Study with K2
1.58K subscribers
1.08K photos
31 videos
192 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ တရားဝင် Facebook Page (၁၁.၆.၂၀၂၆)ရက် ညနေ့ (၅)နာရီမှာစပြီး Page ရှာမတွေ့ပါဘူး။တစုံတစ်ရာ Update (သို့မဟုတ်) Error တက်နေတာလို ထင်တယ်။

#adminteam
#Voluteener_admin_primo
#StudywithK2
❤14😭5☃2
ပြန်ရပါပြီ

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန followers 66kရှိသော pageမှ ယခု followers 448k ရှိသော pageဖြင့် ပြန်Runနေပါပြီး

#adminteam
#Voluteener_admin_primo
#StudywithK2
❤18
• အောင်စာရင်းထွက်ရင် မိမိတို့ရဲ့ ခုံအမှတ်နဲ့ တိုက်ရိုက်ရှာဖွေကြည့်ရှုနိုင်ဖို့ https://result.dme.gov.mm ဝက်ဘ်ဆိုက်မှာ လွှင့်တင်ပေးဖို့ စီစဉ်နေကြောင်းသိရှိရပါတယ်။

• ယခင်နှစ်များနည်းတူ စာစစ်ဌာနအလိုက် အောင်စာရင်းတွေကြည့်နိုင်မယ့် ဝက်ဘ်ဆိုက်လည်း ရှိနေမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website Link: 👉 https://www.myanmarexam.org

ပညာရေးဝန်ကြီးဌာန Website Link: 👉 https://www.moe.gov.mm
တွေမှတဆင့် ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

#studywithK2 #AdminMaple
❤4🍓1
အောင်စာရင်းထွက်ရင်ကြုံရမယ့် လူ (၂) မျိုး

၁) မှန်းထားတဲ့အတိုင်း ရလဒ် ထွက်သွားသောသူ

၂) မထင်မှတ်ထားသော ရလဒ် ထွက်သွားသောသူ


အဲ့၂ခုပဲရှိမယ်နော်။

ကိုယ်က ဘယ်အမျိုးအစားထဲ ပါမလဲဆိုတာ အောင်စာရင်းထွက်ပြီးရင် ပြန်လာပြောပြ။🫵🏻

#studywithK2 #AdminMaple
❤19🍓3
Forwarded from Academic Mentor
Physics formula တွေပါကလေးတို့ရေ။

#Academic_Mentor@guideforG_12
❤6😭2
ဖေ့ဘုတ်ကြီး မရှိတော့ရင်

မနေတတ်ကြတော့ဘူး

ဒါဟာ နည်းပညာရဲ့ ပြဿနာမဟုတ်ဘူး

မှီခိုမှုရဲ့ ပြဿနာပဲ

အချိန်ရရင် ဖွင့်ကြည့်တယ်
ပျင်းရင် ဖွင့်ကြည့်တယ်
စိတ်ညစ်ရင် ဖွင့်ကြည့်တယ်

တဖြည်းဖြည်းနဲ့

ဖုန်း Screen ထဲက ကမ္ဘာဟာ
လက်တွေ့ကမ္ဘာထက် ပိုအရေးကြီးလာသလို ဖြစ်လာတယ်

တကယ်တော့

တိတ်ဆိတ်စွာ ထိုင်နိုင်တဲ့စွမ်းရည်
ကိုယ့်အတွေးတွေနဲ့ အတူနေနိုင်တဲ့စွမ်းရည်
အာရုံမပျံ့ဘဲ နေနိုင်တဲ့စွမ်းရည်တွေက

ပိုပြီး အဖိုးတန်လာနေတယ်

တစ်ခါတလေ

ဖေ့ဘုတ်ဖွင့်မကြည့်ဘဲ နေကြည့်ပါ

ဘာတွေ လွတ်သွားလဲဆိုတာထက်

ကိုယ့်ဘဝထဲ ဘာတွေ ပြန်ရလာလဲဆိုတာကို
ပိုသတိထားမိလိမ့်မယ်

#tmh_econtrekker
❤10❤‍🔥3
🍓5❤2
ငါလုပ်နိုင်ပါ့မလား?” ဆိုတဲ့အတွေးနဲ့ တိုက်ပွဲဝင်နေတဲ့ G12 ကျောင်းသားများအတွက်

