Study with K2
1.58K subscribers
1.08K photos
31 videos
193 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
မေးထားသူများအတွက်ပါ

Grade 11 ဖြေဆိုထားပြီး Grade 12 ကြိုတင်လေ့လာထားလိုသူများ လေ့လာထားလို့ရပါတယ်။ နောက်နှစ် သင်ရိုးမပြောင်းသေးပါ။

@adminteam
❤10❤‍🔥7🍓2
Study with K2
https://t.me/studywithK2/1437 အစ်မတို့ ဒီ poll လေးကို ရပ်နားလိုက်ပါမယ်နော်။ အစ်မတို့ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးက စာမေးပွဲတွေဖြေပြီးသွားရင် စိတ်လှုပ်ရှားစရာ webinar လေးတစ်ခုနဲ့ ပြန်လာခဲ့ပါမယ်။ အဲ့အခါကျရင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေပြီးသွားတဲ့ ကလေးတွေအတွက်ပါ…
နီးလာပြီနော်

ရင်ခုန်နေပြီလား…

#adminteam
#StudywithK2
❤12❤‍🔥3
What should you do after Grade 12?


ကယ် အစ်မကို အမေးများတဲ့မေးခွန်းလေးတွေပေါ့နော်

ဘာလုပ်ရမလဲ။?
ဘာလုပ်လို့လုပ်ရမလဲ မသိဘူး။?
အကြံပေးပါဦးမမ

စသည်ဖြင့်လာမေးကြတယ်။

အဲ့တော့ မမက မမတုန်းကဘာတွေလုပ်ခဲ့လဲဆိုတာလေးတွေနဲ့ အခုလို တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေပြီးသွားတဲ့ ကလေးတွေအနေနဲ့ ဘာလုပ်ရမလဲဆိုတာလေးတွေ အကြံပြုပေးသွားပါမယ်။

မမတို့တုန်းက ၂၁ရက်နေ့မှ စာမေးပွဲပြီးတာဆိုတော့ မမက စာမေးပွဲပြီးပြီးချင်း ၂၅ ရက်နေ့လောက်လည်းကျရော Admin Kelly နဲ့ ရုပ်ရှင်သွားကြည့်ပါတယ်။

ဘာလို့လဲဆို တစ်နှစ်လုံး ပင်ပန်းခဲ့သမျှကို စိတ်ပြေလက်ပျောက်သွားပြီး အပန်းဖြေပါတယ်။ကျောင်းပြီးတဲ့အရသာကို အပြည့်အဝခံစားလိုက်ပါတယ်။

နောက်တော့ မမက အေးအေးချမ်းချမ်း လေးနေချင်ခဲ့တာမို့ April (1)ရက်နေ့ကနေ (12)ရက်နေ့ အထိ တရားစခန်းသွားဝင်ပါတယ်။
တစ်ယောက်တည်းသွားရတာ အားမရလို့ မင်းတို့ Admin Kelly ကိုပါ အဆစ်ရအောင်ခေါ်သွားတာပါ။

ဘာလို့ အစ်မက April ၁ရက်နေ့က ၁၂ရက်နေ့အထိ တရားစခန်းဝင်တာလဲဆို အဲ့နေ့တွေ့မှာ ဆရာ၊ဆရာမတွေက အဖြေလွှာတွေကို စစ်ဆေးနေလို့ပါပဲ။

အဲ့တော့ အဖြေလွှာ စစ်တဲ့ဆရာ၊ဆရာမတွေကို မေတ္တာပို့ပေးပါ။ကိုယ်တိုင်ကလည်း ကုသိုလ်ကောင်းမှုတွေလုပ်ပေးပါ။


ဒါကတော့ အစ်မ စာမေးပွဲဖြေဖြေပြီးချင်းလုပ်ခဲ့တဲ့အရာလေးတွေပေါ့။နောက်တော့လည်း အစ်မတို့အိမ်မှာ အိပ်လိုက်၊စားလိုက်၊ဖုန်းပွတ်လိုက်၊ tiktok ကြည့်လိုက်၊ မင်းတို့တွေကိုပညာဒါနအတန်းတွေဖွင့်ပေးလိုက်နဲ့ပဲ တက္ကသိုလ်တက်တဲ့အချိန်ကိုရောက်သွားတာပါပဲ။

