Study with K2
1.58K subscribers
1.08K photos
31 videos
193 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် အရေးကြီးအချက်များ

၁။ အချိန်နှင့် စာမေးပွဲဌာန
မိမိဖြေဆိုရမယ့် နေ့ရက်နဲ့ ဘာသာရပ်ကို သေချာဂရုပြုပါ။
စာမေးပွဲမစတင်မီ အချိန်စောစွာ စာစစ်ဌာနသို့ ရောက်ရှိအောင် သွားပါ။

၂။ ကျန်းမာရေးနှင့် နေထိုင်မှု
စာမေးပွဲကာလအတွင်း ကျန်းမာရေးကို အထူးဂရုစိုက်ပါ။ (နေမကောင်းဖြစ်ပါက ကြိုးစားသမျှ အချည်းနှီး ဖြစ်တတ်ပါသည်။)
ညလုံးပေါက် စာကျက်ခြင်းကို ရှောင်ကြဉ်ပြီး အိပ်ရေးဝဝ အိပ်ပါ။
အစားအသောက်နှင့် အနေအထိုင်ကို ဆင်ခြင်ပါ။

၃။ စာမေးပွဲဖြေဆိုစဉ် လိုက်နာရန်
မေးခွန်းစာရွက်ရလျှင် အရင်ဆုံး အစဆုံးဖတ်ပါ။ မိမိအပိုင်နိုင်ဆုံး မေးခွန်းကို အရင်ရွေးချယ်ဖြေဆိုပါ။
မေးခွန်းတစ်ခုတည်းမှာ အချိန်အများကြီး မပေးပါနဲ့။ ခက်ခဲနေပါက ကျော်ထားပြီး နောက်မှ ပြန်ဖြေပါ။
Scientific Calculator ကို ကျွမ်းကျင်စွာ အသုံးပြုတတ်အောင် လေ့ကျင့်ထားပါ။
ယူနစ် (Unit) များ၊ ကိန်းဂဏန်းတွက်ချက်မှုများကို အထူးဂရုစိုက်ပါ။

၄။ ပတ်ဝန်းကျင်နှင့် မိဘများ
မိဘနှင့် ဆရာများအနေဖြင့် ကျောင်းသားများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန် ဝိုင်းဝန်းကူညီပေးကြပါ။
ဆူညံသံများကြောင့် စာမေးပွဲဖြေဆိုသူများ အနှောင့်အယှက်မဖြစ်အောင် သက်ဆိုင်ရာက ကာကွယ်ပေးသင့်သည်။

💡 အကြံပြုချက်
စာမေးပွဲဖြေဆိုပြီးပါက ပြီးခဲ့သောဘာသာရပ်အတွက် စိတ်မပူဘဲ နောက်နေ့ဖြေရမယ့် ဘာသာရပ်ကိုသာ အာရုံစိုက် ပြင်ဆင်ပါ။

ပါမောက္ခဒေါက်တာသန့်စင်
❤17🫡1
G12 တွေ နောက်နေ့ ဖြေရတော့မယ်။

ဘာလုပ်ရမှန်းမသိတဲ့သူတွေအတွက် Myanmar To Do List (Before Final) လေးပါ။

ကိုယ့် Plan အတိုင်းရှိလည်း လုပ်လို့ရပေမယ့် ဒါက ပိုစနစ်ကျစေချင်လို့ပါ။🥰

ဒီတစ်နှစ်က AAEC ရဲ့ တိုးတက်မှုပြောင်းလဲမှု တစ်ခု ဖြစ်ခဲ့သလို ဒီစာသင်နှစ်ရဲ့ ကျောင်းသားလေးတွေကိုလည်း တစ်ထောင့်တစ်နေရာကနေ အထောက်အကူပြုနိုင်ခဲ့မယ်လို့ မျှော်လင့်ပါတယ်ဗျ။

