Study with K2
1.58K subscribers
1.08K photos
31 videos
192 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
Forwarded from Academic Mentor
ခေတ်လို့ပြောတာတဲ့ ကလေးတို့ အရင်ဆုံးသတိရရမှာက

"ပု၊ပင်း၊အင်း၊တောင်၊ညောင်၊ကုန်း၊ဘောင်။
မှတ်ရန် ကိုလိုနီ" ဆိုတဲ့ကဗျာလေးပါပဲ။


ပု ဆိုတာက ဘာလဲ?

ပုဆိုတာက ပုဂံခေတ်ကိုပြောတာပဲဖြစ်ပါတယ်နော်။

ဒီမှာ ချယ်က တစ်ဆက်တည်း ပုဂံခေတ်မှာ ဘယ်လိုစာပေတွေတွေ့ရလဲဆိုတာကိုပါ ပြောပြပေးချင်ပါတယ်။

အဓိကတော့ ကျောက်စာ‌တွေကိုအဓိကထားပြီးတွေ့ရတတ်ပါတယ်။

ပုဂံခေတ်နှောင်းပိုင်းမှာ ကဗျာ၊လင်္ကာတွေကိုပါ ရေးဖွဲ့လာတာကိုတွေ့ရပါတယ်။

ပင်း ဆိုတာကရော ဘာဖြစ်မလဲ 🤔

ပင်းယ ခေတ်ဆိုတာ ကလေးတို့အနေနဲ့ သိပ်ကြားလေ့ကြားထမရှိဘူးလို့ ထင်ပါတယ်နော်။

ဒါပေမယ့် ပင်းယခေတ်မှာ ရတု၊တျာချင်း၊ကာချင်းစတဲ့ ‌ကဗျာတွေ စတင်ပေါ်ပေါက်လာခဲ့တာပါနော်။

Coming soon…😁

#Academic_Mentor@guideforG_12
❤‍🔥8❤1
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း နှင့်ပက်သက်၍ သက်ဆိုင်ရာဌာနအသီးသီးမှ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသည့်အတွက် မည့်သည့် ရက်ကိုမျှ အတည်မပြုနိုင်ပါ ။

ကြိုတင်ကြည့်ပေးမည်ဆိုလျှင် ၁၀၀ % လိမ်လည် လှည့်ဖြားခြင်းသာဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

ပညာရေး သတင်းလွှာ
❤4🍓4
🇦🇺 ဩစတြေးလျနိုင်ငံ Monash University မှာ ဘွဲ့ကြို (Undergraduate) တက်ချင်ပေမယ့် ငွေကြေးအခက်အခဲရှိနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဘဝကိုအပြောင်းအလဲဖြစ်စေမယ့် Fully Funded ပညာသင်ဆုကြီး လာပါပြီ ရှင် 🎓

ဒါကတော့ Monash တက္ကသိုလ်ရဲ့ နာမည်ကြီး ကျောင်းသားဟောင်းတစ်ဦးဖြစ်တဲ့ Beau Kuok (Khoon Chen Kuok) ကနေ ပံ့ပိုးပေးထားတဲ့ "K.C. Kuok Scholarship" ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှက ငွေကြေးမတတ်နိုင်တဲ့ ထူးချွန်ကျောင်းသားတွေ သူတို့ရဲ့ အလားအလာတွေကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ပေးအပ်တာပါ။

ဘယ်သူတွေ လျှောက်ထားနိုင်လဲ? (Eligibility)
မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၊ တရုတ်၊ အင်ဒိုနီးရှား၊ သို့မဟုတ် ဟောင်ကောင် မှ ကျောင်းသားဖြစ်ရပါမည်။
ဩစတြေးလျနိုင်ငံရှိ Monash University Campus တွင် မည်သည့်ဘာသာရပ်ကိုမဆို Single Degree ဖြင့် အချိန်ပြည့် (Full-time) တက်ရောက်မည့်သူ ဖြစ်ရပါမည်။ (Double degree လျှောက်ထားသူများ အကျုံးမဝင်ပါ။)
ယခင်က တက္ကသိုလ်တစ်ခုခုတွင် စတင်တက်ရောက်ခဲ့ဖူးခြင်း မရှိသူ ဖြစ်ရပါမည်။
ဝင်ငွေနည်းပါးသော မိသားစု (Low-income household) မှ ဖြစ်ကြောင်း အထောက်အထား ပြသနိုင်ရပါမည်။

