Study with K2
1.58K subscribers
1.08K photos
31 videos
192 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
❤8
𝗦𝘁𝘂𝗱𝘆 𝗪𝗶𝘁𝗵 𝗞2 𝗖𝗵𝗮𝗻𝗻𝗲𝗹 ထဲမှာရှိကြတဲ့ ကလေးတွေအားလုံး မြန်မာ့ နှစ်သစ်ကူး အချိန်အခါသာမယမှာ ပျော်ရွှင်ကြည်နူး၊စိတ်ရွှင်လန်းကြပါစေနော်။

အစ်ကိုကတော့ 𝗦𝘁𝘂𝗱𝘆 𝗪𝗶𝘁𝗵 𝗞2မှာရော 𝐀𝐝𝐦𝐢𝐧 𝗧𝗲𝗮𝗺 ထဲမှာပါ အားလုံးရဲ့ အချစ်တော်လေးဖြစ်တဲ့ Admin jet 🍇 ပဲဖြစ်ပါတယ်။

မနေ့က ဆရာဟိန်းတစ်ယောက်ကလေးတို့ကို Summer ပညာဒါနအတန်းလေးအကြောင်းကိုပြောပြပြီးသွားပြီလို့ထင်ပါတယ်။

အဲ့တော့မင်Jet ကလည်း Sir Hein ကိုအားကျမခံဖြစ်အောင်ဆိုပြီး Summer ပညာဒါနအတန်းလေးကို ဘယ်သူတွေ သင်ကြားပေးသွားမှာလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ❓

Sir Hein ပြောပြတာကို မသိသေးတဲ့ကလေးတွေက အောက်က linkလေးမှာ ဖတ်ကြည့်လိုက်ကြနော်။

မြန်မာစာ ကိုတော့ အားလုံးကကြောက်ကြရတဲ့ 𝐀𝐝𝐦𝐢𝐧 𝗠𝗮𝗽𝗹𝗲 ကိုယ်တိုင် ရှင်းပြပေးမှာဖြစ်ပါတယ်။

English ကတော့ သဘော၊မနောကောင်းလှတဲ့ 𝐀𝐝𝐦𝐢𝐧 𝙆𝙚𝙡𝙡𝙮 ကသေသေချာချာသင်ကြားပေးသွားမှာဖြစ်ပါတယ်။

Chemistry နဲ့ Biology ကိုတော့ Sir Hein ကိုယ်တိုင် သေသေချာချာ ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

Physics and Economics ကိုတော့ မင်ဂျက်ကိုယ်တိုင်ရှင်းပြမှာမို့လို့ Ecoသမားလေးတွေလည်း အားမငယ်နဲ့တော့နော်။မင်ဂျက်ကိုသာရဲရဲကြီးအားကိုးလိုက်တော့ 🤭

ကယ်ဒီလောက်ဆို Summer ပညာဒါနအတန်းလေးကို တက်ဖို့ ရင်ခုန်စိတ်လှုပ်ရှားနေမယ်လို့ထင်ပါတယ်နော်။

ကျန်ရှိနေသေးတဲ့ အကြောင်းအရာတွေကိုတော့ ကျန်ရှိနေတဲ့ 𝐀𝐝𝐦𝐢𝐧 တွေကလာပြောပြပါလိမ့်မယ်နော်။

အားလုံးပဲ မဟာသင်္ကြန်အကြိုနေ့လေးမှာ စိတ်ချမ်းသာကိုယ်ကျန်းမာပါစေကြောင်း မင်ဂျက်ကနေဆုတောင်းပေးလိုက်ပါတယ်။

Sir Hein ပြောပြထားသော Summer ပညာဒါနအတန်းအကြောင်း

#StudywithK2 #AdminJet
#Summer_Free_Class
❤17❤‍🔥3💘2☃1
𝗦𝘁𝘂𝗱𝘆 𝗪𝗶𝘁𝗵 𝗞2 𝗖𝗵𝗮𝗻𝗻𝗲𝗹 မှာရှိကြတဲ့ ကလေးတို့အားလုံး မြန်မာ့နှစ်သစ်ကူးအချိန်အခါ သမယလေးမှာ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

အစ်မကတော့ 𝗦𝘁𝘂𝗱𝘆 𝗪𝗶𝘁𝗵 𝗞2 𝗖𝗵𝗮𝗻𝗻𝗲𝗹 ထဲက သဘော၊မနောအကောင်းဆုံးဖြစ်တဲ့ 𝐀𝐝𝐦𝐢𝐧 𝙆𝙚𝙡𝙡𝙮 ပဲဖြစ်ပါတယ်။

အခုလို သင်္ကြန်အခါတွင်းထဲမှာ စာကြိုးစားနေကြတဲ့ ကလေးတွေအတွက် အစ်မက သင်္ကြန်ပြီးတဲ့အချိန်မှာ အစ်မတို့ရဲ့ 𝗦𝘁𝘂𝗱𝘆 𝗪𝗶𝘁𝗵 𝗞2 𝗖𝗵𝗮𝗻𝗻𝗲𝗹 က Summer ပညာဒါန အတန်းလေးအတွက် Course လေးနဲ့ Methods လေးကို လာပြောပြတာ။

Course လေးတွေကတော့ပုံထဲကအတိုင်းပဲပါနော်ကလေးတို့။

Method ကတော့ Myanmar and English ကလွဲရင် ကျန်တာလေးတွေကို ဆရာတွေက အသေးစိတ်၊ဂရုတစိုက် Zoom နဲ့သင်ကြားပေးမှာဖြစ်ပါတယ်။
Myanmar and English ကတော့ ကလေးတို့ဘယ်အချိန်မဆို ပြန်ကြည့်လို့ရအောင် Video လေးနဲ့သင်ကြားပေးသွားမှာပါဖြစ်ပါတယ်။

ကယ် ဒီလောက်ဆို ဘာတွေသင်မလဲ။ဘယ်လိုသင်မလဲဆိုတာကို ကလေးတို့သိလောက်ပြီဆို Summer ပညာဒါနအတန်းလေးကို joinမယ့်ကလေးတွေအနေနဲ့ဘာတွေလိုအပ်လဲဆိုတာ မနက်ဖြန်မှာ Admin Maple ကပြောပြပေးသွားပါလိမ့်ရှင်။

#AdminKelly #studywithK2
#Summer_Free_Class
❤14
သင်္ကြန်အတက်နေ့မှာရော 𝗦𝘁𝘂𝗱𝘆 𝗪𝗶𝘁𝗵 𝗞2 𝗖𝗵𝗮𝗻𝗻𝗲𝗹 နဲ့အတူရှိကြရဲ့လားကလေးတို့…❓

အတူတူရှိနေတဲ့ကလေးတွေအတွက် 𝐀𝐝𝐦𝐢𝐧 𝗠𝗮𝗽𝗹𝗲ကနေ သတင်းကောင်းလေးပြောပြချင်ပါတယ်။

မနေ့က𝐀𝐝𝐦𝐢𝐧 𝙆𝙚𝙡𝙡𝙮က အစ်မတို့ရဲ့ Summer ပညာဒါအတန်းလေးမှာဘာတွေသင်မယ်။ဘယ်လိုပုံစံတွေနဲ့သင်မယ်လို့ ပြောပြပြီးပြီလို့ ပြောပါတယ်နော်။

ဒါဆိုမမက ဒီနေ့ ဘယ်လိုကလေးတွေက Summer ပညာဒါအတန်းလေးကိုတက်လို့ရမလဲဆိုတာနဲ့ ဘယ်တော့ စသင်မလဲဆိုတာလေးတွေကိုပြောပြပေးသွားပါမယ်။ …

၁။ ဘယ်တော့စတင်မှာလဲ။?

