Study with K2
1.59K subscribers
1.09K photos
31 videos
193 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
ပထမဦးစားပေး‌ ဆယ်မှတ်အပုဒ်ရှည်များ

ကဗျာ
လက်ဖက်ရည်ကြမ်းဝိုင်း
ပေါ်နွေလလျှင်
ငါ့ကိုလွယ် အမယ်ကြီးနှင့်

စကားပြေ

ဦးဖေမောင်တင်
ညောင်ရမ်းကြီးသမီး


ရေသည်ပြဇာတ်

ရေသည်မိန်းမစရိုက်ရေးဖွဲ့ပုံ
ရေသည်ပြဇာတ် ဇာတ်ဆောင်စရိုက်ဖန်တီးပုံ

စာစီစာကုံး

အနှစ်သက်ဆုံးရိုးရာပွဲတော်
ရိုးသားဖြောင့်မတ်ခြင်း

အဆိုအချေ

ရသစာပေ၊ သုတစာပေ နှစ်ဖက်မျှအဆို
အင်တာနက်သုံးခြင်း ကျိုးပြစ်မျှအဆို

ဆရာဦးသန်းလှိုင်
❤8
‎G12 ရူပဗေဒ

‎တစ်နေ့စာ တစ်နေ့ ပိုင်အောင် လုပ်မှ အမှတ်များမယ်။
‎စာကြောင်းတိုင်းကို နားလည်အောင် လုပ်ထားမှ True/False သေချာ ဖြေနိုင်မယ်။
‎စာလုံးတိုင်းကို နားလည်မှတ်မိနေမှ Fill in the blanks အမှတ်ကောင်းမယ်။
‎Concept တွေ ပိုင်နိုင်မှ MCQ ဖြေနိုင်မယ်။
‎လုပ်ရမည့် စာက အရမ်း များလွန်းတယ်။
‎ကျက်ရတာလည်း များတယ်။
‎တွက်ရတာလည်း များတယ်။
‎ပုံတွေကလည်း ပန်းချီ နီးပါး ဆွဲရသေးတယ်။
‎စာမေးပွဲနီးရင် လေ့ကျင့်စရာကလည်း အများကြီးပါ။
‎သင်ရိုးသစ်က နှစ်ကြာလာလေ၊ လေ့ကျင့်စရာ မေးခွန်းဟောင်း များလာလေပဲ။
‎သင်ရိုးဘောင်ကျော်နေတာတို့၊ အောက်အတန်းက စာဆိုတာတို့က မမေးပါဘူး ပြောထားလည်း ဂျာနယ်မှာ ပါလာရင် မေးခွန်းဖြစ်သွားတာပါပဲ။
‎အဂ်လိပ်စာ အားနည်းတာ သိနေလည်း AI သုံးပြီး နားလည်ရခက်အောင် လုပ်ထားတာလည်း ပါလာတတ်တယ်။
‎စာမေးပွဲနီးမှ စာကျက်လို့ အချိန် မလောက်နိုင်ဘူး။
‎စာမေးပွဲ အမှတ် တကယ်ကောင်းချင်ရင်တော့ မနက်ဖြန်တိုင်းသည် နောက်ဆုံးစာမေးပွဲကြီးလို့ သတ်မှတ်၊ စာလုပ်၊ မပျင်းနဲ့၊ နောက်မှ လုပ်မယ် မတွေးနဲ့။

Dr. Vince
❤‍🔥2
စာမေးပွဲဖြေဆိုခွင့်ကဒ်များ 23ရက်နေ့မှစပြီးထုတ်ယူနိုင်ပါပြီ
❤1
"ကြိုတင်ပြင်ဆင်အောင်ပွဲ၀င်"
•••••••••••••••••••••••••••••••••••

♦️အခုလို ၁ လပိုင်းနဲ့ ၂ လပိုင်းအချိန်ဟာ
G-12 ကလေးတွေအတွက်
Final Exam နဲ့ အလွန်နီးကပ်လာပြီး
အရေးကြီးသော အချိန်အခါဖြစ်ပါတယ်။

♦️ဒီအချိန်မှာ သင်ခန်းစာများအတွက်
လိုအပ်တာတွေပြင်ဆင် ကျက်မှတ်
လေ့ကျင့် ဖြေဆို နေရမှာဖြစ်ပါတယ်။