ရရှိနိုင်မည့် ပံ့ပိုးမှုများ (Fully Funded)
✅ ကျောင်းလခ အပြည့်အဝ (Tuition fees)
✅ တစ်နှစ်လျှင် နေထိုင်စားသောက်စရိတ် ဩစတြေးလျဒေါ်လာ ၁၄,၀၀၀ (AUD $14,000)
✅ Monash University ၏ ကျောင်းဆောင်တွင် နေထိုင်ခွင့်နှင့် အဆောင်လခ ကုန်ကျစရိတ်များ
✅ ကျောင်းသား ဗီဇာ ကုန်ကျစရိတ် (Student visa costs)
✅ ပထမနှစ် ဩစတြေးလျတွင် စတင်အခြေချရန်အတွက် ထောက်ပံ့ကြေး ဩစတြေးလျဒေါ်လာ ၃,၀၀၀ (Additional $3,000 AUD one-off establishment payment)
✅ ဩစတြေးလျသို့ သွားရောက်ရန် ပထမဆုံး အသွား လေယာဉ်လက်မှတ်

📅 နောက်ဆုံး လျှောက်ထားရမည့်ရက်: ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်
(ရွေးချယ်ခံရမှု ရလဒ်များကို ဩဂုတ်လ ၁၇ ရက်နေ့ ဝန်းကျင်တွင် အကြောင်းကြားပေးမည် ဖြစ်ပါသည်။)

#crd
#volunteer_admin_phyo
#adminteam
❤5
အသေးစိတ် လေ့လာပြီး လျှောက်ထားရန် Link
https://www.monash.edu/study/fees-scholarships/scholarships/find-a-scholarship/kc-kuok-scholarship-6073
(Credit: Monash University)
🍓1
Forwarded from Academic Mentor
Part-2

အင်း ဆိုတာဘယ်ခေတ်ကြီးလဲ?

အင်းဆိုတာ အင်းဝကိုပြောတာဖြစ်ပါတယ်ကလေးတို့ရေ

အင်းဝခေတ်ကို ကလေးတို့ ကြားဖူးနေကြဖြစ်မှာပါနော်။

ရှင်မဟာရဌသာရ၊ရှင်မဟာသီလဝံသ စတဲ့ ရဟန်းစာဆိုအကျော်အမော်တွေပေါ်ထွန်းခဲ့တဲ့ခေတ်ပေါ့ကွယ်။

နောက်ပြီး ပျို့တွေအရေးများခဲ့လို့ ပျို့ခေတ်လို့လည်း ခေါ်ဆိုကြ‌ပါသေးတယ်။

တောင် ဆိုတာနဲ့ ဘာကြီးပြေးမြင်မိလဲ။

တောင်ဆိုတာ တော၊တောင်တွေကိုပြောတာမဟုတ်ပဲ တောင်ငူကိုပြောတာပါနော်ကလေးတို့။

တောင်ငူခေတ်မှာတော့ ရတု၊ရကန်တွေကို ပိုပြီးရေးသားလာခဲ့ပါတယ်။

တောင်ငူခေတ်မှာ ရတုကဗျာတွေက အရောင်အသွေးစုံလင်လာခဲ့ပါတယ်။

ထင်ရှားတဲ့စာဆိုတွေထဲမှာ ရတုဘုရင် နတ်သျှင်နောင်ကိုတော့ ကလေးတို့လည်းသိကြမယ်ထင်ပါတယ်။

👉🏻Part-1ကိုဖတ်ရန်နှိပ်ပါ👈🏻

#Academic_Mentor@guideforG_12
❤‍🔥5❤1
Forwarded from Academic Mentor
ညောင် ဆိုတာ ညောင်ပင်မဟုတ်ဘူးနော်ကလေးတို့။

