Study with K2
1.59K subscribers
1.09K photos
31 videos
193 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
G-12 (စနစ်သစ်) English အမှတ်ပေးစည်းမျဉ်းများနှင့် လမ်းညွှန်ချက်များ

စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများ အမှတ်မဆုံးရှုံးရအောင် အောက်ပါအချက်များကို အထူးသတိပြုစေလိုပါတယ် -

1️⃣ Initial Letter: Capital/Small letter မှားရင် (½) မှတ် လျှော့ပါတယ်။ Uncountable noun ကို 's' ပိုထည့်ရင် အမှတ်မရပါဘူး။

2️⃣ Grammar: မှားရင် (0) မှတ်ပါ။ (½) မှတ် မရှိပါ။ Not only...but also ကို အကြီးနဲ့စရင် Inversion သုံးပေးရပါမယ်။

3️⃣ Poem: မေးခွန်းဖြေတဲ့အခါ ကဗျာစာသားအတိုင်း ပြန်မကူးပါနဲ့။ မိမိဘာသာ စကားပြေ (Own words) နဲ့ ရေးမှ အမှတ်ပြည့်ရပါမယ်။

4️⃣ Seen Passage: Word form မပြောင်းဘဲ စာပိုဒ်ထဲကအတိုင်း ပြန်ကူးရင် (½) မှတ်ပဲ ရပါမယ်။

5️⃣ Unseen: Same meaning ရှာတဲ့အခါ စာလုံးပေါင်း လုံးဝမမှားပါစေနဲ့။

6️⃣ Dialogue: Box ထဲကအတိုင်း တိတိကျကျ ပြန်ကူးရပါမယ်။ ကိုယ့်သဘောနဲ့ကိုယ် "?" တွေ "s" တွေ ထည့်ခြင်း မပြုရပါ။

7️⃣ Letter: Format မှန်ရင် (၃) မှတ် စရပါမယ်။ Body မပါရင် အမှတ်မပေးပါ။

8️⃣ Essay: စာမျက်နှာ (၁ မျက်နှာခွဲ/၂ မျက်နှာ) ရေးသားပါ။ G-12 Level နဲ့ ဆီလျော်တဲ့ အသုံးအနှုန်း ဖြစ်ရပါမယ်။

ဒီအချက်တွေကို သေချာလေ့လာထားခြင်းဖြင့် အမှတ်ကောင်းကောင်း ရရှိနိုင်ကြပါစေ။
❤‍🔥11❤3🫡2
G12 အစိုးရစစ်စာမေးပွဲခန်းဝင်လျှင် သိထားသင့်သည့် စည်းကမ်းချက်များ

G12 စာမေးပွဲကြီးဖြေဆိုဖို့ ရက်ပိုင်းပဲ လိုတော့တာကြောင့် အဆင်ပြေပြေဖြေဆိုနိုင်အောင် အတွေ့အကြုံကောင်းများနှင့် လိုက်နာရန်အချက်များကို စုစည်းမျှဝေပေးလိုက်ပါတယ်။

(၁) စာမေးပွဲခန်းအတွင်း အခြေအနေ

စောင့်ကြပ်မှု: အခန်းတစ်ခန်းမှာ အခန်းစောင့်ဆရာမ (၂) ယောက် စောင့်ကြပ်မှာဖြစ်ပြီး အပြင်ဘက်တွင်လည်း (Round) တာဝန်ခံများ ရှိနေပါမည်။

စစ်ဆေးမှု: စာမေးပွဲခန်းမဝင်ခင်မှာ ဆရာ/ဆရာမများက ပစ္စည်းစစ်ဆေးမှုများကို စေ့စေ့စပ်စပ် ပြုလုပ်ပါလိမ့်မည်။

လူစုံမှု: အနယ်နယ်အရပ်ရပ်က ဆရာ/ဆရာမများနှင့် ကျောင်းပေါင်းစုံ၊ နေရာစုံမှ ကျောင်းသား/သူများ အတူတကွ တွေ့ကြုံရမည့် ပတ်ဝန်းကျင်ဖြစ်ပါသည်။

