Study with K2
1.58K subscribers
1.08K photos
31 videos
192 files
74 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
Rest day!!!!

ကလေးတို့အနေနဲ့ G12ဆိုတဲ့ ခရီးလမ်းကို စလျှောက်နေပါပြီး။ အကို့အနေနဲ့ အရှေ့မှာတွေ စာလုပ်နည်းတွေနဲ့ တစ်နေ့စာတစ်နေ့ပြီးအောင် လုပ်လို့ရမယ့် နည်းလမ်းတွေကို shareပေးခဲ့တယ်ဆိုတော့ အခု ကလေးတို့အနေနဲ့ အရေးကြီးတဲ့ အရာလေးတစ်ခုကို ပြောပြချင်ပါတယ်👀

အဲ့တာကတော့ နားရက် တစ်ရက်ယူတာပါပဲ ဟုတ်ပါတယ် စာကို consistency ရှိရှိလုပ်တဲ့ ကျောင်းသားတစ်ယောက်က တစ်လမှ တစ်ရက်လောက် သေချာလေး နားသင့်ပါတယ်

နားတယ်ဆိုတာက ဖုန်းတွေကြည့်မယ် gameတွေဆော့မယ်ဆိုတာထက် သေချာလေး အိပ် သေချာလေးစားစေချင်ပါတယ်။ အစားကောင်းလေးစားလိုက်တာ အိပ်ရေးဝဝ အိပ်လိုက်တာမျိူး အပြင်သွားလိုက်တာမျိုးက ဖုန်းတွေသုံးတာထက် အများကြီး ကောင်းပါတယ်

ကလေးတို့အနေနဲ့ အရာရာကို မျှတစွာ လုပ်ဆောင်သွားမယ်ဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ G12ခရီးကို ပြီးမြောက်သွားကြမှာပါ။🥳


#adminteam
#Voluteener_admin_primo
#StudywithK2
❤14🍓6☃1
စာစစ်ဌာနရဲ့ကြေငြာချက်
😭38🗿9😢1
ရင်ခုန်ချင်ရင် countdown သွားထိုင်ကြည့်ကြ ကလေးတို့။

အခုလိုရင်ခုန်မှုမျိုးက နောက်တစ်ခေါက် ထပ်မရနိုင်တာမို့လို့ အပြည့်အဝခံစားကြနော်။

ရင်ခုန်ရတုန်းအပြည့်အဝရင်ခုန်ထားကြနော်။

ရည်းစားရရင်တောင် အဲ့လောက်ရင်မခုန်ရဘူးဆိုတာတော့ ယုံတယ်ဟုတ်🫵🏻

http://result.dme.gov.mm/

#AdminMaple #StudywithK2
😭28❤7
အောင်စာရင်းများ ကြေညာမည့် ၂၈-၆-၂၀၂၆ ရက်နေ့တွင် https://result.dme.gov.mm တွင် ဖော်ပြပါအတိုင်း တွေ့မြင်ရပါမည်။



မိမိကြည့်ရှုလိုသည့် အောင်စာရင်းကို ရွေးချယ်ကြည့်ရှုရပါမည်။


၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြည့် နည်း (၂) ခု


1.  ခုံနံပါတ်ဖြင့် တိုက်ရိုက်ရှာဖွေနည်း

ခုံနံပါတ်ရိုက်ထည့်ဝင်ရောက်ရန်

- https://result.dme.gov.mm

2. စာစစ်ဌာနအလိုက် စာရွက်ဖိုင် (PDF) ဖြင့် ကြည့်ရှုနည်း
မိမိဖြေဆိုခဲ့သည့် စာစစ်ဌာနအလိုက် အောင်စာရင်းစာရွက်များကို တစ်ပြိုင်နက် ကြည့်ရှုလိုပါက ဝင်ရောက်ရန်