မမတို့ရဲ့ Class လေးက မြန်မာ့နှစ်သစ်ကူး အချိန်အခါလေးဖြစ်တဲ့ (၁၈.၄.၂၀၂၆) ရက်နေ့ကနေစတင်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

၂။ဘယ်နှစ်ရက်သင်ကြားမှာလဲ။?

မမတို့သတ်မှတ်ထားတဲ့ course ပြီးဆုံးတဲ့အထိသင်ကြားပေးမှာဖြစ်ပါတယ်နော်။

အောက်က စည်းကမ်းချက်လေးတွေတော့ရှိပါမယ်နော်။↓↓🚨

1️⃣ကလေးတို့အနေနဲ့ ပညာဒါနအတန်းလေးကို စိတ်ဝင်စားပါက ပထမဦးဆုံး မမတို့ရဲ့ 𝗦𝘁𝘂𝗱𝘆 𝗪𝗶𝘁𝗵 𝗞2 𝗖𝗵𝗮𝗻𝗻𝗲𝗹 လေးကို မိတ်တွေ၊သူငယ်ချင်းတွေဆီမျှဝေပေးထားရပါမယ်နော်။
Sharing is caring နော်ကလေးတို့။

2️⃣မျှဝေပေးထားတဲ့ကလေးတွေက 𝗦𝘁𝘂𝗱𝘆 𝗪𝗶𝘁𝗵 𝗞2 𝗖𝗵𝗮𝗻𝗻𝗲𝗹 အကောင့် ထဲမှာ ကိုယ်ကဘာကြောင့်ဒီ 𝗢𝗻𝗹𝗶𝗻𝗲 𝗚𝘂𝗶𝗱𝗲 𝗖𝗹𝗮𝘀𝘀 လေးကို join ရတာလဲ။လက်ရှိမှာ ဘယ်ဘာသာရပ်တွေမှာ အခက်အခဲဖြစ်နေလဲ။မမတို့ရဲ့ Summer ပညာဒါန အတန်းလေးက ကလေးတို့ရဲ့ စာလေ့လာမှုမှာဘယ်လိုတွေအထောက်အကူဖြစ်စေမလဲဆိုတဲ့ မေးခွန်းလေးတွေနဲ့အတူ ကလေးတို့ရဲ့ အကောင့်နာမည်လေးကိုပါတစ်ပါတည်းဖော်ပြပေးရပါမယ်နော်။

အကယ်၍ direct message ထဲမလာတတ်ရင် @Toshiroakira ဆရာ့ဆီသွားပြောလို့ရပါတယ်ရှင့်။

3️⃣မမတို့ရွေးချယ်လိုက်တဲ့ ကလေး အယောက်(၂၀)ကို join ရမယ့် group လေးတွေပြန်ပို့ပေးပါမယ်။

‼️ဒီမှာ မမတစ်ခုပြောပြချင်ပါတယ်နော်။‼️

အစ်မတို့ဘက်ကနေ ပညာဒါနမို့လို့ မလေးမစား၊ပေါ့ပျက်ပျက်လုပ်မယ်လို့ စိတ်ကူးထားရင် အစကတည်းက လာမjoinပါနဲ့ကလေးတို့။အစ်မတို့က ပညာဒါနဆိုပြီး ပေါ့ပေါ့ပျက်ပျက်သင်မှာမဟုတ်လို့ပါပဲ။နောက်တစ်ခုက ဆရာတွေပြောတာကို ဂရုတစိုက်လိုက်လုပ်ပေးစေချင်ပါတယ်။‼️

ဒီလောက်ဆိုရင် အစ်မတို့က ဘယ်ကလေးတွေ ပါဝင်ခွင့်ရမလဲဆိုတာ စိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်နေပါတယ်။

မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်အချိန်အခါလေးမှာ ကလေးတို့အားလုံး စိတ်ချမ်းသာပါစေလို့ အစ်မတို့ရဲ့ 𝗦𝘁𝘂𝗱𝘆 𝗪𝗶𝘁𝗵 𝗞2 𝗖𝗵𝗮𝗻𝗻𝗲𝗹ကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

#AdminMaple #StudyWithK2
#Summer_Free_Class @studywithK2
❤11
Summerပညာဒါနအတွက် @Toshiroakira ဆရာ့ဆီသွားပြောလည်းရပါတယ်နော်။
❤5
Forwarded from Learning Focus Zone
၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့သူများ သိရှိစေရန်။

တီချယ် Channel ထဲမှာ G12 ေဖြဆိုထားသော ကလေးများ Moderation ကိစ္စအတွက် ငြင်းခုန်မူလေးတွေအတွက် ဖြေရှင်း ခြင်းဖြစ်ပါတယ်။

Moderation အမှတ်ဆိုတာ ဘာလဲ? ဘယ်လိုသတ်မှတ် တာလဲ?

Moderation အမှတ်ဆိုတာ စာမေးပွဲရလဒ်တွေ

ကို ပြန်လည်သုံးသပ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အဆင့်အတန်း ကွာဟမျှမရှိအောင်၊ မျှတမှုရှိအောင် ပြုပြင်ပေး တဲ့ စနစ်ဖြစ်ပါတယ်။ ဆရာ/မများ ပူးပေါင်းအဖွဲ့ နဲ့ အမှတ်ပေး ပြီးနောက် နောက်ဆုံးအဆင့်မှာ ကျွမ်းကျင်သူတွေက ပြန်လည် သုံးသပ် ပြုပြင်ပေးတာမျိုး ဖြစ်ပါတယ်။

Moderation အမှတ်ပေးနည်းစနစ်

ဆိုတာ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ မူလရမှတ် (Raw Score) ကို ဘာသာရပ်အလိုက် သတ်မှတ်ထားတဲ့ နည်းလမ်း တကျနဲ့ ပြုပြင်ဖြည့်စွက်ပြီး နောက်ဆုံးအမှတ် (Moderated Mark) ကို သတ်မှတ်ပေးတဲ့ စနစ်ပဲဖြစ်ပါတယ်။