♦️ကျနော်က ဘောဂဗေဒဆရာမို့
ဘောဂဗေဒနဲ့ပတ်သတ်ပြီး အခုလို
၁ လပိုင်းနဲ့ ၂ လပိုင်းမှာ ဘာတွေ
လုပ်ရမယ်ဆိုတာကို မျှဝေပေးပါရစေ။
♦️လိုအပ်သူများအတွက်သာရည်ညွှန်းပါတယ်။
သိပြီးသူများ မလိုအပ်သူများက
ကျော်သွားပေးပါ။ ♦️
••••••••••••••••••••••••••••••••••••••••••••••••••••
🎓 တစ်မှတ်တန်တွေလေ့ကျင့်ပေးပါ။
ရမှတ်(၃၀)

(အခုချိန်မှာသင်ရိုးပြတ်ပြီဖြစ်လို့
တစ်ခန်းချင်းစီအလိုက်
တစ်မှတ်တန်မေးခွန်းများကို
လေ့ကျင့်ဖြေဆိုစေပါ။
အဲ့လိုလေ့ကျင့်တဲ့အခါ
"အောက်ပါတို့ကိုပုံနှိပ်စာအုပ်ထဲတွင်ရှာပါ"
ဆိုတာမျိုး မဖြစ်အောင် ပုံနှိပ်ကိုလုံး၀
မဖွင့်ခိုင်းပါနဲ့။
ကလေးတွေက လုပ်တတ်ပါတယ်။
တစ်မှတ်တန်မေးခွန်းဆိုရင်
ပုံနှိပ်ထဲတန်းရှာတာပါ။
အဲ့လိုမဖြစ်ဖို့ တစ်ခန်းချင်းစာကို
ပြန်နွှေးပြန်ကျက်ပြီးမှ ဖြေဆိုစေပါ။
မရတဲ့စာကြောင်းလေးတွေကို
ဆရာက သေချာရှင်းပြပြီး ဖြေပေးပါ။ )

🎓 တွက်ချက်မှုများကို​ မေးခွန်းနှင့်ဖြေဆိုစေပါ။
ရမှတ် (၂၀)

(တွက်စာအပိုင်းသည်
သေချာလေ့လာထားရင်
အမှတ် ၂၀ အပိုင်ရမှာဖြစ်တဲ့အပိုင်းပါ။
တစ်ခန်းချင်းစီမှာရှိတဲ့ ပုံသေနည်းတွေ သဘောတရားတွေ အယူအဆတွေ
သီအိုရီတွေကို ကျောင်းသားက
ချိတ်ဆက်ပြီး ဆက်စပ်တွေးခေါ်နိုင်ရပါမယ်။
အခုချိန်မှာ ပုံသေနည်းတွေ
သဘောတရားတွေကို
စာအုပ်ထဲထားတာထက်
ဦးနှောက်ထဲမှာထားရမယ့်
အချိန်အခါဖြစ်နေပါပြီ။
အချို့ကလေးတွေက
တွက်စာလေ့ကျင့်မယ်ဆိုရင်
ပုံသေနည်းတွေ လှန်လှောဖွင့်ပြီး
အရှေ့တွက်ထားတဲ့ပုစ္ဆာကိုနမူနာယူပြီး
ပြန်တွက်ကြတာပါ။
အဲ့လိုလဲမလုပ်စေပါနဲ့။
အခန်း ၁ လေ့ကျင့်မယ်ဆိုရင်
အခန်း ၁ ရဲ့ ပုံသေနည်းတွေ
သဘောတရားတွေအရင်ဆုံး
ပုံသေနည်းကဒ်မှာ ပြန်မှတ်စေပါ
ပြီးရင် အားလုံးပိတ်ပြီး မေးခွန်းနဲ့ ဖြေစေပါ။ )

🎓 အဓိပ္ပာယ်သတ်မှတ်ချက်များ
ကျက်မှတ်/နွှေးစေပါ။ ရမှတ်(၁၀)