စာမေးပွဲရက်လေးအတွင်းလည်း တစ်ခုခု အကျိုးရှိအောင် ကူညီပေးချင်ပါတယ်။✨

အားလုံး ကံကောင်းကြပါစေ၊ တစ်လုံးမကျန်ဖြေဆိုနိုင်ကြပါစေ။🥰
❤‍🔥28❤14🍓2
ကလေးတို့ရေ မနက်ဖြန်ဖြေမဲ့ မြန်မာစာကို အစပိုင်းက အပုဒ်တွေကို သေချာကြည့်သွားကြနော်။

#Maple
#studywithK2
❤28❤‍🔥4
ပေါ်နွေလလျှင်တို့
ညောင်ရမ်းကြီးသမီးတို့ ဖြစ်နိုင်တယ်လို့ အစ်မတော့ထင်တယ်🥹

အစ်မထင်တာကိုပြောတာနော်
တကယ်ပါမပါ အစ်မလည်းမသိ🙊

#Maple
#studywithK2
❤55❤‍🔥4🍓2
မြန်မာစာ တစ်မှတ်တန်ကို မျိုးတူရာ စုမှတ်ကြမယ်။

၁။ ကင်္ကသူရဲ့ ခမည်းတော်ဟာ နရပတိစည်သူမင်း ဖြစ်ပြီး နတ်ရှင်နောင်ရဲ့ ခမည်းတော်ဟာ မင်းရဲသီဟသူ ဖြစ်တယ်။

၂။ ရှင်မဟာသီလဝံသရဲ့ ခေတ်ပြိုင်စာဆိုဖက်က ရှင်မဟာရဋ္ဌသာရ ဖြစ်ပြီး မောင်းထောင်ဦးကျော်လှရဲ့ ခေတ်ပြိုင်စာဆိုဖက်က ဦးဉာဏ်ကျယ် ဖြစ်တယ်။

၃။ မောင်ခင်မင် (ဓနုဖြူ) ရဲ့ နေရပ်လိပ်စာက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်း စန္ဒာမြိုင်ကွန်ဒိုနေအိမ် ဖြစ်ပြီး တက္ကသိုလ်တောသားရဲ့ နေရပ်လိပ်စာက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ၃ ရပ်ကွက် ရတနာလမ်း အမှတ် ၁၃ နေအိမ် ဖြစ်တယ်။

၄။ သစ္စာနှင့်ပညာ စကားပြေဟာ ဝတ္ထု အမျိုးအစား ဖြစ်ပြီး မလုပ်မစား စကားပြေဟာ ဝတ္ထုတို အမျိုးအစား ဖြစ်တယ်။

၅။ ပီမိုးနင်းဟာ ၁၈၈၃ ခုနှစ် နိုဝင်ဘာလ ၅ ရက်မှာ မွေးဖွားပြီး တင်မောင်မြင့်ဟာ ၁၈၉၉ ခုနှစ် ဇွန်လ ၅ ရက်မှာ မွေးဖွားတယ်။ (၅ ရက်နေ့ချင်း တူတယ်။)

၆။ ပီမိုးနင်းဟာ ၁၉၄၀ ပြည့်နှစ် ဇန်နဝါရီလ ၆ ရက်မှာ ကွယ်လွန်ပြီး တင်မောင်မြင့်ဟာ ၁၉၄၂ ခုနှစ် ဇွန်လ ၆ ရက်မှာ ကွယ်လွန်တယ်။ (၆ ရက်နေ့ချင်း တူတယ်။)

၇။ ဦးဖေမောင်တင်ဟာ ၁၈၈၂ ခုနှစ် ဧပြီလ ၂၄ ရက်မှာ မွေးဖွားပြီး မောင်ခင်မင် (ဓနုဖြူ) ဟာ ၁၉၄၀ ပြည့်နှစ် ဇန်နဝါရီလ ၂၄ ရက်မှာ မွေးဖွားတယ်။ (၂၄ ရက်နေ့ချင်း တူတယ်။)

၈။ ပီမိုနင်းက တနင်္လာသား၊ ဦးဖေမောင်တင်က အင်္ဂါသား၊ ဗန်းမော်ညိုနွဲ့က ဗုဒ္ဓဟူးသား၊ စလေဦးပုညနဲ့ သခင်ကိုယ်တော်မှိုင်းက ကြာသပတေးသား၊ ဆရာဇော်ဂျီက ​​သောကြာသား ဖြစ်တယ်။