အဲ့ဒါလေးတွေက အစ်မဖြတ်သန်းခဲ့တာပေါ့။

မင်းတို့ကို အစ်မက အကြံပေးရမယ်ဆို

No-1အချက်က အပြင်သင်တန်းတွေတက်ပါ။
ကိုယ်က ဘာသာစကားအသစ်တစ်ခုသင်ချင်တာလား။ကိုယ့် English level ကို မြှင့်ချင်တာလား စတဲ့ ကိုယ်စိတ်ကူးထားတဲ့အတိုင်းပုံဖော်ကြည့်ပါ။

ဘာသာစကားလေ့လာတဲ့အခါမှာလည်း ကိုယ်က ဂျပန်စာလေ့လာချင်တာလား။တရုတ်စာလေ့လာချင်တာလားစတဲ့ ကိုယ်စိတ်ဝင်စားရာကိုရွေးတက်ပါ။

ဘာသာစကားကိုလေ့လာတဲ့အခါမှာ ကိုယ်တကယ်စိတ်ဝင်စားမှလေ့လာပါ။ကိုယ့်အမိဘာသာစကားကိုလေ့လာရတာမဟုတ်တော့ ကိုယ်သာတကယ်စိတ်မဝင်စားရင် အဲ့ဘာသာစကားက ကိုယ့်အတွက်ခက်ခဲနေမှာပါပဲ။

ဘာသာစကားသင်တန်းကို အပြင်မှာ in-person နဲ့တက်မှအဆင်ပြေမဲ့သူတွေကအပြင်မှာတက်ပါ။တကယ်လို့ ကိုယ်က အွန်လိုင်းပေါ်ကနေပဲ လေ့လာချင်တယ်ဆို YouTube လိုနေရာမျိုးမှာလည်းလေ့လာလို့ရသလို တစ်ခြားတွေမှာလည်း free class လေးတွေရှိပါတယ်။

တကယ်လို့ free class ကိုဘယ်မှာတက်လို့တက်ရမလဲမသိရင်အစ်မဆီလာမေးပါ။

✨နောက်တစ်ခုက အပြင်စာမေးပွဲတွေကိုဖြေမယ်လို့စဉ်းစားထားတဲ့ကလေးတွေရှိပါလိမ့်မယ်။

ဥပမာ- IELTS လိုစာမေးပွဲမျိုး၊နောက်ပြီး LCCIတို့ACCAတို့လိုမျိုးဖြေမယ်လို့စဉ်းစားရင် အခုကတည်းက joinထားပါ။နောက်ပြီး skillတစ်ခုခုကိုတတ်မြောက်လုပ်ထားပါ။ guitar တို့ဘာတို့အတီးသင်ချင်တဲ့သူကသင်ထားပါ။computerတက်ချင်တဲ့သူကလည်းတက်ထားပါ။

🙋🏻
ဒီမှာအစ်မ ကြော်ငြာလေးတစ်ခုဝင်ချင်ပါတယ်။အဲ့ဒါက LCCIတက်မယ်လို့ စိတ်ကူးထားတဲ့ကလေးတွေ အစ်မဆီမှာ အပြင်ထက်အများကြီး ဈေးသက်သာတဲ့ အတန်းလေးရှိပါတယ်။ဒါကကြော်ငြာပါ။

တစ်ချို့ကလေးတွေကျ private university တက်မယ်လို့စိတ်ကူးထားရင် အခုကတည်းက တက်လို့ရပါပြီနော်။ government university တွေကိုတက်ပြီးမှ ငါနဲ့အဆင်မပြေနိုင်ဘူး ဆိုတာထပ် ကိုယ့်မိဘကတတ်နိုင်ရင် private university ကိုလည်း တစ်ချက်စုံစမ်းထားပါ။(ဒါက ကိုယ်ကအမှတ်နည်းမယ်လို့ထင်ရင်ပေါ့)

