအဆင့် ကျောင်းတချို့မှာ ကျောင်းသားအရေအတွက် နည်းပါးလာတာ တွေ့ရပြီး ဆရာ၊ ဆရာမအင်အား ခန့်ရတာနဲ့ မမျှတတာကြောင့် ကျောင်းတွေပေါင်းတာ၊ မူလတန်းအထိ အဆင့်လျှော့ချတာတွေ ပြုလုပ်ရတဲ့ကျောင်းတွေ တိုးလာနေကာ ကျောင်းအရေအတွက် ၁၂ ကျောင်းအထိ ရှိလာနေပြီဖြစ်တယ်လို့ သိရပါတယ်။

အခုလို အစိုးရကျောင်းတွေ အဆင့်လျှော့ချပြီး ကျောင်းပေါင်းတာတွေ ပြုလုပ်နေချိန်မှာ ကိုယ်ပိုင်ကျောင်းတွေကတော့ အရေအတွက် ပိုမို များပြားလာနေတာကို တွေ့ရပြီး တချို့သော ကိုယ်ပိုင်ကျောင်းတွေကတော့ အဆင့်မမီတာ၊ စည်းကမ်း မညီညွတ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

“အခုလို ကျောင်းအဆင့် လျှော့ချရတာတွေကလည်း အခြေခံပညာရေး‌ရဲ့ ‌ကျဆုံးမှုလက္ခဏာဖြစ်တယ်။ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာဆိုရင် ကိုယ်ပိုင်ကျောင်းအရေအတွက်က ၄၀ ကျော်နေတယ်။ အစိုးရကျောင်းတွေထက် ပိုများနေတယ်။ ကျောင်းတွေ အဲဒီ‌လောက် လိုအပ်၊ မလိုအပ်၊ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှုမရှိဘဲ ခွင့်ပြုနေတာ ဘာကြောင့်လဲ။ အဲဒီလို ကျောင်းတွေကြောင့် အစိုးရကျောင်းတွေ ပျောက်သွားတာပဲ” လို့ ပညာရေးဝန်ထမ်း တယောက်က ပြောပါတယ်။

လက်ရှိ ကိုယ်ပိုင်ကျောင်းအများစု ပြုလုပ်နေတဲ့ အတန်းကျော်ပညာရေးနဲ့ Grade - 12 မှာ သင်ခန်းစာတွေကို အထပ်ထပ် သင်ကြားနေတာတွေဟာ အစိုး‌ရကျောင်းတွေက ကျောင်းသား၊ ကျောင်းသူတွေအတွက် တရားမျှတမှုမရှိဘူးလို့ ကျောင်းသား မိဘတယောက်က ပြောပါတယ်။
❤2❤‍🔥1😭1
“အစိုးရကျောင်းတွေရော အဲဒီလို လုပ်ခွင့်ရှိလား။ ဒါဆိုရင်တော့ ပညာရေးစနစ်က ပျက်ပြီ။ ဒါကို သိသိကြီးနဲ့ ခွင့်ပြုထားတဲ့သူတွေမှာလည်း တာဝန်ရှိတယ်။ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကို မေးချင်တာက ပုဂ္ဂလိကကျောင်းတွေ အခုလို လုပ်နေတာတွေကို သိသိကြီးနဲ့ ဘာကြောင့် အခုအချိန်အထိ ခွင့်ပြုထားတာလဲ၊ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်စေချင်တယ်” လို့ သူက ပြောပါတယ်။

ကိုယ်ပိုင်ကျောင်းတချို့မှာ အခုလို Grade - 10 ကနေ Grade - 11 ကို ဆက်မတက်ရဘဲ Grade - 12 ကို အတန်းကျော် တက်ရောက်ခွင့် ပြုနေတာနဲ့ပတ်သက်လို့ ဒီအကြောင်းအရာကို သိရှိခြင်း ရှိ၊ မရှိ၊ စုံစမ်းအရေးယူခြင်း ရှိ၊ မရှိ VOM သတင်းဌာနက ပြည်ထောင်စုအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှတဆင့် ပညာရေးဝန်ကြီးဌာနထံ မေးမြန်းခဲ့ရာမှာ Grade - 11 ကို တက်ရောက်ခြင်းမရှိဘဲ Grade - 12 သင်ခန်းစာတွေ သင်ကြားလို့မရဘူးလို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

