Study with K2
1.58K subscribers
1.08K photos
31 videos
192 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
🍓3
Hello ကလေးတို့^^

ဒီနေ့မှာတော့အစ်မက G12 တက်မဲ့ကလေးတွေအတွက် အနည်းငယ် share ပေးချင်ပါတယ်။

Bio ဘာသာရပ်ကိုစစကျက်မယ်ဆိုရင် ကိုယ်က ဘယ်အမှတ်လောက်လိုချင်လဲ ဘယ်လိုကျက်မှာလဲကို အရင်အစ်မက ဆုံးဖြတ်စေချင်ပါတယ်နော်!!
တစ်ခန်းချင်းစီမှာ 20ဖိုးစီလာတဲ့အတွက် 120ဖိုးရှိပါမယ်!! 10မှတ်တန်မှာ အရွေးရှိတဲ့အတွက် 100ဖိုးဖြစ်သွားပါမယ်။

ကဲ!ဒါဆိုရင် ကိုယ်ကဘယ်အမှတ်လောက်လိုချင်လဲကို အရင်ဆုံးဖြတ်ပြီးရင် ဘယ်နှစ်ခန်းကျက်မှာလဲ။ အစ်မအကြံပေးချင်တာကတော့ ch1 ကိုတော့ကျက်စေချင်ပါတယ်!!!ch1 ကဘယ်သူမဆိုအရင်စသင်မယ်ထင်တယ်နော် တချို့ကch2 မသင်ပဲ ch6ကျော် သင်ကြတယ်ထင်တယ်။အဲတော့2လား/6လားတစ်ချက်ရွေးပါအစ်မတွက်ကတော့ ch2ကတော့အပုဒ်ရေပိုနည်းတယ်ကျက်ရတာ6ထက် 3နဲ့4ကို အများစုက4ကိုလွတ်ကြ‌တာတွေတွေ့တယ်။ဘာလို့လဲဆိုတာတော့နားမလည်နိုင်ပေမဲ့ 4မှာ မီးနင်းတွေ scientific name တွေများပေမဲ့ 3လောက်စာမများပါဘူးနော်!

သေချာကြည့်ရင် အဲတော့ ကိုယ်ကျက်နိုင်တဲ့ ပမာဏကို ဆုံးဖြတ်ပါ အစ်မတုံးကတော့5ခန်းခွဲကျက်ခဲ့ပါတယ်။ ပြီးရင်နေ့တိုင်း မကျက်နိုင်ရင်တောင်တစ်ရက်ခြားတစ်ခါကျက်ပေးပါ မဟုတ်ရင် Bio ထိုင်ငိုဖြစ်ပါလိမ့်မယ်!!!!

နောက်ဆုံးအနေနဲ့ကတော့ motivation လေးပေးချင်ပါတယ်^^ ဆရာဆုံးမပေးတဲ့စာလေးကိုပဲ ပြန်ပြောပြချင်တာပါ။ ကောင်မ‌လေးတစ်ယောက်က ဆရာ့ကိုမေးပါတယ်။Bio ကိုကျက်ပြီးရင်မေ့တော့ သူစိတ်ညစ်ရတယ်ပေါ့နော်အဲဒါပါရမီပါမလာဘူး ထင်ပါတယ်လို့ ပြောတော့ဆရာက ပါရမီဆိုတာပါမလာရင်ကိုယ်လုပ်ယူရင်ဖြစ်တယ် စာကို စိတ်ပါလက်ပါ ထပ်ခါထပ်ခါ ပျော်ပျော်ပါးပါးလုပ်ပါတဲ့။ စိတ်ပါပါနဲ့လုပ်ရင် အဲစာမရဘူးဆိုတာ မရှိဘူးတဲ့!

