Study with K2
1.59K subscribers
1.08K photos
31 videos
192 files
74 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
✅ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် (ကြေငြာစာ) ၂၀၂၇-၂၀၂၈ ပညာသင်နှစ် ၊ အရာရှိလောင်း (ဒီပလိုမာ)သင်တန်း။
❤‍🔥2
စာကျက်ရတာ ပျင်းစရာကြီးလို့ ခံစားနေရတဲ့ကလေးတွေရှိလား..?

ဒါမှမဟုတ် စာတွေအများကြီး ကျက်နေပေမဲ့ ခေါင်းထဲမဝင်သလို ဖြစ်နေတဲ့ကလေးတွရော ရှိလား..?


အဲတော့ ဒီနေ့မှာတော့ အစ်မက study tips လေးတွေ ဝေမျှပေးမယ်နော်^^

ပထမတစ်ခုက concerntration ရှိနေဖို့လိုပါတယ်နော်😩

concentration မရှိပဲ စာလုပ်နေမယ်ဆို အဲစာက ဘယ်လောက်ကျက်ကျက် ရနေမှာ မဟုတ်ဖူးနော်။ ကိုယ်ကစာကျက်တဲ့အခါမှာ စိတ်ပါလက်ပါနဲ့ ကျက်ဖို့လဲလိုမယ်နော်။
စိတ်မပါဘဲနဲ့ ဒီတိုင်း ပါးစပ်ကြီးကရွှတ်နေရင်လဲ အဲစာက ရလာမှာမဟုတ်ပါဖူးနော်!!

အဲတော့ ပထမဆုံး concentration ရှိနေရမယ်နော်!!

ဒုတိယ တစ်ခုကတော့ recall ပြန်ခေါ်ကြည့်ပါ🥸

ဆရာတွေ ဆရာမတွေ သင်ထားတဲ့သင်ခန်းစာတွေကို ငါ့ကိုဆရာက ဘယ်လိုသင်သွားတာလဲ ပြန်မှတ်မိအောင် လုပ်ပြီး စာကျက်ကြည့်ပါ။
ပြီးရင်ကျက်ပြီးသွားရင်လဲ ကိုယ်ကျက်တဲ့စာကို စာအုပ်ပိတ်ပြီး ပြန်စဉ်းစားကြည့်ပါ။


တတိယ တစ်ခုကတော့ ကိုယ်ဒီစာကို ငြီးငွေ့လာရင် အာရုံပြောင်းပါ 🤗

ဒါကြီးကို ဖင်ထိုင်ပြီး ကျက်နေရင်လဲ အလကားပါနော် ဘာလို့လဲဆို ကိုယ့်ဦးနှောက်က အလုပ်မလုပ်တော့လို့ပါ။

maths တွက်တာပဲဖြစ်ဖြစ် 5mins လောက် လမ်းလျှောက်တာပဲ ဖြစ်ဖြစ် လုပ်ကြည့်ပါ!!

2027 မှာ ဖြေရမဲ့ G12 စာမေးပွဲမှာအကျအကျန်မရှိ အမေ့အလျော့မရှိ တစ်လုံးမှမမှားပဲ တစ်လုံးမှမထစ်မငေါ့ဘဲ အမှတ်ပြည့် ဖြေဆိုနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် 💕🫶🏻
#adminjet_team
#volunteer_admin_phyo
#studywithK2
❤21
(၂၀၂၅ ခုနှစ်အောင်) ဆေးပညာနှီးနွှယ် တက္ကသိုလ် ဝင်ခွင့်အမှတ်များ
❤2
မနေ့က ကိုယ့်ထက် ဒီနေ့ ကိုယ်က ပိုတော်နေရင်၊ ပိုကြိုးစားဖြစ်ရင် အဆင်ပြေပါပြီ”✨

G12 တက်နေတဲ့ ဂျူနီယာလေးတို့ရေ…

လပတ်စာမေးပွဲကလဲတဖြည်းဖြည်းနီးလာပြီဆိုတော့အခုတလော စာတွေပိပြီး တော်တော်လေး စိတ်မောလူမော ဖြစ်နေပြီလား?

ဘေးပတ်ဝန်းကျင်က မျှော်လင့်ချက်တွေ၊ ဖြတ်သန်းရမယ့် စာမေးပွဲစနစ်သစ်တွေကြားမှာ
"ငါ တကယ်ကော လုပ်နိုင်ပါ့မလား"
ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သံသယဝင်ပြီး စိတ်ဓာတ်ကျနေမိလား?