အခြေခံပညာဦးစီးဌာန၊ စီမံကိန်းများ ကြီးကြပ်အကဲဖြတ်ဌာနထံ ကျောင်းသားစာရင်း၊ စာမေးပွဲဖြေဆိုမှု၊ အောင်မြင်မှုတွေကို ပေးပို့ အစီရင်ခံရပြီး စီမံကိန်းများ ကြီးကြပ်အကဲဖြတ်ဌာနအနေနဲ့ ဒီကိစ္စရပ်တွေကို စစ်ဆေး ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဒါအပြင် ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်ဒေသဆိုင်ရာ ကိုယ်ပိုင်ကျောင်း (ဒါမှမဟုတ်) ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့တွေနဲ့ ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ် အကဲဖြတ်ရေး ဦးစီးဌာနတို့မှလည်း ရှောင်တခင်စစ်ဆေးခြင်း (Surprise Check)၊ ကျကောက်စစ်ဆေးခြင်း (Sport Check) တွေကို ဆောင်ရွက်လျက်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ပြန်လည် ဖြေကြားထားပါတယ်။

Photo - CJ

VOM TelegramChannel: https://t.me/VOMNEWS2023/24238

VOM Viber Channel: https://invite.viber.com/?g2=AQB7wwugAc75sVHuHo%2Fd0CrKkpLcA%2BlNVq%2Bect5uDImn9%2FvvN4ftUbteUnFXd9we

VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g

VOM Website Link: https://voiceofmyanmarnews.com/?fbclid=IwZXh0bgNhZW0CMTEAAR28Qqj_pTGKuOlrWdk5tlcmboTRklj0D2qV0dGXdsU5I_lnrlUaygVFlCI_aem_H5NJKuvgYPc2NAKeA7aubQ.


#voiceofmyanmar #VOM #Grade12 #အမှတ်စာရင်း

Source from VOM
#adminteam
#Voluteener_admin_primo
#StudywithK2
❤1
၂၀၂၆-၂၀၂၇ ပညာသင်နှစ်
အခန်းဆုံးတတ်မြောက်မှုစစ်ဆေးခြင်း (ဇူလှိုင်လ)
ဒွါဒသမတန်း (Grade-12)
အင်္ဂလိပ်စာ (နမူနာမေးခွန်း)


