Study with K2
1.58K subscribers
1.08K photos
31 videos
192 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းဆင့် (Grade 2 မှ Grade 5) နှင့် အလယ်တန်းဆင့် (Grade 6 မှ Grade 9) ကျောင်းသားများအတွက် Placement Test (အထူးအစီအစဉ်)ဖြေဆိုရန် လျှောက်လွှာခေါ်ယူခြင်း
3
Forwarded from Academic Mentor
G-12 ကလေးတွေရှိမယ် ထင်လို့ ချယ်တင်ပေးလိုက်ပါတယ်။

Physics
Chapter 1 (formula)

မူရင်းတင်သူကို ချယ် လေးစားစွာဖြင့် credit ပေးပါတယ်ရှင်။

#Academic_Mentor@guideforG_12
12🎉1
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ပညာရေးဝန်ကြီးဌာန၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံကျောင်းများတွင် ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များ
နားမကြားသောကလေးများကျောင်းမှ ကျောင်းသား၊ ကျောင်းသူများခေါ်ယူခြင်း
2
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် Grade-9 အောင်မြင်ပြီးသူများအား ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူနေကြောင်း သိရသည်။

အဆိုပါကျောင်းများတွင် Building Technology၊ Electrical Technology၊ Electronics Technology၊ Automotive Technology၊ Information Technology နှင့် Machining Technology အပါအဝင် နည်းပညာသင်တန်းများကို အထက်တန်းပညာရေးနှင့် တွဲဖက်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ (၃) နှစ်ကြာမြင့်မည်ဖြစ်သည်။

သင်တန်းပြီးဆုံးအောင်မြင်သူများအနေဖြင့် အခြေခံပညာအထက်တန်းအောင်လက်မှတ် ရရှိမည့်အပြင် သက်ဆိုင်ရာ နည်းပညာကောလိပ်များနှင့် တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်နိုင်မည့် အခွင့်အလမ်းများလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူများသည် ၂၀၂၄-၂၀၂၅ သို့မဟုတ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် Grade-9 အောင်မြင်ထားသူများ ဖြစ်ရမည်ဖြစ်ပြီး Grade-10 အောင်မြင်သူ၊ ကျရှုံးသူ သို့မဟုတ် ရပ်နားထားသူများလည်း လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျောင်းဝင်ခွင့်လျှောက်လွှာများကို မေလ (၂၁) ရက်နေ့မှ စတင်ထုတ်ယူနိုင်ပြီး မေလ (၃၀) ရက်နေ့ နောက်ဆုံးထား၍ မိမိတက်ရောက်လိုသည့် ကျောင်းများသို့ တင်သွင်းရမည်ဖြစ်သည်။

လျှောက်လွှာတင်ရာတွင် ကျန်းမာရေးထောက်ခံစာ၊ Grade-9 အောင်မြင်ကြောင်း ထောက်ခံစာ၊ အိမ်ထောင်စုဇယား၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာနှင့် ပတ်စပို့ဓာတ်ပုံများ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းသားများကို စုစုပေါင်းရမှတ်အလိုက် ဦးစားပေးရွေးချယ်မည်ဖြစ်ပြီး တက်ရောက်ခွင့်ရရှိသူများအား ပညာသင်ထောက်ပံ့ကြေး၊ စာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ထို့ပြင် သင်တန်းတွင် အထူးအောင်မြင်သူများအနေဖြင့် နည်းပညာတက္ကသိုလ်များနှင့် အစိုးရနည်းပညာကောလိပ်များသို့ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
❤‍🔥2
ကလေးတို့ရေ

Volunteer လာလျှောက်ပါ့မယ်လို့ စာပို့ပြီးယုံနဲ့ volunteer အဖြစ်လက်မခံဘူးနော်။

ဘယ် position ကိုလျှောက်ချင်တာလဲ ဘာလဲဆိုတာကို စာပြန်ပေးရပါဦးမယ်နော်။

အခု Admin teams ကြုံနေရတာက volunteer လာလျှောက်မယ်ဆိုပြီး အကြောင်း မပြန်တာတွေပါ။

Volunteer လျှောက်ရန် အသေးစိတ်

https://t.me/studywithK2/1768

#AdminTeam #StudywithK2
6
Forwarded from Academic Mentor
G-12 ကလေးတွေရှိမယ် ထင်လို့ ချယ်တင်ပေးလိုက်ပါတယ်။

Physics
Chapter 1 + 2

မူရင်းတင်သူကို ချယ် လေးစားစွာဖြင့် credit ပေးပါတယ်ရှင်။

#Academic_Mentor@guideforG_12
4🤗1
Grade-9 အောင်မြင်ပြီးသူများအတွက် သမဝါယမဦးစီးဌာနအောက်ရှိ သမဝါယမ စာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပထမနှစ် ကျောင်းသား/ကျောင်းသူသစ်များ စတင်ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းများကို မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်နှင့် ပုသိမ်မြို့တို့တွင် ဇွန်လ ၁၆ ရက်၌ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး Grade-9 အောင်မြင်ထားသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ မြန်မာနိုင်ငံသားနှင့် အိမ်ထောင်မရှိသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။