ညောင်ဆိုတာ ညောင်ရမ်းခေတ်ကိုပြောတာဖြစ်ပါတယ်။

ညောင်ရမ်းခေတ်မှာတော့ ပြဇာတ်တွေခေတ်စားလာပါပြီ။

ဝန်ကြီးပဒေသရာဇာ ကဲ့သို့သော စာဆိုအများအပြားက ထီးသုံးနန်းသုံးမဟုတ်ပဲ တောသူတောင်သားတွေရဲ့ ဘဝကို ထင်ဟပ်ပေါ်လွင်စေတဲ့ ကဗျာတွေကိုရေးသားလာခဲ့ကြပါတယ်။

ကုန်း ဆိုတာ မြန်မာတို့ရဲ့ နောက်ဆုံးနန်းဆက် ကုန်းဘောင်ခေတ်ပါပဲရှင်။

ကုန်းဘောင်ခေတ်မှာ နန်းတွင်းပြဇာတ် အတိုအရှည်တွေ၊ ဘောလယ်၊ပတ်ပျိုး၊တေးထပ်စတဲ့သီချင်းတွေက နန်းတွင်းထဲအများအပြားပေါ်ပေါက်လာသလိုပဲ

သံချို၊ဗုံကြီးသံ၊အဲချင်းစတဲ့ကဗျာတွေကလည်း တောင်သူ၊တောင်သားတွေကြားထဲမှာလည်း အထူခေတ်စားလာပါတယ်။

မင်းတုန်းမင်းခေတ်မှာဆို သတင်းစာအထိပါထုတ်ဝေနိုင်ခဲ့ပါတယ်။

နောက်ဆုံးကတော့ ကိုလိုနီခေတ်ပဲဖြစ်ပါတယ်။

ကိုလိုနီခေတ်ဦးအစမှာ မြန်မာ့စာပေဟာ မှေးမှိန်လာခဲ့တဲ့အတွက် မြန်မာမျိုးချစ်စိတ်ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှုနဲ့အတူ နောက်ပိုင်းမှာ မျိုးချစ်စိတ်လှုံ့ဆော်ရေးစာပေတွေအများအပြားပေါ်ထွက်လာခဲ့ပါတယ်။

လွတ်လပ်ရေးကြိုးပစ်စဉ်ကာလမှာ ခေတ်စမ်းစာပေနဲ့ကဗျာတွေဟာလည်းပေါ်ပေါက်လာခဲ့ပါသေးတယ်။

အဲ့ထဲမှာ ထင်ရှားပြီး လွတ်လပ်ရေးလှုပ်ရှားမှုအတွက်အားတက်ဖွယ်ဖြစ်ခဲ့တဲ့ ကဗျာလေးက
ဆရာကြီးမင်းသုဝဏ်ရဲ့ သပြေညို

ဆိုတဲ့ကဗျာလေးပဲဖြစ်ပါတယ်။

ကိုလိုနီခေတ်မှာပဲ ပြဇာတ်အရေးအသားတွေဟာလည်း တစ်မူထူးခြားဆန်းသစ်လာပါတယ်။

အခုလက်ရှိ လွတ်လပ်ရေးရပြီးခေတ်ကိုတော့ မျက်မှောက်ခေတ်လို့ခေါ်ပါတယ်နော်။

မျက်မှောက်ခေတ်မှာ စာပေ၊ကဗျာတွေက အရင်ကထပ်ပိုပြီးဆန်းသစ်လာသလို ကဏ္ဍပေါင်းစုံကနေ စာပေဘက်ကို ချဉ်းကပ်လာကြပါတယ်။

👉🏻Part-2ကိုဖတ်ရန်နှိပ်ပါ👈🏻

#Academic_Mentor@guideforG_12
❤4
ကျောင်းတက်တာ တစ်လပြည့်တော့မယ်နော် ကလေးတို့

ကျောင်းမှာ စာသင်တာလည်း ပြီးသင့်သလောက်ပြီးသလို ကလေး‌တို့အနေနဲ့လည်း ပထမစမ်း စာမေးပွဲတွက် စာတွေကျက်မှတ်နေကြမှာပါ

