Study with K2
1.58K subscribers
1.08K photos
31 videos
192 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
Grade 12က တကယ်ပဲ အောင်ဖို့ခက်တာလား?🤔


ဘာသာချင်းဆီအလိုက် အကိုတို့ ‌တွေးကြည့်ရအောင်..


- မြန်မာစာ

မြန်မာစာကတော့ မိခင်ဘာသာ ဖြစ်တဲ့အတွက် အောင်ဖို့ရာ သိပ်မခက်ခဲလှပါဘူး။ ကိုယ်သာ ရှေ့ပိုင်း အမှတ်၃၀ဖိုးနဲ့ ၅မှတ်တန်အတွက် စာတွေကိုပုံမှန်ကျက် ပုံမှန်ဖတ်မယ်ဆိုရင် အဲ့ဒီမှာတင် ၃၀မဟုတ်ရင် ၂၀လောက် ရနေပါပြီး။
အလင်္ကာ ခက်ဆစ်တွေ ရေသည်တွေနဲ့ အပုဒ်ကြီး ကဗျာတွေ နည်းနည်း ဆီလောက် ဖြန်းပြီး ဖြေသွားရင်တောင် အောင်မှတ်ကျော် ရပါပြီးး။

-အင်္ဂလိပ်စာ
သူကတော့ အခြေခံတွေ မပါရင် နည်းနည်းလေးခက်တဲ့အပိုင်းတွေရှိပါတယ်။
ဒါကြောင့် တစ်ခြားဘာသာတွေထပ် ပိုပြီး အချိန်ပေး ပိုပြီး အားစိုက်ရပါမယ်။
ဒါမယ့် ရသင့်တဲ့အမှတ်တွေကို ပိုင်အောင်လုပ်မယ် (poem/ Q and A/ RTP) . Letterကို formမှန်အောင်လေးရေးမယ်ဆိုရင် အောင်မှတ်လောက်က ရနိုင်ပါမယ်။

-ကဲ သင်လေချာလေဆိုတဲ့ သင်္ချာ🤔
တကယ်ပဲ ခက်တာလား။ အမှန်က သင်္ချာလည်း အောင်ဖို့ လွယ်တဲ့ထဲမှာ ပါပါတယ်။ Theory ကိုသာ ညှက်ညှက်ဝါးပါ။ ဒီနှစ်မေးခွန်းဆိုရင် theory ကိုသာ အခြေခံသွားတာပါ။ အရမ်းခက်ခဲ့ရင်တောင် ကိုယ်လုပ်ထားတဲ့အပိုင်းကို theory ပိုင်းတွေရေးချ တွက်ခဲ့မယ်ဆိုရင် သင်္ချာက အဆင့်ဆင့် အမှတ်ပေးတာ ဖြစ်တဲ့အတွက် အမှတ်တွေရမှာပါ။ အဲ့လိုကြိုးစားပြီး ရတဲ့အပုဒ်ရသလောက် တွက်ထားရင် ဆရာမတွေက သေချာလေးကြည့်ပေးပြီး အောင်ဖို့တွက် သေချာလေး အမှတ်ဖြတ်ပေးပါတယ်။ (အကို့ သင်္ချာဆရာ ပြောပြတာလေးပါ)

-ဓာတုဗေဒ/ ရူပဗေဒ

လွယ်ပြီး အမှတ်ရလွယ်တဲ့ အခန်းကို သေချာလေး နားလည်အောင်လုပ်ပါ။
Science ဘာသာတွေဖြစ်တဲ့အတွက် များများဖတ်ပါ။ နာနာဖတ်ပါ။ စာများများဖတ်ရင် အောင်မှတ်တွေ ယူတတ်လာကြမှာပါ။
တစ်ဘာသာချင်း အသေးစိတ် ရှင်းပြတဲ့ ဆောင်းပါးလေးတွေ အပေါ်မှာ ရှာဖတ်ကြည့်ပါနော်။

-Bio

အခန်းဖြတ်ကို သေချာလေးကျက်ထားပါ။ There is no other waysပါ။ နားလည်သလို မရေးကြပါနဲ့နော်။
တိုက်စစ်တယ်လို့ ကြားလို့ပါ။ တက္ကသိုလ်မှာ ဟောပြောတုန်းကလည်း မော်လမြိုင်မှာ ဆရာမကြီးပြောတာ own sentence မပေးဘူးပြောပါတယ်။