ကယ်ဒီတော့ အစ်မ နိဂုံးချုပ်ပြောချင်တာ
သင်တန်းတက်ချင်တဲ့သူလေးတွေ တက်ကြပါ။အိမ်မှာနေမဲ့ကလေးတွေကလည်း မိဘအပေါ်တတ်နိုင်သမျှကူညီပေးလိုက်ပါ။

အပြင်အလုပ်တော့ အခုအချိန်မှာ (အိမ်အခြေအနေအခက်အခဲကြောင့်ကလွဲရင်)လုံးဝထွက်မလုပ်ပါနဲ့။အစ်မတော့အားမပေးပါဘူး။❌

သိချင်တာရှိသေးရင် comment မှာဝင်မေးလို့ရပါတယ်။💬

#Maple
#StudywithK2
❤27
ကယ်ကလေးတို့ရေ
မမတို့ကတိပေးထားတဲ့အတိုင်း Webinar လေးလာပါပြီ။

ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်မျှော်နေတဲ့ webinar လေးမှာ ကိုယ်မေးချင်တဲ့မေးခွန်းလေးတွေကို တစ်ခါတည်းကြိုတင်ပြင်ဆင်လာဖို့ ဒီကမမက တိုက်တွန်းချင်ပါတယ်။

G-12နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကိုသာ ဒီ webinar လေးမှာ ဦး‌စားပေးပြောပြပေးမှာဖြစ်လို့ တက္ကသိုလ်တွေနဲ့ပတ်သတ်တဲ့အကြောင်းတွေမေးမြန်းခြင်းသည်းခံပေးပါနော်။‼

ဪဒါနဲ့ သူငယ်ချင်းတွေရှိရင်လည်း share ပေးလိုက်ပါဦးနော်။

ဘာလို့လဲဆို sharing is caring 🙆🏻

ဒါဆိုရင်တော့ See you on Sunday

Bye👋🏻

#StudywithK2
#adminteam
❤16❤‍🔥1
ပညာဒါနအတန်းလေးဖွင့်ရမလား။
Final Results
89%
ဖွင့်ပေးပါ
11%
မဖွင့်နဲ့
❤4
အစ်မတို့အခြေအနေအရပ်ရပ်ကြောင့် webinar လေးစောလုပ်ပေးပါမယ်။

#adminteam #StudywithK2 @studywithK2
❤12🍓2
Live stream started
Title - How to prepare for matriculation examination.

Speaker- Admin Maple

Link - https://t.me/studywithK2?livestream=056340cfc44995ef47

#adminteam #StudywithK2
@studywithK2
❤10
Live stream finished (32 minutes)
Live stream started
Live stream finished (5 minutes)
မောင်လေးတို့ညီမလေးတို့ရေ မမတို့အားနာပါတယ် မမတို့ Livestream ကဘာဖြစ်တယ်မသိ owner ဘက်ကပဲ ဖွင့်လို့ရနေတော့ တစ်ခြား admin တွေဝင်ဖို့ နည်းနည်း အခက်တွေ့နေလို့

မမတို့ အစီစဉ်ပြောင်းလိုက့်ပါ့မယ်ရှင့်

ကျန်တဲ့ admin တွေကို သူတို့ပြောချင်တဲ့ အကြောင်းရာလေးတွေကို စာတင်ခိုင်းလိုက်ပါ့မယ်

ဒါဆို အခု Livestream ဝင်ဖို့ မအားတဲ့ကလေးတွေလည်း အားတဲ့အချိန် ပြန်ဖတ်လို့ရတာပေါ့နော်

အယောက်စေ့တိုင်းစီကို မမတို့ အနေနဲ့ ရစေချင်တဲ့သဘောပါရှင့်

ဆိုတော့ စောင့်မျှော်ပေးပါအုံးရှင့်

#adminteam #studywithK2
@studywithK2
❤‍🔥12❤5
အစ်မတို့ webinar လေးကိုမတက်လိုက်ရတဲ့ကလေးတွေအတွက် record သဘောမျိုး စာပြန်ရေးပြီးတင်ပေးပါ့မယ်။