G-12 ကျောင်းသားတစ်ယောက်ဖြစ်ရတာ မလွယ်ပါဘူး။

တစ်ခါတစ်လေ စာအုပ်ဖွင့်ထားပေမယ့် စိတ်ထဲမှာတော့

“ငါလုပ်နိုင်ပါ့မလား…”

“ငါနောက်ကျနေပြီလား…”

“သူများတွေက ငါ့ထက်တော်နေကြတာ မဟုတ်ဘူးလား…”

ဆိုတဲ့အတွေးတွေကပဲ နေရာယူနေတတ်ပါတယ်။

ဒါပေမယ့် သိထားစေချင်တာတစ်ခုရှိပါတယ်။
ကိုယ့်ကိုယ်ကို မယုံကြည်တဲ့နေ့တွေရှိနေတာက မင်းအားနည်းနေလို့ မဟုတ်ဘူး။

မင်းရဲ့အနာဂတ်ကို အလေးထားလို့ပါ။
အောင်မြင်တဲ့သူတွေတောင် ကိုယ့်ကိုယ်ကို သံသယဝင်ဖူးကြတယ်။
ကွာခြားချက်ကတော့ သူတို့က သံသယတွေရှိနေပေမယ့် ရပ်မသွားခဲ့ကြတာပါပဲ။

ဒီနေ့ စာတစ်မျက်နှာပဲ ကျက်နိုင်ခဲ့ရင်လည်း အဆင်ပြေပါတယ်။
ဒီနေ့ နည်းနည်းပဲ ရှေ့တိုးနိုင်ခဲ့ရင်လည်း အဆင်ပြေပါတယ်။
တိုးတက်မှုက မြန်နှုန်းနဲ့ မတိုင်းတာပါဘူး။

မရပ်မနား ဆက်သွားနိုင်ခြင်းနဲ့ တိုင်းတာတာပါ။

ဒါကြောင့် ကိုယ့်ကိုယ်ကို မယုံကြည်တဲ့နေ့တွေမှာ

“ငါလုပ်နိုင်ပါ့မလား” လို့ မေးမယ့်အစား
“ဒီနေ့ ငါဘာတစ်ခု လုပ်နိုင်သေးလဲ”
လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။

မင်းထင်ထားတာထက် မင်းပိုသန်မာတယ်။
မင်းထင်ထားတာထက် မင်းပိုလုပ်နိုင်တယ်။

အခုလို ဆက်ကြိုးစားနေသရွေ့
မင်းရောက်ချင်တဲ့နေရာနဲ့ တစ်နေ့ထက်တစ်နေ့ ပိုနီးလာနေပြီဆိုတာပါပဲ။

#adminteam
#volunteer_admin_cyrus
#studywithK2
❤25🍓1
Hello

ကလေးတို့ရေ အစ်မနဲ့မတွေ့တာတောင်ကြာပြီနော်။

မတွေ့တာကြာပြီဆိုတော့ မှတ်ရောမှတ်မိကြရဲ့လား။

အရင်ဆုံး အစ်မက စိတ်မကောင်းစရာသတင်းလေးတစ်ခုကို အရင်ပြောပြချင်ပါတယ်။

အဲ့ဒါက အစ်မတို့ Admin team ဘက်မှာလည်း မင်းတို့ရဲ့ အချစ်တော် Admin jet ကကိုယ်ရေးကိုယ်တာကိစ္စလေးတွေကြောင့် channel ကနေထွက်သွားပါတယ်။