ပညာရေး သတင်းလွှာ
https://t.me/EducationForAllS

မြန်မာစာ လေ့လာရန် 👇
https://t.me/EducationForAllS/2706?single
❤3
G12 ဆိုတာ ကျောင်းသားဘဝရဲ့ အရေးကြီးဆုံးနဲ့ အမှတ်တရအဖြစ်ဆုံး အချိုးအကွေ့တစ်ခုပါ။ စာမေးပွဲရဲ့ဖိအားတွေ၊ ရှေ့ဆက်ရမယ့် အနာဂတ်အတွက် စိုးရိမ်စိတ်တွေကြောင့် ပင်ပန်းနေပြီလား?
စိတ်ဓာတ်ကျချင်သလို ဖြစ်နေတဲ့ Grade 12 လေးတွေအတွက် ဒီစာစုလေးနဲ့ အားပေးပါရစေ
💫ဒီနေ့ မင်းစာကြည့်စားပွဲမှာပင်ပန်းနွမ်းနယ်စွာနဲ့ ထိုင်နေရတဲ့ အချိန်တိုင်းဟာ အလဟဿ မဟုတ်ပါဘူး။ တစ်ညတာရဲ့ အမှောင်ဆုံးအချိန်ဟာ မိုးလင်းခါနီးအချိန် ဖြစ်သလို၊ အခု မင်းဖြတ်သန်းနေရတဲ့ ပင်ပန်းမှုတွေဟာလည်း မင်းရဲ့ အောင်မြင်မှုပန်းတိုင်ကို ရောက်ခါနီးနေပြီ ဆိုတဲ့ အဓိပ္ပာယ်ပါ။
"အနာဂတ်ဆိုတာ မနက်ဖြန်မှ စတာမဟုတ်ဘူး၊ ဒီနေ့ မင်းလုပ်နေတဲ့ အရာတွေကနေ စတာပါ။ "
💡 စိတ်ဓာတ်ကျနေတဲ့အခါ ဒါလေးတွေကို သတိရပေးပါ:
မင်းရဲ့ ကြိုးစားမှုက မင်းကို စကားပြန်ပြောလိမ့်မယ်။ အခုလောလောဆယ် ဘာရလဒ်မှ မမြင်ရသေးလို့ စိတ်မပျက်ပါနဲ့။ စာမျက်နှာတွေပေါ်မှာ ပေးဆပ်ခဲ့ရတဲ့ မင်းရဲ့ မျက်ရည်၊ ချွေးနဲ့ အချိန်တွေက မင်းကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး။
ပြီးပြည့်စုံနေဖို့ မလိုဘူး၊ ဆက်လျှောက်နေဖို့ပဲ လိုတယ်။ တစ်ရက်မှာ စာတွေအများကြီး ပြီးသွားဖို့ မလိုပါဘူး။ မနေ့ကထက် တစ်ပုဒ်ပိုရရင်၊ တစ်ပုဒ်ပိုတွက်နိုင်ရင်ပဲ မင်းဟာ တိုးတက်နေပါပြီ။ Small steps lead to big results!
မင်းရဲ့ အရည်အသွေးကို စာမေးပွဲတစ်ခုတည်းနဲ့ မဆုံးဖြတ်ဘူး။ ဒါပေမဲ့ ဒီစာမေးပွဲဟာ မင်းအိပ်မက်တွေဆီကို သွားမယ့် လှေကားထစ်တစ်ခုပါ။ အဲဒီလှေကားထစ်ကို ယုံကြည်မှုအပြည့်နဲ့ ခြေလှမ်းလိုက်ကြပါ။
💢ကိုယ့်ကိုကိုယ် ဘယ်သူနဲ့မှမနှိုင်းယှဥ်ပါနဲ့။ မိမိရဲ့ပြိုင်ဖက်ဟာ မိမိကိုယ်တိုင်ပါပဲ။
#adminteam
#volunteer_admin_noee
#studywithK2
❤6❤‍🔥3
Study with K2 channel ရဲ့ webinar ‌ကျင်းပမယ့်ရက်‌က တစ်ဖြည်းဖြည်းနဲ့နီးကပ်လို့လာပါပြီနော်။

အားလုံးပဲ ရင်ခုန်နေမယ်လို့မျှော်လင့်ပါတယ်။

ဒီနေ့တော့ အစ်မက webinar မှာ ဘာတွေပြောပြပေးမှာလဲဆိုတဲ့အကြောင်းလေးကို အနည်းငယ်ပြောပြပေးပါ့မယ်။

အစ်မတို့က အဓိက တက္ကသိုလ်ဝင်ခွင့်တွေနဲ့ ကိုယ်နဲ့ကိုက်ညီမယ့်တက္ကသိုလ်တွေကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့ ဦးတည်ထားပါတယ်။

Webinar လာမတက်ပဲ ပြီးမှကျောင်းရွေးမှားတယ် ဘာညာမကြားချင်ဘူး🫵🏻

အစ်မတို့ဆီ Special Guest အဖြစ် ပါဝင်မယ့် Senior တွေလည်းအကုန် ready ဖြစ်လို့နေပါပြီ။💪🏻