#Maple #StudywithK2
@studywithK2
❤‍🔥6❤3
အားလုံးပဲ မင်္ဂလာပါရှင့်
မမကတော့ study with K2 channel ရဲ့ admin Kelly ပဲဖြစ်ပါတယ်ရှင့်
အရင်ရက်က မမဘက်က လိုင်းအခြေနေကြောင့်ရော Livestream ကဖွင့်မရ ဖြစ်နေတာကြောင့်ရော အဆင်မပြေတော့ မမလည်း ဝမ်းနည်းမိသွားပြီး ကလေးတွေအားလုံးအဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားပြန်တော့ zoom ခေါ်ရင်လည်း အားတဲ့သူမအားတဲ့သူ ရှိနေတော့ အယောက်စေ့တိုင်းက ငါပေးချင်တဲ့ message တွေရော ရပါ့မလား တွေးမိရင်း အခုလို စာတင်လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ် ဒါဆို ကလေးတို့အားလုံး မည်သူမဆို သိနိုင်ပြီမို့လေ။

ဒါပေမယ့် တစ်ခုတော့ပြန်ရှိပြန်တာပေါ့ စာကျတော့ ပြောတာနဲ့မတူဘဲ အရှည်ကြီးလိုတော့ဖြစ်နေမှာပေါ့ ဒါပေမယ့်လည်း တကယ်လိုတဲ့သူ ဖတ်တဲ့သူရမှာပေါ့ မဖတ်တော့လည်း မရဘူးပေါ့လို့ပဲ ဖြေသိမ့်လိုက်ပါတယ်။

ဒါဆို မမပြောမယ့် စာတွေကို အောက်မှာ တင်ပေးပါမယ် အခုစာနဲ့တင် ရှည်နေပြီဆိုတော့လေ။

#Kelly #studywithK2
@studywithK2
❤14🤗3
မမက (၂) ပိုင်းပြောသွားပါ့မယ်

ပထမက mindset ဒုတိယက စာလုပ်နည်း ပါ

မမက မောင်လေးတို့ညီမလေးတို့ကို မမအခုပြောတာတွေကို လက်ခံရမယ် လိုက်လုပ်ရမယ်ဆိုပြီး မပြောပါဘူးကိုယ့်ရဲ့ဦးနှောက်နဲ့စဉ်းစားပြီး လက်ခံသင့်မခံသင့် လိုက်လုပ်သင့်မသင့် စဉ်းစားပါ why? ဦးနှောက်ရှိတဲ့ လူတွေလေ

သို့ပေမယ့် ဒီတစ်ချက်ကိုတော့ မမအနေနဲ့ မောင်လေးတို့ ညီမလေးတို့ကို လက်ခံပါလို့ပြောချင်တယ် ဘာလဲဆိုတော့ အခုလက်ရှိ မောင်လေးတို့ညီမလေးတို့ထဲမှာ G12 ကို မိဘကတက်ခိုင်းလို့သာတက်နေရတာမျိုး တက်တာတက်နေတယ် ဘာလို့တက်နေရတယ်ဆိုတာ မသိတာမျိုး ရည်ရွယ်ချက်မရှိတဲ့သူတွေ ဆိုရင်ပေါ့ မမပြောမယ့် mindset မျိုးကို အခုပဲ ဒီစာဖတ်ပြီးတာနဲ့ သွင်းလိုက်ပါလို့

သွင်းရမယ့်စိတ်က လိုချင်စိတ်ပါ ဘာလိုချင်တာလဲ စာမေးပွဲအောင်ချင်တာ ဂုဏ်ထူးပါချင်တာ အမှတ်ကောင်းချင်တာ အဲ့ဒီစိတ်ပါ ဖြစ်ချင်စိတ်လို့ပြောလည်းရပါတယ် လူဆိုတာကလေ လိုချင်စိတ်မရှိဘဲ လုပ်ရင် မိဘက ဘယ်လောက် ကျောင်းကောင်း ကျူရှင်ကောင်းထားပါစေ မရဘူးနော် ကိုယ်တိုင်က လိုချင်စိတ်မရှိနေရင် အဆင်မပြေဘူး

