Study with K2
1.58K subscribers
1.08K photos
31 videos
193 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
Study tips

1. Admin Kelly ၏စာကျက်နည်း
Study tips Part-1


2.Admin Kelly ၏တစ်ရက်ကိုစာဘယ်နှစ်နာရီလုပ်ရမလဲ နှင့် အခြားစာကျက်ခြင်းဆိုင်ရာနည်းလမ်းများ❓
Study tips Part -2


3.Admin Maple ၏
Bio ကိုဘယ်လိုပြန်နွှေးရမလဲ။ ❓


4. Admin Maple
Biology ကိုဘယ်လိုကျက်ရမလဲ။


5. Admin Kelly ၏ စကားသံများ

6. Admin Maple ၏ နှစ်ဝက်ကျော်တာနဲ့ မိမိကိုယ်မိမိ ပထမဆုံးလုပ်သင့်တဲ့အရာ‼️

7. Admin Kelly ၏ မိမိကိုယ်မိမိဆန်းစစ်နည်း


#StudywithK2 #adminteam
@studywithK2
🤣3🍓3❤1😭1
Admin Jet က ဘာတင်ပေးရမလဲ ကလေးတို့ လိုအပ်တာလေးမန့်မှာပြောပေးနော်😭
#studywithK2
❤8🤣3
မင်္ဂလာပါကလေးတို့
မင်မင်ကတော့ Admin Jet ပါ
မင်မင်ရဲ့စာလုပ်ပုံလေးတွေကိုပြောပြမယ်နော်🫶

မြန်မာစာကိုတော့ မနက်ဘက် တစ်နာရီလောက်အချိန်ပေးစေချင်တယ်
မြန်မာစာအတွက်ဆို မနက်ဖက်ဖတ်ရတာ ပိုမှတ်မိလွယ်တယ်လေ
အများဆုံးကျက်ရတာလဲမြန်မာစာပဲလေတစ်နေ့တစ်ပုဒ်ပုံမှန်ဖတ်သွားစေချင်ပါတယ်


English ကတော့ initial တွေအတွက်ဆို paragraph တွေပုံမှန်ဖတ်ပေးပါနာရီဝက်လောက်ဆိုရပါတယ် Grammar နဲ့ read the passage ကိူတော့ နည်းနည်းနဲ့ပူံမှန်လေ့ကျင့်စေချင်တယ်🫶


သင်္ချာက တော့ လုံးဝကို လွှတ်ထားလို့မရပါဘူး
သင်ပြီးသမျှစာတွေကို ကိုယ်တိုင်အလွတ်တွက်ကြည့်ရမယ်

Chemistry ကတော့ စာပိုဒ်ဖတ်မယ် နားလည်အောင်ကြည့်ရမယ်
တွက်ပုံတွက်နည်းလေးတွေကိုသေချာမြင်သာအောင်ကြည့်ပါ
Definition ကပလွတ်မဖတ်နိုင်ရင် တစ်မှတ်တန်အတွက်ဖတ်ထားမယ်
Review နဲ့ exercise တွေအပိုင်ကြည့်ထားရင်အဆင်ပြေမှာပါ
Organic ကအရေးကြီးဆုံးနဲ့ အမှတ်အများဆူံးရမဲ့အပိုင်းပေါ့


Physics ကတော့ စာပိုဒ်တွေဖတ်မယ် သူ‌ပေးထားတဲ့ concept လေးတွေနားလည်အောင်ကြည့်မယ်
တူရာစုတွက်မယ်‌ဆို အဆင်ပြေမှာပါ
Physics မှာ ယူနစ်နဲ့ ပုံသေနည်းက အဓိကပဲနော်



ဘောဂမှာတော့ တွက်စာနဲ့ အပုဒ်ကြီးတွေကျက်နိုင်ရင် ဂုဏ်ထူးကပြေးမလွတ်ပါဘူးနော်
Definition လေးလဲကျက်ထားပါ

မင်ဂျက်ပြောချင်တာဒါပါပဲ
#Adminjet
#studywithK2 studywithK2
❤22🤣3🍓1
ကလေးတို့ရေ မနက်ဖြန်ဆို ကလေးတို့အဖြေလွှာတွေကိုစ စစ်ကြပြီနော်။