ဒီစနစ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ စာမေးပွဲမေးခွန်း တွေရဲ့ လွယ်မလွယ်၊ စာစစ်တဲ့ဆရာရဲ့ ပြင်းပြင်းထန်ထန် အမှတ်ပေးတာတို့ကို ညှိပေးပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသားတွေကြား မျှတ ရှိအောင်၊ စံချိန်စံညွှန်း ကွာဟမှ မရှိအောင် ဆောင်ရွက်တာပါ။

Moderation အမှတ်ပေးနည်း လုပ်ငန်းစဉ် အဆင့်ဆင့်... Moderation လုပ်ငန်းစဉ်ဟာ စာမေးပွဲဖြေဆိုပြီးချိန်ကနေ ရလဒ်မထွက်ခင်အထိ အဆင့်ဆင့် ဆောင်ရွက်လေ့ရှိပါတယ်။

၁။ မူလရမှတ် (Raw Score) သတ်မှတ်ခြင်း ပထမအဆင့်အနေနဲ့ ကျောင်းသားတွေရဲ့ အဖြေလွှာတွေကို ဆရာတွေက သတ်မှတ်ထားတဲ့ အမှတ်ပေးဇယား (Marking Scheme) အတိုင်း စစ်ဆေးအမှတ်ပေးပါတယ်။ ဒီအဆင့်မှာ ရလာတဲ့ အမှတ်ကို မူလရမှတ် လို့ခေါ် ပါတယ်။ (Marker Coordination)
တချို့ ဘာသာရပ်တွေမှာ ဆရာအများအပြားက အဖြေလွှာ တွေ ခွဲစစ်ကြတဲ့အတွက် ဆရာတစ်ဦးနဲ့တစ်ဦး အမှတ်ပေးတဲ့ ပြင်းထန်မှု အနည်းငယ် ကွာခြားတတ်ပါတယ်။ ဒီလို ကွာဟမှ ကို လျှော့ချဖို့ စာစစ်ဆရာတွေ အတူတကွ ညှိနှိုင်း ဆောင်ရွက် လေ့ရှိပါတယ်။

၃။ စာစစ်ဖူးသူများ ပြန်လည်သုံးသပ်ခြင်း (Rechecking/Scrutiny)

ပထမအကြိမ် အမှတ်ပေးပြီးတဲ့နောက်မှာ အတွေ့ အကြုံ ရှိ ဆရာတွေက အဖြေလွှာတစ်ချို့ ကို ပြန်လည်သုံးသပ်ပြီး အမှတ်ပေးတာ မှန်/မမှန် စစ်ဆေးပါတယ်။လိုအပ်ရင် ပြင်ဆင် မှူတွေ လုပ်ပါတယ်။

၄။ ဘာသာရပ်အလိုက် Moderation သတ်မှတ်ခြင်း ဒါဟာ အဓိက အဆင့်ပါ။ စာမေးပွဲ မေးခွန်းက ခက်ခဲတာမျိုး၊ ဒါမှမဟုတ် အခြေအနေအရ ပျမ်းမျှအမှတ်က နိမ့်နေတာမျိုးဆို ရင် ကျွမ်းကျင်သူတွေက ဘာသာရပ်အလိုက် သင်္ချာနည်းကျတဲ့ နည်းလမ်းတွေနဲ့ မူလရမှတ်ကို ချိန်ညှိပါတယ်။ ဒီလိုချိန်ညှိပြီးမှ သာ နိုင်ငံတစ်ဝန်းလုံးက ကျောင်းသားတွေရဲအဆင့်အတန်း ကွာဟမှုကို လျှော့ချနိုင်မှာပါ။

ဥပမာ - ကျောင်းသားတစ်ယောက်က အင်္ဂလိပ်စာဘာသာရပ် မှာ မူလရမှတ် (၃၀)မှတ် ရထားတယ်ဆိုရင် Moderation အနေနဲ့ (၁၀)မှတ် ထပ်တိုးပေးပြီး စုစုပေါင်း ၄၀မှတ် ဖြစ်သွား တာမျိုးပါ။

၅။Moderation အမှတ်ပေးခဲ့တာ ဘယ်လိုသိမှာရလဲ?

အချက် (၁)

-အောင်စာရင်းထွက်လာမည့်အခါ မိမိ၏နာမည် အောင်စာရင်း ပါခဲ့ရင် မိမိ အသိဆုံးပါ။

အချက် (၂)

မိမိ၏ အမှတ်စာရင်းထုတ်ကြည့်ပြီး ကိုယ်ရဲ့ ဘာသာရပ် အနိမ့် ဆုံးအမှတ်(၄၀)မှတ်တွေ့ ခဲ့လျင် ဒီအမှတ်က Moderation အမှတ်ရ အောင်ခဲ့တယ်လို သိရပါမည်။

၆။Moderation အမှတ်တကယ်ပေးလား?

အဖြေ- တကယ်ပေးလား? မပေးလား? မနှစ်က ၂၀၂၅ ရိုးရိုးအောင်ခဲ့သော တစ်ချို့ ကျောင်းသား/သူတွေဆီသွား မေးကြည့်ပါ မနှစ်က သူတို့သချာ်မေးခွန်းလွှာအကြောင်း သူ တို့အမှတ်စာရင်းခဏလောက်တောင်းကြည့်ပါ ဘာသာရပ် အမှတ်(၄၀)မှတ်တွေ့ ရင် အဲဒီအမှတ်က Moderation အမှတ်ရခဲ့လို အောင်ခဲ့တယ် သဘေားထာပါ။

မှတ်ချက်။ ။ Moderation အမှတ်က ဘယ်ခုနှစ်မဆို ဒီ လောက်ပေးမယ်ဆိုပြီး အတိကျ ဘယ်ဆရာ/မတွေ လုံးဝ မသိခဲ့သလို စာစစ်ဌာနလည်း တရားဝင်ထုတ်ပြန်ကြေညာခဲ့တာမျိုး မရှိပါ။
ထို​ကြောင့် စာမေးပွဲ ဖြေဆိုထားသော ကလေးများအနေဖြင့် ဘာသာရေးများများလုပ်ဖို့ တီချယ် အနေနဲ့ အကြုံပြုပါရစေ ။

#Tr.Chaw 🍀
#G12
#Myada@educationLearningFocusPlus
@Everyone
❤17🍓6
မြန်မာ့နှစ်ဆန်းတစ်ရက်နေ့မှစတင်လို့ ကိုယ်အလိုရှိရာပန်းတိုင်ဆီအရောက်လှမ်းနိုင်ပါစေလို့
Study With K2 Channel

Admin Teamမှ ဆုမွန်ကောင်းတောင်းပေးပါတယ်။

#StudyWithK2 #AdminTeam @studywithK2
❤43
ဂုဏ်ထူးတွေများစေဖို့👀

Grade12 ကလေးတွေအတွက် နှစ်သစ်လက်ဆောင်ကလေးပေးချင်လို့ပါ။
သင်္ကြန်ကာလလည်း ပြီးတော့မှာဆိုတော့ ကလေးတို့အနေနဲ့ စာကို သေချာလေးအားထည့်ကြတော့မှာမလို့
အကို့အနေနဲ့ ကိုယ်ပိုင်အတွေ့အကြုံလေးတစ်ခုကို ဝေမျှပေးချင်ပါတယ်။

