Study with K2
1.58K subscribers
1.08K photos
31 videos
192 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
Grade-12 သင်ရိုးများနှင့် ပတ်သက်၍ အသိပေးကြေညာခြင်း
❤2
Hello ကလေးတို့^^

ဒီနေ့မှာတော့အစ်မက G12 တက်မဲ့ကလေးတွေအတွက် အနည်းငယ် share ပေးချင်ပါတယ်။

Bio ဘာသာရပ်ကိုစစကျက်မယ်ဆိုရင် ကိုယ်က ဘယ်အမှတ်လောက်လိုချင်လဲ ဘယ်လိုကျက်မှာလဲကို အရင်အစ်မက ဆုံးဖြတ်စေချင်ပါတယ်နော်!!
တစ်ခန်းချင်းစီမှာ 20ဖိုးစီလာတဲ့အတွက် 120ဖိုးရှိပါမယ်!! 10မှတ်တန်မှာ အရွေးရှိတဲ့အတွက် 100ဖိုးဖြစ်သွားပါမယ်။

ကဲ!ဒါဆိုရင် ကိုယ်ကဘယ်အမှတ်လောက်လိုချင်လဲကို အရင်ဆုံးဖြတ်ပြီးရင် ဘယ်နှစ်ခန်းကျက်မှာလဲ။ အစ်မအကြံပေးချင်တာကတော့ ch1 ကိုတော့ကျက်စေချင်ပါတယ်!!!ch1 ကဘယ်သူမဆိုအရင်စသင်မယ်ထင်တယ်နော် တချို့ကch2 မသင်ပဲ ch6ကျော် သင်ကြတယ်ထင်တယ်။အဲတော့2လား/6လားတစ်ချက်ရွေးပါအစ်မတွက်ကတော့ ch2ကတော့အပုဒ်ရေပိုနည်းတယ်ကျက်ရတာ6ထက် 3နဲ့4ကို အများစုက4ကိုလွတ်ကြ‌တာတွေတွေ့တယ်။ဘာလို့လဲဆိုတာတော့နားမလည်နိုင်ပေမဲ့ 4မှာ မီးနင်းတွေ scientific name တွေများပေမဲ့ 3လောက်စာမများပါဘူးနော်!

သေချာကြည့်ရင် အဲတော့ ကိုယ်ကျက်နိုင်တဲ့ ပမာဏကို ဆုံးဖြတ်ပါ အစ်မတုံးကတော့5ခန်းခွဲကျက်ခဲ့ပါတယ်။ ပြီးရင်နေ့တိုင်း မကျက်နိုင်ရင်တောင်တစ်ရက်ခြားတစ်ခါကျက်ပေးပါ မဟုတ်ရင် Bio ထိုင်ငိုဖြစ်ပါလိမ့်မယ်!!!!

နောက်ဆုံးအနေနဲ့ကတော့ motivation လေးပေးချင်ပါတယ်^^ ဆရာဆုံးမပေးတဲ့စာလေးကိုပဲ ပြန်ပြောပြချင်တာပါ။ ကောင်မ‌လေးတစ်ယောက်က ဆရာ့ကိုမေးပါတယ်။Bio ကိုကျက်ပြီးရင်မေ့တော့ သူစိတ်ညစ်ရတယ်ပေါ့နော်အဲဒါပါရမီပါမလာဘူး ထင်ပါတယ်လို့ ပြောတော့ဆရာက ပါရမီဆိုတာပါမလာရင်ကိုယ်လုပ်ယူရင်ဖြစ်တယ် စာကို စိတ်ပါလက်ပါ ထပ်ခါထပ်ခါ ပျော်ပျော်ပါးပါးလုပ်ပါတဲ့။ စိတ်ပါပါနဲ့လုပ်ရင် အဲစာမရဘူးဆိုတာ မရှိဘူးတဲ့!

ကိုယ်ရဲ့နေ့ရက်တွေကို အကျိုးရှိရှိ အသုံးချပါ။ 2027မှာဖြေဆိုရမဲ့ G12 စာမေးပွဲကြီးမှာလဲ ဂုဏ်ထူးတွေနဲ့ ကိုယ်လိုချင်တဲ့လမ်းကိုလျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်^^

#volunteer_admin_phyo
#studywithK2
❤16❤‍🔥4
Grade 12 အောင်စာရင်း ထွက်မည့်ရက် တဖြေးဖြေး နီးလာတော့ ရင်ခုန်နေကြပြီလား? ⏱️📈