အစ်မတို့ဆီပါဝင်မယ့် မြန်မာနိုင်ငံရဲ့ ထိပ်သီးတက္ကသိုလ်ပေါင်း ၁၀ ခုက စီနီယာတွေကိုယ်တိုင် ပြောကြားမှာမို့လို့ information မှားမှာစိတ်မပူရဘူးနော်။🙋🏻

So, See you webinar…🫣

Graphic designer by Thuz

#Graphic_designer_by_Thuz #Graphic_designer_deperment #AdminMaple #StudywithK2 #host_TT #university_webinar_2026
🍓6❤4
Forwarded from Orange Highlighter
ယခု လက်ရှိ G12 ကို ရောက်လာပြီး ပြီးမြောက်အောင် သင်ကြားကြမယ့် ကျောင်းသား ကျောင်းသူများတိုင်းက ပထမဦးဆုံး ကိုယ်တက်မယ့်ကျောင်း၊ လက်ရှိကိုယ်တက်နေတဲ့ကျောင်းမှာဆက်တက်ဖို့ အဆင်ပြေမပြေ စဉ်းစားကြရတယ်။ မမ ကိုယ်တိုင်လည်း G11 ပြီးတော့မယ်ဆိုတည်းက စဉ်းစားခဲ့ဖူးတယ်။

ဘာလို့စဉ်းစားရတာလဲဆို အားလုံးသိပြီးသားပါ။ ဒီအတန်းက မမတို့ အခြေခံပညာရေးကို အဆုံးသတ်ဖို့ အရေးကြီးဆုံးအတန်းတစ်ခုဖြစ်နေတာအတွက် အရှေ့အတန်းမှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ဒီအတန်းမှာ ဘာမှ လွဲချော်လို့ မရဘူး။ လွဲချော်နေရင်တောင် အမြန်ဆုံး လမ်းမှန်ပေါ်ရောက်အောင် သွားဖို့လိုတယ်။

မမကတော့ မမ G10 တည်းက တက်ခဲ့တဲ့ကျောင်းမှာပဲ G12 ကို ဆက်တက်ဖြစ်ခဲ့တယ်။
တကယ်လို့ ပြောင်းလိုက်မယ်ဆို ကြုံတွေ့လာရမှာတွေက ကျောင်းပတ်ဝန်းကျင်အသစ်၊ ဆရာ ဆရာမ အသစ်တွေနဲ့ သူငယ်ချင်းအသစ်တွေ နဲ့ ခင်မင်ရင်းနီးမှုပြန်တည်ဆောက်ရမှာမလို့(ဒါပေမယ့်
ဒီအတန်းမှာ ဘာပဲဖြစ်ဖြစ် မှတ်ထားရမှာက ကိုယ့်လေ့လာရမယ့် စာတွေကိုပဲ အပြည့်အဝအာရုံစိုက်ထားဖို့ပါပဲ)
ဒီတော့ နေရာသစ်ပြောင်းရင်ကျ အဲ့မှာ ရှိနေမယ့်လူတွေရဲ့ စိတ်နေ စိတ်ထားကို မသိနိုင်လို့ ကိုယ့်အတွက် အဆင်မပြေနိုင်ဖွယ်ရှိနိုင်တယ်(ဒါက မမ ထည့်စဉ်းစားမိတဲ့အချက်တွေပါ)

မမအနေနဲ့ ကိုယ်ရွေးချယ်ထားတဲ့ နေရာက ကိုယ့်အတွက် အပြည့်အဝ သေချာလုပ်ပေးနိုင်မယ့် နေရာမဟုတ်ရင် အချိန်မဆွဲနေဘဲ ချက်ချင်းပြောင်းဖို့ အကြုံပြုလိုပါတယ်။ ကိုယ်ရွေးချယ်ထားတာကို ကိုယ်ပဲ စာသင်နှစ်တစ်လျှောက် ဖြတ်သန်းရမှာမလို့ပါ။(ကိုယ့်အတွက် အကောင်းဆုံး သင့်တော်မယ့်နေရာ ဖြစ်နေဖို့ အရေးကြီးပါတယ်)