- https://www.myanmarexam.org


စာမေးပွဲဖြေဆိုထားသည့် ကျောင်းသား၊ ကျောင်းသူအားလုံး အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
❤22
အခြေအနေလေးပြောကြပါဦးကလေးတို့
Anonymous Poll
10%
6D
5%
5D
8%
4D
5%
3D
8%
2D
10%
1D
38%
နှစ်ချင်းပေါက်
19%
နာမည်ရှာမတွေ့ခဲ့ဘူး
❤5
နှစ်စဉ်နှစ်တိုင်းရိုးရာမပျက် အစ်မတို့ကျောင်းကနေ The whole Burma ထွက်ပါတယ်🥳🥳

နှစ်ချင်းပေါက်အောင်မြင်သွားတဲ့ကလေးတွေအားလုအတွက် Study With K2 Channel admin team ကနေ congratulations ပါလို့ပြောချင်ပါတယ်။

နာမည်ရှာမတွေ့ခဲ့တဲ့ကလေးတွေလည်း အားမငယ်ပါနဲ့၊စိတ်မပျက်ပါနဲ့ ထပ်ကြိုးစားပါနော်။

#StudywithK2 #adminteam
❤30❤‍🔥9
၂၀၂၆- ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြည်နယ်/တိုင်းဒေသကြီးအလိုက် ဖြေဆို/အောင်မြင်ဦးရေပြစာရင်း။
❤7🍓5
ကျတဲ့သူ‌တွေလည်းအမှတ်စာရင်းထုတ်လို့ရတယ်နောိ

ကိုယ်ဘယ်သာသာ အားနည်းလည်းသိတော့ ပိုကောင်းတာပေါ့
❤16
Hey G-12အောင်မြင်သွားတဲ့ ကလေးတွေအတွက် သတင်းကောင်းလေး လာပါပြီရှင့်။📣

အစ်မတို့ရဲ့ Study With K2 Channel ကနေ ဦးဆောင်ကျင်းပမယ့် University webinar လေးအကြောင်းကို ကလေးကိုနည်းနည်းပြောပြပေးပါမယ်။

အဓိကတော့ အစ်မတို့ဘက်နေ ကလေးတို့ ဘယ်တက္ကသိုလ်ကိုရွေးချယ်ရမလဲမသိမှာစိုးတာရယ်။

ကိုယ်ရွေးချယ်လိုက်တဲ့ တက္ကသိုလ်မှာ ဘယ်ဘာသာရပ်တွေကို အဓိကထားပြီးသင်ကြားပေးလဲ။❔

ကလေးတွေ အတော်များများ စိုးရိမ်ကြတဲ့ ကျောင်းပြီးရင် အလုပ်အကိုင်အခွင့်အရေးရော ပေါများလား❓

စတဲ့ကိုယ်သိချင်တဲ့ အကြောင်းအရာပေါင်းစုံကို လက်ရှိ စီနီယာတွေဆီကို ကိုယ်တိုင်ကိုယ်ကျ မေးမြန်းနိုင်မယ့် အစီအစဉ်လေးပါနော်။

မြန်မာနိုင်ငံရဲ့ ထိပ်သီး တက္ကသိုလ်များက စီနီယာတွေကိုပဲ ဖိတ်ကြားထားတာဆိုတော့ information တွေလွဲမှားမှာလည်း စိုးရိမ်စရာမလိုတော့ပါဘူးနော်။

Webinar လေးနဲ့ပတ်သတ်တဲ့ အကြောင်းအရာတစ်ချို့ ဆက်လက် တင်ပေးဦးမှာဖြစ်လို့ G-12 အောင်သွားတဲ့ကလေးတွေလည်း channel ကိုအမြဲ check inလုပ်နေတော့နော်။

Graphic designer by- Thuz

#StudywithK2 #university_webinar_2026 #Graphic_designer_by_Thuz #Graphic_designer_deperment
❤17
❤13
လာမယ့် Webinar အတွက် စိတ်လှုပ်ရှားမယ့် Game လေးတစ်ခုကို အတူတူ ပါဝင်ရအောင်။