အစ်မတို့ အနေနဲ့ volunteer လေးတွေထပ်ခေါ်လိုက်ရတယ်ဆိုလည်း ကလေးတို့အသိပါပဲနော်။

ဆိုတော့ လက်ရှိ admin team ဘက်မှာ အစ်မနဲ့ admin Kelly ၂ ယောက်ပဲကျန်ပါတော့တယ်။

အဲ့အတွက် အခုနှစ်တက်နေတဲ့ကလေးတွေ စာမေးတဲ့အခါ အစ်မတို့ကလည်း ကိုယ့်ကိစ္စနဲ့ကိုယ်မအားတာကြောင့် စာတွေမမြင်တာတွေဖြစ်မှာစိုးတဲ့အခါ ကလေးတို့ပဲ နစ်နာမှာစိုးလို့ volunteer admin လေးတွေကို discussion room ထဲမှာထားထားပါတယ်နော်။

အခုရက်ပိုင်း အစ်မ discussion room ထဲမှာ G-12 ဖြေပြီးသားကလေးတွေ စကားလာပြောနေတာကိုတွေ့ပါတယ်။ အဲ့အတွက်လည်း discussion room လေး စည်ကားနေတာတွေ့တော့ ကျေးဇူးလည်းတင်ပါတယ်။

ဒါပေမယ့်ကလေးတို့ရယ် မင်းတို့အလှည့်တုန်းက အစ်မတို့ရဲ့ discussion room ထဲ အခုလို စီနီယာတွေစကားလာများတဲ့အခါ ကိုယ်သိချင်တာရှိတာမေးရတဲ့အခါ မျက်စိရှုပ်နေရင် ကလေးတို့စိတ်ညစ်ခဲ့ကောင်း စိတ်ညစ်ခဲ့ပါလိမ့်မယ်။

အခု ကလေးတို့အနေနဲ့ ကိုယ့်ရဲ့ မောင်လေး၊ညီမလေး၊ညီငယ်၊ညီမငယ်လေးတွေရော အဲ့လိုစိတ်ညစ်မှုတွေမဖြစ်ရလေအောင် ဆိုပြီး အစ်မနဲ့ admin Kelly ၂ယောက်တိုင်ပင်ပြီး discussion room ကိုခဏပိတ်လိုက်တာပါ။

အဓိက ကတော့ ကလေးတို့က အောင်စာရင်းနဲ့စိတ်တွေပူပန်နေတာတွေ့လို့ပေါ့။

အဆင်မပြေရင်ပြောလို့ရတယ်လို့ ကလေးတစ်ယောက်ရေးလိုက်တာ အစ်မတွေ့တယ်ရှင်။

ဒါပေမယ့် အစ်မတို့ကလည်း ကိုယ့်ကိစ္စနဲ့ကိုယ်မအားနေတဲ့သူတွေဆိုတော့ ငါတို့ရေးမယ်လို့ သတိရတဲ့အချိန်တွေက စာသင်နေတာတို့၊အလုပ်လုပ်နေတဲ့အချိန်မျိုးဖြစ်နေပြီး၊ဖုန်းသုံးတဲ့အခါကျပြန်တော့ အစ်မတို့က volunteer လေးတွေကို ဘာလုပ်ရမယ်၊ဘာရေးရမယ်ဆိုပြီး ထပ်ပြီးစီမံခန့်ခွဲပေးနေရတော့ ကလေးတို့ကို ပြောမယ်ပြောမယ်ဆိုပြီးမေ့သွားတာပါကွယ်။

အဲ့အတွက်လည်း စိတ်မဆိုးဖို့တော့ မျှော်လင့်ပါတယ်။

ဒီ channel လေးထဲမှာ ကလေးတို့လို G-12 ရလဒ်ကိုစောင့်နေတဲ့ကလေးတွေလည်းရှိမယ်၊ကလေးတို့ထပ်ငယ်တဲ့ ကလေးတွေလည်း ရှိတဲ့အခါကျ ကိုယ့်ရဲ့အပြုအမူ၊အပြောအဆိုတွေကို တစ်ခုချင်းစီထိန်းသိမ်းပေးစေချင်ပါတယ်။

Admin jet ရှိခဲ့မယ်ဆိုလည်း သူ့ရဲ့ကလေးတွေ အခုလို ဖြစ်နေတာကိုလည်း လိုချင်မယ်လို့တော့ အစ်မတို့မထင်မိပါဘူးနော်။

အဲ့အတွက် အစ်မတို့ channel က ကလေးတွေက လိမ္မာပြီးသားမို့ discussion room message ပိတ်တာကို စိတ်မဆိုးဘူးလို့မျှော်လင့်ရင်း ကလေးတို့စောင့်မျှော်နေတဲ့ရလဒ်တွေကို အမြန်ဆုံးသိရပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

#AdminMaple #studywithK2
❤13🍓5
Work Hard တစ်ခုတည်းနဲ့ G12 ကို ဖြတ်ကျော်လို့ရမလား?