ကဲ အချုပ်အနေနဲ့ အေးအေးဆေးဆေး အောင်ဖို့တွက်ဆိုရင် အဓိက စာကို ပုံမှန်လုပ်ရပါတယ်

ဒီနေ့သင်တဲ့စာကို ဒီနေ့ အပြီး ပြန်ဖတ်ပါ။  ကျက်တာ မဟုတ်ပါဘူးနော် ဖတ်တာပါ။ ဘာသာများများသင်ခဲ့ရင် ကျက်မှီဖို့က ခက်ပါတယ်။
ဒီနေရာ ဆရာ ဒီလိုပြောတယ် ဒီအပုဒ်က ထူးခြားတယ် အစရှိသဖြင့် သင်သမျှအကုန်ပြန်ကြည့်ပါ။ ပြန်ဖတ်ပါ ပြီးမှ ကျက်ပါ

အဲ့လိုသာ ဖြည်းဖြည်းချင်း လုပ်သွားမယ်ဆိုရင် လွယ်လွယ်ကူကူ အောင်မြင်ကြမှာပါ
#StudywithK2
#Volunteeradmin(primo)
#Adminteam
❤24❤‍🔥4
အခြေခံပညာအတန်းများ၏ စာမေးပွဲအောင်စာရင်းများကို မေလ ၁၄ ရက်နေ့တွင် ထုတ်ပြန်မည်

​၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် အခြေခံပညာအတန်းအသီးသီး၏ နှစ်ဆုံးစစ်ဆေးခြင်း စာမေးပွဲအောင်စာရင်းများကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

​ထုတ်ပြန်မည့်ရက် - ၂၀၂၆ ခုနှစ်၊ မေလ (၁၄) ရက်
​နေ့ရက် - ကြာသပတေးနေ့
​ကြည့်ရှုနိုင်မည့်နေရာ - သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် ကပ်ထားပေးမည် ဖြစ်ပါသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်
၂၅.၅.၂၀၂၆မှ ၃၁.၅.၂၀၂၆ထိ

​ကျောင်းသား၊ ကျောင်းသူများအားလုံး စိတ်အေးချမ်းသာစွာဖြင့် ထူးထူးချွန်ချွန် အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

[ မှတ်ချက်- Grade 12 မပါဝင်ပါ။ ]

ပညာရေး သတင်းလွှာ
❤9
2025-2026 ပညာသင်နှစ်၏
အတန်းတင်အောင်စာရင်းများကို
(14.5.2026)ရက်နေ့တွင်ထုတ်ပြန်ရမည်။

2026-2027 ပညာသင်နှစ်အတွက်
ကျောင်းအပ်လက်ခံရမည့်ရက်မှာ
(22.5.2026)ရက်နေ့ဖြစ်ပြီး

ကျောင်းစတင်ဖွင့်လှစ်မည့်ရက်မှာ
(1.6.2026)ရက်နေ့ဖြစ်သည်။
❤11
Grade 12က နောက်ကျမှ အိပ်ပြီး အစောကြီးထရတာလား?🤔


လူကြီးမိဘတွေ တော်တော်များများကတော့ အဲ့သလို အကြံပေးကြပါတယ်။ ဒါပေမယ့် လူနည်းစုလောက်ပဲ ဒီ routine ကို လိုက်လုပ်ပြီး ရလဒ်ကောင်းတွေ ရကြတာပါ။ တော်တော်များများကတော့ စာသင်ချိန်မှာတောင် အိပ်ငိုက်ကုန်ကြပါတယ်။🤔 ဘာဖြစ်လို့လဲ..

အဖြေကတော့ရှင်းပါတယ် Deep sleep မရလို့ပါ။ ကျောင်းသားတော်တော်များများက စာရဖို့ဆို Active recall တို့လို နည်းစနစ်တွေသုံးကြပါတယ်။ ဒါပေမယ့် Deep sleepကို မေ့နေတတ်ကြပါတယ်။

-Deep sleep က အရမ်းအရေးကြီးပါတယ်။ ကိုယ်တွေက G12ကို တစ်ရက်လုပ် နှစ်ရက်၊ တစ်ပတ်၊ နှစ်ပတ် လုပ်မှာမဟုတ်ပါဘူး။ တစ်နှစ်လုံးကြိုးစားရမှာပါ။ အဲ့သလို ကြိုးစားမှုအတွက် ရေရှည် လုပ်နိုင်မယ့် routine က အရေးကြီးပါတယ်။

