Study with K2
1.58K subscribers
1.08K photos
31 videos
192 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
Chemistry တွက်စာတွေကိုဘယ်လိုဖြေရှင်းမလဲ?

ကျက်စာတွေကိုရောမေ့မလွယ်အောင် ဘယ်လိုမှတ်မလဲ?

Chemistry ဆိုတာ “ကျက်ထားလဲမေ့လွယ်တဲ့ subject” လို့ ကျောင်းသားတော်တော်များများထင်ကြတယ်။

ဒါပေမဲ့ တကယ်တော့ Chemistry က “နားလည်ပြီး pattern မှန်အောင်မှတ်နိုင်ရင်” အမှတ်တက်လွယ်တဲ့ဘာသာလို့ပြောလို့ရပါတယ်။

✨ တစ်ခုရှိတာကကျောင်းသားအများစုကChemistry ကျက်တဲ့အခါ နားလည်အောင်ထပ်နှုတ်တိုက်ကျက်ကြတယ်ပေါ့နော်။

အဲ့တာကshort term သာဖြစ်စေပြီး long term မဖြစ်တော့ဘူး။

အရေးကြီးတာက chemistry ဆိုတဲ့ဘာသာရပ်ကို နားလည်အောင်လုပ်ပါ။

ကိုယ်နားလည်လွယ်တဲ့ပုံစံကိုကိုယ်ပဲအသိဆုံးမို့ note တွေကိုကိုယ်နားလည်သလိုပြန်ထုတ်ပါ။

Formula ကို အလွတ်ကျက်တာမျိုးဆိုတာထက် Formula တစ်ခုချင်းစီကို “ဘာကြောင့်ဒီလိုဖြစ်တာလဲ?” ဆိုပြီး concept နဲ့တွဲမှတ်ပြီးနားလည်အောင်လုပ်ပါ။

နားလည်ပြီးကျက်တာက exam ဖြေတဲ့အခါမေ့သွားရင်တောင် ကိုယ်နားလည်သလိုပြန်ပြီးရေးနိုင်ပါတယ်။

နားလည်အောင်ပြောပြရရင် reaction တွေကိုမှတ်တဲ့အခါလည်းအလွတ်ကျက်တာထက် “ဘယ်သူနဲ့ဘယ်သူတွေ့ရင် ဘာဖြစ်တယ်” ဆိုပြီး flow နဲ့မှတ်ပါ။

တွေးပြီးမှတ်တာကပိုပြီးမှတ်မိလွယ်စေမာပါ။

calculation ပိုင်းတွေကိုလည်း နားလည်တယ်ဆိုပြီး မလေ့ကျင့်ရင် exam မှာတိုင်ပတ်တတ်တာမို့ ဂရုပြုစေချင်တယ်နော်။

Step by step ကို ကိုယ်တိုင်တွက်ကြည့်ဖို့လိုပါတယ်။

အရေးကြီးတာတစ်ခုက Chemistry ကိုဖြေခါနီးမှOne Night Study မလုပ်ဖို့ပဲနော်။

ကဲ… ဒီလောက်ဆိုရင်တော့

Chemistry ကိုဘယ်လိုလေ့လာရမလဲဆိုတာကိုတော့အနည်းနဲ့အများသိသွားကြမယ်လို့ မျှော်လင့်တယ်နော်။
အခုမှနှစ်စပဲရှိသေးတာဆိုတော့ juniors လေးတို့အနေနဲ့ mood အပြည့်နဲ့ပုံမှန်လေးလုပ်သွားဖို့ပဲလိုတယ်နော်။

⭐️Good luck at Chemistry gyusss✨

#adminteam
#volunteer_admin_cyrus
#studywithK2
❤4❤‍🔥3
ဘောဂဗေဒ ကြည့်မည့်သူများ
အခန်း1 to 3 တွက်စာnotes https://t.me/economyG12/253?single
အခန်း7တွက်စာnotes
https://t.me/economyG12/633

လေ့ကျင့်ခန်းများ
https://t.me/economyG12/87

မေးခွန်းဟောင်း
https://t.me/economyG12/992

Definition❗

https://t.me/economyG12/981

Obj လေ့ကျင့်ရန်❗

https://t.me/economyG12/874
❤2
Bio ကိုမေ့မလွယ်အောင် ဘယ်လိုကျက်ကြမလဲ?🧬

To be honest:

Bio က အတင်းအလွတ်ကျက်လို့ရတဲ့ subject မဟုတ်ဘူး။

စာကြောင်းတွေလိုက်ကျက်နေတဲ့အချိန်မှာရတုန်းခဏပဲ။

နောက်နေ့ပြန်ကြည့်ရင် “ငါဒါဖတ်ဖူးလား?” ဖြစ်တာကတော့များသောအားဖြင့်ကျောင်းသားတော်တော်များများဖြစ်လေ့ရှိတဲ့ကိစ္စတစ်ခုပါပဲ။