လိုချင်စိတ်နောက်မှာ စာလုပ်ချင်စိတ်ပါ ကပ်ပါလာတယ် ဒါဆို အလိုလို စာလုပ်ဖြစ်သွားရော

✓လိုချင်စိတ်ရှိပြီးလုပ်ပါလို့ ပြောချင်ပါတယ်

#Kelly#studywithK2
❤23
စာလုပ်နည်းကတော့ မမအခု တက္ကသိုလ်ရောက်မှ သုံးဖြစ်တဲ့နည်းလေးပါ G12 တုန်းကသာ လုပ်ဖြစ်ခဲ့ရင် ကောင်းမှာပဲလို့ နောင်တလေးတောင်ရမိတယ်

အဲ့တာက ဘာလဲဆိုတော့ ရေးကျက်တာပါ ရိုးရှင်းတယ်နော် အားလုံးလည်းသိပြီးသားပဲ ဒါမယ့် မမ G12 တုန်းက မလုပ်ခဲ့ဘူး အချိန်ကုန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒါမယ့် အဲ့အချိန်ကုန်တာကလေ တန်တယ် ဦးနှောက်က မမှတ်မိပေမယ့် လက်ကမှတ်မိနေတာမျိုး အဲ့တော့ ချရေးကြပါ ၁ခါမှားရင် ထပ်ရေး ၂ခါမှားသေးလည်းထပ်ရေး စင်းလုံးချော မှန်တဲ့ထိရေးပါလို့ လက်ကအကျင့်ဖြစ်သွားအောင်

ပြီးတော့ စာကိုနားလည်မှ ကျက်ပါ မမလေ g12 တုန်းက bioတွေကို နှုတ်တိုက်ကျက်ခဲ့တာ နားလည်အောင်မလုပ်ဘူး အရမ်းနောင်တရတာပဲ ‌စာမေးပွဲအခန်းထဲ စာမေ့သွားရင် အရမ်းတိုင်ပတ်တာပဲ ဘာလုပ်ရမယ်မသိတာ နားလည်ထားရင် လက်တန်းရေးလို့ အမှတ်ရမယ်ပြောတာမဟုတ်ဘူး ရေရှည်အတွက် အကျိုးများလို့ တစ်ချို့တွေရှိပါတယ် စာမေးပွဲကဖြင့် နောက် ၁လ ၂လနေ‌ေဖြ‌ေတာ့မယ် အသစ်လိုပြန်ကျက်နေရတုန်းပဲ အဲ့ဒါသူ ဘာမှနားမလည်ဘဲကျက်ခဲ့လို့ နားလည်ပြီးကျက်ပါကလေးတို့

ဒါဆို နားလည်အောင် ဘယ်လိုကျက်ရမလဲ

စာက ၃ ပိုဒ်ရှိတယ်ဆို တစ်ပိုဒ်ဆီပဲ အရင် ဖတ်မယ် ကိုယ့်ဟာကို နားလည်အောင် ဆရာရှိတဲ့သူဆိုလည်း ဆရာရှင်းပြီးသားကို ကိုယ့်ဘာသညပြန်ဖတ်ကြည့်မယ် ပြီးရင် စာအုပ်ကိုပိတ် ကိုယ့်ဘာသာတစ်ယောက်ထဲပြောကြည့် ဒါမှမဟုတ် သူများကိုရှင်းပြနေသလိုမျိုး စာထဲကအတိုင်း စာကြောင်းတွေရွတ်ခိုင်းတာမဟုတ်ဘူး စကားပြောသလိုပဲ သူ့ထဲကစာလုံးတွေ တစ်ချို့ဟာတွေ ယူပြောလို့ရတယ် ပြီးမှ ကိုယ်သေချာနားလည်ပြီဆိုမှ စာအုပ်ဖွင့် အဲ့တစ်ပိုဒ် ကျက်နောက်ပိုဒ်တွေလည်းအဲ့လိုပဲ