ကိုယ်ရဲ့နေ့ရက်တွေကို အကျိုးရှိရှိ အသုံးချပါ။ 2027မှာဖြေဆိုရမဲ့ G12 စာမေးပွဲကြီးမှာလဲ ဂုဏ်ထူးတွေနဲ့ ကိုယ်လိုချင်တဲ့လမ်းကိုလျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်^^
#adminteam
#volunteer_admin_phyo
#studywithK2
❤11
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ၁၀ နှစ်တာ ကာလအတွင်း ဘယ်နေ့တွေမှာ ထုတ်ပြန်ခဲ့သလဲ။

၁၀ နှစ်တာအတွင်း အောင်စာရင်းထုတ်ပြန်ခဲ့တဲ့ရက်တွေကို ပုံမှာ နှိုင်းယှဉ်ဖော်ပြပေးထားပါတယ်။ ထူးခြားဖြစ်စဉ်ရှိခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် (ကိုဗစ်ကပ်ရောဂါ)နဲ့ ၂၀၂၅ ခုနှစ် (မန္တလေးငလျင်) တွေမှအပ ဇွန်လအတွင်းမှာပဲ နှစ်စဉ် ထုတ်ပြန်လေ့ရှိတာကို တွေ့မြင်နိုင်ပါတယ်။

၂၀၂၆ ခုနှစ်အတွက်ကရော ဘယ်တော့လဲ ❓❓❓❓❓
နှစ်စဉ်မေးနေကြမို့လို့ မေလကတည်းက ကြိုဖြေပေးထားပါတယ်။
👉 https://www.facebook.com/share/p/1BavQGTE5h/

အလိမ်မခံရဖို့ ဒါကိုဖတ်ပါ။
👉 https://www.facebook.com/share/p/1Fshkn5E2x/

Official မှ Official ဆိုရင်တော့ မြန်မာပြည် အစိုးရဒိုမိန်း gov. mm နဲ့ လွှင့်တင်ထားတဲ့ ဒီ Website ကိုဝင်ကြည့်ပါ။
👉 https://result.dme.gov.mm/
❤‍🔥3❤2
အသိပေးကြေညာချက်

အကြောင်းအရာ။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများနှင့်ပတ်သက်၍ မသမာသူများ၏ လိမ်လည်လှည့်ဖြားမှုများအား သတိပြုရှောင်ကြဉ်နိုင်ပါရန် အသိပေးခြင်း။

၁။ လတ်တလောကာလတွင် အများပြည်သူ၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းအပေါ် စိတ်ပါဝင်စားမှု မြင့်မားခြင်းကို အခွင့်ကောင်းယူ၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် "အောင်စာရင်းနှင့် အမှတ်စာရင်းများကို ကြိုတင်ကြည့်ရှုပေးမည်" ဟူသော ဆွဲဆောင်မှုများဖြင့် အခကြေးငွေ လိမ်လည်တောင်းခံနေသည့် မသမာသူများကို တွေ့ရှိရပါသည်။

၂။ ၎င်းမသမာသူများသည် အစပိုင်းတွင် "ပညာဒါနအဖြစ် အခမဲ့ကြည့်ရှုပေးမည်" ဟုဆိုကာ ဆွဲဆောင်ပြီး စာမေးပွဲဖြေဆိုသူများ၏ ခုံအမှတ်များကို ရယူကြပါသည်။ ထို့နောက် ခုံအမှတ်လာရောက်မေးမြန်းသူများအား "စာမေးပွဲကျရှုံးသဖြင့် ငွေပေးပါက အောင်မြင်အောင် ဆောင်ရွက်ပေးမည်" သို့မဟုတ် "ဂုဏ်ထူးရရှိအောင် လိုက်လံဆောင်ရွက်ပေးမည်" ဟုဆိုကာ ငွေကြေးများ လိမ်လည်တောင်းခံလေ့ရှိပါသည်။ ထို့ပြင် ပိုမိုဆိုးရွားသော လိမ်လည်သူများသည် လူမှုကွန်ရက်အကောင့်တု ၃၊ ၄ ခုခန့်ကို စနစ်တကျအသုံးပြုကာ မူရင်းလိမ်လည်မည့်အကောင့်ကို တိုက်ရိုက်မကြော်ငြာဘဲ အခြားအကောင့်တစ်ခုမှ "မိမိအမျိုးအဆွေများ၏ အောင်စာရင်းကို ကြည့်ရှုပေးသည့် ဆရာဖြစ်ကြောင်း" လမ်းညွှန်အယုံသွင်း၍ အဆင့်ဆင့် လိမ်လည်လှည့်ဖြားလျက်ရှိပါသည်။