စီနီယာတစ်ယောက်အနေနဲ့ မင်းတို့ကို ရိုးရှင်းတာလေးတစ်ခုအကြံပေးချင်တယ်နော်။

တကယ်တော့ G12 ဆိုတာ သူငယ်ချင်းအချင်းချင်း ဘယ်သူက ပိုတော်လဲ၊ ဘယ်သူက ပိုပြီး စာကျက်နိုင်လဲဆိုတာကို ပြိုင်ရမယ့် ပြိုင်ပွဲတစ်ခု မဟုတ်ပါဘူး။

အဲ့ဒီလို လိုက်ပြိုင်နေသရွေ့လည်း မင်းပဲ မောနေရလိမ့်မယ်။

သူများတွေ ဘယ်နှစ်ခန်းပြီးသွားပြီ၊ ဘယ်သူတွေကတော့ ကျူရှင်မှာ အမှတ်ပြည့်ရတယ်ဆိုတဲ့ သတင်းတွေကြားရင် စိတ်မပူပါနဲ့ဦး။

အဓိကက သူတို့ မဟုတ်ဘူး… မင်းကိုယ်တိုင်ပဲ။

မင်းတို့ကို စိတ်အေးသွားအောင် စကားတစ်ခွန်း ပြောပြမယ်။

ရိုးရိုးလေးပါပဲ……
"မနေ့က ကိုယ့်ထက် ဒီနေ့ ကိုယ်က ပိုတော်နေရင်၊ ပိုကြိုးစားဖြစ်ရင် အဆင်ပြေပါပြီ။"

အဲ့တာဟာတကယ်ပါ။

မနေ့က ကိုယ်က ပုစ္ဆာတစ်ပုဒ်ကို မတွက်တတ်ခဲ့ပေမယ့် ဒီနေ့မှာ နားလည်သွားပြီဆိုရင် မင်း နိုင်တာပဲ။

မနေ့က စာအုပ်ကို (၁၅) မိနစ်ပဲ အာရုံစိုက်နိုင်ခဲ့ပေမယ့် ဒီနေ့ (၂၀) မိနစ်လောက် အာရုံစိုက်နိုင်ခဲ့ရင် ဒါဟာ မင်းအတွက် ကြီးမားတဲ့ တိုးတက်မှုပဲ။

ကိုယ့်ရဲ့ တိုးတက်မှု အသေးအဖွဲလေးတွေကို တန်ဖိုးထားတတ်ဖို့ လိုတယ်နော်။

ခြေလှမ်းကြီးကြီးတွေလှမ်းပြီး ချက်ချင်း တော်လာဖို့ မလိုပါဘူး။

ကိုယ့်ကိုယ်ကိုယ် သူများနဲ့ လိုက်နှိုင်းယှဉ်ပြီး အားငယ်မယ့်အစား "မနေ့က ငါ့ထက် ဒီနေ့ ငါ ပိုအစွမ်းကုန် ကြိုးစားခဲ့ရဲ့လား" ဆိုတာပဲ ပြန်မေးကြည့်ပါ။

ဒီခရီးက စိတ်ရောကိုယ်ပါပင်ပန်းပါတယ်။

ဒါပေမဲ့ တွေးထားရမှာကမင်းတစ်ယောက်တည်း လျှောက်နေရတာ မဟုတ်ဘူးနော်။

စိတ်ညစ်လာရင် အသက်ပြင်းပြင်းရှူ၊ မျက်လုံးလေးခဏမှိတ်ပြီး နားလိုက်ပါ။

ပြီးရင် ကိုယ့်အရှိန်နဲ့ကိုယ် ပြန်ထပါ။

ရပ်လိုက်လို့တော့မဖြစ်တာကိုတွေးထားစေချင်တယ်။

အခုလို နေ့တိုင်း ရုန်းကန်နေတာကိုတင် ကြုံဖူးတဲ့သူတိုင်းက တကယ် လေးစားမိတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်လိုက်ပါ။

မနေ့ကထက် ဒီနေ့ တစ်လှမ်းတင် ပိုတိုးတက်နေရင် မင်း လိုချင်တဲ့ ပန်းတိုင်ကို မလွဲမသွေ ရောက်မှာပါ။

