Study with K2
1.58K subscribers
1.08K photos
31 videos
193 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
Negative catalyst is a catalyst that slows down the rate of a chemical reaction.
Anonymous Quiz
89%
True
11%
False
အထက်ပါ True/False objective questions များသည် ဂျိုးဖြူရဲ့ပဲ့ကိုင်ရှင်၊ ဓာတုဗေဒဆရာ ဦးဌေးဝင်း(Mr. Win) ၏ မေးခွန်းများသာလျှင်ဖြစ်ပါသည်။ ဆရာ့ကို ဒီနေရာကနေ လေးစားဂါဝရပြုပါတယ်ရှင့်🙏

G-12 မောင်လေး၊ ညီမလေးတို့လည်း ဖြေနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်ရှင့်။ အားလုံးပဲ fighting ပါ🤜🤛

#studywithK2
#Kelly
14
မောင်လေးတို့၊ညီမလေးတို့ရဲ့ နှစ်ဝက်စာမေးပွဲဟာလည်း တစ်ဖြည်းဖြည်းနီးကပ်လို့လာပါပြီနော်။

ဖြေဆိုခွင့်ဖောင်တွေလည်း တင်ရပြီဆိုတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးက နီးကပ်လာပြီလို့ပြောလို့ရပါတယ်နော်။
ဒီတော့မောင်လေးတို့၊ညီမလေးတို့ စာတွေအတော်ပိုင်နေကြပြီလို့မမထင်ပါတယ်။

ဒီအတောအတွင်း မမတို့လုပ်ပေးတဲ့ MCQ, True/False တွေလည်းအားတတ်သရောလိုက်ဖြေဆိုပေးတဲ့အတွက် မမတို့ကကျေးဇူးတင်ပါတယ်ရှင့်။

ဂုဏ်ထူးသမားတွေအတွက်အရေးကြီးဆုံးသောအရာက objပေါ့နော်။ဂုဏ်ထူးယူမဲ့ မောင်ငယ်၊ညီမငယ်တွေအတွက် ဘယ်လိုအမှတ်ယူရမလဲဆိုတာ မမက အရင်ကပြောပြဖူးပါတယ်နော်။

ဆိုတော့က…ဒီနေ့မမက မြန်မာစာobjဖြစ်တဲ့ မှား၊မှန်။ကွက်လပ်ဖြည့်။မှန်ရာရွေးတို့ကိုအမှတ်ပြည့်ဘယ်လိုယူရမလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

Objတွေကို အမှတ်များများယူချင်တဲ့ မောင်လေးတွေ၊ညီမလေးတွေက အဓိကက ဖတ်စာအုပ်ကိုနိုင်နိုင်ဖတ်ရပါမယ်‌နော်။

အပြော၊အဖတ်အရွတ်၊အရေး စတဲ့အပိုင်း၃ပိုင်းလုံးကို ကျေကျေညက်ညက်ဖတ်ထားရပါမယ်။

အပြောမှာဆိုရင်လည်း ဖတ်စာအုပ်တစ်အုပ်လုံးထဲက ဘယ်စာပုဒ်ထဲကမဆို (၅)မှတ်တန်တစ်ပုဒ်လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အပိုဒ်တိုင်းလိုလိုက မေးခွန်းထွက်နိုင်တာကြောင့် သေချာကျက်ထားဖို့လိုပါတယ်။

အပြောကို ဖတ်စာအုပ်ကိုင်ပြီး သေချာကျက်မဲ့မောင်ငယ်၊ညီမငယ်တွေအတွက်က obj အတွက် အထူးတလည်ဖတ်စရာလိုမယ်လို့ မမကမထင်ပါဘူးနော်။

အဖတ်အရွတ်အပိုင်းမှာလည်း စာရေးသူအတ္ထုပ္ပတ္တိတွေကို သေချာမှတ်သားထားဖို့လိုပါတယ်။စကားပြေအပိုင်းမှာ စကားပြေပုဒ်ရင်းတွေထဲကပါ objထွက်နိုင်တာမို့လို့ စကားပြေတွေကို အားရင်အားသလိုဖတ်ထားရပါမယ်။

အဲ့လိုဖတ်ထားမယ်ဆိုရင် အပုဒ်ရှည်တွေမှာလည်း မောင်ငယ်၊ညီမငယ်တို့ လွယ်ကူစွာဖြေဆိုနိုင်မှာပါနော်။