အဲ့တော့ ကိုယ့်အဖြေလွှာကိုစစ်မဲ့ဆရာ၊ဆရာမတွေကို မေတ္တာပို့ပေးပါ၊ကုသိုလ်ကောင်းမှုတွေလုပ်ပေးပါ။

စာစစ်က တရားဝင် April 1 -12ရက်ထိစာစစ်ပါတယ်နော်။

အဲ့ဒါကလည်း ဟိုးဘိုးတော်ဘုရားလေးဘက်ထောက်တဲ့အချိန်ကစလို့ အစ်မတို့နှစ်အထိပါပဲ။

ဒီနှစ်မှစောပြီးစာစစ်တော့လည်းမြန်မြန်ပြီးတော့ကလေးတို့လည်း မြန်မြန်သိရတာပေါ။(တစ်ချို့တစ်ချို့တွေ ဒီနေ့စစ်တယ်ပြောကြလို့ပါ။)

အစ်မတို့ကျောင်းက တီချယ်တွေကတော့ April 1 ရက်နေ့ကပြီး G-12စာစစ်ဝင်မယ်လို့ပြောသွားတာပါ။

ဆိုတော့ As you like ပါပဲ ကလေးတို့။

ဘယ်နေ့ပဲစ စစ် ကိုယ်ကတော့ တီချယ်တွေကို မေတ္တာပို့ပါ။ကိုယ့်ခုံနံပါတ်ကိုစစ်ရတဲ့တီချယ်တွေ စိတ်ချမ်းသာသာနဲ့စာစစ်နိုင်မှ ကလေးတို့လည်း အမှတ်ကောင်းမှာပါ။

#StudywithK2 #AdminMaple
🍓25❤17🤣3🏆1
တီချယ်တွေက စာစစ်မဲ့ တက္ကသိုလ်တွေဆီ မနက်၇နာရီအရောက်သွားရတာပါ။ ညနေ ၅နာရီကျော်၆နာရီလောက်မှ ပြန်လာရတာဖြစ်လို့ အဲ့ အချိန်အတောအတွင်းမှာ ကိုယ်က ဆရာ၊ဆရာ‌မတွေကို မေတ္တာပို့ပေးပါ။

(အချိန်တွေက နှစ်တိုင်းစာစစ်လိုက်တဲ့တီချယ်တွေနဲ့ စာစစ်အမြဲပါတဲ့ တက္ကသိုလ်က တီချယ်တွေပြောပြထားတာပါ။)

#AdminMaple #StudywithK2
🍓43❤29🤣3
အခု Grade 12 တတ်မယ့်ကျောင်းသားများအတွက် အကြံပေးချက်✍️
၁။ ကိုယ်ပိုင်ကျောင်း/ကျူရှင်တတ်မယ်ဆိုရင် နှစ်စကတည်းက ကိုယ်နဲ့အဆင်ပြေတာရွေးချယ်ပါ။
၂။ အထူးထုတ်စာအုပ်တွေ အများကြီးမဝယ်ပါနဲ့။
၃။ Self Control & Time management ကောင်းပါစေ။
၄။ အပေါင်းအသင်း မမတ်ပါနဲ့။
၅။ တစ်နေ့စာတစ်နေ့ လုပ်ပါ။
၆။ ရပြီးသားစာတွေကို ခဏခဏပြန်နွေးပါ။
၇။ လိုင်းပေါ်ကအာသီးဂျင်းဆရာကြီးများ စကားတွေနားမယောင်ပါနဲ့။
Please open Telegram to view this post
VIEW IN TELEGRAM
❤39☃8🤣2❤‍🔥1
Study with K2 pinned «Study with K2 မှ တင်ပေးဖူးသော Topic များ Myanmar📖 မြန်မာစာဂုဏ်ထူးယူနည်း အပိုင်း-၁ မြန်မာစာ ဂုဏ်ထူးယူနည်း အပိုင်း-၂ မြန်မာစာ စာစီစာကုံးနှင့်ပတ်သတ်သော သိကောင်းစရာများ (စိုးမြန်မာ) ဆရာစိုးလွင်(စိုးမြန်မာ)၏ စာမေးပွဲအတွက်လေ့လာစရာများ English📜 Practice…»
#Enrollလုပ်ပေးသည့် ကိုယ်ပိုင်ကျောင်းများ၊စာသင်ဝိုင်းများကို ပြင်းပြင်းထန်ထန် အရေးယူတော့မည်။
==========================