Fighting gyus,all the best 💪✨

#admin_Jet_team
#volunteer_admin_cyrus
#studywithK2
❤18❤‍🔥5
Forwarded from Myanmar Education Guide
တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ (၅၀) ဦးကို ဧရာပညာသင်ဆု ပေးအပ်မည်

https://www.edge.com.mm/article/aya-scholarship.html
၂၀၂၅ ခုနှစ် အောင် ဆေးတက္ကသိုလ်နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်

ဝင်ခွင့်အမှတ်များ
၇လပိုင်းမှာ Bio Ch (1) ဘယ်လိုပြန်နွေးမလဲ


၇လပိုင်း ပထမပတ်ကစပြီး ကျက်ထားပြီးသား Bio Ch (1) တခန်းကို သေချာပြန်နွှေးဖို့ အပိုင်းဖြတ်ကြည့်ကြရအောင်

(1) Themes ၅ခုနဲ့ Importance of Biology
(2) Agriculture မှ Hydroponics အထိ
(3) Aquaculture မှ Food အထိ
(4) Health & Medicine အစအဆုံး
(5) Clothing & Shelter အစအဆုံး

ဒီလိုမျိုး ၅ပိုင်း ဖြတ်ပြီး နွှေးကြပါမယ်

တပတ်မှာ ၁ပိုင်းနှုန်းနဲ့ စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာ ပြန်နွှေးပြီး ကိုယ်တိုင်အလွတ်ဆိုကြည့်ပါ Obj မေးခွန်းတွေလေ့ကျင့်ကြည့်ပါ

စာအသစ်တွေကျက်ရလို့ ပင်ပန်းနေချိန် အဟောင်းတွေမမေ့ဖို့ကလဲ အရေးကြီးတာဖြစ်လို့ ကျက်ပြီးသမျှ အရာထင်ဖို့ အမြဲ ပြန်နွှေးနေဖို့လိုပါမယ်

Join for more @JohnResources1 💗
🍓5❤1
“အစိုးရကျောင်းတွေရော အဲဒီလို လုပ်ခွင့်ရှိလား။ ဒါဆိုရင်တော့ ပညာရေးစနစ်က ပျက်ပြီ။ ဒါကို သိသိကြီးနဲ့ ခွင့်ပြုထားတဲ့သူတွေမှာလည်း တာဝန်ရှိတယ်။ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကို မေးချင်တာက ပုဂ္ဂလိကကျောင်းတွေ အခုလို လုပ်နေတာတွေကို သိသိကြီးနဲ့ ဘာကြောင့် အခုအချိန်အထိ ခွင့်ပြုထားတာလဲ၊ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်စေချင်တယ်” လို့ သူက ပြောပါတယ်။

ကိုယ်ပိုင်ကျောင်းတချို့မှာ အခုလို Grade - 10 ကနေ Grade - 11 ကို ဆက်မတက်ရဘဲ Grade - 12 ကို အတန်းကျော် တက်ရောက်ခွင့် ပြုနေတာနဲ့ပတ်သက်လို့ ဒီအကြောင်းအရာကို သိရှိခြင်း ရှိ၊ မရှိ၊ စုံစမ်းအရေးယူခြင်း ရှိ၊ မရှိ VOM သတင်းဌာနက ပြည်ထောင်စုအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှတဆင့် ပညာရေးဝန်ကြီးဌာနထံ မေးမြန်းခဲ့ရာမှာ Grade - 11 ကို တက်ရောက်ခြင်းမရှိဘဲ Grade - 12 သင်ခန်းစာတွေ သင်ကြားလို့မရဘူးလို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

အခြေခံပညာဦးစီးဌာန၊ စီမံကိန်းများ ကြီးကြပ်အကဲဖြတ်ဌာနထံ ကျောင်းသားစာရင်း၊ စာမေးပွဲဖြေဆိုမှု၊ အောင်မြင်မှုတွေကို ပေးပို့ အစီရင်ခံရပြီး စီမံကိန်းများ ကြီးကြပ်အကဲဖြတ်ဌာနအနေနဲ့ ဒီကိစ္စရပ်တွေကို စစ်ဆေး ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဒါအပြင် ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်ဒေသဆိုင်ရာ ကိုယ်ပိုင်ကျောင်း (ဒါမှမဟုတ်) ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့တွေနဲ့ ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ် အကဲဖြတ်ရေး ဦးစီးဌာနတို့မှလည်း ရှောင်တခင်စစ်ဆေးခြင်း (Surprise Check)၊ ကျကောက်စစ်ဆေးခြင်း (Sport Check) တွေကို ဆောင်ရွက်လျက်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ပြန်လည် ဖြေကြားထားပါတယ်။