အခုချိန်မှာတော့ မောင်လေးတို့ ညီမလေးတို့ အဆင်ပြေရာမှာ တက်နေကြပြီဆိုတော့ ကျောင်းရွေးချယ်မှု မရှိတော့ဘူးလို့ ထင်တယ်၊ တခြား ကိုယ့်အတွက် လိုအပ်တဲ့ ကျူရှင်ဖြစ်ဖြစ် personal guide ရွေးတဲ့နေရာမှာ၊ စာအုပ်တွေ ဝယ်တဲ့အခါမှာ သတိထားမိဖို့ရာ မမကနေ ပြောပြလိုက်ပါတယ်နော်။

အနှစ်ချုပ်အနေနဲ့ မမတို့ဘဝမှာ ဘာပဲရွေးရွေး (အလုပ်၊ ဘဝလက်တွဲဖော်) စသဖြင့် ရွေးချယ်တဲ့အခါမှာ သတိထားပြီး ရွေးချယ်ဖို့ G12 Journey ကြီးအစမှာတင် သင်ခန်းစာတစ်ခုအနေနဲ့သင်ပေးလိုက်တာကို အမှတ်ရစေလိုပါတယ်။

မမကတော့ ဒီ Orange Highlighter Channel မှာ volunteer အဖြစ်လုပ်ဆောင်သွားမယ့် Admin Sini ပဲ ဖြစ်ပါတယ်။ မမကနေပြီး ဘာသာရပ်တွေကို ဘာတွေဘယ်လို လုပ်ရတယ်ဆိုတာထက် မမ ကြုံတွေခဲ့ပြီး ရခဲ့တဲ့ သင်ခန်းစာတွေကို ထုတ်နုတ်ပြီး မောင်လေးတို့ ညီမလေးတို့ ဆင်ခြင်ဖွယ်ရာဖြစ်အောင် တင်ပေးသွားမှာဖြစ်ပါတယ်ရှင့်


#sini
❤10
“ကျန်းမာရေးကိုလည်း မေ့မထားသင့်ဘူးနော်...”

မောင်လေးတို့၊ ညီမလေးတို့ အခုအချိန်မှာ ဘယ်လောက်တောင် စိတ်ဖိစီးပြီး ပင်ပန်းနေမလဲဆိုတာ
စီနီယာတစ်ယောက်အနေနဲ့ ကိုယ်ချင်းစာပါတယ်ရှင်။

ညဖက်တွေဆိုလည်း ညဉ့်နက်တဲ့အထိ စာကျက်၊ မနက်ကျတော့လည်း ကျူရှင်တွေ၊ဂိုက်ချိန်တွေ ကျောင်းတွေနဲ့ တစ်နေ့တစ်နေ့ လည်ပတ်နေရတာ မလွယ်ဘူးဆိုတာ သိတာပေါ့။

ဘေးပတ်ဝန်းကျင်က မျှော်လင့်ချက်တွေ၊ ကိုယ့်ရဲ့ ရည်မှန်းချက်တွေကြားထဲမှာ
"ငါ အချိန်ပြည့် စာကျက်နေမှဖြစ်မယ်"
ဆိုပြီး ကိုယ့်ကိုယ်ကိုယ် တွန်းအားတွေ အများကြီး ပေးနေကြမှာပါ။

ဒါပေမဲ့လေ... တစ်ခုတော့ သတိပေးပါရစေ။

စာတွေကို ဖိကျက်နေရင်းနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးကိုတော့ မေ့မထားသင့်ဘူးနော်။

တစ်ခါတလေကျရင် စာမပြီးသေးလို့ဆိုပြီး ညဘက်တွေ အိပ်ရေးပျက်ခံတာ၊ အချိန်မရှိလို့ဆိုပြီး မနက်စာကို ကော်ဖီတစ်ခွက်တည်းနဲ့ or မစားဘဲနဲ့ ပြီးစလွယ် နေလိုက်တာမျိုးတွေ လုပ်မိနေလား?