၃။ ဤကဲ့သို့ အောင်စာရင်းကိုအကြောင်းပြု၍ လိမ်လည်မှုများသည် နှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး စာမေးပွဲဖြေဆိုသူများနှင့် မိဘများသည်လည်း နှစ်စဉ်အသစ်ဖြစ်သဖြင့် မသိနားမလည်မှုများကြောင့် အလိမ်ခံရခြင်းမှ ကာကွယ်နိုင်ရန် နှစ်စဉ် သတိပေးနှိုးဆော်ရခြင်းဖြစ်ပါသည်။ "အောင်စာရင်းများကို မြန်မြန်ထုတ်ပြန်ပေးရန်" မှတ်ချက်ပြုတောင်းဆိုမှုများရှိသည်ကိုလည်း မိဘပြည်သူများနည်းတူ ဌာနအနေဖြင့် သိရှိနားလည်ပါသည်။ ဤဌာနအနေဖြင့်လည်း အောင်စာရင်းနှင့်ပတ်သက်သည့် ကြီးလေးသောတာဝန်များကို သယ်ပိုးထားရခြင်းဖြစ်၍ အခြားသူများထက် အောင်စာရင်းကို အမြန်ဆုံး ကြေညာပေးလိုပါသည်။ သို့ရာတွင် စာမေးပွဲအောင်စာရင်းလုပ်ငန်းစဉ်များကို သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ တိကျမှန်ကန်စွာ ဆောင်ရွက်ရသဖြင့် လိုအပ်သည့်အချိန်ကို ရယူဆောင်ရွက်ရခြင်း ဖြစ်ပါသည်။ အောင်စာရင်းထုတ်ပြန်ရန် အသင့်ဖြစ်သည်နှင့် တစ်ပြိုင်နက် အကြောင်းမဲ့ ထိန်းသိမ်းထားခြင်းမရှိဘဲ နှစ်စဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိပါသည်။