၉။ ဦးဖေမောင်တင်နဲ့ မင်းယုဝေဟာ ကြာသပတေးနေ့မှာ ကွယ်လွန်ကြတယ်။

၁၀။ စိန္တကျော်သူဦးဩနဲ့ နတ်ရှင်နောင်ဟာ
အသက် ၃၅ နှစ်မှာ ကွယ်လွန်ကြတယ်။

၁၁။ ပီမိုနင်းရဲ့ အမိအမည်က ဒေါ်စိန်နု ဖြစ်ပြီး ဇော်ဂျီရဲ့ အမိအမည်က ဒေါ်စိန်ညွန့် ဖြစ်တယ်။

၁၂။ ဗန်းမော်ညိုနွဲ့ရဲ့ အမိအမည်က ဒေါ်ရင် ဖြစ်ပြီး စလေဦးပုညရဲ့ အမိအမည်က ဒေါ်လှရင် ဖြစ်တယ်။ တက္ကသိုလ်တောသားရဲ့ အမိအမည်ကျတော့ ဒေါ်လှခြယ် ဖြစ်တယ်။

၁၃။ မင်းယုဝေရဲ့ အမိအမည်က ဒေါ်သင် ဖြစ်ပြီး တင်မောင်မြင့်ရဲ့ အမိအမည်က ဒေါ်သစ် ဖြစ်တယ်။

၁၄။ စိန္တကျော်သူဦးဩရဲ့ အဖအမည်က ဦးဇေယျ ဖြစ်ပြီး ဒဂုန်ဦးစန်းငွေရဲ့ အဖအမည်က ဦးအောင်ဇေယျ ဖြစ်တယ်။

၁၅။ ရှင်မဟာသီလဝံသရဲ့ ငယ်မည်က မောင်ညို ဖြစ်ပြီး သခင်ကိုယ်တော်မှိုင်းရဲ့ ငယ်မည်က မောင်လွန်း ဖြစ်တယ်။

၁၆။ ကမ္ဘာ့အလင်းကျမ်းကို ပီမိုးနင်း ရေးခဲ့ပြီး အဏုမြူသိပ္ပံကျမ်းကို ဦးဖေမောင်တင် ရေးခဲ့တယ်။

၁၇။ ပွဲစားကြီးသားအဖနှင့်မြမြ ဝတ္ထုရှည်ကို ပီမိုးနင်း ရေးခဲဲ့ပြီး နင်လားဟဲ့ချစ်ဒုက္ခနှင့် အခြားဝတ္ထုတိုများကို ဇော်ဂျီ ရေးခဲ့တယ်။

၁၈။ တောင်းတွင်းလာပျို့ကို ရှင်မဟာသီလဝံသ ရေးခဲ့ပြီး ဩဝါဒထူးပျို့ကို စိန္တကျော်သူဦးဩ ရေးခဲ့တယ်။

၁၉။ ရာဇဝင်ကျော် စကားပြေကို ရှင်မဟာသီလဝံသ ရေးခဲ့ပြီး ရာဇဝင်လင်္ကာကို စိန္တကျော်သူဦးဩ ရေးခဲ့တယ်။

၂၀။ တင်မောင်မြင့်၊ မောင်ခင်မင် (ဓနုဖြူ)၊ ဒေါက်တာကျော်စိန်၊ တက္ကသိုလ်တောသားတို့ဟာ တက္ကသိုလ်နည်းပြဆရာတွေ ဖြစ်ခဲ့ကြပြီး ဒဂုန်ဦးစန်းငွေ၊ သခင်ကိုယ်တော်မှိုင်း၊ မင်းယုဝေတို့ဟာ အယ်ဒီတာတွေ ဖြစ်ခဲ့ကြတယ်။

၂၁။ တင်မောင်မြင့်ဟာ ဒုတိယအတွင်းဝန် ဖြစ်ခဲ့ပြီး ဒေါက်တာကျော်စိန်ဟာ ပညာရေးဝန်ကြီး ဖြစ်ခဲ့တယ်။