ဒီအပိုင်းက အရင်မေးခွန်းပုံစံအဟောင်းတုန်းကတော့ ကလေးတွေအတွက်
၀န်ပိပြီး အမှတ်ရနည်းသောအပိုင်းလို့ပဲ
ပြောပါရစေ။ အမှတ်ရနည်းသောဆိုတာ
အခန်းတွေအများကြီးကျက်ရပြီး မေးခွန်းတည်ဆောက်မှုအပိုင်းမှာတော့
၅ ပုဒ်သာမေးခြင်းကို ဆိုလိုခြင်းပါ။

ယခုမေးခွန်းပုံစံအသစ်မှာတော့
ရွေးချယ်စရာတွေလဲရှိလာတာမို့
ဘာပဲပြောပြော ကလေးများအတွက်
အခွင့်အရေးတစ်ခုပေးလာတာမို့
Def အပိုင်းကိုလည်း နိုင်သရွေ့ ကျက်မှတ်
စေချင်ပါတယ်။

အခန်း ၁ (အကုန်ကျက်)
အခန်း ၂ (အကုန်ကျက်)
အခန်း ၃ (အကုန်ကျက်)
အခန်း ၄ (အကုန်ကျက်)
အခန်း ၅ (အကုန်ကျက်)
အခန်း ၆ (ရွေးကျက်)
(၆ မကျက်ရင်လည်း ၇ နဲ့ ၈ တစ်ခန်းရွေးပါ)

ဒီ၂ ခန်းကတော့ မနိုင်တဲ့သူ
မကျက်ပါနဲ့။ နိုင်ရင်တော့ ၁ ခန်း
လောက်တော့ကျက်ပါ။
🍭အခန်း ၇ / 🍭အခန်း ၈

စုစုပေါင်း ၈ ခန်းရှိသည့်အနက်
၆ခန်းလောက်အပိုင်ကျက်ရပါမယ်။

🎓 မှတ်စုတို /မေးခွန်းရှည်
ရမှတ် - တို(၂၀)မှတ် / ရှည်(၂၀)မှတ်

👉အခန်း (၄) ရှည် *****
👉အခန်း (၅) ရှည်**********
👉အခန်း (၈) ရှည်

အခန်း (၁) တို
အခန်း (၂) တို
အခန်း (၃) တို

အဓိကအပိုင်အနိုင်ရနေပါစေ။
ရွေးပြီးကျက်တာ ပယ်လိုက်တာမျိုး
လုံး၀ လုံး၀ မလုပ်ပါနဲ့။

🔰🔰🔰🔰🔰🔰🔰🔰🔰
အခုလောက်ဆိုရင် သေချာလုပ်ထားတဲ့ ကလေးတွေအတွက် ဂုဏ်ထူးမှတ်နားကို ကပ်သွားပါပြီ သို့မဟုတ် ဂုဏ်ထူးမှတ်ထက်ကျော်သွားပါလိမ့်မယ်။

🔔သတိပြုရန်မှာ
တွေ့သမျှမေးခွန်းတိုင်းကို
ဖြေကြည့်ပါ လေ့လာကြည့်ပါ။
ဒီအထဲမှာ ဘယ်နှစ်မှတ်ဖိုးပါမှာ
ဆိုတာမျိုးကို မယုံပါနဲ့ ။
ဥာဏ်နဲ့ယှဥ်ပြီး ဟုတ်၏ မဟုတ်၏
ဖြစ်နိုင်၏ မဖြစ်နိုင်၏ မိမိကိုယ်တိုင်ဆုံးဖြတ်ပါ။

လေ့ကျင့်ရန်ဟုသာမှတ်ပါ။
ခန့်မှန်းထားတယ် ပါမည်ဟုပြောသော
စကားမျိုးများအား မယုံစေချင်ပါ။

အသိ သတိလေးပေးခြင်းပါ။
အခုအထက်ပါပြောထားသောအပိုင်းများကို သေချာရနေပါက အဲ့ဒါကလေးတို့အတွက်
တကယ့်သေချာသောရမှတ်များဖြစ်ပါတယ်။

✍️အားလုံးကြိုတင်ပြင်ဆင်
အောင်ပွဲ၀င်နိုင်ကြပါစေ။

Credit- ဆရာမိုး(ဘောဂဗေဒ)
22-2-2026
❤7
မိုးစွန်ကြယ် မြန်မာ မေးခွန်း(၅)စုံ
❤1