ဆိုတော့ အကျဉ်းချုပ်ရရင် ရေးကျက်ပါ နားလည်ပြီးမှကျက်ပါ

#Kelly #studywithK2
❤38
Study with K2 မှ တင်ပေးဖူးသော Topic များ

Myanmar📖



မြန်မာစာဂုဏ်ထူးယူနည်း
အပိုင်း-၁


မြန်မာစာ ဂုဏ်ထူးယူနည်း
အပိုင်း-၂


မြန်မာစာ စာစီစာကုံးနှင့်ပတ်သတ်သော သိကောင်းစရာများ (စိုးမြန်မာ)

ဆရာစိုးလွင်(စိုးမြန်မာ)၏ စာမေးပွဲအတွက်လေ့လာစရာများ

English📜


Practice essay

အင်္ဂလိပ်စာ သိကောင်းစရာ

အင်္ဂလိပ်စာ ဂုဏ်ထူးယူနည်း

Essay types by Tr ဝင်းသိင်္ဂီရွှေ(ဂျိုးဖြူ)

Essay ရေးရာမှာ ပိုအကျိုးရှိစေမဲ့ စကားလုံးများ

English အတွက်သိကောင်းစရာများ

Mathematics🧮


Maths ရဲ့ concept ကိုဘယ်လိုနားလည်အောင်လုပ်ရမလဲ❓

သင်္ချာဖြေနည်း

Chemistry🧪



Chemistry short question
Chapter -3(ဂျိုးဖြူ)


Chemistry short question
Chapter -1,2,4(ဂျိုးဖြူ)



Physics🔭



Physics tips by Dr Vince
Part -1


Physics tips by Dr Vince
Part -2


Grade-12Physics Ch-7
Teaching Guide questions

Grade-12 Physics
Chapter-7
Details questions


Grade-12 Physics
Chapter -8
Details questions


Formula for chapter 1 to 5

Formula for chapter 6 to 10

Formula for chapter 11 and 12

Dr.K 's 3hr question (ဂျိုးဖြူ)

Biology 🧫


Chapter -1
မေးခွန်းချဉ်းကပ်လေ့လာခြင်း
Part -1


Economics

Eco ကိုအိပ်ပြီးဂုဏ်ထူးယူလို့ရမယ့် နည်းလမ်း

Coming Soon…

#adminteam #StudywithK2
@studywithK2
❤8🤣3
Study tips

1. Admin Kelly ၏စာကျက်နည်း
Study tips Part-1


2.Admin Kelly ၏တစ်ရက်ကိုစာဘယ်နှစ်နာရီလုပ်ရမလဲ နှင့် အခြားစာကျက်ခြင်းဆိုင်ရာနည်းလမ်းများ❓
Study tips Part -2


3.Admin Maple ၏
Bio ကိုဘယ်လိုပြန်နွှေးရမလဲ။ ❓


4. Admin Maple
Biology ကိုဘယ်လိုကျက်ရမလဲ။


5. Admin Kelly ၏ စကားသံများ

6. Admin Maple ၏ နှစ်ဝက်ကျော်တာနဲ့ မိမိကိုယ်မိမိ ပထမဆုံးလုပ်သင့်တဲ့အရာ‼️

7. Admin Kelly ၏ မိမိကိုယ်မိမိဆန်းစစ်နည်း


#StudywithK2 #adminteam
@studywithK2
🤣3🍓3❤1😭1
Admin Jet က ဘာတင်ပေးရမလဲ ကလေးတို့ လိုအပ်တာလေးမန့်မှာပြောပေးနော်😭
#studywithK2
❤8🤣3
မင်္ဂလာပါကလေးတို့
မင်မင်ကတော့ Admin Jet ပါ
မင်မင်ရဲ့စာလုပ်ပုံလေးတွေကိုပြောပြမယ်နော်🫶

မြန်မာစာကိုတော့ မနက်ဘက် တစ်နာရီလောက်အချိန်ပေးစေချင်တယ်
မြန်မာစာအတွက်ဆို မနက်ဖက်ဖတ်ရတာ ပိုမှတ်မိလွယ်တယ်လေ
အများဆုံးကျက်ရတာလဲမြန်မာစာပဲလေတစ်နေ့တစ်ပုဒ်ပုံမှန်ဖတ်သွားစေချင်ပါတယ်