အောင်စာရင်းထွက်ရင် ဘယ်ကနေကြည့်ရမလဲ၊ ဘယ်လိုကြည့်ရမလဲ မေးထားသူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Grade 12 (တက္ကသိုလ်ဝင်စာမေးပွဲ) အောင်စာရင်းကို 👇

🏢 မိမိဖြေဆိုခဲ့တဲ့ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းတွေမှာ ကပ်ထားပေးပါမယ်။
📻 ဝေလံခေါင်ဖျားပြီး အင်တာနက်ပြတ်တောက်သည့်ဒေသများအတွက် ရေဒီယိုမှတဆင့် ထုတ်လွှင့်ပေးပါမယ်။

🌐 Online မှတဆင့် ကြည်ရှု့လိုသူများအတွက် •

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website Link: 👉 https://www.myanmarexam.org

ပညာရေးဝန်ကြီးဌာန Website Link: 👉 https://www.moe.gov.mm
တွေမှတဆင့် ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

⚠️ Online မှ အောင်စာရင်းကြည့်ရှု့တဲ့အခါ သတိပြုရန်
ကြည့်ရှု့သူများတဲ့အတွက်ကြောင့် EXAM RESULTS link ထဲဝင်မရခြင်း၊ File မပွင့်ခြင်း စသည့် Error များ ဖြစ်တတ်ပါတယ် (ဒါဟာ စိတ်ပူစရာမဟုတ်ပါ)။ စိတ်အေးအေးထားပြီး အောက်ပါအဆင့်အတိုင်း လုပ်ဆောင်လိုက်ပါ။

1️⃣ အင်တာနက်လိုင်း ခေတ္တပိတ်ပြီး ပြီးမှပြန်ဖွင့်ပါ။
2️⃣ အင်တာနက်လိုင်း ကောင်း/မကောင်း စစ်ဆေးပါ။
3️⃣ မိမိဖုန်းထဲမှ VPN များ ပိတ်ထားပါ။

4️⃣ EXAM RESULTS တိုက်ရိုက်လင့်တွေမဝင်ဘဲ စာစစ်ဦးစီးဌာန/ ပညာရေးဝန်ကြီးဌာန ပင်မစာမျက်နှာ (Home Page) ကို အရင်သွားပါ။
5️⃣ Main Menu ကိုနှိပ်ပါ။
6️⃣ EXAM RESULTS ကိုနှိပ်ပါ။
7️⃣ 2026 ကို နှိပ်ပါ။ (၂၀၂၆ - တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း စာမျက်နှာပေါ်လာပါမည်။)

📌 ကြည့်ရှုနည်းအဆင့်ဆင့်
• မိမိဖြေဆိုခဲ့တဲ့ တိုင်းဒေသကြီး/ ပြည်နယ်တို့ကို ရွေးပါ။
• မိမိဖြေဆိုခဲ့တဲ့ မြို့နယ်/ ကျောင်းကိုရွေးပြီး (ညာဘက်) က Download ကိုနှိပ်ပါ။
• ခဏစောင့်ပေးပါ၊ အောင်စာရင်းစာမျက်နှာများ ပေါ်လာပါမည်။ ဒါဆို မိမိကြည့်ရှု့လိုတဲ့ ခုံနံပါတ်ကို ရှာဖွေကြည့်ရှု့နိုင်ပါပြီ။

💡 အကြံပြုချက်
စိတ်အေးအေးထားပြီး အောင်စာရင်းစတင်ထုတ်ပြန်သည့်အချိန်ထက် အနည်းဆုံး နာရီဝက်ခန့် ခြားပြီးမှ ဝင်ရောက်ကြည့်ရှု့သင့်ပါတယ်။

📢 ကျောင်းသား/သူများ အလွယ်တကူကြည့်ရှု့နိူင်ရန်အတွက် ဤTelegram Channel တွင်လည်း အချိန်နဲ့တပြေးညီ ပြည်နယ်/တိုင်းဒေသကြီး / မြို့နယ်အလိုက် တင်ပေးသွားပါမယ်။

ကျောင်းသား/သူအားလုံး ရည်မှန်းချက်များ ပြည့်ဝအောင်မြင်ပါစေ...
❤6
"တစ်နေ့စာတစ်နေ့ မပြီးဘူး!" "တစ်ဘာသာလုပ်ပြီးရင် အချိန်မကျန်တော့ဘူး"

ဒီစကားတွေက ခု ကျောင်းဖွင့်တဲ့ တစ်ပတ်မှာ ကြားရတဲ့ ကလေးတွေရဲ့ အသံတွေပါ။

တစ်နေ့စာတစ်နေ့ ပြီးအောင်လုပ်တာ ကောင်းတယ် ဒါပေမယ့် မပြီးဘူးဆိုရင် ဘယ်လို လုပ်ကြမလဲ။🤔🤔