(၂) စာမေးပွဲဖြေဆိုခွင့်ကတ်

မူရင်းကတ်: မြန်မာစာဖြေသည့် ပထမဆုံးနေ့မှာတင် "မူရင်းကတ်" ကို သိမ်းဆည်းသွားပါမည်။

ယာယီကတ်: ၎င်းအစား ထုတ်ပေးမည့် "ယာယီကတ်" ကို နောက်ရက်များတွင် မပျောက်မပျက်ဘဲ မဖြစ်မနေ ယူဆောင်လာရပါမည်။

(၃) Calculator အသုံးပြုမှု

စစ်ဆေးခြင်း: Calculator ကို စစ်ဆေးသည့်ဆရာရှိသလို၊ တချို့ကတော့ Data များ Clear လုပ်ခိုင်းပြီး အဖုံးများကို သိမ်းဆည်းထားတတ်ပါသည်။

အရန်ပစ္စည်း: တကယ်လို့ Calculator မေ့ကျန်ခဲ့ပါကလည်း အခန်းတိုင်းတွင် အရန်သင့်သုံးနိုင်အောင် စီစဉ်ပေးထားမှာဖြစ်ပါသည်။

(၄) အရေးကြီးသည့် စည်းကမ်းချက်များ

အချိန်: စာမေးပွဲစမည့်အချိန်ထက် အနည်းဆုံး မိနစ် ၃၀ ခန့် စောရောက်အောင် သွားပါ။

ခွင့်ပြုချက်: အဖြေလွှာအပိုတောင်းခြင်း၊ အိမ်သာသွားလိုခြင်းများရှိပါက အခန်းစောင့်ဆရာမကို ယဉ်ကျေးစွာ ခွင့်ပြုချက်တောင်းနိုင်ပါတယ်။

တားမြစ်ပစ္စည်း: ဖုန်း၊ Smart Watch၊ စာရွက်စာတမ်းနှင့် အမှတ်အသားပါသော ပေတံဗူးများ လုံးဝ (လုံးဝ) ယူဆောင်ခြင်းမပြုရ။

နောက်ဆုံးစစ်ဆေးခြင်း: စာမေးပွဲပြီးရန် ၁၅ မိနစ်အလို သတိပေးခေါင်းလောင်းတီးချိန်တွင် ခုံနံပါတ်နှင့် အဖြေလွှာအတွဲအစပ်များကို သေချာပြန်စစ်ပါ။

(၅) ပါသွားရမည့် ပစ္စည်းစာရင်း
[1] ဖြေဆိုခွင့်ကတ် (သို့) ယာယီကတ်
[2] ဘောပင် (အပြာ) အပို (၂) ချောင်းခန့်
[3] ခဲတံ၊ ခဲဖျက် နှင့်
[4] ကြည်လင်ပြတ်သားသော ပေတံအကြည်
[5] Calculator (ခွင့်ပြုထားသည့် Model)

✨ ဆုတောင်း: G12 စာမေးပွဲဖြေဆိုမယ့် ကလေးတွေအားလုံး အခက်အခဲမရှိ အေးအေးချမ်းချမ်း ဖြေဆိုနိုင်ပြီး ဂုဏ်ထူးများစွာဖြင့် ထူးထူးချွန်ချွန် အောင်မြင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
❤54🙏12❤‍🔥5🍓5
Forwarded from Study Zone
စာမေးပွဲနီးလာတဲ့အချိန်မှာ စိတ်လှုပ်ရှားတာ၊ ဖိအားများတာဟာ သဘာဝပါပဲ။ဆောင်ရန်၊ရှောင်ရန် အချို့ကို မျှဝေ‌ပေးလိုက်ပါတယ်ဗျာ။

✅ ဆောင်ရန် (Do's)
အချိန်ဇယားဆွဲပါ: ကျန်တဲ့ရက်နဲ့ ဖတ်ရမယ့် ဘာသာရပ်ကို ချိန်ညှိပါ။ အရေးကြီးတဲ့ အခန်းတွေကို အရင်ဦးစားပေး ဖတ်ပါ။