#Grade12 #အမှတ်စာရင်း
❤‍🔥2❤1
ပြန်လည်စိစစ်နေမှုတွေကြောင့် Grade - 12 အမှတ်စာရင်း ထုတ်ပြန်ရက် နောက်ကျနိုင်

ဇူလိုင် ၈ - ၂၀၂၆
SS (VOM)

ပြန်လည်စိစစ်မှုတွေ လုပ်ဆောင်နေရတာကြောင့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း Grade - 12 အမှတ်စာရင်း ထုတ်ပြန်ရက် နောက်ကျနိုင်တယ်လို့ ပညာရေးအသိုင်းအဝိုင်းက စုံစမ်းသိရှိရပါတယ်။

တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းကို ပြီးခဲ့တဲ့နှစ်တွေက အောင်စာရင်းထွက်ပြီး သုံးရက်ဝန်းကျင်လောက်မှာ ထုတ်ပေးခဲ့တာဖြစ်ပေမယ့် အခုနှစ်မှာတော့ အောင်စာရင်းထွက်ပြီး ၁၀ ရက်တာကာလ ကြာမြင့်လာတဲ့အချိန်အထိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အမှတ်စာရင်း ထုတ်ပေးမယ့်ရက် အတိအကျကို သတ်မှတ်နိုင်ခြင်း မရှိသေးပါဘူး။

“အမှတ်စာရင်း ထုတ်မပေးနိုင်သေးတာက ပြန်စိစစ်နေရတာတွေကြောင့်ပါ။ ဘာတွေကို စိစစ်နေရလဲဆိုတော့ ကိုယ်ပိုင်ကျောင်းတွေမှာ အတန်းကျော် ရှိနေတာတွေ၊ repeat & repeat ပေါ့၊ အထပ်ထပ် သင်ကြားမှု ရှိနေတာတွေကို စိစစ်နေရတာတွေကြောင့်ပါ” လို့ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

လက်ရှိရရှိထားတဲ့ သတင်း အချက်အလက်တွေအရ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းအတွက် အမှတ်စာရင်း ထုတ်ပြန်ရေးဟာ မျှော်မှန်းထားတာထက် ရက်အနည်းငယ် နောက်ကျနိုင်ဖွယ်ရှိနေပြီး ခန့်မှန်းချက်အရ သက်ဆိုင်ရာဌာနအနေနဲ့ အခု ဇူလိုင်လ ဒုတိယပတ် (ဒါမှမဟုတ်) စတုတ္ထပတ်လောက်မှသာ အမှတ်စာရင်း ထုတ်ပေးမယ့်ရက်ကို ကြေညာနိုင်ခြေရှိနေတယ်လို့ ပညာရေးလောကကြား ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဒါအပြင် အောင်လက်မှတ်ကိုလည်း သြဂုတ်လ တတိယပတ် (ဒါမှမဟုတ်) စတုတ္ထပတ်လောက်မှသာ စတင် ထုတ်ပေးနိုင်ခြေရှိနေပြီး ဒါဟာ တရားဝင်ကြေညာချက် မဟုတ်ဘဲ ခန့်မှန်းချက်သာဖြစ်တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ၊ မိဘတွေအနေနဲ့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်တွေကိုသာ စောင့်ဆိုင်းကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။

“Grade - 12 အမှတ်စာရင်းက ခါတိုင်း ဒီအချိန်ရပြီ။ အရင်နှစ်တွေကဆို အောင်စာရင်းထွက်ပြီး နှစ်ရက်၊ သုံးရက်ပဲကြာတာ။ မြန်မာနိုင်ငံစာစစ်က တိုင်းနဲ့ပြည်နယ်တွေမှာ အဖွဲ့လေးတွေခွဲပြီးတော့ စစ်လိုက်တော့ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းကို အရင်နှစ်တွေက တခါတည်း တန်းထုတ်ပေးတာ။ printer လေးနဲ့။ အခု နှောင့်နှေးနေတာက သူတို့ တော်တော်လေးကို စိစစ်နေရလို့ပါ” လို့ ပညာရေးဝန်ထမ်း တယောက်က ပြောပါတယ်။