၄။ မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို လွယ်ကူစွာ ရှာဖွေကြည့်ရှုနိုင်ရေးအတွက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် တရားဝင်ဝက်ဘ်ဆိုက် (Official Website) များကို အသုံးပြု၍သာ ထုတ်ပြန်ကြေညာပေးလျက်ရှိပါသည်။ စာစစ်ဌာနအလိုက် အောင်စာရင်းဖိုင်များကို ဒေါင်းလုဒ်ရယူကြည့်ရှုနိုင်သည့် စနစ်အပြင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်မှစတင်ကာ မိမိတို့၏ ခုံအမှတ်ကို ရိုက်ထည့်၍ တိုက်ရိုက်ရှာဖွေကြည့်ရှုနိုင်သော ဝက်ဘ်ဆိုက်စနစ်သစ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါသည်။ ဤကဲ့သို့ တရားဝင်ဝက်ဘ်ဆိုက်များမှတစ်ဆင့် ကြေညာပေးခြင်းမှအပ ဌာနအနေဖြင့် မည်သည့်အောင်စာရင်းကြည့် Application ကိုမျှ ထုတ်ဝေထားခြင်း မရှိပါ။ လက်ရှိတွင် အောင်စာရင်းကြည့်ရှုနိုင်သည်ဟု ဆိုကာ ပျံ့နှံ့နေသော Application များအားလုံးသည် ပြင်ပမှ အလွတ်သဘောရေးဆွဲထားသော App များသာဖြစ်ပြီး အချက်အလက် တိကျမှန်ကန်စွာ ကြည့်ရှုနိုင်ခြင်း ရှိ/မရှိအတွက် အာမခံချက် လုံးဝမရှိသည့်အပြင် မိမိတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံမှုဆိုင်ရာ ဘေးအန္တရာယ်များ ရှိနိုင်သဖြင့် အထူးသတိပြုဆင်ခြင်ကြရန် လိုအပ်ပါသည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ရာတွင်လည်း မိမိတို့၏ ခုံအမှတ်ဖြင့် တိုက်ရိုက်ရှာဖွေကြည့်ရှုနိုင်မည့်စနစ်ကို https://result.dme.gov.mm ဝက်ဘ်ဆိုက်တွင် လွှင့်တင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၅။ အထူးသတိပြုရန်မှာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအရ အများပြည်သူသို့ တရားဝင်တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာခြင်းမပြုမီ အောင်စာရင်းများ ကြိုတင်ပေါက်ကြားရန် လုံးဝ(လုံးဝ) ဖြစ်နိုင်ခြေမရှိပါ။ သို့ဖြစ်ပါ၍ "အောင်စာရင်း ကြိုတင်ကြည့်ရှုပေးမည်" ဟူသော ပြောဆိုချက်များသည် ရာနှုန်းပြည့် လိမ်လည်လှည့်ဖြားခြင်းသာ ဖြစ်ကြောင်း မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထူးသတိပြုကြပါရန်နှင့် မိမိတို့၏ အယုံလွယ်မှုကြောင့် မသမာသူများ၏ လိမ်လည်မှုများတွင် နစ်နာဆုံးရှုံးမှုမရှိစေရေး မိမိကိုယ်တိုင် သတိပြုဆင်ခြင် စောင့်ကြည့်ကြပါရန် လေးနက်စွာ အသိပေးနှိုးဆော်အပ်ပါသည်။
Source fromမြန်မာနိုင်ငံစာစစ်ဦးစီးဌာန


#adminteam
#Voluteener_admin_primo
#StudywithK2
❤9
ကလေးတို့ရေ
အောင်စာရင်းကြေညာမယ့်ရက်ကို နိုင်ငံတော်က ကြေညာမယ်ဆို အနည်းဆုံး ၃ရက်အလိုမှကြေညာတာပါ။

အဲ့ဒါကြောင့် အေးအေးဆေးဆေးလေးနေလို့ရပါတယ်နော်။

အခုအချိန်မှာ အောင်စာရင်းရလဒ်ကို အရမ်းသိချင်နေကြတာဟာ ပုံမှန်ပါပဲရှင်။အဲ့အတွက်ကြောင့်မို့လို့ အွန်လိုင်းပေါ်က အတုအယောင်တွေကိုသတိထားပါလို့လည်း ပြောချင်ပါတယ်။

#StudywithK2 #AdminMaple
❤‍🔥14❤8🍓2💘1
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ တရားဝင် Facebook Page (၁၁.၆.၂၀၂၆)ရက် ညနေ့ (၅)နာရီမှာစပြီး Page ရှာမတွေ့ပါဘူး။တစုံတစ်ရာ Update (သို့မဟုတ်) Error တက်နေတာလို ထင်တယ်။

#adminteam
#Voluteener_admin_primo
#StudywithK2
❤14😭5☃2
ပြန်ရပါပြီ

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန followers 66kရှိသော pageမှ ယခု followers 448k ရှိသော pageဖြင့် ပြန်Runနေပါပြီး

#adminteam
#Voluteener_admin_primo
#StudywithK2
❤18
• အောင်စာရင်းထွက်ရင် မိမိတို့ရဲ့ ခုံအမှတ်နဲ့ တိုက်ရိုက်ရှာဖွေကြည့်ရှုနိုင်ဖို့ https://result.dme.gov.mm ဝက်ဘ်ဆိုက်မှာ လွှင့်တင်ပေးဖို့ စီစဉ်နေကြောင်းသိရှိရပါတယ်။