-Deep sleep ရဖို့ ဘယ်လိုအိပ်ကြမလဲ🤔 ပုံမှန်လူတစ်ယောက်က အိပ်ချိန် 7နာရီကနေ 9နာရီကြားအိပ်ဖို့လိုပါတယ်။ Scientific research တွေအရ ညဘက်၁၀နာရီနဲ့ ၁၂နာရီကြား အိပ်စက်ခြင်းဟာ Deep sleepရဖို့ အကောင်းဆုံးပါ။ ဒါဆို လိုအပ်ချက်နဲ့ အကောင်းဆုံးအခြေအနေဆိုတာကို သိပြီးလောက်ပါပြီး။

ကျောင်းသားတစ်ယောက်အနေနဲ့ ည11နာရီလောက် အိပ်ပြီး မနက်စောစော စာထလုပ်တာက ခန္ဓာကိုယ်အတွက် အကောင်းဆုံးပါ
Sleeping quantities နည်းရင်တောင်မှ quality ကတော့ ကောင်းပါတယ်။

မှတ်ချက်- ကိုယ့်အနေနဲ့ ညဘက် ကျက်တာ အားသန်ရင်တော့ ညဘက်သာကျက်ပါ။

အဓိကက ကျောင်းသားတွေအနေနဲ့ ကိုယ်နဲ့ အဆင်ပြေမယ့်၊ ကိုယ် တစ်နှစ်လုံးစွဲစွဲမြဲမြဲ လုပ်နိုင်မယ့် routineကသာ အကောင်းဆုံးပါလို့ အကြံပေးလိုက်ပါတယ်။ ကျန်းမာရေးက အရေးကြီးဆုံးပါပဲ။ ကျန်းမာနေမှသာ လိုချင်တဲ့ အိမ်မက်တွေဆီ အရောက်လှမ်းနိုင်ကြမှာပါ။
#Volunteeradminprimo
#Adminteam
#StudywithK2
❤22❤‍🔥5
အစ်မရဲ့ channel ထဲ စက်မှု၊လက်မှု၊စိုက်ပျိုးရေး၊မွေးမြူရေး ကျောင်းက G-12ဖြေထားတယ်၊ဒါမှမဟုတ် တက်နေတယ် ဆိုတဲ့ကလေးတွေများ ရှိကြလား။ရှိရင် comment လေးမန့်ခဲ့ပေးကြပါလား။အစ်မ မေးစရာလေးရှိလို့ပါ။

#AdminMaple #StudywithK2
ပညာရေးဝန်ကြီးဌာန
၂၀၂၆-၂၀၂၇ ပညာသင်နှစ်

" နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ "

ကျောင်းအပ်နှံရေး သတင်းပတ်
၂၀၂၆ ခုနှစ် မေလ (၂၅) ရက်နေ့မှ မေလ (၃၁) ရက်နေ့ထိ

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် နိုင်ငံတော်မှအခမဲ့ပညာရေးစနစ်တွင်ဖြန့်ဝေပေးမည့်စာရင်းများ

မူလတန်းအဆင့်တစ်ဦးလျှင်ရရှိသောပစ္စည်းများ
ဗလာစာအုပ် ၁ဒါဇင်
ပုံနှိပ်တစ်စုံ
ခဲတံ (၄) ချောင်း
ဝတ်စုံ KG to G5 တစ်ဦလျှင် ၁စုံ

အလယ်တန်းဆင့်တစ်ဦးလျှင်ရရှိသောပစ္စည်းများ
ဗလာစာအုပ် ၁ဒါဇင်
ပုံနှိပ်တစ်စုံ
ခဲတံ (၂) ချောင်း
ဘောလ်ပင် (၂) ချောင်း

အထက်တန်းဆင့်တစ်ဦးလျှင် ရရှိသောပစ္စည်းများ
ဗလာစာအုပ် ၁ဒါဇင်
ပုံနှိပ်တစ်စုံ
ခဲတံ (၂) ချောင်း
ဘောလ်ပင် (၂) ချောင်း

ပညာရေး သတင်းလွှာ
❤12🗿6
❤8
Study with K2 Channel မှာရှိကြတဲ့ကလေးတွေအားလုံး မင်္ဂလာပါ။