English ကတော့ initial တွေအတွက်ဆို paragraph တွေပုံမှန်ဖတ်ပေးပါနာရီဝက်လောက်ဆိုရပါတယ် Grammar နဲ့ read the passage ကိူတော့ နည်းနည်းနဲ့ပူံမှန်လေ့ကျင့်စေချင်တယ်🫶


သင်္ချာက တော့ လုံးဝကို လွှတ်ထားလို့မရပါဘူး
သင်ပြီးသမျှစာတွေကို ကိုယ်တိုင်အလွတ်တွက်ကြည့်ရမယ်

Chemistry ကတော့ စာပိုဒ်ဖတ်မယ် နားလည်အောင်ကြည့်ရမယ်
တွက်ပုံတွက်နည်းလေးတွေကိုသေချာမြင်သာအောင်ကြည့်ပါ
Definition ကပလွတ်မဖတ်နိုင်ရင် တစ်မှတ်တန်အတွက်ဖတ်ထားမယ်
Review နဲ့ exercise တွေအပိုင်ကြည့်ထားရင်အဆင်ပြေမှာပါ
Organic ကအရေးကြီးဆုံးနဲ့ အမှတ်အများဆူံးရမဲ့အပိုင်းပေါ့


Physics ကတော့ စာပိုဒ်တွေဖတ်မယ် သူ‌ပေးထားတဲ့ concept လေးတွေနားလည်အောင်ကြည့်မယ်
တူရာစုတွက်မယ်‌ဆို အဆင်ပြေမှာပါ
Physics မှာ ယူနစ်နဲ့ ပုံသေနည်းက အဓိကပဲနော်



ဘောဂမှာတော့ တွက်စာနဲ့ အပုဒ်ကြီးတွေကျက်နိုင်ရင် ဂုဏ်ထူးကပြေးမလွတ်ပါဘူးနော်
Definition လေးလဲကျက်ထားပါ

မင်ဂျက်ပြောချင်တာဒါပါပဲ
#Adminjet
#studywithK2 studywithK2
❤22🤣3🍓1
ကလေးတို့ရေ မနက်ဖြန်ဆို ကလေးတို့အဖြေလွှာတွေကိုစ စစ်ကြပြီနော်။

အဲ့တော့ ကိုယ့်အဖြေလွှာကိုစစ်မဲ့ဆရာ၊ဆရာမတွေကို မေတ္တာပို့ပေးပါ၊ကုသိုလ်ကောင်းမှုတွေလုပ်ပေးပါ။

စာစစ်က တရားဝင် April 1 -12ရက်ထိစာစစ်ပါတယ်နော်။

အဲ့ဒါကလည်း ဟိုးဘိုးတော်ဘုရားလေးဘက်ထောက်တဲ့အချိန်ကစလို့ အစ်မတို့နှစ်အထိပါပဲ။

ဒီနှစ်မှစောပြီးစာစစ်တော့လည်းမြန်မြန်ပြီးတော့ကလေးတို့လည်း မြန်မြန်သိရတာပေါ။(တစ်ချို့တစ်ချို့တွေ ဒီနေ့စစ်တယ်ပြောကြလို့ပါ။)

အစ်မတို့ကျောင်းက တီချယ်တွေကတော့ April 1 ရက်နေ့ကပြီး G-12စာစစ်ဝင်မယ်လို့ပြောသွားတာပါ။

ဆိုတော့ As you like ပါပဲ ကလေးတို့။

ဘယ်နေ့ပဲစ စစ် ကိုယ်ကတော့ တီချယ်တွေကို မေတ္တာပို့ပါ။ကိုယ့်ခုံနံပါတ်ကိုစစ်ရတဲ့တီချယ်တွေ စိတ်ချမ်းသာသာနဲ့စာစစ်နိုင်မှ ကလေးတို့လည်း အမှတ်ကောင်းမှာပါ။

#StudywithK2 #AdminMaple
🍓25❤17🤣3🏆1