၂၂။ စိန္တကျော်သူဦးဩဟာ ရွှေတောင်ရာဇကျော်ဘွဲ့နဲ့ စိန္တကျော်သူဘွဲ့ ချီးမြှင့်ခံခဲ့ရပြီး စလေဦးပုညဟာ မင်းလှသင်္ခယာဘွဲ့ ချီးမြှင့်ခံခဲ့ရတယ်။

၂၃။ စိန္တကျော်သူဦးဩဟာ ကျော်အောင်စံထားဆရာတော်ဘုရားထံ ပညာဆည်းပူးခဲ့ပြီး သခင်ကိုယ်တော်မှိုင်းဟာ ကျီးသဲလေးထပ်ဆရာတော်ဘုရားထံ ပညာဆည်းပူးခဲ့တယ်။

၂၄။ ရှင်မဟာသီလဝံသဟာ နတ်မှီးလင်းဆရာတော်ဘုရားထံ ပညာဆည်းပူးခဲ့ပြီး စလေဦးပုညဟာ တူမောင်းဆရာတော်ဦးဒီပနဲ့ ဗန်းမော်ဆရာတော်ဘုရားတို့ထံ ပညာဆည်းပူးခဲ့တယ်။

၂၅။ မင်းယုဝေ၊ မောင်ခင်မင် (ဓနုဖြူ)၊ ဇော်ဂျီ၊ ဗန်းမော်ညိုနွဲ့တို့ဟာ အမျိုးသားစာပေဆုတွေ ရရှိခဲ့ကြပြီး မင်းယုဝေ၊ မောင်ခင်မင် (ဓနုဖြူ)၊ ဇော်ဂျီ၊ တက္ကသိုလ်တောသားတို့ဟာ စာပေဗိမာန်ဆုတွေ ရရှိခဲ့ကြတယ်။

၂၆။ ခေတ်စမ်းမောင်ဟာ ဦးစိန်တင်ရဲ့ ကလောင်အမည် ဖြစ်ပြီး ဘားမားစန်းစန်းဟာ ဒဂုန်ဦးစန်းငွေရဲ့ ကလောင်အမည် ဖြစ်တယ်။

၂၇။ ဦးဖေမောင်တင်ရဲ့ ဘိုးတော်ဟာ မဟာသင်္ဃရာဇာ သာသနာပိုင် ဆရာတော်ဘုရားကြီး ဖြစ်ပြီး နတ်ရှင်နောင်ရဲ့ ဘိုးတော်ဟာ ဟံသာဝတီဆင်ဖြူများရှင်မင်းတရားကြီး ဖြစ်တယ်။

၂၈။ ဒေါက်တာကျော်စိန်ရဲ့ မွေးဇာတိဟာ ပဲခူးမြို့ ဖြစ်ပြီး ဇော်ဂျီရဲ့ မွေးဇာတိဟာ ဖျာပုံမြို့ ဖြစ်တယ်။

၂၉။ တင်မောင်မြင့်ရဲ့ မွေးဇာတိဟာ မော်လမြိုင်မြို့ မုပွန်နတ်ကျွန်းရပ်၊ ပီမိုးနင်းရဲ့ မွေးဇာတိဟာ သုံးဆယ်မြို့ ရွာမရပ်၊ ဦးဖေမောင်တင်ရဲ့ မွေးဇာတိဟာ အင်းစိန်မြို့ ပေါက်တောရပ် ဖြစ်တယ်။

၃၀။ မင်းယုဝေရဲ့ ဖခင် ဦးထွန်းဆိုင်ဟာ ကုန်သည်ကြီး ဖြစ်ပြီး ဦးဖေမောင်တင်ရဲ့ ဖခင် ဦးဖေဟာ ဝန်ထောက် ဖြစ်တယ်။

#Credittoowner
❤19🍓6🤗1
ဟေးး ကလေးတို့မနက်ဖြန် ဖြေရမဲ့ ဘာသာရပ်မှာ အကောင်းဆုံးဖြေဆိုနိုင်ပါစေ။