Grade12 စာက အရမ်းများတယ် အရမ်းခက်တယ်ဆိုပေမယ့် ဒီတစ်ချက်ကလေး သိရုံနဲ့ အားလုံးလွယ်သွားမှာ 🙂‍↔️

💌Tip- စာသင်ယူတဲ့အခါ စာအရဆုံးအချိန်က ဆရာ သင်ကြားနေတဲ့ အချိန်အခါပါပဲ။ ဆရာစာသင်ချိန် ကျောင်းသားအားလုံးနီးပါ နားလည်ကြပြီး တစ်ချို့ဆို အလွတ်နီးပါးရကြပါတယ်။ ဒါမယ့် ကျောင်းသားအများစုကတော့ ရပြီး ဆိုပြီး ဒီတိုင်းထားလိုက်ကြတာပါ။ "ငါရနေတာပဲ။ ငါနားလည်နေတာပဲ။" ဆိုပြီး ထားထားကြပါတယ်။ တကယ်တမ်း ပြန်လုပ်ရင် 20%လောက်က နားမလည်တော့ဘဲ တစ်ချို့ဆို စာမေးပွဲနီးမှပြန်လုပ်တော့ ဘာမှကို မရဘဲ အသစ်အတိုင်းပြန်ဖြစ်သွားတတ်ကြပါတယ်။
အဲ့တာတွေကို ရှောင်နိုင်ဖို့ အကောင်းဆုံးနည်းက ဒီနေ့သင်တဲ့စာကို ဒီည ချက်ချင်းပြန်ကြည့်တာပါပဲ။
ဟုတ်ပါတယ် ဒီနေ့စာ ဒီနေ့အပီးလုပ်နဲ့တူပေမယ့် သင်တာများရင် အပီးလုပ်ဖို့ ခက်ပါတယ်။ ဒါမယ့် သင်သမျှအားလုံးကို ဒီတိုင်းပြန်ကြည့်ပါ။ "အော် ဆရာ ဒါသင်ခဲ့ပါလား ဒီအပုဒ်က ထူးခြားတဲ့အပုဒ် " စသဖြင့် သင်သမျှကို အပေါ်စည်းက မြင်သလို ကြည့်နိုင်အောင် အပြီးကြည့်စေချင်ပါတယ်။ အချိန်ပိုမှ စာကျက်တာတွေလုပ်ပါ အဲ့နည်းအတိုင်း နေ့တိုင်းမှန်မှန်လုပ်သွားရင် ပင်ပန်းတာကို သက်သာစေပြီး စာလုပ်ရတာ ပိုမိုလွယ်ကူသွားမှာပါ။

အဆုံးထိ ဖတ်ပေးတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။
#StudywithK2
#Volunteeradmin
#Primo
#Adminteam
❤38❤‍🔥4
"""အရေးပေါ် အပူလှိုင်းသတိပေးချက်"""
ဧပြီ ၁၉ မှ မေ ၃၁ အထိ
မနက် ၁၀ နာရီ မှ နေ့လည် ၃ နာရီအတွင်း..
အပြင်ထွက်ခြင်းမလုပ်ပါနှင့်၊ အထူးသဖြင့် အကာအကွယ်မရှိသောနေရာများတွင် မနေပါနှင့်။
အပူချိန် – ၄၅°C မှ ၅၅°C အထိ
မိုးလေဝသဌာန – အလွန်မြင့်မားသောအပူချိန်များ ဖြစ်ပေါ်မည်ဟုမျှော်မှန်းထားသည်။
နေရောင်ခြည် UV ၇၀% သည် မြေပြင်ကိုတိုက်ရိုက်ထိခိုက်နိုင်သည်။
အသက်ရှူခက်ခဲခြင်း သို့မဟုတ် ခန္ဓာကိုယ်မအီမသာဖြစ်ခြင်းများ ဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းဆက်သွယ်ပါ။
အခန်းများကို လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်များဖွင့်ထားပါ။
ဖုန်းအသုံးပြုမှု လျှော့ချပါ (အပူမြင့်မှုကြောင့် ဖုန်းပေါက်ကွဲနိုင်ခြေရှိသည်ဟု ဆိုထားသည်)။
ကိုယ်တိုင်သတိရှိပြီး အခြားသူများကိုလည်း အသိပေးပါ။
ဒိန်ချဥ်၊ မလိုင်ထုတ်နို့၊ လီမွန်ရည်တို့လို အအေးပေးသောက်စရာများ သောက်သုံးပါ။
""အရေးကြီးသတင်းအချက်အလက်နှင့်
လမ်းညွှန်ချက်များ""
လာမည့်အပူချိန် – ၄၇°C မှ ၅၅°C အပူလေတိုက်ခတ်မှုကြောင့် အသက်ရှူခက်ခဲမှုများ ဖြစ်နိုင်သည်။

""မဖြစ်မနေလိုက်နာရမည့်အချက်များ""
ကားထဲတွင် မထားရမည့်အရာများ...
ဓာတ်ငွေ့ပစ္စည်းများ၊
မီးလောင်ကိရိယာ (lighter)၊
ဂတ်စ်ပါသောအဖျော်ယမကာများ၊ အနံ့ဆီများနှင့် ဘက်ထရီများ။

"ညွှန်ကြားချက်များ"
ကားပြတင်းပေါက်များကို လေဝင်လေထွက်အတွက် အနည်းငယ်ဖွင့်ထားပါ၊
ဆီတိုင်ကို အပြည့်မဖြည့်ပါနှင့်။
နံနက်အစောနှင့်ညနေခင်းတွင်သာဆီဖြည့်ပါ။
နေပူဆုံးအချိန်များတွင် ကားမောင်းသွားလာခြင်ရှောင်ကြဉ်ပါ။
တာယာများကို မပိုမကျန်ဖိအားမထည့်ပါနှင့်။

"အခြားသတိပြုရန်"
ကင်းမြီးကောက်များ၊ မြွေများ အေးမြရာရှာရန် အိမ်ထဲဝင်လာနိုင်သည်ကို သတိပြုပါ။
ရေများနှင့် အရည်များ များများသောက်ပါ၊ လေအေးစက် (Aircond.) ကို လိုအပ်သည့်အခန်းများတွင်သာ အသုံးပြုပါ။
အပြင်အပူ ၄၅–၄၇°C ဖြစ်ပါက အိမ်တွင်း AC ကို ၂၄–၂၅°C သတ်မှတ်ပါ။
ဓာတ်ငွေ့အိုးနှင့်ဗူးများကို နေရောင်တိုက်ရိုက်မထိအောင်ထားပါ
လျှပ်စစ်မီတာများကို wattအလွန်မပြည့်အောင် သုံးပါ
၂–၃ နာရီတိုင်း အနားယူချိန် အနည်းဆုံး ၃၀ မိနစ်ယူပါ
မနက် ၁၀ မှ နေ့လည် ၃ နာရီအတွင်း နေရောင်တိုက်ရိုက်ကို ရှောင်ကြဉ်ပါ
ဤအချက်အလက်များကို မဖြစ်မနေ မျှဝေပါ။
❤19
သင်္ချာ အခန်း(၅)မှာလည်နေတယ်ဆိုတဲ့ကလေးတွေအတွက်