သင်တန်းကာလ ၃ နှစ်ဖြစ်ပြီး အောင်မြင်သူများအား Certificate in Business Accounting လက်မှတ် ချီးမြှင့်မည်ဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက်လည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် သတ်မှတ်အရည်အချင်း ပြည့်မီသူများအနေဖြင့် သမဝါယမကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ဆက်လက်ပညာသင်ကြားနိုင်မည်ဖြစ်သည်။

လျှောက်ထားလိုသူများ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များမှာ—

▪️ မကွေး – ၀၉-၂၅၄၄၁၂၃၃၈၊ ၀၉-၆၉၁၉၀၅၃၂၁

▪️ မန္တလေး – ၀၉-၄၂၀၇၀၁၆၃၄၊ ၀၉-၇၉၃၅၉၅၃၆၄၊ ၀၉-၂၁၁၀၆၄၉၊ ၀၉-၆၆၅၆၉၁၉၁၈

▪️ တောင်ကြီး – ၀၈၁-၂၁၂၁၃၂၀၊ ၀၉-၄၂၈၆၆၇၀၅၃၊ ၀၉-၄၃၁၃၃၂၄၃

▪️ မော်လမြိုင် – ၀၉-၄၂၅၂၈၈၇၃၅၊ ၀၉-၄၂၃၇၃၆၄၄၉၊ ၀၉-၇၉၂၁၈၁၀၄၂၊ ၀၉-၄၂၅၂၆၇၀၀၈

▪️ ပုသိမ် – ၀၉-၆၉၇၄၄၅၃၀၂၊ ၀၉-၂၅၀၄၂၂၉၅၂၊ ၀၉-၆၉၇၀၅၃၄၅၅၊ ၀၉-၄၅၁၀၈၉၄၀၄

အဆိုပါ ဖုန်းနံပါတ်များသို့ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

ပညာရေး သတင်းလွှာ
2
၂၀၂၆ တက္ကသိုလ်ဝင်တန်းစာမေးပွဲ
ရူပဗေဒဖြေဆိုသည့်နေ့တွင် စာဖြေခန်းထဲသို့ အဖြေစာရွက်အပိုင်းအစများယူဆောင်၍ မသမာမှုကျူးလွန်းရန်ကြိုးစားခဲ့သည့်ကျောင်းသားအား စာမေးပွဲ ၂ နှစ်ဖြေဆိုခွင့်ရပ်ဆိုင်း
8😱1
https://vm.tiktok.com/ZS9L2EoRE1jkH-WoDAO/

လေ့လာကြည့်ကြပါ။ဆရာအောင်ကျော်ပြောထားတယ်လို့အစ်မထင်တယ်။

#AdminMaple
#StudywithK2
3
#Knowledge_Corner

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်မည့်ရက်ကို တရားဝင်ကြေညာထားခြင်း မရှိသေးပါ။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာစစ်ဌာနတိုင်းတွင် ကြေညာရသည့် လုပ်ငန်းဖြစ်သောကြောင့် အောင်စာရင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ပြီးစီး၍ မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနအသီးသီးတွင် အောင်စာရင်းကပ်ရန် အသင့်ဖြစ်ပြီး သေချာသည့်အချိန်ရောက်မှသာ အောင်စာရင်းထုတ်ပြန်မည့်အစီအစဉ်ကို နိုင်ငံပိုင် ရုပ်မြင်သံကြား၊ သတင်းစာနှင့် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website များနှင့် ဤ Facebook Page တို့မှတဆင့် ရက်အနည်းငယ် ကြိုတင်၍ တရားဝင်ကြေညာပေးပါသည်။ ထိုသို့ တရားဝင်ကြေညာချက်မှအပ Social Media Online ပေါ်မှ အောင်စာရင်းနှင့် ပတ်သက်သော မည်သည့်ခန့်မှန်းချက်၊ ပြောဆိုချက်ကိုမှ အတည်မပြုနိုင်ပါ။ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တရားဝင်ကြေညာချက်ထွက်မှသာ အောင်စာရင်းထုတ်ပြန်မည့်အစီအစဉ်သည် အတည်ဖြစ်ပါကြောင်း သိရှိနိုင်ရန် ဝေမျှအပ်ပါသည်။
#Volunteeradminprimo
Credit to မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
7
Forwarded from Academic Mentor
G-12 ကလေးတွေရှိမယ် ထင်လို့ ချယ်တင်ပေးလိုက်ပါတယ်။

Physics
Chapter 1

မူရင်းတင်သူကို ချယ် လေးစားစွာဖြင့် credit ပေးပါတယ်ရှင်။

#Academic_Mentor@guideforG_12
❤‍🔥10