Active Recall ကျင့်သုံးပါ: စာကို ဒီတိုင်းမျက်စိနဲ့ ဖတ်နေမယ့်အစား စာအုပ်ပိတ်ပြီး ကိုယ့်ဘာသာ ပြန်မေးတာ၊ ချရေးတာမျိုး လုပ်ပါ။ ဒါဟာ မှတ်ဉာဏ်အတွက် အထိရောက်ဆုံးပါ။

နမူနာမေးခွန်းဟောင်းများ လေ့ကျင့်ပါ: မေးခွန်းပုံစံကို ရိုးအီနေအောင် ကြည့်ထားပါ။ အချိန်မှတ်ပြီး ဖြေကြည့်တာက ပိုကောင်းပါတယ်။

အိပ်ရေးဝဝအိပ်ပါ: တစ်နေ့ကို အနည်းဆုံး ၆ နာရီကနေ ၇ နာရီ အိပ်ပေးပါ။ အိပ်စက်ခြင်းက သင်ဖတ်ထားတဲ့ စာတွေကို ဦးနှောက်ထဲမှာ စနစ်တကျ သိမ်းဆည်းပေးတာပါ။

ရေများများသောက်ပါ: ဦးနှောက်ကြည်လင်ဖို့အတွက် ရေဓာတ်ဟာ အဓိကကျပါတယ်။

❌ ရှောင်ရန် (Don'ts)
* ညလုံးပေါက် စာမကျက်ပါနဲ့: စာမေးပွဲနီးမှ အိပ်ရေးပျက်ခံတာက မှတ်ဉာဏ်ကို လျော့ကျစေပြီး စာမေးပွဲခန်းထဲမှာ ခေါင်းနောက်စေပါတယ်။

Social Media ကို ခဏနားပါ: Facebook, TikTok ကြည့်တာက အာရုံကို အရမ်းပြန့်စေပါတယ်။ စာမေးပွဲပြီးမှ ပြန်ကြည့်ဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးထားပါ။

စာသစ်တွေ အတင်းမလုပ်ပါနဲ့: အချိန်သိပ်မရှိတော့ရင် မရသေးတဲ့ စာသစ်တွေကို လိုက်လုပ်နေမယ့်အစား ရပြီးသားစာတွေကို မမေ့အောင် ပြန်နွှေးတာက ပိုစိတ်ချရပါတယ်။

အစားအသောက် ဆင်ခြင်ပါ: ဗိုက်နာစေမယ့် အစာတွေ၊ အဆီအစိမ့် အရမ်းများတာတွေကို ရှောင်ပါ။ ကျန်းမာရေးချို့ယွင်းရင် အားလုံးအလဟဿ ဖြစ်သွားနိုင်လို့ပါ။

တခြားသူနဲ့ မနှိုင်းယှဉ်ပါနဲ့: "သူကတော့ ဘယ်နှစ်ကျော့ ပြီးသွားပြီ၊ ငါကတော့ မပြီးသေးဘူး" ဆိုတဲ့ အတွေးက စိတ်ဖိစီးမှုပဲ တိုးစေပါတယ်။ ကိုယ့်ခြေလှမ်းနဲ့ကိုယ် အကောင်းဆုံးသွားပါ။

💡 အကြံပြုချက် (Pro-tip)
စာကျက်တဲ့အခါ Pomodoro Technique ကို သုံးကြည့်ပါ။ မိနစ် ၂၅ ကျက်၊ ၅ မိနစ် နားပါ။ ဒါဆိုရင် ဦးနှောက်က ပင်ပန်းမှုနည်းပြီး အာရုံစူးစိုက်မှု ပိုကောင်းစေပါတယ်။

"အမှားနည်းဖို့ထက်၊ အကောင်းဆုံး ကြိုးစားခဲ့ဖို့က ပိုအရေးကြီးပါတယ်။"

စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ ထူးထူးချွန်ချွန် အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။
❤67🍓14❤‍🔥9🏆6
Forwarded from Myanmar Education Guide
တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဆေးရုံဖြေစာစစ်ဌာန (၆) ခုဖွင့်လှစ်မည်
https://www.edge.com.mm/article/69aa9b5956379.html?
❤5🤗4
Forwarded from Grade 12 Success Hub
ဆရာကြီး၏အကြံပေးချက်လေးပါ

အကောင်းဆုံးဖြေဆိုအောင်မြင်နိုင်ကြပါစေ
#G12
❤54🍓14🤗2
Forwarded from Grade 12 Success Hub
ပင်ပန်းနေကြပြီးမလား

ကဲ...ရက်ပိုင်းလေးပဲကျန်တာနော်

အဖြူအစိမ်းကျောင်းသားဘဝကနေပြီးဆုံးတော့မှာလေ

အစကနေဒီချိန်ထိရောက်လာခဲ့ပြီးလေနော်...အဆုံးသတ်မှာတော့အကောင်းဆုံးနဲ့ပဲအဆုံးသတ်ကြပါ

အောင်စာရင်းမှာကိုယ့်နာမည်လေးပါရင်ဝမ်းသာရတဲ့ပီတိကဘယ်အရာနဲ့မှလဲမရပါဘူး
​အကုန်လုံးဖြေဆိုတဲ့အခါဉာဏ်ပညာလင်းလက်ပြီးအကောင်းဆုံးဖြေဆိုနိုင်ကြဖို့ဆု​တောင်းပေးပါတယ်နော်
#G12
❤98🍓6🤗3💘1
📘 2026 Grade-12 Physics: Important Examples & Exercises 📘

Grade-12 Physics ဘာသာရပ်အတွက် လေ့လာထားသင့်တဲ့ အဓိက Examples (Eg) နဲ့ Exercises (Ex) များ

Chapter - 1
Eg: 1.1, 1.4, 1.5
Ex: 5, 6

Chapter - 2
Eg: 2.2, 2.3
Ex: 6, 9

Chapter - 3
Eg: 3.1, 3.4, 3.6, 3.7, 3.9, 3.11
Ex: 4, 6, 7, 8
Review Exercises (RE):
Pg-27 👉 RE-2
Pg-30 👉 RE-2
Pg-33 👉 RE-2

Chapter - 4
Eg: 4.2
Ex: 10, 11, 12
RE: Pg-53

Chapter - 5
Eg: 5.2, 5.3, 5.4, 5.5, 5.7
Ex: 9, 12, 14, 18, 21, 22

Chapter - 6
Eg: 6.2, 6.3, 6.7, 6.8
Ex: 7, 11, 13

Chapter - 7
Eg: 7.2, 7.5, 7.6, 7.8
Ex: 11, 13, 16, 17

Chapter - 8
Eg: 8.1, 8.3
Ex: 6, 10, 12

Chapter - 9
Eg: 9.2, 9.4
Ex: 6, 8, 11, 12, 14, 15
RE: Pg-147 👉 RE-1

Chapter - 10
Eg: 10.1, 10.2, 10.6, 10.9
Ex: 4, 5, 6, 16, 18, 19, 23
RE:
Pg-165 👉 RE-2
Pg-160 👉 RE-2

Chapter - 11
Eg: 11.1, 11.2, 11.4, 11.5, 11.6
Ex: 9, 10, 11, 12, 14, 15, 16

Chapter - 12
Eg: 12.3, 12.4, 12.5
Ex: 7, 8, 9, 10
RE:
Pg-201 👉 RE-3
Pg-203 👉 RE-2

Chapter - 13
Eg: 13.2, 13.3, 13.4, 13.6, 13.8
Ex: 3 (ကျက်စာ), 13, 14, 16

📌 စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ရာတွင် အထောက်အကူဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။


crd ပညာရေးသတင်းလွှာ
❤11❤‍🔥2😭1
တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာ ဖြေဆိုရာမှာ သတိပြုရမည် အချက်များ