-ပထမဆုံး ကလေးတို့အနေနဲ့ တစ်ဘာသာပြီးအောင်လုပ်ပြီးရင်အချိန်မကျန်တော့ဘူးဆိုတာ အချိန်အကြာဆုံးကို ဦးဆုံးလုပ်နေမိလို့ပါ။
ဥပမာ bio/ecoလိုမျိုး ကျက်စာမျိုးတွေ။ အကိုက bioဆိုတော့ eco ကျက်ရင်ကြာချိန်တော့မသိပါဘူး။ bioကတော့ အသစ်တစ်ပုဒ်ကျက်မယ်ဆိုရင် အချိန်တစ်ခု ယူရပါတယ်။

ဒါဆို ဘယ်လိုလုပ်ကြမလဲ🤔

နည်းလမ်းကတော့👀

သင်တာကို ပြီးအောင်ကြည့်ပါ။
ဟုတ်ပါတယ်။ဒီတစ်နေ့ ဆရာသင်သမျှတွေကို အတန်းမှာအာရုံစိုက်ပြီး ညဘက်စာလုပ်ချိန်ရောက်တာနဲ့ ဒီနေရာက ဒီလိုစာရှင်းတယ် ဒီအပုဒ်က ဆန်းပြားတဲ့အပုဒ် စသဖြင့် အရင်ဆုံး အားလုံးကို ပြီးအောင်ကြည့်ကြပါ။

ပြီးမှ Def လိုမျိုး bioလိုမျိုးတွေကို နောက်ဆုံးမှ ကျက်ကြဖို့ အကြံပေးချင်ပါတယ်။

ကလေးတွေအဆင်ပြေကြပါစေ။ အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်

ကျောင်းတစ်ပတ် ဖွင့်ပီးပီးဆိုတော့ Quiz လေးတစ်ခုတော့ ပေးချင်ပါတယ်
Cmအောက်မှာရယ် Discussion roomထဲမှာဖြစ်ဖြစ် ဆွေးနွေးဖြေဆိုလို့ရပါတယ်

z= x +yi= (x,y) ကို မည်သည့် formဟု ခေါ်ပါသနည်း။

A. trigonometric form
B. Polar Form
C. Cartesian form
D. Eular form

အောက်မှာ ‌ဝင်ဖြေသွားလို့ရပါတယ်


#adminjet_team
#Voluteener_admin_primo
#StudywithK2
❤15
📢 ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း နှင့် ဆုချီးမြှင့်ပွဲ အစီအစဉ်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စိုက်စက်မွေး တက္ကသိုလ်ဝင်စာမေးပွဲများ၏ အောင်စာရင်းများ ထုတ်ပြန်ပြီးပါက ရိုးရိုးအောင်မြင်သူများနှင့် ဂုဏ်ထူးရရှိသူများအား ဆုချီးမြှင့်နိုင်ရန် အစီအစဉ်တစ်ရပ်ကို စီစဉ်ထားရှိပါသည်။

အထူးသဖြင့် ပညာရေးဝန်ထမ်းများ၏ သားသမီးများ (လက်ရှိတာဝန်ထမ်းဆောင်ဆဲ၊ သက်ပြည့်အငြိမ်းစားနှင့် ကွယ်လွန်သူများ၏ သားသမီးများ) ကိုလည်း ထည့်သွင်းဂုဏ်ပြုချီးမြှင့်မည် ဖြစ်ပါသည်။

မကြာမီတွင် Grade 12 တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ပေးမည် ဖြစ်ပါသည်။အောင်စာရင်း ထွက်ရှိမည့်ရက် နီးကပ်လာသဖြင့် ကျောင်းသားကျောင်းသူများအကြား ရင်ခုန်စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်နေပါသည်။
အောင်စာရင်းကို ကြည့်ရှုရန် နည်းလမ်းများကိုလည်း အောက်ပါအတိုင်း သိရှိနိုင်ပါသည်။
မိမိဖြေဆိုခဲ့သော သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် ကပ်ထားပေးမည်ဖြစ်ပြီး
ဝေးလံခေါင်ဖျားဒေသများအတွက် ရေဒီယိုမှတဆင့် ထုတ်လွှင့်ပေးမည် ဖြစ်ပါသည်။

အွန်လိုင်းမှ ကြည့်ရှုလိုသူများအတွက်
မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website နှင့်
ပညာရေးဝန်ကြီးဌာန Website များမှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ပညာရေးဝန်ကြီးဌာန (Ministry of Education)https://www.moe.gov.mm⁠ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (Department of Myanmar Examinations) https://www.myanmarexam.org⁠

