Study with K2
1.59K subscribers
1.09K photos
31 videos
193 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
Grade - 12 Physics Formla

တစ်စုတစ်စည်းထဲ ပြန်လည်လေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။

ပညာရေး သတင်းလွှာ
❤1
စာမေးပွဲဖြေတဲ့အခါ အာရုံမလွင့်အောင် ဘယ်လိုလုပ်မလဲ?

၁။ မေးခွန်းကို အစအဆုံး အရင်ဖတ်ပါ
မေးခွန်းစာရွက်ရတာနဲ့ ချက်ချင်းအလုအယက် မဖြေပါနဲ့ဦး။ (၅) မိနစ်လောက် အချိန်ပေးပြီး မေးခွန်းတစ်ခုလုံးကို အရင်ဖတ်ပါ။ ဒါက ဦးနှောက်ကို "ငါ ဘာတွေဖြေရတော့မယ်" ဆိုတာ ကြိုတင်အချက်ပေးလိုက်တာဖြစ်လို့ အာရုံစူးစိုက်မှုကို မြှင့်တင်ပေးပါတယ်။

၂။ သိတာကို အရင်ဖြေပါ
မသိတဲ့မေးခွန်းမှာ အချိန်ကုန်ခံပြီး စဉ်းစားနေရင် စိတ်ပူပန်မှု (Panic) ဖြစ်လာပြီး အာရုံပျက်တတ်ပါတယ်။ ရေရေလည်လည် သိတာကို အရင်ဖြေလိုက်တဲ့အခါ "ငါဖြေနိုင်သားပဲ" ဆိုတဲ့ ယုံကြည်မှုကြောင့် စိတ်တည်ငြိမ်ပြီး အာရုံစိုက်ရတာ ပိုလွယ်ကူလာပါတယ်။

၃။ တစ်ကြိမ်မှာ မေးခွန်းတစ်ခုပဲ ကြည့်ပါ
မေးခွန်းနံပါတ် (၁) ကို ဖြေနေရင် နံပါတ် (၁၀) အတွက် ကြိုမပူပါနဲ့။ လက်ရှိဖြေနေတဲ့ စာကြောင်းပေါ်မှာပဲ အာရုံထားပါ။ တခြားမေးခွန်းတွေကို ခေတ္တမေ့ထားတာက အမှားအယွင်း နည်းစေပါတယ်။

၄။ အသက်ကို ပြင်းပြင်းရှူပါ (Deep Breathing)
ဖြေနေရင်း အာရုံလွင့်လာတာ ဒါမှမဟုတ် ရင်တုန်လာတာမျိုး ဖြစ်ရင် ခဏလေး နားလိုက်ပါ။ မျက်စိမှိတ်ပြီး အသက်ကို ပြင်းပြင်း (၃) ကြိမ်လောက် ရှူသွင်းရှူထုတ် လုပ်လိုက်ပါ။ ဒါက ဦးနှောက်ဆီ အောက်ဆီဂျင် ပိုရောက်စေပြီး အာရုံပြန်ရစေပါတယ်။

၅။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ပါနဲ့
ဘေးကသူတွေ စာရွက်တောင်းတာ၊ အမြန်ဖြေနေတာတွေကို လုံးဝကြည့်မနေပါနဲ့။ လူတစ်ယောက်နဲ့တစ်ယောက် စာဖြေပုံချင်း မတူပါဘူး။ ကိုယ့်စာရွက်နဲ့ ကိုယ့်ကလောင်အဖျားမှာပဲ အာရုံကို မြှုပ်နှံထားပါ။

အမှတ်တရ လက်ဆောင်စကား:
"စာမေးပွဲဆိုတာ အမှတ်တွေတင်မကဘူး၊ မင်းရဲ့ စိတ်ရှည်သည်းခံမှုကိုပါ စမ်းသပ်တာပါ။"
ဒီအချက်လေးတွေကို လိုက်နာရင် အာရုံစူးစိုက်မှု အပြည့်နဲ့ ဖြေဆိုနိုင်မှာ အသေအချာပါပဲ။

ဆရာမင်းခန့်နိုင်
(ကထိက၊ မြန်မာစာဌာန)


ပညာရေးသတင်းလွှာ
❤‍🔥10❤5
အမှတ်ပေးစည်းမျဉ်းနမူနာ
❤3
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် အရေးကြီးအချက်များ

၁။ အချိန်နှင့် စာမေးပွဲဌာန
မိမိဖြေဆိုရမယ့် နေ့ရက်နဲ့ ဘာသာရပ်ကို သေချာဂရုပြုပါ။
စာမေးပွဲမစတင်မီ အချိန်စောစွာ စာစစ်ဌာနသို့ ရောက်ရှိအောင် သွားပါ။