ပြောရရင် bio ကျက်တဲ့အခါနှုတ်တိုက်ကျက်တာကတစ်ခု၊အဲ့လိုကျက်နေရင်းကတွေးနေဖို့လိုတယ်။

နှုတ်တိုက်ကျက်နေတာကစာကိုနည်းတစ်မျိုးနဲ့ရစေတာမှန်ပင်မယ့်ဦးနှောက်ထဲမှာမှတ်မိနေဖို့ကတော့ အကြောင်းအရာတစ်ခုနဲ့တစ်ခု link လုပ်ပြီးကျက်ဖို့လိုတယ်။

ဥပမာပြောရရင် စာကြောင်းတစ်ကြောင်းမှာ ကိုယ့်အတွက်မှတ်ရလွယ်ပြီးအဓိကကျတဲ့အချက်ကိုမျဉ်းသားထားပီးမှတ်ထားသလိုမျိုးပေါ့။

အဲ့လိုလုပ်တာက မင်းတို့အတွက် bio ဖြေရင် အစမေ့တတ်တာကိုဖြေရှင်းပြီးသားလဲဖြစ်စေတယ်။

နောက်ထပ်အရေးကြီးဆုံးကတော့ Repeat again and again ပါ။
Bio ဆိုတာတစ်ခါကျက်ထားရုံနဲ့အမြဲလိုလိုတော့မရနိုင်ပါ။

ကိုယ့်ရဲ့မှတ်မိနိုင်စွမ်းကိုကိုယ်အသိဆုံးမို့ချိန်ကိုက်ပြီးပြန်နွှေးနေဖို့လိုပါတယ်။

စသင်ထဲကသေချာကျက်ဖို့လိုသလိုကျက်ပြီးရင်လဲပစ်မထားဖို့အရေးကြီးပါတယ်။

နောက်ပြီးတော့ Bio ကိုမျက်စိနဲ့ပဲဖတ်မနေဘဲ
ကိုယ့်ကိုယ်ကိုယ်ပြန်ရှင်းပြရင်းကျက်ကြည့်အရမ်း useful ဖြစ်တယ်။
နားလည်လွယ်တယ်။

ကိုယ့်ကိုယ်ကိုယ် bio tr လို့သာ သဘောထားပြီးပြန်ရှင်းပြကြည့်ပါ။

အဲ့လိုလုပ်တဲ့အချိန်ကျဘယ်လိုမှတ်ရင်ကိုယ်ပိုပြီးရဖို့လွယ်တဲ့ဆိုတာကိုသိလာနိုင်ပါတယ်။

honestly… Bio ကိုကြောက်ပြီးကျက်နေရင်ပိုခက်ပါတယ်။
စာကျက်တဲ့ခါ တွေးပါ။

တွေးရင်းကိုယ်မှတ်မိလွယ်တဲ့ပုံစံကိုသိလာပါလိမ့်မယ်။

ပြီးတဲ့ခါလွှတ်မထားပဲကိုယ့်ကိုကိုယ်ပြန်မေးပါ။
ပြန်နွှေးပါ။

အချိန်ရရင်ရသလို ကိုယ်ရပြီးသား အပုဒ်တွေကိုလဲပြန်ဆိုနေတာကလဲ သိသာတဲ့အကျိုးကျေးဇူးကိုခံစားရမာပါ။

တဖြည်းဖြည်းနဲ့
Bio ကခက်တဲ့ subject မဟုတ်တော့ဘဲစိတ်ဝင်စားဖို့ကောင်းတဲ့ subject ဖြစ်လာပါလိမ့်မယ်နော်🫶🌱

#adminteam
#volunteer_admin_cyrus
#studywithK2
❤7🏆1
အရမ်းသိချင်နေကြတဲ့ အောင်စာရင်းလေးက ၂၇ရက်နေ့ထွက်ပါမယ်။

ကိုယ်မှန်းထားတဲ့အတိုင်း ဖြစ်ပါစေရှင့်။

#AdminMaple #studywithK2
🍓21
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းထုတ်ပြန်ခြင်းလုပ်ငန်း ကြေညာခြင်းကို ယနေ့ ၂၄.၆.၂၀၂၆ ဗုဒ္ဓဟူးနေ့ ည ၇ နာရီတွင် အသိပေးကြေညာသွားပါမည် ဖြစ်ပါတယ်။
🗿8
🍓5❤1
https://result.dme.gov.mm/

အားလုံးပဲ good luck pr

#studywithK2
#adminKelly
❤‍🔥18❤2🕊2⚡1
၂၈.၆.၂၀၂၆ တနင်္ဂနွေနေ့

#အောင်စာရင်း
#မြန်မာ့အလင်းသတင်းစာ
🍓3
Rest day!!!!