အွန်လိုင်းကြည့်ရှုရာတွင် လူအသုံးများခြင်းကြောင့် ဝင်ရောက်မရခြင်း၊ Error ဖြစ်ခြင်းများ ဖြစ်နိုင်ပါသည်။ ထိုအခါ စိတ်အေးအေးထားပြီး အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်နိုင်ပါသည်။
အင်တာနက်လိုင်းကို ခေတ္တပိတ်ပြီး ပြန်ဖွင့်ပါ
လိုင်းအခြေအနေကို စစ်ဆေးပါVPN များကို ပိတ်ထားပါDirect link မဝင်ပါက Main Website သို့ ဝင်ပါ Menu မှတဆင့် EXAM RESULTS ကို ရွေးပါ
2026 ကို နှိပ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ မြို့နယ်၊ ကျောင်းများကို ရွေးချယ်ပါ
Download ကိုနှိပ်ပြီး ခုံနံပါတ်ဖြင့် ရှာဖွေကြည့်ရှုနိုင်ပါသည်

📌 Telegram Channel မှတဆင့်လည်း အောင်စာရင်းများကို ကြည့်ရှုနိုင်ပါသည်
👉 https://t.me/matriculation_exam2026
Facebook တွင်ကြည့်ရှူရန်အတွက် အောက်ပါ Page ကို Follow လုပ်ထားနိုင်ပါသည်။

#adminjet_team
#Voluteener_admin_primo
#StudywithK2
❤3
🍓3
Hello ကလေးတို့^^

ဒီနေ့မှာတော့အစ်မက G12 တက်မဲ့ကလေးတွေအတွက် အနည်းငယ် share ပေးချင်ပါတယ်။

Bio ဘာသာရပ်ကိုစစကျက်မယ်ဆိုရင် ကိုယ်က ဘယ်အမှတ်လောက်လိုချင်လဲ ဘယ်လိုကျက်မှာလဲကို အရင်အစ်မက ဆုံးဖြတ်စေချင်ပါတယ်နော်!!
တစ်ခန်းချင်းစီမှာ 20ဖိုးစီလာတဲ့အတွက် 120ဖိုးရှိပါမယ်!! 10မှတ်တန်မှာ အရွေးရှိတဲ့အတွက် 100ဖိုးဖြစ်သွားပါမယ်။

ကဲ!ဒါဆိုရင် ကိုယ်ကဘယ်အမှတ်လောက်လိုချင်လဲကို အရင်ဆုံးဖြတ်ပြီးရင် ဘယ်နှစ်ခန်းကျက်မှာလဲ။ အစ်မအကြံပေးချင်တာကတော့ ch1 ကိုတော့ကျက်စေချင်ပါတယ်!!!ch1 ကဘယ်သူမဆိုအရင်စသင်မယ်ထင်တယ်နော် တချို့ကch2 မသင်ပဲ ch6ကျော် သင်ကြတယ်ထင်တယ်။အဲတော့2လား/6လားတစ်ချက်ရွေးပါအစ်မတွက်ကတော့ ch2ကတော့အပုဒ်ရေပိုနည်းတယ်ကျက်ရတာ6ထက် 3နဲ့4ကို အများစုက4ကိုလွတ်ကြ‌တာတွေတွေ့တယ်။ဘာလို့လဲဆိုတာတော့နားမလည်နိုင်ပေမဲ့ 4မှာ မီးနင်းတွေ scientific name တွေများပေမဲ့ 3လောက်စာမများပါဘူးနော်!

သေချာကြည့်ရင် အဲတော့ ကိုယ်ကျက်နိုင်တဲ့ ပမာဏကို ဆုံးဖြတ်ပါ အစ်မတုံးကတော့5ခန်းခွဲကျက်ခဲ့ပါတယ်။ ပြီးရင်နေ့တိုင်း မကျက်နိုင်ရင်တောင်တစ်ရက်ခြားတစ်ခါကျက်ပေးပါ မဟုတ်ရင် Bio ထိုင်ငိုဖြစ်ပါလိမ့်မယ်!!!!