မေးခွန်း ၁။ (က) မှား/မှန်

မှားလျှင် (မှား)၊ မှန်လျှင် (မှန်) ဟု ဝိုက်ကွင်း ( ) ဖြင့် ဖော်ပြပေးရမည်။

သာဓက -
ခေတ်စကားပြေကို ပီမိုးနင်း ရေးပါသည်။
အဖြေ။
(မှား) ✅
မှား ❌

(မှတ်ချက် - သင်တန်း တစ်ခုနှင့်တစ်ခု ညွှန်ကြားချက်ချင်း မတူပါ။ သို့သော် ဝိုက်ကွင်းဖြင့် ဖြေဆိုပေးခြင်းက ပို၍ စိတ်ချရပါတယ်။)

မေးခွန်း ၁။ (ခ) ကွက်လပ်ဖြည့်

စကားလုံး မပိုရ မလိုရပါ။

သာဓက -
စိန္တကျော်သူဦးဩသည် သက္ကရာဇ် ၁၁၂၂ ခုနှစ်တွင် ____ ပျို့ကဗျာကို
စီရင်ရေးဖွဲ့ခဲ့သည်။

အဖြေ။
ဩဝါဒထူး ✅
ဩဝါဒထူးပျို့ ❌

မေးခွန်း ၁။ (ဂ) အဖြေမှန်ရွေး

ဝိုက်ကွင်းနှင့်တကွ အက္ခရာနှင့် အဖြေစာသားကို အပြည့်အစုံ ဖော်ပြပေးရမည်။

သာဓက -
အဖြူနှင့်အနက်သည် ____ အမျိုးအစား ဖြစ်ပါသည်။
(က) ရသစာတမ်း (ခ) ဆောင်းပါး (ဂ) ဝတ္ထုတို

အဖြေ။
(က) ရသစာတမ်း ✅
(က) ❌
က ❌
ရသစာတမ်း ❌

မေးခွန်း ၂။ (က) ခက်ဆစ်အဖွင့်
ပုဒ်မ ချပြီးနောက် ရေးထားသော ဝိုက်ကွင်းအတွင်းရှိ စာသားများကို ထည့်မဖြေ၍ ရသည်။

ပုဒ်မ မချမီ ရေးထားသော ဝိုက်ကွင်းအတွင်းရှိ စာသားများကိုကား မဖြစ်မနေ ထည့်ဖြေပေးရမည်။

သာဓက -
တက်တက်စင် = အကုန်အစင်။ လုံးဝ။ ✅
တက်တက်စင် = အကုန်အစင်
✅
တက်တက်စင် = လုံးဝ။ ✅

အသည်းအသန် = (ရောဂါ) လွန်ကဲပြင်းထန်စွာ။ ✅

အသည်းအသန် = လွန်ကဲပြင်းထန်စွာ။ ❌

မေးခွန်း ၂။ (ခ) အလင်္ကာ
အလင်္ကာ ဖြေဆိုရာမှာ-
-အလင်္ကာမှန် (၁/၂ မှတ်) ၊ -အလင်္ကာမြောက်ကြောင်းမှန် (၁/၂ မှတ်) ရမည်။
"အလင်္ကာအမည်မှားလျှင် ၁ မှတ်မှ မရတော့ပါ။"

မေးခွန်း ၂။ (ဂ) ရေသည်စကားစပ်
စကားစပ် ဖြေဆိုရာမှာ အချက် ၆ ချက် မှန်ရမည်။ "စားစပ်ကို စာဟန်ဖြင့်သာ ရေးရမည်။" စကားပြောဟန် မရေးရပါ။

မေးခွန်း ၂။ (ဃ) အပြောသင်ခန်းစာ
အပြောသင်ခန်းစာ (မှတ်စု) ဖြေဆိုရာမှာ "ပြည်စုံလွန်းမက ပြည့်စုံအောင်ရေးနိုင်မှ" အမှတ်ပြည့် ရနိုင်သည်။ ထူးချွန်မှတ်ဖြတ်ထားသဖြင့် ပြည့်ပြည့်စုံစုံ ရေးသားနိုင်လျှင် ပိုကောင်းသည်။