အရေးသင်ခန်းစာထဲက (၅)မှတ်တန်ကိုတော့ အခုအချိန်ထိမေးတာမတွေ့သေးပါဘူးနော်။ဒါပေမဲ့ အရေးသင်ခန်းစာကိုတော့ objအတွက် ဖတ်ထားရပါမယ်နော်။

ဖတ်စာအုပ်ကိုနိုင်နိုင်ဖတ်ထားမဲ့သူတွေဆိုရင် objအမှတ်(၃၀)ဖိုးလုံးအပြည့်ဖြေနိုင်ကြမှာပါနော်။

ဒီတော့ အားရင်အားသလို မြန်မာစာဖတ်စာအုပ်လေးကိုင်ဖတ်ကြဖို့ မမက တိုက်တွန်းပါရစေရှင်။

2025-2026ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုရမဲ့မောင်ငယ်၊ညီမငယ်လေးတွေ မြန်မာဂုဏ်ထူးရှင်များဖြစ်ကြပြီး ပီတိအပြုံးတွေဝေပါစေလို့ မမကဆုတောင်းပေးလိုက်ရပါတယ်ရှင်။


#studywithK2
#Maple
❤‍🔥11💯76🫡2
နှစ်ဝက်စာမေးပွဲအတွက် ကလေးတို့ ဘယ်ဘာသာရပ်တွေ အဆင်သင့်ဖြစ်နေကြပြီလဲ။??
Final Results
30%
မြန်မာစာ
28%
အင်္ဂလိပ်စာ
26%
သင်္ချာ
21%
ဓာတုဗေဒ
19%
ရူပဗေဒ
30%
ဇီဝဗေဒ
8%
‌ဘောဗေဒ
4
နှစ်ဝက်စာမေးပွဲအတွက် ဘယ်ဘာသာကကိုယ့်အတွက် အခက်အခဲဆုံးဖြစ်နေပြီလဲ။‼️‼️
Final Results
21%
မြန်မာစာ
32%
အင်္ဂလိပ်စာ
44%
သင်္ချာ
20%
ဓာတုဗေဒ
28%
ရူပဗေဒ
24%
ဇီဝဗေဒ
6%
ဘောဂဗေဒ
😭6
ကလေးတို့ရေ…
မမတို့ရဲ့ Study with K2 ကနေ ဘယ်ဘာသာရပ်လေးအတွက် Online class လေး လုပ်ပေးစေချင်လဲ ။??
Final Results
17%
မြန်မာစာ
36%
အင်္ဂလိပ်စာ
45%
သင်္ချာ
30%
ဓာတုဗေဒ
26%
ရူပဗေဒ
13%
ဇီဝဗေဒ
6%
ဘောဂဗေဒ
🍓5👏21
ကလေးတို့ရေ ဒီနေ့မမ maths video class လုပ်ပေးဖို့က မမရဲ့ဖုန်းက storage ပြည့်နေတဲ့အတွက် သင်္ချာတစ်ပုဒ်တောင်ပြီးတဲ့အထိ videoရိုက်ကူးလို့မရနေပါဘူးရှင်။

အဆင်ပြေမယ်ဆို ကလေးတို့ zoomဝင်ကြမလား။??

#studywithK2
#Maple
15🍓1
မမတို့ဘက်က စာရှင်းမဲ့နေ့ကလေးကို ကြိုတင်ပြီးအကြောင်းကြားပေးပါ့မယ်ရှင်။

ဒီနေ့လို muteထားမိရင်လည်း မမကိုသတိပေးကြပါ။

#studywithK2
#Maple
❤‍🔥1341
ကလေးတို့ရေ

မနက်ဖြန် ည၈နာရီမှာ G-12 သင်္ချာ အခန်း(3)ကို Zoom meeting မှာ စာရှင်းပြပါမယ်နော်။

#studywithK2
#Maple
❤‍🔥15🍓41
ဘယ်အခန်း အရေးကြီးသလဲ။
ဘယ်လောက်ထိ ကျက်ရမလဲ။
မနှစ်က မေးခွန်းကို လေ့လာပေးထားပါတယ်။
Section B မေးခွန်းက 90 ဖိုး မေးတယ်။ ဖြေရမှာက 60 ဖိုး။