နောက်ဆုံးအနေနဲ့ကတော့ motivation လေးပေးချင်ပါတယ်^^ ဆရာဆုံးမပေးတဲ့စာလေးကိုပဲ ပြန်ပြောပြချင်တာပါ။ ကောင်မ‌လေးတစ်ယောက်က ဆရာ့ကိုမေးပါတယ်။Bio ကိုကျက်ပြီးရင်မေ့တော့ သူစိတ်ညစ်ရတယ်ပေါ့နော်အဲဒါပါရမီပါမလာဘူး ထင်ပါတယ်လို့ ပြောတော့ဆရာက ပါရမီဆိုတာပါမလာရင်ကိုယ်လုပ်ယူရင်ဖြစ်တယ် စာကို စိတ်ပါလက်ပါ ထပ်ခါထပ်ခါ ပျော်ပျော်ပါးပါးလုပ်ပါတဲ့။ စိတ်ပါပါနဲ့လုပ်ရင် အဲစာမရဘူးဆိုတာ မရှိဘူးတဲ့!

ကိုယ်ရဲ့နေ့ရက်တွေကို အကျိုးရှိရှိ အသုံးချပါ။ 2027မှာဖြေဆိုရမဲ့ G12 စာမေးပွဲကြီးမှာလဲ ဂုဏ်ထူးတွေနဲ့ ကိုယ်လိုချင်တဲ့လမ်းကိုလျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်^^
#adminteam
#volunteer_admin_phyo
#studywithK2
❤11
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ၁၀ နှစ်တာ ကာလအတွင်း ဘယ်နေ့တွေမှာ ထုတ်ပြန်ခဲ့သလဲ။

၁၀ နှစ်တာအတွင်း အောင်စာရင်းထုတ်ပြန်ခဲ့တဲ့ရက်တွေကို ပုံမှာ နှိုင်းယှဉ်ဖော်ပြပေးထားပါတယ်။ ထူးခြားဖြစ်စဉ်ရှိခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် (ကိုဗစ်ကပ်ရောဂါ)နဲ့ ၂၀၂၅ ခုနှစ် (မန္တလေးငလျင်) တွေမှအပ ဇွန်လအတွင်းမှာပဲ နှစ်စဉ် ထုတ်ပြန်လေ့ရှိတာကို တွေ့မြင်နိုင်ပါတယ်။

၂၀၂၆ ခုနှစ်အတွက်ကရော ဘယ်တော့လဲ ❓❓❓❓❓
နှစ်စဉ်မေးနေကြမို့လို့ မေလကတည်းက ကြိုဖြေပေးထားပါတယ်။
👉 https://www.facebook.com/share/p/1BavQGTE5h/

အလိမ်မခံရဖို့ ဒါကိုဖတ်ပါ။
👉 https://www.facebook.com/share/p/1Fshkn5E2x/

Official မှ Official ဆိုရင်တော့ မြန်မာပြည် အစိုးရဒိုမိန်း gov. mm နဲ့ လွှင့်တင်ထားတဲ့ ဒီ Website ကိုဝင်ကြည့်ပါ။
👉 https://result.dme.gov.mm/
❤‍🔥3❤2
အသိပေးကြေညာချက်

အကြောင်းအရာ။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများနှင့်ပတ်သက်၍ မသမာသူများ၏ လိမ်လည်လှည့်ဖြားမှုများအား သတိပြုရှောင်ကြဉ်နိုင်ပါရန် အသိပေးခြင်း။

၁။ လတ်တလောကာလတွင် အများပြည်သူ၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းအပေါ် စိတ်ပါဝင်စားမှု မြင့်မားခြင်းကို အခွင့်ကောင်းယူ၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် "အောင်စာရင်းနှင့် အမှတ်စာရင်းများကို ကြိုတင်ကြည့်ရှုပေးမည်" ဟူသော ဆွဲဆောင်မှုများဖြင့် အခကြေးငွေ လိမ်လည်တောင်းခံနေသည့် မသမာသူများကို တွေ့ရှိရပါသည်။

၂။ ၎င်းမသမာသူများသည် အစပိုင်းတွင် "ပညာဒါနအဖြစ် အခမဲ့ကြည့်ရှုပေးမည်" ဟုဆိုကာ ဆွဲဆောင်ပြီး စာမေးပွဲဖြေဆိုသူများ၏ ခုံအမှတ်များကို ရယူကြပါသည်။ ထို့နောက် ခုံအမှတ်လာရောက်မေးမြန်းသူများအား "စာမေးပွဲကျရှုံးသဖြင့် ငွေပေးပါက အောင်မြင်အောင် ဆောင်ရွက်ပေးမည်" သို့မဟုတ် "ဂုဏ်ထူးရရှိအောင် လိုက်လံဆောင်ရွက်ပေးမည်" ဟုဆိုကာ ငွေကြေးများ လိမ်လည်တောင်းခံလေ့ရှိပါသည်။ ထို့ပြင် ပိုမိုဆိုးရွားသော လိမ်လည်သူများသည် လူမှုကွန်ရက်အကောင့်တု ၃၊ ၄ ခုခန့်ကို စနစ်တကျအသုံးပြုကာ မူရင်းလိမ်လည်မည့်အကောင့်ကို တိုက်ရိုက်မကြော်ငြာဘဲ အခြားအကောင့်တစ်ခုမှ "မိမိအမျိုးအဆွေများ၏ အောင်စာရင်းကို ကြည့်ရှုပေးသည့် ဆရာဖြစ်ကြောင်း" လမ်းညွှန်အယုံသွင်း၍ အဆင့်ဆင့် လိမ်လည်လှည့်ဖြားလျက်ရှိပါသည်။

