Study with K2
1.59K subscribers
1.09K photos
31 videos
193 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
အကြိုလေ့ကျင့်လိုပါက
❤‍🔥4❤1
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း ဆူညံသံထွက်ပေါ်စေသည့် လုပ်ငန်းများနှင့် အသံချဲ့စက်များ ပိတ်သိမ်းထားရန် ညွှန်ကြား

၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက်

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ (၁၁) ရက်နေ့မှ (၁၇) ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံးတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အနှောင့်အယှက်မရှိ စာကြည့်နိုင်ရန်နှင့် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်အတွက် အောက်ပါအတိုင်း ကန့်သတ်ချက်များ ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

ပိတ်သိမ်းထားရမည့် လုပ်ငန်းများနှင့် ကာလ-
ကာလ: မတ်လ (၈) ရက်နေ့မှ (၁၇) ရက်နေ့အထိ။

လုပ်ငန်းများ: အရက်ဆိုင်၊ စင်တင်တေးဂီတဆိုင်၊ ကာရာအိုကေ (KTV) ဆိုင်၊ ဘိလိယက်ခုံများနှင့် အင်တာနက်ဂိမ်းဆိုင်များ။

အထူးသတိပေးချက်-
အဆိုပါကာလအတွင်း အသံချဲ့စက်များ အသုံးပြုခြင်းနှင့် ပတ်ဝန်းကျင်ကို ဆူညံမှုဖြစ်စေသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို တားမြစ်ထားပါသည်။
သတ်မှတ်ထားသည့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိဘဲ ဆူညံသံများ ဖြစ်ပေါ်စေပါက တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

မိဘပြည်သူများအနေဖြင့်လည်း နောင်တခေတ်၏ ကြယ်ပွင့်များဖြစ်ကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဝိုင်းဝန်းကူညီသောအားဖြင့် ဆူညံသံများမဖြစ်ပေါ်စေရန် ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

#MyanmarExam2026 #Education #UniversityEntrance #Notice
❤10❤‍🔥3
2026 Grade-12 ဇီဝဗေဒဘာသာရပ် အမှတ်ခွဲဝေမှု
❤‍🔥7
၂၀၂၆ ခုနှစ် Grade 12 Mathematics

လေ့ကျင့်ထားနိုင်ရန် အခန်းအားလုံး စုစည်းပေးထားပါတယ်။

ပညာရေး သတင်းလွှာ
Grade- 12 Physics ပုံဆွဲလေ့ကျင့်ရန်

တစ်စုတစ်စည်းထဲ ပြန်လည်လေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။