ဒါပေမယ့် စာကျက်တာ ရလား မရလား ဘယ်လိုသိနိုင်မလဲ🤔🤔

အကိုဆုံးဖြတ်တဲ့နည်းကတော့ တစ်ခုတည်းပါ 👀

အဲ့တာကတော့ chapter တစ်ခုကျက်မှတ်ပြီးရင် အစအဆုံးပြန်စဉ်းစားပါ

ဥပမာ physicsမှာ chapter1မှာဆိုရင် 1.1မှာကဘာလဲ ဘာအကြောင်းပြောတာလဲ 1.2ကဘာလဲ ဘာတွေပြောထားလဲ main pointက ဘာလဲ အစရှိသဖြင့် ပြန်စဉ်းစားနိုင်ရင် စာရတာပါပဲ။
ပြီးတော့မှ ကျက်စာတွေ အလွှတ်ဆိုကြည့်ပေါ့လေ


အကိုကတော့ အဲ့နည်းနဲ့ ဆန်းစစ်ပါတယ်။
ကျောင်းတက်ရက်တွေမှာရော စာလေ့လာတဲ့နေရာမှာရော အဆင်ပြေကြပါစေ

#adminteam
#Voluteener_admin_primo
#StudywithK2
❤18
AI ခေတ်တွင် ကြေညာချက်အတုအပ လုပ်ရန် စက္ကန့်ပိုင်းသာ လိုပါတယ်။ အတုအပ ဖန်တီးရန် အင်မတန်လွယ်ကူသော ခေတ်မှာ သတင်းအကြောင်းအရာ တစ်ခုကိုနဲ့ ပတ်သက်လာရင်
တီဗီမှာ ကြေညာတာကို မိမိမျက်စေ့နဲ့ မြင်လိုက်ရပြီလား
ရေဒီယိုမှာ ကြေညာတာကို မိမိနားနဲ့ ကြားလိုက်ရပြီလား
သတင်းစာမှာပါတာကို မိမိလက်ထဲကိုင်ဖတ်လိုက်ရပြီလား
Website မှာ ကြေညာတာကို ကိုယ်တိုင်ဝင်ကြည့်လိုက်တာလား
မိမိတွေ့ရတဲ့ သတင်းအကြောင်းအရာက Official Social Media Page မှာ တင်ထားတာ တွေ့လိုက်ပြီလား
မည်သည့်သတင်းဖြစ်စေ မိမိအသိဉာဏ်ပညာဖြင့် ချင့်ချိန်သုံးသပ် ယုံမှတ်ကြရန် ဖြစ်ပါတယ်။

#adminteam
#Voluteener_admin_primo
#StudywithK2
❤9
❤1🍓1
Chemistry တွက်စာတွေကိုဘယ်လိုဖြေရှင်းမလဲ?

ကျက်စာတွေကိုရောမေ့မလွယ်အောင် ဘယ်လိုမှတ်မလဲ?

Chemistry ဆိုတာ “ကျက်ထားလဲမေ့လွယ်တဲ့ subject” လို့ ကျောင်းသားတော်တော်များများထင်ကြတယ်။

ဒါပေမဲ့ တကယ်တော့ Chemistry က “နားလည်ပြီး pattern မှန်အောင်မှတ်နိုင်ရင်” အမှတ်တက်လွယ်တဲ့ဘာသာလို့ပြောလို့ရပါတယ်။

✨ တစ်ခုရှိတာကကျောင်းသားအများစုကChemistry ကျက်တဲ့အခါ နားလည်အောင်ထပ်နှုတ်တိုက်ကျက်ကြတယ်ပေါ့နော်။

အဲ့တာကshort term သာဖြစ်စေပြီး long term မဖြစ်တော့ဘူး။

အရေးကြီးတာက chemistry ဆိုတဲ့ဘာသာရပ်ကို နားလည်အောင်လုပ်ပါ။

ကိုယ်နားလည်လွယ်တဲ့ပုံစံကိုကိုယ်ပဲအသိဆုံးမို့ note တွေကိုကိုယ်နားလည်သလိုပြန်ထုတ်ပါ။