စိတ်အရမ်းမလှုပ်ရှားကြပါနဲ့။

စာစစ်ဌာနကိုစောစောသွားကြပါနော်။


#Maple
#studywithK2
❤36
မြန်မာစာကို လက်ရေးရှင်းရှင်းလေးရေးပါ။

လက်ရေးအရမ်းမပြောင်းပါစေနဲ့နော်။(လက်ရေးပြောင်းလွန်းရင် အစ်မလို အမှတ်တွေ ပြန်လျော့ခံရမယ်နော်🥹)

သပ်သပ်ရပ်ရပ်ဖြေခဲ့နော်။


စိတ်မလောကြနဲ့နော်

#Maple
#studywithK2
❤28
မြန်မာစာ အနီးကပ် 2.pdf
370.1 KB
အနီးကပ် လေ့ကျင့်လို့ရအောင် သီးသန့်ပါ။
အဖြေလေးလည်း ပါတော့။
❤9
ကလေးတို့ ညစောစောအိပ်ပါ မနက်ကျစောစောထပြီးတစ်မှတ်တန်လောက်ပြန်နွေးပါ

မနက်ကျောင်းမသွားခင် ဘုရားရှိခိုးဖို့မမေ့ပါနဲ့


လိုအပ်တဲ့ စာရေးကိရိယာတွေအကုန်ယူသွားပါ


❌❌❌မင်စို ၊မင်မဲနဲ့လုံးဝမဖြေပါနဲ့

စိတ်အေးအေးနဲ့ရသလောက်ဖြေခဲ့ပါ
သပ်သပ်ရပ်ရပ်ရှိဖို့သတိပြုပါ
စာလုံးပေါင်းကိုပီပီသသရေးပါ

အဆိုဆွေးနွေး သေချာပေါက် ၄ပိုဒ်
စာစီစာကုံး သေချာပေါက် ၅ပိုဒ်ဖြေပါ

မျဥ်းပိတ်ဖို့မမေ့ပါနဲ့

ဖြေဆိုခွင့်ကဒ်တွေ အသေအချာပါအောင်ထည့်ပါ

သွားလာရေးခရီးအတွက် ဆီတွေသေချာ​ရှိနေပါစေနော် လောလော"မလုပ်ပါနဲ့

စာမေးပွဲကာလအတွင်းမှာ သွားသတိ လာသတိ စားသတိနဲ့နေပါ


အားလုံးပဲကျန်းကျန်းမာမာနဲ့ အခက်အခဲမရှိ မေးခွန်းလွှာတိုင်းစိတ်အေးအေးနဲ့ဖြေနိုင်ကြပါစေရှင့်❤️🍀
❤74❤‍🔥12🍓2🤗2
ဒီနေ့ဖြေနိုင်ကြလားကလေးတို့

မဖြေနိုင်ရင်လည်း ကိစ္စမရှိဘူးနော်။

နောက်ဘာသာတွေကျန်သေးတာမို့လို့ စိတ်ဓာတ်မကျပါနဲ့ အားလုံးပဲ
ဖိုက်တင်း 💪🏻💪🏻

#Maple
#studywithK2
❤54🍓12❤‍🔥1
မေးခွန်းကတစ်စုံတည်းထွက်တာလားဟင်

#Maple
#studywithK2
❤‍🔥12❤6
ဒီနေ့ eng မေးခွန်းမှာလဲအခက်အခဲမရှိဖြေဆိုနိုင်ကြပါစေ
သေချာပြန်စစ်ဖို့လဲမမေ့ကြပါနဲ့ကလေးတို့
#jet
#studywithK2
❤‍🔥77❤55🍓16💘4🎉2🤝1
ဒီနေ့ရောဖြေနိုင်ကြလား

မနက်ဖြန်သင်္ချာအတွက် စိတ်အေးအေးထားတွက်သွားကြနော်ကလေးတို့။

#Maple
#studywithK2
🍓29❤6😭6
အဖြေမတိုက်ကြနဲ့နော်
😭35❤9🫡7🍓1
i-SEC: INFINITE SUCCESS EDUCARE CENTRE ( Exam Guide)

Grade12 တွေ စာမေးပွဲ သွားဖြေတဲ့ အခါ...