G12 ရောက်လာတဲ့အချိန်မှာ လူတိုင်းနီးပါးက ကြိုးစားကြပါတယ်။

တစ်ချို့က မနက်စောစောထပြီး စာကျက်တယ်။
တစ်ချို့က ညနက်တဲ့အထိ ထိုင်ကျက်တယ်။
တစ်ချို့ဆို Phone တောင် လျှော့သုံးပြီး စာပဲအာရုံစိုက်နေကြတယ်။

ဒါပေမယ့် မေးစရာတစ်ခုရှိတယ်။

“ငါတို့ကြိုးစားနေတဲ့ နည်းလမ်းက မှန်ရဲ့လား?”

G12 မှာ Work Hard က မဖြစ်မနေလိုအပ်တယ်။

ဒါပေမယ့် Work Hard တစ်ခုတည်းနဲ့တော့ မလုံလောက်ဘူး။

ဘာလို့လဲဆိုတော့ G12 က စာအုပ်တစ်အုပ်ပြီးတစ်အုပ် ဖတ်နေရုံနဲ့ အဆင်ပြေတဲ့နှစ် မဟုတ်တော့ဘူး။

ဘယ်အပိုင်းတွေက အားနည်းနေလဲ။
ဘယ် Subject က အချိန်ပိုပေးဖို့လိုလဲ။
ဘယ်လိုစာကျက်တဲ့အခါ ကိုယ်က ပိုမှတ်မိလဲ
ဒါတွေကို သိဖို့လည်း လိုတယ်။

ဥပမာ…
Chapter တစ်ခုကို ၃ ခါပြန်ဖတ်တာက Work Hard ဖြစ်နိုင်တယ်။

ဒါပေမယ့် ဖတ်ပြီးတဲ့နောက် စာအုပ်ပိတ်ပြီး ကိုယ်ဘာမှတ်မိသေးလဲ ပြန်စစ်ပါ။
ကိုယ်နားမလည်တဲ့ အပိုင်းကို အချိန်ပိုပေးတာက Work Smart ဖြစ်တယ်။

G12 မှာ တကယ်အရေးကြီးတာက

“အချိန်ဘယ်လောက်သုံးလဲ” ဆိုတာထက်
“သုံးလိုက်တဲ့အချိန်က ဘယ်လောက်ထိရောက်လဲ” ဆိုတာပဲ။

ကိုယ့်ရဲ့ Study Method ကို ခဏခဏ ပြန်သုံးသပ်ကြည့်ပါ။

Work Hard လုပ်ပါ။
ပြီးတော့ Work Smart နဲ့ပေါင်းစပ်ပါ။

G12 က ကြိုးစားတဲ့သူတွေအတွက် အခွင့်အရေးရှိသလို၊ မှန်ကန်တဲ့နည်းလမ်းနဲ့ ကြိုးစားတဲ့သူတွေအတွက်တော့ ပိုပြီး အခွင့်အရေးရှိပါတယ်။

Fighter အစစ်ဆိုတာ ခေါင်းမာမာနဲ့ တိုးရုံတင်မကဘူး၊ ဉာဏ်ကိုပါ သုံးတတ်ရတယ်... ကဲ ဘယ်လိုလဲ၊ ပုံစံပြောင်းဖို့ အချိန်တန်ပြီမလား? 😉

ဒါကြောင့် အဓိပ္ပာယ်ရှိရှိ နဲ့ပဲအပင်ပန်းခံဖို့ပြောချင်တယ်နော်။

ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကို လမ်းမှန်တဲ့ နည်းလမ်းတွေနဲ့ ပေါင်းစပ်ပြီး Smart ကျကျပဲ ရလဒ်ကောင်းကို ယူလိုက်ပါ။

#adminteam
#volunteer_admin_cyrus
#studywithK2
❤14
❤5
Bangkok, Thailand 🇹🇭 Fully Funded Summit

Future Minds Summit 2026 in Bangkok, Thailand is a fully funded 4-day youth leadership program from July 16-19, 2026.