အစ်မ volunteerလုပ်တဲ့ organisation ကနေသင်ပေးမှာပါ။

https://t.me/ING_Edu/648

#AdminMaple #StudywithK2
@studywithK2
❤7❤‍🔥2🤗1
Chem လုပ်တဲ့နေရာမှာ အခက်အခဲရှိနေတဲ့ ဂျူနီယာလေးတွေတွက် ကိုယ်ကိုယ်တိုင်လုပ်ခဲ့တဲ့ နည်းလမ်းကလေးကို မျှဝေပေးချင်ပါတယ်


Chemက ကိုယ်ကိုယ်တိုင် ကြောက်ခဲ့ရတဲ့ ဘာသာ တစ်ခုပါ ဒါပေမယ့် အဆင်ပြေဆုံး လုပ်ရတာ အသက်သာဆုံး ဘာသာတစ်ခုဖြစ်ခဲ့ပါတယ်


👉 First tip က ကိုယ်ရဲ့ အာရုံစိုက်မှုအားလုံးကို chem သင်တဲ့ အချိန်မှာ အပြည့်အဝ ထားပါ။ အဲ့တာ အရမ်းအရေးကြီးပါတယ်။ စာလုပ်ရတာ အရမ်းသက်သာပါတယ်။

👉Second tipက စာလုပ်တဲ့ Planပါ
အကြံပေးချင်တာလေးကတော့ သင်ခန်းစာ တစ်ခန်းပြီးပြတ်တာနဲ့ သင်ခန်းစာတစ်ခုက အပေါ်စည်းကနေကြည့်နိုင်အောင်ကြိုးစားပါ။
1.1 ဆိုရင် အဲ့မှာ ပါတဲ့ သီးသန့်အကြောင်းအရာတွေကိုဖတ်။ ကျက်သင့်တဲ့ noteကို ကျက်။ မှတ်သင့်တာကိုမှတ်ပါ။ Myanmar Exam အဖြေရော မေးခွန်းရော ပါတဲ့စာအုပ်က အဲ့လိုမျိုး ခွဲထားပေးတာကြောင့် အရမ်းအဆင်ပြေတယ်လို့ ညွှန်းပေးချင်ပါတယ်။
သင်ခန်းစာ တစ်ခုချင်းက အဲ့လိုမျိုးလုပ်ပေးပါ။

ပြီးရင် အကြံတစ်ခုပေးချင်တာထက် အကို့ဆရာမ ပြောတာလေးကို ခုထိ မှတ်မိနေတာပါ

"မင်းတို့တွေ organic မလွှတ်နဲ့ စာမေးပွဲရောက်မှ ငါ organic နဲ့အမှတ်သယ်ခဲ့ပါလား သိလိမ့်မယ်"

အဲ့တာက ဆရာမအမြဲပြောတာလေးပါ

8.1 8.3နဲ့တင် အမှတ်က တော်တော်လေး ရပါတယ်

အခန်း၇ကတော့ မတန်ပါဘူး

အဲ့တာတွေက အခန်းတစ်ခန်းချင်းဆီပါ အခန်း အားလုံးတွက်ပြောရမယ်ဆိုရင်

Ch 1 to6 အပိုင်လုပ်ပါ

လုပ်တဲ့အခါ 1ပြီးတာနဲ့ 6ကို တစ်ခါတည်းကြည့်လိုက်ပါတယ် ပိုမြန်ပါတယ်

ပြီးရင် 234ကိုကြည့်ပေး

ပြီးမှ အခန်း၅ကြည့်ပါ


✌️အဲ့လိုမျိုးသာအခန်း တစ်ခန်းချင်းဆီ ‌အပိုင်းလေးတွေကန့်ပြီး ခေါင်းထဲထည့်သွားမယ်

အားလုံးပြီးသွားရင်လည်း Revision ပြန်တဲ့အခါ သူ့နဲ့တူရာတူရာလေးတွေ စုကြည့်သွားရင် Chemက စာမေးပွဲနီးလေ သိပ်အားစိုက်စရာမလိုတဲ့ ဘာသာဖြစ်သွားမှာပါ

အချုပ်ပြောရရင် စာသင်ခန်းထဲ အာရုံအပြည့်အဝစိုက်ပါ။ သေချာလေးပြန်လုပ်ပါ။ သင်ပြီးတာနဲ့ ငါနားလည်တယ်ဆိုပြီး နောက်နေ့မကူးလိုက်ပါနဲ့ ချက်ချင်းလုပ်လိုက်ပါ။ အဲ့တာဆိုရင် လိုချင်တဲ့ ရမှတ်တွေ ရကြမှာပါ။

#StudywithK2
#Volunteeradmin
#Adminteam
#Primo
🍓18❤15❤‍🔥3
Grade 12 မှာ သင်္ချာလိုက်နိုင်ဖို့ Grade 10 နဲ့ Grade 11 မှာ ဘာတွေသေချာ ပိုလေ့လာသင့်လဲ။

ပထမဆုံးသိစေချင်တာက Grade 12 သင်္ချာအကြောင်းအရာတွေသာ အနှစ်သာရရှိတာမဟုတ်ပါဘူး။ Grade 12 သင်္ချာမှာ မပါပေမဲ့ အနှစ်သာရအများကြီးရှိတဲ့ Grade 10, 11 သင်္ချာအကြောင်းအရာတွေ(အထူးသဖြင့် Geometry နဲ့ Statistics) ရှိပါတယ်။

✅ Grade 10 ဆိုရင် Ch 8,9 Geometry အခန်းတွေက လွဲလို့ ကျန်တာက ၁၂ တန်းသင်္ချာအတွက် လုံး၀မရှိမဖြစ်၊ မသိမဖြစ်တွေ ပါပါတယ်။ သေချာလေ့လာခဲ့ပါ။