Formula ကို အလွတ်ကျက်တာမျိုးဆိုတာထက် Formula တစ်ခုချင်းစီကို “ဘာကြောင့်ဒီလိုဖြစ်တာလဲ?” ဆိုပြီး concept နဲ့တွဲမှတ်ပြီးနားလည်အောင်လုပ်ပါ။

နားလည်ပြီးကျက်တာက exam ဖြေတဲ့အခါမေ့သွားရင်တောင် ကိုယ်နားလည်သလိုပြန်ပြီးရေးနိုင်ပါတယ်။

နားလည်အောင်ပြောပြရရင် reaction တွေကိုမှတ်တဲ့အခါလည်းအလွတ်ကျက်တာထက် “ဘယ်သူနဲ့ဘယ်သူတွေ့ရင် ဘာဖြစ်တယ်” ဆိုပြီး flow နဲ့မှတ်ပါ။

တွေးပြီးမှတ်တာကပိုပြီးမှတ်မိလွယ်စေမာပါ။

calculation ပိုင်းတွေကိုလည်း နားလည်တယ်ဆိုပြီး မလေ့ကျင့်ရင် exam မှာတိုင်ပတ်တတ်တာမို့ ဂရုပြုစေချင်တယ်နော်။

Step by step ကို ကိုယ်တိုင်တွက်ကြည့်ဖို့လိုပါတယ်။

အရေးကြီးတာတစ်ခုက Chemistry ကိုဖြေခါနီးမှOne Night Study မလုပ်ဖို့ပဲနော်။

ကဲ… ဒီလောက်ဆိုရင်တော့

Chemistry ကိုဘယ်လိုလေ့လာရမလဲဆိုတာကိုတော့အနည်းနဲ့အများသိသွားကြမယ်လို့ မျှော်လင့်တယ်နော်။
အခုမှနှစ်စပဲရှိသေးတာဆိုတော့ juniors လေးတို့အနေနဲ့ mood အပြည့်နဲ့ပုံမှန်လေးလုပ်သွားဖို့ပဲလိုတယ်နော်။

⭐️Good luck at Chemistry gyusss✨

#adminteam
#volunteer_admin_cyrus
#studywithK2
❤4❤‍🔥3
ဘောဂဗေဒ ကြည့်မည့်သူများ
အခန်း1 to 3 တွက်စာnotes https://t.me/economyG12/253?single
အခန်း7တွက်စာnotes
https://t.me/economyG12/633

လေ့ကျင့်ခန်းများ
https://t.me/economyG12/87

မေးခွန်းဟောင်း
https://t.me/economyG12/992

Definition❗

https://t.me/economyG12/981

Obj လေ့ကျင့်ရန်❗

https://t.me/economyG12/874
❤2
Bio ကိုမေ့မလွယ်အောင် ဘယ်လိုကျက်ကြမလဲ?🧬

To be honest:

Bio က အတင်းအလွတ်ကျက်လို့ရတဲ့ subject မဟုတ်ဘူး။

စာကြောင်းတွေလိုက်ကျက်နေတဲ့အချိန်မှာရတုန်းခဏပဲ။

နောက်နေ့ပြန်ကြည့်ရင် “ငါဒါဖတ်ဖူးလား?” ဖြစ်တာကတော့များသောအားဖြင့်ကျောင်းသားတော်တော်များများဖြစ်လေ့ရှိတဲ့ကိစ္စတစ်ခုပါပဲ။

ပြောရရင် bio ကျက်တဲ့အခါနှုတ်တိုက်ကျက်တာကတစ်ခု၊အဲ့လိုကျက်နေရင်းကတွေးနေဖို့လိုတယ်။

နှုတ်တိုက်ကျက်နေတာကစာကိုနည်းတစ်မျိုးနဲ့ရစေတာမှန်ပင်မယ့်ဦးနှောက်ထဲမှာမှတ်မိနေဖို့ကတော့ အကြောင်းအရာတစ်ခုနဲ့တစ်ခု link လုပ်ပြီးကျက်ဖို့လိုတယ်။