မိမိတို့မြို့နယ်၏ မြို့နယ်ပညာရေးမှူး၊ခရိုင်ပညာရေးမှူးများမှ မဟုတ်ဘဲ အခြားခရိုင်များမှသော်လည်းကောင်း၊အခြားတိုင်းနဲ့ပြည်နယ်များမှသော်လည်းကောင်း စစ်ဆေးရေးအဖွဲ့များမှ

တစ်နှစ်လျင် အနည်းဆုံး (၄)ကြိမ် ရှောင်တခင် ဝင်ရောက်စစ်ဆေးတော့မည်။

1️⃣ကျောင်းသား/သူ အမှန်တကယ် တက်ရောက်ခြင်း ရှိ/မရှိ၊
2️⃣အခန်းဆုံးစာမေးပွဲများမှ အဖြေလွှာများ အစုံအလင် ရှိ/မရှိ
3️⃣ဆရာအင်အားလောက်ငမှုရှိမရှိ။ green card ရှိ/မရှိ။ အမည်ငှါးကာ အခြားလူမှသင်ကြားခြင်း ရှိ၊မရှိ
4️⃣အတန်းကျော်လက်ခံထားခြင်း၊ 3နှစ်ကျော် ကျောင်းမနေခဲ့သော
ကလေးများ လက်ခံထားမှု ရှိ/မရှိ
5️⃣CDMဝန်ထမ်းခန့်ထားခြင်းများရှိ/မရှိ

စသည့်ကိစ္စများအပါအဝင်
6️⃣Enroll(ငွေယူထားပြီး ကျောင်းသားစာရင်းသွင်းလိမ်လည်ကာ လူမရှိဘဲ အတန်းကျော်ခြင်း)လုပ်ထားမှုကို ဖော်ထုတ်နိုင်သည့် အခြားကိစ္စရပ်များကိုပါ စစ်ဆေးမည်ဟု သိရပါသည်။



တွေ့ရှိပါက ကျောင်း/စာသင်ဝိုင်းအား(ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်း) ပိတ်သိမ်းခြင်း၊Enrollကျောင်းသား/သူ၏ ဖြေဆိုခွင့်/အတန်းအား ပယ်ဖျက်ခြင်း၊ကျောင်းတည်ရှိရာ မြို့နယ်မှ ပညာရေးမှူး၊ခရိုင်ပညာရေးမှူးများအား ပြင်းထန်စွာ အရေးယူခြင်း ပြုလုပ်ပါမည်။
ထို့အပြင် အခြေခံပညာကျောင်းများတွင် အဆိုပါ Enrollလုပ်ထားသည်များ ရှိ/မရှိ၊ ကျောင်းခေါ်ကြိမ်အား မသမာမှုပြုလုပ်ထားခြင်း၊ သီတင်းကျွတ်နောက်ပိုင်းတွင် အခြေခံပညာကျောင်းများ၌ Grade 12 ကျောင်းသား/သူများ ကျောင်းမတက်ကြခြင်း၊ ဆရာ/ဆရာမများမှ ကျူရှင်သင်ကြားပြီး မေးခွန်းပေးခြင်းစသည့်ကိစ္စများ ပေါ်ပေါက်ပါက ကျောင်းအုပ်ကြီးနှင့်တကွ ပြုလုပ်သူ ဆရာ/ဆရာမကိုပါ အရေးယူမည်ဟု သတင်းရရှိပါသည်။
❤3🤣1
စာလာတယ်ဗျို့💌

၂၀၂၇ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို ဖြေဆိုကြမယ့် မောင်လေး၊ ညီမလေးများ သို့ 👥

အခုမှ ဧပြီလလောက်ပဲရှိသေးတာမို့ အများကြီးတွေးစရာလည်းမလိုသေးဘူး၊ စိတ်ပူစရာလည်း မလိုသေးဘူးနော် 😮‍💨

ပုံမှန်လေးပဲ တစ်ရက်စာတစ်ရက်၊ တစ်ပတ်စာတစ်ပတ်၊ တစ်ခန်းစာစီလောက်ပဲ လုပ်သွားရင်ရတယ်နော်