The scholarship covers:
- Airfare
- Visa Fees
- Accommodation
- Meals & Tea Breaks
- Certification
- Speaking Opportunity at the Forum
- All Social Activities & Cultural Activities

You can apply using this link: https://thegyn.org/fms-thailand/

Deadline: 15 June 2026

#FutureMindsSummit #Thailand
❤5
အောင်စာရင်းကိုဘယ့်နှယ့်ကြောင့်အဲ့လောက်ထိမျှော်နေရတာလဲ။

တစ်ချို့သောသူတွေက အောင်စာရင်းကို အရမ်းကြီးမျှော်နေရင် ကိုယ်ဖြစ်ချင်သလိုဖြစ်မလာတဲ့အခါ စိတ်ဓာတ်တွေကျပြီးဘာမှဆက်လုပ်ချင်စိတ်တွေမရှိပဲဖြစ်သွားပါလိမ့်မယ်။

အဲ့အတွက် အစ်မတို့ပြောချင်တာက အရမ်းကြီးမျှော်မနေပါနဲ့။

အစ်မတို့တုန်းက စာစစ်ဌာနပြောသလိုပေါ့။

မင်းတို့ကမထွက်ပါတော့နဲ့လို့ပြောရင်တောင် ငါတို့က မရဘူးထွက်မှာပဲဆိုပြီးအတင်းထွက်လာမှာပါ။

အခုလည်း သူတို့ဘက်ကနေ အောင်စာရင်းထွက်ဖို့ ၃ရက်လောက်အလိုကျရင်ကြေညာပေးပါလိမ့်မယ်။

အရမ်းဆန္ဒတွေမစောပါနဲ့။

ဆန္ဒတွေစောလွန်းရင်လည်း ဒုက္ခရောက်တတ်ပါတယ်။

သူတို့ဘက်က အဆင်သင့်မ‌ဖြစ်သေးလို့သာ မထွက်သေးတာပါ။

အဆင်သင့်ဖြစ်ရင် မင်းတို့က မသိချင်ပါဘူး၊မထွက်ပါနဲ့လို့ပြောရင်တောင် သူတို့က မရဘူး၊ငါတို့က ကြေညာမှာဆိုပြီး အတင်းကိုသိချင်ချင် မသိချင်ချင် သိရမှာပါ။အဲ့အတွက် စိတ်ကိုအေးအေးလေးထားကြပါ။

အရမ်းတွေ အလုပ်မရှိရင်လည်းပြောပါ။ အစ်မအလုပ်တွေခိုင်းချင်လို့👉🏻👈🏻

#AdminMaple #studywithK2
❤15🍓7😭1
🍓2
ခဏနားလို့ရတယ်၊ ဒါပေမဲ့ မရပ်လိုက်နဲ့

G12 ကျောင်းသားတစ်ယောက်ဖြစ်နေရတာ မလွယ်ဘူး။

စာတွေများတယ်။

ဖိအားတွေများတယ်။

အနာဂတ်အတွက် စိုးရိမ်မှုတွေလည်း ရှိတယ်။

တစ်ခါတစ်လေ စာအုပ်ဖွင့်ထားပေမယ့် စာမဝင်တော့ဘူး။

ကြိုးစားနေပေမယ့် ကိုယ့်ကိုယ်ကို မလုံလောက်သလို ခံစားရတယ်။

သူများတွေကကိုယ့်ထက် အများကြီးရှေ့ရောက်နေပြီလို့ ထင်မိတယ်။

အဲ့ဒီလိုအချိန်တွေမှာ ကိုယ့်ကိုယ်ကို အတင်းမတွန်းပါနဲ့။
ပင်ပန်းရင် ခဏနားလို့ရတယ်။
စိတ်ဖိစီးနေရင် အသက်ဝဝရှူပြီး အနားယူလို့ရတယ်။