အဲ့ဒါကတော့ Study With K2 Channel ကနေဦးစီး ကျင်းပမယ့် University webinar 2026မှာ ပါဝင်မယ့် Special Guest တွေရဲ့ University ကို ခန့်မှန်းပေးရမှာပဲဖြစ်ပါတယ်။

အဖြေလေးကို Comment လေးမှာရေးသွားနော်။

ဆိုတော့ အားလုံးရဲ့အဖြေကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်နေပါမယ်နော်။

Graphic designer by - Thuz

#StudywithK2 #university_webinar_2026 #AdminMaple #Graphic_designer_by_Thuz #Graphic_designer_deperment
❤5❤‍🔥1
Forwarded from Orange Highlighter
G-12 ကျောင်းသားတစ်‌ယောက်အနေနဲ့ နောင်တမရချင်ရင် အချိန်မှီပြင်သင့်သောအမှားများ‼️ ( Part - 1 )


ဟုတ်ပါတယ်။ caption အတိုင်းပါပဲ။ ဒီနေ့မှာတော့ အစ်မ G-12 ကျောင်းသူဘဝတုန်းက လုပ်ခဲ့မိတဲ့အမှားတွေ၊ နောင်တရမိတာတွေကို မောင်လေးတို့၊ညီမလေးတို့ မလုပ်မိအောင် sharing ပြန်လုပ်ပေးမှာပါ။

၁။ Time Management ကောင်းကောင်း မလုပ်နိုင်ခြင်း


❗️G-12 ကျောင်းသားတစ်ယောက်အတွက် Time Management ဆိုတာ အရေးအပါဆုံး skills တွေထဲကတစ်ခုပါ။ အစ်မတုန်းက time management သေချာမလုပ်နိုင်တဲ့အတွက် နှစ်လယ်လောက်ရောက်ပြီး စာတွေများလာတဲ့အချိန်မှာတော်တော်လေးအခက်တွေ့ခဲ့ရပါတယ်။ time table တွေဆွဲ၊ tutorial တွေဖြေဖို့ plan တွေချခဲ့ပေမယ့် တကယ့်လက်တွေ့လိုက်လုပ်ဖြစ်ခဲ့တာမျိုးကတစ်ရက်အပြင်မပိုခဲ့ပါဘူး။

ဘာလို့ဆို အစ်မက time table တွေကို productive mood ဖြစ်နေတဲ့အချိန်မှာ ငါတော့တစ်နေ့ကိုဘယ်လောက်လုပ်လိုက်မယ်၊ ဘယ်ဘာသာတွေကိုင်မယ် ဆိုပြီးဆွဲခဲ့တာပါ။ တကယ့်လက်တွေ့မှာ နေ့တိုင်း productive ဖြစ်မနေနိုင်တဲ့အတွက် time table အတိုင်းလိုက်မလုပ်ဖြစ်တဲ့အခါ ကိုယ့်ကိုကိုယ်အားမရတာ‌မျိုးတွေ ဖြစ်ခဲ့ရတယ်။ task တစ်ခုကိုမလုပ်ဖြစ်တာနဲ့ စိတ်ပျက်အား‌လျော့ပြီး တစ်နေ့တာ plan ပါပျက်သွားရတယ်။

✅ အဲ့ဒါမို့ time table ဆွဲတဲ့အခါမှာ ကိုယ်တစ်နေ့တာမှာ flexible ဖြစ်မယ့် time table မျိုးကိုပဲဆွဲပါလို့ အစ်မက အကြံပေးချင်ပါတယ်။ ပြီးတော့ အစ်မမှားခဲ့သလို time table ထဲက task တစ်ခုကိုမပြီးတာနဲ့ နောက်ထပ် task တွေကို ဆက်မလုပ်တော့တာမျိုးလည်းမလုပ်ပါနဲ့နော်။ အကြောင်းအမျိုးမျိုးကြောင့် တစ်ခုမလုပ်ဖြစ်ခဲ့ရင်တောင် နောက်ထပ်တစ်ခုကိုဆက်လုပ်ပါ။ ကိုယ့်ဘက်က consistent ရှိရှိနဲ့လုပ်ခဲ့တာတွေရဲ့အကျိုးရလဒ်က အချိန်ကြာလာလေသိသာလာလေ ပါပဲ။