၃။ ဤကဲ့သို့ အောင်စာရင်းကိုအကြောင်းပြု၍ လိမ်လည်မှုများသည် နှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး စာမေးပွဲဖြေဆိုသူများနှင့် မိဘများသည်လည်း နှစ်စဉ်အသစ်ဖြစ်သဖြင့် မသိနားမလည်မှုများကြောင့် အလိမ်ခံရခြင်းမှ ကာကွယ်နိုင်ရန် နှစ်စဉ် သတိပေးနှိုးဆော်ရခြင်းဖြစ်ပါသည်။ "အောင်စာရင်းများကို မြန်မြန်ထုတ်ပြန်ပေးရန်" မှတ်ချက်ပြုတောင်းဆိုမှုများရှိသည်ကိုလည်း မိဘပြည်သူများနည်းတူ ဌာနအနေဖြင့် သိရှိနားလည်ပါသည်။ ဤဌာနအနေဖြင့်လည်း အောင်စာရင်းနှင့်ပတ်သက်သည့် ကြီးလေးသောတာဝန်များကို သယ်ပိုးထားရခြင်းဖြစ်၍ အခြားသူများထက် အောင်စာရင်းကို အမြန်ဆုံး ကြေညာပေးလိုပါသည်။ သို့ရာတွင် စာမေးပွဲအောင်စာရင်းလုပ်ငန်းစဉ်များကို သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ တိကျမှန်ကန်စွာ ဆောင်ရွက်ရသဖြင့် လိုအပ်သည့်အချိန်ကို ရယူဆောင်ရွက်ရခြင်း ဖြစ်ပါသည်။ အောင်စာရင်းထုတ်ပြန်ရန် အသင့်ဖြစ်သည်နှင့် တစ်ပြိုင်နက် အကြောင်းမဲ့ ထိန်းသိမ်းထားခြင်းမရှိဘဲ နှစ်စဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိပါသည်။

၄။ မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို လွယ်ကူစွာ ရှာဖွေကြည့်ရှုနိုင်ရေးအတွက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် တရားဝင်ဝက်ဘ်ဆိုက် (Official Website) များကို အသုံးပြု၍သာ ထုတ်ပြန်ကြေညာပေးလျက်ရှိပါသည်။ စာစစ်ဌာနအလိုက် အောင်စာရင်းဖိုင်များကို ဒေါင်းလုဒ်ရယူကြည့်ရှုနိုင်သည့် စနစ်အပြင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်မှစတင်ကာ မိမိတို့၏ ခုံအမှတ်ကို ရိုက်ထည့်၍ တိုက်ရိုက်ရှာဖွေကြည့်ရှုနိုင်သော ဝက်ဘ်ဆိုက်စနစ်သစ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါသည်။ ဤကဲ့သို့ တရားဝင်ဝက်ဘ်ဆိုက်များမှတစ်ဆင့် ကြေညာပေးခြင်းမှအပ ဌာနအနေဖြင့် မည်သည့်အောင်စာရင်းကြည့် Application ကိုမျှ ထုတ်ဝေထားခြင်း မရှိပါ။ လက်ရှိတွင် အောင်စာရင်းကြည့်ရှုနိုင်သည်ဟု ဆိုကာ ပျံ့နှံ့နေသော Application များအားလုံးသည် ပြင်ပမှ အလွတ်သဘောရေးဆွဲထားသော App များသာဖြစ်ပြီး အချက်အလက် တိကျမှန်ကန်စွာ ကြည့်ရှုနိုင်ခြင်း ရှိ/မရှိအတွက် အာမခံချက် လုံးဝမရှိသည့်အပြင် မိမိတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံမှုဆိုင်ရာ ဘေးအန္တရာယ်များ ရှိနိုင်သဖြင့် အထူးသတိပြုဆင်ခြင်ကြရန် လိုအပ်ပါသည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ရာတွင်လည်း မိမိတို့၏ ခုံအမှတ်ဖြင့် တိုက်ရိုက်ရှာဖွေကြည့်ရှုနိုင်မည့်စနစ်ကို https://result.dme.gov.mm ဝက်ဘ်ဆိုက်တွင် လွှင့်တင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၅။ အထူးသတိပြုရန်မှာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအရ အများပြည်သူသို့ တရားဝင်တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာခြင်းမပြုမီ အောင်စာရင်းများ ကြိုတင်ပေါက်ကြားရန် လုံးဝ(လုံးဝ) ဖြစ်နိုင်ခြေမရှိပါ။ သို့ဖြစ်ပါ၍ "အောင်စာရင်း ကြိုတင်ကြည့်ရှုပေးမည်" ဟူသော ပြောဆိုချက်များသည် ရာနှုန်းပြည့် လိမ်လည်လှည့်ဖြားခြင်းသာ ဖြစ်ကြောင်း မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထူးသတိပြုကြပါရန်နှင့် မိမိတို့၏ အယုံလွယ်မှုကြောင့် မသမာသူများ၏ လိမ်လည်မှုများတွင် နစ်နာဆုံးရှုံးမှုမရှိစေရေး မိမိကိုယ်တိုင် သတိပြုဆင်ခြင် စောင့်ကြည့်ကြပါရန် လေးနက်စွာ အသိပေးနှိုးဆော်အပ်ပါသည်။
Source fromမြန်မာနိုင်ငံစာစစ်ဦးစီးဌာန