ကျောင်းသားတွေ ပိုင်နိုင်လေ့မရှိတာက အပေါင်း၊အနုတ်၊ ညီမျှခြင်းရှင်းတာ၊ ကွင်းတွေဘယ်မှာထားရမလဲဆိုတဲ့ ကွင်းခတ်တဲ့သဘောတရား၊ကွင်းခတ်တဲ့အဓိပ္ပာယ်ကို နားမလည်တာ၊ အပိုင်းကိန်း ပေါင်း၊နုတ်၊မြှောက်၊စား ရှင်းတာမရတာ၊ အလီမရတာ၊ ထပ်ညွှန်းနဲ့ ထပ်ညွှန်းကိန်းရင်း သဘောတရားတွေ၊ log, ln rule တွေ မေ့တာတွေပါ။ ဒါတွေ ပါလာခဲ့ရင် ၁၂ တန်းသင်္ချာလိုက်ရတာ လွယ်ပါလိမ့်မယ်။

✅ Grade 11 မှာဆိုရင် Ch 3,9,10,11 လေးခန်းကို အဓိကထားပြီး လေ့လာခဲ့သင့်ပါတယ်။

Ch 3 Transformation သေချာပိုင်နိုင်ခဲ့ရင် Grade 12 Ch 7 Trigo, Ch 8 Log and Expo ဆိုတဲ့ Graph transformation လုပ်ရတဲ့ အခန်းတွေမှာ လွယ်လွယ်ကူကူနားလည်ပါလိမ့်မယ်။
သင်ကြားပေးရတဲ့ဆရာတွေမှာလည်း ပါးစပ်ညောင်းသက်သာပါလိမ့်မယ်။

Ch 9 (2 Dimension Vectors) ပိုင်ခဲ့ရင် Grade 12 Ch 4 (2 Dimension and 3 Dimension Vectors) တွေနဲ့ ပတ်သက်ပြီးသင်တဲ့အခါ ပိုလွယ်ပါလိမ့်မယ်။
Ch 10 Trigo, 11 Differentiation ကတော့ အထူးပြောစရာမလို၊ မသိမဖြစ်တွေပါ။

✨ Should-know (သိရင်ပိုကောင်းတယ် ဆိုတဲ့) အနေနဲ့ဆိုရင်
- Ch 1 Remainder/Factor Theorem တွေ, Ch 4 A.P.,G.P. formula တွေကို သိခဲ့ရင် Grade 12 Ch 2 Induction အခန်းမှာ လိုရင် လိုသလို အသုံးချနိုင်ပါလိမ့်မယ်။
- Ch 2 Binomial Theorem နဲ့ပတ်သက်ပြီး မြှောက်ဖော်ကိန်းတွေနဲ့ Pascal triangle ကို သိခဲ့ရင် Grade 12 Ch 5 Permutations and Combinations ရဲ့ subset(အစုခွဲ) ရေတွက်တဲ့ ပုစ္ဆာတွေ သင်တဲ့အခါ အထောက်အကူအများကြီးပြုပါလိမ့်မယ်။
- Ch 5 Matrix အခန်းမှာ row×column သဘောတရား, Matrix ပေါင်းခြင်း၊နုတ်ခြင်းသဘောတရား သိရင် ရပါပြီ။ Vector နဲ့ ပတ်သက်ပြီး အခြေခံအနေနဲ့ လိုအပ်ပါတယ်။
Matrix တစ်ခုရဲ့ Det (determinant) ကို နားလည်ခဲ့ရင် Grade 12 Ch 10 Integration method ထဲက Partial fraction method သင်တဲ့အခါ အနည်းငယ်ချိတ်ဆက်ကြည့်လို့ရပါတယ်။

သင်္ချာအခြေခံမပါရင် ဆရာကောင်းနဲ့ ၁၀ တန်း၊ ၁၁ တန်းကတည်းက အခြေခံတွေ ပြန်သင်ယူပါ။ သေချာလုပ်ရင် ၂ နှစ်ဆိုတာ သာမန်ဉာဏ်ရှိတဲ့ကျောင်းသားတစ်ယောက်အနေနဲ့ အေးဆေးပြန်လိုက်လို့ရတဲ့အချိန်ပါ။

ကျောင်းသား၊ ကျောင်းသားမိဘတချို့ သိချင်ကြလို့ ခေါင်းစဉ်တွေပြန်ဖတ်ပြီး ချိတ်ဆက်ပြပေးတာပါ။

Saya Ko Si (Maths)
#StudywithK2 #AdminMaple
❤16
Physics မှာ Objective အမှတ်40ဖိုးက ဘယ်လိုယူရမလဲ?🤔🤔


အခုပြောမှာက Physics objective 40ဖိုးအတွက်ပါ

ဒီအမှတ်လေး၄၀ဟာ ဂုဏ်ထူးထွက်ဖို့အတွက်ပဲဖြစ်ဖြစ် အောင်ဖို့ပဲဖြစ်ဖြစ် အများကြီး အထောက်အကူပြုပါတယ်
ဒီအမှတ်၄၀သာရရင် အမှတ်တွေ တက်လာမှာပဲဖြစ်ပါတယ်

ဟုတ်ပြီး ဘယ်လိုလုပ်ကြမလဲ။ မင်ပီရီမိုကနေပြီးတော့ အချက်သုံးချက် ညွှန်ပေးချင်ပါတယ်

First tip- စာလုပ်ရလွယ်တဲ့ solutionက စာသင်ခန်းမှာပါ အပြင်မာ မဟုတ်ပါဘူး။ physics concept‌တွေ သင်ရင် သေချာ လိုက်နားထောင်ပါ ပြီးရင်ပြန်တွေးကြည့်ပါ။
ခုနည်းလမ်းက လုပ်ရ အရမ်းခက်တဲ့အပိုင်းပါ ဆရာသင်တာကို အပြည့်အဝ နားလည်တာနဲ့ အမှတ်၂၀ကျော် ရပြီးလို့ မှတ်လိုက်ပါ။

Second tip- ခုနက ဆရာသင်ထားတဲ့ concept တွေကို သင်ပြီးတဲ့ ညမှာတင် အကုန် တစ်ကြောင်းချင်းပြန်ဖတ် ပြန်တွေးပါ။ ပြီးရင် အပေါ်စည်းကနေ ကြည့်နိုင်အောင်ကြိုးစားပါ။ အဲ့လို စာလုပ်နည်းက အပေါ်မှာလည်း တင်ထားပေးပါတယ်နော်။

Third tip- အပေါ်က နှစ်ချက်ကို သေချာလုပ်ထားတဲ့ကလေးက အခု နောက်ဆုံးအချက်ကို အကိုမပြောရင်တောင် သိသွားပါလိမ့်မယ်။
Challenge ခေါ်တဲ့အနေနဲ့ ကြိုးစားကြည့်ပါ။ Third tipကို မကြည့်တော့ဘဲ ကိုယ်စာတွေလုပ်ပြီးမှ အကိုပြောတာတဲ့ တူရဲ့လား ပြန်ကြည့်ကြည့်ပါ


Third tipက‌တော့
ခုနကလို လုပ်ထားတဲ့ကလေးက မေးခွန်းဟောင်းကိုင်တာနဲ့ စာမေးပွဲမှာ ဘယ်လိုမေးတတ်လဲ သူသိနေမှာပါ