၂၀၂၅ - ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်ချိန် နောက်ကျရတာကလည်း အဲဒီလို မသမာမှုတွေရှိနေတဲ့အတွက် စိစစ်နေရတာတွေကြောင့်လို့ ပညာရေးအသိုင်းအဝိုင်းထဲ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာဖြစ်ပြီး Grade - 11 မနေဖူးတဲ့ ကျောင်းသား၊ ကျောင်းသူတွေက Grade - 12 စာမေးပွဲကို အောင်မြင်နေတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့ရှိ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း တချို့ဟာ Grade - 10 အောင်မြင်ပြီးတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို Grade - 11 စာ အနည်းငယ်လောက်သာ သင်ပေးပြီး Grade - 12 ကို အလွယ်တကူ တက်ရောက်ခွင့်ပေးနေတဲ့ မသမာမှု ပြုလုပ်နေတာမျိုးတွေ ရှိနေတယ်လို့ ကျောင်းသားမိဘတွေကြား ပြောဆိုမှုတွေ ရှိနေတာပါ။

အခုလို မသမာမှုတွေဟာ ကိုယ်ပိုင်ကျောင်း အားလုံးလိုလိုမှာ ရှိနေတာလို့သိရပြီး နောက်ဆက်တွဲ ရလဒ်အနေနဲ့ကတော့ အစိုးရကျောင်းတွေက ကျောင်းသား၊ ကျောင်းသူ အတော်များများဟာ Grade - 10 အောင်မြင်ပြီဆိုတာနဲ့ ကျောင်းထွက်လာကြတာတွေ ဖြစ်လာကာ တနှစ်ထက်တနှစ် ကျောင်းထွက်နှုန်း ပိုများလာတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းမှာဆိုရင်လည်း အထက်တန်းနဲ့ အလယ်တန်းအဆင့် ကျောင်းတချို့မှာ ကျောင်းသားအရေအတွက် နည်းပါးလာတာ တွေ့ရပြီး ဆရာ၊ ဆရာမအင်အား ခန့်ရတာနဲ့ မမျှတတာကြောင့် ကျောင်းတွေပေါင်းတာ၊ မူလတန်းအထိ အဆင့်လျှော့ချတာတွေ ပြုလုပ်ရတဲ့ကျောင်းတွေ တိုးလာနေကာ ကျောင်းအရေအတွက် ၁၂ ကျောင်းအထိ ရှိလာနေပြီဖြစ်တယ်လို့ သိရပါတယ်။

အခုလို အစိုးရကျောင်းတွေ အဆင့်လျှော့ချပြီး ကျောင်းပေါင်းတာတွေ ပြုလုပ်နေချိန်မှာ ကိုယ်ပိုင်ကျောင်းတွေကတော့ အရေအတွက် ပိုမို များပြားလာနေတာကို တွေ့ရပြီး တချို့သော ကိုယ်ပိုင်ကျောင်းတွေကတော့ အဆင့်မမီတာ၊ စည်းကမ်း မညီညွတ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

“အခုလို ကျောင်းအဆင့် လျှော့ချရတာတွေကလည်း အခြေခံပညာရေး‌ရဲ့ ‌ကျဆုံးမှုလက္ခဏာဖြစ်တယ်။ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာဆိုရင် ကိုယ်ပိုင်ကျောင်းအရေအတွက်က ၄၀ ကျော်နေတယ်။ အစိုးရကျောင်းတွေထက် ပိုများနေတယ်။ ကျောင်းတွေ အဲဒီ‌လောက် လိုအပ်၊ မလိုအပ်၊ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှုမရှိဘဲ ခွင့်ပြုနေတာ ဘာကြောင့်လဲ။ အဲဒီလို ကျောင်းတွေကြောင့် အစိုးရကျောင်းတွေ ပျောက်သွားတာပဲ” လို့ ပညာရေးဝန်ထမ်း တယောက်က ပြောပါတယ်။