#adminteam
#Voluteener_admin_primo
#StudywithK2
❤9
ကလေးတို့ရေ
အောင်စာရင်းကြေညာမယ့်ရက်ကို နိုင်ငံတော်က ကြေညာမယ်ဆို အနည်းဆုံး ၃ရက်အလိုမှကြေညာတာပါ။

အဲ့ဒါကြောင့် အေးအေးဆေးဆေးလေးနေလို့ရပါတယ်နော်။

အခုအချိန်မှာ အောင်စာရင်းရလဒ်ကို အရမ်းသိချင်နေကြတာဟာ ပုံမှန်ပါပဲရှင်။အဲ့အတွက်ကြောင့်မို့လို့ အွန်လိုင်းပေါ်က အတုအယောင်တွေကိုသတိထားပါလို့လည်း ပြောချင်ပါတယ်။

#StudywithK2 #AdminMaple
❤‍🔥14❤8🍓2💘1
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ တရားဝင် Facebook Page (၁၁.၆.၂၀၂၆)ရက် ညနေ့ (၅)နာရီမှာစပြီး Page ရှာမတွေ့ပါဘူး။တစုံတစ်ရာ Update (သို့မဟုတ်) Error တက်နေတာလို ထင်တယ်။

#adminteam
#Voluteener_admin_primo
#StudywithK2
❤14😭5☃2
ပြန်ရပါပြီ

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန followers 66kရှိသော pageမှ ယခု followers 448k ရှိသော pageဖြင့် ပြန်Runနေပါပြီး

#adminteam
#Voluteener_admin_primo
#StudywithK2
❤18
• အောင်စာရင်းထွက်ရင် မိမိတို့ရဲ့ ခုံအမှတ်နဲ့ တိုက်ရိုက်ရှာဖွေကြည့်ရှုနိုင်ဖို့ https://result.dme.gov.mm ဝက်ဘ်ဆိုက်မှာ လွှင့်တင်ပေးဖို့ စီစဉ်နေကြောင်းသိရှိရပါတယ်။

• ယခင်နှစ်များနည်းတူ စာစစ်ဌာနအလိုက် အောင်စာရင်းတွေကြည့်နိုင်မယ့် ဝက်ဘ်ဆိုက်လည်း ရှိနေမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website Link: 👉 https://www.myanmarexam.org

ပညာရေးဝန်ကြီးဌာန Website Link: 👉 https://www.moe.gov.mm
တွေမှတဆင့် ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

#studywithK2 #AdminMaple
❤4🍓1
အောင်စာရင်းထွက်ရင်ကြုံရမယ့် လူ (၂) မျိုး

၁) မှန်းထားတဲ့အတိုင်း ရလဒ် ထွက်သွားသောသူ

၂) မထင်မှတ်ထားသော ရလဒ် ထွက်သွားသောသူ


အဲ့၂ခုပဲရှိမယ်နော်။

ကိုယ်က ဘယ်အမျိုးအစားထဲ ပါမလဲဆိုတာ အောင်စာရင်းထွက်ပြီးရင် ပြန်လာပြောပြ။🫵🏻

#studywithK2 #AdminMaple
❤19🍓3
Forwarded from Academic Mentor
Physics formula တွေပါကလေးတို့ရေ။