• ယခင်နှစ်များနည်းတူ စာစစ်ဌာနအလိုက် အောင်စာရင်းတွေကြည့်နိုင်မယ့် ဝက်ဘ်ဆိုက်လည်း ရှိနေမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website Link: 👉 https://www.myanmarexam.org

ပညာရေးဝန်ကြီးဌာန Website Link: 👉 https://www.moe.gov.mm
တွေမှတဆင့် ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

#studywithK2 #AdminMaple
❤4🍓1
အောင်စာရင်းထွက်ရင်ကြုံရမယ့် လူ (၂) မျိုး

၁) မှန်းထားတဲ့အတိုင်း ရလဒ် ထွက်သွားသောသူ

၂) မထင်မှတ်ထားသော ရလဒ် ထွက်သွားသောသူ


အဲ့၂ခုပဲရှိမယ်နော်။

ကိုယ်က ဘယ်အမျိုးအစားထဲ ပါမလဲဆိုတာ အောင်စာရင်းထွက်ပြီးရင် ပြန်လာပြောပြ။🫵🏻

#studywithK2 #AdminMaple
❤19🍓3
Forwarded from Academic Mentor
Physics formula တွေပါကလေးတို့ရေ။

#Academic_Mentor@guideforG_12
❤6😭2
ဖေ့ဘုတ်ကြီး မရှိတော့ရင်

မနေတတ်ကြတော့ဘူး

ဒါဟာ နည်းပညာရဲ့ ပြဿနာမဟုတ်ဘူး

မှီခိုမှုရဲ့ ပြဿနာပဲ

အချိန်ရရင် ဖွင့်ကြည့်တယ်
ပျင်းရင် ဖွင့်ကြည့်တယ်
စိတ်ညစ်ရင် ဖွင့်ကြည့်တယ်

တဖြည်းဖြည်းနဲ့

ဖုန်း Screen ထဲက ကမ္ဘာဟာ
လက်တွေ့ကမ္ဘာထက် ပိုအရေးကြီးလာသလို ဖြစ်လာတယ်

တကယ်တော့

တိတ်ဆိတ်စွာ ထိုင်နိုင်တဲ့စွမ်းရည်
ကိုယ့်အတွေးတွေနဲ့ အတူနေနိုင်တဲ့စွမ်းရည်
အာရုံမပျံ့ဘဲ နေနိုင်တဲ့စွမ်းရည်တွေက

ပိုပြီး အဖိုးတန်လာနေတယ်

တစ်ခါတလေ

ဖေ့ဘုတ်ဖွင့်မကြည့်ဘဲ နေကြည့်ပါ

ဘာတွေ လွတ်သွားလဲဆိုတာထက်

ကိုယ့်ဘဝထဲ ဘာတွေ ပြန်ရလာလဲဆိုတာကို
ပိုသတိထားမိလိမ့်မယ်

#tmh_econtrekker
❤10❤‍🔥3
🍓5❤2
ငါလုပ်နိုင်ပါ့မလား?” ဆိုတဲ့အတွေးနဲ့ တိုက်ပွဲဝင်နေတဲ့ G12 ကျောင်းသားများအတွက်

G-12 ကျောင်းသားတစ်ယောက်ဖြစ်ရတာ မလွယ်ပါဘူး။

တစ်ခါတစ်လေ စာအုပ်ဖွင့်ထားပေမယ့် စိတ်ထဲမှာတော့

“ငါလုပ်နိုင်ပါ့မလား…”

“ငါနောက်ကျနေပြီလား…”

“သူများတွေက ငါ့ထက်တော်နေကြတာ မဟုတ်ဘူးလား…”

ဆိုတဲ့အတွေးတွေကပဲ နေရာယူနေတတ်ပါတယ်။

ဒါပေမယ့် သိထားစေချင်တာတစ်ခုရှိပါတယ်။
ကိုယ့်ကိုယ်ကို မယုံကြည်တဲ့နေ့တွေရှိနေတာက မင်းအားနည်းနေလို့ မဟုတ်ဘူး။