ဒီလိုအလေ့အကျင့်လေးတွေကလည်း ဒီညလုပ်မနက် ရတာမျိုးမဟုတ်ဘူး အကျင့်ဖြစ်ဖို့ဆို အချိန်ပေးရတယ် ဒါကြောင့် အခုထဲက တစ်ရက်စာပုံမှန်လုပ်တဲ့ အကျင့်ကို မွေးမြူသွားပါ

🫣 တစ်ရက်စာတစ်ရက် လုပ်ချင်း၏အကျိုးကျေးဇူးများ 👉

- စာများကို သူများထက် ပိုနားလည်ခြင်း
- long-term memory အတွက် အကျုံးဝင်ခြင်း
- စာမေးပွဲနားနီးရင် စာပိခြင်းမှ ကင်းဝေးခြင်း၊ မပင်ပန်းခြင်း
- နားမလည်တာများ ပေါ်လာလျှင်လည်း နောက်ရက်တွင် ဆရာ့ကို ချက်ချင်းပြန်မေးနိုင်ခြင်း
- နောက်ရက်တွေ စာလုပ်ရန်လည်း စိတ်အားထက်သန်ခြင်း

🎁 လက်ဆောင် - (ဆရာက သင်တန်းမှာ ရှင်းပြလိုက်ရင် ဦးနှောက်ထဲ 50%ပဲရောက်တယ်တဲ့ အိမ်ရောက်တာနဲ့ တန်းပြန်ဖတ်လိုက်ရင်တော့‌ နောက် 50% ရောက်ပြီး 100% ပြည့်တယ်တဲ့) 😲

အေးဆေးလေးပဲ လုပ်သွားပါ အရမ်းတော့မအေးဆေးနဲ့ပေါ့
[Start with consistency]

#adminkelly #studywithK2
❤34🍓8❤‍🔥1🤣1
အားလုံးပဲမင်္ဂလာပါ ဆရာကတော့ ဆရာဟိန်းပဲဖြစ်ပါတယ် ။ကလေးတို့ကိုဆရာကဗဟုသုတဖြစ်ဖွယ်စာတွေ စာလေ့လာရမှာအထောက်အကူဖြစ်မယ့်Study tipsလေးတွေပါမျှဝေပေးသွားမှာပါ ။

#SirHein
#Studywithk2
❤20🍓6
Something is Coming soon on.……🙊

#Adminteam
#StudywithK2
❤20🤣1
ကလေးတို့ရေ bioမှာမှတ်ရတာခက်တဲ့အပုဒ်ရှိကြလား ရှိရင် commentမှာရေးသွားပါဦး ဆရာကလေးတို့ကိုပညာဒါနပေးချင်လို့ပါ
#SirHein
#StudywithK2
❤21🍓4
အခြေခံပညာအတန်းများ၏ စာမေးပွဲအောင်စာရင်းများကို မေလ ၁၄ ရက်နေ့တွင် ထုတ်ပြန်မည်

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် အခြေခံပညာအတန်းအသီးသီး၏ နှစ်ဆုံးစစ်ဆေးခြင်း စာမေးပွဲအောင်စာရင်းများကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထုတ်ပြန်မည့်ရက် - ၂၀၂၆ ခုနှစ်၊ မေလ (၁၄) ရက်
နေ့ရက် - ကြာသပတေးနေ့
ကြည့်ရှုနိုင်မည့်နေရာ - သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် ကပ်ထားပေးမည် ဖြစ်ပါသည်။

ကျောင်းသား၊ ကျောင်းသူများအားလုံး စိတ်အေးချမ်းသာစွာဖြင့် ထူးထူးချွန်ချွန် အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

[ မှတ်ချက်- Grade 12 မပါဝင်ပါ။ ]
❤15
လူ့သဘာဝအရ အစ်မတို့ဟာ တစ်ခါမှ မရင်းနှီးတဲ့အရာတွေကို ကြောက်တတ်ကြတယ်



Wait wait wait 🫸🫸🫸
What's going on?
ဒီအစ်မ study channel မှာ ဘာတွေလာပြောနေတာလဲဟ။🧐
စာအကြောင်းပဲပြောမှာပါ ရင်းနှီးခွင့်မရှိတဲ့ ခွက်လေး အကြောင်းမဟုတ်ရပါဘူး😭