တစ်ရက်လောက် စာမလုပ်ဖြစ်တာလည်း အပြစ်မဟုတ်ဘူး။
ဒါပေမဲ့…

အရှုံးမပေးလိုက်ပါနဲ့။

ခဏနားတာနဲ့ ရပ်လိုက်တာက မတူဘူး။

နားတာက အားပြန်ဖြည့်ဖို့။အိပ်မက်တွေဆီရောက်ဖို့အားဖြည့်တဲ့သဘောပဲ။
အဓိက က ရှေ့ကို ဆက်သွားနေဖို့ပဲ။

ဒီနေ့ စာတစ်မျက်နှာပဲ ဖတ်နိုင်ရင်လည်း ရတယ်။
လေ့ကျင့်ခန်းတစ်ပုဒ်ပဲ လုပ်နိုင်ရင်လည်း ရတယ်။

အရေးကြီးတာက မင်း မရပ်သွားဖို့ပဲ။

G12 ဆိုတာ Sprint မဟုတ်ပဲ
Marathon တစ်ခုပဲလို့သတ်မှတ်ထားရမယ်။

အမြန်ပြေးနိုင်တဲ့သူက အနိုင်ရတာမဟုတ်ဘူး။
အဆုံးထိ ဆက်လျှောက်နိုင်တဲ့သူက အနိုင်ရတာ။

ဒါကြောင့်…
ခဏနားလို့ရတယ်။
ဒါပေမဲ့ မရပ်လိုက်နဲ့။

မင်းထင်ထားတာထက် မင်းပိုလုပ်နိုင်တယ် ဆိုတာမမေ့လိုက်ပါနဲ့။

So,Keep Going You Can Do.

#adminteam
#volunteer_admin_cyrus
#studywithK2
❤17🍓9
Forwarded from Academic Mentor
ခေတ်လို့ပြောတာတဲ့ ကလေးတို့ အရင်ဆုံးသတိရရမှာက

"ပု၊ပင်း၊အင်း၊တောင်၊ညောင်၊ကုန်း၊ဘောင်။
မှတ်ရန် ကိုလိုနီ" ဆိုတဲ့ကဗျာလေးပါပဲ။


ပု ဆိုတာက ဘာလဲ?

ပုဆိုတာက ပုဂံခေတ်ကိုပြောတာပဲဖြစ်ပါတယ်နော်။

ဒီမှာ ချယ်က တစ်ဆက်တည်း ပုဂံခေတ်မှာ ဘယ်လိုစာပေတွေတွေ့ရလဲဆိုတာကိုပါ ပြောပြပေးချင်ပါတယ်။

အဓိကတော့ ကျောက်စာ‌တွေကိုအဓိကထားပြီးတွေ့ရတတ်ပါတယ်။

ပုဂံခေတ်နှောင်းပိုင်းမှာ ကဗျာ၊လင်္ကာတွေကိုပါ ရေးဖွဲ့လာတာကိုတွေ့ရပါတယ်။

ပင်း ဆိုတာကရော ဘာဖြစ်မလဲ 🤔

ပင်းယ ခေတ်ဆိုတာ ကလေးတို့အနေနဲ့ သိပ်ကြားလေ့ကြားထမရှိဘူးလို့ ထင်ပါတယ်နော်။

ဒါပေမယ့် ပင်းယခေတ်မှာ ရတု၊တျာချင်း၊ကာချင်းစတဲ့ ‌ကဗျာတွေ စတင်ပေါ်ပေါက်လာခဲ့တာပါနော်။

Coming soon…😁

#Academic_Mentor@guideforG_12
❤‍🔥8❤1
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း နှင့်ပက်သက်၍ သက်ဆိုင်ရာဌာနအသီးသီးမှ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသည့်အတွက် မည့်သည့် ရက်ကိုမျှ အတည်မပြုနိုင်ပါ ။

ကြိုတင်ကြည့်ပေးမည်ဆိုလျှင် ၁၀၀ % လိမ်လည် လှည့်ဖြားခြင်းသာဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

ပညာရေး သတင်းလွှာ
❤4🍓4