လက်ရှိ ကိုယ်ပိုင်ကျောင်းအများစု ပြုလုပ်နေတဲ့ အတန်းကျော်ပညာရေးနဲ့ Grade - 12 မှာ သင်ခန်းစာတွေကို အထပ်ထပ် သင်ကြားနေတာတွေဟာ အစိုး‌ရကျောင်းတွေက ကျောင်းသား၊ ကျောင်းသူတွေအတွက် တရားမျှတမှုမရှိဘူးလို့ ကျောင်းသား မိဘတယောက်က ပြောပါတယ်။
❤2❤‍🔥1😭1
“အစိုးရကျောင်းတွေရော အဲဒီလို လုပ်ခွင့်ရှိလား။ ဒါဆိုရင်တော့ ပညာရေးစနစ်က ပျက်ပြီ။ ဒါကို သိသိကြီးနဲ့ ခွင့်ပြုထားတဲ့သူတွေမှာလည်း တာဝန်ရှိတယ်။ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကို မေးချင်တာက ပုဂ္ဂလိကကျောင်းတွေ အခုလို လုပ်နေတာတွေကို သိသိကြီးနဲ့ ဘာကြောင့် အခုအချိန်အထိ ခွင့်ပြုထားတာလဲ၊ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်စေချင်တယ်” လို့ သူက ပြောပါတယ်။

ကိုယ်ပိုင်ကျောင်းတချို့မှာ အခုလို Grade - 10 ကနေ Grade - 11 ကို ဆက်မတက်ရဘဲ Grade - 12 ကို အတန်းကျော် တက်ရောက်ခွင့် ပြုနေတာနဲ့ပတ်သက်လို့ ဒီအကြောင်းအရာကို သိရှိခြင်း ရှိ၊ မရှိ၊ စုံစမ်းအရေးယူခြင်း ရှိ၊ မရှိ VOM သတင်းဌာနက ပြည်ထောင်စုအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှတဆင့် ပညာရေးဝန်ကြီးဌာနထံ မေးမြန်းခဲ့ရာမှာ Grade - 11 ကို တက်ရောက်ခြင်းမရှိဘဲ Grade - 12 သင်ခန်းစာတွေ သင်ကြားလို့မရဘူးလို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

အခြေခံပညာဦးစီးဌာန၊ စီမံကိန်းများ ကြီးကြပ်အကဲဖြတ်ဌာနထံ ကျောင်းသားစာရင်း၊ စာမေးပွဲဖြေဆိုမှု၊ အောင်မြင်မှုတွေကို ပေးပို့ အစီရင်ခံရပြီး စီမံကိန်းများ ကြီးကြပ်အကဲဖြတ်ဌာနအနေနဲ့ ဒီကိစ္စရပ်တွေကို စစ်ဆေး ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဒါအပြင် ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်ဒေသဆိုင်ရာ ကိုယ်ပိုင်ကျောင်း (ဒါမှမဟုတ်) ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့တွေနဲ့ ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ် အကဲဖြတ်ရေး ဦးစီးဌာနတို့မှလည်း ရှောင်တခင်စစ်ဆေးခြင်း (Surprise Check)၊ ကျကောက်စစ်ဆေးခြင်း (Sport Check) တွေကို ဆောင်ရွက်လျက်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ပြန်လည် ဖြေကြားထားပါတယ်။

Photo - CJ

VOM TelegramChannel: https://t.me/VOMNEWS2023/24238

VOM Viber Channel: https://invite.viber.com/?g2=AQB7wwugAc75sVHuHo%2Fd0CrKkpLcA%2BlNVq%2Bect5uDImn9%2FvvN4ftUbteUnFXd9we

VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g

VOM Website Link: https://voiceofmyanmarnews.com/?fbclid=IwZXh0bgNhZW0CMTEAAR28Qqj_pTGKuOlrWdk5tlcmboTRklj0D2qV0dGXdsU5I_lnrlUaygVFlCI_aem_H5NJKuvgYPc2NAKeA7aubQ.


#voiceofmyanmar #VOM #Grade12 #အမှတ်စာရင်း

Source from VOM
#adminteam
#Voluteener_admin_primo
#StudywithK2
❤1
၂၀၂၆-၂၀၂၇ ပညာသင်နှစ်
အခန်းဆုံးတတ်မြောက်မှုစစ်ဆေးခြင်း (ဇူလှိုင်လ)
ဒွါဒသမတန်း (Grade-12)
အင်္ဂလိပ်စာ (နမူနာမေးခွန်း)


ပညာရေး သတင်းလွှာ
https://t.me/EducationForAllS

မြန်မာစာ လေ့လာရန် 👇
https://t.me/EducationForAllS/2706?single
❤3