မေးခွန်း ၃။ ကဗျာမေးခွန်းရှည်
ကဗျာစာသား အကိုးအကားများ ပါရမည်။ ခေါင်းစဉ် တပ်ပေးသင့်သည်။

မေးခွန်း ၄။ စကားပြေမေးခွန်းရှည်
စကားပြေစာသား အကိုးအကားများ ပါရမည်။ ခေါင်းစဉ် တပ်ပေးသင့်သည်။

မေးခွန်း ၅။ ပြဇာတ်မေးခွန်းရှည်
ပြဇာတ်စာသား အကိုးအကားများ ပါရမည်။ ခေါင်းစဉ် တပ်ပေးသင့်သည်။

မေးခွန်း ၆။ စာစီစာကုံး
စာစီစာကုံး ဖြေဆိုရာမှာ ၅ ပိုဒ်လုံး ထိမိအောင် ရေးရန်။ တစ်ပိုဒ်ချင်း အကဲဖြတ် အမှတ်ပေးသည်။

မေးခွန်း ၇။ အဆိုဆွေးနွေး
အဆိုဆွေးနွေး ဖြေဆိုရာမှာ ၄ ပိုဒ်လုံး ထိမိအောင် ရေးရန်။ တစ်ပိုဒ်ချင်း အကဲဖြတ် အမှတ်ပေးသည်။


ကျောင်းသား/သူ များ အားလုံး ထူးချွန်စွာ အောင်မြင်ကြပါစေ

ပညာရေး သတင်းလွှာ
❤7
2026 ခုနှစ် Grade 12 Chemistry

ဒီလမ်းညွှန်ချက်တွေက ကျောင်းသား/သူတွေအတွက် အဓိကရည်ရွယ်ပြီး Textbook ထဲက Review တွေနဲ့ Exercises တွေကို သေချာကြည့်ထားဖို့ လိုအပ်ပါတယ်။

📍 အဓိက အလေးပေးရမည့် အခန်းများ
Chapter (2, 3, 4, 5, 6) များသည် အမှတ်ရလွယ်သော အခန်းများ ဖြစ်သည်။

မြန်မာစာလင်းသတင်းစာ ထဲက မေးခွန်းကိုလည်း လေ့ကျင့်ထားပါ။

အခန်းလိုက် လေ့လာရန် အချက်များ-

Chapter (1)
P-2: Aufbau principle, Pauli’s exclusion principle, Hund’s rule (Definition များ ကျက်ရန်)။
Electronic configuration: ရေးသည့်အခါ Spin (\uparrow\downarrow) ကို ထည့်သွင်းဖော်ပြပါ။

P-5/8/9: Formation of ionic, covalent, and coordinate bonds (အထူးသဖြင့် NH_3 အတွက် စာအုပ်ထဲကအတိုင်း Bracket ပါအောင် ဆွဲရန်)။
P-24: Ex (17) – Shape မမေးဘဲ Bond angle ပါအောင် ဖြေဆိုပါ။ Ex (19) – I_2 ဆွဲနည်း။
P-84: Ex (14, 17, 19) – Lewis symbol, Polar/Non-polar ခွဲခြားတတ်ရန်နှင့် Shape ဆွဲလျှင် Degree ပါအောင် ထည့်ဆွဲရန်။

Chapter (2)
Hess’s Law Cycle: Route I နှင့် Route II ကို ပုံပါအတိုင်း တိကျစွာ ရေးဆွဲတတ်ရန်။
P-45: Ex (14) ကို Teacher Guide ထဲကအတိုင်း တွက်ချက်ပါ။

Chapter (3) & (4)
Ch (3): Rate နှင့် ၎င်း၏ Unit များကို သိရမည်။

Ch (4): P-69 ရှိ Methanol production ကို အလေးထားကြည့်ပါ။
မှတ်ချက်: Physical state (အခြေအနေ) များ ထည့်သွင်းရန် မမေ့ပါနှင့်။ Concentration ဆိုလျှင်လည်း Physical state ပါရမည်။