မင်းရဲ့အနာဂတ်ကို အလေးထားလို့ပါ။
အောင်မြင်တဲ့သူတွေတောင် ကိုယ့်ကိုယ်ကို သံသယဝင်ဖူးကြတယ်။
ကွာခြားချက်ကတော့ သူတို့က သံသယတွေရှိနေပေမယ့် ရပ်မသွားခဲ့ကြတာပါပဲ။

ဒီနေ့ စာတစ်မျက်နှာပဲ ကျက်နိုင်ခဲ့ရင်လည်း အဆင်ပြေပါတယ်။
ဒီနေ့ နည်းနည်းပဲ ရှေ့တိုးနိုင်ခဲ့ရင်လည်း အဆင်ပြေပါတယ်။
တိုးတက်မှုက မြန်နှုန်းနဲ့ မတိုင်းတာပါဘူး။

မရပ်မနား ဆက်သွားနိုင်ခြင်းနဲ့ တိုင်းတာတာပါ။

ဒါကြောင့် ကိုယ့်ကိုယ်ကို မယုံကြည်တဲ့နေ့တွေမှာ

“ငါလုပ်နိုင်ပါ့မလား” လို့ မေးမယ့်အစား
“ဒီနေ့ ငါဘာတစ်ခု လုပ်နိုင်သေးလဲ”
လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။

မင်းထင်ထားတာထက် မင်းပိုသန်မာတယ်။
မင်းထင်ထားတာထက် မင်းပိုလုပ်နိုင်တယ်။

အခုလို ဆက်ကြိုးစားနေသရွေ့
မင်းရောက်ချင်တဲ့နေရာနဲ့ တစ်နေ့ထက်တစ်နေ့ ပိုနီးလာနေပြီဆိုတာပါပဲ။

#adminteam
#volunteer_admin_cyrus
#studywithK2
❤25🍓1
Hello

ကလေးတို့ရေ အစ်မနဲ့မတွေ့တာတောင်ကြာပြီနော်။

မတွေ့တာကြာပြီဆိုတော့ မှတ်ရောမှတ်မိကြရဲ့လား။

အရင်ဆုံး အစ်မက စိတ်မကောင်းစရာသတင်းလေးတစ်ခုကို အရင်ပြောပြချင်ပါတယ်။

အဲ့ဒါက အစ်မတို့ Admin team ဘက်မှာလည်း မင်းတို့ရဲ့ အချစ်တော် Admin jet ကကိုယ်ရေးကိုယ်တာကိစ္စလေးတွေကြောင့် channel ကနေထွက်သွားပါတယ်။

အစ်မတို့ အနေနဲ့ volunteer လေးတွေထပ်ခေါ်လိုက်ရတယ်ဆိုလည်း ကလေးတို့အသိပါပဲနော်။

ဆိုတော့ လက်ရှိ admin team ဘက်မှာ အစ်မနဲ့ admin Kelly ၂ ယောက်ပဲကျန်ပါတော့တယ်။

အဲ့အတွက် အခုနှစ်တက်နေတဲ့ကလေးတွေ စာမေးတဲ့အခါ အစ်မတို့ကလည်း ကိုယ့်ကိစ္စနဲ့ကိုယ်မအားတာကြောင့် စာတွေမမြင်တာတွေဖြစ်မှာစိုးတဲ့အခါ ကလေးတို့ပဲ နစ်နာမှာစိုးလို့ volunteer admin လေးတွေကို discussion room ထဲမှာထားထားပါတယ်နော်။

အခုရက်ပိုင်း အစ်မ discussion room ထဲမှာ G-12 ဖြေပြီးသားကလေးတွေ စကားလာပြောနေတာကိုတွေ့ပါတယ်။ အဲ့အတွက်လည်း discussion room လေး စည်ကားနေတာတွေ့တော့ ကျေးဇူးလည်းတင်ပါတယ်။

