Study with K2
1.58K subscribers
1.08K photos
31 videos
193 files
75 links
Sharing is caring, thus we choose to always share 💐📝
Download Telegram
Forwarded from Learning Focus Zone
ဧရာဝတီတိုင်းဒေသကြီး ဘောဂဗေဒ မေးခွန်း
1
နောက်နှစ် G-12 တက်မဲ့ကလေးတို့ အတွက် အစ်မတို့ဘက်က webinar လေးစီစဉ်ပေးရမလား။

မဲအရေအတွက်အပေါ်မူတည်ပြီးအစ်မတို့ဘက်က ပြန်စဉ်းစားမှာပါ။ Deadline - 11.3.2026
Final Results
87%
Yes
13%
No
🗿2
Study with K2 pinned «နောက်နှစ် G-12 တက်မဲ့ကလေးတို့ အတွက် အစ်မတို့ဘက်က webinar လေးစီစဉ်ပေးရမလား။

မဲအရေအတွက်အပေါ်မူတည်ပြီးအစ်မတို့ဘက်က ပြန်စဉ်းစားမှာပါ။ Deadline - 11.3.2026
»
အခုလက်ရှိ G-12တက်နေတဲ့ ကလေးတွေထဲမှာ

အစိုးရ စက်မှုလက်မှုကျောင်းတက်နေတဲ့ ကလေးတွေများရှိရင်

@LLuanChun85 အဲ့အစ်မဆီ သွားပေးလို့ရမလား။

အကူအညီလေးတောင်းပါတယ်ရှင်။

#Maple
#studywithK2
11
新年快乐 宝宝!🎉🎊
19🍓3🤝1
Forwarded from Learning Focus Zone
၁၁.၃.၂၀၂၆ ရက်နေ့တွင်​ ဖြေဆိုရမည့်
​မြန်မာစာဘာသာရပ်အား
သတိပြု မှတ်သားဖွယ်ရာများ

၁။ (က) မှာ - မှား/မှန်ကို ပီသအောင် ရေးပါ။

၁။ (ခ) ကွက်လပ်ဖြည့်ရာမှာ စာလုံးပေါင်းမှားရင် အမှတ်မရပါ။

၁။ (ဂ) မှာ (က) (ခ) (ဂ) ထဲက အဖြေမှန်တစ်ခုခုကို ရှင်းလင်းပီသအောင် ရေးပါ။ (က) မှန်လျှင် (က) ရော၊ အဖြေစာသားရော ရေးရပါမည်။

(၁) မှ (၁၀) ထိ နံပါတ်တွေကိုလဲ အစီအစဉ် အတိုင်း မှန်အောင် တပ်ပေးပါ။

၂။ (က) ဝေါဟာရမေးခွန်းမှာ စာလုံးပေါင်းမှားရင်၊ သဒ္ဒါပုံစံမှားရင် အမှတ် မရပါဘူး။

၂။ (ခ) အလင်္ကာမှာ ကဗျာ (၂)ခု၊ စကားပြေ (၂)ခု၊ ပြဇာတ် (၃)ခု (၇)ခု မေးပြီး (၅)ခု ဖြေရပါတယ်။သော့ချက် စကားလုံးများဖြစ်သော ဝင်္ကဝုတ္တိ (သွယ်ဝိုက်)၊ ဥပမာ (ခိုင်းနှိုင်း)၊ အတိသယဝုတ္တိ (အလွန်အကြူး)၊ ရူပက (ဂုဏ်ရည်တူချင်းထပ်တူပြု)၊ မြည်သံစွဲ (ထွက်ပေါ်လာသော “- - -” ဟူသည့် မြည်သံ)တို့ မပါရင် အမှတ်မပေးပါ။

၂။ (ဂ) စကားစပ်ဖြေရာမှာ ခေါင်းစဉ်တပ်ပါ။

၂။ (ဃ) မှာ အပြောသင်ခန်းစာ ထဲက မေးပါတယ်။ ခေါင်းစဉ် အရှည်တပ်ပြီး ဖြေပေးပါ။

မေးခွန်း (၁) (၂) တို့ကို မိနစ် ၅ဝ အတွင်း ပြီးအောင် ဖြေပါ။ တစ်နာရီထက် ပိုမဖြေပါနဲ့။

နံပါတ် (၃) (၄) (၅) တို့ ဖြေရာမှာလည်း ခေါင်းစဉ်အရှည်တပ်ပြီး သပ်ရပ်သန့်ရှင်းအောင်၊ မေးခွန်းနဲ့ အံဝင်ခွင်ကျဖြစ်အောင် ဖြေပါ။

နံပါတ် (၆) ငါးပိုဒ်စာစီစာကုံးမှာ ပေးထားတဲ့ ပုံကြမ်းအချက် (၅)ချက်ကို ချဲ့ထွင်ပြီး စာဟန်နဲ့ ရေးရ ပါမယ်။

ပေးထားတဲ့ ပုံကြမ်းအချက်တွေဟာ (ပ)ဆုံး ဝါကျ (ဦးဆောင်ဝါကျ)ဖြစ်ဖို့ များပါတယ်။ အဲဒီ ပုံကြမ်းအချက်တို့နဲ့ ဆက်နွယ်တဲ့ ဝါကျ ၅ ခုခန့်ကို စာတစ်ပိုဒ်ဖြစ်အောင် ဖွဲ့ပါ။

ပုံကြမ်းဘောင်ဝင် စာစီစာကုံးမဟုတ်ရင် ဂုဏ်ထူး မရနိုင်ပါဘူး။ ဆရာရေးထားတဲ့ အချက်တွေထဲက ကြိုက်ရာကိုယူပြီး ကိုယ်ကြိုက်တဲ့ အချက်တွေ ထပ်ထည့် ပြီး “ပွဲမဝင်ခင် ပြင်ကကျင်းပ”ဆိုသလို ရေးကျင့်ဖို့ လိုပါတယ်။