မနှစ်က တွက်စာ 40/90 မှတ် မေးတယ်။ ဖြေရမှာ 27/60 ပေါ့။
မနှစ်က ပုံဆွဲတာ 17/90 မှတ် မေးတယ်။ ဖြေရမှာ 11/60 ပေါ့။
မနှစ်က သဘောတရား 33/90 မှတ် မေးတယ်။ ဖြေရမှာ 22/60 ပေါ့။

သဘောတရားဆိုတာ စာဖတ်နိုင် စာကျက်နိုင်မှ ဖြေနိုင်တာပါ။
Section A ၄၀ မှတ်ဖိုးကလည်း သဘောတရား၊ ဖတ်နိုင်မှပါ။

ပုစ္ဆာတွက်လောက် လုပ်နေတဲ့သူတွေ သတိရှိပါ။

ကျောင်းသားကလည်း စာများများ ဖတ်ရပါမယ်။
ဆရာကလည်း စာများများ ဖတ်ခိုင်းရပါမယ်။ ဖတ်အောင် လုပ်ရပါမယ်။
ဂိုက်ကလည်း စာများများ ဖတ်အောင် တွန်းအားပေး၊ ဂရုစိုက်ရပါမယ်။
ခပ်ပေါ့ပေါ့လေး သွားနေရင်တော့ မလွယ်ပါဘူး။
ပုစ္ဆာတွက်လေးလောက်နဲ့ အချိန်တွေကုန်နေရင် အကျိုး မများပါဘူး။

ကိုယ် ဘာလုပ်သင့်တယ် ဆိုတာ မလေ့လာတဲ့သူ
လုပ့်သင့်တာကို မဖြစ် ဖြစ်အောင် မလုပ်တဲ့သူ
ဘယ်တော့မှ အောင်မြင်မှုကြီး မရနိုင်ပါဘူး။

#crdtoDr.Vince
#Maple
#studywithK2
14❤‍🔥6
Media is too big
VIEW IN TELEGRAM
G-12 Mathematics
Chapter -3 (part-1)

#studywithK2
#Maple
13🍓2
Media is too big
VIEW IN TELEGRAM
G-12 Mathematics
Chapter -3(part-2)

#studywithK2
#Maple
121🐳1
Media is too big
VIEW IN TELEGRAM
G-12 Mathematics
Chapter -3 (part-3)

#studywithK2
#Maple
102🍓1
အခြေခံတန်းကို ဘယ်လိုပဲ ကျော်ဖြတ်ခဲ့ပါစေ
တက္ကသိုလ်ဝင်တန်း ရောက်လာရင် တစ်ခုခုတော့ ဖြစ်ချင်ကြတယ်။
Top Tens ဖြစ်ချင်ကြတယ်။
ဘာသာစုံဂုဏ်ထူး အမှတ်များများနဲ့ အောင်ချင်ကြတယ်။

နေ့စဥ် စာလုပ်ဖို့တော့ သိပ်ပျင်းကြတယ်။
ကိုယ်တိုင် စာကို စနစ်တကျ မလုပ်ဘူး။
ဆရာက စနစ်တကျခိုင်းတော့ လိုက်မလုပ်ကြဘူး။
ခိုလို့ရသလောက် ခိုတယ်။
ပျင်းလို့ ရသလောက် ပျင်းတယ်။
အပျော်အပါး လိုက်လို့ရသလောက် လိုက်တယ်။

အမှတ်ကောင်းနဲ့ အောင်ချင်ရင်
နေ့တိုင်း စာဖတ်။
ဒီနေ့သင်တာ ဒီနေ့ ရအောင် ဖတ်။
စာဟောင်းတွေ အချိန်ဇယားနဲ့ ပြန်ဖတ်။
အချိန် ရသမျှ စာဖတ်။
အချိန် ရအောင် ယူပြီး စာဖတ်။
များများ မြဲမြဲ မှန်မှန် လုပ်တဲ့သူတွေသာ အမှတ်များမယ်။
#CrdtoDr.vince
#studywithK2
#Maple
33❤‍🔥71
Ch3က တစ်ခေါက်တင်ပေးထားပြီးသားမို့ အခုတစ်ခါမှာတော့ ch1,2,4ကို မမ မှာရှိသလောက်လေးတင်ပေးထားပါတယ်

ထုံးစံအတိုင်း ဒီစာတွေက ဂျိုးဖြူရဲ့ဓာတုဗေဒဆရာ Mr. Win ၏စာများဖြစ်ပါတယ်ရှင့်။

#studywithK2
#Kelly
❤‍🔥114🙏1