၂။ ကျန်းမာရေးနှင့် နေထိုင်မှု
စာမေးပွဲကာလအတွင်း ကျန်းမာရေးကို အထူးဂရုစိုက်ပါ။ (နေမကောင်းဖြစ်ပါက ကြိုးစားသမျှ အချည်းနှီး ဖြစ်တတ်ပါသည်။)
ညလုံးပေါက် စာကျက်ခြင်းကို ရှောင်ကြဉ်ပြီး အိပ်ရေးဝဝ အိပ်ပါ။
အစားအသောက်နှင့် အနေအထိုင်ကို ဆင်ခြင်ပါ။

၃။ စာမေးပွဲဖြေဆိုစဉ် လိုက်နာရန်
မေးခွန်းစာရွက်ရလျှင် အရင်ဆုံး အစဆုံးဖတ်ပါ။ မိမိအပိုင်နိုင်ဆုံး မေးခွန်းကို အရင်ရွေးချယ်ဖြေဆိုပါ။
မေးခွန်းတစ်ခုတည်းမှာ အချိန်အများကြီး မပေးပါနဲ့။ ခက်ခဲနေပါက ကျော်ထားပြီး နောက်မှ ပြန်ဖြေပါ။
Scientific Calculator ကို ကျွမ်းကျင်စွာ အသုံးပြုတတ်အောင် လေ့ကျင့်ထားပါ။
ယူနစ် (Unit) များ၊ ကိန်းဂဏန်းတွက်ချက်မှုများကို အထူးဂရုစိုက်ပါ။

၄။ ပတ်ဝန်းကျင်နှင့် မိဘများ
မိဘနှင့် ဆရာများအနေဖြင့် ကျောင်းသားများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန် ဝိုင်းဝန်းကူညီပေးကြပါ။
ဆူညံသံများကြောင့် စာမေးပွဲဖြေဆိုသူများ အနှောင့်အယှက်မဖြစ်အောင် သက်ဆိုင်ရာက ကာကွယ်ပေးသင့်သည်။

💡 အကြံပြုချက်
စာမေးပွဲဖြေဆိုပြီးပါက ပြီးခဲ့သောဘာသာရပ်အတွက် စိတ်မပူဘဲ နောက်နေ့ဖြေရမယ့် ဘာသာရပ်ကိုသာ အာရုံစိုက် ပြင်ဆင်ပါ။

ပါမောက္ခဒေါက်တာသန့်စင်
❤17🫡1
G12 တွေ နောက်နေ့ ဖြေရတော့မယ်။

ဘာလုပ်ရမှန်းမသိတဲ့သူတွေအတွက် Myanmar To Do List (Before Final) လေးပါ။

ကိုယ့် Plan အတိုင်းရှိလည်း လုပ်လို့ရပေမယ့် ဒါက ပိုစနစ်ကျစေချင်လို့ပါ။🥰

ဒီတစ်နှစ်က AAEC ရဲ့ တိုးတက်မှုပြောင်းလဲမှု တစ်ခု ဖြစ်ခဲ့သလို ဒီစာသင်နှစ်ရဲ့ ကျောင်းသားလေးတွေကိုလည်း တစ်ထောင့်တစ်နေရာကနေ အထောက်အကူပြုနိုင်ခဲ့မယ်လို့ မျှော်လင့်ပါတယ်ဗျ။

စာမေးပွဲရက်လေးအတွင်းလည်း တစ်ခုခု အကျိုးရှိအောင် ကူညီပေးချင်ပါတယ်။✨

အားလုံး ကံကောင်းကြပါစေ၊ တစ်လုံးမကျန်ဖြေဆိုနိုင်ကြပါစေ။🥰
❤‍🔥28❤14🍓2
ကလေးတို့ရေ မနက်ဖြန်ဖြေမဲ့ မြန်မာစာကို အစပိုင်းက အပုဒ်တွေကို သေချာကြည့်သွားကြနော်။

#Maple
#studywithK2
❤28❤‍🔥4
ပေါ်နွေလလျှင်တို့
ညောင်ရမ်းကြီးသမီးတို့ ဖြစ်နိုင်တယ်လို့ အစ်မတော့ထင်တယ်🥹

အစ်မထင်တာကိုပြောတာနော်
တကယ်ပါမပါ အစ်မလည်းမသိ🙊

#Maple
#studywithK2
❤55❤‍🔥4🍓2