(ပ) စာပိုဒ်ဟာ နိဒါန်းစာပိုဒ်ဖြစ်ပြီး အကျယ်မှ အကျဉ်း (ခေါင်းစဉ်) အထိ သွားတဲ့ တြိဂံဇောက်ထိုး ပုံစံဖြစ်ပါတယ်။

နောက်ဆုံး (ပဉ္စမ)စာပိုဒ်ဟာ နိဂုံးဖြစ်ပြီး အကျဉ်း (ခေါင်းစဉ်)မှ အကျယ်သို့ သွားတဲ့ (မိမိထင်မြင်ချက်၊ သုံးသပ်ချက်၊ ဆုံးဖြတ်ချက်တို့ ပါရတဲ့) တြိဂံအတည့်ပုံစံဖြစ်ပါတယ်။

ပံုကြမ်းအချက်တွေကို ရှေ့နောက်အစီအစဉ်ပြောင်းလို့ မရပါ။

ငါးပိုဒ်ထက်လဲ ပိုရေးလို့ မရပါ။

တစ်ပိုဒ်ကို ၂ မှတ်နှုန်းနဲ့ ၅ ပိုဒ်လုံးကို ဖတ်ပြီး အကဲဖြတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ပိုဒ်ကို ဝါကျ (၇)ခုခန့်သာ ရေးသင့်တယ်။

နံပါတ် (၇) လေးပိုဒ် အဆိုဆွေးနွေးမေးခွန်းဟာ ထောက်ခံတာဖြစ်စေ၊ ကန့်ကွက်တာဖြစ်စေ ပြတ်ပြတ် သားသားရေးဖို့ လိုပါတယ်။

ထောက်ခံတယ်ဆိုရင် ကန့်ကွက်တဲ့ ဘက်ကို ရှုတ်ချ၊ ကန့်ကွက်တယ်ဆိုရင် ထောက်ခံတဲ့ဘက်ကို ရှုတ်ချပြီး ရေးဖို့ လိုပါတယ်။

(ပ) စာပိုဒ်ကို ၂ မှတ်
(ဒု) နှင့် (တ) စာပိုဒ်ကို ၃ မှတ်စီ
(စ) စာပိုဒ်ကို (၂) မှတ်နှုန်းနဲ့ အားလုံးခြုံဖတ်ပြီး အကဲဖြတ်တာ ဖြစ်ပါတယ်။ ပြောဟန်နဲ့ မရေးရဘဲ စာဟန်နဲ့သာ ရေးရပါမယ်။

မေးခွန်းနဲ့ အံဝင်ခွင်ကျ ဖြေနိုင်တာ၊ ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်တာ၊ ရေးသားတင်ပြတတ်တာ၊ သန့်ရှင်းသပ်ရပ်တာတွေရှိမှ မြန်မာစာဂုဏ်ထူးရမယ်ဆိုတာကို အမြဲသတိထားဖို့ လိုပါတယ်။

📝 Myanmar Exam မေးခွန်း ၅ စုံအပေါ် သုံးသပ်ချက် 📝


၁။ (က) (ခ) (ဂ) ဓမ္မဓိဋ္ဌာန်မေးခွန်း ၃ဝ ၌ ၁ဝ ခုစီတွင် အပြောသင်ခန်းစာ (၄)ခု၊ အဖတ်အရွတ် သင်ခန်းစာ (၃)ခု၊ အရေးသင်ခန်းစာ (၃)ခုစီ (၄-၃-၃) အတိုင်း မေးတယ်ဆိုတာ သတိပြုပါ။

မေးခွန်း (၃) (၄) (၅) (၆) (၇) တို့သည် တစ်ပုဒ်စီကို (၂၄- မိနစ်)သာ အချိန်ရပါတယ်။

မေးခွန်း တိုင်းကို ခေါင်းစဉ်အရှည်တပ်ပြီး မျဉ်းသားပေးပါ။

တက္ကသိုလ်ဝင်စာမေးပွဲကို ပန်းကုံးတစ်ကုံးနဲ့ တင်စားရရင်.....

မြန်မာစာဟာ ပထမဆုံး သီကုံးရမဲ့ ပန်း တစ်ပွင့် ဖြစ်ပါတယ်။

ပထမဆုံးပန်းပွင့်လေးဟာ “ပန်းသီတဲ့ကြိုး”ထဲကို ချောမောစွာဝင်သွားရင် ကျန်တဲ့ ပန်း ၅ ပွင့်ဟာလဲ အခက်အခဲမရှိ သီကုံးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

မြန်မာစာသာမက ဘာသာတိုင်းမှာ ဂုဏ်ထူးတွေနဲ့ အောင်မြင်ကာ ကိုယ်ရည်မှန်းတဲ့ တက္ကသီလာနန်းကို ကြွလှမ်းနိုင်ပါစေလို့ တီချယ်ဆုတောင်းပေးလိုက်ပါတယ်။

ကလေးလေးတွေအခက်ခဲမရှိ​ဖြေဆိုနိုင်ကြပါစေကွယ်🍀🍀
Fighting ကလေးလေးတို့ရေ. 💪💪

#Tr.Chaw 🍀
#Myada@educationLearningFocusPlus
43🍓8❤‍🔥4
Forwarded from G12 Physics by Dr Vince
2026_DV01_Q.pdf
441.9 KB
G12 Physics Final Test 1 of 10
2
Forwarded from TheinMyatAungပညာရေးဝန်ဆောင်မှု (Thein Myat Aung ( Education))
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်သူများအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ပါသည်။

မြန်မာစာ
2