စာမေးပွဲဆိုတာက မဖြစ်မနေ သိရမယ့် မေးခွန်းတွေကို အများဆုံးမေးပါတယ် Physics ရဲ့ ch1မှာ 1.1ဆိုရင် Rotational Motion ကိုသင်မှာ ဖြစ်တဲ့အတွက် Rigid bodyဆိုတာ ကို မဖြစ်မနေ သိရပါမယ် ဘာလို့ဆို elastic bodyက ဒီသင်ခန်းစာနဲ့ မကိုက်ညီဘူး ဒါကြောင့် သင်ခန်းစာ ရှေ့ရောက်ဖို့ rigid bodyက အရေးကြီးဆုံးပါပဲ
အဲ့လိုမျိုးလေးတွေပဲ မေးတာ များပါတယ်။ တစ်ခါတစ်လေ ဂုဏ်ထူးသမားတွေတွက်မှ ချောင်ထဲကလိုမျိုး စာကြောင်း မေးတာပါ။

အချုပ်အနေနဲ့ပြောရရင်

စာသင်ခန်းထဲ သေချာ အာရုံစိုက်ပါ။ ပြန်ဖတ် ပြန်သုံးသပ်ပါ မေးခွန်းဟောင်းကို လေ့ကျင့်ပါ။ အဓိက အချက်တွေကို သေချာ ဖတ်ပြီး အလွတ်နီးပါး ရအောင်ဖတ်ပါ။

ဒါဆို Physics objective အမှတ်40မှာ 30ကျော်ဟာ ပြေးလို့ မလွတ်နိုင်ပါဘူး။
#Adminteam
#Volunteeradmin(primo)
#StudywithK2
❤‍🔥9❤7
ကျောင်းတွေဖွင့်တော့မယ်။

အောင်စာရင်းတွေလည်းထွက်တော့မယ်။

ကျောင်းဖွင့်တော့မယ့်သူတွေ စာတွေဘယ်လောက်ပိုင်ပြီလဲ။

အောင်စာရင်းစောင့်တဲ့သူတွေ ရင်တွေခုန်ပြီလား။


#AdminMaple #StudywithK2
@studywithK2
❤27😭12❤‍🔥4🍓2
Forwarded from PAING Education
G12 အောင်စာရင်းများသည် သက်ဆိုင်ရာ အစိုးရ တီဗွီ ချယ်နယ်များ မှ တစ်ဆင့် ကြေငြာ သည့် နေ့သာ အတည်ဖြစ်ပါသည်

ယခု တင်နေကြတဲ့ ရက်စွဲများသည်တရားဝင်မဟုတ်ပါ
❤‍🔥18🍓5😭2❤1🗿1
Grade 12က တကယ်ပဲ အောင်ဖို့ခက်တာလား?🤔


ဘာသာချင်းဆီအလိုက် အကိုတို့ ‌တွေးကြည့်ရအောင်..


- မြန်မာစာ

မြန်မာစာကတော့ မိခင်ဘာသာ ဖြစ်တဲ့အတွက် အောင်ဖို့ရာ သိပ်မခက်ခဲလှပါဘူး။ ကိုယ်သာ ရှေ့ပိုင်း အမှတ်၃၀ဖိုးနဲ့ ၅မှတ်တန်အတွက် စာတွေကိုပုံမှန်ကျက် ပုံမှန်ဖတ်မယ်ဆိုရင် အဲ့ဒီမှာတင် ၃၀မဟုတ်ရင် ၂၀လောက် ရနေပါပြီး။
အလင်္ကာ ခက်ဆစ်တွေ ရေသည်တွေနဲ့ အပုဒ်ကြီး ကဗျာတွေ နည်းနည်း ဆီလောက် ဖြန်းပြီး ဖြေသွားရင်တောင် အောင်မှတ်ကျော် ရပါပြီးး။

-အင်္ဂလိပ်စာ
သူကတော့ အခြေခံတွေ မပါရင် နည်းနည်းလေးခက်တဲ့အပိုင်းတွေရှိပါတယ်။
ဒါကြောင့် တစ်ခြားဘာသာတွေထပ် ပိုပြီး အချိန်ပေး ပိုပြီး အားစိုက်ရပါမယ်။
ဒါမယ့် ရသင့်တဲ့အမှတ်တွေကို ပိုင်အောင်လုပ်မယ် (poem/ Q and A/ RTP) . Letterကို formမှန်အောင်လေးရေးမယ်ဆိုရင် အောင်မှတ်လောက်က ရနိုင်ပါမယ်။

-ကဲ သင်လေချာလေဆိုတဲ့ သင်္ချာ🤔
တကယ်ပဲ ခက်တာလား။ အမှန်က သင်္ချာလည်း အောင်ဖို့ လွယ်တဲ့ထဲမှာ ပါပါတယ်။ Theory ကိုသာ ညှက်ညှက်ဝါးပါ။ ဒီနှစ်မေးခွန်းဆိုရင် theory ကိုသာ အခြေခံသွားတာပါ။ အရမ်းခက်ခဲ့ရင်တောင် ကိုယ်လုပ်ထားတဲ့အပိုင်းကို theory ပိုင်းတွေရေးချ တွက်ခဲ့မယ်ဆိုရင် သင်္ချာက အဆင့်ဆင့် အမှတ်ပေးတာ ဖြစ်တဲ့အတွက် အမှတ်တွေရမှာပါ။ အဲ့လိုကြိုးစားပြီး ရတဲ့အပုဒ်ရသလောက် တွက်ထားရင် ဆရာမတွေက သေချာလေးကြည့်ပေးပြီး အောင်ဖို့တွက် သေချာလေး အမှတ်ဖြတ်ပေးပါတယ်။ (အကို့ သင်္ချာဆရာ ပြောပြတာလေးပါ)

-ဓာတုဗေဒ/ ရူပဗေဒ

လွယ်ပြီး အမှတ်ရလွယ်တဲ့ အခန်းကို သေချာလေး နားလည်အောင်လုပ်ပါ။
Science ဘာသာတွေဖြစ်တဲ့အတွက် များများဖတ်ပါ။ နာနာဖတ်ပါ။ စာများများဖတ်ရင် အောင်မှတ်တွေ ယူတတ်လာကြမှာပါ။
တစ်ဘာသာချင်း အသေးစိတ် ရှင်းပြတဲ့ ဆောင်းပါးလေးတွေ အပေါ်မှာ ရှာဖတ်ကြည့်ပါနော်။

-Bio

အခန်းဖြတ်ကို သေချာလေးကျက်ထားပါ။ There is no other waysပါ။ နားလည်သလို မရေးကြပါနဲ့နော်။
တိုက်စစ်တယ်လို့ ကြားလို့ပါ။ တက္ကသိုလ်မှာ ဟောပြောတုန်းကလည်း မော်လမြိုင်မှာ ဆရာမကြီးပြောတာ own sentence မပေးဘူးပြောပါတယ်။