ပြင်ဆင်သွားရန်များ

1- စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (မမေ့မလျော့)ယူသွားပါ။
2- ထဘီ သို့မဟုတ် ပုဆိုးပဲ ဝတ်ရပါမယ်။
3- ဗေဒင်၊ ယတြာ အဆောင်တွေ စာဖြေခန်းထဲကို ယူလို့ မရပါ။
4- အင်္ကျီအိပ်ကပ် အများကြီးပါတဲ့ အင်္ကျီ မဝတ်ရပါ။
5- ဆံပင်နီကြောင်ကြား တရားလွန်သိသာတဲ့ ဆေးဆိုးထားတာမျိုး မရပါ။
6- မိန်းကလေးများ ဆံပင် စည်း ရပါမယ်။ (ဆံပင်ရှည်တဲ့ ယောက်ျားလေးများလည်း ဆံပင်စည်းရပါမယ်)။
7- အဖြူ၊ အစိမ်းသာ ဝတ်ရပါမယ်။
8- ကိုယ်ပိုင်ကျောင်း ယူနီဖောင်းက အဖြူ အစိမ်း မဟုတ်ရင် ဝတ်လို့မရပါ။
9- စာရေးကိရိယာ (ဘောပင်၊ ခဲတံ၊ ခဲဖျက်၊ ပေတံ စသည်) လုံလုံလောက်လောက် ယူသွားပါ။ ခဲတံ၊ ဘောပင်ထည့်အိတ် ယူလို့ မရပါ။( edit အိတ်အကြည်ရပါတယ်)
10- ဂဏန်းတွက်စက် (Calculator) ယူရင် အပြင်အဖုံးကို စာဖြေခန်းထဲ ယူသွားလို့ မရပါ။
11- ဖုန်း ယူမသွားပါနဲ့။ အပြင်မှာ ထားခဲ့ရလို့ ပျောက်နိုင်ပါတယ်။
12- ဖြေဆိုချိန်ဘယ်လောက်ရှိပြီလဲသိနိုင်ဖို့ လက်ပတ်နာရီပတ်သွားပါ။ (အတန်းတွင်း တိုင်ကပ်နာရီ ထားပေးမည်၊ နာရီယူခွင့်မပြုဟု ကြားထားပါသည်။ သို့သော် မသေချာလျှင် လိုရမယ်ရယူသွားပါ။)
13- မူးမော်တတ်သူဖြစ်လျှင် ရှုဆေးဘူး ယူသွားပါ။
14- ကျန်းမာရေး(အပေါ့၊ အလေးကိစ္စများ) ကြိုတင်ပြုလုပ်သွားပါ။
15- ကျောင်းသို့နာရီဝက်ခန့်စောစောသွား၍ ကျက်ထားသမျှ စာအားလုံးပြန်မွှေးပါ။

စာမေးပွဲခန်းတွင် ပြုလုပ်ရန်များ

1- ခုံနံပါတ်ကို အရင်ဆုံး တိကျပြတ်သားစွာ သတ်မှတ်ထာသောနေရာတွင် ထင်ထင်ရှားရှား
တပ်ပါ ။ ကျန်တာနောက်မှဆက်လုပ်ပါ။ ခုံနံပါတ် (လုံးဝ)လုံးဝ လွဲမတပ်မိပါစေနှင့်။
2- မေးခွန်းကို သေသေချာချာဖတ်ပြီးမှဖြေပါ။ (မေးခွန်းနဲ့အဖြေ လွဲဖြေမိတာတွေ အများကြီးရှိပါတယ်) မေးခွန်းလိုအပ်ချက်အရ ပေးမှတ်နှင့် ထိုက်တန်အောင်ဖြေဆိုရန်။ ပေးထားသော
အမှတ်က ဘယ်လောက်ဖိုး ပေးထားသသလဲဆိုတာလေးလဲ ကြည့်ပါ။
3- အဖြေမသေချာတဲ့ မေးခွန်းနံပါတ်တွေကိုချန်ထားခဲ့ပြီး ပိုင်နိုင်တာတွေကို အရင်စဖြေပါ။
မေးခွန်းအစဉ်လိုက် ဖြေစရာမလိုအပ်ပါဘူး။ ( မေးခွန်းနံပါတ်တပ်တာ မှန်ပါစေ )
4- အရမ်းစိတ်လောပြီး အမြန်ဖြေခြင်း၊ တစ်လုံးချင်းနှေးကွေးစွာဖြေခြင်း အစွန်းနှစ်ဖက်ရှောင်ပါ။