ဒါပေမယ့်ကလေးတို့ရယ် မင်းတို့အလှည့်တုန်းက အစ်မတို့ရဲ့ discussion room ထဲ အခုလို စီနီယာတွေစကားလာများတဲ့အခါ ကိုယ်သိချင်တာရှိတာမေးရတဲ့အခါ မျက်စိရှုပ်နေရင် ကလေးတို့စိတ်ညစ်ခဲ့ကောင်း စိတ်ညစ်ခဲ့ပါလိမ့်မယ်။

အခု ကလေးတို့အနေနဲ့ ကိုယ့်ရဲ့ မောင်လေး၊ညီမလေး၊ညီငယ်၊ညီမငယ်လေးတွေရော အဲ့လိုစိတ်ညစ်မှုတွေမဖြစ်ရလေအောင် ဆိုပြီး အစ်မနဲ့ admin Kelly ၂ယောက်တိုင်ပင်ပြီး discussion room ကိုခဏပိတ်လိုက်တာပါ။

အဓိက ကတော့ ကလေးတို့က အောင်စာရင်းနဲ့စိတ်တွေပူပန်နေတာတွေ့လို့ပေါ့။

အဆင်မပြေရင်ပြောလို့ရတယ်လို့ ကလေးတစ်ယောက်ရေးလိုက်တာ အစ်မတွေ့တယ်ရှင်။

ဒါပေမယ့် အစ်မတို့ကလည်း ကိုယ့်ကိစ္စနဲ့ကိုယ်မအားနေတဲ့သူတွေဆိုတော့ ငါတို့ရေးမယ်လို့ သတိရတဲ့အချိန်တွေက စာသင်နေတာတို့၊အလုပ်လုပ်နေတဲ့အချိန်မျိုးဖြစ်နေပြီး၊ဖုန်းသုံးတဲ့အခါကျပြန်တော့ အစ်မတို့က volunteer လေးတွေကို ဘာလုပ်ရမယ်၊ဘာရေးရမယ်ဆိုပြီး ထပ်ပြီးစီမံခန့်ခွဲပေးနေရတော့ ကလေးတို့ကို ပြောမယ်ပြောမယ်ဆိုပြီးမေ့သွားတာပါကွယ်။

အဲ့အတွက်လည်း စိတ်မဆိုးဖို့တော့ မျှော်လင့်ပါတယ်။

ဒီ channel လေးထဲမှာ ကလေးတို့လို G-12 ရလဒ်ကိုစောင့်နေတဲ့ကလေးတွေလည်းရှိမယ်၊ကလေးတို့ထပ်ငယ်တဲ့ ကလေးတွေလည်း ရှိတဲ့အခါကျ ကိုယ့်ရဲ့အပြုအမူ၊အပြောအဆိုတွေကို တစ်ခုချင်းစီထိန်းသိမ်းပေးစေချင်ပါတယ်။

Admin jet ရှိခဲ့မယ်ဆိုလည်း သူ့ရဲ့ကလေးတွေ အခုလို ဖြစ်နေတာကိုလည်း လိုချင်မယ်လို့တော့ အစ်မတို့မထင်မိပါဘူးနော်။

အဲ့အတွက် အစ်မတို့ channel က ကလေးတွေက လိမ္မာပြီးသားမို့ discussion room message ပိတ်တာကို စိတ်မဆိုးဘူးလို့မျှော်လင့်ရင်း ကလေးတို့စောင့်မျှော်နေတဲ့ရလဒ်တွေကို အမြန်ဆုံးသိရပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

#AdminMaple #studywithK2
❤13🍓5
Work Hard တစ်ခုတည်းနဲ့ G12 ကို ဖြတ်ကျော်လို့ရမလား?

G12 ရောက်လာတဲ့အချိန်မှာ လူတိုင်းနီးပါးက ကြိုးစားကြပါတယ်။

တစ်ချို့က မနက်စောစောထပြီး စာကျက်တယ်။
တစ်ချို့က ညနက်တဲ့အထိ ထိုင်ကျက်တယ်။
တစ်ချို့ဆို Phone တောင် လျှော့သုံးပြီး စာပဲအာရုံစိုက်နေကြတယ်။

ဒါပေမယ့် မေးစရာတစ်ခုရှိတယ်။

“ငါတို့ကြိုးစားနေတဲ့ နည်းလမ်းက မှန်ရဲ့လား?”