တစ်ချို့သော ကျောင်းသူ၊ သား တွေက သင်္ချာတွေဆိုလည်း တစ်ခါမှချမတွက်ဘဲ၊ အင်္ဂလိပ်စာဆိုရင်လည်း past paper တွေ exercise တွေကို တစ်ခါမှ practice မလုပ်ဘဲ exam hall ထဲမှာ အေး"ဆေး"ဖြေနိုင်ကြမယ်လို့ ထင်နေကြတာပဲ

Let me give you an example

သင်္ချာကို တစ်ခါမှ လေ့ကျင့်တဲ့အနေနဲ့ အကြမ်းချမတွက်ဖူးဘူး၊ တစ်ခါလောက်ပဲတွက်ဖူးတယ်၊ သင်တုန်းက ကူးရေးထားတာလောက်ဘဲ ရေးဖူးတယ်၊ မျက်လုံးနဲ့ပဲကြည့်တယ်၊ လေထဲမှာပဲတွက်တယ်၊ စိတ်ထဲမှာပဲတွက်တယ် ပြီးတော့စာမေးပွဲသွားဖြေတယ် စာဖြေခန်းထဲမှာ ကိုယ်ကြည့်ခဲ့တဲ့အတိုင်း ချရေးနိုင်မယ်ထင်နေလား not exactly 💯

အဆင့်တစ်ဆင့် တွက်ဖို့တောင် လက်ကမတွက်ရဲဘူး၊ စိတ်ကတွန့်ဆုတ်နေမယ်၊ ခဲတံကိုင်ပြီး အဖြေလွှာနောက်ဆုံးကိုသွားပြီး အရင်အကြမ်းခြစ်ကြည့်နေမယ်

ဒါတွေဟာ ဘာလို့လဲ🤔
အဖြေက။ ။ -တစ်ခါမှ မလုပ်ဖူးလို့ပဲ
-မရင်းနှီးနေလို့ပဲ
-ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးသွားနေလို့ပဲ

"လုပ်ဖူးမှ လုပ်ရဲတာပါ"

ဒါဟာ ပုံမှန်လိုပဲ စဉ်းစားကြည့်
*ရေခဲမုန့်ဆိုင်မှာ စားနေကျ favour မရှိဘဲ တစ်ခြားအသစ်တစ်ခုပဲရှိနေရင် စားကြည့်ဖို့အတွေးမရှိဘဲ လှည့်ထွက်လာတာမျိုးပေါ့"
*မစားကြည့်ဘူးတဲ့အသစ်ဆိုတော့ ကောင်းပါ့မလားမသိဘူးဆိုပြီး မစားကြည့်ချင်ဘူး

!!!ကျွန်တော်၊မ ကတော့ ဘာလာလာစားတယ်ဆိုတဲ့ အစားသရဲလေးတွေကိုတော့မဆိုလိုဘူးနော် ခဏပါးစပ်ပိတ်ပြီး ဆက်ဖတ်

တစ်ခါမှ မလုပ်ဖူးတော့၊ မစားဖူးတော့ မလုပ်ရဲဘူး၊ မစားရဲဘူး ကြောက်နေတယ် မှန်ပါ့မလားဆိုတဲ့စိတ်၊ ကောင်းပါ့မလားဆိုတဲ့စိတ်တွေ influence ဖြစ်နေတယ်

ဒါ့ကြောင့် များများအကြမ်းတွေ‌တွက်ပါ လေ့ကျင့်ပါ ‌ချရေးကြပါ ဒါဆို အစ်မတို့ဦးနှောက်က ထပ်တလဲလဲ လုပ်ဖူးနေတဲ့အရာတွေက ကြောက်ဖို့မကောင်းဘူး၊ အန္တရာယ်မရှိဘူး လို့မှတ်ယူသွားတယ် နင်လုပ်နေတာတွေဟာ မှန်တယ်ဆိုတဲ့ self-confident တွေရှိလာတယ်

