Study with K2
1.58K subscribers
1.08K photos
31 videos
192 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
၂၀၂၆ တက္ကသိုလ်ဝင်တန်းစာမေးပွဲ
ရူပဗေဒဖြေဆိုသည့်နေ့တွင် စာဖြေခန်းထဲသို့ အဖြေစာရွက်အပိုင်းအစများယူဆောင်၍ မသမာမှုကျူးလွန်းရန်ကြိုးစားခဲ့သည့်ကျောင်းသားအား စာမေးပွဲ ၂ နှစ်ဖြေဆိုခွင့်ရပ်ဆိုင်း
❤8😱1
https://vm.tiktok.com/ZS9L2EoRE1jkH-WoDAO/

လေ့လာကြည့်ကြပါ။ဆရာအောင်ကျော်ပြောထားတယ်လို့အစ်မထင်တယ်။

#AdminMaple
#StudywithK2
❤3
#Knowledge_Corner

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်မည့်ရက်ကို တရားဝင်ကြေညာထားခြင်း မရှိသေးပါ။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာစစ်ဌာနတိုင်းတွင် ကြေညာရသည့် လုပ်ငန်းဖြစ်သောကြောင့် အောင်စာရင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ပြီးစီး၍ မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနအသီးသီးတွင် အောင်စာရင်းကပ်ရန် အသင့်ဖြစ်ပြီး သေချာသည့်အချိန်ရောက်မှသာ အောင်စာရင်းထုတ်ပြန်မည့်အစီအစဉ်ကို နိုင်ငံပိုင် ရုပ်မြင်သံကြား၊ သတင်းစာနှင့် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website များနှင့် ဤ Facebook Page တို့မှတဆင့် ရက်အနည်းငယ် ကြိုတင်၍ တရားဝင်ကြေညာပေးပါသည်။ ထိုသို့ တရားဝင်ကြေညာချက်မှအပ Social Media Online ပေါ်မှ အောင်စာရင်းနှင့် ပတ်သက်သော မည်သည့်ခန့်မှန်းချက်၊ ပြောဆိုချက်ကိုမှ အတည်မပြုနိုင်ပါ။ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တရားဝင်ကြေညာချက်ထွက်မှသာ အောင်စာရင်းထုတ်ပြန်မည့်အစီအစဉ်သည် အတည်ဖြစ်ပါကြောင်း သိရှိနိုင်ရန် ဝေမျှအပ်ပါသည်။
#Volunteeradminprimo
Credit to မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
❤7
Forwarded from Academic Mentor
G-12 ကလေးတွေရှိမယ် ထင်လို့ ချယ်တင်ပေးလိုက်ပါတယ်။

Physics
Chapter 1

မူရင်းတင်သူကို ချယ် လေးစားစွာဖြင့် credit ပေးပါတယ်ရှင်။

#Academic_Mentor@guideforG_12
❤‍🔥10
Forwarded from Academic Mentor
G-12 ကလေးတွေရှိမယ် ထင်လို့ ချယ်တင်ပေးလိုက်ပါတယ်။

Physics
Chapter 1 + 2

မူရင်းတင်သူကို ချယ် လေးစားစွာဖြင့် credit ပေးပါတယ်ရှင်။

#Academic_Mentor@guideforG_12
🍓7❤4
ထပ်မံ အသိပေးအပ်ပါတယ်...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမည့် မိဘပြည်သူများအနေဖြင့် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းအပ်နှံမည်ဆိုပါက ​ပညာရေးဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုချက်ရရှိထားသော ကိုယ်ပိုင်ကျောင်းများတွင်သာ ကျောင်းအပ်နှံကြပါရန် အသိပေးတိုက်တွန်းအပ်ပါသည်။

ပညာရေးဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်မရှိသော ကျောင်းများနှင့် ဖွင့်လှစ်ရန်လျှောက်ထားဆဲ ကျောင်းများ တွင် ကျောင်းအပ်နှံမိပါက နောင်တစ်ချိန်တွင် စာမေးပွဲဖြေဆိုခွင့်ရရှိခြင်း၊ အတန်းကူးပြောင်းခွင့်ရရှိခြင်း၊စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲများ ဖြစ်ပေါ်လာနိုင်ပါသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ​မိမိတို့၏ သားသမီးများ ပညာသင်ကြားရေး အဆင်ပြေချောမွေ့စေရန်အတွက် တရားဝင်ခွင့်ပြုထားသောကျောင်းများဖြစ်ကြောင်း သေခြာအောင် စိစစ်ပြီးမှသာ ကျောင်းအပ်နှံကြပါရန် အလေးအနက် အသိပေးအပ်ပါသည်။

ပညာရေးသတင်းလွှာ
မနက်ဖြန်ဆိုရင် 2026/27 ပညာသင်နှစ်ကို စတင်တက်ရောက်ကြရတော့မှာဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားအားလုံးအတွက် မဂ်လာရှိသော ပညာသင်နှစ်ဖြစ်ပါစေရှင်။ ပညာသင်နှစ်တစ်နှစ်တာလုံး စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ သင်ယူလေ့လာနိုင်ပြီး အစစအရာရာအဆင်ပြေချောမွေ့ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။ G12 ကလေးလေးတွေကတော့ နွေရာသီထက် စာကျက်ချိန်တွေပိုနည်းလာမှာဖြစ်ပါတယ်။ ကျူရှင်ကကျက်စရာရှိတာတွေကိုကျူရှင်မှာအပြီးလုပ်နိုင်လေကောင်းလေပါပဲ။ ကျောင်းကလည်းကျက်စရာတွေ၊အိမ်စာတွေ၊စာမေးပွဲတွေလာဦးမှာပါ။ အချိန်ကိုအကျိုးရှိရှိစီမံခန့်ခွဲပါ။ 5မိနစ်အားရင် စာကို5မိနစ်ရအောင်ကျက်ပါ။ အတန်းထဲဆရာ မဝင်သေးချိန် ဖတ်ဖို့မှတ်ဖို့စာအုပ်တွေထည့်သွားပါ။ ဘာသာစုံမေးခွန်းဟောင်းတွေကို အမေးနဲ့အဖြေတွဲပြီး ခဏခဏဖတ်ကြည့်ပါ။ ကိုယ့်အလှည့်ဒါမျိုး‌မေးလာရင် ဘယ်လိုဖြေမလဲအမြဲစဉ်းစားပါ။ တွေးပါ။ မှတ်ပါ။ ဖတ်ပါ။ ကျက်ပါ။ အတန်းထဲဆူညံလို့မကျက်တတ်ရင် အိမ်စာတွေကိုပြီးအောင်ရေးခဲ့တွက်ခဲ့ပါ။ အိမ်ရောက်ရင်ကျက်စရာတွေကျက်ပါ။ တွက်ပါ။မှတ်ပါ။ အိပ်ရာစောစောဝင်နိုင်ပြီးအိပ်ရေးဝဖို့လည်း ကြိုးစားရမှာဖြစ်ပါတယ်။ အဲ့လိုပြောလို့အိပ်ပဲအိပ်မနေပါနဲ့ကလေးတို့။ ကျန်းမာရေးကောင်းဖို့ အစားအသောက်အနေအထိုင်လည်းဂရုစိုက်ပြီး စာတွေအများကြီး ထင်သလောက်လုပ်နိုင်ပါစေ။ မှန်းထားတဲ့အမှတ်များလည်းရကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။
❤‍🔥16❤10🍓3💘1
Forwarded from Academic Mentor
ကျောင်းတွေဖွင့်တော့မယ်နော်ကလေးတို့။

သိပ်မကြာခင် စာတွေမနိုင်ဘူးဆိုတာကို ချယ်တို့ မကြားချင်မှအဆုံးကြားရတော့မယ်။

တစ်နေ့စာတစ်နေ့ မှန်မှန်လုပ်ကြမယ်နော် ရှင်တို့🫵🏻

#Academic_Mentor@guideforG_12
❤9🍓1
Forwarded from Academic Mentor
Mathematics အတွက် မသိမဖြစ်သိရမယ့် formula များ

တစ်ချို့ formula တွေက ချယ်တို့ ဆီမှာ မသုံးတာလေးတွေလည်းပါတယ်နော်။

#Academic_Mentor@guideforG_12
❤1