Study with K2
1.58K subscribers
1.08K photos
31 videos
192 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
Forwarded from Academic Mentor
Mathematics အတွက် မသိမဖြစ်သိရမယ့် formula များ

တစ်ချို့ formula တွေက ချယ်တို့ ဆီမှာ မသုံးတာလေးတွေလည်းပါတယ်နော်။

#Academic_Mentor@guideforG_12
1
Forwarded from John
G12 မအောင်တဲ့ ကလေးတွေအတွက် အစိုးရကဖွင့်ထားတဲ့ သင်တန်းကျောင်းတွေ တက္ကသိုလ်တွေကဖွင့်တဲ့ Job-skills ready သင်တန်းတွေအကြောင်း

အနိမ့်ဆုံးပညာအရည်အချင်း G-9 ပြီးရင် တက်လို့ရမယ့်ကျောင်းများ


1. နည်းပညာအထက်တန်းကျောင်း (GTHS)

စက်မှုကျောင်းလို့လဲခေါ်ကြပါတယ် သူကတော့ ပုံမှန် G12 မအောင်တဲ့ကလေးတွေထက် G9,10 ကလေးတွေ အထက်တန်းဆက်မတက်ဘဲ GTHS တက်ကြတဲ့ပုံစံပါ မေဂျာတွေအများကြီးရှိပြီးတော့ ကိုယ်ကြိုးစားပြီး တော်ရင် တော်သလို စက်မှုသိပ္ပံ AGTI, နည်းပညာကောလိပ် B.Tech, နည်းပညာတက္ကသိုလ် B.E အထိ ပေါင်းကူး system တွေရှိပါတယ်

တက်ရမယ့် သင်တန်းကာလ ၃နှစ်ပါ

2. စိုက်ပျိုး၊ မွေးမြူအထက်တန်းကျောင်း

ဒီကျောင်းတွေကလဲ အပေါ်က GTHS လိုမျိုး G9,10 ကလေးတွေ တက်ကြတာများပါတယ် စိုက်ပျိုးရေးပညာရပ်နဲ့ မွေးမြူရေးပညာရပ် ကိုယ်ယူတဲ့ဘာသာရပ်ပေါ်မူတည်ပြီး ကိုယ်တော်ရင်တော်သလို စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံ Diploma တွေ၊ ရေဆင်း စိုက်ပျိုးရေး၊ မွေးမြူရေးဆေးတက္ကသိုလ် တွေအထိ ပေါင်းကူးနဲ့တက်လို့ရပါတယ်

တက်ရမယ့် သင်တန်းကာလ ၃နှစ်ပါ

(ကိုယ်ကြိုးစားရင်ကြိုးစားသလို တိရစ္ဆာန်ဆရာဝန်အဆင့်ထိ ဖြစ်နိုင်မယ့် လမ်းကြောင်းပါ)

3. သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးသင်တန်းကျောင်း

ဒီသင်တန်းကတော့ Certificate in Business Accounting ပေးမှာဖြစ်ပြီး ကိုယ်ကြိုးစားရင်ကြိုးစားသလို သမဝါယမကောလိပ်၊ သမဝါယမတက္ကသိုလ်တွေအထိ B.B.Sc စီးပွားရေးသိပ္ပံဘွဲ့ ယူနိုင်တဲ့အထိ ပေါင်းကူးစနစ်ရှိပါတယ် စီးပွားရေးဝါသနာပါသူတွေတက်သင့်ပါတယ်

သင်တန်းကာလ ၃နှစ်ပါ

G12 မအောင်ပေမဲ့ လုပ်ငန်းခွင်ဝင်လိုသူတွေ၊ တက္ကသိုလ်တွေမှာ သင်တန်းတက်ချင်သူတွေအတွက် Job-Skills Ready သင်တန်းများ


ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေနဲ့ အနုပညာတက္ကသိုလ်တွေ၊ တခြားတက္ကသိုလ် တော်တော်များများမှာ ဖွင့်တဲ့ သင်တန်းတွေဖြစ်ပါတယ် Certificate ပေးပါတယ် ဌာနအလိုက် သက်ဆိုင်ရာ သင်တန်းတွေအများကြီးရှိပါတယ်

Job-skills ready တွေက သင်တန်းကာလ လပိုင်းလောက်ပါဘဲ

ဥပမာ

ဓာတုဗေဒဌာနက ချည်ဆေးဆိုးသင်တန်း၊ ဆပ်ပြာထုတ်လုပ်ငန်း၊ Food Technology, Cosmetic Technology, ဓာတ်ခွဲအခြေခံ စတဲ့သင်တန်းတွေ

သတ္တဗေဒဌာနက ငါးပုဇွန်ဆေးထိုးသားဖောက်သင်တန်း၊ စီးပွားဖြစ် ပိုးမွေးမြူရေးသင်တန်းတွေ

ရူပဗေဒဌာနက အခြေခံ Electronics သင်တန်းတွေ စတဲ့

တခြားသော ဘာသာစကားသင်တန်းတွေ Computer သင်တန်းတွေလဲ ဖွင့်ပါတယ် Certificate လဲပေးတာဖြစ်လို့ တနိုင်တပိုင်တက်ရင်း G12 အပြင်ဖြေလဲ ဖြေပြီး ပြန်ကြိုးစားလို့လဲရပါမယ်