ထိပ်ဆုံးက စာကိုပြန်ဆက်ရရင် ရင်းနှီးသွားတော့ မကြောက်တော့ဘူးပေါ့

ရင်းနှီးဖို့ကလည်း practice ရှိမှရမှာ experience ရှိမှရမှာ လုပ်ဖူးမှရမှာပါ

ဒါကြောင့်ပဲ အလုပ်တွေလျှောက်တဲ့အခါ experience ရှိတဲ့လူကိုပဲ ခန့်ချင်ကြတာပေါ့

နိဂုံးချုပ်ရရင် (လုပ်ဖူးမှလုပ်ရဲတာပါ) ဒါလေးကိုမှတ်ထားပါ

Practice makes perfect 😉

#adminkelly #studywithK2
❤32🍓3❤‍🔥1
Essay ကိုဝုန်းဒိုင်းဆိုပြီးရေးလို့မရပါဘူး မင်းကအဆင့်ဆင့်သွားဖို့လိုတယ်
First step : Sentence structure
Second: Link with Grammar
Third: Compound with your idea

#SirHein
#StudywithK2
🍓8❤3
Essay writing tipsလေးတွေပြောပြမယ်နော် 👀
#SirHein
#StudywithK2
❤9❤‍🔥1
How to write a good essay?👀
ကျောင်းသားတိုင်းessay လို့ပြောရင် ဘောပင်ကိုကိုင်ပြီး လက်တန်းရေးချဖို့တွန့်ဆုတ်နေကြပါတယ်
အဲ့တာဘာကြောင့်လည်း?🧐

First:Explore new vocabs associated with your essay (မင်းရေးမယ့်essayနဲ့ပတ်သက်တဲ့vocabတွေလိုက်လေ့လာပါ စာရေးတတ်ချင်တဲ့သူဟာ သုံးစရုစကားလုံးပျောက်နေရင် အ နေတာနဲ့တူပါတယ် အဲ့တော့ ဥပမာ မင်းက education နဲ့ပတ်သက်တာရေးမယ်ဆိုပါစို့ 🤔
အဲ့တာဆို မင်းအရင်ဆုံးလုပ်ရမှာက အဲ့ခေါင်းစဉ်နဲ့ပတ်သက်တဲ့vocabsတွေလိုက်ရှာပြီးမှတ်ပါ)

Second: Sentence structure
(စာကြောင်းတည်ဆောက်ပုံ)

မင်းကစာတော့ရေးချင်ပါရဲ့ subject verb object place time manner reason တွေကိုစနစ်တကျမထားတတ်ရင် ရေးတဲ့စာက အကွပ်မရှိတဲ့တောင်းလိုပရမ်းပတာနိုင်သွားပါလိမ့်မယ် အဲ့တော့ မင်းမှာဘာရှိဖို့လိုမလည်းဆိုတော့ စာကြောင်းကောင်းကောင်းတည်ဆောက်‌နိုင်တဲ့skillရှိရပါမယ်

Third: Thinking with your mother tongue (မိမိဘာသာစကားနဲ့တွေးခေါ်ပါ)
စာကြောင်းတည်ဆောက်နိုင်ပြီဆိုရင် မင်းကတွေးခေါ်ခြင်းဆီသွားဖို့လိုပါပြီ တစ်ချို့သူတွေပြောကြပါတယ် အဂ်လိပ်လိုမရေးတတ်ဘူး မရေးတတ်ဘူးဆိုပြီး အဲ့တော့ဘာလုပ်မလည်း မင်းရဲ့အားသာချက်ဖြစ်တဲ့ မြန်မာဘာသာစကားကိုကြိုးစားပြီးသုံးပါ တွေးခေါိ်ပါ ပြီးရင် မင်းရှာဖွေထားတဲ့vocabတွေနဲ့ရိုးရှင်းတဲ့sentenceတွေတည်ဆောက်ပါ

Fourth:Link with Grammar
(သဒ္ဒါနဲ့ပြန်ညှိပါ)

သဒ္ဓါမတတ်စာမတတ်ဆိုတဲ့အ‌တိုင်း မင်းရေးမယ့်အကြောင်းရာက လက်ရှိကာလလား အနာဂတ်လား အတိတ်ကအရာလား သိအောင်လုပ်ပါ ပြီးရင် grammar‌နဲ့စာကြောင်းလှအောင်ပြန်ပြုပြင်ပါ grammar သုံးလေ အမှတ်ရလေပါပဲ