ဥပမာပြောရရင် စာကြောင်းတစ်ကြောင်းမှာ ကိုယ့်အတွက်မှတ်ရလွယ်ပြီးအဓိကကျတဲ့အချက်ကိုမျဉ်းသားထားပီးမှတ်ထားသလိုမျိုးပေါ့။

အဲ့လိုလုပ်တာက မင်းတို့အတွက် bio ဖြေရင် အစမေ့တတ်တာကိုဖြေရှင်းပြီးသားလဲဖြစ်စေတယ်။

နောက်ထပ်အရေးကြီးဆုံးကတော့ Repeat again and again ပါ။
Bio ဆိုတာတစ်ခါကျက်ထားရုံနဲ့အမြဲလိုလိုတော့မရနိုင်ပါ။

ကိုယ့်ရဲ့မှတ်မိနိုင်စွမ်းကိုကိုယ်အသိဆုံးမို့ချိန်ကိုက်ပြီးပြန်နွှေးနေဖို့လိုပါတယ်။

စသင်ထဲကသေချာကျက်ဖို့လိုသလိုကျက်ပြီးရင်လဲပစ်မထားဖို့အရေးကြီးပါတယ်။

နောက်ပြီးတော့ Bio ကိုမျက်စိနဲ့ပဲဖတ်မနေဘဲ
ကိုယ့်ကိုယ်ကိုယ်ပြန်ရှင်းပြရင်းကျက်ကြည့်အရမ်း useful ဖြစ်တယ်။
နားလည်လွယ်တယ်။

ကိုယ့်ကိုယ်ကိုယ် bio tr လို့သာ သဘောထားပြီးပြန်ရှင်းပြကြည့်ပါ။

အဲ့လိုလုပ်တဲ့အချိန်ကျဘယ်လိုမှတ်ရင်ကိုယ်ပိုပြီးရဖို့လွယ်တဲ့ဆိုတာကိုသိလာနိုင်ပါတယ်။

honestly… Bio ကိုကြောက်ပြီးကျက်နေရင်ပိုခက်ပါတယ်။
စာကျက်တဲ့ခါ တွေးပါ။

တွေးရင်းကိုယ်မှတ်မိလွယ်တဲ့ပုံစံကိုသိလာပါလိမ့်မယ်။

ပြီးတဲ့ခါလွှတ်မထားပဲကိုယ့်ကိုကိုယ်ပြန်မေးပါ။
ပြန်နွှေးပါ။

အချိန်ရရင်ရသလို ကိုယ်ရပြီးသား အပုဒ်တွေကိုလဲပြန်ဆိုနေတာကလဲ သိသာတဲ့အကျိုးကျေးဇူးကိုခံစားရမာပါ။

တဖြည်းဖြည်းနဲ့
Bio ကခက်တဲ့ subject မဟုတ်တော့ဘဲစိတ်ဝင်စားဖို့ကောင်းတဲ့ subject ဖြစ်လာပါလိမ့်မယ်နော်🫶🌱

#adminteam
#volunteer_admin_cyrus
#studywithK2
❤7🏆1
အရမ်းသိချင်နေကြတဲ့ အောင်စာရင်းလေးက ၂၇ရက်နေ့ထွက်ပါမယ်။

ကိုယ်မှန်းထားတဲ့အတိုင်း ဖြစ်ပါစေရှင့်။

#AdminMaple #studywithK2
🍓21
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းထုတ်ပြန်ခြင်းလုပ်ငန်း ကြေညာခြင်းကို ယနေ့ ၂၄.၆.၂၀၂၆ ဗုဒ္ဓဟူးနေ့ ည ၇ နာရီတွင် အသိပေးကြေညာသွားပါမည် ဖြစ်ပါတယ်။
🗿8
🍓5❤1
https://result.dme.gov.mm/

အားလုံးပဲ good luck pr

#studywithK2
#adminKelly
❤‍🔥18❤2🕊2⚡1