ဒီနေ့မှာ Admin teams ဘက်ကနေအစီအစဉ်လေးတစ်ခုကြေညာဖို့ရှိပါတယ်။

အဲ့ဒါကတော့ ကိုယ့်ရဲ့အားလပ်ချိန်တွေကို အကျိုးရှိရှိအသုံးချချင်တဲ့ သူလေးတွေအတွက် ရည်ရွယ်ထားပါတယ်။🙋🏻

✨အခုလို တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကလည်း ပြီးထားတယ်။
✨အိမ်မှာ အလုပ်ကလည်း လုပ်စရာမရှိထွေထွေထူးထူးမရှိဘူး။
✨အိမ်က အပြင်အလုပ်လည်း ပေးမလုပ်ပြန်ဘူး။
✨ဖုန်းသုံးနေရင်း အချိန်တွေကုန်လို့ကုန်မှန်း မသိဖြစ်နေတယ်။
✨အလုပ်လေးတစ်ခုကလည်း လိုချင်တယ် ဒါပေမဲ့ ဘာလုပ်ရမလဲမသိဘူးဆိုတဲ့ ကလေးတွေအတွက် channel ဘက်နေ ကုသိုလ်လည်းရ ဝမ်းလည်းဝမဲ့ အစီအစဉ်လေးနဲ့ ‌မိတ်ဆက်ပေးချင်ပါတယ်။👈🏻

အဲ့ဒါကတော့ ကိုယ့်ဖုန်းသုံးချိန်လေးတွေထဲကနေပဲ ပြုလုပ်ပေးရမယ့် volunteer ခေါ်ယူနေခြင်းပဲဖြစ်ပါတယ်။🎉

ဘယ်လို position လေးတွေလဲဆိုတော့…🤔

Marketing



Marketing ဆိုတော့ ဘာလုပ်ရမလဲလို့တွေးနေမယ်ဆိုရင် ဘာမှကိုထွေထွေထူးထူး လုပ်စရာမလိုတဲ့ position လေးတစ်ခုပေါ့နော်။ Channel ဘက်ကတင်ပေးသမျှကို ပြန်ပြီး sharing လုပ်ပေးနေယုံပါပဲရှင်။

Post admin


ကိုယ့်ရဲ့‌အတွေ့အကြုံတွေကိုလာမယ့် ဂျုနီယာ ကလေးတွေကို sharing လုပ်ပေးချင်တဲ့ စီနီယာပေါက်စလေးတွေအတွက် အထူးရည်ရွယ်ထားတဲ့ ဒီ position လေးက ကိုယ်ရဲ့အတွေ့အကြုံတွေကို ရေးသားပေးယုံပါပဲ။ဪ နောက်တစ်ခုက ကိုယ်ကအတွေ့အကြုံတွေကို sharing လုပ်ရတာမကြိုက်ဘူးဆိုရင်လည်း ကိုယ့်ရဲ့ noteလေးတွေကိုလည်း sharing လုပ်လို့ရပါသေးတယ်နော်။😉

Graphic designer


ကိုယ်က ပုံတွေဆွဲရတာဝါသနာပါတယ်။ Digital art ပိုင်းလည်းစိတ်ဝင်စားတယ်။ လက်တည့်လည်းစမ်းချင်ပါတယ်ဆိုတဲ့ artist ပေါက်စတို့အတွက် ဒီ position က ကွက်တိပဲနော်။
Channel ရဲ့လိုအပ်တဲ့ Graphic ပိုင်းကို ဆွဲပေးရမှာဆိုတော့ သက်သောင့်သက်သာကလည်းသိပ်ရှိပဲ။😍

ဒီတော့ အခုလိုအားလပ်နေတဲ့ ကာလမှာ အကျိုးရှိရှိအသုံးချချင်တဲ့ ကလေးတွေရှိရင် လက်မနှေးဘဲ channel ရဲ့ direct message ဖြစ်တဲ့ ✉️ @studywithK2 မှာ အခုပဲ လာရောက်လျှောက်ထားလိုက်ပါ။

#Admin_Team #StudywithK2 #AdminTeam @studywithK2
❤17
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်
❤1
တစ်နေ့စာတစ်နေ့ အပြီးလုပ်တာ ထိရောက်တဲ့ စာလုပ်နည်းတစ်ခုလား...🤔🤔