၂။ ၆ဘာသာလုံးကို မျှတစွာ ထိတွေ့မှုမရှ်ိခြင်း


❗️G-12 မှာစာတွေကများတဲ့အတွက် revision သေချာမလုပ်နိုင်ရင် ရှေ့ကျက်နောက်မေ့ဆိုတဲ့ cycle ကြီးထဲကရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ အစ်မရဲ့ personal opinion အရဆိုရင် တစ်နေ့မှာအနည်းဆုံး၄ဘာသာလောက် ကိုင်ဖို့လိုပါတယ်။ စာသစ်တွေကိုတစ်နေ့စာ တစ်နေ့ကျက်မှတ်ပြီး အဟောင်းတွေကိုလည်း သူ့ရက်နဲ့သူ revision လုပ်ပေးနေဖို့ကမဖြစ်မနေလိုအပ်ပါတယ်။ အစ်မတုန်းက နှစ်ဝက်လောက်ထိ အဲ့လိုမလုပ်မိခဲ့ပါဘူး။ အစ်မတို့ကျူရှင်က တစ်ပတ်ကို tutorial 2 ဘာသာစစ်ပါတယ်။ အစ်မကတစ်ပတ်လုံးကို စာအသစ်တွေရယ်၊ tutorial ဖြေရမယ့် 2 ဘာသာကိုပဲ အသည်းအသန်လုပ်ခဲ့တာပါ။ tutorial ဖြေရမယ့်ဘာသာတွေကိုပဲထိတွေ့ပြီး စာအဟောင်းတွေကိုပြန်မလုပ်ဖြစ်တော့ စာတွေကရှေ့ကျက်နောက်မေ့ဖြစ်ပါလေရော။ ဘယ်လောက်ပဲရအောင်ကျက်မှတ်ထားတဲ့စာဖြစ်‌ပါစေ revision မလုပ်ပေးရင် ဦးနှောက်ကမေ့ပစ်မှာပါပဲ။

✅ စာအသစ်တွေကိုလည်းအိမ်မှာအချိန်ပေးပြီးလုပ်ရတာသက်သာအောင် ကျူရှင်မှာ၊ကျောင်းမှာသင်တည်းက အပြည့်အဝအာရုံစိုက်ပြီးလေ့လာဖို့လည်း တိုက်တွန်းချင်ပါတယ်။ ကိုယ်အိမ်ကိုပြန်ရောက်တာနဲ့ ပူပူနွေးနွေးသင်ထားတဲ့ စာအသစ်လေးကိုပြန်ကျက်မှတ်လိုက်ရင် အချိန်ကုန်သက်သာပြီး ကိုယ်လည်းမပင်ပန်းတော့ပါဘူး။ ပြီးရင်တော့ စာအဟောင်းတွေကို ကိုယ့်မှာရှိတဲ့အချိန်၊ကိုယ့်ရဲ့စာလုပ်နှုန်း အပေါ် မူတည်ပြီး ပြန်နွှေးပေးရင် ရှေ့ကျက်နောက်မေ့ဆိုတာ ကိုယ့်အတွက်မဟုတ်တော့ပါဘူးကလေးတို့။