Note


ကိုယ်ကြိုးစားရင် ကြိုးစားသလို Chances တွေပြန်ရပါမယ် Certificate - Diploma - Bachelor တဆင့်ပြီးတဆင့်တက်သွားလို့ရတဲ့ ပေါင်းကူးစနစ်တွေဖြစ်တာကြောင့် ပညာရေးရပ်နားထားသူတွေ တပိုင်းတဆဖြစ်နေသူတွေအတွက်လဲ အဆင်ပြေစေမှာပါ
1
Hello 👋🏻

Volunteer လျှောက်ထားပြီး ကိုယ်လျှောက်ထားတဲ့ position အတိုင်းရသွားတဲ့အတွက် congratulations ပါရှင်။

စာရင်းထဲမပါတဲ့ကလေးတွေက စိတ်မကောင်းမဖြစ်ပါနဲ့နော်။Admin Team ဘက်ကနေ တစ်ခြား position တွေနဲ့ နောက်ထပ် volunteer တွေထပ်ခေါ်ဦးမှာဖြစ်လို့ အဲ့အခါကျရင်လည်းလာလျှောက်ပါဦးနော်ကလေးတို့ရေ။🥰

အခုလိုမျိုး Channel ရဲ့ volunteer လျှောက်ထားမှုမှာ စိတ်အားထက်သန်စွာပါဝင်ဖြေကြားပေးတဲ့ ကလေးတစ်ယောက်ချင်းစီတိုင်းကို Admin Team ဘက်ကနေလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်ရှင်။

Volunteer list ထဲပါတဲ့ကလေးတွေ Admin Team ဘက်မှာ ၁ပတ် အတွင်း Group link လေးလာတောင်းပေးပါဦးရှင်။ ‼️

#StudywithK2 #AdminTeam
❤‍🔥74
Grade 12
မြန်မာစာပြင်ဆင်ချက်

Source fromအထက်တန်းမြန်မာစာ page

#crd
#adminteam
#volunteerprimo
#studywithK2
4
Forwarded from Academic Mentor
ကျောင်းမှာသင်မယ့်သင်ရိုးလေးတွေပါ
1
ဇွန်လအတွက် Grade 12 မြန်မာစာ သင်ခန်းစာအလိုက် အချိန်ခွဲဝေမှု

📌 သီတင်းပတ် (၁)
• ရေးသားပြဇတ် (စာဆိုအတ္ထုပ္ပတ္တိ) — [၃ ချိန်]
(သင်ခန်းစာ - စာဆိုအတ္ထုပ္ပတ္တိ)
• အပြောသင်ခန်းစာ (မွမ်းမံသံများ) — [၁ ချိန်]
(သင်ခန်းစာ - အသံအနိမ့်အမြင့်သဘော)
• အဖတ်အညွှန်း (စကားပြေ) — [၂ ချိန်]
(သင်ခန်းစာ - ညောင်ရမ်းကြီးသမီး)
-----------------------------------------

📌 သီတင်းပတ် (၂)
• ရေးသားပြဇတ် (စာဆိုအတ္ထုပ္ပတ္တိ) — [၂ ချိန်]
(သင်ခန်းစာ - စာဆို၏ဘဝနောက်ခံအချက်အလက်)
• အပြောသင်ခန်းစာ (မွမ်းမံသံများ) — [၁ ချိန်]
(သင်ခန်းစာ - အသံအနိမ့်အမြင့်သဘော)
• အဖတ်အညွှန်း (စကားပြေ) — [၁ ချိန်]
(သင်ခန်းစာ - ညောင်ရမ်းကြီးသမီး)
• အဖတ်အညွှန်း (ကဗျာ) — [၂ ချိန်]
(သင်ခန်းစာ - ပေါ်နွေလလျှင်)
--------------------------------------

📌 သီတင်းပတ် (၃)
• ရေးသားပြဇတ် (အကြောင်းအရာ) — [၃ ချိန်]
(သင်ခန်းစာ - ဇာတ်လမ်း)
• အပြောသင်ခန်းစာ (မွမ်းမံသံများ) — [၁ ချိန်]
(သင်ခန်းစာ - အသံကလေးအပေါ့သဘောတရား)
• အဖတ်အညွှန်း (ကဗျာ) — [၂ ချိန်]
(သင်ခန်းစာ - ပေါ်နွေလလျှင်)
-------------------------------------

📌 သီတင်းပတ် (၄)
• ရေးသားပြဇတ် (အကြောင်းအရာ) — [၂ ချိန်]
(သင်ခန်းစာ - ဇာတ်လမ်း)
• အပြောသင်ခန်းစာ (မွမ်းမံသံများ) — [၁ ချိန်]
(သင်ခန်းစာ - အသံကလေးအပေါ့သဘောတရား)
• အဖတ်အညွှန်း (စကားပြေ) — [၂ ချိန်]
(သင်ခန်းစာ - သစ္စာနှင့်ပညာ)
• အရေးသင်ခန်းစာ — [၁ ချိန်]
(သင်ခန်းစာ - အကြောင်းအရာရွေးချယ်မှု)

ပညာရေးသတင်းလွှာ
Forwarded from Academic Mentor
ကျောင်းမှာသင်တာထပ်ကိုပိုပြီး လိုချင်တယ်၊ပိုပြီးသိချင်တယ်ဆို ချယ်ရှိတယ်နော်။

#Academic_Mentor@guideforG_12
Textbook ပြင်ဆင်ချက်တွေပါ။


Graphic by J

#adminjet_team
#Voluteener_admin_primo
#StudywithK2