ဖြေဆိုပြီးလျှင်လုပ်ရန်

1- ခုံနံပါတ်တတ်ထား၊မထား၊ မှန်မမှန် သေချာအောင် အရင်ဆုံးပြန်စစ်ပါ။
2- ကိုယ်ရသမျှ အပုဒ်စေ့၊ ဖြေဆိုပြီးရဲ့လားပြန်စစ်ပါ။ ( ဖြေတတ်ရဲ့သားနဲ့မဖြေမိဘဲကျန်နေတတ်ခဲ့ပါ တယ်)

ရှောင်ကျဉ်ရန်များ

1- စာမေးပွဲခန်းဝင်ခါနီး သူများပြောတာတွေ နားမယောင်ပါနှင့်တော့။
2- Correction Pen (မှင်ဖျက်ဆေး) လုံးဝမသုံးရပါ ။
3- အခြားဖြေဆိုသူများထံမှ စာကူးချခြင်း(လုံးဝ)မလုပ်ပါနဲ့။
4- အခြားဖြေဆိုသူနှင့် အဖြေလွှာလဲလှယ်ခြင်း၊ မေးခွန်းလွှာလဲလှယ် (လုံးဝ)မလုပ်ပါနဲ့ ။
5- အခြားဖြေဆိုသူနှင့် တိုက်ရိုက်စကားမပြောပါနှင့်။ (ပစ္စည်းငှားရန်ရှိပါက၊ ပြောဆိုစရာရှိပါက၊ အတန်းစောင့် ဆရာ/ဆရာမ မှတစ်ဆင့်သာ ပြောပါ)
6- အတန်းစောင့်ဆရာ/ ဆရာမထံ ခွင့်မတောင်းဘဲ အတန်းအပြင်သို့ မထွက်ပါနဲ့။
7- အဖြေလွှာမအပ်ဘဲ အတန်းမှထွက်ခွာခြင်း (လုံးဝ)မပြုပါနှင့်။

*** စာမေးပွဲ ဖြေဆိုပြီးတဲ့အခါ ကျောင်းသားအများစုသည် အဖြေတိုက်တဲ့အကျင့် ရှိကြပါတယ်။ အကယ်၍ ကိုယ်ဖြေတဲ့အဖြေနဲ့ သူဖြေတဲ့အဖြေမတူညီတဲ့အခါ ငါမှားသလာဆိုပြီး စိတ်ဓာတ် ကျမှု၊ စိတ်ဖိစီးမှုများ ဖြစ်စေကာ နောက်နေ့ဖြေဆိုမည့် ဘာသာရပ်များအတွက် စိတ်ဓာတ် ခွန် အားများ ဆုံးရှုံးသွားစေနိုင်သဖြင့် ဖြစ်နိုင်လျှင် စာမေးပွဲပြီးဆုံးသည်အထိ အဖြေမတိုက်ပါနှင့်။

*** ညလုံးပေါက်စာကြည့်တာမျိုး လုဝ(လုံးဝ) ရှောင်ပါ။ အိပ်ရေးဝဝအိပ်ပါ။ စာပေးပွဲရက်အတွင်း တက်စာများအားလုံးရှောင်ပါ။

ဆရာရဲလေး ( Exam guide)
🍓7☃1
Forwarded from Grade 12 Success Hub
Textbook ပိုင်မှ
Old Qတို့
Sampleတို့ကိုင်ကြပါနော်
Conceptနားမလည်ရင်
ဟိုမရဒီမရမျောက်သစ်ကိုင်း
လွတ်နေဦးမှာပါ
Textကိုပဲအပီဖြိုလိုက်
ဒါဆိုအဆင်ပြေပြီး
#G12
❤22🤝3❤‍🔥2🍓2🏆1