#Academic_Mentor@guideforG_12
❤6😭2
ဖေ့ဘုတ်ကြီး မရှိတော့ရင်

မနေတတ်ကြတော့ဘူး

ဒါဟာ နည်းပညာရဲ့ ပြဿနာမဟုတ်ဘူး

မှီခိုမှုရဲ့ ပြဿနာပဲ

အချိန်ရရင် ဖွင့်ကြည့်တယ်
ပျင်းရင် ဖွင့်ကြည့်တယ်
စိတ်ညစ်ရင် ဖွင့်ကြည့်တယ်

တဖြည်းဖြည်းနဲ့

ဖုန်း Screen ထဲက ကမ္ဘာဟာ
လက်တွေ့ကမ္ဘာထက် ပိုအရေးကြီးလာသလို ဖြစ်လာတယ်

တကယ်တော့

တိတ်ဆိတ်စွာ ထိုင်နိုင်တဲ့စွမ်းရည်
ကိုယ့်အတွေးတွေနဲ့ အတူနေနိုင်တဲ့စွမ်းရည်
အာရုံမပျံ့ဘဲ နေနိုင်တဲ့စွမ်းရည်တွေက

ပိုပြီး အဖိုးတန်လာနေတယ်

တစ်ခါတလေ

ဖေ့ဘုတ်ဖွင့်မကြည့်ဘဲ နေကြည့်ပါ

ဘာတွေ လွတ်သွားလဲဆိုတာထက်

ကိုယ့်ဘဝထဲ ဘာတွေ ပြန်ရလာလဲဆိုတာကို
ပိုသတိထားမိလိမ့်မယ်

#tmh_econtrekker
❤10❤‍🔥3
🍓5❤2
ငါလုပ်နိုင်ပါ့မလား?” ဆိုတဲ့အတွေးနဲ့ တိုက်ပွဲဝင်နေတဲ့ G12 ကျောင်းသားများအတွက်

G-12 ကျောင်းသားတစ်ယောက်ဖြစ်ရတာ မလွယ်ပါဘူး။

တစ်ခါတစ်လေ စာအုပ်ဖွင့်ထားပေမယ့် စိတ်ထဲမှာတော့

“ငါလုပ်နိုင်ပါ့မလား…”

“ငါနောက်ကျနေပြီလား…”

“သူများတွေက ငါ့ထက်တော်နေကြတာ မဟုတ်ဘူးလား…”

ဆိုတဲ့အတွေးတွေကပဲ နေရာယူနေတတ်ပါတယ်။

ဒါပေမယ့် သိထားစေချင်တာတစ်ခုရှိပါတယ်။
ကိုယ့်ကိုယ်ကို မယုံကြည်တဲ့နေ့တွေရှိနေတာက မင်းအားနည်းနေလို့ မဟုတ်ဘူး။

မင်းရဲ့အနာဂတ်ကို အလေးထားလို့ပါ။
အောင်မြင်တဲ့သူတွေတောင် ကိုယ့်ကိုယ်ကို သံသယဝင်ဖူးကြတယ်။
ကွာခြားချက်ကတော့ သူတို့က သံသယတွေရှိနေပေမယ့် ရပ်မသွားခဲ့ကြတာပါပဲ။

ဒီနေ့ စာတစ်မျက်နှာပဲ ကျက်နိုင်ခဲ့ရင်လည်း အဆင်ပြေပါတယ်။
ဒီနေ့ နည်းနည်းပဲ ရှေ့တိုးနိုင်ခဲ့ရင်လည်း အဆင်ပြေပါတယ်။
တိုးတက်မှုက မြန်နှုန်းနဲ့ မတိုင်းတာပါဘူး။

မရပ်မနား ဆက်သွားနိုင်ခြင်းနဲ့ တိုင်းတာတာပါ။

ဒါကြောင့် ကိုယ့်ကိုယ်ကို မယုံကြည်တဲ့နေ့တွေမှာ

“ငါလုပ်နိုင်ပါ့မလား” လို့ မေးမယ့်အစား
“ဒီနေ့ ငါဘာတစ်ခု လုပ်နိုင်သေးလဲ”
လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။

မင်းထင်ထားတာထက် မင်းပိုသန်မာတယ်။
မင်းထင်ထားတာထက် မင်းပိုလုပ်နိုင်တယ်။

အခုလို ဆက်ကြိုးစားနေသရွေ့
မင်းရောက်ချင်တဲ့နေရာနဲ့ တစ်နေ့ထက်တစ်နေ့ ပိုနီးလာနေပြီဆိုတာပါပဲ။

#adminteam
#volunteer_admin_cyrus
#studywithK2
❤25🍓1