Chapter (5) & (6)
Ch (5): Acid/Base Theory (၃) မျိုး (P-80 မှ Key terms များ)။
Ch (6): Uses (အသုံးပြုပုံ) နှင့် Colour (အရောင်) များ။
P-100: Cr နှင့် Cu ၏ Electronic configuration ကို Argon core [Ar] အသုံးပြု၍ ရေးတတ်ရန်။

Chapter (7) & (8)
Ch (7): Process များအားလုံး ကြည့်ရန်။ Diagram ကို ကြည့်ရုံသာ မဟုတ်ဘဲ ကိုယ်တိုင် ဆွဲတတ်အောင် လေ့ကျင့်ပါ။
Ch (8): Condensation polymer ဆွဲနည်း (ဥပမာ- ပုံပါ Box ပုံစံအတိုင်း တိကျစွာ ဆွဲရန်)။

အထွေထွေ အကြံပြုချက်များ
မေးခွန်းပုံစံ: အမှတ်ပေးပုံပေါ် မူတည်ပြီး အဖြေတို/ရှည် ခွဲဖြေပါ။
Ch (4) – Short & Medium questions
Ch (5, 6, 7) – Structured short & long questions
ပုံဆွဲရာတွင်: ဘေးမျဉ်းတားခြင်းနှင့် မျဉ်းပိတ်ခြင်းမှလွဲ၍ ကျန်ပုံများအားလုံးကို ဘောပင်ဖြင့်သာ သုံးရန်။

အပိုဆောင်း: 2025 ခုနှစ် မေးခွန်းဟောင်း (၁၀) စုံကို ပြန်လေ့ကျင့်ပါ။ "Explain" ဟု ပါဝင်သည့် မေးခွန်းများသည် ပုံနှိပ်စာအုပ်ထဲက အတိုင်း တိတိကျကျ မဟုတ်နိုင်သဖြင့် နားလည်အောင် ဖတ်ထားပါ။
❤‍🔥4❤3
အင်္ဂလိပ်စာဘာသာရပ် - Initial Letter မေးခွန်းအတွက် လေ့ကျင့်ရန်အချက်များ

Initial Letter (စာလုံးအစပေးထားပြီး ဖြည့်စွက်ရသော) မေးခွန်းများကို ဖြေဆိုရာတွင် အမှတ်ပြည့်ရရှိစေရန် အောက်ပါအတိုင်း ပြင်ဆင်သင့်သည် -

သင်ခန်းစာပါ စာလုံးများကို လေ့လာခြင်း: သင်ရိုးဖတ်စာအုပ် (Textbook) ထဲရှိ စာသားများတွင် ပါဝင်သော Bold Words (စာလုံးအမည်းဖြင့် ရေးထားသော စကားလုံးများ) ကို သေချာစွာ ကျက်မှတ်ထားပါ။

မေးခွန်းဟောင်းများကို ပြန်လည်လေ့ကျင့်ခြင်း: သင်ခန်းစာထဲက စာလုံးများအပြင် ယခင်နှစ်များက မေးထားသော Past Questions (မေးခွန်းဟောင်း) များကိုလည်း ထပ်မံလေ့ကျင့်ထားရန် လိုအပ်ပါသည်။

စာလုံးပေါင်း သတ်ပုံကို အထူးဂရုစိုက်ခြင်း: ဤမေးခွန်းအမျိုးအစားတွင် အဓိပ္ပာယ်မှန်သော်လည်း Spelling (စာလုံးပေါင်း) တစ်လုံးမှားရုံဖြင့် အမှတ်ဆုံးရှုံးနိုင်သောကြောင့် စာလုံးပေါင်းသတ်ပုံကို အထူးသတိပြု ဖြေဆိုရပါမည်။

အကြံပြုချက်: စာလုံးပေါင်း ကျက်တဲ့အခါမှာ လက်နဲ့ တကယ်ရေးကြည့်တဲ့ အလေ့အကျင့် (Practice writing) က အမှားနည်းအောင် အများကြီး အထောက်အကူပြုပါတယ်။
❤4❤‍🔥1🍓1
အကြိုလေ့ကျင့်လိုပါက
❤‍🔥4❤1