G12 မှာ Work Hard က မဖြစ်မနေလိုအပ်တယ်။

ဒါပေမယ့် Work Hard တစ်ခုတည်းနဲ့တော့ မလုံလောက်ဘူး။

ဘာလို့လဲဆိုတော့ G12 က စာအုပ်တစ်အုပ်ပြီးတစ်အုပ် ဖတ်နေရုံနဲ့ အဆင်ပြေတဲ့နှစ် မဟုတ်တော့ဘူး။

ဘယ်အပိုင်းတွေက အားနည်းနေလဲ။
ဘယ် Subject က အချိန်ပိုပေးဖို့လိုလဲ။
ဘယ်လိုစာကျက်တဲ့အခါ ကိုယ်က ပိုမှတ်မိလဲ
ဒါတွေကို သိဖို့လည်း လိုတယ်။

ဥပမာ…
Chapter တစ်ခုကို ၃ ခါပြန်ဖတ်တာက Work Hard ဖြစ်နိုင်တယ်။

ဒါပေမယ့် ဖတ်ပြီးတဲ့နောက် စာအုပ်ပိတ်ပြီး ကိုယ်ဘာမှတ်မိသေးလဲ ပြန်စစ်ပါ။
ကိုယ်နားမလည်တဲ့ အပိုင်းကို အချိန်ပိုပေးတာက Work Smart ဖြစ်တယ်။

G12 မှာ တကယ်အရေးကြီးတာက

“အချိန်ဘယ်လောက်သုံးလဲ” ဆိုတာထက်
“သုံးလိုက်တဲ့အချိန်က ဘယ်လောက်ထိရောက်လဲ” ဆိုတာပဲ။

ကိုယ့်ရဲ့ Study Method ကို ခဏခဏ ပြန်သုံးသပ်ကြည့်ပါ။

Work Hard လုပ်ပါ။
ပြီးတော့ Work Smart နဲ့ပေါင်းစပ်ပါ။

G12 က ကြိုးစားတဲ့သူတွေအတွက် အခွင့်အရေးရှိသလို၊ မှန်ကန်တဲ့နည်းလမ်းနဲ့ ကြိုးစားတဲ့သူတွေအတွက်တော့ ပိုပြီး အခွင့်အရေးရှိပါတယ်။

Fighter အစစ်ဆိုတာ ခေါင်းမာမာနဲ့ တိုးရုံတင်မကဘူး၊ ဉာဏ်ကိုပါ သုံးတတ်ရတယ်... ကဲ ဘယ်လိုလဲ၊ ပုံစံပြောင်းဖို့ အချိန်တန်ပြီမလား? 😉

ဒါကြောင့် အဓိပ္ပာယ်ရှိရှိ နဲ့ပဲအပင်ပန်းခံဖို့ပြောချင်တယ်နော်။

ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကို လမ်းမှန်တဲ့ နည်းလမ်းတွေနဲ့ ပေါင်းစပ်ပြီး Smart ကျကျပဲ ရလဒ်ကောင်းကို ယူလိုက်ပါ။

#adminteam
#volunteer_admin_cyrus
#studywithK2
❤14
❤5
Bangkok, Thailand 🇹🇭 Fully Funded Summit

Future Minds Summit 2026 in Bangkok, Thailand is a fully funded 4-day youth leadership program from July 16-19, 2026.

The scholarship covers:
- Airfare
- Visa Fees
- Accommodation
- Meals & Tea Breaks
- Certification
- Speaking Opportunity at the Forum
- All Social Activities & Cultural Activities

You can apply using this link: https://thegyn.org/fms-thailand/

Deadline: 15 June 2026

#FutureMindsSummit #Thailand
❤5