Five: Link with Idioms
ဒါကတော့ဂုဏ်ထူးတန်းပါချင်သူတွေအတွက်ပါ idomsလေးတွေလက်လှမ်းမှီသလောက်လေ့လာပြီးစာကြောင်းနဲ့ပေါင်းပေးပါ

ဒါတွေသိရင်တော့မင်းကessayဆိုတဲ့ကဏ္ဍကြီးကိုရဲရဲကြီးကျော်ဖြတ်နိုင်ပါပြီ ကျော်ဖြတ်ရာမှာအဆင့်ကျော်ရင် ခြေကျော်ကျမှာပါပဲ အောင်မြင်ကြပါစေ❤️
#StudywithK2
#SirHein
❤18❤‍🔥4
ဆရာမက သင့်ကို တစ်ခန်းလုံးရှေ့မှာ နမူနာအနေနဲ့ သုံးပြတဲ့အထိရောက်အောင် ကြိုးစားလိုက်စမ်းပါ

Study until the teachers use you as an example.

#adminkelly #studywithK2
❤21
⚡Essay ရေးရင် သိရမယ့် Do and Don't

ဆရာဟိန်းက how to write an essay အကြောင်းပြောသွားတာကို အစ်မက နည်းနည်း ထပ်ကွန့်ပေးချင်လို့ပါ

1. Do not use short forms.
For example:

There is ✅ (not There's)
Do not ✅ (not don't)
Cannot ✅ (not can't)
Going to ✅ (not gonna)
Want to ✅ (not wanna)
Etc.

2. Avoid using the pronoun "I".
Instead, use "we".

3. Vocabulary - Repetition makes the examiner bored. Try to use similar words and learn those from the dictionary on the phone.

4. Don't copy from the passages in your textbook if the essay topic is related to the textbook.

#adminkelly
#studywithK2
❤14
𝗦𝘁𝘂𝗱𝘆 𝗪𝗶𝘁𝗵 𝗞2 𝗖𝗵𝗮𝗻𝗻𝗲𝗹 မှာရှိကြတဲ့ကလေးတို့ အားလုံး သာယာတဲ့နေ့လေးဖြစ်ပါစေလို့ ဆရာက ပထမဆုံး ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။

ဆရာကတော့ မကြာသေးခင်ကမှ channel ကိုရောက်ရှိလာတဲ့ Sir Hein ပဲဖြစ်ပါတယ်။

ဒီနေ့မှာ ဆရာတို့ရဲ့ Channel ကနေမကြာခင် ပြုလုပ်ပေးမဲ့ Summer ပညာဒါနအတန်းလေးရှိကြောင်း ကလေးတို့ကို ပြောပြချင်လို့ပါ။

ဒီပညာဒါနအတန်းလေးမှာဆိုရင် ကလေးတို့အတွက် ဘာသာရပ်အသီးသီးကို သက်ဆိုင်ရာ Admin တစ်ယောက်ချင်းစီကနေ သင်ကြာပေးသွားမှာဖြစ်ပါတယ်။

အဲ့လိုသင်ကြားပေးတဲ့အခါမှာလည်း ဆရာတို့ရဲ့ ကိုယ်ပိုင် notesတွေနဲ့သင်ကြားပေးမှာဖြစ်တဲ့အပြင် ဘာသာရပ်တစ်ခုချင်းစီအတွက်ကိုလည်း သတ်မှတ်ထားတဲ့ course တစ်ခုအပြတ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဒါလေးကတော့ တစ်ခြား Admin တွေလာမပြောခင် ဆရာကဦးအောင်ကြိုပြီးတော့ကလေးတို့ကို ပြောပြထားတာပါ။

ကျန်ရှိနေသေးတဲ့ Summer ပညာဒါန အတန်းအကြောင်းလေးကို နှစ်သစ်မှာ ရင်ခုန်၊စိတ်လှုပ်ရှားစွာနဲ့ စောင့်ပေးပါဦးလို့ ဆရာကပြောချင်ပါတယ်။

အားလုံးပဲ သာယာပျော်ရွှင်ဖွယ်ကောင်းသော မြန်မာ့နှစ်သစ်ကူးအချိန်အခါသမယကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်။

#StudywithK2 #SirHein
#Summer_Free_Class
❤14🕊4