ကဲ အချုပ်အနေနဲ့ အေးအေးဆေးဆေး အောင်ဖို့တွက်ဆိုရင် အဓိက စာကို ပုံမှန်လုပ်ရပါတယ်

ဒီနေ့သင်တဲ့စာကို ဒီနေ့ အပြီး ပြန်ဖတ်ပါ။  ကျက်တာ မဟုတ်ပါဘူးနော် ဖတ်တာပါ။ ဘာသာများများသင်ခဲ့ရင် ကျက်မှီဖို့က ခက်ပါတယ်။
ဒီနေရာ ဆရာ ဒီလိုပြောတယ် ဒီအပုဒ်က ထူးခြားတယ် အစရှိသဖြင့် သင်သမျှအကုန်ပြန်ကြည့်ပါ။ ပြန်ဖတ်ပါ ပြီးမှ ကျက်ပါ

အဲ့လိုသာ ဖြည်းဖြည်းချင်း လုပ်သွားမယ်ဆိုရင် လွယ်လွယ်ကူကူ အောင်မြင်ကြမှာပါ
#StudywithK2
#Volunteeradmin(primo)
#Adminteam
❤24❤‍🔥4
အခြေခံပညာအတန်းများ၏ စာမေးပွဲအောင်စာရင်းများကို မေလ ၁၄ ရက်နေ့တွင် ထုတ်ပြန်မည်

​၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် အခြေခံပညာအတန်းအသီးသီး၏ နှစ်ဆုံးစစ်ဆေးခြင်း စာမေးပွဲအောင်စာရင်းများကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

​ထုတ်ပြန်မည့်ရက် - ၂၀၂၆ ခုနှစ်၊ မေလ (၁၄) ရက်
​နေ့ရက် - ကြာသပတေးနေ့
​ကြည့်ရှုနိုင်မည့်နေရာ - သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် ကပ်ထားပေးမည် ဖြစ်ပါသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်
၂၅.၅.၂၀၂၆မှ ၃၁.၅.၂၀၂၆ထိ

​ကျောင်းသား၊ ကျောင်းသူများအားလုံး စိတ်အေးချမ်းသာစွာဖြင့် ထူးထူးချွန်ချွန် အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

[ မှတ်ချက်- Grade 12 မပါဝင်ပါ။ ]

ပညာရေး သတင်းလွှာ
❤9
2025-2026 ပညာသင်နှစ်၏
အတန်းတင်အောင်စာရင်းများကို
(14.5.2026)ရက်နေ့တွင်ထုတ်ပြန်ရမည်။

2026-2027 ပညာသင်နှစ်အတွက်
ကျောင်းအပ်လက်ခံရမည့်ရက်မှာ
(22.5.2026)ရက်နေ့ဖြစ်ပြီး

ကျောင်းစတင်ဖွင့်လှစ်မည့်ရက်မှာ
(1.6.2026)ရက်နေ့ဖြစ်သည်။
❤11
Grade 12က နောက်ကျမှ အိပ်ပြီး အစောကြီးထရတာလား?🤔


လူကြီးမိဘတွေ တော်တော်များများကတော့ အဲ့သလို အကြံပေးကြပါတယ်။ ဒါပေမယ့် လူနည်းစုလောက်ပဲ ဒီ routine ကို လိုက်လုပ်ပြီး ရလဒ်ကောင်းတွေ ရကြတာပါ။ တော်တော်များများကတော့ စာသင်ချိန်မှာတောင် အိပ်ငိုက်ကုန်ကြပါတယ်။🤔 ဘာဖြစ်လို့လဲ..

အဖြေကတော့ရှင်းပါတယ် Deep sleep မရလို့ပါ။ ကျောင်းသားတော်တော်များများက စာရဖို့ဆို Active recall တို့လို နည်းစနစ်တွေသုံးကြပါတယ်။ ဒါပေမယ့် Deep sleepကို မေ့နေတတ်ကြပါတယ်။

-Deep sleep က အရမ်းအရေးကြီးပါတယ်။ ကိုယ်တွေက G12ကို တစ်ရက်လုပ် နှစ်ရက်၊ တစ်ပတ်၊ နှစ်ပတ် လုပ်မှာမဟုတ်ပါဘူး။ တစ်နှစ်လုံးကြိုးစားရမှာပါ။ အဲ့သလို ကြိုးစားမှုအတွက် ရေရှည် လုပ်နိုင်မယ့် routine က အရေးကြီးပါတယ်။

-Deep sleep ရဖို့ ဘယ်လိုအိပ်ကြမလဲ🤔 ပုံမှန်လူတစ်ယောက်က အိပ်ချိန် 7နာရီကနေ 9နာရီကြားအိပ်ဖို့လိုပါတယ်။ Scientific research တွေအရ ညဘက်၁၀နာရီနဲ့ ၁၂နာရီကြား အိပ်စက်ခြင်းဟာ Deep sleepရဖို့ အကောင်းဆုံးပါ။ ဒါဆို လိုအပ်ချက်နဲ့ အကောင်းဆုံးအခြေအနေဆိုတာကို သိပြီးလောက်ပါပြီး။

ကျောင်းသားတစ်ယောက်အနေနဲ့ ည11နာရီလောက် အိပ်ပြီး မနက်စောစော စာထလုပ်တာက ခန္ဓာကိုယ်အတွက် အကောင်းဆုံးပါ
Sleeping quantities နည်းရင်တောင်မှ quality ကတော့ ကောင်းပါတယ်။

မှတ်ချက်- ကိုယ့်အနေနဲ့ ညဘက် ကျက်တာ အားသန်ရင်တော့ ညဘက်သာကျက်ပါ။

အဓိကက ကျောင်းသားတွေအနေနဲ့ ကိုယ်နဲ့ အဆင်ပြေမယ့်၊ ကိုယ် တစ်နှစ်လုံးစွဲစွဲမြဲမြဲ လုပ်နိုင်မယ့် routineကသာ အကောင်းဆုံးပါလို့ အကြံပေးလိုက်ပါတယ်။ ကျန်းမာရေးက အရေးကြီးဆုံးပါပဲ။ ကျန်းမာနေမှသာ လိုချင်တဲ့ အိမ်မက်တွေဆီ အရောက်လှမ်းနိုင်ကြမှာပါ။
#Volunteeradminprimo
#Adminteam
#StudywithK2
❤22❤‍🔥5
အစ်မရဲ့ channel ထဲ စက်မှု၊လက်မှု၊စိုက်ပျိုးရေး၊မွေးမြူရေး ကျောင်းက G-12ဖြေထားတယ်၊ဒါမှမဟုတ် တက်နေတယ် ဆိုတဲ့ကလေးတွေများ ရှိကြလား။ရှိရင် comment လေးမန့်ခဲ့ပေးကြပါလား။အစ်မ မေးစရာလေးရှိလို့ပါ။

#AdminMaple #StudywithK2