ဆရာမတွေနဲ့ လူကြီးမိဘတွေဆီက အမြဲကြားနေရတဲ့စကားတစ်ခွန်းကတော့
" စာအကြွေးမထားနဲ့" "စာပိမယ်" "တစ်နေ့စာတစ်နေ့ ပြီးအောင်လုပ်"
အစရှိတဲ့ စကားတွေကို ကလေးတို့ ကြားနေရမှာပါ။ တကယ်ပဲ ထိရောက်တာလား..🤔

- တစ်နေ့စာ တစ်နေ့လုပ်ခြင်းက တကယ်ကို ထိရောက်ပါတယ်။ ဒါပေမယ့် စာများတဲ့ နေ့ဆို ဘယ်လိုလုပ်ကြမလဲ။ တစ်ခါတစ်လေ အချိန်ပိုတွေနဲ့ စာတွေများတဲ့နေ့ဆို အပြီးလုပ်ဖို့ခက်ပြီး stress တွေပိတတ်ပါတယ်။ အဲ့လိုနေ့တွေအတွက် solution တစ်ခုရှိကြပြီးလား👀

- အဲဒီအတွက် အကိုသုံးခဲ့တဲ့ technique တစ်ခု ရှိပါတယ်။ အဲ့တာကတော့....
ဒီနေ့ သင်ပြီးတဲ့ စာတွေကို ဒီနေ့အပြီးကြည့်ပါ။ စာများတဲ့နေ့ဆို အပြီးလုပ်ဖို့ခက်တဲ့အတွက် ကလေးတွေက တစ်ဘာသာ နှစ်ဘာသာလုပ်ပြီး ဒီတိုင်း ထားလိုက်ကြပါတယ်။ အဲ့ဒီအစားသင်သမျှတွေကို တစ်ခေါက်ပြန်ကြည့်လိုက်ပါ။
ကျောင်းသားတော်တော်များများဟာ သင်တဲ့အချိန်ဆို ၈၀ရာခိုင်နှုန်းလောက် နားလည်ကြပါတယ်။ စာများတဲ့ နေ့ဆို တစ်နေ့စာတစ်နေ့အပြီး ကြည့်လိုက်ချင်းဟာ သင်ထားတာတွေကို မှတ်မိစေပါတယ်။

*ဆရာသင်တုန်းက ဒီအပုဒ်ကတော့ ဒီလို ဒီအပုဒ်ကတော့ ထူးခြားချက် ဒီနေရာကတော့ ဆရာ ဒီလိုသင်တယ်*

အစရှိသဖြင့် ဘာသာအားလုံးကို ပြန်ကြည့်လိုက်ခြင်းဟာ တကယ်ကို ထိရောက်ပါတယ်။ အချိန်ပိုမှသာ ကျက်မှတ်တာကို ဆက်လုပ်စေချင်ပါတယ်။

အချုပ်ပြောရရင် တစ်နေ့စာတစ်နေ့လုပ်ခြင်းဟာ အကောင်းဆုံးပါပဲ။
ဒါပေမယ့် တစ်ချို့သော မထင်မှတ်တဲ့အခြေအနေတွေအတွက် backup plan ရှိထားသင့်ပါတယ်။ အဲ့တာလေးကတော့ အကိုလုပ်ဖြစ်ခဲ့တဲ့ study planလေးပါ။

အဆုံးထိ ဖတ်ပေးတဲ့ တစ်ယောက်ချင်းဆီကို ကျေးဇူးတင်ပါတယ်🤗
#Adminteam
#Voluteeneradminprimo
#StudywithK2
❤12⚡1🍓1
Study with K2
Photo
A reminder again: only 11 days left😧. Apply now!

#studywithK2
#adminteam
❤‍🔥6❤2
စာမေးပွဲ အောင်စာရင်းအတွက်
ရင်ခုန် နေကြပြီလား?
ယခင်နှစ်ထက် အောင်ချက်ကောင်းပါတယ် ။


ပညာရေးသတင်းလွှာ
❤37
၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းဆင့် (Grade 2 မှ Grade 5) နှင့် အလယ်တန်းဆင့် (Grade 6 မှ Grade 9) ကျောင်းသားများအတွက် Placement Test (အထူးအစီအစဉ်)ဖြေဆိုရန် လျှောက်လွှာခေါ်ယူခြင်း
❤3