အဲဒါမျိုးလေးတွေ ရှိရင် နည်းနည်းလေး ဆင်ခြင်ပေးရမယ်နော်။သတိထားပေးရမယ်နော်။

ခန္ဓာကိုယ်က စက်ရုပ်မဟုတ်ဘူးလေ။

သူလည်း ပင်ပန်းရင် အနားပေးဖို့ လိုတယ်နော်။

ညဘက် အိပ်ရေးဝဝအိပ်မှ နောက်တစ်နေ့ မနက်မှာ ဦးနှောက်က ကြည်လင်ပြီး စာတွေ ပိုမှတ်မိမှာ။

ခေါင်းတွေ အရမ်းနောက်လာပြီ၊ စာလည်း ဝင်မပြေတော့ဘူးဆိုရင် ဇွတ်မလုပ်ပါနဲ့။

စာအုပ်ကို ခဏပိတ်၊ သီချင်းအေးအေးလေးနားထောင် ဒါမှမဟုတ် ရေအေးအေးလေးတစ်ခွက် သောက်ပြီး စိတ်ကို ခဏလွှတ်ထားလိုက်။

ပြီးရင်ဘေးပတ်ဝန်းကျင်ကိုခဏလောက်ဖြစ်ဖြစ်ငေးလိုက်ပါနော်။
ဒါမှစိတ်ကလေးငြိမ်းအေးသွားမှာ။

ဒါက အချိန်ဖြုန်းတာ မဟုတ်ပဲ နောက်ထပ် စာကျက်နိုင်ဖို့ အားယူတာပါ။

တစ်နှစ်လုံး ဘယ်လောက်ပဲ စာတွေတော်ပြီး အပတ်တကုတ် ကြိုးစားခဲ့ပါစေဦး... စာမေးပွဲရက်နားနီးမှ ကိုယ်ခံအားကျပြီး ဖျားသွားရင် တကယ့်ကို နှမြောဖို့ကောင်းပါတယ်နော်။

ပတ်ဝန်းကျင်မှာလည်း ဒီလိုအဖြစ်အပျက်တွေကို မောင်လေးတို့ ညီမလေးတို့အနေနဲ့ကြားဖူးမာပါ။

ဒါကြောင့်စာမေးပွဲခန်းထဲကို လန်းလန်းဆန်းဆန်းနဲ့ ဝင်နိုင်ဖို့က အဓိကပဲ မဟုတ်လား။

ကြိုးစားတာ ကောင်းပါတယ်၊ ဒါပေမဲ့ နည်းလမ်းမှန်မှန်နဲ့ပဲကြိုးစားစေချင်တယ်နော်။

လူတိုင်းကကိုယ့်အကြောင်းကိုကိုယ်အသိဆုံးပါ။
ကိုယ့်ကိုယ်ကိုယ် ညှဉ်းပန်းပြီး ကြိုးစားတာမျိုးတော့ မဖြစ်စေချင်ဘူး။

မောင်လေးတို့၊ ညီမလေးတို့ရဲ့ ကြိုးစားမှုတွေဟာ ကျန်းမာပျော်ရွှင်တဲ့ စိတ်နဲ့ ကိုယ်ခန္ဓာပေါ်မှာပဲ အခြေခံရင် ပိုကောင်းတာပေါ့။

စာလည်း အားသွန်ခွန်စိုက် ကြိုးစား။ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်။

So,Don't Forget to take care of yourself physical and mental health.

#admin_Jet_team
#volunteer_admin_cyrus
#studywithK2
❤7
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများ ထုတ်ပေးမည့် အစီအစဉ်
❤‍🔥4
Guest 👀

Who's First Representive for which university and follow them?


#StudywithK2 #AdminMaple #Graphic_designer_deperment #Graphic_designer_by_Thuz #university_webinar_2026
🍓3❤1
Maths note
(Ch-1 to Ch-3)

By volunteer admin Primo

#admin_Jet_team
#volunteer_admin_Primo
#studywithK2