၃။ အမှားလုပ်မိမှာကြောက်ရွံ့ခြင်း or Perfect မဖြစ်မှာစိုးရိမ်ခြင်း


❗️Final Exam မတိုင်ခင်ဖြေရတဲ့ tutorial တွေ၊ pre test တွေမှာ အမှားလုပ်မိတာက လုံးဝ လုံးဝ အကျိုးမယုတ်ပါဘူးနော်ကလေးတို့။ အမှားလုပ်မိတာတွေကပဲ ဦးနှောက်ထဲမှာပိုပြီးစွဲမြဲနေတတ်တာပါ။ အစ်မတုန်းကလည်း tutorial ဖြေတိုင်း အမှတ်ပြည့်လိုချင်တဲ့ ရောဂါရှ်ိခဲ့ပါတယ်။ အမှတ်ပြည့်မရရင် ဆရာမတွေဆူမှာစိုးတဲ့စိတ်၊ သူငယ်ချင်းတွေကြားအပြိုင်အဆိုင်ဖြစ်တဲ့စိတ်တွေကြောင့် ကိုယ့်ကိုကိုယ်အသုံးမကျဘူးဆိုပြီး တွေးခဲ့တယ်။ တကယ်တော့ လူတိုင်းဘယ်သူမှ perfect မဖြစ်နေပါဘူး အမြဲ perfect ဖြစ်နေ၊ အမှတ်ပြည့်ရနေတဲ့လူတွေဆိုတာ ကိုယ်တွေမသိတဲ့နောက်ကွယ်မှာ အကြိမ်ကြိမ်လေ့ကျင့်ပြီး အကြိမ်ကြိမ်အမှားတွေလုပ်ခဲ့တဲ့လူတွေပါပဲ။ ကိုယ်မှားခဲ့တဲ့အမှားတွေကနေအမှန်ကိုပြန်ပြင်နိုင်ဖို့ကပဲအဓိကကျတာပါ။

✅ Final Exam မတိုင်ခင် အမှားတွေများများလုပ်ပါ ပြီးရင် မှားခဲ့သမျှကို ငါကဒီလိုမျိုးမှားတတ်တယ်ဆိုတာမျိုးကိုသေချာမှတ်ပြီး အမှန်ပြန်ပြင်ပါ။ ဖြစ်နိုင်ရင် စာအုပ်လေးနဲ့သေချာ အဖြေမှန်ရယ်၊ကိုယ်မှားတာရယ်လေးကို ရေးမှတ်ထားပြီး အားတဲ့အချိန်မှာပြန်ဖတ်တာမျိုးလေးလည်းလုပ်စေချင်ပါတယ်။ tutorial တွေဖြေလို့အမှားမရှိဘူးဆိုတာ ကိုယ်ကအဲ့မတိုင်ခင်မှာ အကြိမ်ပေါင်းများစွာကြိုလေ့ကျင့်ထားလို့ပါ ကိုယ်လေ့ကျင့်ခဲ့တုန်းကအမှားတွေ၊ ကိုယ် tutorial ဖြေတုန်းကမှားမိတဲ့အမှားတွေကို သေချာမှတ်ပြီး အမှန်ပြင်နိုင်တဲ့ကလေးတွေဖြစ်ကြပါစေနော်။

အစ်မလည်းပြောချင်တာတွေများပြီးစာရှည်သွားပြီဆိုတော့ နောက်တစ်ပတ် Friday မှ part-2 လေးဆက်တင်ပေးပါ့မယ်နော်။ Happy Friday ပါမောင်လေးတို့၊ညီမလေးတို့။ 🤍🪷🍀

#Reika
❤17🍓1
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာတစ်နိုင်ငံလုံး (The Whole Myanmar) ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသူများနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း
❤12
Study tipsလေးတွေပါဗျ🫶

Graphic designer by Thuz
Content by Phyo

#Graphic_designer_by_Thuz
#Adminjet
#studywithK2 #volunteer_admin_team
❤8
✅ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် (ကြေငြာစာ) ၂၀၂၇-၂၀၂၈ ပညာသင်နှစ် ၊ အရာရှိလောင်း (ဒီပလိုမာ)သင်တန်း။
❤‍🔥2