ကလေးတို့အနေနဲ့ G12ဆိုတဲ့ ခရီးလမ်းကို စလျှောက်နေပါပြီး။ အကို့အနေနဲ့ အရှေ့မှာတွေ စာလုပ်နည်းတွေနဲ့ တစ်နေ့စာတစ်နေ့ပြီးအောင် လုပ်လို့ရမယ့် နည်းလမ်းတွေကို shareပေးခဲ့တယ်ဆိုတော့ အခု ကလေးတို့အနေနဲ့ အရေးကြီးတဲ့ အရာလေးတစ်ခုကို ပြောပြချင်ပါတယ်👀

အဲ့တာကတော့ နားရက် တစ်ရက်ယူတာပါပဲ ဟုတ်ပါတယ် စာကို consistency ရှိရှိလုပ်တဲ့ ကျောင်းသားတစ်ယောက်က တစ်လမှ တစ်ရက်လောက် သေချာလေး နားသင့်ပါတယ်

နားတယ်ဆိုတာက ဖုန်းတွေကြည့်မယ် gameတွေဆော့မယ်ဆိုတာထက် သေချာလေး အိပ် သေချာလေးစားစေချင်ပါတယ်။ အစားကောင်းလေးစားလိုက်တာ အိပ်ရေးဝဝ အိပ်လိုက်တာမျိူး အပြင်သွားလိုက်တာမျိုးက ဖုန်းတွေသုံးတာထက် အများကြီး ကောင်းပါတယ်

ကလေးတို့အနေနဲ့ အရာရာကို မျှတစွာ လုပ်ဆောင်သွားမယ်ဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ G12ခရီးကို ပြီးမြောက်သွားကြမှာပါ။🥳


#adminteam
#Voluteener_admin_primo
#StudywithK2
❤14🍓6☃1
စာစစ်ဌာနရဲ့ကြေငြာချက်
😭38🗿9😢1
ရင်ခုန်ချင်ရင် countdown သွားထိုင်ကြည့်ကြ ကလေးတို့။

အခုလိုရင်ခုန်မှုမျိုးက နောက်တစ်ခေါက် ထပ်မရနိုင်တာမို့လို့ အပြည့်အဝခံစားကြနော်။

ရင်ခုန်ရတုန်းအပြည့်အဝရင်ခုန်ထားကြနော်။

ရည်းစားရရင်တောင် အဲ့လောက်ရင်မခုန်ရဘူးဆိုတာတော့ ယုံတယ်ဟုတ်🫵🏻

http://result.dme.gov.mm/

#AdminMaple #StudywithK2
😭28❤7
အောင်စာရင်းများ ကြေညာမည့် ၂၈-၆-၂၀၂၆ ရက်နေ့တွင် https://result.dme.gov.mm တွင် ဖော်ပြပါအတိုင်း တွေ့မြင်ရပါမည်။



မိမိကြည့်ရှုလိုသည့် အောင်စာရင်းကို ရွေးချယ်ကြည့်ရှုရပါမည်။


၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြည့် နည်း (၂) ခု


1.  ခုံနံပါတ်ဖြင့် တိုက်ရိုက်ရှာဖွေနည်း

ခုံနံပါတ်ရိုက်ထည့်ဝင်ရောက်ရန်

- https://result.dme.gov.mm

2. စာစစ်ဌာနအလိုက် စာရွက်ဖိုင် (PDF) ဖြင့် ကြည့်ရှုနည်း
မိမိဖြေဆိုခဲ့သည့် စာစစ်ဌာနအလိုက် အောင်စာရင်းစာရွက်များကို တစ်ပြိုင်နက် ကြည့်ရှုလိုပါက ဝင်ရောက်ရန်

- https://www.myanmarexam.org


စာမေးပွဲဖြေဆိုထားသည့် ကျောင်းသား၊ ကျောင်းသူအားလုံး အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
❤22
အခြေအနေလေးပြောကြပါဦးကလေးတို့
Anonymous Poll
10%
6D
5%
5D
8%
4D
5%
3D
8%
2D
10%
1D
38%
နှစ်ချင်းပေါက်
19%
နာမည်ရှာမတွေ့ခဲ့ဘူး
❤5
နှစ်စဉ်နှစ်တိုင်းရိုးရာမပျက် အစ်မတို့ကျောင်းကနေ The whole Burma ထွက်ပါတယ်🥳🥳

နှစ်ချင်းပေါက်အောင်မြင်သွားတဲ့ကလေးတွေအားလုအတွက် Study With K2 Channel admin team ကနေ congratulations ပါလို့ပြောချင်ပါတယ်။

နာမည်ရှာမတွေ့ခဲ့တဲ့ကလေးတွေလည်း အားမငယ်ပါနဲ့၊စိတ်မပျက်ပါနဲ့ ထပ်ကြိုးစားပါနော်။

#StudywithK2 #adminteam
❤30❤‍🔥9
၂၀၂၆- ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြည်နယ်/တိုင်းဒေသကြီးအလိုက် ဖြေဆို/အောင်မြင်ဦးရေပြစာရင်း။
❤7🍓5
ကျတဲ့သူ‌တွေလည်းအမှတ်စာရင်းထုတ်လို့ရတယ်နောိ

ကိုယ်ဘယ်သာသာ အားနည်းလည်းသိတော့ ပိုကောင်းတာပေါ့
❤16